← Chapters

အခန်း ၇၀၀

Vol. 47 Ch. 700

အခန်း ၇၀၀

Vol. 47 Ch. 700

အခန်း (၇၀၀) မဖြစ်နိုင်ဘူး။

"အင်မော်တယ် ကျောက်စိမ်းဆယ်ခုကို သိမ်းယူမှာလား?။ မိန်းကလေးရှင်းအာက အံ့သြစွာ ပြောလိုက်သည်။

သူမသည် လျူလီမြို့ထဲသို့ မဝင်မီ မိုလျန်ပြောခဲ့သည့် စကားများကို ယောင်ဝါးဝါး သတိရမိ သွားသည်။ ထို့ကြောင့် ယခုအခါ သူမသည် အင်မော်တယ် ကျောက်စိမ်းများကို အလွန်အမင်း သတိထားနေမိသည်။ ထို့ကြောင့် အင်မော်တယ် ကျောက်စိမ်းဆယ်တုံးကို သိမ်းဆည်းမည်ဟု သူမကြားသောအခါ၊ ထို အင်မော်တယ် ကျောက်စိမ်းဆယ်တုံးသည် သူမ အပိုင်မဟုတ်ခဲ့လျှင်ပင်၊ သူမသည် အနည်းငယ် နာကျင်သွားသလို ခံစားရလေသည်။

ဘေးမှာရှိနေသော ချင်းဇီသည် အေးစက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။ ချင်ယွင်၏ ဟာသကို သူစောင့်မျှော်နေခဲ့သည်မှာ ထင်ရှားပါသည်။ သို့သော်လည်း မိုလျန်သည် နှုတ်ဆိတ်နေပြီး ဤအရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

"ဟမ့်၊ သူက ဒါကို တောင်းဆိုတာ ဖြစ်တယ်။ ဒီမျိုးမစစ်ကောင်က သဘောမတူမှာတောင် ငါ စိုးရိမ်လာပြီ" တန်ယုက ချက်ချင်း လှောင်ပြောင်လိုက်သည်။

"ကောင်းပြီ၊ ဒါက သဘောတူညီချက် တစ်ခုပဲ။" သို့သော် ချင်ယွင်က ပြတ်ပြတ်သားသား သဘောတူလိုက်သည်။

ချင်ယွင်၏ သဘောတူညီချက်ကို ကြားသောအခါ ချောင်ဖန်းသည် အခြားဘာမျှ မပြောတော့ပေ။ သူသည် ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို ထပ်မံထုတ်ယူလိုက်ပြီး ၎င်းကို လေထဲတွင် လွင့်မျှော်စေလိုက်သည်။

ချင်ယွင်သည် ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို တွေ့သောအခါ၊ သူသည် ပါရမီ စွမ်းရည်ပြ အစီရင်ချပ်ပြားဆီသို့ ဖြည်းညှင်းစွာ လျှောက်လာရင်း သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"သူက ဒီ မွေးရာပါ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို အသက်သွင်းနိုင်မှာ မဟုတ်ဘူးလို့ ငါ လောင်းရဲတယ်။" တန်ယုက လှောင်ပြောင်ပြောလိုက်သည်။

"မင်းက အလောင်းစားလုပ်ဖို့က လိုအပ်နေပါသေးတယ်။ ဒါက ကိစ္စတစ်ခုစီပဲ။ သူတို့ရဲ့ မွေးရာပါ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို အသက်သွင်းနိုင်တဲ့ သူတွေဟာ အင်မော်တယ်ကမ္ဘာထဲမှာတောင် ပါရမီရှင်တွေလို့ သတ်မှတ်ကြတယ်။ သူက စိတ်ကူးယဉ် အိပ်မက်မက်တွေကို အားကိုးနေရုံသက်သပ်ပါပဲ။" ချင်းဇီက အထင်မြင်သေးဟန်ဖြင့် တုန့်ပြန်လိုက်သည်။

ချင်ယွင်သည် တန်ယုနှင့် ချင်းဇီ၏ စကားများကို နားမကြားကဲ့သို လှည့်ပင်မကြည့်ဘဲ၊ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။ သူသည် ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို ကြည့်ပြီး သူ၏လက်တစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားရှိ ကျောက်စိမ်းကျောက်တုံးဆီသို့ သူ၏ လက်ဖဝါးကို နှိပ်လိုက်လေသည်။

