← Chapters

အခန်း ၆၉၇

Vol. 47 Ch. 697

အခန်း ၆၉၇

Vol. 47 Ch. 697

အခန်း (၆၉၇) လျူလီမျိုးနွယ်စု၏ရီယွန်။

စီနီယာ ဟွမ်ထန်လုံက သူ့အတွက် တစ်ပြားတစ်ချပ်မှ မချန်ရစ်ခဲ့ကြောင်း သိပြီးနောက် ချင်ယွင်သည် လုံးဝကို တည်ငြိမ်လေးနက်လာသည်။

ယခုအချိန်တွင် ချင်ယွင်၏ရှေ့မှာ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး ပေါ်လာမည်ဆိုလျှင် ပင်၊ ချင်ယွင်သည် ၎င်းကို ရယူနိုင်စွမ်း မရှိသေးပေ။

အင်မော်တယ်ကမ္ဘာသည် သေမျိုးကမ္ဘာများနှင့် ကွဲပြားသည်။ အပျက်အစီးနယ်မြေများမှ တဆင့် ရတနာများကို ရယူရန် သို့မဟုတ် ရတနာတစ်ခုခုကို မတော်တဆ တွေ့ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။

အင်မော်တယ်ကမ္ဘာတစ်ခုလုံးတွင် နှစ်များစွာကြာပြီးနောက်၊ မြေတစ်လက်မတိုင်းကို လုယူသိမ်းပိုက်ထားကြသည်။ ရတနာတစ်ခုခုကို ရှာဖွေတွေ့ရှိရန်မှာ ကောင်းကင်ဘုံကို တက်ခြင်းထက်ပင် ပိုခက်ပါသည်။

ဟုတ်ပါသည်၊ အချို့သော အန္တရာယ်ရှိသည့် နေရာတွေမှာ ဖြစ်နိုင်သေးသော်လည်း၊ ထိုနေရာများသည် သေလုနီးပါးဖြစ်ရမည့် နေရာများဖြစ်သည်။ အကယ်၍ ဝင်သွားပြီးပြီဆို လျှင်၊ အသက်ရှင် လွတ်မြောက်နိုင်ဖို့ အရမ်းခက်ခဲပါလိမ့်မည်။

ထို့ကြောင့်၊ အကယ်၍ ချင်ယွင်သည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို ရယူလိုပါက၊ သူသည် ကုန်သွယ်မှုကို အားကိုးရမည် ဖြစ်ပါသည်။ သို့သော် ယခု သူ့တွင် အင်မော်တယ် ကျောက်စိမ်းမရှိသေးချေ။ ဆေးကို သန့်စင်ပေးမည့် မှော်ဆေးပညာရှင်ကို တောင်းဆိုရန် နေနေသာသာ။ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး၏ ပါဝင်ပစ္စည်းများကိုပင် သူ မဝယ်နိုင် သေးပါ။

ယင်းကြောင့် ချင်ယွင်သည် အတွေးထဲသို့ လေးလေးနက်နက် ရောက်ရှိသွားသည်။ ယခု သူ့အတွက် အရေးကြီးဆုံးအရာက တစ်ဖက်တွင် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးနှင့် ပတ်သက်သည့် အချက်အလက်ကို ရှာဖွေရန်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ သူသည် အင်မော်တယ် ကျောက်စိမ်းများ ရရှိရန်ဖြစ်သည်။ သူများများရလေ၊ ပိုကောင်းလေ ဖြစ် သည်။

သို့သော် အင်မော်တယ် ကျောက်စိမ်းများကို သူ မည်သို့ ရနိုင်မည်နည်း?။ ချင်ယွင်သည် ပိုကောင်းသော နည်းလမ်းကို တခဏအတွင်း မစဉ်းစားနိုင်သေးပေ။

ချင်ယွင်ကိုယ်တိုင် ရောင်းချနိုင်မည့် ရတနာများ မရှိပေ။ အကယ်၍၊ သူ့မှာ ရတနာများ ရှိနေလျှင်ပင် ၎င်းတို့သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးအတွင်းရှိ ရတနာများ ကဲ့သို့ပင် ဖြစ်နေပါသည်။

