အခန်း ၇၀၄
Vol. 47 Ch. 704
အခန်း (၇၀၄) ဖန်လျှန်တောင်တန်းဓားပြအဖွဲ့။
ရန်ဟန်သည် ချင်ယွင်က အလွန်လွယ်ကူ နာခံနေသည်ကို မြင်သောအခါ၊ သူ၏ စိတ်ထဲတွင် ချင်ယွင်ကို ပို၍ပို၍ပင် အထင်သေးလာသည်။ ချင်ယွင်ကို သူမ မည်သည့် စကားမှ ထပ်မပြောတော့ချေ။ သူသည် ပျော့ပျောင်းသော ပန်းသီးတစ်လုံးကို ချေညှစ်ပစ်ရန် စိတ်မဝင်စားချေ။
ရန်ရှန်းသည် ချင်ယွင်ကို သူ၏မျက်လုံးများတွင် ပြင်းထန်သော သရော်ဟန်နှင့်အတူ၊ အထင်သေးစွာ လှောင်ပြောင်နေ၏။ သူက ရန်ဟန်နှင့် မတူချေ။ ပန်းသီးအပျော့လေးတွေ ရွေးပြီး ချေညှစ်ပစ်ရတာ ကြိုက်သူ ဖြစ်သည်။ ထို့ကြောင့်၊ သူသည် လမ်းတစ်လျှောက်လုံး ပျော်ရွှင်နေသည်။
ချင်ယွင်သည် သူတို့၏ အထင်အမြင်သေးမူများကို ဂရုမစိုက်ပါ။ အင်မော်တယ်ကမ္ဘာရှိ မျိုးနွယ်စုများ၏ ဤတပည့်များအားလုံးသည် အားနည်းသူများကို အနိုင်ကျင့်ပြီး အားကြီးသူများကို ကြောက်ရွှံ့ခြင်းကို မှန်ကန်သောအတွေးခေါ်တစ်ခုဟု မှတ်ယူထားကြ ပြီး၊ မိမိကိုယ်ကို ဖြောင့်မတ်နေသယောင် ထင်နေကြသည်။
ယခုအချိန်တွင် ချင်ယွင်သည် ဤမစ်ရှင်ကို ဘေးကင်းစွာ ပြီးမြောက်ပြီး ရန်ကလန်တွင် ဆက်လက် လုပ်ဆောင်ရန် ဆန္ဒရှိနေသည်။ ထို့နောက် သူသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးလုံးနှင့် ရှင်ခြင်းသေခြင်းဆေးလုံးကို ရှာဖွေရန် ရန်ကလန်၏အင်အားကို ငှားရမ်းနိုင် သည်။ ထို့ကြောင့် သူသည် ဤရန်ကလန်၏တပည့်များကို မပြစ်မှားချင်ပေ။ ထို့ကြောင့် သူသည် တတ်နိုင်သမျှ သည်းခံနိုင်ခဲ့သည်။
သို့သော်လည်း၊ သူတို့သည် အရမ်းလွန်လာပြီး သူ့ကို ဒုက္ခပေးဖို့ တမင်တကာ ကြိုးစားလာမည်ဆိုလျှင်၊ ချင်ယွင်သည် 'နောင်တ' ဆိုသည့် စကားလုံးကို မည်သို့ ရေးရမည်နည်းဆိုသည်ကို သူတို့အား သင်ပေးရမည်ဆိုလျှင်လည်း စိတ်ထဲမထားပါဘူး။
"သွားကြရအောင်” ရန်ဖန်းယာက အေးစက်စွာ ပြောလိုက်ပြီး မြို့ပြင်ကို ထွက်လာခဲ့သည်။ ထုံးစံအတိုင်း ချင်ယွင်နှင့် အခြားသူများလည်း လိုက်ပါသွားကြသည်။
လျူလီမြို့တော်အတွင်း အစီအရင်ဝင်္ကပါများကြောင့်၊ ပျံသန်းခြင်းမပြုရန် တားမြစ်ထား သည့်အတွက် သူတို့သည် ပျံသန်းနိုင်ရန်အတွက် မြို့တွင်းမှ ထွက်ခွာလာခဲ့သည်။
