အခန်း ၇၁၅
Vol. 48 Ch. 715
အခန်း (၇၁၅) အင်မော်တယ်ပစ္စည်းများ၏စျေးနှုန်း။
ရီယွန်သည် လွန်ခဲ့သော နှစ်တစ်ရာမပြည့်ခင်က သေမျိုးကမ္ဘာမှ တက်လှမ်းလာခဲ့သည့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမ၏အလှပကြောင့်သာမက၊ သူမ၏စိတ်နေစိတ်ထာနှင့် လျင်မြန်သော ဇဝနဉာဏ်ကြောင့် အပြင်ပခြံဝင်း၏ ဘဏ္ဍာစိုးတစ်ဦး ဖြစ်လာနိုင်ခဲ့ သည်။
အခြားအရာများကို အသာထား၊ ပထမဦးဆုံးအနေဖြင့်၊ ရန်ကလန်မှ အဆင့်အတန်း မနိမ့်ပါးသော လူပေါ်ကြော့သခင်လေးတစ်ဦးသည် သူမ၏ သလဲသီးဝတ်ရုံအောက်တွင် တိုက်ရိုက် ဦးညွှတ်ရလေသည်။ အဓိကကျသည်မှာ၊ ထိုလူပေါ်ကြောဖြစ်သော သခင်လေးသည် သူမ၏ အသားတစ်ပိုင်းကိုပင် မစားရသေးပါဘူး။
အင်မော်တယ်ကမ္ဘာတွင် မည်သည့်ခွန်အားကိုမှ မပိုင်ဆိုင်ဘဲ ခိုင်မာသော နောက်ခံမရှိသည့် ရီယွန်ကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးသည် ကစားစရာအဖြစ် အတင်းအကြပ် သိမ်းပိုက်ခံရသည်မှာ ကြာလောက်ပါပြီ။ သို့သော် ရီယွန်သည် ထိုလူပေါ်ကြော့ သခင်လေး၏ စိတ်ဆန္ဒများကို ထိန်းချုပ်နိုင်အောင် ပြုလုပ်ပြီး သူမနှင့်အတူ စိတ်လှုပ်ရှားဖွယ် ကစားနည်းများဖြင့် ဖြည်းညှင်းစွာ ကစားနိုင်ခဲ့သည်။ ဤရှုထောင့်မှကြည့်လျှင်၊ ရီယွန်သည် အလွန်ထက်မြက်သော မိန်းမတစ်ဦးဖြစ်ကြောင်း ပြသရန် လုံလောက်ပါသည်။
သို့သော်လည်း ရီယွန်လည်း ပြဿနာတက်နေရသည်။ မကြာသေးမီက၊ သူမသည် ထိုသခင်လေးကို သူမကိုယ်တိုင်ပင် မထိန်းနိုင်တော့ချေ။ ရီယွန်၏ မှန်းဆချက်အရဆို၊ အကယ်၍၊ သူမသည် ဤတစ်လအတွင်း ထိုသခင်လေးအား တိကျသော အဖြေကို မပေးခဲ့ဘူးဆိုလျှင်၊ ထိုသခင်လေးသည် သူမအပေါ် အင်အားသုံးမည်မှာ သေချာပါသည်။
ထိုသခင်လေးသည် သူလိုချင်သည့်အရာကို ရယူပြီးနောက် ရီယွန်ကို မြတ်နိုးတော့မည် မဟုတ်ကြောင်း ရီယွန် သိပါသည်။ သူမသည် ထိုလူပေါ်ကြော့သခင်လေးက သူမကို အလွယ်တကူ သိမ်းပိုက်သွားမည်ကို မည်သို့ ခွင့်ပြုနိုင်မည်နည်း?။ ထို့အပြင် ရန်ကလန် တွင် ထိုလူပေါ်ကြော့သခင်လေး၏ အဆင့်အတန်းသည် မနိမ့်ကျသော်လည်း သူ၏ စွမ်းရည်သည် ပျမ်းမျှသာ ဖြစ်သည်။ သူသည် ရီယွန်ရှာဖွေနေသည့် ကျင့်ကြံခြင်း လက်တွဲဖော်မျိုး မဟုတ်ပေ။
ထို့ကြောင့် ရီယွန်သည် သူမကိုယ်သူမ အပ်နှင်းရခြင်းမရှိဘဲ ဤအတားအဆီးကို မည်သို့ ကျော်လွှားနိုင်မည်နည်း ဆိုသည်ကို အမြဲတမ်း စိုးရိမ်နေခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်၏ ထွက်ပေါ်လာမူက သူမအား မျှော်လင့်ချက် တောက်ပစေ ခဲ့သည်။
