အခန်း ၇၀၃
Vol. 47 Ch. 703
အခန်း (၇၀၃) ရန်ကလန်၏တပည့်များ။
မြို့တံခါးသို့ သွားရာလမ်းတွင် အိုးယန်လျူက ဤမစ်ရှင်အကြောင်းကို ချင်ယွင်အား အကျဉ်းချုံး ပြောပြခဲ့သည်။
ယခုတစ်ခေါက် မစ်ရှင်က ဓားပြတွေကို ဖမ်းဆီးပြီး သတ်ပစ်ရန် ဖြစ်သည်။
အင်မော်တယ်ကမ္ဘာတွင်၊ ဓားပြများသည် အလွန်ပေါများပြီး၊ ၎င်းသည် အင်မော်တယ် ကျောက်စိမ်းများ အမြန်ဆုံး ရရှိနိုင်မည့် နည်းလမ်းဖြစ်သည်။ များသောအားဖြင့် သူတို့သည် ဆင်ခြေဖုံးရပ်ကွက်များတွင် စုဝေးနေကြပြီး၊ တစ်ယောက်တည်း ဖြတ်သွားသော လူများကို ရှာဖွေကာ၊ မှင်သက်အံ့ဩနေသော ထိုခေါင်းစိမ်းများကို သတ်ဖြတ်ပြီး၊ ၎င်းတို့၏ ရတနာများကို လုယက်ကြသည်။ (ခေါင်းစိမ်းများဟူသည် လူစိမ်းသူစိမ်းများကို ဆိုလိုဟန်တူ)။
အကယ်၍ သူတို့သည် ဝဖြိုးပြီး အဆီတရွမ်းရွမ်းထနေသာ သိုးတစ်ကောင် နှစ်ကောင်လောက် တွေ့ရမည်ဆိုလျှင်၊ သူတို့တစ်ရွာလုံး ငွေကြေားအလုံအလောက် ရရှိမည်ဖြစ်သည်။
လျူလီရန်မျိုးနွယ်စု၏ သြဇာလွှမ်းမိုးမှု နယ်ပယ်အတွင်းတွင်၊ ထိုကဲ့သို့ ဓားပြတပ်ဖွဲ့ အနည်းစုလည်း ရှိနေခဲ့ပါသည်။ ၎င်းတို့အနက်၊ ဖန်လျှန်တောင်တန်းဓားပြအဖွဲ့သည် ထိုဓားပြတပ်ဖွဲ့များကြားတွင် သေးငယ်ဆုံးသော အဖွဲ့များထဲမှ တစ်ခုဖြစ်ပါသည်။
မူလက ရန်ကလန်သည် ဤဓားပြတပ်ဖွဲ့များကို ဂရုမစိုက်ပေ။ လွန်ခဲ့သော ရက်အနည်းငယ်က ဖန်လျှန်တောင်တန်းဓားပြအဖွဲ့သည် ရန်ကလန်ထံသို့ အမှန်တကယ် လက်တံဆန့်တန်းလာခဲ့ပြီး၊ အပြင်ဘက်တွင် အလုပ်လုပ်ဆောင်နေကြသော ရန်ကလန်၏ တပည့်များကို လုယက်ကာ သတ်ပစ်ခဲ့ကြသည်။ ယင်းက ရန်ကလန်ကို လုံးဝ ဒေါသထွက်စေခဲ့သည်။
ဖန်လျှန်တောင်တန်းဓားပြအဖွဲ့သည် အင်အားအလွန်ကြီးမားခြင်းမျိုး မရှိသဖြင့် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်နေရုံဖြစ်သည်။ ထို့ကြောင့် ဖန်လျှန်တောင်တန်းဓားပြအဖွဲ့ကို သတ်ပစ်ရန်အတွက် ဤမစ်ရှင်ကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဟုတ်ပါသည်၊ ဤမစ်ရှင်အတွက် အခြေအနေအရ တပည့်ငါးယောက်သည် အတူတူ ပူးပေါင်းပါဝင်ရမှာ ဖြစ်ပြီး သူတို့အဖွဲ့ထဲမှ နှစ်ယောက်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတွေ ဖြစ်ရပါမည်။
ချင်ယွင် နှင့် အိုးယန်လျူတို့သည် မြို့တံခါးဆီသို့ အပြေးအလွှား သွားနေကြစဉ်မှာ၊ ၎င်းတို့၏ ရင်ဘတ်ပေါ်တွင် အနီရောင် မီးတောက်ပုံများကို ချည်ဖြင့်ထိုးထားကြပြီး အဖြူရောင် အင်မော်တယ်၀တ်စုံကို ၀တ်ဆင်ထားသည့် တပည့်ငယ် သုံးဦးသည် လျူလီမြို့၏ တံခါးတွင် ရပ်နေကြသည်။
