← Chapters

အခန်း ၇၁၁

Vol. 48 Ch. 711

အခန်း ၇၁၁

Vol. 48 Ch. 711

အခန်း (၇၁၁) အစီအရင်ဝင်္ကပါဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်း။

"သခင်လေး၊ ကျွန်မတို့အနေနဲ့ တိုက်ပွဲတွေရပ်ပြီး ဘာကြောင့် ငြိမ်းချမ်းရေးအကြောင်း စကားမပြောကြတာလဲ?။ သခင်လေးက ကျွန်မရဲ့ ဖန်လျှန်တောင်ကို ဒုတိယ အမာခံ ခံတပ်ခေါင်းဆောင်အဖြစ် လာခဲ့ပါ။ ဒါကို သခင်လေးအနေနဲ့ ဘယ်လို သဘောရလဲ?။ သခင်လေးအနေနဲ့၊ ဘယ်လောက်တောင်မှ လွတ်လွတ်လပ်လပ် ရှိလိုက်မလဲ?" ပိန်ပိန်ပါးပါး အပြာရောင်ဝတ် အမျိုးသမီးက ဆွဲမက်ဖွယ်အသံဖြင့် ပြောပြီး၊ စကားစမြည်ပြောရင်း ချင်ယွင်ကို အကြည့်တစ်ချက် လှမ်းပေးလိုက်သေးသည်။

"ဟမ့်၊ ဒုတိယ အမာခံခံတပ်ခေါင်းဆောင်လား?။ ငါက ကြီးမြတ်တဲ့ အမာခံ ခံတပ် ခေါင်းဆောင် ဖြစ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ?" ချင်ယွင်က ရယ်ပြီး မေးလိုက် သည်။

ဤဖန်လျှန်တောင်သည် မရိုးရှင်းကြောင်း သူခံစားမိသည်။ မီးနှင့်ရေယန်ယင်ပညာရပ် သည် အလွန်ပုံမှန်မဟုတ်သော ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သော်လည်း အနည်းဆုံး အလွန် အစွမ်းထက်သော ကျင့်ကြံခြင်းနည်းစနစ်ဟု ယူဆ၍ ရပေသည်။

ယုတ္တိနည်းအရ ပြောရလျှင်၊ ချန်ကူ၏ စွမ်းအားနှင့် အဆင့်အတန်းကြောင့်၊ ထိုသို့သော ကျင့်ကြံခြင်းနည်းစနစ်မျိုးတစ်ခုကို ရရှိရန်မှာ မဖြစ်နိုင်ပါချေ။ ထို့ကြောင့် ချင်ယွင်သည် ဤချန်ကူသည် ဤနေရာတွင် စစ်တုရင်ကွက်တစ်ခု၏ အစိတ်ပိုင်းတစ်ခုအဖြစ် တမင်တကာ ဖန်တီးထားသော (နယ်ရုပ်)တစ်ခုဟု သံသယရှိနေသည်။ ရည်ရွယ်ချက် နှင့် ပတ်သက်ပြီး ယခုလောလောဆယ်တွင် မသိမှာကို သူ စိုက်းကြောက်မိပါသည်။

"သခင်လေးက အစာစားချင်စိတ် အရမ်းကို ကြီးမားလွန်းနေတယ် မဟုတ်ဘူးလား?။ တကယ်လို့၊ သခင်လေးရဲ့ပါးစပ်ကို အကျယ်ကြီးဖွင့်ထားပြီး ဒီတောင်တန်းကြီးရဲ့ အမာခံခံတပ်စခန်းကြီး ခေါင်းဆောင်ဖြစ်ချင်တယ်ဆိုရင် ဒီအစေခံမကို ဘယ်နေမှာ ထားမှာလဲဟင်?" ပိန်ပိန်ပါးပါး အပြာရောင်ဝတ် အမျိုးသမီးက အေးစက်သော လေသံဖြင့် ပြောသည်။

