← Chapters

အခန်း ၇၀၈

Vol. 48 Ch. 708

အခန်း ၇၀၈

Vol. 48 Ch. 708

အခန်း (၇၀၈) လုံလောက်ပြီ။ ယင်းက ယခင်က ကမ္ဘာပေါ်မှာ တစ်ခါမျှ မပါဝင်ခဲ့ဖူး သော ကလေးငယ်တစ်အုပ်ပါပဲ။

ဝှီး…။ ဝှီး….။ ဝှီး….။

ကောင်းကင်ကို ထိုးဖောက်လာသည့် စူးရှသော လေတိုးအသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး လျင်မြန်စွာ စီးဆင်းလာနေသော အလင်းတန်းများသည် ချင်ယွင်နှင့် အခြားအရာများ ဆီသို့ ပျံသန်းလာကြလေသည်။

ဤအရာများအားလုံးသည် အမာခံခံတပ်နယ်မြေအတွင်းရှိ အစောပိုင်း အစစ်အမှန် အင်မော်တယ်များနှင့် အထက်ဆင့်ရှိ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ စုစုပေါင်း အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင် ဆယ့်နှစ်ယောက် ရှိပါသည်။ အစောပိုင်း အစစ်အမှန် အင်မော်တယ် ခြောက်ယောက်၊ အလယ်အလတ် အစစ်အမှန် အင်မော်တယ် လေးယောက်နှင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့် နှစ်ယောက်တို့ ဖြစ်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားရသောအခါ သူတို့အားလုံးသည် လက်ထဲမှ ပစ္စည်းများကို ပစ်ချခဲ့ပြီး တဟုန်ထိုး ပြေးလာကြခြင်း ဖြစ်သည်။

ချင်ယွင်သည် ကောင်းကင်ယံမှ ပျံသန်းလာသော ကျွမ်းကျင်ပညာရှင် ဆယ့်နှစ်ယောက် ကို သူ၏မျက်နှာတွင် အနည်းငယ်မျှ အံ့သြမှုမရှိဘဲ ကြည့်နေလေသည်။ အစီအရင် ဝင်္ကပါပျက်ဆီးမူကြောင့် ဖြစ်ပေါ်လာသော ရုန်းရင်းဆန်ခတ်မှုသည် ဖန်လျှန်တောင်၏ ဓားပြများကို သေချာပေါက် သတိပေးနိုင်မည်ဟု သူသည် အချိန်ကြာကတည်းက မျှော်လင့်ထားပြီး ဖြစ်သည်။

သို့သော်၊ ချင်ယွင် အမှန်တကယ် အာရုံစိုက်မိသည်မှာ ဖန်လျှန်တောင်တန်း၏ အမာခံ ခပ်တပ်စခန်း၏ ခေါင်းဆောင်နှင့် အစီအရင်ဝင်္ကပါကို ဖွဲ့စည်းတည်ထောင်သူ ဖြစ်သည်။ အကြောင်းရင်းမှာ သူ၏အမြင်အရဆို၊ ဤမျှလောက် အစွမ်းထက်သော အစီအရင်ဝင်္ကပါကို တည်ဆောက်နိုင်သည့် အစီအရင်မှော်ဆရာသည် ဤဝေးလံ ခေါင်သီသော တောင်အုပ်ကြီးထဲမှ ဓားပြတစ်ယောက် မည်သို့ ဖြစ်နိုင်မည်နည်း။

ထို့ကြောင့် နောက်ကွယ်မှ ကိစ္စသည် သူတို့ထင်ထားသလောက် မရိုးရှင်းနိုင်ဟု သူသည် ခံစားမိနေသော်လည်း၊ စောင့်ကြည့်ရုံသာ ကြည့်နေခဲ့သည်။

"ငါတို့ဖန်လျှန်တောင်ကို ဘယ်သူက ဒုက္ခပေးရဲတာလဲ?။ မင်းတို့က သေချင်နေတာ လား?" ကျယ်လောင်သော အော်သံက ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး၊ နှောင်းပိုင်း အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင်က ချင်ယွင်တို့ကို လှမ်းအော်လိုက်သည်။

"ဟမ့်၊ သေရမယ့်လူတွေက မင်းတို့အားလုံးပဲ။" ရန်ဟန်သည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး၊ သူ၏လက်ထဲတွင် အင်မော်တယ်ဓားတစ်လက် ပေါ်လာပါသည်။

တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့်၊ ကြောက်မက်ဖွယ်ကောင်းသော ဓားအငွေ့အသက်က ထွက်ပေါ်လာသည်။ ၎င်းသည် ချက်ချင်းပင် ကီလိုမီတာများစွာ ပျံသန်းသွားပြီး၊ နှောင်းပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်ကျွမ်းကျင်သူကို တစ်ဝက်ခန့်မှ ဖြတ်ပိုင်းသွားကာ သွေးစွန်းနေသော အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။

ပတ်ပတ်လည်မှ အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ၎င်းတို့သည် အလွန် ကြောက်လန့်သွားကာ လှုပ်ရှားခြင်း မပြုလုပ်ဝံ့ကြတော့ပေ။ သူတို့အားလုံး အဝေးသို့ ဆုတ်ခွာသွားကြသည်။

"ဟင့်၊ မင်းတို့က ထွက်ပြေးချင်တာလား? အိပ်မက်မက်နေတာပဲ" ရန်ဟန်နှင့် ရန်ရှန်း တို့သည် တစ်ချိန်တည်းတွင် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်များ သည် ချက်ချင်းပင် ပျံထွက်သွားသည်။ နှစ်ယောက်စလုံးသည် လက်ထဲမှ ဓားရှည်များ ကို မြှောက်လိုက်ကြပြီး ကောင်းကင်ဓား၏ စွမ်းအားများက တဟုန်ထိုး ပျံ့နှံ့သွား ကြသည်။

“အား…..”

အစောပိုင်း အစစ်အမှန် အင်မော်တယ် ပညာရှင်သုံးဦးနှင့် အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်သူတစ်ဦးတို့သည် ရန်ဟန်နှင့် ရန်ရှန်းတို့၏ ဓားရှည်များ အောက်တွင် ချက်ချင်း သေဆုံးသွားခဲ့သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် ကူကယ်ရာမဲ့ဟန် အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်မိသည်။

ရန်ရှန်းနှင့် ရန်ဟန်တို့သည် တကယ်ကို ပြတ်သာလွန်း၏။ သူသည် စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာ တိုက်ခိုက်လိုက်ကြသည်။ အကယ်၍၊ တဖက်အဖွဲ့ကသာ အင်အားကြီးနေမည်ဆိုလျှင်၊ သူတို့ မည်သို့ အဆုံးသတ်သွားမည်နည်း?။

"ဟမ့်၊ မင်းတို့က ငါ့ရဲ့ဖန်လျှန်တောင်ကို လာပြီး ရူးရူးမိုက်မိုက် လှုပ်ရှားရဲတယ်ပေါ့။ မင်းတို့က သေခြင်းတရားကို တောင်းခံနေတာပဲ"။

ဟုတ်ပါသည်။ ထိုအချိန်မှာပင်၊ အေးစက်စက် အသံတစ်ချက်က ရုတ်တရက် ထွက်ပေါ်လာသည်။ ထွားကျိုင်းသန်မာသော ရုပ်အသွင်တစ်ခုက လျင်မြန်သော အဟုန်ဖြင့် မျဉ်းဖြောင့်အတိုင်း လေကိုဖြတ်သန်းလာကာ၊ သူ၏ရုပ်အသွင်က ရန်ရှန်း၏ ရှေ့တွင် ချက်ချင်းပေါ်လာသည်။

"မကောင်းတော့ဘူး”

ရန်ဖန်းယာ၏မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူမသည် ကမန်းကတန်း ပြေးထွက်သွားချင်သော်လည်း အရမ်းကို နောက်ကျနေခဲ့ပြီ ။

ရန်ရှန်း မတုံ့ပြန်ခင်နိုင်မှာ ထွားကျိုင်းသန်မာသောလူက သူ၏ရင်ဘတ်ကို ထိုးနှက်လိုက်ပါပြီ။

"ဘုန်း…”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရန်ရှန်း၏ ရင်ဘတ်သည် ပေါက်ကွဲသွားပြီး သူ၏ခန္ဓာကိုယ်သည် ကျောက်တုံးတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

" ရန်ရှန်း!"

