← Chapters

အခန်း ၇၁၈

Vol. 48 Ch. 718

အခန်း ၇၁၈

Vol. 48 Ch. 718

အခန်း (၇၁၈) ကိန္နရီ ။

ဤအခိုက်အတန့်ရောက်မှသာ၊ ရီယွန်သည် သူမရှေ့ရှိ ဤလူငယ်သည် သူမ လုံးဝ ထိန်းချုပ်နိုင်သူ မဟုတ်ကြောင်းကို သဘောပေါက်သွားခဲ့ပါသည်။ သူမ၏ ရည်မှန်းချက် ပန်းတိုင်သည် ဤလူငယ်အတွက် အစကတည်းက ထုတ်ဖော်ပြသပြီး ဖြစ်နေကာ၊ သူမ၏ လုပ်ဆောင်ချက်များနှင့် အစီအမံများ အားလုံးသည် သူ၏ ထိန်းချုပ်မှုအောက် တွင် ရှိနေမှာကိုပင် သူမသည် စိုးရိမ်နေမိပါသည်။

"မင်း အမှန်အတိုင်း မပြောဘူးလား?။ မင်းက အမှန်အတိုင်း မပြောချင်ဘူးဆိုရင်၊ မင်း နောင်တရလိမ့်မယ်နော်" ချင်ယွင်က လှောင်ပြောင်ဟန်ဖြင့် ထပ်ပြောလိုက်ပြီး ရီယွန်ကို ကောက်မကာ ကုတင်ဆီသို့ လျှောက်သွားလိုက်သည်။

ချင်ယွင်က သူမကို ပွေ့ချီပြီး ကုတင်ဆီသို့ အမှန်တကယ် လျှောက်လှမ်းနေသည်ကို ရီယွန် မြင်လိုက်ရလျှင်၊ သူမ၏ လှပသော မျက်နှာသည် ချက်ချင်းပင် ကြောက်ရွံ့ စိုးထိတ်သော အမူအရာ ပေါ်လာပါသည်။

သူမသည် သူမ၏ဘဝကို ချင်ယွင်ထံ အပ်နှင်းရန် ရည်ရွယ်ချက် ရှိသော်လည်း၊ သူမကိုယ်တိုင် ဘာမှမသိရသေးဘဲ အပ်နှံလိုခြင်းမျိုး မဟုတ်ပေ။ သူမကိုယ်သူမ အပ်နှင်းပြီးသည်နှင့် သက်ဆိုင်သည့် ဆုလာဘ်တစ်ခုခုကို ရလိမ့်လိမ့်မည်ဟု သူမ ခံစားခဲ့ရသည်။ ထိုသို့မဟုတ်လျှင်၊ သူမသည် ဤနှစ်တွေတစ်လျှောက်လုံး သူမကိုယ်သူမ လုံ့လဝီရိယ စိုက်ထုတ်ပြီး အဘယ့်ကြောင့် ကာကွယ်နေမည်နည်း?။

"ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်။" ရီယွန်က တိုးတိုးလေး ပြောလိုက်သည်။

"အခု ငါ မကြားချင်တော့ဘူး။ ငါလုပ်ချင်တာ ပြီးမှ ဒီအကြောင်းကို မင်း ပြောလို့ရတယ်။ ငါ စိတ်ပျော်နေတဲ့အခါ မင်းလိုချင်တာမှန်သမျှကို ငါ ပြီးအောင်လုပ်ပေးမယ်၊ ဒါပေမယ့် ငါမပျော်ရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ " ချင်ယွင်သည် ရယ်မောကာ ရီယွန်ကို ပွေ့ချီပြီး ကုတင်ဆီသို့ ဆက်လျှောက်သွားခဲ့သည်။

ရီယွန်၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွား၏။ ချင်ယွင်သည် သူမကို အမှန်တကယ် ကူညီခဲ့မည်ဆိုရင် တော်ပါသေးသည်။ အကယ်၍၊ သူသည် သူမ မကူညီခဲ့ဘူးဆိုရင်၊ သူမ၏ ပထမဆုံးအကြိမ်ကို ချင်ယွင်ထံ အလကားသက်သက် ပေးလိုက်ရခြင်း မဟုတ်လား?။