'"အမာခံ ခံတပ်စခန်းကြီးရဲ့ ခေါင်းဆောင်ချန်၊ ဒီဖန်လျှန်တောင်တန်းက အလွန်ဝေးလံ ပြီး လူသူလည်း ဆိတ်သုဉ်းတယ်။ ဟိုယခင်တုန်းက ဒီနေရာမှာ ကျင့်ကြံမူအများပြား ရှိမနေမှာ ငါ ကြောက်မိတယ်။ အမာခံခံတပ်စခန်းကြီးရဲ့ ခေါင်းဆောင်ချန်က ဒီဖန်လျှန် တောင်မှာ အမာခံ ခံတပ်စခန်းတပ်ကို ထူထောင်ဖို့ ဘာကြောင့် ရွေးချယ်ခဲ့လည်း ငါ သိချင်မိတယ်။ ဒါ့အပြင်၊ အမာခံ ခံတပ်စခန်းကြီးရဲ့ ခေါင်းဆောင်ချန်က သူတို့အားလုံးကို ဘာလို့ သတ်ပစ်လိုက်ရတာလဲ?။ အမာခံ ခံတပ်စခန်းကြီးရဲ့ ခေါင်းဆောင်ချန်ရဲ့ လုပ်ရပ်တွေက တခြားအဓိပ္ပါယ်တွေများ ရှိနေမလား?။” ချင်ယွင်က အစမ်းသဘောဖြင့် မေးမြန်းကြည့်လိုက်သည်။

ဟုတ်ပါသည်၊ ပိန်ပိန်ပါးပါး အမျိုးသမီးသည် ချင်ယွင်၏စကားကို ကြားပြီးနောက်၊ သူမ၏မျက်ခုံးတွေက ချက်ချင်း တွန့်သွားခဲ့ပါသည်။ နောက်ဆုံးတွင်၊ သူမ၏ ပါးစပ်ထောင့်မှ အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး ပြောသည် "သခင်လေး၊ တစ်ခါတရံမှာ ထက်မြက်လွန်းခြင်းက လူတစ်ယောက်အတွက် သိပ်မကောင်းဘူးနော်။ တစ်ချို့အရာတွေက နှာစေးသလိုနေလိုက်တာ ပိုကောင်းတယ်။ မဟုတ်ရင် သခင်လေးရဲ့ အသက် ဆုံးရှုံးသွားနိုင်ပါတယ်။ ."

ပိန်ပိန်ပါးပါး အမျိုးသမီးသည် ထိုစကားကို ပြောနေစဉ်၊ သူမ၏လေသံက အလွန်အေးစက်ပြီး ခြိမ်းခြောက်နေဟန် ရှိသည်။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် လှောင်ရယ်ရယ်နေမိသည်။ သူသည် အနည်းငယ် သံသယဖြစ်ခဲ့သော်လည်း မသေချာပါ။ စမ်းသပ်ပြီးနောက် တစ်ဖက်လူက သူ၏ မြေခွေးအမြီးကို တိုက်ရိုက် ထုတ်ပြလိမ့်မယ်လို့ သူ မျှော်လင့်မထားပေ။ ဤဖန်လျှန် တောင်သည် ဤနေရာတွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေရမည်။

"ငါက မမြင်ချင်ယောင်ဆောင်နေရတာ မကြိုက်လှဘူး။ ငါ မြင်မြင်သမျှ အရာအားလုံး အပြစ်ကင်းစင် နေတာကို သဘောကျတယ်။ အမာခံခံတပ်စခန်းကြီးရဲ့ ခေါင်းဆောင်ချန်က ဒီတောင်တန်းကြီးမှာ အမာခံခံတပ်စခန်းတစ်ခု ထူထောင်ရတဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို ပြောပြနိုင်မလား။" ချင်ယွင်က လှောင်ပြောင်ဟန်ဖြင့် မေးလိုက်သည်။

"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ? ပြင်းထန်သော သတ်ဖြတ်လို စိတ်က ပိန်ပိန်ပါးပါး အမျိုးသမီး၏ မျက်လုံးထဲတွင် ချက်ချင်း ပေါ်လာသည်။

သူမ၏လက်များသည် မရေမတွက်နိုင်သော ပုံရိပ်ယောင် အရိပ်များအဖြစ်သို့ ပြောင်းလဲ သွားပြီး သူမ၏ လက်ဖဝါးမှ ရေစီးကြောင်းများ စီးဆင်းလာသည်။ သူမသည် သူမ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်နှင့်၊ ရေဓားရှည်များအဖြစ် ဖွဲ့စည်းသွားကြသည်။

"မင်းက သေခြင်းတရားကို ကိုယ်တိုင် တောင်းခံနေမှတော့၊ ငါ့ကို အပြစ်မတင်နဲ့။" ချင်ယွင်ကို ကြည့်ရင်း ပိန်ပိန်ပါးပါး အမျိုးသမီး၏ မျက်လုံးများသည် အေးစက်သွား သည်။

