← Chapters

အခန်း ၇၀၁

Vol. 47 Ch. 701

အခန်း ၇၀၁

Vol. 47 Ch. 701

အခန်း (၇၀၁) ပုံစံပျက်ယွင်းနေသော အနန္တဒြဗ်စင်များကို ပေါင်းစည်းသိပ်သည်းခြင်း။

"ကျေးဇူးတင်ပါတယ်၊ အစ်ကိုချင်။"

လျူလီခန်းမမှ ထွက်လာသည်နှင့် အိုးယန်လျူက ချင်ယွင်အား စကားပြောလာသည်။

ချင်ယွင်က ပြုံးလိုက်သည်။ အိုးယန်လျူသည် ရီယွန်ကို မိန်းကလေးရှင်းအာအား ဂရုစိုက် ပေးခိုင်းသည့် ကိစ္စအတွက် ကျေးဇူးတင်ကြောင်း သူသိသည်။

"မင်းလည်း ဒီလိုလုပ်နိုင်ပါတယ်။ မင်း ငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး၊ မင်းလည်း အရင်က ငါ့ကို ကူညီခဲ့တယ်လေ" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

"ငါ ဒါကို မတွေးထားမိဘူး။ ငါက လူမှုဆက်ဆံရေးတွေကို မကြိုက်ဘူး။ နောင်အနာဂတ် မှာ၊ ငါ အစ်ကိုချင်ဆီက နောက်ထပ် သင်ယူစရာတွေ လိုအပ်နေပါသေးတယ်။" အိုးယန်လျူက ပြောလိုက်သော်လည်း သူ၏စကားက အေးစက်နေဆဲပင်။

"မင်း သင်ယူစရာ မလိုပါဘူး။ ဒီအတိုင်း ကောင်းပါတယ်။" ချင်ယွင်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ ဤအိုးယန်လျူသည် အမြဲတမ်း အေးစက်စွာ ပြောဆိုတတ်သည်။ သူသည် အခြားသူများနှင့် မည်သို့ ဆက်ဆံနိုင်မည်နည်း?။ ယခုပုံစံအတိုင်း သူက အရမ်းအေးစက်သည်ဟု အခြားလူတွေ ထင်မြင်ခံစားနေခြင်းကပင် ပိုကောင်းပါသည်။

တကယ်တော့ ချင်ယွင်သည် မိန်းကလေးရှင်းအာကို ကူညီပေးဖို့ ရီယွန်ကို တောင်းဆိုရ သည့် အကြောင်းရင်းက တစ်ဖက်မှာ သူမက အပြစ်ကင်းစင်၍ ဖြစ်သည်။ အင်မော်တယ် ကမ္ဘာတွင်၊ အပြစ်ကင်းစင်ခြင်းပင် အပြစ်ဖြစ်နေသည်။ အပြစ်ကင်းစင်ခြင်းသည် နောင်အနာဂတ်တွင်၊ ဒုက္ခအများပြားကို သယ်ဆောင်လာမှာ သေချာပါသည်။ တစ်ဖက်တွင်မူ၊ သူသည် ရီယွန် နှင့် မကြာခဏ ဆက်ဆံလို၍ ဖြစ်သည်။

သေချာသည်မှာ၊ သူသည် သူမနှင့် အတူအိပ်ရန်အတွက် ရီယွန်ကို ဆက်ဆံလိုခြင်းမျိုး မဟုတ်ပါဘူး။ ယင်းအစား၊ သူသည် အနာဂတ်တွင် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး၏ တည်နေရာကို ရှာဖွေရန် သူမက ကူညီပေးနိုင်မည်ဟု မျှော်လင့်ခဲ့သည်။

