← Chapters

အခန်း ၆၉၆

Vol. 47 Ch. 696

အခန်း ၆၉၆

Vol. 47 Ch. 696

အခန်း (၆၉၆) နောက်ကွယ်တွင် တစ်ပြားတစ်ချပ်မှ ချန်မထားခဲ့ခြင်း။

တန်ယု နှင့် အိုးယန်လျူလည်း အံ့အားသင့်နေသည့် အမူအရာများကို ဖော်ပြနေကြပါ ပါသည်။ ထင်ရှားသည်မှာ၊ သူတို့သည် ဤမျှကြီးကျယ်ခမ်းနား ထည်ဝါသော မြို့ကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်က သရော်ပြုံး ပြုံးနေပါသည်။ သူတို့၏ အမူအရာတွေကိုကြည့်ပြီး သူ အရမ်းကို ကျေနပ်နေသည်မှာ ထင်ရှားပါသည်။

သို့သော် ချင်ယွင်၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ၊ သူသည် မျက်မှောင် ကြုတ်လိုက်မိ၏။

"ဟမ့်၊ ငါ့ရှေ့မှာလာပြီး အေးဆေးတည်ငြိမ်ချင် ဟန်ဆောင်နေတယ်။ မင်း ဘယ်လောက်ကြာကြာ တည်ငြိမ်ချင် ဟန်ဆောင်နိုင်မလဲဆိုတာ ငါ မြင်ချင်မိတယ် ကောင်လေး။" ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူငယ်သည် သူ၏စိတ်ထဲတွင် အေးစက်စွာ ဟစ်ကြွေးလိုက်သည်။ ချင်ယွင်၏ စွမ်းဆောင်မှုကြောင့် သူသည် အလွန် စိတ်မချမ်းမသာ ဖြစ်နေပါသည်။

သို့သော် သူသည် လှုပ်လှုပ်ရှားရှား မလုပ်ခဲ့ပေ။ ယင်းအစား သူသည် ချင်ယွင်နှင့် အခြားသူများကို မြို့ထဲသို့ ဆက်လက်ခေါ်ဆောင်သွားသည်။

"ရပ်လိုက်ပါ။ လူတစ်ယောက်ကို အဆင့်နိမ့် အင်မော်ယ်ကျောက်စိမ်း တစ်တုံး၊ မဟုတ်ရင်၊ မင်းတို့ မြို့ထဲ ဝင်ခွင့်မရှိဘူး။"

သို့သော် ထိုအချိန်တွင် လူတိုင်း၏နားထဲတွင် ကျယ်လောင်ပြီး ရှင်းလင်းပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ လှံတစ်ချောင်းသည် ချင်ယွင်နှင့် အခြားလူများ၏ရှေ့သို့ တိုက်ရိုက် ဖြတ်သွားကာ သူတို့၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ရင်ဘတ်တွင် အနီရောင်မီးတောက် ပုံများဖြင့် အလှဆင်ထားသည့် နီမြန်းသော ချပ်ဝတ် တန်ဆာကို ၀တ်ဆင်ထားသော လူထွားကြီးတစ်ဦးသည် ချင်ယွင်နှင့် အခြားသူများကို အေးစက်စွာ ကြည့်နေသည် ။

သူ၏နောက်မှာ လှံကိုင်ထားသည့် စစ်သည်တော် ရှစ်ယောက် ရပ်နေပါသည်။ ထင်ရှားသည်မှာ သူတို့အားလုံးသည် မြို့ကို စောင့်ကြပ်နေကြခြင်း ဖြစ်သည်။ သူတို့၏ ကျင့်ကြံမူများသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အလယ်လတ်အဆင့်တွင် ရှိနေပြီး၊ လူထွားကြီးသည် နှောင်းပိုင်းအဆင်း အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ ခွန်အားသို့ပင် ရောက်ရှိနေသည်။

"လူအိုကြီးတိုင်၊ မင်းက အသိအကျွမ်းဟောင်း တစ်ယောက်ဖြစ်နေပြီလေ။ မင်းက ဘာလို့ ဒီလောက်ကြီး အလေးအနက်ထားနေရတာလဲ?။ သူတို့အားလုံးက တက်လှမ်းခြင်းရေကန် က ရောက်လာတဲ့ လူသစ်တွေဖြစ်တော့၊ ဒီက စည်းမျဉ်းစည်းကမ်းတွေကို နားမလည်သေး ဘူး။" ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် လူငယ်က လူထွားကြီးကို ပြောသည်။

