အခန်း ၇၁၇
Vol. 48 Ch. 717
အခန်း (၇၁၇) ရွေးချယ်ခွင့်။
"တစ်ခန်း…ဒါက ?" ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။
ရီယွန်သည် သူ့ကို သွေးဆောင်နေမှန်း သူသိသော်လည်း၊ အကယ်၍ ရီယွန်သည် သူမ၏အလိုတိုင်း သူ့ကို အသုံးချမည်ဆိုလျှင်၊ သူသည် ရီယွန်ကို ခြောက်သွေ့သည် အထိ စားရမည်ဆိုလျှင်လည်း စိတ်ထဲထားမည် မဟုတ်ပေ။ သို့သော်လည်း၊ သူသည် ရီယွန်၏ ရည်ရွယ်ချက် အစစ်အမှန်က မည်သည့်အရာဖြစ်သည်ကို သူ မသိသေးပါဘူး။
အကယ်၍၊ ရီယွန်မှာ ဆိုးရွားသော ရည်ရွယ်ချက်မျိုး မရှိခဲ့ဘူးဆိုလျှင်၊ ချင်ယွင်သည် နောက်ထပ် မက်မွန်ပွင့်တစ်ပွင့်၏ အကြွေးတွေအတွက် ပခုံးထမ်းရတော့မည် မဟုတ်ဘူးလား?။
ရီယွန်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူမ၏ အစီအစဉ်အရ၊ ယခုအချိန်တွင်၊ သူမကိုယ်တိုင် စတေးရမည့် အချိန်မဟုတ်သေပေ။ ချင်ယွင်က သူမကို ကာကွယ်နိုင်စွမ်း ရှိမရှိ မသေချာမချင်း သူမကိုယ်သူမ ယခုလို မြန်မြန်ဆန်ဆန်ကြီး ထိုးမအပ်ချင်သေးပါဘူး။
"ဒါဆို တခြားတည်းခိုခန်းကို ပြောင်းရအောင်" ချင်ယွင်က အကြံပြုသည်။
ရီယွန်သည်လည်း ချင်ယွင်၏စကားကို သဘောတူကြောင်း ထုတ်ဖော်ပြသသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဧည့်ကြိုက ချင်ယွင်နှင့် တခြားလူက ထွက်သွားတော့မည်ကို မြင်လိုက်ရလျှင်၊ သူက ပြုံးပြီး ပြောသည် "စိတ်မဆိုးပါနဲ့ သခင်လေ။ ငါတို့ ဖီးနစ်နေတည်းခိုးခန်းက ဖီးနစ်နေမြို့မှာ အကြီးဆုံးနဲ့ အကောင်းဆုံး တည်းခိုခန်းဖြစ်တယ်။ ငါတို့ဆီမှာတောင် အခန်းမရှိဘူးဆိုမှတော့ တခြားနေရာတွေမှာ ရှာတွေ့ဖို့က မဖြစ်နိုင်ပါဘူး"
ချင်ယွင် နှင့် ရီယွန်တို့သည် ဧည့်ကြို၏စကားကို ကြားသောအခါတွင်၊ သူတို့၏ မျက်နှာပေါ်တွင် စိတ်ဓာတ်ကျသော အမူအရာ ပေါ်လာပါသည်။
ဤဧည့်ကြို၏စကားကို သူတို့ သံသယမရှိကြပါဘူး။ ဤဖီးနစ်နေတည်းခိုအခန်းသည် ဖီးနစ်နေမြို့ရှိ အကျော်ကြားဆုံး တည်းခိုအခန်းတစ်ခု ဖြစ်ပါသည်။ ဈေးကြီးသည့် နေရာမှာလည်း အမြဲတမ်း နာမည်ကြီးပါသည်။ ထို့ကြောင့်၊ ဤနေရာမှာပင် အခန်းတွေ ပြည့်နေမှတော့ တခြားနေရာဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
"ဘာလို့ ဒီအခန်းကို မယူတာလဲ?။ အရမ်းနောက်ကျသွားရင် မြို့ပြင်မှာပဲ နေနိုင်တော့ မယ်။" ရီယွန်က စကားမပြောခင် ခဏလောက် တွန့်ဆုတ်နေသေးသည်။
မြို့တိုင်းတွင် ညဘက် လမ်းများပေါ်တွင် မည်သူမျှ နေထိုင်ခွင့်မပြုသည်မှာ စည်းကမ်းချက် ဖြစ်သည်။ ထို့ကြောင့် ညတိုင်း မြို့ပြင်ဘက်တွင် လူအများအပြား နေထိုင်ကြရသည်။ သူတို့သည် တည်းခိုနေထိုင်ပြီး ငွေဖြုန်းတီးရန် တွန့်ဆုတ်နေသူများ နှင့် မြို့ထဲတွင် အိမ်မရှိကြသူများ ဖြစ်ပါသည်။
