အခန်း ၇၀၆
Vol. 48 Ch. 706
အဓိပတိအင်မော်တယ်သခင် စာစဉ် (၄၈)
ဘာသာပြန်သူ နေဇင်။
အခန်း(၇၀၆) မဖြေရှင်းနိုင်သော အစီအရင်ဝင်္ကပါ။
"ငါ သေရတော့မှာလား?" ရန်ဖန်းယာက စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်။
သူသည် မျက်စိမှိတ်ပြီး သေခြင်းတရားကို စောင့်ဆိုင်းရန် ပြင်ဆင်သည်။
ထန်….။
သို့သော် သူမ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည့် အသံက မကြားရပေ။ ယင်းအစား၊ အချင်းချင်း ပွတ်တိုက်သွားသည့် သန့်စင်သော သံမဏိအချင်းချင်း ထိခိုက်သွားသည့် အသံမျိုးသာ ထွက်ပေါ်လာသည်။
ရန်ဖန်းယာသည် အံ့သြစွာ မျက်လုံးဖွင့်လိုက်သည်။ သူမ၏ မျက်လုံးထဲသို့ ဝင်ရောက် လာသော မြင်ကွင်းက သူမကို ထိတ်လန့်သွားစေခဲ့သည်။
အနက်ရောင် လှံရှည်တစ်လက်သည် သူမ၏နဖူးမှ တစ်လက်မအကွာတွင် ရပ်တန့် သွားသည်။ စူးရှသော လှံထိပ်ဖျားသည် မှောင်မိုက်သော အလင်းရောင်ဖြင့် လင်းလက်သွားသည်။ သုံးမီတာပတ်လည်အတွင်းမှ မြူခိုးများသည် လေဟာနယ်တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ မမျှော်လင့်ဘဲ လွင့်စင်သွားခဲ့သည်။
အနက်ရောင်လှံဘေးမှာ အရပ်ရှည်ရှည် လူငယ်တစ်ယောက် ရပ်နေ၏။ ထိုလူငယ်သည် အဖြူရောင် အင်မော်တယ် ၀တ်စုံကို ဝတ်ဆင်ထားပြီး သူ၏ရှည်လျားသော အနက်ရောင်ဆံပင်များက လေထဲတွင် လှုပ်ယမ်းနေသည်။ သူက ဖော်မပြနိုင်အောင်ပင် ချောမောခန့်ငြားလွန်း၏။
လူငယ်၏ ညာလက်သည် လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ လှံပေါ်တွင် သိသာထင်ရှားသော လက်သည်းအမှတ်အသား တစ်ခုပင် ရှိနေသည်။ ၎င်းသည် လက်သည်းများနှင့် လှံကြား ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည်မှာ ထင်ရှားပါသည်။
"မင်းလား?” ရန်ဖန်းယာသည် သူမ၏ အသက်ကို ကယ်တင်ခဲ့သည့် လူငယ်အား ကြည့်လိုက်ရင်း သူမ၏ လှပသော မျက်နှာသည် နှိုင်းစာရမရအောင် အံ့သြသွားသည့် အမူအရာ ပေါ်နေသည် ။
သူမကို ကယ်တင်ခဲ့သည့်လူသည် သူမ သူရဲဘောကြောင်သူဟု ထင်ထားသူ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါဘူး ။
ဟုတ်ပါသည်။ ရန်ဖန်းယာကို ထိတ်လန့်စေသည့် အရာကတော့ သူသည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများပါရှိသော အနက်ရောင်လှံကို လက်တစ်ဖက်တည်းဖြင့် ဖမ်းကိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် လှံထဲက စွမ်းအားတွေကို ဖယ်ရှားလိုက်တာကိုပါ။
ယခုလို အနေထားမျိုး ရရှိရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု မည်မျှလိုအပ်မည်နည်း?။
" ဖန်လျှန်တောင်ရဲ့ အစီအရင်ဝင်္ကပါက မရိုးရှင်းဘူးလို့ မင်းကို ငါပြောထားပြီးသား။ မင်းက ငါ့ကို မယုံဘူးခဲ့" ချင်ယွင်က အနက်ရောင်လှံကို မြေပြင်ပေါ်ပစ်ချပြီး ရန်ဖန်းယာအား ဒေါသတကြီး ပြောလိုက်သည်။
