← Chapters

အခန်း ၇၁၂

Vol. 48 Ch. 712

အခန်း ၇၁၂

Vol. 48 Ch. 712

အခန်း (၇၁၂) နဂါးနတ်ဘုရား၏ ကမ္ဘာကြီးကိုအမြတ်ပြတ်ချေမှုန်းခြင်း။

ဝှီး….။

ချန်ကူသည် ချက်ချင်း ပျံထွက်သွားပြီး သူ၏အရှိန်ဟုန်က ယခင်ကထက် သုံးဆနီးပါး ပိုမြန်လာသည်။

သူ၏အရှိန်အဟုန်သည် မယုံနိုင်လောက်အောင် မြန်ဆန်ပြီး ပြင်းထန်ကာ လေထဲတွင် အနီရောင်နှင့် အပြာရောင်အလင်းတန်းများအဖြစ်ပင် ပြောင်းလဲသွားသည်။

ချင်ယွင်၏ မျက်လုံးများတွင် အံ့အားသင့်ဟန် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူသည် သူ့ဆီသို့ အပြေးအလွှား ပြေးဝင်လာနေသော ချန်ကူကိုကြည့်ကာ ချန်ကူ၏ လျင်မြန်ပြီး ပြင်းထန်သော လက်သီးချက်များကို တားဆီးရန် သူ၏ရင်ဘတ်ရှေ့တွင် သူ၏လက်နှစ်ဖက်ကို အလျင်အမြန် ကန့်လန့်ဖြတ် ကာထားလိုက်သည်။

“ဘုန်း”

ချန်ကူ၏လက်သီးချက်သည် ချန်ကူ၏လက်နှစ်ဖက်ကို အပြင်းအထန် ထိသွားပြီး ကြောက်စရာကောင်းသော စွမ်းအားများသည် ချန်ကူ၏လက်များပေါ်သို့ ချက်ချင်းပင် ဖြာကျလာသည်။

ချန်ကူသည် ကြီးမားပြင်းထန်လှသော အင်အားကြောင့် နောက်သို့ပင် လွင့်ပျံသွားခဲ့ သည်။

"သေလိုက်တော့”။

ချန်ကူသည် ချင်ယွင်ကို အနားယူခွင့် မပြုတော့ဘဲ သူ၏ရုပ်အသွင်ပြင်က နောက်တကြိမ် ပစ်ဝင်သွားပြန်သည်။ သူသည် အမှန်တကယ်ပင် လေဟာနယ် အပေါ် ခြေနင်းပြီး ချင်ယွင်၏နောက်သို့ လိုက်ပါသွားခဲ့သည်။

ချင်ယွင်သည် သူ၏နောက်သို့ လိုက်ပါလာနေသော ချန်ကူကို ကြည့်ရင်း သူ၏မျက်လုံးများတွင် လေးနက်မှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။

ချန်ကူ၏ မီးနှင့်ရေ ပေါင်းစပ်မှုမှ ထွက်ပေါ်လာသော စွမ်းအင်သည် အမှန်တကယ်ပင် သူ၏ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အနှစ်သာရ နှင့် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်တို့၏ ပေါင်းစပ်မှုထက် သာလွန်နေသည်။

"ဟမ့်၊ သေလိုက်တော့” ချန်ကူသည် ချင်ယွင်ကို အသက်ရှူရန် အခွင့်အရေးပင် မပေးခဲ့ပေ။ သူသည် ချင်ယွင်၏ရှေ့မှာ တဖန် ပေါ်လာပြန်သည်။ သူ၏လက်သီးတွင် ရစ်ပတ်နေသော အနီရောင်နှင့် အပြာရောင် စွမ်းအင်တွေက လွန်စွာ လှပနေပြီး၊ ထိုစွမ်းအင်မှ ထုတ်လွှတ်လိုက်သည့် စွမ်းအင်အတက်အကျ လှိုင်းတွေက သူ၏ နှလုံးသားကို ရင်တုန်စေရုံသည်။

အကယ်၍ ချင်ယွင်သည် ဤလက်သီးချက်ဖြင့် ထိမှန်ခံရပါက၊ သူသည် မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိနိုင်သည်။