မြို့ပြင်မှာ နေထိုင်ဖို့က အရမ်းကို အန္တရာယ်များပါသည်။ ရီယွန်ကဲ့သို့ လှပသော အမျိုးသမီးတစ်ဦး အတွက်ဆိုလျှင်၊ သူမ မြို့ပြင်တွင် နေထိုင်သည်နှင့်၊ တစ်စုံတစ်ယောက်က သူမကို အရင်ဆုံး လုယူသွားမည် ဖြစ်ပါသည်။
"ကောင်းပြီလေ” ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ရီယွန်ကတောင် မကြောက်ဘူး ဆိုမှတော့ အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်ကို မည်သည့်အရာကို ကြောက်နေရမည်နည်း?။
"ဧည့်ကြို၊ ငါတို့ အဲဒီဧည့်ခန်းကို ယူလိုက်မယ်။" ချင်ယွင်က ဧည့်ကြိုကို ညွှန်ကြားသည်။
"တစ်ညကို အလယ်လတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ဆယ်တုံးပါ။ ဧည့်သည်က ဘယ်နှစ်ညနေမလဲဆိုတာ ကျွန်တော် သိနိုင်မလား?" ဧည့်ကြိုက ပြုံးပြီး မေးသည်။
"တစ်ည အရင်နေမယ်။" ချင်ယွင်က အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ဆယ်တုံးကို ထုတ်ယူရင်း ပြောလိုက်ပါသည်။
ဤဖီးနစ်နေ တည်းခိုခန်း၏ စျေးနှုန်းသည် အမှန်တကယ်ပင် စျေးကြီးသည်ဟု ဆိုရမည် ဖြစ်သည်။ အလယ်လတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ဆယ်တုံးသည် အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်းတစ်ထောင်နှင့် ညီမျှသည်။ ချင်းဇီ နှင့် အခြားလူများသည် ပင် တစ်လမှ အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း သုံးဆယ်သာ ရရှိကြပါသည်။
"ကောင်းပါပြီ၊ သခင်လေး၊ ကျွန်တော် သခင်လေးအတွက် ပြင်ဆင်ထားမယ်" ဧည့်ကြိုက အော်ပြောလိုက်သည်။
အလွန်လျင်မြန်စွာဖြင့်၊ သူသည် ချင်ယွင်နှင့် ရီယွန်တို့ကို အခန်းတစ်ခုသို့ ဦးဆောင် ခေါ်သွားခဲ့သည်။ အခန်းတစ်ခုလုံးသည် အလွန်ကျယ်ဝန်းပြီး ပရိဘောဂ အမျိုးမျိုး ရှိနေပါသည်။ ကံမကောင်းစွာပင်၊ အိပ်ရာက တစ်ခုပဲ ရှိနေခဲ့သည်။
အင်မော်တယ်ကမ္ဘာ၏ တည်းခိုးအခန်းများတွင် အခန်းတိုင်းသည် အသံနှင့် အင်မော်တယ် စိတ်အာရုံကို သီးခြားခွဲထုတ်ရန်အတွက် အခန်းတိုင်းကို အစီအရင် ဝင်္ကပါများဖြင့် ဖွဲ့စည်းတည်ဆောက်ထားကြသည်။ ထို့ကြောင့်၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အောက်တွင် မည်သူမျှ အခြားဧည့်သည်များ၏ လျှို့ဝှက်ချက် များနှင့် ဘေးကင်းမှုကို သေချာစေရန်အတွက် အခန်းတွင်း ဖြစ်ပျက်နေမှုများကို ထောက်လှမ်းနိုင်မည် မဟုတ်ပေ။