ရီယွန်သည် အပြင်ခြံဝင်း၏ ဘဏ္ဍာစိုးငယ်မျှသာ ဖြစ်သော်လည်း၊ သူမသည် အပြင်ခြံဝင်း၏ အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောင့်အကြပ်များစွာကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။ တခါတရံတွင် အတွင်းခြံဝင်းမှ ဘဏ္ဍာစိုးအချို့သည်ပင် သတင်းဆက်သွယ်မှာ သူမထက် နိမ့်ကျပါသည်။ ထို့ကြောင့်၊ ချင်ယွင်သည် အနာဂတ်တွင် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး၏ နေရာကို ရှာဖွေရန် သူမအား ကူညီပေးစေလိုခဲ့သည်။

ထို့နောက် ချင်ယွင်နှင့်အိုးယန်လျူတို့သည် ချောင်ဖန်၏ ဦးဆောင်မူဖြင့် လျူလီရန် မျိုးနွယ်စု၏ စံအိမ်ကြီးဆီသို့ ဦးတည်သွားကြသည်။

လျူလီရန်မျိုးနွယ်စု၏ စံအိမ်ကြီးသည် အလွန်ကျယ်ဝန်းပြီး နန်းတော်ကြီးအလား မြေနေရာများကို သိမ်းပိုက်ထားပြီး သေမျိုးကမ္ဘာရှိ နန်းတော်များထက်ပင် ပိုကျယ်ဝန်းပါ သည်။

ချင်ယွင်သည် ချောင်ဖန်းထံမှ ရန်ကလန်ရှိအဖွဲ့ဝင်များ၏ အဆင့်များအကြောင်း လေ့လာခဲ့ သည်။

ရန်ကလန်၏ အတွင်းခြံဝင်းရှိ တပ်ဖွဲ့များကို အကြီးအကဲများ၊ တပည့်များနှင့် အစောင့်ကြပ်များဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားပါသည်။

အစောင့်ကြပ်များကိုလည်း အဆင့်မြင့်၊ အလယ်လတ်နှင့် အဆင့်နိမ့်အဆင့်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။

အဆင့်နိမ့်အဆင့် အစောင့်ကြပ်များတွက်၊ အထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ် နယ်ပယ်ကျွမ်းကျင်သူတစ်ဦး ဖြစ်ရန်လိုအပ်ပြီး၊ အဆင့်နိမ့် အစောင့်ကြပ် များသည် ရန်ကလန်စံအိမ်ကြီး၏ လုံခြုံရေးအတွက် ၎င်းတို့တွင် တာဝန်ရှိပါသည်။

အလယ်အလတ်အဆင့် အစောင့်ကြပ်များသည် အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိနေရန် လိုအပ်ပြီး၊ ၎င်းတို့သည် အပြင်ဘက်ရှိ ရန်ကလန်၏ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲရန် တာဝန်ရှိသည်။

အဆင့်မြင့် အစောင့်ကြပ်များအနေနှင့်မူ၊ ၎င်းတို့သည် အလယ်အလတ်အဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်၏ စွမ်းအားသို့ ကျိန်းသေပေါက် ရောက်ရှိနေရ မှာ ဖြစ်ပြီး၊ ၎င်းတို့သည် ရန်ကလန်၏ ကိုယ်စား လျှို့ဝှက်မစ်ရှင် အမျိုးမျိုးကို လုပ်ဆောင်ရန် တာဝန်ရှိပါသည်။

တပည့်များသည် ရန်ကလန်၏ ကိုယ်ပိုင်တပည့်များ ဖြစ်ကြပြီး၊ သာမန်ထက် ထူးကဲသော ပါရမီ သို့မဟုတ် ကြီးမားသော ကမ္မကောင်းမှုရှိသော အစောင့်အချို့ကိုလည်း တပည့်များအဖြစ် တိုးမြှင့်ပေးပါသည်။ (ကြီးမားသောကမ္မကောင်းမူဟူသည် ကလန်အတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးသူများကို ရည်ရွယ်ပါသည်)။

