← Chapters

အခန်း ၇၀၇

Vol. 48 Ch. 707

အခန်း ၇၀၇

Vol. 48 Ch. 707

အခန်း (၇၀၇) လျူလီမျိုးနွယ်စု၏မီးလျှံအမှတ်သား။

ချင်ယွင် နှင့် အခြားသူများသည် တော်ဝင်အစီအရင်ဝင်္ကပါ တစ်ခုထဲတွင် ပိတ်မိနေ ချိန်မှာ ဖန်လျှန်တောင်တန်း၏ အမာခံခံတပ်နယ်မြေတွင် မွှေးပျံ့သော နွေဦးရနံ့ မြင်ကွင်းတစ်ခုက ထွက်ပေါ်လာသည်။

၎င်းသည် တောင်ကြီးအမာခံခံတပ်နယ်မြေတစ်ခု ဖြစ်သော်လည်း အမှန်တကယ်တွင် နန်းတော်တစ်စု ဖြစ်သည်။ နေရာတစ်ခုလုံးကို ခမ်းနားကြီးကျယ်သည်ဟုသာ ဖော်ပြနိုင်သည်။

နန်းတော်တစ်ခု၏ အနက်ရှိုင်းဆုံး နေရာတွင်၊ နွေဦးရနံ့ကို တွေ့ကြုံခံစားပြီးခါစ ယောက်ျားတစ်ယောက်နှင့် အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။

ထိုအချိန်တွင် ယောက်ျားသည် ခန်းမဆောင်၏ ပင်မထိုင်ခုံတွင် ချွေးသီးချွေးပေါက်များ ထွက်နေပြီး အမျိုးသမီးကတော့ ထိုယောက်ျား၏ ပေါင်ပေါ်၌ ထိုင်နေသည်။ သူမသည် အပြာရောင် ၀တ်စုံကို တစွန်းတစ် ဖုံးထားသည်။ သူမ၏ ပိန်ပိန်းပါးပါး အသွင်အပြင်က လုံးဝကို ပေါ်လွင်နေပြီး သူမ၏ လှပသော မျက်နှာသည်လည်း နီမြန်းနေ၏။

"တစ္ဆေမလေး…၊ မင်းက တကယ်ကို ပိုပိုပြီး နှိပ်စက်လာနေတယ်။" ယောက်ျားက အလွန်ကြမ်းတမ်းသော အသံဖြင့်ပြောပြီး သူ၏လက်ကြီးက အမျိုးသမီး၏ ခါးကို တိုက်ရိုက် ဖက်ထားလိုက်သည်။

ထိုအမျိုးသားသည် ကြွက်သားအပြိုင်းပြိုင်းထနေသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး၊ ကြွက်သားများက ဖောင်းကားနေပါသည်။ သူသည် အထူး သန့်စင်ထားသော သားရေ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ သူ၏ပုံစံက ကြမ်းတမ်းရိုင်းစိုင်းပြီး သူ၏ ပါးပြင်ပေါ်မှာ ရှည်လျားသော အမာရွတ်တစ်ခု ရှိနေ၏။ သူသည် အလွန် ရက်စက် ကြမ်းကြုတ်ပုံရသည်။

“အရှင့်ကိုလည်း ပြောရဦးမယ်။ ကျွန်မလည်း အရှင့်ကြောင့် အသက်ရှူကျပ်လုနီးပါး ဖြစ်နေရပြီ” ပိန်ပိန်ပါးပါး အမျိုးသမီးက ချက်ချင်း ပြန်ပြောသည်၊ သူမ၏လေသံက ဆွဲဆောင်ညှို့ငင်သည့်အရိပ်အမြွက် ပါဝင်နေသည်။

ထိုလူကြီးက ကျယ်လောင်စွာ ရယ်မောပြီး၊ အတော်လေး ဂုဏ်ယူနေလေသည်။

"သခင်ချန်ကူ၊ နောက်ထပ် ကြောင်လေးတွေက ကျွန်မရဲ့ အစီအရင်ဝင်္ကပါထဲကို ဖောက်ထွင်း ဝင်ရောက်လာပြီ။ သိပ်မလွယ်တဲ့ ဇာတ်ကောင်နှစ်ကောင် နှစ်ယောက် လည်း ပါနေပုံရတယ်။" ပိန်ပိန်ပါးပါး အမျိုးသမီးက ရုတ်တရက် ပြုံးပြီး ပြောလိုက် သည်။