"ဟမ့်၊ ဘယ်သူက မင်းရဲ့အသိအကျွမ်းတွေလဲ?။ မင်းတို့က စုစုပေါင်း လူ ခြောက်ယောက် ရှိတယ်။ အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်းခြောက်တုံးပေးပါ။ ဒါဆို ငါ မင်းတို့ကို သွားခွင့်ပေးမယ်။" လူထွားကြီးသည် ချက်ချင်းပင် အထင်အမြင်သေးစွာဖြင့် ပြောကာ ကိုယ်ကျိုးမငဲ့သော အမူအရာဖြင့် သူ၏လက်အကြီးကြီးကို တိုက်ရိုက်ပင် ဆန့်ထုတ်လာ သည်။

ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် လူငယ်၏ မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားသည်။ မူလက သူသည် မြို့စောင့်တပ်သားများနှင့် မိတ်ဖွဲ့ချင်ခဲ့ပြီး တက်လှမ်းလာသော လူသစ်များရှေ့တွင် ဟန်ဆောင်ချင်ခဲ့သည်။ ကံမကောင်းစွာပင်၊ ဤလူအိုကြီးတိုင်သည် အလွန်အကြင်နာကင်းမဲ့ပြီး၊ သူ့ကို လုံးလုံး မျက်နှာပျက်အောင် လုပ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဟုတ်ပါသည်၊ သူ၏လုပ်ရပ်တွေက တန်ယုကို သူ၏နောက်ကွယ်မှနေ လှောင်ပြောင် သရော်စေသည်။ မိန်းကလေးရှင်းအားသည်ပင် ရယ်ချင်သော်လည်း သူမကိုယ်သူမ ထိန်းထားနိုင်သေးသည်။ သို့သော်လည်း သူမ၏ ပါးစပ်ထောင့်စွန်း တွန့်ကွေးခြင်းသည် သူမကို သစ္စာဖောက်ဆဲ ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်တော့ ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် လူငယ်သည် ပို၍ပင် ဒေါသဖြစ် သွားသော်လည်း သူ၏ဒေါသတွေကို မည်သည့်နေရာမှာ ဖွင့်ထုတ်ရမှန်း သူမသိပေ။

ဤလူအိုကြီးတိုင်၏ ကျင့်ကြံမှုအဆင့်သည် သူ့ထက် မြင့်မား၏။ မြို့တံခါးစောင့် တပ်မှူးဆိုသည့် သ်၏အဆင့်အတန်းက သူ့ထက်တောင် ပိုမြင့်မားသေးသည်။ ထုံးစံအတိုင်း၊ သူသည် သူ့ကို ဒေါသထွက်အောင် မလုပ်ရဲပေ။ တန်ယု နှင့် ရှင်းအာတို့သည် အိုးယန်လျူနှင့် ဆက်ဆံရေးရှိနေသောကြောင့် သူ့တို့ကိုလည်း မစော်ကားဝံ့ပေ။

အဆုံးတွင်၊ သူသည် ဤအသက်ကို ရှုသွင်းရုံမျှသာတတ်နိုင်ပြီး သူ၏ဒေါသအားလုံးကို သူ၏ဝမ်းဗိုက်ထဲသို့ မျိုချရုံသာ တတ်နိုင်ခဲ့သည်။

"ဟင်း…..။ အဆင့်နိမ့် အင်မော်တယ်ကျောက်စိမ်း ခြောက်တုံး လွှဲပေးပါ့မယ်။ ငါ ကတိပေးတယ်၊ ဒီမှာ ယူလိုက်ပါ”။ မုတ်ဆိတ်မွေးနှင့် လူကြီးသည် ဤမြင်ကွင်းကို အလျင်အမြန် လှည့်ပတ်ကြည့်လိုက်ပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ခြောက်တုံးကို ထုတ်ယူကာ လူထွားကြီးအား ပေးလိုက်သည်။

လူထွားကြီးသည် အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်းခြောက်တုံးကို သိမ်းဆည်းလိုက် ပြီး ရှေ့မှ ထွက်ခွာပေးလိုက်သည်။

