← Chapters

အခန်း ၇၁၉

Vol. 48 Ch. 719

အခန်း ၇၁၉

Vol. 48 Ch. 719

အခန်း (၇၁၉) ရှင်ခြင်းသေခြင်းပြိုင်ပွဲကွင်း။

အလွန်လျင်မြန်စွာ၊ ကောင်းကင်သည် လုံးဝမှောင်မိုက်သွားခဲ့သည်။

ချင်ယွင်သည် ရီယွန်၏ အိပ်ရာပေါ်သို့ ထပ်မတက်တော့ပေ။ ယင်းအစား၊ သူသည် ရီယွန်ကျင့်ကြံရန်အတွက် သင့်လျော်သော ထိပ်တန်းအဆင့် ကျင့်ကြံခြင်းပညာရပ်ကို ကျောက်စိမ်းစလစ်ပေါ်တွင် ရိုက်နှိပ်ရန်အတွက် ကျောက်စိမ်းစလစ်တစ်ခုကို အသုံးပြု လိုက်သည်။ ထို့နောက် သူသည် ကျင့်ကြံရန်အတွက် ရီယွန်ကို လွှဲပေးလိုက်ပါသည်။

ရီယွန်သည် ကျောက်စိမ်းစလစ်ကို ယူလိုက်ပြီး၊ အတွင်း၌ပါသော ကျင့်ကြံခြင်းပညာရပ် ကို စစ်ဆေးပြီးနောက် သူမသည် မှင်သက် အံ့အားသင့်သွားခဲ့သည်။

ချင်ယွင် ပေးသော ကျင့်ကြံခြင်းပညာရပ်သည် “နှင်းပေါင်းစည်းခြင်းကံကြမ္မာ” ဟုခေါ်ပြီး ၎င်းပညာရပ်နှင့် လိုက်ဖက်သော ဓားသိုင်းပညာကိုလည်း ထည့်သွင်းထား သည်။ ထိပ်တန်းအဆင့် အင်မော်တယ် ပညာရပ်တစ်ခုဟု ဆိုနိုင်ပါသည်။

အင်မော်တယ်ကမ္ဘာမှ လူများသည် အင်မော်တယ်အဆင့် ကျင့်ကြံခြင်း ပညာရပ်များကို ကျင့်ကြံထားကြသော်လည်း၊ အင်မော်တယ်ပညာရပ်များကြားရှိ အဆင့်များက မတူညီကြပေ။ ၎င်းပညာရပ်များကို ဂရုတစိုက် ပိုင်းခြားလိုက်ပါက ၎င်းတို့ကို အဆင့်အနိမ့်အဆင့်၊ အလယ်လတ်အဆင့်၊ အဆင့်မြင့်အဆင့်နှင့် ထိပ်တန်းအဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားပါသည်။

ချင်ယွင် ရီယွန်ကို ပေးခဲ့သော ပညာရပ်သည် ထိပ်တန်းအဆင့် အင်မော်တယ်ပညာ တစ်ခု ဖြစ်ပါသည်။ ဤသည်မှာ အဖိုးမဖြတ်နိုင်သော ရတနာများစွာထဲမှ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်ပါသည်။ ၎င်းသည် လျူလီမြိုအလယ်ရှိ နေအိမ်များထက် အဆပေါင်းများစွာ ပိုစျေးကြီးပါသည်။ ချင်ယွင်က သူမကို အလွယ်တကူ ပေးခဲ့သည် ။

ရီယွန်သည် တခဏတာ မှင်တက်သွားသည်။ သူမသည် သူ၏ရှေ့မှလူကို ထွင်းဖောက် မမြင်နိုင်မှန်း သူမ သိလိုက်သည်။

ယခင်က ချင်ယွင်သည် ရန်ကလန် တစ်ခုလုံးကို သူမအား တာဝန်ထမ်းဆောင်လာ ရအောင် လုပ်ပေးမည်ဟု ပြောကြားခဲ့သော်လည်း၊ သူမသည် သူ့ကို မယုံကြည်သေးပေ။ ယခုချိန်ထိ၊ သူမသည် သူ့ကို မယုံကြည်သေးသော်လည်း အရင်ကလို မဆုံးဖြတ် တော့ပါဘူး။