သူတို့သုံးဦးအနက် နှစ်ဦးသည် အမျိုးသားများ ဖြစ်ကြပြီး၊ တစ်ဦးမှာ အမျိုးသမီး ဖြစ်သည်။
အမျိုးသားနှစ်ယောက်လုံး၏ ရုပ်ရည်အသွင်အပြင်က သာမန်ထက် ထူးခြားနေပါသည်။ အမျိုးသမီးတစ်ယောက်ဆိုလျှင်၊ ပို၍ပင် ထူးထူးခြားခြား ဖြစ်နေပြီး သူမ၏ မျက်ခုံးမွှေးတွေ က သူရဲကောင်းဆန်မူ အပြည့်ရှိနေသည်။ ထိုအမျိုးသမီးသည် ရေခဲပမာ အေးစက်စက် အသွင်အပြင် ရှိ၏။ သူမသည် အိုးယန်လျူ၏ အမျိုးသမီးဗားရှင်းဟုပင် ဆိုနိုင်ပါသည်။
သို့သော် ထိုအမျိုးသမီး၏ ရုပ်ရည်အသွင်အပြင်က အလွန်လှပသည်။ သူမသည် လျူလီခန်းမမှာ ယခင်ကတွေ့ဖူးသည့် ရီယွန်နှင့် သိပ်ပြီးမခြားနားပေ။ သို့သော် သူမ၏ စိတ်နေစိတ်ထားသည် ရီယွန်နှင့် အလွန်ကွာခြားပါသည်။ တစ်ယောက်က အလွန်ဆွဲဆောင်မှုရှိပြီး နောက်တစ်ယောက်ကတော့ သူမနှင့် မိုင်ထောင်ချီဝေးသည့် ခရီးကို အတူသွားခွင့် ငြင်းဆန်ရလောက်အောင်ပင် အေးစက်လွန်းသည်။
သို့သော်လည်း ဘေးနားရှိ လူငယ်နှစ်ဦးသည် သူမကို အလွန်သဘောကျကြပြီး ရံဖန်ရံခါတွင် သူမအား ကြင်နာမှုအရိပ်ယောင်များ ပြတတ်ကြသည်။
'အစ်ကိုဟန်၊ တတိယ အကြီးအကဲက မစ်ရှင်ဆောင်ရွက်ဖို့ ဆောင်ရွက်ခိုင်းတဲ့အခါ၊ အနှောင့်ယှက်ဖြစ်စေမယ့် အဲဒီအပေါင်းသင်းနှစ်ကောင်ကို ဘာကြောင့် ခေါ်သွားခိုင်းရ တာလဲ?။ ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ ငါတို့ကို အနှောင့်ယှက်ဖြစ်အောင် လုပ်တာ မဟုတ် လား?။ အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ် တစ်ယောက်ကတင် ငါတို့ကို ခေါင်းကိုက်စေဖို့ လုံလောက်နေပြီ။ နောက်တစ်ယောက်ဆိုရင်၊ အခုမှ အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်ပဲ ဖြစ်သေးတယ်။ ဒါက ငါတို့ကို တမင်တကာ ဒုက္ခပေးတာ မဟုတ်ဘူးလား?။ ဓားပြတွေကို တိုက်ခိုက်တဲ့အခါ သူတို့ကို ဘယ်သူက ဂရုစိုက်နိုင်မှာလဲ?။ တူညီသော အဝတ်အစားကို ၀တ်ဆင်ထားသော ပိန်ပိန်ပါးပါး လူငယ်က ထူးထူးခြားခြား သူရဲကောင်းဆန်ပြီး သိုင်းပညာရှင်ဟန်ပန်ရှိသော ဘေးနားရှိ လူငယ်အား မေးလိုက်သည်။
"ဟမ့်၊ ဒီနှစ်ယောက်က အခုမှ အသစ်တက်လှမ်းလာတဲ့ တက်လှမ်းသူတွေလို့ ပြောလို့ရ တယ်။ တစ်ယောက်က အင်မော်တယ်ဘုရင်အဆင့် မွေးရာပါ ပါရမီစွမ်းရည်ပြ ရုပ်ပုံကို ဆင့်ခေါ်နိုင်ပြီး၊ နောက်တစ်ယောက်ကတော့ အင်မော်တယ်ဧကရာဇ်အဆင့် မွေးရာပါ ပါရမီစွမ်းရည်ပြ ရုပ်ပုံကို ဆင့်ခေါ်နိုင်ခဲ့တယ်။ တတိယ အကြီးအကဲက သူတို့ရဲ့ စွမ်းရည်တွေက ထူးထူးခြားခြားလို့ ယူဆထားတယ်။ ဒါကြောင့် သူတို့ကို မိသားစု တပည့်တွေအဖြစ် တိုက်ရိုက် စာရင်းသွင်းပေးခဲ့တယ်။ ငါတို့က သူတို့နှင့်အတူ ပူးပေါင်းမှ ဒီ မစ်ရှင်ကို ပြီးအောင်လုပ်နိုင်တယ်လို့ ဆိုလိုရာမရောက်ဘူးလား?” အစ်ကိုဟန်ဟုခေါ်သော သူရဲကောင်းဆန်ဆန်လူငယ်က သရော်ဟန်ဖြင့် ပြောလိုက်သည်။