ထို့ကြောင့် မုတ်ဆိတ်မွေးနှင့်လူကြီး၊ ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်တို့သည် ချင်ယွင်နှင့် အခြားသူများနှင့်အတူ မြို့ဆီသို့ ဆက်လက် လျှောက်လှမ်းလာကြသည်။ ပိန်ပိန်ထွားကျိုင်းသောလူသည် ဖြတ်သွားသောအခါ၊ ချပ်ဝတ်တန်ဆာဝတ်ထားသည့် လူငယ်သည် လူထွားကြီးကိုပင် စူးစူးစိုက်စိုက် တစ်ချက်ကြည့်သွားသေးသည်။

"အဲဒီအင်မော်တယ်ကျောက်စိမ်းဆိုတာက ဘာလဲ။ ရှင်တို့မြို့ထဲကို ဝင်တဲ့အခါ ဘာလို့ အင်မော်တယ် ကျောက်စိမ်းတွေကို လွှဲပေးရမှာလဲ?" မြို့ထဲကိုဝင်ပြီးသည်နှင့် မိန်းကလေး ရှင်းအာက မေးလာသည်။

"အင်မော်တယ် ကျောက်စိမ်းတွေက အင်မော်တယ်ကမ္ဘာရဲ့ ထူးခြားတဲ့ အင်မော်တယ် ကျောက်အမျိုးအစား တစ်ခုပဲ။ ၎င်းတို့ရဲ့ကိုယ်ထည်ထဲမှာ အင်မော်တယ် စွမ်းအင်တွေ များစွာရှိနေတယ်။ ကျင့်ကြံသူအများစုက အင်မော်တယ်စွမ်းအင်ကို စုပ်ယူရန်အတွက် အင်မော်တယ်ကျောက်စိမ်းတွေကို မှီခိုအားထားကြရတယ်။ ၎င်းကို အင်မော်တယ်ကမ္ဘာရဲ့ ငွေကြေးအဖြစ် အသိအမှတ်ပြုထားတယ်။ နောင်အနာဂတ်မှာ မင်းတို့ လုပ်ဆောင်သမျှက လည်း ဒီအတွက်ပဲ ဖြစ်လာလိမ့်မယ်။ အင်မော်တယ်ကမ္ဘာမှာ အင်မော်တယ် ကျောက်စိမ်းနဲ့ ကင်းကွာဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။" မုတ်ဆိတ်မွှေးနှင့် လူကြီးက ပြုံးပြီး ရှင်းပြပါသည်။

"အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်းဆိုတာကရော?။ အဆင့်မြင့်အဆင့်၊ အလယ်လတ် အဆင့်၊ တတိယတန်းစားဖြစ်တဲ့ အဆင့်နိမ့်အဆင့် အင်မော်တယ် ကျောက်စိမ်းတွေ ရှိသေးလို့လား?။" မိန်းကလေးရှင်းအာက ဆက်မေးပါသည်။

“အင်မော်တယ် ကျောက်စိမ်းတွေကို အဆင့်လေးဆင့် ခွဲခြားထားတယ်။ အဲဒီအဆင့်တွေ က အဆင့်နိမ့်အဆင့်၊ အလယ်လတ်အဆင့်၊ အဆင့်မြင့်အဆင့်နှင့် ထိပ်တန်းအဆင့်တွေ ဖြစ်တယ်။ ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်စိမ်းတစ်ခုက အဆင့်မြင့်အဆင့် အင်မော်တယ် ကျောက်စိမ်းတုံး ၁၀၀ နဲ့ ညီမျှပြီး၊ အဆင့်မြင့်အဆင့် အင်မော်တယ် ကျောက်စိမ်း တစ်ခုကတော့ အလယ်လတ်အဆင့် အင်မော်တယ် ကျောက်စိမ်းတုံး ၁၀၀ နဲ့ ညီမျှတယ်။ ကျန်တဲ့အဆင့်တွေကိုလည်း ဒီအတိုင်း မှတ်ထားလို့ရတယ်။ ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်စိမ်းတွေကြားထဲမှာ အင်မော်တယ် ဝိညာဉ်ကျောက်တွေ ရှိနေ တတ်တယ်လို့ ဆိုကြတယ်” ။ မုတ်ဆိတ်မွှေးနှင့်လူကြီးက ပြုံးပြီး ရှင်းပြသည်။