ရီယွန် နှင့် အိုးယန်လျူတို့သည် ချင်ယွင်သည် သာမန်ထက်ထူးခြားသော မည်သည့် အရည်အချင်းမျိုး ရှိနေမလဲဆိုသည်ကို မြင်လိုသည့်အလား မျှော်လင့်ခြင်းများ ပြည့်နေသော မျက်လုံးများဖြင့် ချင်ယွင်အား ကြည့်လိုက်ကြသည်။

ချောင်ဖန်းကတော့ သိပ်ပြီး စိတ်ဝင်စားခြင်း မရှိလှချေ။ ချင်ယွငေသည် ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို အသက်သွင်းနိုင်မည်ဟု သူ မထင်ပေ။ အိုးယန်လျူ၏ စကားကြောင့် သာ၊ ထိုသို့မဟုတ်လျှင်၊ သူသည် အာရုံပင် စိုက်မည်မဟုတ်ချေ။

ဘန်း…။

ချင်ယွင်၏ လက်ဖဝါးသည် ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားပေါ်ကို ဖိချလိုက်သောအခါ၊ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားသည် အနည်းငယ် တုန်ခါသွားသော်လည်း ၎င်းတွင်ရှိသော ပုံစံများသည် လင်းလက်လာခြင်း မရှိပေ။

"ဟား…၊ ဟား…၊ ငါပြောပြီးပါပြီ။ သူက ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို လုံးဝ အသက်မသွင်းနိုင်ပါဘူးလို့။ အင်မော်တယ် ကျောက်စိမ်းဆယ်ခုကတော့ အလကား သက်သက် ဖြစ်သွားရပြီ" တန်ယုသည် ချင်ယွင်၏ ကံဆိုးခြင်းအတွက် ဆိုးဆိုးဝါးဝါး ပျော်ရွှင်နေသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ချင်းဇီသည်လည်း ရယ်မောလိုက်ပြီး သူ၏မျက်လုံးတွေက လှောင်ပြောင်မှု အပြည့်ပင်။

ရီယွန်၏ မျက်လုံးများက စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အရိပ်အယောင် ပေါ်လာပါ သည်။ သူမသည် ဆင်ခြင်တုံတရားကင်းမဲ့လွန်းသည်ဟု သူမကိုယ်သူမ တွေးနေမိသည်။ ချောင်ဖန်း၏ အမူအရာသည် ပို၍ပင် အေးစက်လာသည်။ အိုးယန်လျူသည်သာလျှင် ချင်ယွင်၏ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြား စိုက်ကြည့်နေသည်။

ဘန်း….။

သို့သော်လည်း၊ ထိုအချိန်တွင်၊ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားသည် နောက်ထပ် တုန်ခါမှုကို ထပ်မံ ထုတ်ဖော်လာသည်။ ယခုတစ်ကြိမ် တုန်ခါမှုသည် ယခင်အကြိမ်က ထက်ပင် ပိုမိုပြင်းထန်လာသည်။ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားပေါ်ရှိ ပုံစံများသည်လည်း ထိုအခိုက်တန့်တွင် ဝင်းလက်တောက်ပနေပါသည်။ အစီအရင်ချပ်ပြားပေါ်ရှိ အလင်းရောင် သည် အိုးယန်လျူထံမှ မြင်ဖူးစဉ်ကထက် အမှန်တကယ် တောက်ပနေသည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ချင်းဇီ နှင့် တန်ယုတို့သည် ထိတ်လန့်စွာ အော်ဟစ်လိုက်ကြပြီး သူတို့၏မျက်လုံးများက ပြူးကျယ်သွားကြသည်။

တခြားလူများ၏ မျက်နှာများသည်လည်း ထိတ်လန့်တကြား ဖြစ်ကြနေသည့် အမူအရာများ ဖြစ်ပေါ်လာကြပါသည်. သေချာသည်မှာ၊ ချင်ယွင်သည် ဤမွေးရာပါ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို အမှန်တကယ် အသက်သွင်းနိုင်မည်ဟု ၎င်းတို့ မျှော်လင့်မထားခဲ့ကြသည်မှာ ထင်ရှားပါသည်။