ဤမျှတင်မကသေးဘဲ၊ အကယ်၍ ရန်ကလန်မှ သခင်လေးသည် သူမကို နောက်တစ်ကြိမ် ထပ်လာရှာပြီး၊ သူမသည် ပထမဆုံးအကြိမ် မဟုတ်တော့မှန်း သိရှိသွားပါက၊ သူသည် သူမကို ကျွန်အဖြစ် သေချာပေါက် ဆက်ခံလိမ့်မည်။ သူမ၏ အနာဂတ်နေ့ရက်တွေဟာ အလွန်မင်း သနားစရာကောင်းပြီး၊ သူမသည် သစ်ရွက်အသစ် တစ်ရွက်အဖြစ် ပြောင်းလဲရန် ဘယ်တော့မှ ရနိုင်တော့မည် မဟုတ်ပေ။

ရီယွန်သည် အလွန် ထိတ်လန့်သွားပြီး သူမက အလောတကြီး ပြောလိုက်သည် "ကျွန်မ ပြောပြမယ်။ ကျွန်မ အရာအားလုံးကို သခင်လေးကို ပြောပြပါ့မယ်။ မကြာသေးခင်က၊ ကျွန်မဟာ ရန်ကလန်က သခင်ငယ်တစ်ယောက်ရဲ့ နှောင့်ယှက်မှုကို ခံခဲ့ရတယ်။ သူရဲ့ စိတ်ရှည်သည်းခံမှုကလည်း ကုန်ဆုံးသွားခဲ့ပြီ။ တကယ်လို့၊ ကျွန်မသာ ခေါင်းညိတ်ပြီး သဘောမတူဘဲနေရင်၊ သူက ကျွန်မကို အတင်းအကြပ် သိမ်းပိုက်လိမ့်မယ်။ ဒါပေမယ့် ကျွန်မက သူရဲ့မိန်းကလေး မဖြစ်ချင်ဘူး။ ငါက ရန်ကလန်ရဲ့ တပည့်တစ်ယောက် ဖြစ်တယ်ဆိုတာ သခင်လေး သိပါတယ်။ တကယ်လို့၊ သူသာ အင်အားကို အသုံးပြုမယ်ဆိုရင်၊ ကျွန်မအနေနဲ့ လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး”။

"ဒါဆို မင်းက ငါ့ကို သွေးဆောင်ပြီး မင်းအတွက် ရန်ကလန်ရဲ့ သခင်လေးကို တိုက်ခိုင်း ချင်တာလား?။ ပြီးတော့၊ မင်းက ငါ့မှာ ရန်ကလန်ရဲ့သခင်လေးကို တိုက်ခိုက်ဖို့ ခွန်အားရှိမရှိ သိရှိဖို့အတွက် ပြိုင်ပွဲကွင်းကို ခေါ်လာတာပေါ့" ချင်ယွင်က အေးစက်စွာ ပြုံးလိုက်သည်။ သူသည် နည်းနည်းလေးမှ သနားခြင်း မရှိဘဲ ရီယွန်ကို ကုတင်ပေါ် တိုက်ရိုက် ပစ်ချလိုက်တယ်။

သူမ၏စိ တ်ခံစားချက်တွေကို အပေးအယူတစ်ခု အနေဖြင့် ဆက်ဆံနိုင်ခဲ့သော ရီယွန်လို လူမျိုးတွေကို သူသည် နှလုံးသားထဲမှာ အမြဲတမ်း မုန်းတီးနေခဲ့သည်။ ချင်ယွင်၏ နှလုံးသားထဲမှာ ခံစားချက်တွေက တခြားအရာတွေထက် ပို၍ အရေးကြီးသည်။