"ချပ်စ်၊ ပါရမီစွမ်းရည်တွေက ဘာသုံးစားလို့ ရမှာလဲ?။ အင်မော်တယ်ကမ္ဘာမှာ အရေးကြီးဆုံး အရာက ခွန်အားပဲ။ ခွန်အားမရှိဘဲ ပါရမီရှိတော့ရော ဘာအသုံးဝင်မှာလဲ။" ပိန်ပိန်ပါးပါး လူငယ်က အထင်သေးဟန်ဖြင့် အော်ဟစ်လိုက်သည်။
ရှင်းရှင်းပြောရရင်၊ သူသည် ချင်ယွင် နှင့် အိုးယန်လျူ၏ ပါရမီအရည်အချင်းတွေကို သူ၏မျက်လုံးထဲတွင် ထည့်မထားဘူးဆိုသည်မှာ ထင်ရှားပါသည်။
"ဟမ့်၊ အဲဒါက တတိယအကြီးအကဲရဲ့ အမိန့်ဆိုကတည်းက ငါတို့က ငြင်းလို့မရဘူး။ သူတို့ကို အဝေးမှာ မတ်တပ်ရပ်ခိုင်းထားပြီး တိုက်ပွဲထဲမှာ ဝင်မပါဝင်စေနဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့က သိပ်ပြီးအသုံးမဝင်ဘူး။" သူရဲကောင်းဆန်ဆန်လူငယ်သည် သူ၏လေသံ တွင် လှောင်ပြောင်မှုအပြည့်ဖြင့် ပြောလိုက်သည်။
သူပြောပြီးသည်နှင့် သူသည် သူ၏ဘေးနားရှိ အေးစက်စက် အမျိုးသမီးကို ရည်ရွယ်ချက်ရှိရှိတစ်မျိုး၊ မရည်ရွယ်ဘဲတစ်ဖုံ တစ်ချက်လှည့်ကြည့်ကာ ပြုံးပြီး ပြောလိုက်သည် "ဖန်ယာ၊ ငါ့အကြံကို မင်း ဘယ်လိုထင်လဲ?"
"တတိယ အကြီးအကဲက သူတို့တွေ အတွေ့အကြုံရအောင်လို့ ငါတို့က ဦးဆောင်ပေး သင့်တယ်လို့ ပြောခဲ့တယ်။ တကယ်လို့ ငါတို့က သူတို့ကို မလှုပ်ရှားခိုင်းဘူးဆိုရင်၊ ဒါက အတွေ့ကြုံရှာတယ်လို့ ဘယ်လိုလုပ် ယူဆနိုင်ပါတော့မလဲ?။" ဖန်းယာ ဟုခေါ်သော လှပသော အမျိုးသမီးက အေးစက်စွာ မေးခွန်းထုတ်သည်။
သူမ၏အမည်က ရန်ဖန်းယာ ဖြစ်ပြီး သူမနှင့် ရန်ဟန်တို့ နှစ်ဦးစလုံးသည် ရန်ကလန်၏ တိုက်ရိုက် မျိုးဆက်များ ဖြစ်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးစလုံးသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြပါ သည်။
အတော်လေး ပိန်ပါးပြီး အားနည်းသော ထိုလူငယ်ကမူ၊ သူ၏နာမည်က ရန်ရှန်း ဖြစ်သည်။ သူသည် ရန်ကလန်၏ ကျောထောက်နောက်ခံအဖြစ်မှ ဆင်းသက်လာသူတစ်ဦး ဖြစ်ပြီး သူ၏ စွမ်းအားသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ နှောင်းပိုင်းတွင် ဖြစ်သည်။