ရန်ရှန်းသည် လွင့်ပျံသွားသည်ကို မြင်လိုက်ရသဖြင့် ရန်ဟန်သည် အလင်းတန်းတစ်ခု အဖြစ်သို့ အလျင်အမြန် ပြောင်းလဲကာ သူ၏နောက်သို့ လိုက်ပါသွားသည်။

ရန်ဟန်သည် ရန်ရှန်း၏ရှေ့တွင် ပေါ်လာချိန်မှာ၊ ရန်ရှန်းသည် သေလုဆဲဆဲပင် ဖြစ်နေပြီ ဖြစ်သည်။

"ဟမ့်၊ ငါ့ရဲ့ ကြက်သွေးရောင် မီးတောက် လက်သီးချက်ကြောင့် သူ သေရတော့မယ်။" ချန်ကူ၏ အရပ်မြင့်မားပြီး ကြံ့ခိုင်သော ရုပ်အသွင်က အလွန်မင်း စူးရှနေပြီး၊ သူသည် သားရေသံချပ်ကာ တိုက်ပွဲဝတ်စုံကို ၀တ်ဆင်ထားသည်။ သူသည် အလွန်ကြမ်းတမ်းပြီး ကြီးစိုးနိုင်စွမ်း ရှိနေသည်။

"ရန်ရှန်း စားလိုက်ပါ"

သို့သော် ထိုအချိန်တွင် ရန်ဟန်သည် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ရန်ရှန်း၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ချက်ချင်းပင် သေခါနီးဆဲဆဲဖြစ်သော ရန်ရှန်းသည် သူ၏ တက်ကြွမှုကို ပြန်လည်ရရှိလာသည်။ သူ၏ရင်ဘတ်ပေါ်ရှိ ဒဏ်ရာများသည် မြင်သာသောနှုန်းဖြင့် ပျောက်ကင်းသွားကာ သူ၏မျက်နှာက ဖြူဖပ်ဖြူဖျော့ ဖြစ်နေရာမှ သွေးရောင်ပြန်သမ်းလာသည်။

"သူက တကယ့်ကို ရန်ကလန်ရဲ့ တပည့်တစ်ယောက်ပဲ။ သူက သူ့ဒဏ်ရာတွေကို ကုသဖို့အတွက် အဆင့်တစ်အင်မော်တယ် ဆေးပြားကိုတောင် ယူလာခဲ့တယ်" ချန်ကူသည် ဤမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားသော အမူအရာ ဖြစ်ပေါ်လာသလို ပြင်းထန်သည့် တက်မက်သော အမူအရာလည်း ဖြစ်ပေါ်လာသည်။

"မင်းက ဖန်လျှန်တောင်ရဲ့ အမာခံ ခံတပ်စခန်ရဲ့ ခေါင်းဆောင် ချန်ကူ ဖြစ်ရမယ်။ ဟုတ်တယ်မဟုတ်လား?။ ငါ့တို့ရဲ့ ရန်ကလန်က တပည့်ကို သတ်ခဲ့တဲ့အတွက် မင်းအပြစ်ကို မင်း သိတယ်မဟုတ်လား?" ရန်ရှန်း အဆင်ပြေနေသည်ကို မြင်ရလျှင်၊ ရန်ဟန်က မတ်တပ်ထရပ်ပြီး ကောင်းကင်ယံရှိ ချန်ကူကို မော့ကြည့်လိုက်သည်။ သူ၏ လက်ထဲမှ ကောင်းကင်ဓားသည် ပြင်းထန်သော တုန်ခါအသံကို ထုတ်လွှတ်လိုက်သည်။

"ငါ့အပြစ်ကို သိရမှာလား?။ ငါချန်ကူက ဘာမှားနေလို့လဲ?။ ငါ့ဘဝမှာ လူတွေ မရေမတွက်နိုင်အောင် သတ်ခဲ့ဖူးတယ်။ အဲဒီအထဲက ဘယ်သူတွေက ရန်ကလန်ရဲ့ တပည့်လဲဆိုတာ ငါ သိချင်မိတယ်။ ချန်ကူသည် သူ၏ပါးစပ်ထောင့်စွန်းမှ အထင်အမြင်သေးမှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"အရူးလို ဟန်ဆောင်မနေစမ်းပါနဲ့။ ရန်ကလန်ရဲ့ တပည့်တိုင်းဟာ သူ့တို့ဝတ်စုံတွေ ပေါ်မှာ အနီရောင်မီးတောက်ပါ အမှတ်သားတွေ ရှိကြတယ်။ မင်းက သူ့ကို မမှတ်မိဘူး ဆိုတာ မဖြစ်နိုင်ဘူး။" ရန်ဟန်က အေးစက်စွာ ပြောသည်။