"ကျွန်မ အားကိုးနိုင်တဲ့လူမျိုးကို ရှာချင်နေတာ ကျွန်မ မှားသလား?။ ခွန်အားမရှိတဲ့ ကျွန်မတို့လို မိန်းမသားတွေက ယောက်ျားတွေအတွက် ကစားစရာတွေအဖြစ် မွေးဖွားလာတယ်လို့ သခင်လေး မထင်ဘူးလား?။ ကျွန်မက ဂုဏ်သိက္ခာမရှိဘဲ၊ အခုလို ပုံစံမျိုးနဲ့ မနေချင်ဘူး။" ချင်ယွင်၏ မျက်လုံးများတွင် စက်ဆုပ်ရွံရှာသည့် အမူအရာကို မြင်လိုက်ရသည်နှင့် ရီယွန်၏ လှပသော မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးသည့် အမူအရာက ချက်ချင်း ဖြစ်ပေါ်လာသည်။

“ဂုဏ်သိက္ခာရှိရှိ နေထိုင်မယ်။ နောက်ဆုံးမှာတော့ အားကိုးဖို့ ငါ့ကို ရွေးချယ်ခဲ့တာ မဟုတ်ဘူးလား?။ ဒါကို မင်းရဲ့ဂုဏ်သိက္ခာလို့ ခေါ်တာလား?။ ငါလည်း မင်းကို ကစားစရာအဖြစ် ဆက်ဆံသွားမှာကို မင်း မကြောက်ဘူးလား?” ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်ဟန် အပြုံးဖြင့် ရယ်မောလိုက်သည်။

"မဟုတ်ဘူး၊ သခင်လေးက လုပ်မှာမဟုတ်ဘူး။ ကျွန်မရီယွန်က လူတွေကို အကဲဖြတ်ရာမှာ အရမ်း တိကျတယ်။ သခင်လေးက အဲဒီလို လူစားမျိုး မဟုတ်ဘူး" ရီယွန်က ပြောသည်။

"မင်း စိတ်ပျက်သွားမှာ ငါ ကြောက်မိတယ်။ ငါချင်ယွင်က အဲဒီလိုလူစားမျိုးပဲ။" ချင်ယွင်က ရယ်မောလိုက်ပြီး ရီယွန်ကို တိုက်ရိုက် တွန်းလိုက်ကာ သူမ၏ခန္ဓာကိုယ်ပေါ် ဖိလိုက်လေသည်။

"သခင်လေး...ဘာလုပ်ချင်လို့လဲ?" ချင်ယွင်၏ လုပ်ရပ်ကို သူမမြင်သောအခါ ရီယွန်သည် ချက်ချင်း ထိတ်လန့်သွားသည်။

"ဘာလုပ်ချင်လဲ? ဟုတ်လား။ သေချာပေါက် မင်း ဖြစ်စေချင်တဲ့အတိုင်း လုပ်နေတာပေါ့ ။" ချင်ယွင်က လှောင်ပြောင်ပြီး၊ သူမကို အရူးအမူး နမ်းလိုက်ကာ သူ၏ လှုပ်ရှားမှုတွေ က ရိုင်းစိုင်းကြမ်းတမ်းလာသည်။

"မဟုတ်ဘူး...မဟုတ်ဘူး!" ရီယွန်က ချင်ယွင်ကို အဝေးသို့ တွန်းထုတ်ရင်း၊ အသည်းအသန် အော်ဟစ်လိုက်သည်။

သို့သော် ချင်ယွင်၏ ခွန်အားသည် သူမ ခံနိုင်ရည်ရှိသောအရာ မဟုတ်ပေ။ လျင်မြန်စွာ ပင် သူမ၏ကိုယ်ပေါ်ရှိ အဝတ်အစားများသည် ချင်ယွင်ကြောင့် လုံးဝ စုတ်ပြဲသွားခဲ့ သည်။

ထိုနောက် ချင်ယွင်သည် ရီယွန်ကို အရူးအမူး သိမ်းပိုက်လိုက်ပြီး ရီယွန်၏ နှင်းဆီရောင် ပါးပြင်ပေါ်တွင် မျက်ရည်စီးကြောင်းနှစ်ခု စီးကျလာသည်။