"အိုး….? မင်းရဲ့ ရေငွေ့ဖွဲ့မှန်ကို အသုံးပြုလိုက်ပါ။" ထွားကျိုင်းသန်မာသော လူကြီးက သိချင်စိတ်ဖြင့် ချက်ချင်း ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ”။ ပိန်ပိန်ပါးပါး အမျိုးသမီးက ချက်ချင်း ပြန်ဖြေသည်။

ထိုစကားကို ပြောပြီးနောက် လှပသောလက်တစ်စုံကို ဆန့်ထုတ်လိုက်ပြီး၊ သူမ၏ လက်များမှ စမ်းရေကဲ့သို့ ကြည်လင်သော ရေစီးကြောင်းများသည် သူမ၏လက်ထဲတွင် လွင့်မျောနေကာ နောက်ဆုံးတွင် ချောမွေ့သော မှန်တစ်ချပ်အဖြစ် သိပ်သည်း သွားခဲ့သည်။

ကြေးမုံသည် အခြားမည်သူ့ကိုမျှ မပြဘဲ၊ ချင်ယွင်နှင့် ဆွေးနွေးနေသော အခြားသူများကိုသာ ပြသနေသည်။

"လျူလီမျိုးနွယ်စုရဲ့ မီးလျှံအမှတ်သားလား..? သူတို့ကြည့်ရတာ လျူလီမျိုးနွယ်စုက လာပုံရတယ်။" ချန်ကူသည် ရန်ရှန်း၏ ရင်ဘတ်နှင့် အခြားသူများ၏ ရင်ဘတ်ပေါ်တွင် မီးတောက်အမှတ်အသားကို တစ်ချက် ကြည့်လိုက်သည်။

"ကြည့်ရတာ သူတို့က လျူလီမျိုးနွယ်စုရဲ့ တပည့်တွေ ဖြစ်နေပုံရတယ်။ မစ်ရှင် တစ်ခုခုလုပ်ဖို့ လျူလီမျိုးနွယ်စုက သူတို့ကို စေလွှတ်လိုက်တာ ဖြစ်သင့်တယ်။" ပိန်ပိန်ပါးပါး အမျိုးသမီးက ပြုံးပြုံးလေး ပြောလိုက်သည်။

"ဟား…၊ ဟား….၊ လျူလီမျိုးနွယ်စုက ငါ့ရဲ့ဖန်လျှန်တောင်ကို လျှော့တွက်ခဲ့တာပဲ။ သူတို့က ငါ့ရဲ့ ဖန်လျှန်တောင်ကို ချေမှုန်းဖို့ ကလေးအနည်းငယ်ကိုသာ စေလွှတ်ခဲ့ တယ်။ ငါ့ရဲ့ဖန်လျှန်တောင်ကို သူတို့ ဘယ်လိုထင်နေကြလဲ?။" ချန်ကူက ဟက်ဟက် ပက်ပက် ရယ်မောလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ပြင်းထန်သော အထင်အမြင်သေးမှု များဖြင့် ပြည့်နေခဲ့သည်။

"ဒါဆို အရှင် သူတို့ကို ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ?" ပိန်ပိန်ပါးပါး အမျိုးသမီးက ပြုံးပြုံးလေး ပြောသည်။

"ဟမ့်၊ သူတို့က ငါ့ကို သတ်ချင်နေကြတာ မဟုတ်ဘူးလား?။ အခု ငါ့ ပိုင်နက်ထဲကို တောင် ငါ့ရဲ့ခွင့်ပြုချက်မပါဘဲ ဝင်လာခဲ့တယ်။ မင်းရဲ့ အစီအရင်ဝင်္ကပါက သိပ်ပြီး အစွမ်းထက်တာ မဟုတ်ဘူးလား?။ သူတို့ အစီအရင်ဝင်္ကပါထဲမှာပဲ သေပါစေတော့။ ဒါပေမဲ့ အဲဒီမိန်းမကို ငါ့အတွက် ချန်ထားရစ်ပါရစေ။ မိသားစုကြီးထဲက မိန်းမပျိုတစ်ယောက်ရဲ့ အရသာကို ငါ မြည်းစမ်းကြည့်လိုက်ချင်စမ်းဘိ။" ချန်ကူက ရယ်မောလိုက်သည်။