အကြီးအကဲများအတွက်၊ သူတို့သည် အနည်းဆုံး နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိနေရမည် ဖြစ်သည်။ ယခု ရန်ကလန်တွင် အကြီးအကဲ သုံးဦး ရှိပါသည်။

ရန်ကလန်၏ မျိုးနွယ်စုခေါင်းဆောင်အတွက်မူ၊ သူသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦးဟု ဆိုကြပါသည်။ သူ မည်သည့်အဆင့်ထိ ရောက်နေပြီလဲ ဆိုသည်ကိုတော့ မည်သူမှ မသိသေးပါဘူး။

ချောင်ဖန်းသည် ရန်ကလန်၏စံအိမ်ကြီးသို့ ပြန်ရောက်သည်နှင့် တပြိုင်နက် သူသည် ချင်ယွင် နှင့် အိုးယန်လျူတို့၏ ကိစ္စရပ်များကို မျိုးနွယ်စု အကြီးအကဲများထံ သတင်းပို့ လိုက်သည်။ တတိယ အကြီးအကဲသည် ထိုစကားကို ကြားပြီးနောက်၊ ချင်ယွင်နှင့် အိုယန်လျူတို့ကို ချက်ချင်း ခေါ်တွေ့သည်။

နောက်ဆုံးတွင်၊ ချင်ယွင် နှင့် အိုးယန်လျူတို့ ဆင့်ခေါ်ထားသော မွေးရာပါ ပင်ကိုယ်စွမ်းရည် ရုပ်ပုံများကို ကိုယ်တိုင်တွေ့မြင်ပြီးနောက်၊ သူသည် ချင်ယွင် နှင့် အိုးယန်လျူတို့အား တပည့်တံဆိပ်ပြား နှစ်ခုကို တိုက်ရိုက် ပေးအပ်ခဲ့ပြီး မျိုးနွယ်စု တပည့်များကဲ့သို့ တူညီသော ဆက်ဆံမှုကို ခံစားခွင့်ပြုခဲ့သည်။

ထို့အပြင် ဤအရာသည် ယာယီမျှသာ ဖြစ်ပါသည်။ ရန်ကလန်၏ မျိုးနွယ်စုခေါင်းဆောင် သည် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာသောအခါ၊ သူသည် သူတို့နှစ်ဦးအား ကိုယ်တိုင်ကိုယ်ကျ ဆင့်ခေါ်ပြီး အပိုဆုတစ်ခုခု ပေးအပ်ပါလိမ့်မည်။

ရလာဒ်အနေဖြင့်၊ ချင်ယွင် နှင့် အိုးယန်လျူတို့သည် ရန်ကလန်တပည့်များ၏ အဆင့်အတန်းကို တိုက်ရိုက် ပိုင်ဆိုင်လာခဲ့ပြီး သူတို့အား ခြံဝင်းတစ်ခုစီနှင့်၊ အလယ်လတ်အဆင့် အင်မော်တယ် ကျောက်စိမ်းဆယ်ခုကိုလည်း ပေးအပ်ခဲ့သည်။

နောင်အနာဂတ်တွင်၊ သူတို့သည် လစဉ် မည်သည့်အလုပ်မှ လုပ်စရာမလိုဘဲ ကျင့်ကြံရန် အတွက် အလယ်အလတ်တန်းစား အင်မော်တယ်ကျောက်စိမ်းတုံး ဆယ်ခုရရှိမည် ဖြစ်သည်။ အလယ်အလတ် အင်မော်တယ်ကျောက်စိမ်းဆယ်ခုသည် အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်းတစ်ထောင်နှင့် ညီမျှပါသည်။

တစ်နည်းဆိုရသော် ချင်ယွင်သည် ယခုအချိန်တွင် မည်သည့်အလုပ်မှ လုပ်စရာ မလိုသေးပေ။ သူတို့ လစဉ်ရရှိမည့် အင်မော်တယ်ကျောက်စိမ်းသည် ချင်းဇီနှင့် အခြား လူများ၏ လစာ ၃ နှစ်နီးပါးနှင့် ညီမျှသည်။