အကယ်၍ သူသည် ယခုအချိန်တွင် ထုတ်ရောင်းမည်ဆိုပါက၊ သူသည် အခြားသူများ၏ ပစ်မှတ်ထားကို ခံရမည်မှာ သေချာပါသည်။ ထိုအချိန်ရောက်လျှင်၊ သူသည် ဒုက္ခများစွာကို ဆွဲဆောင်မိပေလိမ့်မည်။ အင်မော်တယ်ဧကရာဇ်မင်းမြတ်၏ သားတော်ဖြစ်ကြောင်းကို တွေ့ရှိပါက သူသည် ပို၍ပင် ဒုက္ခများလာလိမ့်မည်။

"မေ့လိုက်ပါ၊ ရန်ကလန်ထဲ အရင်ဆုံး ဝင်ပြီးမှ ဒီအကြောင်း စဉ်းစားတာပေါ့။ အင်မော်တယ်ကျောက်စိမ်းတွေရရှိဖို့ အခွင့်အလမ်းကောင်းတွေ ရလာပါလိမ့်မယ်လေ။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်မိသည်။

ယခုအချိန်တွင်၊ သူသည် အခွင့်အရေးတစ်ခုသာ လိုအပ်ပြီး ဤအခွင့်အရေးသည် လျူလီရန်မျိုးနွယ်စုမှသာ ရလာနိုင်ပါသည်။

ချပ်ဝတ်တန်ဆာဝတ်ထာသည့် လူငယ်နှင့် မုတ်ဆိတ်မွေးပါလူကြီးတို့၏ ဦးဆောင်မှု အောက်တွင် ချင်ယွင်နှင့် အခြားသူများသည် တုနှိုင်းမရလောက်အောင် ခမ်းနား ထည်ဝါသော သုံးထပ်အဆောက်အအုံရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။

အဆောက်အဦသည် သေးငယ်ပြီး သုံးထပ်သာရှိသော်လည်း အလွန်ကျယ်ဝန်းသော မြေဧရိယာကို သိမ်းပိုက်ထားသည်။ အောက်ထပ်တစ်ခုလုံးကို အင်မော်တယ်ကမ္ဘာမှ မာကျောသော လျူလီရန်မျိုးနွယ်စု မိုးရေခံကျောက်များဖြင့် ခင်းထားသည်။ အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများပင် ၎င်း၏နံရံတွေကို လှုပ်ခါစေရန် ခက်ခဲလိမ့်မည်။

"လျူလီခန်းမလား?။ ဦးလေးမို၊ ကျွန်မတို့ကို လျူလီရန်မျိုးနွယ်စုကို ခေါ်သွားမယ်လို့ ဦးလေးကိုယ်တိုင် ပြောခဲ့တာ မဟုတ်ဘူးလား?။ ဒါက ရန်ကလန်ရော ဖြစ်နိုင်လို့လား?" မိန်းကလေးရှင်းအာက ပို၍ပင် တက်ကြွလာနေပြီး မေးလိုက်ပြန်သည်။

"ဟမ့်၊ မင်းတို့ကပဲ ရန်ကလန်ကို သွားချင်နေသေးတယ်။ ရန်ကလန်ကို ဝင်ရတာ အရမ်းကို လွယ်နေတယ်လို့ ထင်နေတာလား?။ မင်းတို့ ဝင်ဖို့အသာထား၊ ရန်ကလန်ရဲ့ ဂိတ်ပေါက်ကိုတောင် ငါတို့ မဝင်ဖူးဘူး။ " မိုလျန်က မဖြေခင်မှာ သူ၏ဘေးမှာ ရပ်နေသော ချင်းဇီက အရင်ပြောလိုက်သည်။

မိန်းကလေးရှင်းအာသည် ချင်းဇီ၏ စကားတွေကို ကြားသောအခါ သူမသည် အံ့အားသင့်သွားသည်။

"ချင်းဇီရဲ့စကားတွေက ကြမ်းတမ်းပေမယ့် သူပြောတာ မှန်တယ်။ ရန်ကလန်က လူဖြစ်လာမှသာ အတွင်းခြံဝင်းထဲကို ဝင်နိုင်တယ်။ အပြင်ခြံဝင်းရဲ့ အစောင့်ကြပ်တွေ အနေနဲ့ ငါတို့က ကိစ္စအကြီးအငယ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ လျူလီခန်းမကိုသာ လာရောက်နိုင်တယ်။ “ မိုလျန်က ရှင်းပြသည်။