ချင်ယွင်သည် သူတို့ သုံးယောက်အပေါ် ကောင်းမွန်သည့်အမြင် မရှိသော်လည်း၊ သူသည် သူတို့တို့ မကယ်တင်နိုင်လောက်အောင်ထိ သူတို့အနေဖြင့် ဆိုးဝါးခြင်းတော့ မရှိပေ။ ထို့ကြောင့်သာ၊ ရန်ဖန်းယာသည် အန္တရာယ်ကျရောက်နေပြီဟု သူခံစားမိ သောအခါ ချက်ချင်းပင် လှုပ်ရှားပေးခဲ့သည်။
သို့သော် သူသည် ဖမ်းမိရန် အချိန်မှီရုံလေးသာ ဖြစ်နေသေးသည်။ အကယ်၍၊ သူသာ ခြေတစ်လှမ်းနောက်ကျခဲ့မည်ဆိုလျှင်၊ ရန်ဖန်းယာ၏ ဦးခေါင်းကို အနက်ရောင်လှံက ထိုးဖောက်သွားမည် ဖြစ်သည်။
ဤအနက်ရောင်လှံတွင် ပြင်းထန်သော အဖျက်စွမ်းအားများ ပါရှိနေသည်။ အကယ်၍၊ ၎င်းတို့သာ ဦးခေါင်းတွေကို ထိုးဖောက်သွားမည်လျှင်၊ အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်ပညာရှင်တွေတောင် အသက်ပြန်ရှင်လာမှာ မဟုတ်ဘူး။
"ကျေးဇူးတင်ပါသည်!" ထိုအခိုက်တွင်၊ ရန်ဖန်းယာသည် သူမရှေ့ရှိ လူငယ်သည် သူမထင်ထားသလို မရိုးရှင်းကြောင်းကိုလည်း သတိပြုမိသည်။ အနက်ရောင်လှံကို လက်ဗလာဖြင့် ဖမ်းဆုပ်နိုင်ခဲ့ခြင်းက၊ သူသည် အနည်းဆုံး အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် အစွမ်းရှိကြောင်း ပြသနေခဲ့သည်။
ရန်ဖန်းယာသည် လမ်းတစ်လျှောက်တွင် ရန်ဟန် နှင့် ရန်ရှန်းတို့က သူ့ကို လှောင်ပြောင်နေသည့် မြင်ကွင်းကို ပြန်မတွေးတောဘဲ မနေနိုင်ပေ။ သို့သော်၊ သူသည် တစ်ချိန်လုံး ပြုံးနေခဲ့သည်။ သူမသည် ပို၍ပင် ကြောက်ရွံ့သွားရသည်.
အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ပိုင်ဆိုင်ထားသူသည် ကြောက်စရာ မဟုတ်သော်လည်း၊ အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ် အဆင့်စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း သူသည် အစစ်အမှန် အင်မော်တယ် နယ်ပယ် အစောပိုင်းအဆင့်တွင် သူ့ကိုယ်သူ တမင် ဖုံးကွယ်ထားခဲ့ပြီး၊ သူ၏ဒေါသကို ထိုပုံစံမျိုးဖြင့် မျိုချနိုင်ခဲ့သည်။ သူ၏စိတ်ထဲတွင် မည်သို့ ကြောက်မက်ဖွယ် အကြံစည်များ ရှိနေသနည်း?။
"မင်း ဘာလို့ မင်းရဲ့ခွန်အားကို ဖုံးကွယ်ထားတာလဲ?။ ရန်ကလန်ကိုလာတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ?" ရန်ဖန်းယာက မေးသည်။
ချင်ယွင်သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် စကားမပြောနိုင်အောင် ဖြစ်သွားရသည်။ သူသည် ဤအမျိုးသမီးကို ကယ်တင်ခဲ့သော်လည်း၊ ဤအမျိုးသမီးက သူ၏ရည်ရွယ်ချက်ကို အမှန်တကယ် သံသယဖြစ်နေခဲ့ပါသည်။ သူက ဒေါသတကြီး ပြောလိုက်သည် "ငါက ငါ့ရဲ့ခွန်အားကို ဘယ်တုန်းက ဖုံးကွယ်ထားလို့လဲ?။ ဒါက ငါ့နယ်ပယ်ပဲ။ မင်း ငါ့ကို ယုံတာ မယုံတာ၊ ဂရုမစိုက်ဘူး"