ချောင်ဖန်းသည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး၊ သူ၏မျက်နှာက အံ့အားသင့်နေသည့် အမူအရာ ပေါ်လွင်နေသည်။ သူသည် မျက်တောင်ပင် မခတ်တော့ဘဲ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို စိုက်ကြည့်နေလိုက်သည်။ ချင်ယွင်သည် မည်သည့် အမျိုးစား ပါရမီစွမ်းရည်ရုပ်ပုံကို ပြသမည်နည်းဆိုသည်ကို သူ မြင်ချင်နေမိသည်။

သို့ရာတွင်၊ ၎င်းသည် မည်သည့်အမျိုးစား မွေးရာပါ ပါရမီစွမ်းရည် ရုပ်ပုံဖြစ်ပါစေ၊ ချင်ယွင်သည် မွေးရာပါ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို အသက်သွင်းနိုင်သည်နှင့်၊ သူသည် အတွင်းခြံဝင်းထဲသို့ ဝင်ရောက်ရန် အရည်အချင်းရှိပြီးသား ဖြစ်နေပါသည်။

ဘန်း…။

မွေးရာပါ ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားသည် တောက်ပစွာ ထွန်းလင်းနေခဲ့ပြီး၊ ကောင်းကင်ယံကို လင်းလက်တောက်ပစေကာ ရုပ်ပုံလွှာတစ်ခုကို ပုံဖော်လာပါသည်။

"ဒါ...ဒါက လျှပ်စီးအင်မော်တယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ရုပ်ပုံလွှာ မဟုတ်လား?" ချောင်ဖန်းသည် ချက်ချင်းပင် အေးစက်သော လေကို ရှုရှိုက်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ယင်ယင် ဖြစ်နေပြီ ဖြစ်သည်။

အနီးနားရှိ ရီယွန်သည် အလွန် ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ကောင်းကင်ယံကို ကြည့်နေရင်း အလွန်မင်း ထိတ်လန့်နေမိသည်။

ပုံထဲတွင် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ကောင်းကင်ဘုံကိုးခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပါသည်။ ထောင်ပေါင်းများစွာသော မိုးကြိုးလျှပ်စီးများသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး ထိုလူငယ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာနေသည်။

ယခင်က၊ ပါရမီအရည်အချင်းပြ ရုပ်ပုံများသည် စမ်းသပ်သူများ၏ ပါရမီအရည်အချင်းကို ပြသရာတွင် အဆင့်များအားလျော်စွာ အခြားအရာများဖြင့် အစားထိုးသွားမည်ဟု ပြောဆိုခဲ့ဖူးသည်။ သို့သော်၊ လူသားရုပ်ပုံများကို တိုက်ရိုက်ပြသသည့် စွမ်းရည်ပြ ရုပ်ပုံ အမျိုးအစားသည် တစ်ခုသာရှိပါသည်။ ထိုလူသားရုပ်ပုံအမျိုးစားသည် အင်မော်တယ် ဧကရာဇ်၏ အလားအလာကို ရောက်ရှိနိုင်သူတွေအတွက် ဖြစ်ပြီး သူတို့၏ စွမ်းရည်ပြ ရုပ်ပုံများသည် လူသားပုံသဏ္ဍာန်ရှိသော မြင်ကွင်းမျိုးကို ပြသကြသည်။

ဥပမာအားဖြင့်၊ ဟိုတချိန်တုန်းက စမ်းသပ်မှုအတွင်းမှာ ချင်ယွင် ပြသခဲ့သော အင်မော်တယ် ဧကရာဇ်တစ်ပါး တိမ်တိုက်စီးခြင်း ရုပ်ပုံသည်လည်း လူသားပုံစံပင် ဖြစ်ပါသည်။

ထို့ကြောင့်, ချောင်ဖန်း နှင့် ရီယွန်တို့သည် ရုပ်ပုံတွင် ပါရှိသည့် ပုံကို မြင်သောအခါ လုံးလုံး အံ့ဩသွားကြသည်။

အိုးယန်လျူ၏ မျက်လုံးများတွင် အံ့သြသည့် အမူအရာ ပေါ်လာသည်။ လမ်းတစ်လျှောက် လုံး တိတ်ဆိတ်စွာ နေလာခဲ့သော ဤလူငယ်သည် သူ့ထက်ပင် အမှန်တကယ် အရည်အချင်း ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ဟုတ်ပါသည်၊ သူ၏ထဲမှာ မနာလိုဝန်တိုမူ နည်းနည်းလေးမှ မရှိပါဘူး။ တစ်ချိန်တုန်းက သူသည် အခြားသူများ၏ အထင်မြင်သေးခံရသော အမှိုက်တစ်စ ဖြစ်ခဲ့ဖူးသည်။ မွေးရာပါ အလားလာများကို သူ မယုံကြည်ပါ။ သူ၏ကြိုးစားမှုက အရာအားလုံးကို ဖန်တီးပေးနိုင် မည်ဟုသာ သူ ယုံကြည်ထားသည်။