ရေဓားဆယ်ချောင်းက သူမ၏ရှေ့တွင် လွင့်မျောနေပြီး အားလုံးက ချင်ယွင်ကို ဦးတည်နေသည်။

"ဓားဆယ်ချောင်း အစီအရင်ဝင်္ကပါ၊ သွား” ပိန်ပိန်ပါးပါး အမျိုးသမီးက တိုးတိုးလေး အော်လိုက်သည်။

ရေဓားများသည် ချက်ချင်း ပျံထွက်ပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ပစ်ဝင်သွားသည်။

ချင်ယွင်သည် ရေဆယ်ချောင်းဖြင့် ဖွဲ့စည်းထားသော ဓားအစီအရင်ဝင်္ကပါကို အံ့သြဟန် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင် ဖန်လျှန်တောင်၏ တော်ဝင်အစီအရင်ဝင်္ကပါကို မည်သူက တည်ဆောက်ထားသည်ကို သူ နောက်ဆုံး နားလည်သွားခဲ့သည်။ ချန်ကူသည် ၎င်းအစီအရင် ဝင်္ကပါကို သူကိုယ်တိုင် တည်ဆောက်ထားသည်။ တနည်းပြောရလျှင်၊ ချန်ကူကိုယ်တိုင်မှ ခွဲထုတ်ထားသည့် ဤအမျိုးသမီး ဖြစ်သည်။ ဤအမျိုးသမီးသည် အစီအရင်ဝင်္ကပါ တည်ဆောက်မူတွင် အဓိကကျသော ပုဂ္ဂိုလ် ဖြစ်သင့်သည်။

"ဟမ့်၊ ဒီဓားအစီအရင်ဝင်္ကပါ သေးသေးလေးတွေက ငါ့ကို ဘာမဆို လုပ်နိုင်မယ်လို့ မင်း တကယ် ထင်နေတာလား?" ချင်ယွင်က အေးစက်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူ၏ နီးဝမ်နန်းတော်မှ အင်မော်တယ်စိတ်အာရုံများ ထွက်ပေါ်လာပြီး သူ၏ ပတ်ဝန်းကျင်တွင် မမြင်နိုင်သော စွမ်းအင်အတက်အကျလှိုင်းများ ပါရှိနေသော တံတိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ဘန်း…။

ရေဓားဆယ်ချောင်းသည် သူနှင့် တစ်မီတာအကွာအဝေးတွင် ရပ်တန့်သွားပြီးနောက် တစ်လက်မမျှပင် ထိုးဖောက်ဝင်ရောက်လာခြင်း မရှိတော့ချေ။

"ချိုးဖျက်လိုက်စမ်း”။ ချန်ကူက အေးစက်စွာ အော်လိုက်သည်။

“ဘုန်း..”

ရေဓားဆယ်ချောင်းသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားသည်။

"ဘာလဲ?" ချန်ရွှမ်း၏မျက်နှာသည် ထိတ်လန့်သည့် အမူအရာ ချက်ချင်း ထွက်ပေါ်လာ သည်။ သူမသည် ချင်ယွင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်" မင်းက အစီအရင် မှော်ဆရာတစ်ဦးလား?"

"မှန်တယ်”။ ချင်ယွင်က အထင်သေးဖြင့် ပြောလိုက်သည်။ ထို့နောက် သူ၏ ကြီးမားလှသော အင်မော်တယ်စိတ်အာရုံက တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့ပြီး ၎င်းသည် ကျိုးပဲ့နေသော ရေဓားများကို တစ်ဖန်ပြန်လည် ပေါင်းစည်းကာ ဧရာမ ဓားကြီးတစ်လက် ဖြစ်ပေါ်လာသည်။

ချင်ယွင်သည် အထွက်အထိပ်အဆင့် အစီအရင် မှော်ဆရာတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူ၏ ကျင့်ကြံမူသည် သုံးစားမရဖြစ်သွားပြီး သူ၏စိတ်ဝိညာဉ်ကို ခွဲထုတ်ကာ သူ၏ ကိုယ်ပွားများကို နှစ်ကြိမ်တိုင်တိုင် သန့်စင်ခဲ့ခြင်းကြောင့် သူ၏စိတ်ဝိညာဉ်စွမ်းအား သည် လျော့ကျသွားသော်လည်း၊ ချင်ယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်သို့ ဝင်ရောက်ပြီး၊ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို အသက်သွင်းနိုင်ကလည်းက သူ၏ စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးရန်အတွက် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ စွမ်းအားကို အသုံးပြုခဲ့သည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်သို့ပင် ချိုးဖြတ်ဝင်ရောက်လုနီးနီး ဖြစ်နေပြီ။

