← Chapters

အခန်း ၇၁၃

Vol. 48 Ch. 713

အခန်း ၇၁၃

Vol. 48 Ch. 713

အခန်း (၇၁၃) ချန်ကူကိုသတ်ဖြတ်ခြင်း။

"ဘုန်း..”။

ကောင်းကင်ဘုံ တုန်ခါလောက်သည် ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

ယာမဘုရင်၏ ကြောက်မက်ဖွယ် ပုံရိပ်ကြီးသည် ချက်ချင်း ပြိုကျမသွားမီ တစ်ခဏမျှ ပြင်းထန်စွာ လှုပ်ယမ်းသွားသည်ကို လူတိုင်း မြင်လိုက်ရသည်။

"ဘာ… ?" ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ ချန်ကူသည် လုံးဝကို ထိတ်လန့်သွားပြီး သူ၏မျက်နှာက နှိုင်းစာ၍မရအောင်ပင် ထိတ်လန့်သွားသည့် အမူအရာများဖြင့် ပြည့်နှက်နေ၏။

ဤသည်မှာ သူ၏ ရေနှင့်မီးယန်ယင်ပညာရပ်တွင် အစွမ်းထက်ဆုံး သိုင်းကွက် ဖြစ်သည်။ အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် ကျွမ်းကျင်သူ တစ်ဦးသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း၊ ၎င်းသိုင်းကွက်ကို တိုက်ရိုက် အပြင်းအထန် လှုပ်ခါရန် မဝံ့ရဲပေ။ သို့သော်၊ ဤချင်ယွင်သည် ၎င်းကို လက်သီးတစ်ချက်ဖြင့် ချေမွပစ်လိုက်သည်။

ရန်ဖန်းယာ နှင့် ခပ်လှမ်းလှမ်းမှ အခြားလူများသည်လည်း လုံးဝကို ထိတ်လန့်သွားကြ သည်။ ရန်ရှန်းနှင့် ရန်ဟန်တို့၏ မျက်လုံးများသည် အဝေးမှ ရွှေရောင်အလင်းတန်း တစ်ခုကို ဖြတ်ကျော်သွားပုံရသည့် ချင်ယွင်ကို ပြင်းထန်သော လေးစားမူနှင့်အတူ လှမ်းကြည့်လိုက်စဉ် သူတို့၏ မျက်လုံးများသည် ချက်ချင်းပင် ပူလောင်လာကြသည်။

ဝှီး….။

လေထုကို ထိုးဖောက်ဝင်ရောက်သည့် အသံများ ရုတ်တရက် ထွက်ပေါ်လာပြီး ချင်ယွင်၏ ရုပ်အသွင်သည် ရွှေရောင်အလင်းတန်းများ ဖြန်းခနဲ လင်းလက်သွားသည့် အလား ချန်ကူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

ချန်ကူ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူသည် အမြန် နောက်ဆုတ်ချင်လာသည်။

"ဘုန်း…”။

သို့သော်လည်း ချင်ယွင်သည် ချန်ကူကို ထွက်ပြေးလွတ်မြောက်ရန် အခွင့်အလမ်း အနည်းငယ်မျှ မပေးခဲ့ဘဲ သူ၏လက်သီးသည် ချက်ချင်းပင် ချန်ကူ၏ဝမ်းဗိုက်ကို ထိမှန်သွားခဲ့သည်။

ချန်ကူ၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးထွက်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခု လုံးသည် ပုဇွန်တစ်ကောင်ကဲ့သို့ ကွေးညွှတ်နေပြီး သူ၏ပါးစပ်က ကျယ်လောင်စွာ ပွင့်ဟသွားကာ၊ သွေးတွေက အဆက်မပြတ် အန်ထွက်နေ၏။ သူ၏မျက်နှာသည် ထိတ်လန့်တုန်လှုပ်မူ အပြည့်ရှိနေသည်။

ထိုအချိန်တွင်၊ သူ၏ဝမ်းဗိုက်မှ အဆုံးမရှိသော စွမ်းအားများ စီးဆင်းသွားသလို ခံစားလိုက်ရသည်။ ဆည်ကျိုးသွားသော မြစ်ရေသည် အဆက်မပြတ် စီးဆင်းနေ သကဲ့သို့ပင်။