သို့သော် သူမရှေ့ရှိ ချင်ယွင်သည် ထိုရန်ကလန်၏ သခင်လေးကို ဆန့်ကျင်ရန် ခွန်အား အမှန်တကယ် ရှိမရှိကို သူမ အတည်မပြုနိုင်သေးပေ။ ထို့ကြောင့် သူမသည် သတိထားနေရမည် ဖြစ်သည်။
အကယ်၍ သူမသည် ခြေတစ်လှမ်း မှားသွားမည်ဆိုလျှင်၊ အရာအားလုံး ဆုံးရှုံးသွားလိမ့်မည် ။
ယခုလေးတင် သူမသည် ချင်ယွင်ကို ဖြားယောင်းရန် အစီအစဉ်၏ ပထမခြေလှမ်း အဖြစ်၊ ချင်ယွင်၏ လက်ဖဝါးကို နှိုးဆော်ရန် သူမ၏ လက်ချောင်းများကို တမင်တကာ အသုံးပြုခဲ့သည်။
ချင်ယွင်သည် ထိုသခင်လေးကို ခုခံနိုင်သည်ဆိုလျှင်၊ ဤချင်ယွင်ကို ပထမဆုံး ချည်နှောင်ခြင်းသည် သူမအတွက် အမြဲ အကျိုးရှိပေလိမ့်မည်။
"သခင်လေးချင်၊ တကယ်လို့ သခင်လေး တစ်ခုခုလိုအပ်တယ်ဆိုရင်၊ အသံထွက်သာ ပြောလိုက်ပါ။ ရီယွန်ရဲ့ စကားတွေက အားနည်းပေမယ့် သခင်လေးကို ကူညီဖို့ သေချာပေါက် ကြိုးစားပေးမှာပါ" ရီယွန်က ဆွဲမက်ဖွယ်ကောင်းစွာ ပြုံးလိုက်သည်။
"မိန်းကလေး ရီယွန်က စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို ကြားဖူးလားဆိုတာ ကျွန်တော် သိနိုင်မလား။" ချင်ယွင်က မေးသည်။
"အဆင့်သုံး အင်မော်တယ်ဆေးလုံး စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလား?" ရီယွန်က အံ့သြစွာ မေးလိုက်သည်။
"မှန်ပါတယ်၊ အဲဒါက အဆင့်သုံး အင်မော်တယ်၊ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးပါ။ ကျွန်တော် အဲဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို ဘယ်နေရာမှာ ရနိုင်မလဲဆိုတာ စောင့်ကြည့်ပေးဖို့ မိန်းကလေးရီယွန်က ကူညီပေးစေချင်ပါတယ်။ ကျွန်တော်က အဲဒီဆေးကို အရေးပေါ်လိုအပ်နေလို့ပါ" ချင်ယွင်က အလောတကြီး ပြောလိုက်သည်။ ရီယွန်သည် စိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးလုံးအကြောင်း အမှန်တကယ် သိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ယင်းက သူ့အတွက် ပိုအဆင်ပြေပါလိမ့်မည်။
"ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးက အဆင့်သုံးအင်မော်တယ် ဆေးပြားဖြစ်တယ်။ ဒီ အင်မော်တယ်ဆေးပြားကို လျူလီမြို့ထဲမှာရှိတဲ့ လျူလီရန်ကုန်သည်ကြီးများအသင်း လေလံပွဲမှာ လေလံတင် ရောင်းချခဲ့ဖူးတယ်။ နောက်ဆုံးမှာတော့ လျှို့ဝှက်ဆန်းကြယ် တဲ့ အင်မော်တယ် ကျွမ်းကျင်သူတစ်ဦးက ဝယ်ယူသွားခဲ့တယ်။" ရီယွန်က ပြောသည်။
ထိုစကားကို ကြားလိုက်ရလျှင်၊ ချင်ယွင်၏ မျက်လုံးတွေက ချက်ချင်း တောက်ပလာပြီး ကမန်းကတန်း မေးမြန်းလိုက်သည် "မိန်းကလေးရီ၊ အခု အဲဒီလျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ် ကျွမ်းကျင်သူက ဘယ်မှာနေလဲ မင်း သိလား?"