မိန်းကလေးရှင်းအာသည် ရုတ်တရက် သဘောပေါက်လာသည်။

ချင်ယွင်သည် ဤအရာသည် အင်မော်တယ်ကမ္ဘာ၏ တင်းကျပ်သော အထက်အောက် ခွဲခြားမူဖြစ်ပြီး၊ တစ်ဆင့်မြင့်သည်နှင့် တစ်လွှာခြားသွားကြောင်း သူ၏စိတ်ထဲတွင် သိထားပြီး ဖြစ်သည်။ မိုလျန်းနှင့် အခြားသူများသည် ရန်မျိုးနွယ်စု၏ အောက်ခြေ လူများသာ ဖြစ်သည်။

ရန်ကလန်၏ အစစ်အမှန် ကျင့်ကြံသူများနှင့် အမှန်တကယ် ထိတွေ့ခွင့်ရသူများကတော့ ရန်ကလန်၏ အတွင်းခြံဝင်းထဲက လူတွေဖြစ်ပါသည်။

"အတွင်းခြံဝင်းထဲကို ဝင်ဖို့ အခွင့်အရေး ရှာရမယ့်ပုံပဲ။ မဟုတ်ရင် ရန်မျိုးနွယ်ရဲ့ စွမ်းအားကို သုံးပြီး စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးရဲ့ နေရာကို ရှာတွေ့ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

"သွားကြစို့၊ အထဲဝင်ရအောင်။" မိုလျန်က ထပ်ပြောသည်။

အားလုံးလည်း ခေါင်းညိတ်ပြပြီး မိုလျန်၏နောက်သို့ လိုက်ပါကာ လျူလီခန်းမသို့ ဝင်သွားကြသည်။

လျူလီခန်းမထဲသို့ ဝင်လိုက်သည်နှင့် မိန်းကလေးရှင်းအာ နှင့် တခြားလူများသည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် ချက်ချင်း တုန်လှုပ်သွားကြသည်။

ခန်းမ၏အတွင်းပိုင်းသည် အလွန်ကျယ်ဝန်းပြီး ကြမ်းပြင်နှင့် ထိုင်ခုံ နှစ်မျိုးစလုံးကို အင်မော်တယ်ကမ္ဘာမှာ အလှဆင်ကြသည့် ကြယ်မှင်နက်ကျောက်တုံးဖြင့် ပြုလုပ်ထား သည်။

ကြယ်မှင်နက်ကျောက်တုံးများသည် မှင်ကဲ့သို့ နက်မှောင်နေသော်လည်း တောက်ပသော အစက်အပြောက်များဖြင့် လွှမ်းခြုံထားသည်။ ပထမဆုံး အကြည့်တစ်ချက်မှာပင်၊ ကြယ်ရောင်စုံသည့် ကောင်းကင်ကြီးကို မြင်လိုက်ရလိုပင် ဖြစ်သည်။ ထို့ကြောင့် ဤကြယ်မှင်နက်ကျောက်အမျိုးစားသည် အင်မော်တယ်ကမ္ဘာတွင် အလွန် ရေပန်းစားခဲ့ သည်။ ၎င်းကျောက်များကို နံရံများ၊ စားပွဲများနှင့် ကုလားထိုင်များအဖြစ် အသုံးပြုလေ့ရှိ သည်။ ၎င်းတို့သည် အလွန်မင်း လှပလွန်းသည်။

ဤအခိုက်အတန့်တွင်၊ မိန်းကလေးရှင်းအာနှင့် အခြားသူများသည် ကြယ်မှင်နက် ကျောက်များမှ ဖြစ်ပေါ်လာသော အံ့သြဖွယ် မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။

ချင်ယွင်ကတော့ ဤမြင်ကွင်းကို သိပ်ပြီး မအံ့သြပါဘူး။ ဤအရာများသည် အရင်တုန်းက သူသုံးနေကျ အရာတွေဖြစ်ပြီး၊ သူ့အနေဖြင့် ထူးဆန်းသည်ဟု မမြင်မိချေ။ ဖုန်ထူထပ်ကာ တိမ်ကောလုနီးပါးဖြစ်နေသော သူ၏ အမှတ်တရတွေကို ဖြည်းဖြည်းချင်း လှစ်ဟပြလိုက် သလို ခံစားလိုက်ရသည်။