"ကျင့်ကြံခြင်းပညာရပ်တွေက အရေးကြီးပေမယ့် နိယာမတွေကို နားလည် သဘောပေါက်ဖို့က ပိုအရေးကြီးဆုံးပဲ။ အဲဒါက အနာဂတ်မှာ မင်း ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်။ ဒါကြောင့် မင်းရဲ့ နားလည် သဘောပေါက်မှုနဲ့ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်သင့်တယ်။" ချင်ယွင်က ရီယွန်ကို ပြောသည် ။

တကယ်တော့ သူပြောသည်မှာ အမှန်ဖြစ်ပါတယ်။ လူတစ်ယောက်သည် အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက်၊ ထိုလူသည် ကောင်းကင်နှင့် မြေကြီး၏ နိယာမများကို နားလည်နိုင်ပြီး ကောင်းကင်နှင့် မြေကြီး၏ တန်ခိုးအစွမ်းကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ထိုအရာက သူတို့ကြားထဲမှ အခြေခံ ခြားနားချက်ပင် ဖြစ်ပါသည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ လျှပ်စီးစွမ်းရည်သဘောတရားနှင့် လေစွမ်းရည် သဘောတရားတို့ကို နားလည်သဘောပေါက်မှုသည် အံ့ဩဖွယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး နိယာမများကို နားလည်ခြင်းနယ်ပယ်နှင့် (နိယာမနယ်ပယ်) ခြေတစ်လှမ်းသာ ဝေးတော့သည်။

သို့သော် ဤအဆင့်ကို လျှောက်လှမ်းနိုင်ရန် အလွန်ခက်ခဲပါသည်။ အချို့လူများသည် နိယာမများ၏ အစွမ်း၏အရိပ်မြွက်ကိုပင် နားမလည်နိုင်ဘဲ သူတို့တစ်ဘဝလုံး ကုန်ဆုံး သွားကြပါသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် နိယာမတစ်ခုတစ်လေကိုတောင် လုံးဝ နားမလည် နိုင်ခဲ့ဘူးဆိုပါလျှင်၊ လျှို့ဝှက်ဆန်းကြယ်အင်မော်တယ်သည် ထိုလူ၏ အထွတ်အထိပ် အဆင့် ဖြစ်ပါသည်။ နိယာမတစ်ခုခုကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်မှသာလျှင်၊ ထိုလူသည် အင်မော်တယ်ဘုရင်နယ်ပယ်သို့ ရောက်ရှိနိုင်သည့် အရည်အချင်းများ ရှိလာပါလိမ့်မည်။

အင်မော်တယ် ဧကရာဇ်များအတွက်မူ၊ သူတို့သည် ကြီးမြတ်သော တော်ဝင်တာအိုသို့ ခြေလှမ်းနိုင်ရန် လိုအပ်ပါသည်။

ထို့ကြောင့် ချင်ယွင်သည် သူ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန် လိုအပ်ရုံသာမက၊ ကောင်းကင်နှင့် မြေကြီး၏ နိယာမတို့ကိုလည်း တွေ့ကြုံခံစားနိုင်ရန် လိုအပ်ပါသည်။ ထိုသို့မဟုတ်လျှင်၊ အကယ်၍၊ သူသည် အစစ်အမှန် ပါရမီရှင်တစ်ယောက်နှင့် ရင်ဆိုင် ကြုံတွေ့ရပါက၊ သူသည် အနိုင်ကျင့်ခံရပါလိမ့်မည်။