"ပြောစမ်း၊ ဖန်လျှန်တောင်မှာ မင်း အမာခံခံတပ်စခန်းကို တည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက် အတိအကျက ဘာလဲ?။ ချင်ယွင်၏ အသံသည် အေးစက်နေပြီး သူ၏မျက်နှာပေါ်မှ အရေခွံတစ်ပိုင်း ပြုတ်ကျသွားကာ ရွှေရောင်နဂါးကြေးခွံက အစားထိုး ပေါ်လာသည်။

ရွှေရောင်နဂါးအကြေးခွံများသည် တောက်ပသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေပြီး၊ ယင်းကြောင့် မြင်ကွင်းတစ်ခုလုံးသည် တုနှိုင်းမရအောင် ခမ်းနားနေ သည်။

မှန်ပါသည်။ ဤသည်မှာ၊ နဂါးလက်သီးသိုင်း၏ စတုတ္ထမြောက် သိုင်းကွက်ဖြစ်သည့် : နဂါးအသွင်ပြောင်းခြင်း၏ အမှန်တကယ် ကြောက်စရာကောင်းသည့် အရာဖြစ်ပါသည်။

ထိုအချိန်တွင်၊ ချန်ကူ၏ မျက်နှာသည် ဖြူဖျော့နေ၏။ ချင်ယွင်၏ အမေးကို ကြားသောအခါ၊ ကြောက်ရွံ့မှုအရိပ်အယောင်များက သူ၏မျက်လုံးများထဲသို့ တိုးဝင်လာသည်။

"မသိဘူး၊ မင်း ငါ့ကိုသတ်ရင်တောင် ငါ ဘာမှ မပြောပြနိုင်ဘူး?" ချန်ကူသည် ပြတ်သားစွာ ပြောလိုက်ပြီး သူ၏မျက်လုံးတွေက ဆုံးဖြတ်ချက်ပြတ်သားမူ အပြည့် ရှိနေသည်။

ချင်ယွင်သည် သေရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သော ချန်ကူကို ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ၏မျက်လုံးများတွင် အံ့အားသင့်ဟန် အရိပ်အယောင်များ ပေါ်လာသည်။

မည်သို့ လျှို့ဝှက်ချက်မျိုး ဖြစ်နေပါသနည်း? ဤချန်ကူသည် သူ သေဆုံးသွားလျှင်ပင်၊ သူ့ကို ပြောပြရန် ငြင်းဆန်နေခဲ့ပါသည်။

"ဟမ့်၊ မင်း ငါ့ကို မပြောပြဘူးဆိုမှတော့၊ မင်းကို ဆက်ထားလို့ ဘာအကျိုးရှိမှာလဲ?!" ချင်ယွင်က အော်ဟစ်ပြီး ချန်ကူ၏ ခေါင်းကို ထိုးချလိုက်သည်။

"ဘုန်း..”

ချန်ကူ၏ ဦးခေါင်းသည် ပေါက်ကွဲသွားပြီး၊ မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီးနောက်၊ သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားသည်။

အဝေးမှ လူတွေအားလုံး ဤမြင်ကွင်းကို မြင်လိုက်ရလျှင် အံ့အားသင့်သွားကြသည်။ အထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်သူတစ်ဦးကို လက်သီးတစ်ချက်ဖြင့် သတ်လိုက်ခြင်းလား?။

အထူးသဖြင့် ဖန်လျှန်တောင်တန်းဓားပြအဖွဲ့ခွဲမှ အဖွဲ့ဝင်များ ဖြစ်သည်။ ချင်ယွင်ကို ကြည်သည့် သူတို့အကြည့်များသည် တစ္ဆေသရဲ သို့မဟုတ် နတ်ဘုရားတစ်ပါးကို မြင်လိုက်ရသလိုမျိုး အလွန်ထိတ်လန့်သွားကြသည်။

ချင်ယွင်သည် သူတို့ကို မကြည့်နိုင်ပေ။ ယင်းအစား သူသည် ပါးစပ်ထဲ သွေးတွေ အန်ထုတ်ပြီး မြေပြင်ပေါ် ပစ်လဲကျသွားသည်။

"ချင်ယွင်”