ချင်ယွင်နှင့် ရီယွန်တို့ကို အခန်းထဲသို့ ခေါ်လာပြီးနောက် ဧည့်ကြိုသည် ပြန်ထွက်သွား သည်။ သူထွက်သွားချိန်တွင်၊ သူတို့အတွက် တံခါးကိုတောင် ပိတ်ပေးထားခဲ့ပြီး၊ ချင်ယွင်နှင့် ရီယွန်တို့သာ အခန်းထဲမှာ ကျန်ရစ်ခဲ့သည်။ အခန်းသည် ချက်ချင်းပင် ငြိမ်သက်နေသော အခြေအနေတစ်ခုသို့ ရောက်သွားခဲ့၏။
"သခင်လေးချင်၊ သခင်လေးက ဘာလို့ စကားမပြောတာလဲ။ သခင်လေး ဘာတွေ တွေးနေတာလဲ?" ရီယွန်သည် ရုတ်တရက် ချစ်စဖွယ် ပြုံးလိုက်ပြီး သူမ၏ လေသံသည် ကျီစယ်မူ အရိပ်ယောင်များပင် ပါဝင်နေသည်။
"ဟုတ်တယ်၊ ငါ ဒီည ဘယ်မှာအိပ်ရမလဲ စဉ်းစားနေတာ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
ယခုလိုအချိန်မျိုးမှာပင်၊ ရီယွန်သည် သူ၏စိတ်ကို နှိုးဆွရဲလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားပါဘူး။ သူသည် သူမကို လုံးထွေးထိုးကြိတ်ပြီး လုံးဝ စားသွားမည်ကို သူမ မကြောက်ဘူးလား?။
"ဒါဆို၊ သခင်လေးချင်က ဘယ်မှာ အိပ်ချင်လဲ?" ရီယွန်က ဆက်ပြီး ကျီစားသည်။ သူမ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ဆွဲမက်ဖွယ်ကောင်းလာသည်။
"သေချာပေါက် ဒီအိပ်ရာမှာပဲပေါ့" ချင်ယွင်က တိုက်ရိုက်ပြောသည် ။
"ဒါဆို ရီယွန်ကရော ဘယ်မှာ အိပ်ရမှာလဲ?" ရီယွမ်က ပြုံးပြီး မေးလိုက်သည်။
“သေချာပေါက်၊ မင်းလည်း အိပ်ရာထဲမှာ အိပ်သင့်တယ်။ ငါနဲ့ အတူတူ အိပ်ပေါ့" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက ညစ်ညမ်းသော အပြုံးအဖြစ် တွန်းကွေးသွား၏။
ယခု သူသည် အတွေ့ကြုံမရှိသည့် လူပျိုတစ်ဦး မဟုတ်တော့ချေ။ အကယ်၍၊ ရီယွန်က ကစားချင်သည်ဆိုမှတော့၊ သူသည် အဆုံးထိ လိုက်ပါကစားပေးမည်မှာ သေချာပါ သည်။ ရီယွန်သည် မည်မျှ ကြာကြာခံနိုင်သည်ကို သူ ကြည့်ချင်မိသည်။
"သခင်လေးချင်၊ ဒါက မကောင်းဘူးလို့ ကျွန်မ ထင်တယ်။ ရီယွန်က မိန်းကလေးဖြစ်ပြီး အရင်ကလည်း ယောက်ျားတွေနဲ့ အတူမအိပ်ဖူးဘူး။" ရီယွန်က ရှက်ရွံ့စွာ ပြုံးပြသော် လည်း သူမ၏ မျက်လုံးများက လုံးဝ ထိတ်လန့်ခြင်း မရှိပေ။ ယင်းအစား၊ သူမ၏ မျက်လုံးများတို့သည် ရေကဲ့သို့ ပျော့ပျောင်းပြီး ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်သည်။
"အရင်က မအိပ်ဖူးပေမယ့်၊ နောင်အနာဂတ်မှာ သေချာပေါက် ရှိလာမှာပဲလေ”။ ချင်ယွင်က ပြောသည်။ သူပြောပြီးသည်နှင့် ရီယွန်ဆီသို့ လျှောက်သွားပြီး ရီယွန်၏ ခါးကို စတင်ဖက်ရန် လက်လှမ်းလိုက်သည်။