သူတို့ မြို့မှ ထွက်ခွာပြီးသည်နှင့် သူတို့ငါးဦးသည် သူတို့၏ ဦးတည်ရာဖြစ်သော ဖန်လျှန်တောင်တန်းရှိ ဓားပြစခန်းဆီသို့ ပျံသန်းသွားကြသည်။
ဖန်လျှန်တောင်သည် လျူလီရန်မျိုးနွယ်စု၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်းတွင် ရှိနေသော်လည်း၊ အင်မော်တယ်ကမ္ဘာကြီးသည် အလွန် ကြီးမားလွန်းသောကြောင့် ချင်ယွင်နှင့် အခြားလူများသည် ပျံသန်းသွားလျှင်ပင် သုံးရက်နီးပါး ကြာမည်ဖြစ်သည်။
အင်မော်တယ်သင်္ဘောကဲ့သို့ ပျံသန်းနိုင်သောရတနာတစ်ခုခုရှိလျှင်၊ အားထုတ်မှုများစွာကို သက်သာစေမည် ဖြစ်သည်။
ချင်ယွင်သည် တစ်ခုကို ပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း သူသည် ဤရတနာကို ထုတ်ဖော်ရလောက်အောင် မိုက်မဲနေမည် မဟုတ်ပေ။ တကယ်တော့၊ ထိုကဲ့သို့ ရတနာတွေအကြောင်းကို လူနည်းစု သိလေ ပိုကောင်းလေ ဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်လည်း ထိုရတနာနှင့်ပတ်သက်ပြီး တွေးခဲ့ဖူးသည်။ အကယ်၍ သူသည် ထိုအချိန်တွင် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို အမှန်တကယ် ရှာတွေ့သော်လည်း အင်မော်တယ်ကျောက်စိမ်းများစွာကို မထုတ်ပေးနိုင်ခဲ့ပါက၊ သူသည် အင်မော်တယ် သင်္ဘောကြီးကို ရောင်းချမည် ဖြစ်သည်။
အင်မော်တယ် သင်္ဘောကြီးသည် အဆင့်နိမ့်အဆင့် အင်မော်တယ်ပစ္စည်းတစ်ခုသာ ဖြစ်သော်လည်း ၎င်းသည် ပျံသန်းနိုင်သော ရတနာတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။ ၎င်း၏တန်ဖိုးသည် အဆင့်မြင့်အဆင့် အင်မော်တယ်ပစ္စည်းတစ်ခုထက် မနိမ့်ကျသည်မှာ သေချာပါသည်။ ထို့ကြောင့် ချင်ယွင်သည် ၎င်းကိုရောင်းချပြီး၊ စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးလုံးနှင့် လဲလှယ်နိုင်သင့်သည်။
ဟုတ်ပါသည်။ ရှေးဟောင်းတာအိုဆရာသခင် လိုချင်နေသည့် အဆင့်ငါး အင်မော်တယ် ဆေးလုံးဖြစ်သည့် ရှင်ခြင်းသေခြင်းဆေးလုံးကို ရှာဖွေရခြင်းက လွယ်ကူမှာမဟုတ်ပါဘူး။ အကယ်၍ သူတွေ့ခဲ့ရင်တောင် ဒါဟာ အင်မော်တယ်ကျောက်စိမ်းများနှင့် တိုင်းတာလို့ ရမည့်အရာ မဟုတ်ပါဘူး။ ၎င်းဆေးလုံးကို အရောင်းအဝယ်ဖြစ်ရန်အတွက် တစ်စုံတစ်ခုနှင့် လဲလှယ်ရမည်ကိုပင် သူစိုးရိမ်မိသည်။