ချန်ရွှမ်းသည် အထွတ်အထိပ်အဆင့် အဆင်ကိုး အစီအရင်မှော်ဆရာ တစ်ဦး ဖြစ်သော် လည်း၊ စိတ်ဝိညာဉ်စွမ်းအားအရ၊ သူမသည် ချင်ယွင်ထက် နိမ့်ကျနေဆဲ ဖြစ်သည်။

အစီအရင်ဝင်္ကပါများနှင့် ပတ်သက်၍မူ၊ ချင်ယွင်သည် ယစ်ထုတ်အဘိုးကြီးကဲ့သို့ ထက်မြက်သော အစီအရင်မှော်ဆရာတစ်ဦး၏ လမ်းညွှန်မှုကို ရရှိထားသည်။ အစီအရင်ဝင်္ကပါများနှင့် ပတ်သက်ပြီး သူ၏အောင်မြင်မှုများသည် အစီအရင် ဝင်္ကပါစာအုပ် ဒါဇင်ပေါင်းများစွာကိုသာ ဖတ်ရူလေ့လာထားသော ချန်ရွှမ်းသည် နှိုင်းယှဉ်၍ မရနိုင်ပေ။

ထို့ကြောင့် ချန်ရွှမ်းသည် ချင်ယွင်၏ ရှေ့မှောက်တွင် အစီအရင် ဝင်္ကပါများဖြင့် ကစားခြင်းသည် စစ်သူကြီးတစ်ဦး၏ ရှေ့တွင် ဓားတစ်ချောင်းဖြင့် ကစားခြင်းမျိုး ဖြစ်နေပြီး၊ သူမသည် သေခြင်းတရားကို တောင်းခံနေခြင်း ဖြစ်လေသည်။

"သွား”။

ချင်ယွင်က တိုးညှင်းစွာ အော်လိုက်ပြီး သူ၏ရှေ့မှာ လွင့်မျောနေသော ရေဓားကြီးသည် ချက်ချင်းဆိုသလို လေဟာနယ်ကို ထိုးဖောက်ပြီး ချန်ရွှမ်ဆီသို့ ဒေါသတကြီး ပျံသန်းသွားခဲ့သည်။

ရေဓားကြီးသည် ပြင်းထန်သော စိတ်ဝိညာဉ် အစီအရင်ဝင်္ကပါစွမ်းအင် အပြည့် ပါဝင် နေသည်။ ထိုမျှသာမကဘဲ၊ ချင်ယွင်သည်လည်း ရေဓားကြီးထဲသို့ ပြင်းထန်သော ဓားဝိညာဉ်ကို ထည့်သွင်းပေးထားသည်။ ဤဓားကြီးသည် ကောင်းကင်နှင့် မြေကြီးကို ပင် ဖျက်ဆီးပစ်သည်ဟု ဆိုနိုင်သည်။

"မကောင်းတော့ဘူး”။

ချန်ရွှမ်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး၊ ၎င်းအား တားဆီးရန် အစီအရင်ဝင်္ကပါ၏ စွမ်းအားကို အလျင်အမြန် စုစည်းလိုက်သည်။

“ဘုန်း”

ချင်ယွင်၏ ကြီးမားလှသော ရေဓားကြီးသည် ချန်ရွှမ်၏ အစီအရင်ဝင်္ကပါ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော အလင်းအတားအဆီးနှင့် အပြင်းအထန် တိုက်မိပြီး ပြင်းထန်သော တုန်ခါအသံများ ထွက်ပေါ်နေပါသည်။

"ဖူး..”

ချန်ရွှမ်သည် ပါးစပ်ထဲမှ သွေးအန်ထုတ်လိုက်ရပြီး သူမ၏မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။

"ဘုန်း”။

ရေဓားကြီးသည် တိုက်ရိုက် ပေါက်ကွဲသွားပြီး ချန်ရွှမ်၏ ခန္ဓာကိုယ်တစ်ခုလုံး လွင့်ပျံသွားခဲ့သည်။ သူမသည် အဝေးသို့ ပြင်းထန်စွာ လွင့်စင်သွားခဲ့ပြီး သူမ၏ပါးစပ်မှ သွေးများစီးနေထွက်ကာ ပေထောင်ချီအကွာသို့ ပြုတ်ကျသွားခဲ့သည်။