ဤခန်းမအတွင်းမှာ၊ အပြင်ဘက်တွင် လူအများ ယာယီအနားယူရန် ပေးထားသည့် ထိုင်ခုံများရှိနေပြီး ဘားကောင်တာတစ်ခုလည်း ရှိနေသည်။

ဘားကောင်တာပေါ်တွင် ဆွဲမက်ဖွယ်အဝတ်အစားကို ၀တ်ဆင်ထားသော လှပသော အမျိုးသမီးတစ်ဦး ရပ်နေပါသည်။ ပထမဆုံး အကြည့်တစ်ချက်ဖြင့်ပင်၊ သူမသည် ယောက်ျားတော်တော်များများကို ရူးသွပ်သွားစေလောက်သည်။

သူမ၏ ကျင့်ကြံမှုသည်လည်း နိမ့်ကျခြင်း မရှိပေ။ သူမသည် အလယ်အလတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင် ဤအမျိုးသမီး၏ အမူအရာက အေးစက်နေပြီး သရော်လှောင်ပြောင်မှု တစွန်းတစကိုပင် ရှိနေပါသည်။ သူမသည် ချင်ယွင် နှင့် အခြားလူများ ဝင်လာသည်ကို မြင်လိုက်ရလျှင်၊ အနည်းငယ် မော့ကြည့်ပြီးနောက်၊ လက်ထဲတွင်ရှိသော စာရင်းစာရွက်ကို ကြည့်ရန် မျက်နှာကို အောက်သို့ ချလိုက်လေသည်။

"ရီယွန် ဒီတစ်ခါတော့ တက်လှမ်းလာသူ လေးယောက်ကို ကျွန်တော်နဲ့အတူ ခေါ်ဆောင်လာခဲ့တယ်။ သူတို့အတွက် တရားဝင်ဖြစ်အောင် လုပ်ထုံးလုပ်နည်းတွေကို ကိုင်တွယ် ဖြေရှင်းနိုင်မလား ကျွန်တော် သိချင်ပါတယ်။" ချင်းဇီသည် အနီရောင်ဝတ် ဤအမျိုးသမီးကို မြင်သောအခါ၊ သူသည် ချက်ချင်းပင် တမ်းတမ်းဆွဲနေသော ခွေးထီးတစ်ကောင်ကဲ့သို့ ဖြစ်လာလေသည်။ သူသည် ဘားကောင်တာဆီသို့ ချက်ချင်း ပြေးသွားပြီး အသံတိုးတိုးဖြင့် မြှောက်ပင့်ပြောလိုက်သည်။

အမှန်တကယ်ဆို၊ ဤအရာကလည်း သူ၏အပြစ် မဟုတ်ပါဘူး။ အင်မော်တယ်ကမ္ဘာတွင် အမျိုးသမီးများသည် အလွန်ရှားပါးသော အရင်းအမြစ်များ ဖြစ်ကြသည်။ ရီယွန်ကဲ့သို့ လှပသော အမျိုးသမီးများသည် အကြီးမြတ်ဆုံး ရတနာများဟုပင် သတ်မှတ်ခံထားရ သည်။ သူမတို့ ပေါ်လာပြီဆိုသည်နှင့် အစွမ်းထက်သော အဆင့်မြင့်ပုဂ္ဂိုလ်များက ချက်ချင်းပင် သူမတို့ကို လုယက်သွားကြမည် ဖြစ်သည်။

ချင်းဇီကဲ့သို့ အဆင့်နိမ့် လက်အောက်ငယ်သားများသည် အချို့သော တက်လာသူ အမျိုးသမီးများထံမှသာ အခွင့်ကောင်းကို ရယူနိုင်ကြသည်။ တစ်ခါတစ်ရံတွင်၊ သူတို့သည် အလွန်လှပလွန်းသူများကို အနာဂတ်တွင် ကလဲ့စားချေခံရမည်ကို စိုးရိမ်၍ အင်အားကို အသုံးမပြုဝံ့ကြပေ။

ရီယွန်ကိုမူ၊ မြေညီထပ်ရှိ အစောင့်ကြပ်များအားလုံးက သူတို့၏နတ်ဘုရားမလေး အဖြစ် အသိအမှတ် ပြုထားကြသည်။ သူမကို မပိုင်ဆိုင်ချင်သောလူ မရှိပေ။ သူသည် အခြားအမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် လှဲလျောင်းနေချိန်၌ပင် သူမအကြောင်းကို သူ၏စိတ်ထဲတွင် စိတ်ကူးယဉ်နေခဲ့မိသည်။