ရီယွန်သည် ချင်ယွင် သူမဆီသို့ လျှောက်လာသည်ကို မြင်သောအခါ၊ သူမမျက်နှာပေါ်တွင် ချစ်စရာကောင်းသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။ သူမ၏ ပုံရိပ်သည် ဝင်းလက်တောက်ပလာပြီး ချင်ယွင်၏ ရှေ့တိုးလာသော လက်ဖဝါးကို ရှောင်ရှားရင်း အခြားနေရာမှာ ချက်ချင်း ပေါ်လာသည်။
ရီယွန်က ချစ်စဖွယ် ပြုံးပြီး ပြောသည် "သခင်လေးချင်၊ ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်က သခင်လေးထက် မြင့်တယ်ဆိုတာ မမေ့ပါနဲ့။ သခင်လေး ကျွန်မကို ဖမ်းနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ သခင်လေးသာ ကျွန်မကို ဖမ်းနိုင်ရင် ကျွန်မ ..."
သို့သော်လည်း၊ သူမစကား တစ်ဝက်တစ်ပျက်မှာပင် သူမသည်လုံးဝ အံ့အားသင့်သွား ရသည်။
"ငါ မင်းကို ဖမ်းနိုင်ရင် မင်းကို ဘာလုပ်ရမှာလဲ?" ချင်ယွင်၏ ရုပ်အသွင်သည် ရီယွန်၏ နောက်တွင် တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ပေါ်လာသည်။ သူထိုစကားပြောနေစဉ် သူ၏မျက်နှာတစ်ခုလုံးသည် သူမ၏နားရွက်နားနှင့် နီးကပ်နေပြီး သူ၏အသံက ပြင်းထန်သော လှောင်ပြောင်ရယ်မောသံကို သယ်ဆောင်လာသည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ရီယွန်သည် မထိန်းနိုင်ဘဲ တုန်လှုပ်ခြောက်ခြားစွာ အော်လိုက်မိသည်။
ချင်ယွင်သည် သူမ၏နောက်တွင် ပေါ်လာသော်လည်း သူမသည် လုံးဝ သတိမထား မိပေ။ သူမ၏ ကျင့်ကြံမှုအဆင့်သည် အလယ်အလတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်တွင် ရှိနေပုံရသော်လည်း လက်တွေ့တွင်မူ၊ သူမ၏ ကျင့်ကြံမှုအဆင့်သည် နှောင်းပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချင်ယွင်၏ ကျင့်ကြံမှုအဆင့်သည် အပေါ်ယံ မျက်နှာပြင်ပေါ်တွင် ထင်ထားသလောက် မရိုးရှင်းကြောင်း သူမသိသော်လည်း ချင်ယွင်၏ ကျင့်ကြံမှုအဆင့်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့် သို့မဟုတ် အလတ်လတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်မှာပင် ဖြစ်မည်ဟု သူမ အမြဲတွေးခဲ့သည်။ အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနိုင်ခြေသည် အလွန် နည်းပါးသည်ဟု ဆိုနိုင်ပါသည်။
သို့သော် ချင်ယွင်သည် သူမ၏နောက်မှာ ရုတ်တရက် ပေါ်လာနိုင်သည်ကို သူမ သတိမထားမိလိုက်ပေ။ ဤအချက်က ချင်ယွင်၏ ခွန်အားသည် သူမအထက်မှာ ရှိနေသည်ကို ပြသရန် လုံလောက်ပါသည်။
"သူ့ရဲ့ ခွန်အားက အစစ်အမှန် အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ ရှိနေတယ်။" ရီယွန်၏ မျက်လုံးများသည် ဝင်းလက်တောက်ပလာသည်။