လျှပ်တပြက်အတွင်း၊ အချိန်နှစ်နာရီသည် ကုန်ဆုံးသွားခဲ့ပြီး၊ ချင်ယွင်သည် ထရပ်ကာ သူ၏ အင်မော်တယ် ၀တ်စုံကို ပြန်လည်၀တ်ဆင်လိုက်သည်။ သူသည် ကုတင်ပေါ်တွင် လဲလျောင်းနေသော ရီယွန်ကို ငုံ့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် သည်းမခံနိုင်သည့် အရိပ်အယောင် ပေါ်လာသော်လည်း သူမ၏ ယခင်အတိုင်း အရာအားလုံးကို ဂရုမစိုက်သည့် ဟန်ပန်အမူအရာကို အလျင်အမြန် ပြန်လည် ရရှိသွား လေသည်။ " ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ကိန္နရီမလေးပဲ။ အခုကစပြီး မင်းကို ငါတစ်ယောက်တည်းပဲ ပိုင်တယ်။ တခြားလူတွေ မင်းကို ထိတွေ့တာမျိုး ငါခွင့်မပြုဘူး။ မင်းလိုချင်တဲ့ အဆင့်အတန်းနဲ့ ဘဝမျိုးကို ငါပေးမယ်။"

ချင်ယွင်သည် ဤစကားလုံးများကို ချန်ထားရစ်ခဲ့ပြီး တံခါးကိုဖွင့်ကာ အခန်းထဲမှ ထွက်သွားခဲ့လေသည်။

သူသည် ရီယွန်နှင့်ပတ်သက်ပြီး ခံစားချက်မျိုး အနည်းငယ်မျှ မရှိခဲ့ပေ။ သူသည် ရီယွန်ကို ရက်စက်ကြမ်းကြုတ်စွာ သိမ်းပိုက်ထားရသည့် အကြောင်းရင်းမှာ ရီယွန်၏ လုပ်ရပ်များက သူ့ကို တစ်စုံတစ်ဦးကို အမှတ်ရစေသောကြောင့် ဖြစ်သည်။

ထိုအမျိုးသမီးသည် သူနှင့်အတူ ကြီးပြင်းလာခဲ့ပြီး သူ၏ကိုယ်ရေးကိုယ်တာ အိမ်အကူ တစ်ဦး ဖြစ်ကာ သူသည် သူ၏အစ်မကဲ့သို့ သူမကို အမြဲတမ်း ဆက်ဆံခဲ့သည်။ သူကြီးပြင်းလာသည့်အခါ သူ၏အမျိုးသမီးအဖြစ် သေချာပေါက် ထားမည်ဟုပင် တစ်ခါက ပြောခဲ့ဖူးသည်။

သို့သော်၊ သူ၏ ‘အစ်ကိုကောင်း'၏ သွေးဆောင်မှုအောက်တွင်၊ ထိုအစ်မလို အိမ်အကူသည် နောက်ဆုံးတွင် သူ့ကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့သည်။ ချင်ယွင်သည် ထိုအချိန်က သေမျိုးအဖြစ်သို့ လျော့ကျသွားခဲ့ရပြီး၊ ယင်းသို့ဖြစ်ရခြင်းမှာ သူမ၏ ပူးပေါင်းပါဝင်မူကြောင့် ဖြစ်သည်။

သို့သော် ထိုအမျိုးသမီး၏ နောက်ဆုံးရလာဒ်မှာ အလွန်ပင် သနားစရာကောင်းလှသည်။ ချင်ယွင်ကို သေမျိုးကမ္ဘာသို့ ပစ်ချခြင်းမခံရမီ၊ သူမသည် ချင်လန်၏ ရှေ့မှာပင် သတ်ဖြတ်ခံခဲ့ရပြီး သူမလိုချင်သမျှသည် ဘာမှဖြစ်မလာသည့်အဖြစ်သို့ ပြောင်းလဲသွား ရသည်။