ထိုအရာများသည် အရေးတကြီး မဟုတ်သေးသည့်အတွက်၊ ယခုအချိန်တွင် သူသည် ခြေတစ်လှမ်းချင်းစီသာ လှမ်းနိုင်ပါသည်။ ယခုအချိန်တွင် ချင်ယွင်သည် ဓားပြအဖွဲ့ကို တတ်နိုင်သမျှ သတ်ပစ်ရန်သာ ဆန္ဒရှိနေသည်။
လေးရက်ကြာ ခရီးထွက်ပြီးနောက် ချင်ယွင်နှင့် အခြားသူများသည် ဖန်လျှန်တောင်အနီးသို့ ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ဖန်လျှန်တောင်အနေအထားသည် အလွန်မင်း ဝေးလံပြီး ထူးဆန်းကာ၊ သစ်ပင်များက အလွန်ထူထပ်၏။ ရန်ဟန်နှင့် အခြားသူများသည် ဖန်လျှန်တောင် တစ်ခုလုံးကို သူတို့၏ အင်မော်တယ်စိတ်အာရုံဖြင့် ရှာဖွေခဲ့ကြသော်လည်း ဖန်လျှန် တောင်တန်းဓားပြအဖွဲ့၏ မည်သည့်သဲလွန်စကိုမှ မတွေ့ခဲ့ရချေ။ ဖန်လျှန်တောင် ခံတပ်စခန်း၏ ဝင်ပေါက်ဆိုလျှင်၊ ပြောစရာပင် မလိုတော့။
“အင်မော်တယ်စိတ်အာရုံ” ဟူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ပြီးနောက် ဖြစ်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအား ဖြစ်ပါသည်။
"ဒီဖန်လျှန်တောင်ကို တစ်ယောက်ယောက်က တည်ဆောက်ထားတာ ဖြစ်နိုင်တယ်။ ဖန်လျှန်တောင်တန်းဓားပြအဖွဲ့ အမာခံ ခံတပ်စခန်းကို ရှာတွေ့ဖို့က ဒီလောက် မလွယ်ကူမှာကို ငါကြောက်မိတယ်။" ရန်ဟန်က ပြောသည်။
"ဒါဆို ငါတို့ အောက်ဆင်းပြီး ဖန်လျှန်တောင်တစ်ခုလုံးကို ဖြည်းဖြည်းချင်း ရှာကြည့်ရ အောင်။ သူတို့ရဲ့ အမာခံခံတပ်စခန်းကို ရှာတွေ့တာနဲ့ အားလုံးကို သတ်ပစ်မယ်" ရန်ရှန်း က ပြောသည်။
“မဟုတ်ဘူး၊ ရန်သူက အခုမြင်သာတဲ့ နေရာမှာ ရှိနေပြီး ငါတို့က အမှောင်ထဲမှာ ရှိနေတယ်။ တောတောင်တွေကို အတင်းအကြပ်လိုက်ရှာရင် ငါတို့က သူတို့ကို သေချာပေးသလို ဖြစ်သွားမှာ ငါ စိုးရိမ်တယ်။ အဲဒီအခါ၊ ငါတို့က မြင်သာတဲ့ အနေထားမျိုး ဖြစ်သွားမှာဖြစ်ပြီး သူတို့က အမှောင်ထဲမှာ ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်ရောက်ရမှ၊ ငါတို့ တိုက်ခိုက်မယ်ဆိုရင် ငါတို့အနေနဲ့ သေချာပေါက် ကြီးကြီးမားမား ခံစားရလိမ့်မယ်။ တကယ်လို့၊ သူတို့က ငါတို့ကို မတိုက်ခိုက်ဘူးဆိုရင်တောင်၊ သူတို့ ထွက်ပြေး လွတ်မြောက်သွားတာနဲ့ ငါတို့ရဲ့ မစ်ရှင်ကလည်း ကျရှုံးသွားပြီလို့ ပြောလို့ရတယ်။" ရန်ဖန်းယာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဖန်းယာ ပြောတာ မှန်ပါတယ်။ ငါတို့ မလှုပ်ရှားခင်မှာ၊ ဒီက အခြေအနေတွေကိုလည်း စုံစမ်းနိုင်ရမယ်။" ရန်ဟန်က ပြောသည်။
"ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ" ရန်ရှန်းက မေးသည်။
"ရွာတွေအနှံ့ လျှောက်မေးကြည့်ရအောင်။ သူတို့က ဒီမှာ နေထိုင်တာ ကြာပြီဆိုတော့ ဖန်လျှန်တောင်တန်းဓားပြအဖွဲ့တွေ အကြောင်းကို သူတို့ နားလည်မှု ရှိသင့်တယ်။ ရန်ဟန်က ပြောသည်။
ရန်ရှန်းလည်း ခေါင်းညိတ်လိုက်သည်။ ရန်ဖန်းယာကတော့ ဘာမှ ပြန်မပြောပေ။ ရှင်းရှင်းပြောရလျှင်၊ သူမသည်လည်း ရန်ဟန်၏ လုပ်ရပ်ကို သဘောတူပါသည်။
ချင်ယွင်နှင့် အိုးယန်လျူတို့ကတော့ တိုက်ရိုက် လျစ်လျူရှုခံထားရသည်။ သူတို့ သုံးယောက်သည် အမြဲတမ်း တိုင်ပင်ဆွေးနွေးနေခဲ့ပြီး သူတို့၏အတွေးတွေအတွက် ချင်ယွင်တို့ကို မေးမြန်းကြည့်ရန်လည်း ရည်ရွယ်ချက် လုံးဝ မရှိပါဘူး။
ချင်ယွင်သည် ဤကိစ္စနှင့်ပတ်သက်ပြီး နှောက်ယှက်ရန်ပင် ပျင်းလွန်းလှသည်။ သူသည် ကူညီပေးစရာ မလိုသည့်အတွက် ဘေးကနေသာ ကစားတာကို ကြည့်နေခံသည်။ သူ့ကို ပြဿနာမရှာသရွေ့၊ ချင်ယွင်က စိတ်အေးသက်သာစွာဖြင့် ပျော်ရွှင်နေလိမ့်မည်။
အိုးယန်လျူ၏ ပင်ကိုယ်စရိုက်က အမြဲတမ်း နှုတ်ဆိတ်နေတတ်သူ ဖြစ်သည်။ ထို့ကြောင့်၊ သူ့ကို မေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ အတူတူပင် ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး သူသည် သဘာဝအတိုင်း စိတ်မ၀င်စားပေ။
"ဟိုမှာ ရွာတစ်ရွာရှိတယ်" ရန်ရှန်းသည် ခပ်လှမ်းလှမ်းရှိ အဆောက်အအုံ အုပ်စုငယ်လေး ကို ရုတ်တရက် ညွှန်ပြပြီး ပြောလိုက်သည်။
"အဲဒီကို သွားရအောင်။" ရန်ဟန်က ပြောသည်။
ထိုစကားကို ပြောပြီးနောက် လူတစ်စုသည် ရန်ရှန်း ညွှန်ပြနေသည့် အဆောက်အဦးများ ရှိရာဆီသို့ ပြေးသွားကြသည်။
သို့သော် ချင်ယွင်နှင့် အခြားသူများသည် ရွာသို့ ချဉ်းကပ်လာသောအခါတွင် သူတို့၏ရှေ့မှ မြင်ကွင်းကြောင့် သူတို့သည် ထိတ်လန့်သွားကြသည်။