ထိုမြင်ကွင်းကို မြင်တော့ ရန်ဖန်းယာ နဲ့ တခြားသူတွေက ချင်ယွင်ရှိသည့် နေရာဆီကို အလျင်အမြန် ပြေးသွားကြသည်။ ဆေးလုံးများကို ဂရုတစိုက် သောက်ပြီး၊ အချိန် အတော်ကြာပြီးနောက် သူတို့သည် ပြန်လည် ကောင်းမွန်လာကြပြီး၊ ရန်ဖန်းယာ နှင့် အခြားလူများ၏ ကြံ့ခိုင်မှုသည် ပြန်လည်ကောင်းမွန်လုနီးပါး ဖြစ်နေကြပါပြီ။

ထို့ကြောင့် ချင်ယွင်သည် မြေပြင်ပေါ်သို့ လဲကျသွားစဉ် ရန်ဖန်းယာနှင့် အခြားသူများ သည် ချင်ယွင်၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ချင်ယွင်၊ မင်း အဆင်ပြေရဲ့လား?” ရန်ဖန်းယာက စိုးရိမ်တကြီး မေးသည်။

ချင်ယွင်သည် ပြင်းထန်သော ဝေဒနာကို ကြိုးစားတောင့်ခံရင်း ခေါင်းယမ်းပြကာ၊ ရန်ဖန်းယာသည် သူ့ကို မနှောင့်ယှက်ဘဲ သူ့ကို ခဏလောက် အနားယူခိုင်းသင့်ကြောင်း အချက်ပြလိုက်သည်။

ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် အလွန်အမင်း ပြိုလဲကျသွားခဲ့ရသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်များသည် တိုက်ရိုက် ကုန်ခမ်းသွားခဲ့သည်။ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အနှစ်သာရများပင် အလွန် နည်းပါးသွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ အနန္တဒြဗ်စင်များသည်လည်း မှိန်ဖျော့ဖျော့ ဖြစ်လာပြီး၊ အလင်းရောင် ကင်းမဲ့လာသည်။

ဤသည်မှာ နဂါးနတ်ဘုရား၏ နဂါးလက်သီးသိုင်းဖြစ်သည့် စတုတ္ထမြောက် သိုင်းကွက်ကို အပြင်းအထန် အသုံးပြုခြင်း၏ ရလာဒ်ဖြစ်ပါသည်။ သူ၏ လက်ရှိ အင်အားဖြင့်၊ ကမ္ဘာကြီးကိုအမြစ်ပြတ်ချေမှုန်းခြင်း သိုင်းကွက်ကို အသုံးပြုရန် လုံလောက်သော အင်အားမရှိပေ။ အတင်းအကြပ် တွန်းအားပေး အသုံးပြုခြင်းသည် သူ၏ခန္ဓာကိုယ်ကို ပြိုလဲစေရုံသာ ဖြစ်စေလိမ့်မည်။

သို့သော် ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်သည် မသေမျိုးနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုသို့မဟုတ်လျှင်၊ ဤသိုင်းကွက်ကြောင့် ယခုလေးတင် ဖြစ်ပေါ်လာသော ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးတွေကြောင့် ချင်ယွင်သည် သူ၏အသက်ကို လုံးလုံးလျားလျား ဆုံးရှုံးသွားစေရန်ပင် လုံလောက်ပါလိမ့်မည်။

ဝှီး…။

ချင်ယွင်သည် ဒဏ်ရာရသွားသည်ကို မြင်လျှင်၊ အဝေးမှာရှိနေသော ဓားပြများသည် အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားကြသည်။

"သူတို့ကို သတ်။ သူတို့ကို လုံးဝ လွတ်မြောက်ခွင့် မပေးနိုင်ဘူး" ရန်ဟန်က ကမန်းကတန်း အမိန့်ပေးလိုက်သည်။ ထို့နောက် သူအပါဝင် ရန်ရှန်း နှင့် အိုးယန်လျူ တို့သည် တစ်ချိန်တည်းမှာပင် အဝေးသို့ ထွက်ပြေးလာသော ဓားပြများဆီသို့ တိုက်ရိုက် ပြေးသွားကြသည်။

သိပ်မကြာခင်မှာပင်၊ ထိုဓားပြများအားလုံးသည် သူတို့သုံးယောက်လက်ထဲမှာ သေဆုံးသွားကြပါသည်။

ဤဓားပြများသည် သေမျိုးများကို သတ်ဖြတ်ခဲ့သည့်အတွက်၊ သူတို့သေဆုံးခြင်းက ထိုက်တန်ပါသည်။