ဤအရာမှ အဆင့်အတန်းကွာခြားမှု မည်မျှကြီးမားသည်ကို တွေ့မြင်နိုင်သည်။

ချင်ယွင်သည် သူ့အတွက် သတ်မှတ်ပေးထားသော ခြံဝင်းထဲသို့ ရောက်ပြီးနောက်၊ သူသည် စားသောက်ပြီးအတွင် ကျွန်များနှင့် အိမ်ဖော်များကို ပြန်လည်စေလွှတ်လိုက်ကာ အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးသို့ တိုက်ရိုက် ၀င်ရောက်ခဲ့သည်။

အင်မော်တယ်နန်းတော်သို့ ဝင်ရောက်ပြီးနောက် ချင်ယွင်သည် အမျိုးသမီးများနှင့် အကျဉ်းချုံး စကားပြောဆိုခဲ့သည်။ ထို့နောက် သူ၏ အစစ်အမှန်ခန္ဓာကိုယ်သည် အင်မော်တယ်နန်းတော်၏ ကျင့်ကြံခြင်းခန်းထဲသို့ ဝင်ရောက်ခဲ့သည်။

ချင်ယွင်သည် ဤအခွင့်အရေးကို အရယူပြီး ပုံစံပျက်ယွင်းနေသော အနန္တဒြဗ်စင်များကို ပေါင်းစည်းသိပ်သည်းရန်နှင့် သူ၏ ကျင့်ကြံမှုအဆင့်ကိုလည်း အစောပိုင်း အစစ်အမှန် အင်မော်တယ်နယ်ပယ်အထိ အပြီးတိုင်တိုးမြှင့်ပြီး တည်ငြိမ်အောင် ပြုလုပ်ရန် စီစဉ်ထား ပါသည်။

ချင်ယွင်သည် အင်မော်တယ်နန်းတော်၏ ကျင့်ကြံခြင်းခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေ သည်။ ဤအခိုက်တန့်၌ သူသည် တရားထိုင်နေပြီး ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက် ၏။

သူသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဖရိုဖရဲ အင်မော်တယ်ချီ အားလုံးနီးပါးကို စုပ်ယူပြီး ဖြစ်သောကြောင့် ယခု သူလုပ်ရန် လိုအပ်သည်မှာ သူ၏ ဒန်တန်အတွင်းရှိ အလွန်ကြီးမား များပြားသော ဖရိုဖရဲ အင်မော်တယ်ချီများကို အစက်(အလုံး)တစ်ခုတည်းအဖြစ် ပေါင်းစည်း သိပ်သည်းရန် ဖြစ်သည်။

ထိုအရာသည် အလွန်ခက်ခဲသော ကိစ္စဖြစ်ပါသည်။ အကယ်၍ သူသည် မအောင်မြင်ခဲ့ ဘူးဆိုလျှင်၊ သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲပြီး သေဆုံးသွားနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဤမျှကြီးမားသော စွမ်းအင်ပမာဏဖြင့် ပေါင်းစည်းဖိသိပ်ထားသော စွမ်းအင် သည် ပေါက်ကွဲပြီးသည်နှင့် လျူလီမြို့တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်ပေ လိမ့်မည်။

ဘန်း…။

ချင်ယွင်သည် အင်မော်တယ်နန်းတော် ကျင့်ကြံခြင်းခန်းထဲတွင် တင်ပျဉ်ခွေထိုင်ကာ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို စတင် ဖြန့်ကျက်လိုက်သည်။