တစ်ရွာလုံးမှာ ပုပ်ပွနေသော အလောင်းတွေ၊ အမှိုက်တွေနှင့် သွေးကွက်တွေက ပြန့်ကျဲနေသည်။ ရွာမှာရှိသမျှ လူကြီးရော ကလေးတွေပါမကျန် အကုန်လုံး အသတ်ခံထားရသည်။ အဖိုးတန်ပစ္စည်းတွေ အားလုံးကိုလည်း လုယက်သွားခဲ့ကြသည်။
"ဒီဓားပြတွေက လူတွေ မဟုတ်တော့ဘူး။ သူတို့က ဒီသေမျိုးလူတွေကိုတောင် သတ်ပစ်ကြတယ်" ရန်ရှန်းက ဒေါသတကြီး ပြောသည်။
အင်မော်တယ်ကမ္ဘာရှိ သေမျိုးများဟူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ မရောက်သေးသည့် ကျင့်ကြသူများကို ရည်ညွှန်းပါသည်။ နောက်ဆုံးမှာတော့၊ အင်မော်တယ်များမှာလည်း ကလေးတွေ ရှိကြပါသည်။ သူတို့မွေးထားသည့် ကလေးများ သည် မွေးကတည်းက အင်မော်တယ်များ မဟုတ်ကြပေ။ အများဆုံး၊ သူတို့၏ ပါရမီအရည်အချင်းများသည် သေမျိုးကမ္ဘာထက် များစွာ မြင့်မားရုံသာရှိသည်။ ထို့ကြောင့်၊ အင်မော်တယ်ကမ္ဘာတွင်လည်း သေမျိုးများ ရှိပါသည်။
ချင်ယွင်နှင့် အခြားလူများသည်လည်း မျက်မှောင်ကြုတ်သွားကြသည်။ ယခုလို ကြေကွဲဖွယ် မြင်ကွင်းမျိုးက သူတို့၏ဦးရေပြားကို ထုံကျင်သွားစေသည်။
အင်မော်တယ်ကမ္ဘာတွင် ဓားပြများ သောင်းကျန်းကြသော်လည်း ဓားပြအများစုသည် အနီးနားပတ်ဝန်း ရွာများများရှိ သေမျိုးများကို သတ်ဖြတ်သည်မှာ မရှိသလောက်ပင် ဖြစ်သည်။ ဓားပြအများစုသည် ရွာများမှ ရောက်လာသူများ ဖြစ်သောကြောင့်၊ ၎င်းတို့သည် အနည်းနှင့်အများ သနားကြလေသည်။ သို့သော် ဖန်လျှန်တောင်တန်းဓားပြအဖွဲ့သည် ဤမျှလောက် လူမဆန်စွာ ဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။
ပြင်းထန်သော အအေးဓာတ်သည် အိုးယန်လျူ၏ မျက်လုံးများတွင် ဝင်းလက် တောက်ပ လာသည်။ သူ၏ရှေ့မှ သွေးထွက်သံယို မြင်ကွင်းက သူ၏စိတ်နှလုံးထဲမှ သတ်ဖြတ်ချင် စိတ်ကို လှုံ့ဆော်နေသည်မှာ ထင်ရှားသည်။
"ဒီရွာမှာ အသက်ရှင်ကျန်ရစ်သူ မရှိတော့ဘူး ထင်ရတယ်။ အနီးနားက တခြားရွာတွေကို ဘာလို့ သွားမရှာတာလဲ?။" ရန်ရှန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"လှည့်ပတ်ရှာစရာ မလိုတော့ဘူး။ ဒီရွာအပြင် မိုင်တစ်ရာအတွင်းမှာ တခြားရွာလည်း ရှိသေးတယ်။ ဒါပေမယ့် အဲဒီရွာတွေရဲ့ မြင်ကွင်းကလည်း ဒီအတိုင်းပဲ။" ရန်ဖန်းယာက အေးစက်စွာ ပြောသည်။ ထင်ရှားသည်မှာ၊ သူမသည် ပတ်ဝန်းကျင်ကို စူးစမ်းရန် သူမ၏ အင်မော်တယ်စိတ်အာရုံကို အသုံးပြုပြီး ဖြစ်သည်။