"အရှင်၊ စိတ်မပူပါနဲ့။ ကျွန်မရဲ့ အစီအရင်ဝင်္ကပါက လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်အောက်မှာ ဘယ်သူမှ ပြိုင်ဘက်ကင်းတစ်ခုအဖြစ် လူသိများတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ သူတို့က ကျွန်မရဲ့ အစီအရင်ဝင်္ကပါကို ဘယ်လိုမှ ချိုးဖျက်နိုင်မှာ မဟုတ်ပါဘူး" ပိန်ပိန်ပါးပါး အမျိုးသမီးက ဆွဲမက်ဖွယ်ကောင်းစွာ ပြုံးသည်။

"ရွှမ်အာက အံ့သြစရာကောင်းတယ်။ လာ..၊ လာ…။ အခုတလော ဖြစ်ပျက်ခဲ့တာတွေကို ပြောကြရအောင်။" ချန်ကူက သူ၏မျက်နှာပေါ်တွင် ဖောက်ပြန်သော အပြုံးဖြင့် ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူသည် စတင်လှုပ်ရှားလာသည်။

“မလုပ်နဲ့” ပိန်ပိန်ပါးပါး အမျိုးသမီးက ညုတုတုအသံဖြင့် ချက်ချင်း ပြောလိုက်ပြီး ညည်းညူစ ပြုလာသည်။ သို့သော် သူမပါးစပ်ထောင့်စွန်းတွင် မခန့်မှန်းနိုင်သည့် ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ခု ပေါ်လာသည်။

ချင်ယွင်သည် လောလောဆယ်တွင် ရန်ဖန်းယာ နှင့် အစီအရင်ဝင်္ကပါအား မည်ကဲ့သို့ ချိုးဖျက်ရမည်ကို ဆွေးနွေးနေပါသည်။

"အခုလေးတင်၊ ဒီကမ္ဘာကြီးမှာ ဖြေရှင်းလို့မရနိုင်တဲ့ အစီအရင်ဝင်္ကပါဆိုတာ မရှိဘူးလို့ မင်း ပြောခဲ့တယ်။ ဒါဆို စကြဝဠာမြူနှင်း အစီအရင်ဝင်္ကပါနဲ့ နဂါးနက် အင်မော်တယ် ဝါးမျိုချခြင်း အစီအရင်ဝင်္ကပါ ပေါင်းစပ်ထားတဲ့ ဒီအစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့ နည်းလမ်းကို မင်းသိလား?" ရန်ဖန်းယာသည် ချင်ယွင်၏ စကားကို ကြားကြားခြင်းပင်၊ သူမ တုန်လှုပ်သွားသေးသည်။

ကမ္ဘာပေါ်တွင် မဖြေရှင်းနိုင်သော အစီအရင်ဝင်္ကပါ တစ်ခု မျှမရှိပါ။ ထို့အပြင်၊ အစီအရင်ဝင်္ကပါ တစ်ခုစီတိုင်းသည် ၎င်းကို ချိုးဖျက်ရန်နည်းလမ်း ရှိကြသည်။

ဤမှတ်ချက်က ရန်ဖန်းယာသည် မနက်ခင်းမှာ နာရီနှိုးစက် ထမြည်သလို၊ ဆည်းဆာနေဝင်ချိန် စည်တီးလိုက်သလို ခံစားရ၏။ အစီအရင်ဝင်္ကပါ ကျွမ်းကျင် ပညာရှင်တစ်ဦးသည် အစီအရင်ဝင်္ကပါ၏ စစ်မှန်သော အနှစ်သာရကို ထုတ်ဖော် လှစ်ဟပြသလိုက်သကဲ့သို့၊ ယင်းက ရန်ဖန်းယာအား ရုတ်တရက် ဉာဏ်အလင်းရစေသ လို ရုတ်တရက် စိတ်ရှုပ်ထွေးသွားခဲ့သည်။