“အစ်မဖန်းယာ၊ အစ်မပြောတာက မှားနေတယ်။ သူတို့က အင်မော်တယ်ကမ္ဘာကို ပထမဆုံး ရောက်ဖူးတာဆိုတော့၊ ငါတို့က သူတို့ကို ကမ္ဘာကြီးကို ကြည့်ဖို့ အပြင်ကို ခေါ်ထုတ်ပေးပြီးသွားပြီ။ အင်မော်တယ်ကမ္ဘာရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သူတို့ တွေ့မြင်နိုင်ဖို့ဆိုရင်တော့၊ သူတို့ကိုယ်တိုင် ရှာဖွေမှပဲ ရလိမ့်မယ်။" ရန်ရှန်းက တဟားဟား ရယ်မောရင်း ပြောသည်။
ရန်ဟန်လည်း ပြုံးပြီး ပြေသည် "ဖန်းယာ၊ ငါက ဒီကိစ္စကို သူတို့ကောင်းအကျိုးအတွက် လုပ်နေတာပါ။ တကယ်လို့ သူတို့ တစ်ခုခုဖြစ်သွားရင်၊ ငါတို့က တတိယလူကြီးကို ရှင်းပြနိုင်မှာ မဟုတ်ဘူး။ မင်းရော အဲဒီ မထင်ဘူးလား?"
ယခုတစ်ကြိမ်မှာတော့ ရန်ဖန်းယာက ပြန်လည်မချေပသလို တခြားမည်သည့်စကားမှ မပြောပါဘူး။
"ကြည့်စမ်း…၊ သူတို့ ဟိုမှာ။"
ထိုအချိန်တွင်၊ ရန်ရှန်းသည် အဝေးကလမ်းကို လက်ညိုးပြပြီး ပြောလိုက်သည်။
ရန်ဖန်းယာ နှင့် ရန်ဟန်တို့သည် ရန်ရှန်း၏ လက်ညိုးထိုးပြသည့်အတိုင်း တပြိုင်နက် ကြည့်လိုက်သည်။ သေချာသည်မှာ ရန်မျိုးရိုး၏ အင်မော်တယ် ၀တ်စုံကို ဝတ်ဆင်ထား သော လူငယ်နှစ်ဦးသည် သူတို့ဆီသို့ လျှောက်လာနေခဲ့သည်။
ချင်ယွင်သည်လည်း ရန်ရှန်းနှင့် အခြားလူများကို အဝေးမှပင် မြင်လိုက်ရသည်။
လမ်းခရီးတွင်၊ အိုးယန်လျူသည် မစ်ရှင်၏ ယေဘုယျအခြေအနေကို ပြောပြထားပြီး ဖြစ်သောကြောင့်၊ ဤတစ်ကြိမ်တွင် သူတို့နှင့်အတူ မစ်ရှင်အတူဆောင်ရွက်ရန်အတွက် ရန်ကလန်၏ တပည့်သုံးဦးလည်း ရှိနေကြောင်း သူသိထားသည်။ ယခုတော့၊ သူတို့သုံးယောက်သည် သူတို့ရှေ့မှ ရှိနေသူများ ဖြစ်ပုံရသည်။
ချင်ယွင်၏ အကြည့်များသည် သူတို့သုံးယောက်ကို ဖြတ်ကျော်သွားပြီးနောက် ရန်ဟန်နှင့် ရန်ဖန်းယာထံတွင် ခဏရပ်လိုက်သည်။ အထူးသဖြင့် ရန်ဖန်းယာသည် သူတို့ကို တစ်ချက် ကြည့်လိုက်သောအခါ၊ ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ပြင်းထန်သော အေးစက်မှုကို ခံစားလိုက်ရသည်။
"သူတို့ နှစ်ယောက်လုံးက အထူးသဖြင့် ရန်ဖန်းယာက ရိုးရှင်းလွန်းပုံ မရဘူး။ သူမက အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်ပညာရှင် တစ်ယောက် ဖြစ်နိုင်သလို နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်နဲ့လည်း အလှမ်း မဝေးတော့ဘူး။" ချင်ယွင် ချက်ချင်း ကောက်ချက်ချလိုက်သည် ။
ရန်ရှန်းအတွက်မူ၊ ချင်ယွင်သည် သူ့ကို လျစ်လျူရှုထားသည်။