ဘန်း…။

ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်း တစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်သည် သူ၏လက်တွေကို ဝှေ့ယမ်းလိုက်ပြီး သူ၏ခြေဖဝါးအောက်မှ မြေမှုန့်တွေက လွင့်ပျံသွားသည်။ နောက်ဆုံးတွင် ၎င်းမြေမှုန့်များသည် ကြီးမားသော ကျောက်ဘောလုံးကြီးအဖြစ် လေထဲတွင် ပေါင်းစည်းသိပ်သည်းသွားသည်။

"ဥက္ကာပျံတစ်စင်း မြေပြင်ပေါ် ကျဆင်းခြင်း”။

ချင်ယွင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အချင်း ၃၀ မီတာရှိသော ကျောက်တုံးကြီးသည် တုနှိုင်းမရအောင် ကြောက်စရာကောင်းသော စွမ်းအားများဖြင့် ချန်ရွှမ်ဆီသို့ ပြင်းထန်စွာ ကျဆင်းသွားသည်။

"မင်းက ငါ့ကို အတင်းအကြပ် တွန်းအားပေးနေတယ်”။

ချန်ရွှမ်သည် ကောင်းကင်ယံရှိ ဧရာမကျောက်တုံးကြီးအား ကြည့်လိုက်လေသည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြင်းထန်သော တောက်ပမှုဖြင့် တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး သူမ၏ ပုံသဏ္ဍာန်သည်လည်း တစ်ဖန် ပြောင်းလဲသွားပြန်သည်။

ထိုအချိန်တွင် ချန်ရွှမ်သည် ချန်ကူ၏ မူလရုပ်ရည်အသွင်အပြင်သို့ တဖန် ပြန်လည် ရောက်ရှိသွားခဲ့သည်။ သို့သော် ကွာခြားချက်မှာ ယခုတစ်ကြိမ်တွင် ချန်ကူ၏ ဆံပင်များသည် အမှန်တကယ် ကြက်သွေးရောင်တစ်ဝက် အပြာရောင်တစ်ဝက် ဖြစ်နေခြင်း ဖြစ်သည်။ သူ၏မျက်လုံးသူငယ်အိမ်တွေတောင်မှ အတူတူပါပင် ဖြစ်သည်။

"ဘုန်း”

ချန်ကူသည် ကြောက်စရာကောင်းသော ကျောက်တုံးကြီးကို တိုက်ရိုက် ဖြိုခွဲပစ်လိုက် သည်။ အနီရောင်နှင့် အပြာရောင် စွမ်းအင်စီးကြောင်း နှစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ စွမ်းအားနှစ်ခုသည် ပေါင်းစပ်သွားပြီး သူ၏ရင်ဘတ်ပေါ်တွင် ယင်ယန်ပုံစံအဖြစ် ပေါင်းစည်းသွားသည်။ ချန်ကူ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက် သည် အဆပေါင်းများစွာ တိုးမြင့်လာသည်။

"ဒါက မီးနဲ့ရေ ယန်နဲ့ယင်ကို ပေါင်းစပ်မှုကနေ ဖြစ်ပေါ်လာတဲ့ မီးနဲ့ရေ ယန်နဲ့ယင် စွမ်းအားလား?။ ချင်ယွင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် အစကတည်းကနေ ဤအခိုက်အတန့်ကို စောင့်မျှော်နေခဲ့သည်။ ချန်ကူသည် မီးနှင့်ရေ ယန်ယင်ပညာရပ်ကို နှစ်ပိုင်းခွဲပြီး သန့်စင်နိုင်ခဲ့သောကြောင့်၊ သူသည် မီးနှင့်ရေကို ပေါင်းစပ်နိုင်မည်မှာလည်း သေချာပါသည်။

ယခုအချိန်တွင် ရေနှင့်မီးတို့ ပေါင်းစပ်သွားပြီး စွမ်းအားက ကြီးမားလှသည်။ အမှန်တကယ်ဆို၊ ချန်ကူသည် ယခုအချိန်တွင် အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်နှင့် အကန့်အသတ်မရှိ နီးကပ်နေပါပြီ။

"ငါ မင်းကို သေစေချင်တယ်။" ချန်ကူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် စိုက်ကြည့်ရင်း သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒများ အပြည့်ရှိနေပြီး၊ သူ၏ခန္ဓာကိုယ် ပေါ်ရှိ အငွေ့အသက်များကလည်း ပို၍ပင် ကြောက်စရာကောင်းလာသည်။

All Chapters