အစီအရင်မှော်ဆရာများသည် ဘဝတစ်သက်တာလုံး မဖြေရှင်းနိုင်သော အစီအရင် ဝင်္ကပါများကို ဖန်တီးရန် လိုက်စားနေခဲ့သော်လည်း ချင်ယွင်သည် ကမ္ဘာပေါ်တွင် မဖြေရှင်းနိုင်သော အစီအရင်ဝင်္ကပါမျိုး မရှိဟု ဆိုနေသည်။ ထိုသို့သော ပန်းတိုင်ကို လျှောက်လှမ်းခြင်းသည် သူတို့အတွက် အဓိပ္ပါယ်မရှိဘူး မဟုတ်ပါလား?။

သို့သော်လည်း ယခုအချိန်သည် ဆွေးနွေးရန် အချိန်မဟုတ်သေးပါ။ ယခုအချိန်မှာ အရေးကြီးဆုံးက အစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့ပင် ဖြစ်သည်။ ဟုတ်ပါသည်၊ ရန်ဖန်းယာသည် ဤမစ်ရှင်ပြီးဆုံးပြီးနောက် ချင်ယွင်နှင့် စကားကောင်းပြောရန် သူမ၏ စိတ်ထဲတွင် ကြံစည်ထားပြီး ဖြစ်ပါသည်။ သူ အဘယ်ကြောင့် ထိုကဲ့သို့ စကားမျိုးကို ပြောဆိုရသနည်းဆိုသည်ကို သူမသည် မေးမြန်းကြည့်ရမည်။

"အစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့ နည်းလမ်းရှိပါတယ်။ ဒါပေမယ့် နည်းနည်းတော့ ခက်တယ်။" ချင်ယွင်က အသံဖြင့် လွှင့်ထုတ်လိုက်သည်။

ဟုတ်ပါသည်။ သူ ယခုလေးတင် ပြောခဲ့သည့်စကားကို ယစ်ထုတ်အဘိုးကြီး အထံမှ ကြားဖူးခြင်း ဖြစ်ပါသည်။ ထိုအချိန်တုန်းက၊ သူသည် သူ၏စကားတွေကို သက်သေပြဖို့အတွက် ယစ်ထုတ်အဘိုးကြီးသည် ဤအစီအရင်ဝင်္ကပါကို နမူနာအဖြစ် အသုံးပြုခဲ့ဖူးသည်။ သူ၏ရှေ့မှာပင် အစီအရင်ဝင်္ကပါ ချိုးဖျက်ခြင်းနည်းလမ်းကို ကိုယ်တိုင်ကိုယ်ကျ ကောက်ချက်ဆွဲပြသဖြင့် ချင်ယွင်သည် အစီအရင်ဝင်္ကပါ ချိုးဖျက်ခြင်း နည်းလမ်းကို ရှင်းရှင်းလင်းလင်း မှတ်မိပါသည်။

"အစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့ တကယ်ကို နည်းလမ်းရှိနေတာလား?" ရန်ဖန်းယာ သည် သူမ၏မျက်နှာပေါ်တွင် အံ့သြသွားသော အမူအရာ ဖြစ်ပေါ်နေသည်။ ကမ္ဘာပေါ်တွင် ချိုးဖျက်၍ မရနိုင်သော အစီအရင်ဝင်္ကပါများဟူ၍ မရှိဟု ချင်ယွင် ပြောသည်ကို သူမသည် မူလကတည်းက ကြားထားရသည်။ သို့သော်၊ သူမ၏ စိတ်နှလုံးထဲတွင် သံသယလှိုင်းလုံးများကို ခံစားနေရသေး၏။ ချင်ယွင်သည် ဤမဖြေရှင်းနိုင်သော အစီအရင်ဝင်္ကပါဟု ခေါ်နိုင်သည့် ဤအစီအရင်ဝင်္ကပါကို ချိုးဖျက်ရန် အမှန်တကယ် နည်းလမ်းရှိနေမည်ဟု သူမ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