သို့သော်လည်း အစစ်အမှန် အင်မော်တယ် နယ်ပယ်ဖြင့်၊ နိယာမနယ်ပယ်သို့ ခြေလှမ်း ဝင်ရောက်နိုင်သူများက နည်းပါးလွန်းလှသည်။ ဝင်ရောက်နိုင်သူ အားလုံးသည်လည်း ကြီးမြတ်သော ပါရမီရှင်များ ဖြစ်ကြပါသည်။ သာမန် အင်မော်တယ်များသည် ကောင်းကင်နှင့် မြေကြီး၏ နိယာမများကို နားလည်သဘောပေါက်လာချိန်မှာ၊ သူတို့သည် လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်နယ်ပယ် ခေါ် လျှိုအင်မော်တယ် နယ်ပယ်သို့ပင် ဝင်ရောက်နေကြပါပြီ။

"ချင်ယွင်... သခင်လေး ချင် " ရီယွန်သည် သူမပါးစပ်ကို ဖွင့်လိုက်သော်လည်း ချင်ယွင်ကို မည်သို့ခေါ်ရမှန်းမသိ ဖြစ်သွားသည်။

"ငါ့ကို ချင်ယွင်လို့ပဲ ခေါ်ပါ" ချင်ယွင် က စကားပြောရန် အစပျိုးလိုက်သည်။

"ချင်ယွင် ၊ မင်း ပြိုင်ပွဲကွင်းကို သွားဦးမှာလား?" ရီယွမ်က မေးသည်။ သူမသည် ချင်ယွင်၏ ခွန်အားကို စမ်းသပ်ရန်အတွက် ပြိုင်ပွဲကွင်းသို့ သွားရန် အကြံပြုခဲ့သည်။ ယခု ချင်ယွင်သည် သူမ၏အကြံစည်အား မြင်သွားပြီးဖြစ်သဖြင့်၊ ချင်ယွင်သည် သူ၏စိတ်ကို ပြောင်းသွားမည်ကို သူမ စိုးရိမ်နေမိသည်။

"သွားမယ်၊ ဒီပြိုင်ပွဲကွင်းကို သဘာဝအတိုင်း ငါ သွားကြည့်ဖို့ လိုတယ်။" ချင်ယွင်က အနည်းငယ်မျှ တုန့်ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေသည်။

ရီယွန်သည် ခေါင်းညိတ်လိုက်သည်။ အချိန်အတော်ကြာအောင် တွန့်ဆုတ်တွန့်ဆုန် ဖြစ်နေပြီးနောက် သူမသည် ရှက်ရွံ့စွာ ပြောလိုက်သည် "မိုးမလင်းခင် ငါတို့ အခွင့်ရေးရှာဖို့ ရနေသေးတယ်၊ မင်း ပြန်အိပ်ချင်သေးလား?"

"မအိပ်တော့ဘူး။ ငါ ဒီမှာ ခဏထိုင်ပြီး ကျင့်ကြံဦးမယ်" ချင်ယွင်က တိုက်ရိုက် ငြင်းဆိုပြီးနောက် သူမမျက်လုံးများမှိတ်ကာ ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက် သွားခဲ့သည်။

ရီယွန်၏ ဆိုလိုရင်းကို သူနားလည်သော်လည်း သူသည် ရီယွန်၏ အတွေးများကို သူ၏နှလုံးသားထဲတွင် အမှန်တကယ် လက်မခံနိုင်ပေ။ ထို့ကြောင့် သူ့တွင် ထိုကဲ့သို့သော အတွေးမျိုး မရှိသည်မှာ သဘာဝပင်။

ရီယွန်သည် ချင်ယွင်ငြင်းဆိုသည်ကို မြင်သောအခါ သူမ၏မျက်လုံးများတွင် စိတ်ပျက် လက်ပျက်ဖြစ်သည့် အရိပ်အယောင် ပေါ်လာသည်။ သို့သော်လည်း သူမသည် လျင်မြန်စွာ ငြိမ်သက်သွားပြီး ချင်ယွင် ပေးသော ကျင့်ကြံခြင်းပညာရပ်ကို စတင် ကျင့်ကြံလိုက်သည်။