ချင်ယွင်၏ ကျင့်ကြံခြင်းပညာရပ် စတင် ပျံ့နှံ့လာသည်နှင့်အမျှ နဂိုက ပရမ်းပတာ ဖြစ်နေသော သူ့ဒန်တန်၏ အလယ်ဗဟိုတွင် စုပ်ဝဲတစ်ခု ပေါ်လာသည်။ ပတ်ဝန်းကျင်မှ ဖရိုဖရဲ အင်မော်တယ်ချီများသည် ဤစုပ်ဝဲဖြင့် စုပ်ယူသွားပြီး အားလုံးသည် အလုံးတစ်ခု အဖြစ်သို့ ကူးပြောင်းလာနေသည်။

အချိန်ကြာလာသည်နှင့် အမျှ၊ စုပ်ဝဲသည် ပို၍ပင် ကျယ်ပြန့်လာခဲ့ပြီး၊ သူ၏ဒန်တန်ထဲရှိ ဖရိုဖရဲ အင်မော်တယ်ချီများကို ဖိသိပ်ထားသည်။

ချင်ယွင့်ဒန်တန်၏ အလယ်ဗဟိုတွင် အလွန်သေးငယ်သော ရွှေရောင်အလုံးတစ်လုံး ရှိနေပါသည်။ ဤရွှေရောင်အလုံးသည် တုနှိုင်းမရလောက်အောင် အားကောင်းသော စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းသည် မြင်ရသူများ၏ စိတ်နှလုံးကို တုန်လှုပ် သွားစေ လောက်သည်။ ပတ်ဝန်းကျင်မှ ဖရိုဖရဲ အင်မော်တယ်ချီများအားလုံးကို ဤရွှေရောင် အလုံးက ဆက်လက် စုပ်ယူနေသည်။

သို့သော်လည်း ရွှေရောင်အလင်းလုံးသည် ဖရိုဖရဲ အင်မော်တယ်ချီများကို မည်မျှပင် စုပ်ယူနိုင်ပါစေ၊ ဤအလုံးလေး၏ အရွယ်အစားသည် လုံးဝ မပြောင်းလဲသေးပါ။

အချိန်အနည်းငယ် ကြာပြီးနောက် ချင်ယွင်သည် ချွေးတွေဖြင့် စိုရွှဲနေပြီ။

သူသည် ပုံစံပျက်ယွင်းနေသော ဤအနန္တဒြဗ်စင်များကို ပေါင်းစည်းသိပ်သည်းခြင်း ဖြစ်စဉ် အပေါ်မှာ လုံးလုံးလျားလျား အာရုံစူးစိုက်ထားနေရပြီး၊ အာရုံထွေပြားစေမည့် အတွေးများ အတွက် နေရာမရှိပေ။ အကယ်၍ အာရုံထွေပြားစေသည့် အတွေးတွေ ပေါ်လာခဲ့မည်ဆို လျှင်၊ သူ၏ ယခင်ကြိုးစားမှုတွေ အားလုံးဟာ အသုံးမဝင် ဖြစ်သွားမည်ဖြစ်သလို၊ သူ၏ အသက်သည်လည်း အန္တရာယ် ကြုံတွေ့ရပါလိမ့်မည်။

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီ။ တစ်လတင်းတင်းပြည့်အောင် ကျင့်ကြံ ပြီးနောက်၊ ချင်ယွင်သည် သူ၏ဒန်တန်အတွင်းရှိ ဖရိုဖရဲစွမ်းအင် အားလုံးကို ပုံစံပျက်ယွင်းနေသည့် အနန္တဒြဗ်စင်များအတွင်းသို့ လုံးလုံးလျားလျား ပေါင်းထည့်လိုက် နိုင်သည်။

ဘန်း…..။

ရွှေရောင်အလုံးသည် ချင်ယွင်၏ ဒန်တန်ပေါ်တွင် တည်ငြိမ်သွားခဲ့သည်။ ရွှေရောင်အလုံးမှ အနှိုင်းမဲ့ အစွမ်းထက်လှသော စွမ်းအင် အတက်အကျလှိုင်း တစ်ခု ပျံ့နှံ့ထွက်ပေါ်နေသည်။