"ဘယ်လို ချိုးဖျက်ရမလဲ?" ရန်ဖန်းယာက အသံဖြင့် လွှင့်ထုတ်ပြီး ဆက်မေးသည်။

"ဒီအစီအရင်ဝင်္ကပါက စကြဝဠာမြူနှင်း အစီအရင်ဝင်္ကပါနဲ့ နဂါးနက် အင်မော်တယ် ဝါးမျိုချခြင်း အစီအရင်ဝင်္ကပါတို့ ပေါင်းစပ်ပြုလုပ်ထားတဲ့ အစီအရင်ဝင်္ကပါတစ်ခုပဲ။ တကယ်လို့၊ မင်းက ဒီအစီအရင်ဝင်္ကပါကို ချိုးဖျက်ချင်တယ်ဆိုရင်၊ အရင်ဆုံး ဒီစကြဝဠာမြူနှင်း အစီအရင်ဝင်္ကပါကို အရင်ချိုးဖျက်ရလိမ့်မယ်။ ဒါပေမယ့် ငါတို့အနေနဲ့ နဂါးနက် အင်မော်တယ်ဝါးမျိုချခြင်း အစီအရင်ဝင်္ကပါကိုပါ ထပ်ပြီး ချိုးဖျက်ချင်တယ်ဆိုရင်တော့၊ ဒီစကြဝဠာမြူနှင်း အစီအရင်ဝင်္ကပါက စကြာဝဠာနှင့် ကမ္ဘာမြေကြီးရဲ့ ထရိုင်းဂရမ်ရှစ်ခုအရ လည်ပတ်နေခြင်း ဖြစ်လို့၊ ဒီလိုအစီအရင် ဝင်္ကပါမျိုးကို ချိုးဖျက်ရန်အတွက် ငါတို့က ထရိုင်းဂရမ်ရှစ်ခုကို ပြောင်းပြန်လည်ပတ် ပေးရန် လိုအပ်တယ်။ နဂါးနက် အင်မော်တယ်ဝါးမျိုချခြင်း အစီအရင်ဝင်္ကပါက ပိုမို ရိုးရှင်းတယ်။ စကြဝဠာမြူနှင်း အစီအရင်ဝင်္ကပါ တွန်းအားပေးလိုက်တာနဲ့၊ အစီအရင် ဝင်္ကပါရဲ့ အခြေခံအုတ်မြစ်က ထွက်ပေါ်လာလိမ့်မယ်။ အဲဒီအချိန်မှာ ငါတို့က အစီအရင် ဝင်္ကပါရဲ့ အခြေခံအုတ်မြစ်ကို တိုက်ရိုက် ချိုးဖျက်လိုက်ရုံပါပဲ” ချင်ယွင်က ဆက်လက် ပြောသည်။ (ထရိုင်းဂရမ်ရှစ်ခုဟူသည် ၊ ထိုက်ကျိကွက်လိုမျိုးကို ယူဆဟန်ရှိပါသည်။)

ချင်ယွင်ပြောသော စကားများအရ သူမသည် အစီအရင်ဝင်္ကပါကို အမှန်တကယ် ချိုးဖျက်နိုင်မည်ဟု ရန်ဖန်းယာသည် ရုတ်တရက် သဘောပေါက်သွားသည်။

"ဒီနည်းလမ်းက အရမ်းကို တန်ဖိုးကြီးမားလွန်းတယ်။ မင်း ငါ့ကို မပြောပြဘဲ၊ ဘာလို့ ကိုယ်တိုင် ချိုးဖျက်ဖို့ မကြိုးစားတာလဲ?။ ဖြစ်နိုင်တာက၊ မင်းက ငါကို မင်းအတွက် အစီအရင်ဝင်္ကပါကို ချိုးဖျက်စေချင်တာများလား?" ရန်ဖန်းယာက ရုတ်တရက် တစ်ခုခုကို တွေးမိပြီး စိတ်ပိုင်းဆိုင်ရာကို ဆက်ပို့လိုက်သည်။