ရန်ဖန်းယာ၏ အင်မော်တယ်စိတ်အာရုံသည် မိုင်တစ်ရာအကွာအဝေးကို အမှန်တကယ် စူးစမ်းလေ့လာနိုင်ခြင်းကြောင့် ချင်ယွင် အံ့အားသင့်သွားရသည်။
အင်မော်တယ်ကမ္ဘာ၏ မြေဆွဲငင်အားနှင့် သိပ်သည်းလှသော အင်မော်တယ် စွမ်းအင်များ၏ လွှမ်းမိုးမူအောက်တွင်၊ သာမန် အစစ်အမှန်အင်မော်တယ် နယ်ပယ် တစ်ယောက်၏ အင်မော်တယ် စိတ်အာရုံသည် အများဆုံး အချင်းဝက် ဆယ်ကီလိုမီတာ အထိသာ လွှမ်းခြုံနိုင်ပြီး၊ အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလျှင်ပင် ၎င်းသည် အများဆုံး အချင်းဝက် ကီလိုမီတာ ခြောက်ဆယ်ကိုသာ လွှမ်းခြုံထားနိုင်သည်။
ရန်ဖန်းယာသည် ကီလိုမီတာရာနှင့် ချီဝေးသော မြင်ကွင်းကို အမှန်တကယ် သိရှိနိုင်သည် ။ ဆိုလိုသည်မှာ၊ သူမ၏ အင်မော်တယ် စိတ်အာရုံသည် သာမန် အစစ်အမှန် အင်မော်တယ် နယ်ပယ် အထွတ်အထိပ်အဆင့်ထက် များစွာ ကြီးမားနေသည်ဟုသာ ဆိုလိုနိုင်ပါသည်။ ဤအနေထားက၊ သူမသည် အစီအရင်မှော်ဆရာတစ်ဦးဟုသာ ဆိုလိုနိုင်ပါတော့သည်။
"စိတ်ဝင်စားဖို့ ကောင်းတယ်။ သူမရဲ့အစီအရင်ဝင်္ကပါက ဘယ်အတိုင်းအတာအထိ ရောက်နေပြီလဲဆိုတာ ငါ သိချင်မိတယ်။" ချင်ယွင်က သူ၏စိတ်နှလုံးထဲတွင် ပြုံးလိုက်မိ သည်။ ရန်ဖန်းယာသည် အမှန်တကယ် အစီအရင်မှော်ဆရာတစ်ဦး ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ဒါဆို အခု ငါတို့ ဘာလုပ်သင့်လဲ" ရန်ရှန်းက ရန်ဟန်နှင့် ရန်ဖန်းယါကို မေးနေသည်မှာ ထင်ရှားပါသည်။
"အခု၊ ဒီကိစ္စကို ကြိုးစားကြည့်ဖို့ ဖန်လျှန်တောင်ကိုပဲ သွားနိုင်တော့တယ်။ ဖန်းယာ၊ မင်းက အဆင့်ကိုး အစီအရင်မှော်ဆရာတစ်ယောက်ပဲ။ ဖန်လျှန်တောင်ရဲ့ အစီအရင်ဝင်္ကပါတွေက မင်းအတွက် မခက်ခဲသင့်ဘူး ဟုတ်တယ်မဟုတ်လား?" ရန်ဟန်က ရန်ဖန်းယာကို ကြည့်ကာ ပြောလိုက်သည်။
"ငါ ကြိုးစားကြည့်လို့ ရနိုင်တယ်။" ရန်ဖန်းယာက အေးစက်စွာ ပြောသည်။ ထို့နောက်၊ သူမသည် ဖန်လျှန်တောင်တန်းကို ဦးတည်ကာ သူမခေါင်းကို မော့လိုက်သော်လည်း၊ သူမ၏ စိတ်နှလုံးကတော့ အနည်းငယ် မသက်မသာ ဖြစ်နေပါသည်။