"ဟူး၊ နောက်ဆုံးတော့ ငါ အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ကို ဖြတ်ကျော် ဝင်ရောက်သွားခဲ့ပြီ။" ချင်ယွင်သည် ချက်ချင်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်း ချလိုက်သည်။ သူသည် လွန်ခဲ့သည့်တစ်လလုံး သူ၏ ဒန်တန်ကို ပေါင်းစည်း သိပ်သည်းနေခဲ့ပြီး၊ ယခုအခိုက်တွင်၊ သူသည် နောက်ဆုံးတွင် ဤ ဖရိုဖရဲ အင်မော်တယ်ချီ များ အားလုံးကို ပေါင်းစည်းရာမှာ အောင်မြင်ခဲ့ပါသည်။

သူသည် အင်မော်တယ် စွမ်းအင်များကို ဆက်လက် စုပ်ယူနေသရွေ့၊ ဤ အနန္တဒြဗ်စင်များ၏ အစာအိမ်ကို ကျွေးမွေးနိုင်မည် ဖြစ်ပါသည်။

သို့သော်၊ ချင်ယွင်သည် ဤအနန္တဒြဗ်စင်များကို အပြည့်အဝ ကျွေးမွေးလိုပါက၊ ၎င်းကို ပြီးမြောက်အောင် မလုပ်ဆောင်မီ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိနေရမည်ဟု ခံစားခဲ့ရပြီး ဤလုပ်ငန်းစဉ်တွင် စုပ်ယူရန် လိုအပ်သော စွမ်းအင်ပမာဏသည် အလွန်တရာ ကြီးမားလွန်းလှသည်။

ဘန်း…..။

ချင်ယွင်၏ စိတ်နှလုံးသည် တုန်လှုပ်သွားပြီး၊ အနန္တဒြဗ်စင်များမှ ဖရိုဖရဲ အင်မော်တယ်ချီ၏ ကြီးမားသော လှိုင်းလုံးကြီးတစ်ခုသည် တဟုန်ထိုး ထွက်ပေါ်လာခဲ့ကာ၊ ချင်ယွင်၏ လက်ထဲတွင် ချက်ချင်း သိပ်သည်းသွဦးသည်။

ချင်ယွင်သည် ဖရိုဖရဲ အင်မော်တယ်ချီ၏ အစုအဝေးကြီးကို မြင်သောအခါ၊ သူ၏ မျက်နှာပေါ်တွင် ခိုင်ခံ့သောအပြုံးတစ်ခု ပေါ်လာသည်။

ဤတစ်လတာ အားထုတ်မှုသည် အချည်းနှီး မဟုတ်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဖရိုဖရဲ အင်မော်တယ်ချီ၏ လှည့်ပတ်သွားသော အမြန်နှုန်းသည် ယခင်ကထက် နှစ်ဆ ပိုမြန်လာပြီး ၎င်း၏ စွမ်းအားသည် ပိုမိုကြီးမားလာသည်။

ယခုအချိန်တွင် ချင်ယွင်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ် အဆင့်ထက် မနိမ့်ကျသော စွမ်းအားကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။ တစ်နည်းဆိုရသော်၊ သူ၏ပြိုင်ဘက်သည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အောက်တွင် ရှိနေသရွေ့ ချင်ယွင်သည် ဘာမှ ကြောက်စရာ မရှိတော့ပေ။

"အပြင်ထွက်ပြီး စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးနဲ့ အင်မော်တယ်ကျောက်စိမ်းတွေကို ရှာဖွေဖို့ အချိန်တန်ပြီ ထင်တယ်" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်၏။ ထို့နောက် သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်မှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

"မျိုးမစစ်ကောင်၊ မင်း တစ်ခုခုကို မေ့သွားပုံရတယ်။"

All Chapters