"အဲဒါ ငါဆိုလိုချင်တာနဲ့ အတိအကျပဲပေါ့။" ချင်ယွင်က ပြောသည်။

သူသည် ရန်ဟန်နှင့် ရန်ရှန်းတို့ရှေ့တွင် သူ၏ခွန်အားကို ယခုအချိန်အထိ ထုတ်မပြချင် ပေ။ သူတို့၏ စိတ်နေသဘောထားအရ ချင်ယွင်သည် သူ၏ခွန်အားကို ပြသလိုက် သည်နှင့်၊ သူတို့သည် ချင်ယွင်ကို ကြောက်ရွံ့နေမည်မှာ သေချာသည်။ ထိုအချိန်တွင် သူတို့သည် သူ့အား သတ်ဖြတ်ရန် ကြံရွယ်နေပေလိမ့်မည်။

ဟုတ်ပါသည်၊ ချင်ယွင်က သူတို့ကို ကြောက်ရွံ့ခြင်း မရှိပါဘူး။ ယင်းက ပြဿနာများကို ရှောင်ရှားလို၍ ဖြစ်ပါသည်။

ချင်ယွင်၏စကားကို ကြားတော့ ရန်ဖန်းယာ၏ မျက်လုံးများသည် ချက်ချင်းဆိုသလို အကူအညီမဲ့သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"ဖန်းယာ၊ မင်း အစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့ နည်းလမ်းရှာတွေ့ပြီလား?" ရန်ဟန်သည် ရန်ဖန်းယာ ဝေတွေငေးမောနေသည်ကို မြင်သောအခါ စိုးရိမ်တကြီး မေးလိုက်သည်။

"အင်း၊ မင်း အရင်​ဆုံး ​နောက်​ဆုတ်​လိုက်​ပါ" ရန်ဖန်းယာ ခေါင်းညိတ်လိုက်သည်။

ရန်ဟန်နှင့် ယန်ရှန်းတို့သည် ရန်ဖန်းယာက အစီအရင်ဝင်္ကပါကို ချိုးဖျက်ရန် နည်းလမ်းကို တွေးတောနိုင်မှန်း ကြားသောအခါတွင် သူတို့၏ မျက်နှာများသည် ချက်ချင်းပင် ရွှင်လန်းသွားကြသည်။ သူတို့သည် ရန်ဖန်းယာ၏ ညွှန်ကြားချက်အတိုင်း အလျင်အမြန် လိုက်နာပြီး ဘေးဘက်သို့ ဆုတ်သွားကြသည်။

ရန်ဖန်းယာသည် ချင်ယွင်၏ နည်းလမ်းကို လိုက်နာပြီး အပြီးအပြတ် အကောင်ထည် ဖော်လိုက်သည်။

“ဘုန်း…”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဖန်လျှန်တောင်တန်းတစ်ခုလုံး တုန်လှုပ်သွား သည်။

ဤအခိုက်အတန့်တွင်၊ ဖန်လျှန်တောင်ကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ ကမ္ဘာကြီးသည် ၎င်း၏ မူလသဏ္ဌာန်ကို ထုတ်ဖော်ပြသလာကာ ဖန်လျှန်တောင်၏ မူလသဏ္ဌာန်လည်း ထွက်ပေါ်လာသည်။

"ကျိုးပျက်သွားပြီ…။ ကျိုးပျက်သွားပြီ…။" ရန်ဟန် နှင့် ရန်ရှန်းတို့၏ မျက်နှာများသည် အံ့သြသွားသော အမူအရာများကို ချက်ခြင်း ထွက်ပေါ်လာသည်။

"ဘာလဲ?"

တစ်ချိန်တည်းမှာပင် ပိန်ပိန်ပါးပါး အမျိုးသမီးသည် ရုတ်တရက် ထရပ်ကာ ဖန်လျှန် တောင်၏ အနက်ရှိုင်းဆုံးသော ခန်းမထဲမှ လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာသည် အလွန် ထိတ်လန့်တုန်လှုပ်သွားသော အမူအရာ ပေါ်လာသည်။

All Chapters