သို့သော်လည်း ရီယွန်သည် ခေါင်းခါလိုက်ပြီး ပြောသည် "လျှို့ဝှက်ဆန်းကြယ်တဲ့ အင်မော်တယ် ကျွမ်းကျင်သူက လေလံပွဲကနေ ထွက်သွားပြီးနောက် လျူလီမြို့ထဲ ကနေ ထွက်ခွာသွားခဲ့သည်။ အဲဒီနောက်ပိုင်း၊ သူက နောက်တစ်ကြိမ် ပြန်ပေါ်လာခြင်း မရှိတော့ဘူး။ သူက ဒီနေရာကို ဖြတ်သွားဖြတ်လာအဖြစ် ရောက်ရှိလာခြင်းမျိုး ဖြစ်မှာ ကျွန်မ စိုးရိမ်မိတယ်။ ဒါ့အပြင်၊ အဲဒါကလည်း တကယ်ဆို ဆယ်နှစ်နီးပါး ကြာခဲ့ပြီ။"
ထိုစကားကို ကြားတော့၊ ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။
ဆယ်နှစ်ကျော်သွားပြီ။ ထိုလျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်သည် သူ မည်သည့် နေရာသွားမှန်း မသိနိုင်တော့ချေ။ ထို့အပြင်၊ ဤစိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးအမျိုးအစားကို လိုအပ်သည့်လူများကသာ ဝယ်လေ့ရှိပါသည်။ ထိုသို့မဟုတ်လျှင်၊ အခြားလူများသည် မည်သည့်နေရာတွင် အသုံးပြုမည်နည်း?။ အကယ်၍၊ လျှို့ဝှက် ဆန်းကြယ်သော အင်မော်တယ် ကျွမ်းကျင်သူကို ရှာတွေ့နိုင်လျှင်ပင်၊ သူသည် သူ့ထံမှ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို ရနိုင်တော့မည် မဟုတ်ပေ။ ဟိုးအရင်ကတည်းက သူ အသုံးပြုပြီးသွားလောက်ပြီ။
သက်တမ်းနှစ်ပေါင်း ထောင်သောင်းမကရှိသော အင်မော်တယ်များအတွက်မူ၊ အနှစ်တစ်ရာသည် လက်ဖျောက်တစ်ချက် ခတ်ရုံမျှသာ ဖြစ်သောကြောင့် ဆယ်နှစ်ဆိုသော အချိန်သည် အကြာကြီး မဟုတ်ပါပေ။ ဆယ်နှစ်ဆိုသော အချိန်သည် တံခါးပိတ် ကျင့်ကြံနေခြင်းဖြင့်ပင် ကုန်ဆုံးသွားနိုင်သည်။
'"သခင်လေးချင်က ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို တကယ်လိုအပ်နေတာလား?။ ဒါဆိုလည်း ရီယွန်က လျူလီရန်ကုန်သည်ကြီးများအသင်း လေလံတင်ခန်းမမှာ လတ်တလော လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ရီယွန်က ကူညီပေးနိုင်ပါတယ်။ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးနဲ့ ပတ်သက်ပြီး သတင်းထွက်ပေါ်လာတာနဲ့၊ ရီယွန်က သခင်လေးချင်ကို အကြောင်းကြားဖို့ တစ်ယောက်ယောက်ကို ချက်ချင်း စေလွှတ်လိုက် ပါ့မယ်။ ဒါပေမယ့် ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးက တန်ဖိုးမနည်းလှဘူး။” ရီယွန် က ပြောသည်။
"အင်မော်တယ် ကျောက်စိမ်း ဘယ်လောက်လိုအပ်လဲ?" ချင်ယွင်က မေးသည်။
"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သောင်း”။ ရီယွန်က ပြန်ဖြေသည်။
"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သောင်းလား..?" ချင်ယွင်သည် အနည်းငယ် အံ့သြသွားသည်။ ယခုတစ်ကြိမ်တွင်၊ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေး၏ တန်ဖိုးသည် လျူလီမြို့ရှိ နေအိမ်တစ်လုံး၏ စျေးနှုန်းနှင့် ညီမျှလုနီးပါး ဖြစ်နေသည်။