သူ၏စွမ်းအားသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်သို့ မရောက်သေးသောကြောင့်၊ သူသည် အများဆုံး အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ သာမန် နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဟုသာ ယူဆနိုင်သည်။ အကယ်၍၊ အိုးယန်လျူသည် သူ၏ ခွန်အားကို အပြည့်အ၀ အသုံးပြုခဲ့လျှင်ပင်၊ သူသည် သူ့ကို သတ်ပစ်နိုင်သည်။
"မင်းတို့တွေက တကယ် မောက်မာတာပဲ။ မင်းတို့က ငါတို့ကို အကြာကြီး စောင့်ခိုင်းထား တယ်" သို့သော်လည်း ချင်ယွင် နှင့် အိုးယန်လျူတို့ သူတို့ရှေ့သို့ ရောက်လာသည်နှင့် ရန်ရှန်းသည် ချင်ယွင်အား မောက်မာစွာ ပြောလိုက်သည်။
အိုးယန်လျူက စကားသိပ်မပြောတတ်သောကြောင့် ချင်ယွင်က ကမန်းကတန်း ပြုံးပြီး ရှင်းပြလိုက်သည် "တောင်းပန်ပါတယ် စီနီယာအစ်ကို နဲ့ စီနီယာအစ်မတို့၊ ကျွန်တော်က တံခါးပိတ် ကျင့်ကြံနေလို့ အိုးယန်လျူက ကျွန်တော့်ကို စောင့်နေခဲ့ရတယ်။ ဒါကြောင့် အရမ်းနောက်ကျသွားတာပါ။ စီနီယာအစ်အိုနဲ့ စီနီယာအစ်မတို့ သုံးယောက်က ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"။
"အို၊ မင်း တော်တော် တော်တာပဲ။ မင်းကများ ငါတို့ကို စီနီယာအလုပ်သင်အစ်ကိုနဲ့ စီနီယာအလုပ်သင်အစ်မလို့ ခေါ်ရအောင်၊ မင်းကို ငါတို့က ဂျူနီယာ အလုပ်သင် ညီအဖြစ် အသိအမှတ်ပြုတယ်လို့ ပြောမိလို့လား?။" ရန်ရှန်းက မထီမဲ့မြင် ပြုံးလိုက်သည်။
ဤစကားကို အိုးယန်လျူ ကြားလိုက်သောအခါ၊ သူ၏ မျက်လုံးများသည် ချက်ချင်း အေးစက်သွားသည်။
ချင်ယွင်သည် ရန်ရှန်း၏ စကားကို စိတ်ထဲမထည့်ဘဲ ဖျတ်ခနဲ ပြုံးလိုက်သည်။
ချင်ယွင်က အလွန်နာခံသည်ကို မြင်လိုက်ရလျှင်၊ ရန်ဖန်းယာသည် ချင်ယွင်ကို ချက်ချင်း ဆိုသလို စိတ်မဝင်စားတော့ဘဲ အိုးယန်လျူကို အနည်းငယ် ချီးကျူးလိုက်သည်။
သူမ၏အမြင်အရဆို၊ ဤနေရာကို ရောက်လာသည့်လူများသည် ဂုဏ်သိက္ခာရှိရမည်။ ဂုဏ်သိက္ခာမရှိလျှင်၊ တကယ်ကို အရှုံးသမားတစ်ယောက် ဖြစ်သွားလိမ့်မည်။
ချင်ယွင်၏ စိတ်နေသဘော ချို့တဲ့မှုကို မြင်လိုက်ရသဖြင့်၊ ရန်ဟန်၏ မူလက မထင်ရှားသော အပြုံးသည် ပို၍ပင် ရဲရင့်လာသည်။
'"ကောင်းပြီလေ၊ မင်းတို့နှစ်ယောက် ဒီကိုရောက်နေပြီဆိုတော့ ခရီးထွက်ကြရအောင်။ ဒါပေမယ့် ငါတို့ မထွက်ခွာခင်မှာ မင်းတို့ကို တစ်ခု သတိပေးထားရဦးမယ်။ ဒီမစ်ရှင်မှာ မင်းတို့အားလုံး ငါတို့အမိန့်ကို နာခံရမယ်။ ငါတို့က မင်းတို့ကို အရှေ့ရပ်ကို သွားဆိုရင်၊ မင်းတို့က အနောက်ရပ်ကို လုံးဝ သွားလို့မရဘူး" ရန်ဟန်က ပြောသည်။
"ဟုတ်ကဲ့ပါ၊ ချင်ယွင်က အပြုံးဖြင့် ပြန်ပြောလိုက်သော်လည်း သူ၏အပြုံးတွင် ကျီစားလိုသည့် အရိပ်အမြွက်တစ်ခု ရှိနေပါသည်။