"အိုး၊ မင်းက အဲဒီကောင်အကြောင်း ပြောနေတာလား?။ မှန်တယ်၊ ငါ သူ့ကို သတ်လိုက်တာ။ ဘာလဲ၊ သူ့ကို လုယက်တဲ့လူက ငါတစ်ယောက်တည်းလို့တော့ ငါ့ကို မပြောနဲ့နော်" ချန်ကူက ရယ်မောလိုက်သည်။

အသတ်မခံရသေးသော အစစ်အမှန် အင်မော်တယ်ကျွမ်းကျင်သူများ အားလုံးလည်း ကျယ်လောင်စွာ ရယ်မောကြသည်။ အမာခံ ခံတပ်စခန်းခေါင်းဆောင် ရှိနေသဖြင့်၊ သူတို့၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိတော့ချေ။

"မင်းက သူ့ကို သတ်ခဲ့တယ်ဆိုမှတော့၊ ငါ့ရန်ကလန်ရဲ့ တရားစီရင်ချက်ကြောင့် မင်း အသိတရားရကာ နိုးထလာသင်ပါပြီ။" ရန်ဟန်၏ မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် သူ၏လက်ထဲမှ အင်မော်တယ် ဓားကို အင်မော်တယ်အနှစ်သာရအလွှာဖြင့် ဖုံးလွှမ်းသွားပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။

"ငါ့ကို တရားဆုံးဖြတ်ပေးရအောင် မင်းမှာ အဲဒီလို စွမ်းအားမျိုး ရှိနေတယ်လို့ ထင်နေတာလား?" ချန်ကူက ရယ်မောလိုက်သည်။

"စမ်းကြည့်ပါ..။ မင်း သိလာပါလိမ့်မယ်။" ရန်ဟန်၏ မျက်လုံးများတွင် သတ်ဖြတ်လို သည့် ဆန္ဒများ ပေါက်ကွဲထွက်လာပြီး အစစ်အမှန် အင်မော်တယ် အထွတ်အထိပ် အဆင့်၏ အငွေ့အသက်က ချက်ချင်း ပေါ်လာသည်။ တခဏအတွင်းမှာပင်၊ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချန်ကူဆီသို့ ပစ်ဝင်သွားသည်။

ချန်ကူသည် သူ၏မျက်လုံးများတွင် မထီမဲ့မြင် အရိပ်အယောင်ဖြင့် သူ့ဆီသို့ ပြေးလာနေသော ရန်ဟန်ကို ကြည့်နေသည်။

"အရမ်းနှေးလွန်းတယ်။" ချန်ကူက အေးစက်စွာ အော်လိုက်သည်။ သူ၏ခန္ဓာသည် ဖျတ်ခနဲ လင်းလက်သွားပြီး၊ သူသည် ချက်ချက်း ပျံထွက်သွားကာ အနီရောင် အရိပ်တစ်ခုအဖြစ် ရန်ဟန်၏ရှေ့မှာ ချက်ချင်းပေါ်လာသည်။

"ရန်ဟန်၊ သတိထား။" ရန်ဖန်းယာသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။

ရန်ဟန်လည်း ထိတ်လန့်သွားသည်။ ချန်ကူ၏အရှိန်ဟုန်က ချန်ကူ သူ့ဆီသို့ မည်သို့ ရောက်လာမှန်းပင် မသိလိုက်ရလောက်အောင် အရမ်းမြန်နေလိမ့်မည်ဟု သူ မမျှော် လင့်ထားပေ။

"အရုပ်လေး၊ မင်းက အရမ်းငယ်ပါသေးတယ်" ချန်ကူက ရယ်မောလိုက်သည်။

အနီရောင်မီးတောက်အလွှာနှင့် ဖုံးလွှမ်းထားသော လက်သီးချက်က ရန်ဟန်၏ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

"ဖူး…”။

ရန်ဟန်သည် ချက်ချင်းပင် သွေးတပွက် အန်ထုတ်လိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ပြုတ်ကျကာ ကြီးမားသော မီးတောင်တွင်းနက်ဝကြီး တစ်ခု ဖန်တီးဖြစ်ပေါ်ပြီး ဖုန်မှုန့်များ လွင့်ပျံသွားသည်။