ထိုစကားကို ပြောပြီးနောက် ချင်ယွင်သည် ပြန်လှည့်ကာ မြူခိုးထဲသို့ လှည့်ထွက် သွားလေသည်။
ချင်ယွင် ထွက်သွားသည်နှင့် တပြိုင်နက် ယခင်က ပေါ်ပေါက်ခဲ့သော မြူခိုးများ လွပ်လွတ်နေသော နေရာကို မြူခိုးများက ချက်ချင်း အစားထိုးသွားခဲ့သည်။
ရန်ဖန်းယာသည် မြူခိုးထဲတွင် ရပ်နေသည်။ သူမ၏ အင်မော်တယ်စိတ်အာရုံသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်။ သူမ၏မျက်လုံးများသည် အလွန် ရှုပ်ထွေးသွားသည်။ ဤလူငယ်ကို သူမ လုံးဝမမြင်နိုင်ဘူးဟု သူမ တွေ့ရှိခဲ့ပါသည်။
"ယခုလေးတင် မင်းကို ကယ်တင်ခဲ့တဲ့ အကြောင်းကိစ္စကို သူတို့ကို မပြောရင် ပိုကောင်းလိမ့်မယ်။ မလိုအပ်တဲ့ ပြဿနာတွေနဲ့ ငါ ဆွဲဆောင်မခံချင်ဘူး။"
ထိုအချိန်တွင် ချင်ယွင်၏ အသံသည် ရန်ဖန်းယာ၏ စိတ်ထဲတွင် ထွက်ပေါ်လာ ပြန်သည်။
ထိုအသံကို ကြားတော့ ရန်ဖန်းယာ၏ သိမ်မွေ့သော ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး သူမ၏ မျက်လုံးတွေက တုန်လှုပ်ခြောက်ခြားမှုတွေနှင့် ပြည့်နှက်လာနေသည်။
“စိတ်ဝိညာဉ်အသံပို့လွှတ်ခြင်း” သည် အစစ်အမှန် အင်မော်တယ် ကျင့်ကြံသူတိုင်း လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။ သို့သော်၊ စိတ်ဝိညာဉ်အသံပို့လွှတ်ခြင်းတွင် ထူးခြားချက်တစ်ခု ရှိသည်။ ဆိုလိုသည်မှာ၊ အသံထုတ်လွှင့်နိုင်သည့်အရာသည် ၎င်းတို့ အင်မော်တယ်စိတ်အာရုံ၏ အကွာအဝေးအတွင်း ရှိနေရမည် ဖြစ်သည်။
ယခုချိန်တွင် ချင်ယွင်သည် သူမ၏ အင်မော်တယ်စိတ်အာရုံ အကွာအဝေးအတွင်းမှ လွတ်မြောက်သွားခဲ့ပြီ။ သို့သော် သူမစိတ်ထဲသို့ အသံပို့လွှတ်နိုင်ခဲ့သည်။ တစ်နည်း ဆိုရသော်၊ ချင်ယွင်၏ အင်မော်တယ်စိတ်အာရုံသည် အနည်းဆုံး သူမထက် မြင့်မားသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?၊ သူက အစီအရင်မှော်ဆရာ တစ်ဦးများ ဖြစ်နိုင်မလား?" ရန်ဖန်းယာသည် အနှိုင်းမဲ့ အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ ချင်ယွင် ယခင်က ပြောခဲ့သမျှကို သူမ ပြန်သတိရလာသည်။
ဖန်လျှန် တောင်တန်း၏ တော်ဝင်အစီအရင်ဝင်္ကပါသည် အလွန်အန္တရာယ်များကြောင်း ချင်ယွင်က ပြောကြားခဲ့ဖူးပြီး၊ သူမသည် သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါကို အသက်သွင်းမိလိုက်သည့် အခိုက်တွင် သူမအား သတိထားမိစေခဲ့သည်။ သို့သော်လည်း အရာအားလုံး ဖြစ်ပြီးသွားပြီ။ ဤအချက်လက် အကြောင်းအရာအားလုံးက ချင်ယွင်၏ အစီအရင်ဝင်္ကပါ ကျင့်ကြံမှုအဆင့်သည် သူမထက် မြင့်မားသည်ဟု ခန့်မှန်းနိုင်သည်။
ရန်ဖန်းယာသည် ချင်ယွင်ကို သူမ မမြင်နိုင်လေလေ၊ သူမသည် ပို၍ ကြောက်ရွံ့လာ လေဟု ခံစားလာရသည်။
"ဖန်းယာ၊ မင်း အဆင်ပြေရဲ့လား?"