"တကယ်တော့ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၀,၀၀၀ ဆိုတာက ပမာဏနည်းနည်းပဲလို့ ယူဆလို့ ရနေတုန်းပဲ။ အဲဒီတုန်းက လျှို့ဝှက်ဆန်းကြယ်တဲ့ အင်မော်တယ်က သူနဲ့ ဈေးပြိုင်ပေးမယ့်လူ မရှိခဲ့ဘူးလေ။ ဒါကြောင့် သူက ဒီဆေးလုံးကို စပြီးဈေးခေါ်နဲ့ တိုက်ရိုက် လေလံဆွဲသွားတာ။ တကယ်လို့၊ သခင်လေး အနေနဲ့ ဒီဆေးလုံးကို ဝယ်ယူနိုင်ဖို့ဆိုရင်၊ တစ်စုံတစ်ယောက်နဲ့ ဈေးပြိုင်ရပါက၊ အင်မော်တယ် ကျောက်စိမ်း ၂၀၀၀၀ ဒါမှမဟုတ် ၃၀၀၀၀ လောက် ကျသင့်လိမ့်မယ် ထင်တယ်" ရီယွန်က ပြောသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ယခုအချိန်တွင် သူ့မှာ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတုံး ကိုးဆယ်ကျော်သာ ရှိသေးသည်။ သူသည် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတုံး ၁၀,၀၀၀ နှင့် အလှမ်းဝေးနေသေးသည်။ အနေထားအရ၊ သူ၏အင်မော်တယ်သင်္ဘောကြီးကို လှုပ်ရှားရမည့်ပုံပင်။
"မိန်းကလေး ရီယွန် ဒီမှာ အင်မော်တယ် ပစ္စည်းတွေရဲ့ စျေးနှုန်းကို သိလား" ချင်ယွင် က ဆက်မေးသည်။
ယခုလေးတင် ပြောလာခဲ့သည့် ရီယွန်၏စကားတွေက သူမသည် အစွမ်းထက်သော သတင်းအချက်များကို စုဆောင်းနိုင်သည့် စွမ်းရည်မျိုး ပိုင်ဆိုင်ထားကြောင်း သက်သေပြဖို့ လုံလောက်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် သူ၏ခရီးစဉ်သည် အချည်းနှီး မဟုတ်ဟု ခံစားခဲ့ရသည်။
"အင်မော်တယ် ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေက တစ်နေရာနဲ့ တစ်နေရာ မတူကြဘူး။ လျူလီမြို့မှာရှိတဲ့ ကျွန်မတို့ရဲ့ အင်မော်တယ် ပစ္စည်းတွေက အတော်လေးကို စျေးသက်သာပါတယ်" အဲဒီအထဲမှာ အဆင့်နိမ့် အင်မော်တယ် ပစ္စည်းတွေကတော့ စျေးအသက်သာဆုံး ဖြစ်တယ်။ သာမာန် အဆင့်နိမ့် အင်မော်တယ်ဓားတွေဆိုရင် အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း တစ်ထောင်ခန့်သာ လိုအပ်တယ်။ အခြားဆေဘာတွေ၊ လှံတွေနဲ့ တုတ်တွေလို ပစ္စည်းတွေကတော့ အနည်းငယ် ဈေးပိုကြီးပြီး၊ အဆင့်နိမ့် အင်မော်တယ်ကျောက်စိမ်း နှစ်ထောင်ခန့် ရှိလိမ့်မယ်။ ပုဆိန်နဲ့ တူတွေလို ရှားပါးတဲ့ အဆင့်နိမ့် အင်မော်တယ်ပစ္စည်းတွေကတော့ ပိုပြီး စျေးကြီးပေမယ့် အများဆုံး အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ငါးထောင်ထက် မပိုပါဘူး” ရီယွန်က ပြောသည်။
သူမသည် ဈေးကွက်အတွင်း၌ အလွန်ရင်းနှီးပြီး၊ အလွန်နားလည်လွယ်သော အမူအရာဖြင့် စကားပြောတတ်သူ ဖြစ်သည်။
ချင်ယွင်သည် ခေါင်းညိတ်ပြလိုက်သည်။ အဆင့်နိမ့် အင်မော်တယ်ပစ္စည်းများသည် အမှန်တကယ် ဈေးအပေါ်ဆုံး ဖြစ်သည်။ အဆင့်နိမ့် အင်မော်တယ်ဓား တစ်ချောင်းသည် အဆင့်နိမ့် အင်မော်တယ်ကျောက်စိမ်း တစ်ထောင်ဆိုသည်မှာ အမှန်တကယ်ပင် စျေးအသက်သာဆုံး ဖြစ်သည် ။
“ဒါဆို အလယ်လတ်အဆင့် အင်မော်တယ်ပစ္စည်းတွေကရော ဘယ်လိုလဲ?။ ချင်ယွင်က ဆက်မေးသည်။