ချင်ယွင်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ဒဏ်ရာများကို တဖြည်းဖြည်း ပြန်လည် ကုစားနေပါသည်။ ရန်ဖန်းယာ၊ ရန်ဟန် နှင့် အခြားသူများသည် ဖန်လျှန် တောင်၏ တောင်ခြေရင်းကို မရှာဖွေသေးဘဲ ချင်ယွင်ကို စောင့်ကြပ်ပေးနေခဲ့သည်။

အမှန်တကယ်ဆို၊ ချင်ယွင်သည် သူ၏မူလခန္ဓာကိုယ် နေရာကို အစားထိုးရန်အတွက် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို ဆင့်ခေါ်နိုင်ပါသည်။ သို့သော် ချင်ယွင်သည် ထိုကဲ့သို့ မလုပ်ခဲ့ပေ။ ပထမအချက်အနေဖြင့်၊ သူသည် ကိုယ်ပွားများ ပိုင်ဆိုင်ထားသည်ကို တခြားလူတွေကို မသိစေချင်ပါဘူး။

ဒုတိယအချက်အနေဖြင့်၊ ရန်ကလန်၏ တပည့်သုံးယောက်သည် သူ့ကိုသတ်ဖို့ ရည်ရွယ်ချက် ရှိမရှိကိုလည်း သူ စမ်းသပ်ချင်ပါသေးသည်။ ကံကောင်းထောက်မစွာပင်၊ ရန်ဟန်နှင့် ရန်ရှန်းတို့သည် အလွန်စည်းကမ်းရှိကြပြီး၊ ယခုအချိန်တွင်၊ ရန်ရှန်းသည်ပင် ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်တွေက အမှန်တကယ် လေးစားမူအပြည့် ရှိနေပါသည်။

ရန်ဖန်းယာကတော့ ချင်ယွင်၏အနားမှာ တိတ်တဆိတ် ရပ်နေပြီး သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေပါသည်။ အမှန်ဆိုလျှင်၊ လွန်ခဲ့သည့် တစ်လလောက်ကမှ တက်လှမ်း လာသူတစ်ဦးသည် အထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူကို အဘယ်ကြောင့် သတ်ဖြတ်နိုင်ရသနည်း?။ ထို့အပြင်၊ ဤလူသည် သူမနည်းသူ အစီအရင်ဝင်္ကပါများကို အဘယ်ကြောင့် နားလည်ထားရ သနည်း?။ ဤမေးခွန်းများကို သူမသည် အလွန်သိချင်နေပါသည်။

သို့သော် အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမသည် မည်သည့် အကြောင်းကိုမျှ မတွေးနိုင်တော့ဘဲ၊ သူမရှေ့ရှိ ဤလူငယ်သည် အလွန်မင်း လျှို့ဝှက်ဆန်းကြယ်သည်ဟု သာ သူမ ခံစားနိုင်တော့သည်။

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ သုံးနာရီခန့်ကြာပြီးနောက် ချင်ယွင်သည် နောက်ဆုံးတွင် သူ၏မျက်လုံးများကိုဖွင့်ကာ မတ်တပ်ရပ်လိုက်သည်။

ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်သည် ထက်ဝက်ကျော် ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူ၏ ကြံ့ခိုင်မှုသည် ယခင်အခြေအနေ၏ ခုနှစ်ဆယ်ရာခိုင်အနှုန်းအထိ ရှိလာခဲ့ပါသည်။ ယခုအချိန်တွင် သူသည် လှုပ်ရှားရန်အတွက် လုံလောက်ပါသည်။

ရန်ဖန်းယာ နှင့် အခြားသူများသည် ချင်ယွင် သူ၏ဒဏ်ရာများ ကုစားနေရာမှ နိုးလာသည်ကို မြင်သောအခါ သူတို့သည် ချက်ချင်းပင် သူ့ကိုဝိုင်းပြီး မေးမြန်းကြသည်။

အမှန်တကယ်ဆို၊ ရန်ဟန်သည် ချင်ယွင်အား သူ၏ဆေးလုံးကို သောက်ဖို့အတွက် ထုတ်ပေးခဲ့သော်လည်း ချင်ယွင်က ငြင်းဆန်ခဲ့ပါသည်။

တစ်ဖက်တွင်မူ၊ ရန်ရှန်းသည် ချင်ယွင်၏ သိုင်းကျမ်းနှင့် ပတ်သက်ပြီး ပွက်လောရိုက် အောင် ပြောဆိုနေပြီး၊ သူသည် ချင်ယွင်ကို အလွန်သဘောကျနေပုံရသည်။