မိန်းကလေးရှင်းအာသည် ရုတ်တရက် ခေါင်းငြိမ့်လိုက်သည်။ ဤနေရာသို့ လာရာလမ်းတွင် ဤမုတ်ဆိတ်မွှေးနှင့်လူကြီး အင်မော်တယ်ကမ္ဘာ၏ အခြေအနေကို သူတို့အား မိတ်ဆက်ပေးပြီး ဖြစ်သည်။ အင်မော်တယ်ကမ္ဘာတွင် မြို့အပြင်ဘက်ရှိ အင်မော်တယ် စွမ်းအင်များကို ပေါ့ပေါ့ဆဆ စုပ်ယူနိုင်မည် မဟုတ်ကြောင်းလည်း သူတို့ သိထားကြသည်။ ထို့ကြောင့် အင်မော်တယ်ကျောက်စိမ်းများ၏ အရေးပါပုံကို ကြားသိရသောအခါ သူမသည် အင်မော်တယ်ကမ္ဘာကို ယေဘုယျအားဖြင့် နားလည်သွားသည်ဟု ယူဆနိုင်သည်။

"ဒါဆို အင်မော်တယ်ကျောက်စိမ်းတွေရအောင် ဘယ်လိုလုပ်ရမလဲ?။" မိန်းကလေး ရှင်းအာက ဆက်မေးပြန်သည်။

"အင်မော်တယ်ကျောက်စိမ်းတွေ ရရှိဖို့အတွက်တော့ နည်းလမ်းများစွာ ရှိပါတယ်။ အင်မော်တယ်ပစ္စည်းတွေ၊ ဆေးဖက်ဝင ဆေးပြားတွေနှင့် ဆေးဖက်ဝင်ပစ္စည်းတွေကို ဝယ်ယူ ရောင်းချနိုင်ပါသည်။ သေချာတာက၊ အခု မင်းတို့အနေနဲ့ အင်မော်တယ် ကျောက်စိမ်းတွေကို ရရှိနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ရန်ကလန်နဲ့ ပူးပေါင်းပြီး၊ ရန်ကလန်ရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ပဲ။ မတူညီတဲ့ အစေခံတွေ အားလျှော်စွာ အင်မော်တယ်ကျောက်စိမ်း ရပုံတွေကလည်း မတူကြဘူး။ ငါတို့လို တက်လှမ်းခြင်းရေကန် အစောင့်အကြပ်တွေဆိုရင်၊ တစ်လကို အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်းတုံး ၃၀ ပဲ ရရှိတယ်”။ မုတ်ဆိတ်မွှေးနှင့်လူကြီးက ဆက်ပြောသည် ။

"သုံးဆယ်လား?။ ဒါတောင် မြို့ထဲကိုဝင်တာနဲ့ ခြောက်တုံးလောက် ပေးလိုက်ရတယ်။ မြို့ထဲကို ဝင်ရတဲ့စရိတ်က အရမ်းဈေးကြီးနေတယ် မဟုတ်လား?" တန်ယုလည်း အော်ပြောလိုက်သည်။

"ဟမ့်၊ သေချာတာက၊ မင်းလည်း မြို့ထဲကို ဝင်လာတဲ့ လူတစ်ယောက်ပဲ။ ဒါတင်မကဘူး၊ ငါတို့က ဝန်ဆောင်ခအနေနဲ့ မင်းတို့ဆီကနေ နှစ်တုံးလိုအပ်တယ်။ မဟုတ်ရင် ငါတို့ကပဲ မင်းတို့ကို အလကား သက်သက်လို့ လုပ်ပေးနေတယ်လို့ ထင်နေဦးမယ်" ချင်းဇီက သရော်ဟန်ဖြင့် ပြောလိုက်သည်။