ဤကိစ္စသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း၊ ချင်ယွင်၏စိတ်ထဲတွင် ဒဏ်အရာအဖြစ် ကျန်ရစ်နေခဲ့သည်။ ရီယွန်၏ ယခင်လုပ်ရပ်များက သူ့အား ထိုအစ်မလိုအိမ်အတူ၏ အရိပ်ကို ပြန်မြင်စေနိုင်ခဲ့သည်။ ထိုကြောင့်ပင် သူသည် ရီယွန်ကို အလွန်ရိုင်းစိုင်းစွာ ပြုကျင့်မိခဲ့သည်။

ထို့အပြင်၊ ချင်ယွင်၏ မူလက မျိုးသုဉ်းသွားပြီဖြစ်သော နှလုံးသားနတ်ဆိုးသည် အမှန်တကယ် ပြန်လည် ရှင်သန်မည့် လက္ခဏာမျိုး ပြသလာခဲ့သည်။ အကယ်၍၊ သူသာ အချိန်မီ မကုစားနိုင်ဘူးဆိုရင်၊ ထိုနှလုံးသားနတ်ဆိုးသည် ပြန်ပြီး သန်မာလာ မည်ကို သူ ကြောက်မိသည်။ ထို့ကြောင့် သူသည် ရီယွန်အပေါ် ဒေါသကို အခြားနည်းဖြင့် ဖွင့်ထုတ်ပစ်ရန် အတင်းအကြပ် လုပ်ယူခဲ့ခြင်း ဖြစ်သည်။

ဤအရာသည် ရီယွန်အတွက် အရမ်းကို မတရားဘူးဆိုသည်ကို ချင်ယွင် သိထားသော် လည်း ရီယွန်က သူ့ကို အရင်သုံးချင်ခဲ့ခြင်း ဖြစ်ပြီး၊ သူသည် သူမ၏ ရည်မှန်းချက် ပန်းတိုင်ကို ရောက်သည်အထိ ကူညီပေးလိုက်ခြင်းသာ ဖြစ်ပါသည်။

ရန်ကလန်၏ သခင်လေးကိုမူ၊ ချင်ယွင်သည် သူမအတွက် သဘာဝအတိုင်း တားဆီးပေးပါလိမ့်မည်။ သို့သော်လည်း ရန်စီချီနှင့် အခြားသူများကို ဆက်ဆံသည့် အတိုင်း၊ ရီယွန်ကို လက်ခံရန်မှာ ချင်ယွင်အတွက် လုံးဝ မဖြစ်နိုင်ပေ။ သေချာပါသည်၊ ချင်ယွင်သည် နောင်အနာဂတ်တွင် သူမကို ထပ်ပြီး ထိတွေ့တော့မှာ မဟုတ်ပါဘူး။

ချင်ယွင်သည် တည်းခိုခန်းတံခါး၏ အပြင်ဘက်တွင် အချိန်အတော်ကြာအောင် နေခဲ့သည်။ ရီယွန်သည် ကြားခံအချိန်တစ်ခုလိုအပ်နေသလို သူကိုယ်တိုင်သည်လည်း စိတ်တည်ငြိမ်ရန် လိုအပ်သည်။

ချင်ယွင်သည် သူ၏အခန်းထဲသို့ ပြန်ရောက်သောအခါ၊ ရီယွန်သည် သူမ၏ မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ထားပြီးဖြစ်ကာ သူမ၏မျက်လုံးများသည် ယခင်အတိုင်း ထက်မြက်သော အသွင်အပြင်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

"ငါ စဉ်းစားပြီးပြီ။ ငါ မင်းရဲ့ ကိန္နရီမလေးအဖြစ် နေနိုင်တယ်။ ဒါပေမယ့် မင်း အခြေအနေ အနည်းငယ်ကို သဘောတူရမယ်။" ရီယွန်က ပြောသည်။

"ကောင်းပြီ” ချင်ယွင်သည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။

ရီယွန်သည် အခြေအနေကိုပင် မတောင်းဆိုရသေးဘဲ ချင်ယွင်က သဘောတူလိမ့် မည်ဟု မမျှော်လင့်ထားသော်လည်း သူမက ဆက်ပြောလိုက်သေးသည် "ပထမအချက်၊ ငါ့ရဲ့လုံခြုံရေးကို မင်း အာမခံချက် ပေးစေချင်တယ်။ တခြားယောက်ျားတွေကို ခွင့်မပြုနိုင်ဘူး..."