“အလယ်အလတ်အဆင့် အင်မော်တယ်ပစ္စည်းတွေကတော့ အတော်လေး ဈေးကြီး တယ်။ ပုံမှန်အားဖြင့် ၎င်းတို့အတွက်ဆို၊ အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ၁,၀၀၀ လိုအပ်သည်။ စျေးနှုန်းကတော့ အဆင့်နိမ့် အင်မော်တယ် ပစ္စည်းများထက် အဆတစ်ရာနီးပါး မြင့်တယ်။ အဆင့်မြင့် အင်မော်တယ် ပစ္စည်းတွေ အတွက်လည်း အတူတူပဲ။ စျေးနှုန်းက အလယ်အလတ်အဆင့် အင်မော်တယ် ပစ္စည်းတွေထက် အဆတစ်ရာပဲ” ဟု ရီယွန်က ပြောသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ လျူလီမြို့ရှိ အင်မော်တယ် ပစ္စည်း၏ ဈေးနှုန်းသည် အလွန် ဈေးပေါလွန်းသည်။ အဆင့်မြင့် အင်မော်တယ်ဓား ဓားတစ်လက်ကို အဆင့်မြင့် အင်မော်တယ်ကျောက်စိမ်း တစ်ထောင်ဖြင့်သာ ရောင်းချနိုင်ပါသည်။ ဤသည်မှာ ချင်ယွင်အတွက် သတင်းကောင်း မဟုတ်ပေ။
အဆင့်နိမ့်အဆင့် အင်မော်တယ် သင်္ဘောကြီးသည် အဆင့်မြင့်အဆင့် အင်မော်တယ် ဓားတစ်ချောင်းနှင့်တူညီသော တန်ဖိုးလောက်သာ ရမည်ဟု အကြမ်းဖျမ်း ကြည့်လိုက်သည်။ အကယ်၍ သူသည် အဆင့်နိမ့် အင်မော်တယ် သင်္ဘောကြီးကို ရောင်းချမည်ဆိုလျှင်ပင်၊ သူသည် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတုံး ၁၀,၀၀၀ ကို ရရှိနိုင်မည် မဟုတ်ပေ။
အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတုံး ၁၀,၀၀၀ ကို အလုံအလောက် ရရှိအောင် မစုဆောင်းနိုင်သောကြောင့် ချင်ယွင်သည် အင်မော်တယ် သင်္ဘောကို ရောင်းချမည့် အစီအစဉ်ကို ချက်ချင်း စွန့်လွှတ်လိုက်သည်။ သူ၏ မိုးကြိုးနတ်ဘုရားလေးသည်လည်း အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်းတုံး ငါးထောင်လောက်နှင့်သာ ရောင်းချနိုင်မှာ ဖြစ်ပြီး၊ အဓိပ္ပါယ်မရှိလှပေ။
"ကျေးဇူးတင်ပါတယ် မိန်းကလေး ရီယွန်။ ဒီလိုဆိုမှတော့၊ ကျေးဇူးပြုပြီး၊ မိန်းကလေးက စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးရဲ့ နေရာကို စောင့်ကြည့်ရန် ကူညီပေးပါ။ တကယ်လို့ ကျွန်တော် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးရဲ့ နေရာကို သိရတာနဲ့ မိန်းကလေးရီယွန်ရဲ့ တောင်းဆိုချက်ကို ကျွန်တော် သေချာပေါက် သဘောတူပေးမယ်။ ကျွန်တော် အရင်ထွက်သွားတော့မယ်။" ချင်ယွင်က ပြောပြီးသည် နှင့် ထိုင်ရာမှထပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ချင်ယွင် ထွက်သွားတော့မည်ကို မြင်လျှင်၊ ရီယွန်သည် အင်မော်တယ်ပစ္စည်းများ၏ စျေးနှုန်းကို မေးမြန်းရသည့် ချင်ယွင်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည် လိုက်ပါသည်။ သူမက ပြုံးပြီး ပြောသည် "တကယ်လို့ သခင်လေးချင်မှာ၊ အင်မော်တယ် ကျောက်စိမ်း ချို့တဲ့နေတယ်ဆိုရင်၊ အင်မော်တယ် ကျောက်စိမ်း မြန်မြန် ရနိုင်တဲ့ နေရာတစ်ခုကို ရီယွန် သိထားတယ်။ ဒါပေမယ့် အဲဒီနေရာက အရမ်းကို အန္တရာယ်များလိမ့်မယ်။”
ဘယ်နေရာလဲ?” ချင်ယွင်က အံ့အားသင့်စွာ မေးလိုက်သည်။
“ပြိုင်ပွဲကွင်း။” ရီယွန်က ပြုံးပြီး ပြန်ဖြေသည်။