ရန်ဟန်သည် တွင်းထဲတွင် လဲလျောင်းနေပြီး သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေသည်။ သူ၏ရင်ဘတ်မှ နာကျင်မှုက သူ၏ခန္ဓာကိုယ်ကို ကွဲကြေသွားသလို ခံစားရပြီး အထူးသဖြင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်ပိုင်းများသည် မီးတောက်ဖြင့် လောင်ကျွမ်းနေသလို ခံစားရသည်။

သူတို့နှစ်ယောက်စလုံးသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေကြပြီး၊ သူတို့နှစ်ယောက်ကြားမှ ကွာခြားချက်က အဘယ်ကြောင့် ဤမျှကြီးမားနေရသနည်းဆိုသည်ကို ရန်ဟန် နားမလည်နိုင်ပါချေ။ အဘယ်ကြောင့် သူသည် ပြိုင်ဘက်၏ လက်သီးတစ်ချက်ကိုပင် မတားဆီးနိုင်ရ သနည်း?။

"ဟမ့်၊ မင်းက ကမ္ဘာအကြောင်း ဘာအတွေ့ကြုံမှ မရှိဖူးသေးတဲ့ ကလေးတစ်ယောက် ပါပဲ။ ဒီလိုလှည့်ကွက်မျိုးကိုတောင် မမြင်နိုင်ဘူး" ချန်ကူက ရယ်လိုက်ပြီး သူ၏ မျက်လုံးတွေက သွေးဆာနေသည့် အလင်းရောင်ဖြင့် ဖျတ်ခနဲ လင်းလက်သွားသည်။

"ဒီလိုဆိုမှတော့၊ မင်း ငရဲဘုရင်ဆီကို သွားနိုင်ပြီ။ အဲဒီကိုရောက်မှ ဒီအကြောင်းကို ဖြည်းဖြည်းချင်း စဉ်းစားပေါ့။" ချန်ကူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒ တစွန်းတစ ထွက်ပေါ်လာပြီး၊ သူသည် တစ်ဖန် ရန်ဟန်ဆီသို့ ပြေးသွားခဲ့သည်။

ရန်ဟန်၏ အမူအရာသည် မတ်တပ်ထရပ်ရန် ရုန်းကန်ရင်း သိသိသာသာ ပြောင်းလဲ သွားသည်။ သို့သော် သူ၏ဒဏ်ရာက ပြင်းထန်လွန်းသည်။ ယခုလေးတင် ဆေးသောက်ထားသော်လည်း သူသည် အပြည့်အဝ မသက်သာသေးပါဘူး။

"ရန်​ကလန်က ဒီထက် ဘာမှ​မပိုပါဘူး။ ​သေလိုက်​တော့”။ ချန်ကူသည် ရန်ဟန်၏ရှေ့မှာ ပေါ်လာပြီး သူ၏လက်ထဲက မီးတောက်လက်သီးက ရန်ဟန်၏ ခေါင်းကို နောက်တစ်ကြိမ် ထိုးချလိုက်သည်။

နောက်တစ်စက္ကန့်အကြာတွင် ရန်ဟန်၏ ခေါင်းတစ်ခုလုံး ကွဲကြေသွားတော့မည်။

"အောင်မြင်ဖို့အကြောင်း စဉ်းတောင် မစဉ်းစားနဲ့!"

သို့သော် ထိုအချိန်တွင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ဓားအလင်းတန်း တစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး ချန်ကူဆီသို့ တည့်တည့် ပြေးသွားသည်။

ချန်ကူ၏ မျက်နှာသည် ပြောင်းလဲသွားသည်။ ဓားအလင်းမှ ခြိမ်းခြောက်မှုကို သူ ခံစားလိုက်ရသည်။ ယင်းကြောင့် သူသည် ရန်ဟန်ကို သတ်ပစ်ရန် စွန့်လွှတ်ပြီး ဓားကို တားဆီးရန် သူ၏ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။

“ဘုန်း..”

ချန်ကူ၏ လက်သီးချက်သည် ဓားချီပေါ်သို့ ကျရောက်သွားပြီး ကျယ်လောင်သော ပေါက်ကွဲအသံတစ်ခု ထွက်ပေါ်လာသည်။

ချန်ကူ၏ရုပ်အသွင်ပြင်လည်း နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး၊ သူ၏မျက်လုံးများက တိုက်ခိုက်လာသည့် အမျိုးသမီးကို စိုက်ကြည့်နေသည်။

All Chapters