သူသည် ပြိုင်ပွဲကွင်းတစ်လျှောက်တွင် သူ၏ခွန်အားကို စမ်းသပ်ရန် ချင်ယွင်ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း မဟုတ်ပါလား?။
သူမသည် မျှော်လင့်ချက်များစွာ မရှိသော်လည်း ယခုလေးတင် ထုတ်ဖော်ပြသခဲ့သော ချင်ယွင်၏ ခွန်အားသည် သူမလိုချင်သည့်အတိုင်း အတိအကျ မဟုတ်သေးပေ။
"ငါ မင်းနဲ့အတူ နေမယ်။" ရီယွန်သည် ထိုစကားကို ပြောနေစဉ်တွင် အနှိုင်းမဲ့ ရှက်ရွံ့ဟန် ဆောင်နေလေသည်။
ချင်ယွင်၏စွမ်းအားသည် သူမတောင်းဆိုသည့် စံနှုန်းသို့ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့်၊ သူမသည် အဘယ်ကြောင့် သူမကိုယ်သူမ သူ၏လက်သို့ မအပ်ဘဲနေမည် နည်း?။
ချင်ယွင်သည် ပြုံးပြီး ရီယွန်ကို သူ့အတွက် အသုံးတော်ခံရန် စောင့်နေသလိုမျိုး ကြည့်နေလေသည်။ သူက ရီယွန်ဘက်ကို လှည့်ပြီး လက်တဖက်ကို ဆန့်ထုတ်ကာ ရီယွန်၏ မေးစေ့ကို အနည်းငယ် မတင်ထားပြီး ကျန်တစ်ဖက်ကတော့ ရီယွန်၏ အရိုးမဲ့ခါးကို ဖက်ထားလိုက်သည်။
ရီယွန်သည် ချင်ယွင်က သူမကို ဖက်ထားလိုက်စဉ်မှာ သူမ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်ပြီး သူမ၏ အနီရောင်နှုတ်ခမ်းများ အနည်းငယ် တုန်ယင်နေသည်။
သို့သော်လည်း ချင်ယွင်က သူမကို မနမ်းခဲ့ပေ။ ယင်းအစား သူက ရုတ်တရက် လှောင်ပြောင်ပြီး ပြောလိုက်သည် "ပြောပါ ၊ မင်း ငါ့ကို ဒီလိုလုပ်ဖို့ ဆွဲဆောင်သိမ်းသွင်း ရတဲ့ ရည်ရွယ်ချက်က ဘာလဲ?"
ရီယွန်သည် ရုတ်တရက် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် ထိတ်လန့်တကြား ဖြစ်သွားသည့် အရိပ်အယောင် ပေါ်လာသည်။ သူမ၏ အနီရောင်နှုတ်ခမ်းတစ်စုံသည် အနည်းငယ် ပွင့်လာပြီး ပြေသည် "ကျွန်မမှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ ကျွန်မက သခင်လေးချင်ကို လေးစားရုံသက်သက်ပါ"။
"ဒါပဲလား…?" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။
"တကယ်ပါ" ရီယွန်သည် ကြီးစွာသော နာကျည်းမှုကို ခံစားလိုက်ရသကဲ့သို့၊ သူမသည် မိုးရေထဲမှာ ပွင့်နေသော သစ်တော်သီးပွင့်အဖြစ် ဟန်ဆောင်ခဲ့သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏နှလုံးသားထဲတွင် လှောင်ပြောင် ရယ်မောမိသွားသည်။ ရုတ်တရက် သူသည် တခုခုကို တွေးနေပုံရသည်။ ထို့နောက် သူ၏ပါးစပ်ထောင့်မှ ဆိုးသွမ်းသော အပြုံးတစ်ခုပေါ်လာပြီး ပြောသည် "တကယ်လို့၊ မင်း အမှန်အတိုင်း မပြောဘူးဆိုရင်၊ နောက်ပိုင်း နောင်တရမှ ငါ့ကို အပြစ်မတင်နဲ့"။
ရီယွန်၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးသည် တုန်ခါသွားပြီး သူမ၏ မျက်လုံးများသည် ထိတ်လန့်စ ပြုလာသည်။