ချင်ယွင်သည် အဝေးမှာ ပေါ်နေသော ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများတွင် အံ့သြမှုများ ရှိမနေခဲ့ပေ။

မှန်ပါသည်၊ ချင်ယွင်၏ လက်ရှိခန္ဓာကိုယ်သည် သူ၏ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘဲ၊ လျှပ်စီးစွမ်းရည်ကိုယ်ပွား၏ ခန္ဓာကိုယ်ဖြစ်ပါသည်။ ချင်ယွင်သည် လူအုပ်ကြားထဲမှ မထွက်မီတွင်၊ သူသည် လျှပ်စီးစွမ်းရည် ကိုယ်ပွားကို ဆင့်ခေါ်ထားပြီး သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြောင်းလဲထားခဲ့သည်။

ချင်ယွင် ယခုလိုပြုလုပ်ရသည့် အကြောင်းရင်းက သူ့ကိုယ်သူ စင်မြင့်ပေါ်မှာ ထုတ်ဖော် မိသလိုဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။ သူ၏အစစ်အမှန် ခန္ဓာကိုယ်သည် ထူးဆန်းသော မြင်ကွင်းများကို ဖြစ်ပေါ်စေနိုင်ပြီး ထိုအချိန်တွင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်စေမည်ကို သူ ကြောက်ရွံ့မိသည်။

အမှန်တကယ်တော့၊ သူသည် အတွေးလွန်နေခြင်း ဖြစ်ပါသည်။ ဤမွေးရာပါ ပါရမီ စွမ်းရည်ပြ အစီရင်ချပ်ပြားဖြင့်၊ သူ့အစစ်အမှန် ခန္ဓာကိုယ်၏ အလားအလာ စမ်းသပ်မှုကို အမှန်တကယ် မဆောင်ရွက်နိုင်ပါ။ အကယ်၍ ဤအစစ်အမှန် ခန္ဓာကိုယ်သည် စင်ပေါ် တက်သွားပါက၊ ဤပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားသည် တိုက်ရိုက် ပေါက်ကွဲသွားမည်ကို ပင် စိုးရိမ်ရပါသည်။

"ဒီပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားက ပျက်နေတာများလား?" တန်ယုသည် ချင်ယွင်က ဤပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားကို အသက်သွင်းနိုင်သည်ကို မယုံကြည်သေးဘဲ သံသယဖြင့် မေးလိုက်သည်။

သို့သော် သူ ဤသို့ပြောလိုက်စဉ်မှာ၊ ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒအချို့ကို ချက်ချင်း ခံစားလိုက်ရပြီး သူ့အား အလွန်အမင်း ထိတ်လန့်သွားစေကာ၊ သူသည် စကားပင် ပြန်မပြောဝံ့ပေ။

ထိုအချိန်တွင် ချောင်ဖန်းသာမက၊ ရီယွန်၊ ချင်းဇီ နှင့် မိုလျန်တို့သည် ချင်ယွင်ကို တလေးတစား ကြည့်ကာ ဦးညွှတ်နေကြလေသည်။

အင်မော်တယ် ဧကရာဇ်တစ်ပါးဖြစ်လာရန် အလားအလာကောင်းများကို ပိုင်ဆိုင်ထားခြင်း၊ ဤအရာသည် ကောင်းကင်ဘုံကို အံတုနိုင်သော မည်သည့် ပါရမီ အရည်အချင်းမျိုး ဖြစ်နေသနည်း?။ အကယ်၍ ရန်ကလန်မှ အထက်ပုဂ္ဂိုလ်များသည် ဤကြောင်းကို သိရှိသွားပါက၊ သူတို့သည် ချင်ယွင်ကို ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် ကမ်းလှမ်းပြီး သူ့ကို ပြုစုပျိုးထောင်ပေးရန်အတွက် မျိုးနွယ်စုတစ်ခုလုံး၏ အရင်းအမြစ်များကိုပင် အကုန်အကျခံ သုံးစွဲကြမည် ဖြစ်သည်။