သို့သော်လည်း ရီယွန်သည် အဆိပ်ပြင်းသော မြွေတစ်ကောင်လို ပုံရိပ်ရှိသူ ဖြစ်သည်။ သူမကို အတင်းအကြပ် ပိုင်ဆိုင်ချင်သူတိုင်း နောက်နေ့တွင် သေချာပေါက် သေကြရသည်။

ထို့ကြောင့် အပြင်ခြံဝင်းရှိ အစောင့်အကြပ်များသည် သူမနှင့်ပတ်သက်ပြီး မည်သူမျှ ဆိုးရွားသော အကြံအစည်များကို မပြုလုပ်ဝံ့ကြပေ။ နည်းအမျိုးမျိုးဖြင့်၊ ဤနတ်ဘုရားမ လေး သူတို့အပေါ် အထင်ကြီးစေရန်သာ မျှော်လင့်နိုင်ကြသည်။

ချင်းဇီသည် ဤမရေရာ မသေချာသော နတ်ဘုရားမလေး၏ အဖွဲ့ထဲတွင် အစွမ်းထက်သော အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူ၏ စိတ်အားထက်သန်မှုသည် နတ်ဘုရားမလေး၏ အာရုံကို မဆွဲဆောင်နိုင်သေးပါ။

ရီယွန်အမည်ရှိ အမျိုးသမီးသည် ခေါင်းပင် မော်မကြည့်ပေ။ သူမက အေးစက်စွာ မေးလိုက်သည် "သူတို့ကရော လျူလီရန်မျိုးနွယ်စုထဲဝင်ဖို့ ဆန္ဒရှိလားလို့ မေးလိုက်စမ်းပါ။ သူတို့ ဆန္ဒမရှိဘူးဆိုရင် သူတို့ တိုက်ရိုက် ထွက်သွားခိုင်းလိုက်ပါ"

"ဟုတ်ကဲ့ မေးလိုက်ပါမယ်" ချင်းဇီသည် ဆောလျင်စွာ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူသည် ချင်ယွင်နှင့် အခြားလူများထံသို့ ရောက်ရှိလာပြီး "မင်းတို့ထဲမှာ လျူလီ ရန်မျိုးနွယ်စုနဲ့ မပူးပေါင်းချင်တဲ့လူ ဘယ်သူရှိလဲ?" ဟု မေးလိုက်ပါသည်။

"မရှိပါဘူး၊ ငါတို့ ရန်ကလန်ထဲဝင်ဖို့ ဆန္ဒရှိပါတယ်။" အိုးယန်လျူ နှင့် အခြားသူများသည် ခေါင်းကို ယမ်းမပြမီ ခဏလောက် ဆွေးနွေးကြသည်။

"ငါလည်း လျူလီရန်မျိုးနွယ်စုမှာ ပါဝင်ဖို့ ဆန္ဒရှိပါတယ်။" ချင်ယွင်က ပြန်ဖြေသည်။

ချင်းဇီသည် ထိုစကားကို ကြားပြီးနောက် ရီယွန်ထံသို့ ချက်ချင်း ပြေးသွားပြီး ပြောသည် " ရီယွန် သူတို့အားလုံးက လျူလီရန်မျိုးနွယ်စုမှာ ပါဝင်ဖို့ ဆန္ဒရှိကြပါတယ်။ ဟုတ်တယ်၊ တက်လှမ်းလာသူ လေးယောက်ထဲမှ တစ်ယောက်ဟာ အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်မှာ ရှိနေတယ်။"

"အိုး?" ရီယွန်သည် သိမ်မွေ့ညင်သာသော အသံကို ထုတ်ဖော်လိုက်သည်။ နောက်ဆုံးတွင် သူမသည် အလွန်လှပသော မြေခွေးမလေးကဲ့သို့ သူမ၏ မျက်လုံးတစ်စုံဖြင့် မော်ကြည့်လာပြီး ချင်ယွင် နှင့် အခြားသူများကို ကြည့်လိုက်သည်။ နီရဲတောက်ပနေသော သူမ၏နှုတ်ခမ်းတစ်စုံက အပြုံးမပျက် ရှိနေပါသည်။

All Chapters