ချင်ယွင်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ ရန်ကလန် တပည့်များသည် အစပိုင်းတွင် အနည်းငယ် မာနကြီးသော်လည်း ၎င်းတို့၏ သဘောသဘာဝမှာ မဆိုးလှပေ။ ယင်းကိုလည်း အသတ်ခံရသော သေမျိုးများကို တွေ့ဆုံရချိန်မှာ၊ ၎င်းတို့၏ ယခင်လုပ်ဆောင်မှုများမှ တဆင့် မြင်တွေ့နိုင်သည်။ ထို့နောက် ချင်ယွင်သည် မတ်တပ်ထရပ်လိုက်သည်။

"ဒါဆို ငါတို့ ဘာဆက်လုပ်ရမလဲ။ မျိုးနွယ်စုကို တာဝန်ယူခိုင်းမှာလား?" ရန်ဖန်းယာ က ချင်ယွင်ကို မေးသည်။

ရန်ဟန် နှင့် ရန်ရှန်းတို့သည် ချင်ယွင်ကို ကြည့်နေကြသည်။ ချင်ယွင်သည် သူတို့၏ ကျောရိုးဖြစ်နေပြီ ဖြစ်သည်။

"အလျင်လိုစရာ မလိုပါဘူး။ ဒီဓားပြတွေက ငါတို့မြင်သလို ရိုးရှင်းတယ်လို့ မထင်ဘူး။ သူတို့ရဲ့ အမာခံ ခံတပ်စခန်းကို အရင်သွားပြီးတော့ ဘာတွေများ ရှာဖွေတွေ့ရှိမလဲ ကြည့်ရအောင်။" ချင်ယွင်က ပြောသည်။

"အင်း” လူတိုင်းက ခေါင်းညိတ်ကြပြီး ချင်ယွင်၏ အကြံအစည်ကို သဘောတူကြသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်ကို ချွတ်ယူရန် ချန်ကူ၏အလောင်းဆီသို့ လျှောက်သွားလိုက်သည်။

"သူ့ရဲ့သိုလှောင်လက်စွပ်ထဲမှာ တစ်ခုခုတော့ ရှိနေမယ်လို့ ငါ မျှော်လင့်ပါတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ထို့နောက် သူသည် ချန်ကူ၏ သိုလှောင်လက်စွပ်ကို စစ်ဆေးရန် သူ၏ အင်မော်တယ် စိတ်အာရုံကို အသုံးပြုလိုက်သည်။

"ဘုန်း..”

ချန်ကူသည် သေဆုံးသွားပြီးကတည်းက ဤသိုလှောင်လက်စွပ်သည် သဘာဝအတိုင်း ပိုင်ရှင်မရှိတော့ပေ။ ထို့ကြောင့် ချင်ယွင်၏ အင်မော်တယ်စိတ်အာရုံက သူ၏ သိုလှောင်လက်စွပ်ထဲကို အတားအဆီးမရှိ ဝင်ရောက်သွားသည်။

"အိုး၊ အင်မော်တယ် ကျောက်စိမ်းတွေ အများကြီးပဲ” ချင်ယွင်၏ အင်မော်တယ် စိတ်အာရုံသည် ချန်ကူ၏ သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်လာချိန်တွင် သူ၏ရှေ့ရှိ မြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့ရသည်။

အမှန်တကယ်တော့ သိုလှောင်လက်စွပ်၏ နေရာအလွတ်ထဲတွင် သုံးမီတာမြင့်သည့် အပုံကြီးတစ်ပုံ ရှိနေသည်။ ၎င်းတို့အားလုံးသည် အင်မော်တယ် ကျောက်စိမ်းများဖြစ်ပြီး ၎င်းတို့အားလုံးသည် အဆင့်အမျိုးမျိုး ရှိကြသည်။

များပြားလှသော အင်မော်တယ် ကျောက်စိမ်းတုံးတွေကြောင့်၊ ချင်ယွင်တောင်မှ အနည်းငယ် ဝင်းလက်တောက်ပသွားသည်။

"အဲဒါက ဘာလဲ?" ထိုအချိန်တွင် ချင်ယွင်သည် ထောင့်တစ်နေရာမှ တစ်စုံတစ်ခု ကြောင့် ရုတ်တရက် ဆွဲဆောင်ခံလိုက်ရသည်။

All Chapters