"သခင်လေးချင်၊ အိုး…၊ မဟုတ်ဘူး, သခင်ချင်၊ အခုလေးတင်၊ ဒီသေးငယ်တဲ့ အကြီးကဲလေးက ထိုက်တောင်ကြီးကို အသိအမှတ်ပြုပေးဖို့ ကံကြမ္မာမပါခဲ့ဘူး။ ခွင့်လွှတ်ပေးပါ" ချောင်ဖန်းက ကမန်းကတန်း ပြောလိုက်သည်။

အင်မော်တယ် ဧကရာဇ်တစ်ပါးဖြစ်လာရန် အလားအလာရှိသူ တစ်ဦးအား ပစ်မှာ စော်ကားခြင်းသည် သေခြင်းတရားကို တောင်းခံနေခြင်းနှင့် တူနေသည် မဟုတ်ပါလော?။ ချင်ယွင်က သူ့ကို အပြစ်မြင်မှာကို သူ စိုးရွံ့နေပြီ။

"ကိစ္စမရှိပါဘူး၊ ဒါတွေကို ကျုပ် ဂရုမစိုက်ဘူး။" ချင်ယွင်က သူ၏လက်ကို ဝှေ့ယမ်းပြ လိုက်သည်။

ချင်ယွင်၏စကားကို ကြားရမှသာလျှင်၊ ချောင်ဖန်းသည် စိတ်သက်သာရာရဟန်ဖြင့်၊ သက်ပြင်းတစ်ချက် ချလိုက်မိပါသည်။

"ကိစ္စက ပြီး​ပြီဆိုမှတော့ သခင်လေး​တို့ နှစ်​​ယောက်က​ ကျွန်တော်နဲ့ လိုက်ခဲ့ရပါမယ်​" ချောင်ဖန်းက ပြောသည်။

ချင်ယွင် နှင့် အိုးယန်လျူတို့သည် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် ချင်ယွင်သည် တစ်ခုခုကို တွေးနေပုံရသည်။ ထို့နောက် သူက ရီယွန်ဘက်ကို လှည့်ကြည့်ပြီး ပြုံးကာ ပြောလိုက်သည် "မိန်းကလေး ရီယွန်၊ ဒီမိန်းမလှလေး ရှင်းအားက သိပ်ကို အပြစ်ကင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူမအတွက် အလုပ်တွေကို စီစဉ်ပေးတဲ့အခါ မိန်းကလေးရီယွန်က သူမကို ဂရုစိုက်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့် တယ်။ မိန်းကလေး ရီယွန်က ဆန္ဒရှိမရှိ မေးကြည်လို့ရမလား?။

ရီယွန်သည် အနည်းငယ် မှင်သက်သွားပြီးနောက် သူမက ချစ်စဖွယ်ကောင်းအောင် ပြုံးပြီး ပြောလိုက်သည် "သခင်ချင်၊ သခင်ချင်ကိုယ်တိုင် ပြောနေပြီဆိုမှတော့၊ ဒီအစေခံက ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘာဝအတိုင်း သခင်ချင်ကို ကူညီပေးရမှာပါ။ ဒီကအစေခံက ဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ?"

"ဒါဆိုလည်း ကျေးဇူးတင်ပါတယ် မိန်းကလေး ရီယွန်။ နောင်အခါ၊ ကျွန်တော် မိန်းကလေး ရီယွန်ကို မေးစရာလေးတွေ ရှိနေပါသေးတယ်။ အချိန်ရောက်လာရင်၊ မိန်းကလေး ရီယွန် က ကူညီနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်ပါ သည် ။

"သခင်ချင်၊ သခင်ချင် ဖြစ်ချင်သမျှကို လုပ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သခင်ချင်က အမိန့်ပေးလိုက်တာနဲ့ ဒီအစေခံက အစွမ်းကုန်လုပ်ပေးမှာ သေချာပါတယ်။" ရီယွန်က ချစ်စဖွယ် ပြုံးပြပြီး သူမ၏ မျက်လုံးများသည် နက်နဲသော အဓိပ္ပါယ် အရိပ်အမြွက်ကို သယ်ဆောင်နေဆဲပင်။

ချင်ယွင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး နောက်ပြန်လှည့်ကာ ချောင်ဖန်း၊ အိုးယန်လျူတို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။

All Chapters