"နဂါးလက်သီးသိုင်းရဲ့ ဒုတိယသိုင်းကွက်၊ ကောင်းကင်ဘုံ၌ ပျံသန်းသောနဂါး။" ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါးဟိန်းဟောက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ပျံသန်းနေသော ရွှေရောင် နဂါးတစ်ကောင်က ချင်ယွင်၏ လက်သီးချက်မှ ရုတ်တရက် ပျံထွက်သွားပြီး ချန်ကူ၏ အနီရောင်နှင့် အပြာရောင် စွမ်းအားတွေ ရစ်ပတ်ထားသော ချန်ကူ၏ လက်သီးနှင့် အပြင်းအထန် တိုက်မိသွားသည်။

"ဘုန်း”။

အင်အားနှစ်ခု ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံမိပြီး ကျယ်လောင်သော ပေါက်ကွဲ အသံတွေ ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးစလုံးသည် လွင့်ပျံသွားခဲ့ကြပြီး၊ ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ တုန်ခါမူများကြားတွင် သူတို့၏ ခြေထောက်အောက်ရှိ မြေပြင်သည် ရုတ်တရက် ပြိုကျသွားသည်။

ရန်ဖန်းယာနှင့် အခြားသူများသည် အဝေးသို့ ဆုတ်ခွာသွားကြပြီး၊ ဤမြင်ကွင်းကို မြင်လိုက်ရလျှင်၊ သူတို့၏ မျက်နှာများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဤတိုက်ပွဲမျိုးသည် အများဆုံး နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်အဆင့်တွင် ရှိပေသည်။ အစစ်အမှန် အင်မော်တယ်အဆင့် တိုက်ပွဲများသည် ထိုကဲ့သို့သော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာမည်ဟု သူတို့ ဘယ်တုန်းကမှ မထင်မှတ်ထား ခဲ့ပေ။ ကီလိုမီတာတစ်ဆယ် အကွာအဝေးအတွင်းရှိ သစ်ပင်များ၊ တောင်တန်းများနှင့် ကျောက်တုံးများ အားလုံးသည် တစ်ကြိမ်တည်းတွင် ပျက်စီးသွားကြသည်။

အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ကမ္ဘာရှိ ကျောက်တုံးများသည် အလွန်မာကျော သောကြောင့် ဖြစ်သည်။ အကယ်၍ ဤတိုက်ပွဲသည် သေမျိုးကမ္ဘာ၏ မြေကမ္ဘာပေါ်တွင် ဖြစ်ခဲ့ပါက၊ ကောင်းကင်တုန်ခါလောက်သည့် နောက်ဆက်တွဲ တုန်ခါမူများကြောင့် သေမျိုးဂြိုလ်ကမ္ဘာသည်ပင် ကြေမွသွားမည် ဖြစ်သည်။

ဟုတ်ပါသည်၊ ယခုအချိန်တွင်၊ ချင်ယွင် ဤနေရာသို့ ရောက်ရှိနေသည့်အတွက် သူတို့ ဝမ်းသာမိပါသည်။ ထိုသို့မဟုတ်ဘဲ၊ သူတို့အနေဖြင့် ချန်ကူကို ရင်ဆိုင်ရမည်ဆိုလျှင်၊ သေဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။

ရန်ဟန် နှင့် ရန်ရှန်းတို့ နှစ်ယောက်စလုံးသည် ရှက်စိတ်ဖြင့် ခေါင်းငုံ့လိုက်ကြသည်။ ချင်ယွင်အပေါ် ယခင်က သူတို့၏ သရော်လှောင်ပြောင်မှုများကို ပြန်လည် အမှတ်ရ လိုက်စဉ်၊ သူတို့၏စိတ်ထဲတွင် အလွန် ရှက်သွားကြသည်။ ဤတိုက်ပွဲပြီးလျှင်၊ ချင်ယွင်ကို တောင်းပန်ရမည်ဟု သူတို့ တွေးထားကြသည်။

အိုးယန်လျူသည် ဤအရာအားလုံးကို ကြည့်နေသည်။ သူ၏မျက်နှာပြင်ပေါ်တွင် အလွန် တည်ငြိမ်နေသော်လည်း သူ၏စိတ်ထဲတွင် အဆုံးမရှိ ထိတ်လန့်နေဆဲ ဖြစ်သည်။ သူနှင့်အတူ တက်လှမ်းလာသည့် ဤလူငယ်၏ ခွန်အားသည် ဤမျှလောက် ကြောက်စရာကောင်းသော အဆင့်ကို ရောက်ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထား ခဲ့ပါဘူး။