ထိုအချိန်တွင် ရန်ဟန်နှင့် အခြားလူများ ရောက်ရှိလာပြီး ရန်ဖန်းယာ၏ အတွေးများကို အနှောင့်အယှက်ပေးလိုက်သည်။
"ငါ အဆင်ပြေပါတယ်။ နည်းနည်းပါးပါး နာကျင်သွားရုံလောက်ပါ" ရန်ဖန်းယာက ပြန်ပြောလိုက်သော်လည်း သူမ၏ အင်မော်တယ်စိတ်အာရုံသည် ရန်ဟန်နှင့် ရန်ရှန်းတို့ နောက်တွင်ရှိသော ချင်ယွင်ထံ ရောက်သွားခဲ့သည်။
ချင်ယွင်သည် ခပ်ရွဲ့ရွဲ့ အမူအရာဖြင့် အဝေးမှာ ရပ်နေ၏။ ရန်ဖန်းယာသည် သူ့ကို စစ်ဆေးရန် သူမ၏ အင်မော်တယ်စိတ်အာရုံကို အသုံးပြုနေကြောင်း သဘာဝကျကျ ခံစားမိသောကြောင့်၊ သူသည် ဘာတစ်ခုမှ မလုပ်သည့် ကိုယ်နေဟန်မျိုး ဟန်ဆောင် ထားသည်။
ရန်ဖန်းယာသည် ချင်ယွင်၏အမူအရာကို သတိထားမိသည်။ အမြဲတမ်း အေးစက်ပြီး လေးနက်သော သူမသည်ပင် ရယ်ချင်စိတ် ဖြစ်ပေါ်မိသည်။ သို့သော် ရန်ဟန်သည် သူမအနားတွင် ရှိနေသောကြောင့် သူမ အသည်းအသန် သည်းခံနေရသည်။
"မင်း အဆင်ပြေတယ်ဆို ကောင်းတာပေါ့။ ဖန်းယာ၊ ဒီတော်ဝင် အစီအရင်ဝင်္ကပါကို မင်း မြင်နိုင်လား?" ရန်ဟန်က မေးသည်။
သူသည် အစောပိုင်းလေး အနက်ရောင်လှံ၏ တိုက်ခိုက်ခြင်းကို မခံရသော်လည်း ထိုအချိန်က သူသည် ရန်ဖန်းယာနှင့် အနီးဆုံးလူ ဖြစ်သောကြောင့် အနက်ရောင် လှံအတွင်းပါရှိသော ကြောက်မက်ဖွယ် စွမ်းအားကို သူ ခံစားနိုင်ခဲ့သည်။ ဤမှတဆင့် ဖန်လျှန်တောင်တွင် ကြီးမားသော အန္တရာယ်များ ရှိနေကြောင်းကိုလည်း သိရှိစေခဲ့ သည်။
"ငါ မမြင်နိုင်ဘူး။" ရန်ဟန်၏ အစီအရင်ဝင်္ကပါအကြောင်း မေးမြန်းသည်ကို ကြားလိုက်ရလျှင်၊ ရန်ဖန်းယာ၏ အမူအရာမှာ ပြန်လည် လေးနက်လာသည်။
အဆင့်ကိုး နှောင်းပိုင်းအဆင့် အစီအရင်မှော်ဆရာ တစ်ဦးအနေဖြင့် ဤ အစီအရင် ဝင်္ကပါသည် မည်သည့်အမျိုးစား အစီအရင်ဝင်္ကပါဖြစ်သည်ကို သူမ မသိသေးပါ။ ဤ အစီအရင်ဝင်္ကပါသည် နဝမတန်းအဆင့် အထွတ်အထိပ် အစီအရင်ဝင်္ကပါဖြစ်သည်ဟု သာ သူမ ယောင်ဝါးဝါး ခံစားနိုင်ခဲ့သည်။
သို့သော် ဤအစီအရင်ဝင်္ကပါသည် အလွန်အန္တရာယ်များသည်။ သူမသည် ယခုလေး တင် သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါတစ်ခု မတော်တဆ အသက်သွင်းမိခဲ့သည်။ အကယ်၍၊ ချင်ယွင်သာ သူမကို မကယ်တင်ခဲ့ဘူးဆိုရင်၊ အခုအချိန်မှာ သူမ၏ အသက်သည် ဆုံးရှုံးသွားလောက်ပါပြီ။
"ချင်ယွင်၊ ဒီ ဖန်လျှန်တောင်က ဘယ်လို အစီအရင်ဝင်္ကပါလဲဆိုတာ မင်း သိလား?။" ရန်ဖန်းယာက ချင်ယွင်သို့ အသံပို့လွှတ်လိုက်သည်။
ချင်ယွင်သည် သူ၏ စွမ်းအား အစစ်အမှန်ကို ဤလူတစ်စုအား အဘယ်ကြောင့် ဖော်မပြနိုင်သည်ကို သူမ မသိသော်လည်း၊ ချင်ယွင်က ၎င်းအား ထုတ်ဖော်ပြရန် ဆန္ဒမရှိသောကြောင့် သူမသည် သူ့အတွက် ဖုံးကွယ်ပေးရန်သာ ကူညီနိုင်ခဲ့သည်။ နောက်ဆုံးတွင် ချင်ယွင်သည် သူမ၏အသက်ကို ကယ်တင်ခဲ့သည်။