"နောက်တစ်ခု ။" ချင်ယွင်က တိုက်ရိုက် ပြောလိုက်သည်။ ရီယွန်ပြောမည့်အရာကို သူ သိသည်။ သူမသည် ရီယွန်ကို လက်ခံရန် ရည်ရွယ်ချက်မရှိသော်လည်း၊ သူသည် သူမကို အရင် ပိုင်ဆိုင်ထားခဲ့သည်။ နောက်ပိုင်း သူမသည် သူ၏လူပင် ဖြစ်သည်။ ချင်ယွင်သည် တခြားယောင်္ကျားတွေက သူမကို ထိတွေ့ရန် မည်သို့ခွင့်ပြုနိုင်မည်နည်း?။

"ဒုတိယအချက်က၊ ကျွန်မ မြို့လယ်ခေါင်ရှိ အိမ်တစ်လုံးမှာ နေချင်တယ်" ရီယွန်က ဆက်ပြောသည် ။

"ကောင်းပြီ" ချင်ယွင်က ပြတ်ပြတ်သားသား သဘောတူလိုက်သည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အပြင်ဘက်ရှိ ဤအရာဝတ္ထုများကို မည်သည့်အခါမှ ဂရုမစိုက်ခဲ့ပေ။ အကယ်၍ ရီယွန်သည် အင်မော်တယ်စံအိမ်တစ်လုံး လိုချင်သည်ဆို လျှင်ပင် သူသည် သူမအား ပေးနေဆဲ ဖြစ်သည်။

"တတိယအချက်ကတော့၊ မင်းက ငါ့ကို ထိပ်တန်းအဆင့် ကျင့်ကြံခြင်းပညာရပ်တစ်ခု ပေးစေချင်တယ်။" ရီယွန်က ပြောသည်။

"ကုန်ပြီးလား….?" ချင်ယွင်က မေးသည်။

"ကုန်ပြီ" ရီယွန်က ခေါင်းညိတ်လိုက်သည်။

သူမ၏အမြင်အရဆို၊ ဤအခြေအနေသုံးရပ်ကို ဖြည့်ဆည်းပေးရန်အတွက်ပင် သူမအတွက် အလွန်ခက်ခဲနေပြီ ဖြစ်သည်။ သူမလိုချင်သည်မှာလည်း သူမသည် အင်မော်တယ်ကမ္ဘာတွင် အေးအေးချမ်းချမ်း ရှင်သန်နေထိုင်နိုင်ရန် ဖြစ်သည်။

"ငါ့ကို တစ်နှစ်အချန်ပေးပါ" ချင်ယွင်က ပြောသည်။

ရီယွန်သည် ခေါင်းညိတ်လိုက်သည်။ ချင်ယွင်သည် သူမ၏လိုအပ်ချက်များကို အခုချက်ချင်း ဖြည့်ဆည်းပေးနိုင်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ သူ၏အမြင်အရဆို၊ အချိန် တစ်နှစ်သည်ပင် တိုတောင်းလွန်းနေပါသေးသည်။

သို့သော်လည်း ချင်ယွင်၏ နောက်ထပ်စကားများက သူမကို လုံးဝ ထိတ်လန့်သွားစေခဲ့ သည်။

ချင်ယွင်က "ရန်ကလန်တစ်ခုလုံး မင်းအပေါ် သစ္စာရှိတဲ့ အင်အားစုတစ်ခုဖြစ်အောင် ငါလုပ်ပေးခဲ့မယ်" ဟု လေးနက် တည်ကြည်စွာ ပြောလိုက်လေသည်။

All Chapters