တစ်ချိန်တည်းမှာပင်၊ ယင်းက ချင်ယွင်ကို သူ၏ပန်းတိုင်အဖြစ် ခံယူရန် သူ၏ စိတ်ပိုင်းဖြတ်မှုကို လှုံ့ဆော်ပေးခဲ့သည်။ အိုးယန်လျူသည် အလွန်ထက်မြက်သောလူ မဟုတ်သော်လည်း သူသည် အမြဲတမ်း ပြတ်သားပြီး လုံ့လဝီရိယရှိသူ ဖြစ်သည်။ အကယ်၍၊ သူသည် ချင်ယွင်ကို အနှစ်တစ်ရာအချိန်တွင်း အမှီမလိုက်နိုင်ဘူးဆိုရင် တောင်မှ အနှစ်တစ်ထောင်အတွင်း လိုက်နိုင်လိမ့်မည်။ အကယ်၍၊ သူသည် ချင်ယွင်ကို အနှစ်တစ်ထောင်ကြာသည်အထိ မလိုက်နိုင်သေးဘူးဆိုလျှင်၊ အနှစ်တစ်သောင်း ဖြစ်သွားလိမ့်မည်။

တစ်နေ့ကျရင်၊ သူသည် သူ၏ရှေ့မှ ဤလူငယ်ကို အမှီလိုက်နိုင်မည်ဟု သူ ယုံကြည်ထားသည်။ သူသည် ဤလူငယ်နှင့် ဘေးချင်းကပ် မရပ်တည်နိုင်လျှင်တောင် အနည်းဆုံးတော့ သူ့ကို ကပ်လိုက်နိုင်ပါလိမ့်မည်။

ရန်ဖန်းယာ နှင့် အခြားသူများအပြင် အဝေးမှ ဓားပြများသည်ပင် အလွန် အံ့သြသွား ကြသည်။

ဤလူငယ်သည် သူတို့၏ အမာခံ ခံတပ်ခေါင်းဆောင်နှင့် လက်ရည်တူ တိုက်ပွဲ ဝင်နိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပါဘူး။

"ဘုန်း”

ယခုအချိန်တွင် ကွင်းပြင်ထဲ၌ တိုက်ပွဲသည် အဖြူရောင်အလင်းတန်းအသွင် ဖြစ်လာသည်အထိ ချင်ယွင်နှင့် ချန်ကူတို့သည် အဆက်မပြတ် တိုက်ခိုက်နေခဲ့ကြပြီး သူတို့နှစ်ဦးစလုံး၏ တိုက်ခိုက်မှုများသည် ပို၍ကြမ်းတမ်းလာကြသည်။

"ရေမီးလျှံ ကောင်းကင်တုန်ခါ လက်သီးချက်။"

"နဂါးလက်သီးသိုင်း၏ တတိယသိုင်းကွက် တိတ်ဆိတ်ခြင်းမှော်ဝင်နဂါး!"

နှစ်ယောက်စလုံးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး တုန်လှုပ် ချောက်ချားဖွယ် အင်အားစုနှစ်ခုက ချက်ချင်းဆိုသလို အပြင်းအထန် တိုက်မိသွားသည်။

"ဘုန်း..”

နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်၊ ပြင်းထန်သော အင်အားသည် မုန်တိုင်းတစ်ခုကဲ့သို့၊ ကမ္ဘာအနှံ့ လွင့်စဉ်သွားပြီး၊ ကောင်းကင်နှင့် မြေကြီးပါ တဟုန်ထိုး တုန်လှုပ်သွားသည်။

ချင်ယွင်နှင့် ချန်ကူတို့ နှစ်ယောက်စလုံးသည် နောက်ပြန် ဆုတ်သွားကြသည်။ သူတို့ နှစ်ဦးသည် သူတို့၏ကိုယ်ခန္ဓာတွေကို တည်ငြိမ်အောင်မထိန်းမီ မြေပြင်ပေါ်မှ ပေရာပေါင်းများစွာ အကွာအဝေးအထိ ပွတ်ဆွဲသွားကြသည်။

"ဝေါင်း..”