"ဒါ​ပေမယ့်​ ကျွန်မတို့မှာ ဘာမှ မရှိဘူးလေ?" မိန်းကလေးရှင်းအာက ကူကယ်ရာမဲ့ ပြောသည်။

'"အခု မဟုတ်သေးပါဘူး၊ မင်းတို့ ရန်ကလန်ရဲ့ အဖွဲ့ဝင်တွေအဖြစ် ပူးပေါင်းပြီးတာနဲ့ မင်းတို့ တစ်ခုခုတော့ ရပါလိမ့်မယ်။ ရန်ကလန်ရဲ့ အသစ်ဝင်လာသူများအနေနဲ့၊ မင်းတို့က အဆင့်နိမ့် အင်မော်တယ်ကျောက်စိမ်း ၁၀ တုံးကို ပထမဆုံးအကြိမ် ရရှိလိမ့်မယ်။ မင်းတို့က ငါတို့အတွက် အဲဒီအထဲက တစ်ခုစီ ထုတ်ပေးရမယ်။" ချင်းဇီက ဆက်ပြော သည်။

တန်ယု နှင့် မိန်းကလေးရှင်းအာတို့သည် ဤစကားကို ကြားသောအခါ ထိတ်လန့်သွားကြ သည်။ အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း နှစ်တုံးကို ပေးရမည်ဆိုလျှင်၊ သူတို့မှာ ရှစ်တုံးသာ ကျန်ရစ်တော့မည်။ အကယ်၍၊ သူတို့သည် ရန်ကလန်၏ အားနည်းသူများ ဖြစ်လာမည်ဆိုလျှင်ပင်၊ နောက်ထပ် အင်မော်တယ် ကျောက်စိမ်းများ ရရှိရန် တစ်လခန့် ကြာမည် ဖြစ်သည်။

"တကယ်တော့ မင်းတို့ စိတ်ပူနေဖို့ မလိုပါဘူး။ အင်မော်တယ်တွေက စားဖို့သောက်ဖို့ မလိုဘူးလေ။ နောက်ပြီး ရန်ကလန်ထဲကို ဝင်ပြီးတာနဲ့ မင်းတို့ကို ယာယီနေထိုင်ဖို့ နေရာသတ်မှတ် ပေးလိမ့်မယ်။ အနည်းဆုံး မင်းတို့လည်း မြို့ထဲမှာ ကျင့်ကြံနိုင်ပါတယ်။ ဒါက အင်မော်တယ် ကျောက်စိမ်း အများကြီး ချွေတာနိုင်ပါတယ်” မုတ်ဆိတ်မွေးနှင့် လူကြီးက ပြုံးပြီး နှစ်သိမ့်ပေးသည်။

"ဦးလေးမို၊ ဒီလျူလီမြို့တော်မှာ နေထိုင်ရာ အိမ်တစ်လုံးအတွက် အင်မော်တယ် ကျောက်စိမ်း ဘယ်နှစ်တုံးလိုလဲ?" မိန်းကလေးရှင်းအာက အစမ်းသဘော မေးကြည့်သည်။

"မြို့လယ်တော့ ငါလည်း မသိဘူး။ လျူလီမြို့ရဲ့ အပြင်ဘက် ပတ်၀န်းကျင်က အိမ်တွေက တော့ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သောင်းလိုအပ်တယ်ဆိုတာ ငါ သိထား တယ်။" ဦးလေးမိုက ပြောသည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သောင်းလား?" မိန်းကလေးရှင်းအာသည် မနေနိုင်ဘဲ တံတွေးမျိုချလိုက်ပြီးနောက် သူမ၏လက်ချောင်းလေးများကို စတင် ဖွင့်လိုက် သည်။

တစ်လလျှင်၊ အဆင့်နိမ့် အင်မော်တယ်ကျောက်စိမ်း သုံးဆယ်၊ တစ်နှစ်ဆိုတော့ ၃၆၀။ အဆင့်မြင့် အင်မော်တယ်ကျောက်စိမ်း ၁၀,၀၀၀ က အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း သန်း ၁၀၀၊ ဤအတိုင်းဆိုလျှင်၊ ရှင်သန်နေထိုင်ရန်အတွက် နှစ်ပေါင်း မည်မျှ ကြာအောင် အချိန်ယူရမည်နည်း?။

ဤတွက်ချက်မှုဖြင့်ပင်၊ မိန်းကလေးရှင်းအာသည် ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်မူကို ခံစားလိုက်ရသည်။ သူမသာမက၊ အိုးယန်လျူ နှင့် တန်ယုတို့၏ အမူအရာများပင် လေးနက်လာကြသည်။