"ဒါဟာ အဆင့်ကိုး အထွက်ထိပ်အဆင့် ထောင်ချောက် အစီအရင်ဝင်္ကပါတစ်ခု ဖြစ်တဲ့ စကြဝဠာမြူနှင်း အစီအရင်ဝင်္ကပါ နှင့် အဆင့်ကိုး အထွက်ထိပ်အဆင့် သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါတစ်ခုဖြစ်တဲ့ နဂါးနက် အင်မော်တယ်ဝါးမျိုချခြင်း အစီအရင်ဝင်္ကပါတို့ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသည့် တော်ဝင် အစီအရင်ဝင်္ကပါတစ်ခု ဖြစ်တယ်။" ချင်ယွင် က ရန်ဖန်းယာသို့ အသံပို့လွှတ်လိုက်သည်။
သူသည် ယခင်က ဤအစီအရင်ဝင်္ကပါကို မတွေ့မြင်နိုင်သော်လည်း ရန်ဖန်းယာကို ကယ်တင်သည့်အခိုက် လှံနက်ကို ဂရုတစိုက် ကြည့်ရူခဲ့သည်။ လှံကို ထူးဆန်းသော အနက်ရောင်နဂါးအရိုးဖြင့် ထုဆစ်ထားကြောင်း သူ တွေ့ရှိခဲ့ရသည်။
ဤအစီအရင်ဝင်္ကပါနှင့် ပတ်သက်ပြီး၊ ယစ်ထုတ်အဘိုးကြီးအား သတိရစေသည်။ စကြဝဠာမြူနှင်း အစီအရင်ဝင်္ကပါကို နဂါးနက် အင်မော်တယ်ဝါးမျိုချခြင်း အစီအရင်ဝင်္ကပါနှင့် ပေါင်းစပ်ထားသည်။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ် အောက်တွင် မည်သူမျှ ၎င်းကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ ၎င်းသည် ပြီးပြည့်စုံသော အစီအရင်ဝင်္ကပါတစ်ခု ဖြစ်စ်ခဲ့သည်။
"မဖြေရှင်းနိုင်တဲ့ အစီအရင်ဝင်္ကပါလို့ခေါ်တဲ့ စကြဝဠာမြူနှင်း အစီအရင်ဝင်္ကပါနဲ့ နဂါးနက် အင်မော်တယ်ဝါးမျိုချခြင်း အစီအရင်ဝင်္ကပါလား?။” ရန်ဖန်းယာသည်လည်း အလွန်အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။
စကြဝဠာမြူနှင်း အစီအရင်ဝင်္ကပါနဲ့ နဂါးနက် အင်မော်တယ်ဝါးမျိုချခြင်း အစီအရင် ဝင်္ကပါတို့သည် ဂန္တဝင်အကျဆုံး ပေါင်းစပ်ဖွဲ့စည်းမှု အစီအရင်ဝင်္ကပါ တစ်ခုသည်။ ၎င်းတို့ကို မဖြေရှင်းနိုင်တဲ့ အစီအရင်ဝင်္ကပါဟု ခေါ်သည်။ ယင်းကို ယေဘုယျအားဖြင့်၊ အင်မော်တယ်ကမ္ဘာရှိ အစီအရင်ဝင်္ကပါလောကက အသိအမှတ် ပြုကြသည်။ ရန်ဖန်းယာသည် ဤကဲ့သို့ အစီအရင်ဝင်္ကပါထဲသို့ အမှန်တကယ် ကျရောက်သွား လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ယင်းက သူတို့သည် ဤအစီအရင်ဝင်္ကပါမှာ ပိတ်မိနေပြီဟု မဆိုလိုဘူးလား?။ ဤအကြောင်းကို စဉ်းစားရင်း ရန်ဖန်းယာသည် စိတ်ဓာတ်ကျသွား၏။
"မဖြေရှင်းနိုင်တဲ့ အစီအရင်ဝင်္ကပါလား?။ အဖြေမရှိတဲ့ အစီအရင်ဝင်္ကပါတွေ ဆိုတာကလည်း ဒီကမ္ဘာကြီးက ဖြစ်ပေါ်လာပဲလေ။ အဲဒီအရာတွေက အစီအရင်ဝင်္ကပါ တွေ ဖြစ်နေသရွေ့၊ ချိုးဖျက်ဖို့လည်း နည်းလမ်းရှိရမယ်။" ချင်ယွင်၏ အေးစက်စက် ရယ်မောသံက ရန်ဖန်းယာ၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာလေသည်။