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျလာသည်။ ယခုတိုက်ခိုက်မှုကို သူသည် ခံနိုင်ရည်ရှိခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ စွမ်းအင် လှိုင်း ရိုက်ခတ်မူကြောင့် ဒဏ်ရာရရှိနေဆဲ ဖြစ်သည်။

ချန်ကူလည်း သိပ်ပြီး ကောင်းမွန်ခြင်း မရှိပါဘူး။ ထိုအချိန်တွင် သူ၏မျက်နှာသည် လည်း ဖြူဖျော့နေ၏။ ထင်ရှားသည်မှာ၊ သူသည် ယခုလေးတင် အပြင်းအထန် တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။

"ကောင်လေး၊ မင်းရဲ့ခွန်အားက တကယ်ကို ကြောက်စရာကောင်းတယ်လို့ ငါ ဝန်ခံရ မယ်။ ဒါပေမယ့် အခု အရာအားလုံး ပြီးဆုံးသွားပါပြီ။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ နောက်ထပ် တိုက်ခိုက်မှုကို မင်း တားဆီးနိုင်မှာ မဟုတ်ဘူး။" ချန်ကူသည် ချင်ယွင်ကို သူ၏ မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်လိုက်သည်။

တကယ်တော့ မျက်လုံးချင်းတစ်လုံးစီမှာပင် အနီရောင်တစ်မျိုးနှင့် အပြာရောင် တစ်မျိုးဟု အရောင်နှစ်မျိုး ရှိနေသည်။ အပြာရောင်မျက်လုံးများတွင် အေးစက်စက် သတ်ဖြတ်လိုသည့်ဆန္ဒ အပြင် နောင်တရမှု အရိပ်အယောင်လည်း ရှိနေသေးသည်။

"တကယ်လား၊ ဒါဆို မင်းရဲ့လှုပ်ရှားမှုက ဘယ်လောက်တောင်မှ အစွမ်းထက်လဲဆိုတာ ငါ ကြည့်ချင်မိတယ်" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ပွဲဝင်လို စိတ်ဖြင့် ဝင်းလက်တောက်ပလာသည်။

ဤသည်မှာ သူသည် အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။ သူသည် အရှုံးကို လွယ်လွယ်ကူကူဖြင့် မည်သို့ ဝန်ခံနိုင်မည် နည်း? ။

ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာပြီး သူ၏ခြေထောက်များကြားတွင် လက်သီးတစ်ချက် ထိုးသွင်းလိုက်ပြီးနောက် မြေပြင်သည် ချက်ချင်း ကွဲအက်သွားသည်။

"မင်းရဲ့စိတ်ဝိညာဉ်ကပဲ မောက်မာတာလား?။ ဒါမှမဟုတ် မိုက်ရူးရဲဆန်တာလား? ငါမသိဘူး? ဒီလိုဆိုမှတော့၊ မင်း ငရဲကို သွားနိုင်ပြီ။ ရေ၊ မီး၊ ငရဲဘုရင်၊ ထွက်လာခဲ့စမ်း” ချန်ကူက အော်ဟစ်လိုက်သည်။ သူသည် သူ၏လက်ကို ဖွင့်လိုက်သည်နှင့် အနီရောင်နှင့် အပြာရောင် စွမ်းအင်များစွာသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

အမှန်တကယ်ပင် ၎င်းစွမ်းအင်များသည် အလွန်ကြီးမားသော အနီရောင်နှင့် အပြာရောင်စွမ်းအင် ပုံရိပ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤပုံရိပ်ကြီးမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အငွေ့အသက်သည် တစ်စုံတစ်ယောက်၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသည်အထိ ကြောက်မက်ဖွယ်ကောင်းသည်။

ပုံရိပ်ကြီးသည် ပေတစ်ရာမြင့်မားပြီး ငရဲမှ ယာမဘုရင် လမ်းလျှောက်ထွက်လာသကဲ့သို့ သူ၏မျက်နှာက ရက်စက်ကြမ်းကြုတ်လှသည်။

"သေလိုက်တော့” ချန်ကူက အော်ဟစ်လိုက်သည်။

ကောင်းကင်ယံရှိ ယာမဘုရင်၏ ဧရာမပုံရိပ်ကြီးသည် ချင်ယွင်ကို လုံးလုံးလျားလျား ချေမှုန်းပစ်မည့်အလား နက်ရှိုင်းကြီးမားသော လက်မောင်းကြီးဖြင့် ချင်ယွင်ကို ဖမ်းဆုပ်လိုက်သည်။