မူလက သူတို့သည် အင်မော်တယ်ကမ္ဘာရှိ သူတို့၏သိုင်းဦးလေးထံတွင် ခိုလှုံရန် ကြံစည်ထားသော်လည်း၊ ယခုအခါတွင် သူတို့၏ သိုင်းဦးလေးသည်ပင် အင်မော်တယ် ကမ္ဘာမှာ ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်စွမ်း ရှိကောင်းမှ ရှိပါလိမ့်မည်။

အင်မော်တယ်ကမ္ဘာရှိ ဘဝသည် သူတို့ထင်ထားသည်ထက် များစွာ ခက်ခဲနေပါသည်။

သူတို့၏ အမူအရာများသည် လေးနက်နေရုံသာမက၊ ချင်ယွင်သည်လည်း ထိုအခိုက်တန့်တွင် စိတ်ဓာတ်အကြီးကျယ် ကျနေခဲ့သည်။

ယခုလေးတင်၊ သူသည် ရှဖန်းကို စီနီယာဟွမ်ထန်းလုံင အင်မော်တယ် ကျောက်စိမ်းတုံး မည်မျှ ချန်ထားရစ်ခဲ့လဲဟု မေးမြန်းနေခဲ့သည်။ သို့သော် ဖြေစရာအဖြေမရှိ ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အင်မော်တယ်ဘုရင်တွေက ထိုအင်မော်တယ်ကျောက်စိမ်းများကို မလိုအပ်သလို ကြိုက်နှက်သက်ခြင်းလည်း မရှိဘူးဟု ရှဖန်းက ဆိုသည်။

ချင်ယွင်သည် ထိုစကားကို ကြားပြီးနောက် ချက်ချင်းပင် စကားမပြောနိုင်အော် ဖြစ်သွားရသည်။ ဂုဏ်သိက္ခာကြီးမားသော လက်ရွေးစင် အင်မော်တယ်ဘုရင်တစ်ပါးသည် အင်မော်တယ်ကျောက်စိမ်းတုံး တစ်ခုတစ်လေပင် မရှိချေ။ အမှန်တကယ်ဆို၊ ထိုသို့ဖြစ်ရခြင်းက သူ မကြိုက်သောကြောင့် ဖြစ်ပါသည်။

အင်မော်တယ် ကျောက်စိမ်းများ မရှိသောကြောင့်၊ အင်မော်တယ်ပစ္စည်းများနှင့် ရတနာများကို ရောင်းချရလျှင်လည်း အဆင်ပြေပါသည်။ သို့သော် သူရရှိခဲ့သော အဖြေက သူ့ကို စိတ်ပျက်လုမတတ်ပင် ဖြစ်ခဲ့ရသည်။

အင်မော်တယ်နန်းတော်ထဲတွင် ရတနာ အနည်းငယ်ရှိသော်လည်း အဆင့်နိမ့် ရတနာများ မရှိပေ။ အဆင့်အနိမ့်ဆုံး အင်မော်တယ်ပစ္စည်းများ အားလုံးသည် အလယ်အလတ်အဆင့် အင်မော်တယ်ပစ္စည်းများ ဖြစ်ကြပြီး၊ ၎င်းတို့ကို ထုတ်ရောင်းမည်ဆိုလျှင်လည်း အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်နေသည်။

ထို့အပြင်၊ အကယ်၍ တစ်စုံတစ်ယောက်သည် ဝယ်ယူရန် တတ်နိုင်သည်လျှင်ပင် ချင်ယွင် သည် ၎င်းတို့ကို မရောင်းဝံ့ပေ။

သာမန်လူများသည် အပြစ်ကင်းပြီး၊ ရတနာများမှာ အပြစ်ရှိကြောင်း သူ သိသည်။

ဤအရာအားလုံးကို သိရှိပြီးနောက် ချင်ယွင်သည် လုံးလုံးပြိုလဲသွားရသည်။ ယင်းက နောင်အနာဂတ်တွင် သူသည် ဤအင်မော်တယ် ကျောက်စိမ်းများအတွက် စိုးရိမ်ပူပန်ရမည်ဟု ဆိုလိုပါသည်။

လေထဲတွင် ရွှေတောင်ကြီးတစ်ခုရှိသော်လည်း အသုံးမချနိုင်ပေ။ ဤအရာက သူ့ကို ကျိန်ဆဲချင်စိတ် ဖြစ်ပေါ်စေသည်။

All Chapters