ရန်ဖန်းယာ နှင့် တခြားလူများသည် ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသည့်အခါ၊ သူတို့၏နှလုံးသားများသည် ချက်ချင်း ခုန်သွားရသည်။ ဧရာမ ပုံရိပ်ကြီးက သူတို့ကို ကြောက်စရာကောင်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်ကို သူတို့ သိပါသည်။ အကယ်၍ သူတို့သည် ထိုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်အရာကို ရင်ဆိုင်ရပါက၊ ၎င်းတို့သည် ရုန်းကန်ရန် နေရာပင် မရှိနိုင်တော့ဘဲ ဤယာမဘုရင်၏ပုံရိပ်ကြီးကြောင့် လုံးဝ ကြေမွသွားလိမ့်မည် ။

"မင်းက ငါ့ကို သေစေချင်တာလား?။ အိပ်မက်မက်လိုက်ဦး….”

သို့သော် ယခုအချိန်တွင် ချင်ယွင်သည် ပေါက်ကွဲထွက်သည့်အလား ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်သည်။

ကောင်းကင်ဘုံတုန်လှုပ်လောက်သည့် နဂါးကြီးတစ်ကောင်၏ ဟိန်းဟောက်သံသည် သူ၏ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ချင်ယွင်၏ မျက်လုံးထောင့်စွန်းများသည် ကွဲအက်သွားကာ လျှပ်စီးကြောင်းကဲ့သို့ အက်ကွဲကြောင်းများ ပေါ်လာသည်။ အက်ကွဲကြောင်းများသည် လောင်ကျွမ်းနေသော ချော်ရည်ကဲ့သို့ စီးဆင်းနေသော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်နေသည်။

ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာများစွာတွင် အလားတူမြင်ကွင်းမျိုး ပေါ်လာသည်။ ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထူးဆန်းသော ရွှေပုံစံအလွှာများဖြင့် ရေးထွင်းထားပုံရသည်။

ချင်ယွင်၏ ခန္ဓာကိုယ်မှ ဧရာမနဂါးကြီးတစ်ကောင်ကဲ့သို့ ကြီးကျယ်ခမ်းနားသော အငွေ့အသက် တစ်ခု ထွက်ပေါ်လာသည်။

အနက်ရောင်ဆံပင်များက သူ၏နောက်ကျောပေါ်တွင် ကခုန်နေကာ ချင်ယွင်၏ မျက်လုံးများသည် ရွှေရောင်ပြောင်းသွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါး အငွေ့အသက်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ၎င်းသည် ဖော်မပြနိုင်လောက်အောင် လွှမ်းမိုးကြီးစိုးပြီး ကြီးကျယ်ခမ်းနားလှသည်။

"နဂါးလက်သီးသိုင်း စတုတ္တအကွက်- နဂါးနတ်ဘုရားအမြတ်ပြတ်ချေမှုန်းခြင်း"

ချင်ယွင်သည် သူ၏ပါးစပ်မှ စကားလုံးတစ်လုံးချင်းစီကို ထုတ်ဖော်ပြောလိုက်သည်။ သူထုတ်ဖော်ပြောလိုက်သည့် စကားလုံးတိုင်း၊ သူ၏အငွေ့အသက်တွေက ပေါက်ကွဲ ထွက်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်ပုံစံတွေက ပို၍ပင် လှပလာသည်။ သူသည် နောက်ဆုံးစကားလုံးကို ပြောဆိုပြီးသည့်အခါ၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက် သည် တုနှိုင်းမရသည့်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။

"ဘုန်း”။

မြေကြီးက တုန်ခါသွားပြီး၊ ချင်ယွင်သည် သူရှိနေသည့်နေရာမှ ချက်ချင်း ပျောက်သွားသည်။ သူသည် ယာမဘုရင်ပုံရိပ်ကြီး၏ ဖြန့်ကားထားသော လက်ဖဝါးကြီး ရှေ့တွင် ပြန်ပေါ်လာသည်။

ထိုအခိုက်တွင်၊ ချင်ယွင်၏ လက်သီးသည် ယာမဘုရင်၏ လက်ဖဝါးထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။

All Chapters