အလွန်လျင်မြန်စွာပင်၊ ကောင်းကင်ကြီးသည် လင်းလက်လာခဲ့ပြီး ဖီးနစ်နေမြို့ရှိ ဈေးသည် ပြန်ပွင့်လာသည်။ လူတွေလည်း ပုံမှန်အတိုင်း စတင် များပြားလာကြသည်။

ချင်ယွင်တို့သည်လည်း တည်းခိုခန်းမှ ထွက်ကာ၊ ရီယွန်ပြောခဲ့သည့် ပြိုင်ပွဲကွင်းသို့ သွားခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကွင်းသည် ဖီးနစ်နေမြို့၏ အလည်ဗဟိုတွင် တည်ရှိသည်။ ဧရိယာ စတုရန်းမီတာ သုံးသန်းခန့် လွှမ်းခြုံထားသည်။ အလယ်တွင် ဘဲဥပုံသဏ္ဍာန်ရှိသော ပြိုင်ပွဲကွင်းကြီး တစ်ခုရှိသည်။ အနီးတစ်ဝိုက်တွင် လူပေါင်း ငါးသိန်း ဆံ့သော ပွဲကြည့် စင်မြင့်တစ်ခု ရှိသည်။

ဟုတ်ပါသည်။ ဤပွဲကြည့်စင်တွေကိုလည်း VIP ဧရိယာနှင့် သာမန်ကြည့်ရှုသူ ဧရိယာများအဖြစ် ပိုင်းခြားထားပြီး ပြိုင်ပွဲကွင်းထဲကို ဝင်ဖို့အတွက် လက်မှတ်တွေလည်း လိုအပ်ပါသည်။

သာမန်ကြည့်ရှုသူ နေရာများတွင် တစ်ရက်လျှင် အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း တစ်ရာလိုအပ်ပြီး VIP ဧရိယာတွင်မူ၊ အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်းတုံး တစ်ထောင် လိုအပ်ပါသည်။

သို့သော်ငြား ဤပြိုင်ပွဲကွင်းသည် နေ့စဉ်နှင့်အမျှ လူများဖြင့် ပြည့်နှက်နေသည်။ ဤပြိုင်ပွဲကွင်းသည် ရက်စက်ကြမ်းကြုတ်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရှုမြင်နိုင် သည်။

"ရပ်လိုက်၊ အခကြေးငွေ ပေးဆောင်ပြီးမှ ဝင်နိုင်တယ်။"

ချင်ယွင် နှင့် ရီယွန်တို့သည် ပြိုင်ပွဲကွင်း အဝင်ဝသို့ အရောက်တွင်၊ တစ်စုံတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရပါသည်။

ပြိုင်ပွဲကွင်း အ၀င်ဝတွင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူထွားကြီး နှစ်ယောက်သည် သူတို့ကို လေးနက်ပြီး မောက်မာဟန်ဖြင့် အေးစက်စွာ ကြည့်နေ သည်။

ချင်ယွင်သည် လူထွားကြီး လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့၏ ကျင့်ကြံမှုသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ တံခါးစောင့်မျှသာဖြစ်ပြီး အမှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော အခြားကျွမ်းကျင်သူများ ရှိနေရမည်။

ဤပြိုင်ပွဲကွင်း၏ စွမ်းအားသည် မည်မျှထူးခြားသည်ကို တွေးကြည့်နိုင်သည်။

ရီယွန်သည် ဤပြိုင်ပွဲကွင်းကြီးကို မျိုးနွယ်စုကြီး သုံးခုက စီမံခန့်ခွဲသည်ဟု တစ်ချိန်က ပြောခဲ့ဖူးသည်။ ပိုင်ရှင်အစစ်သည် ကြီးမြတ်သော မျိုးနွယ်စုကြီး (၃)စုမှ မဟုတ်ဘဲ၊ ပို၍ ကြီးမာသော အင်အားစုကြီးတစ်ခုမှ ဖြစ်လိမ့်မည်။

"ငါတို့က ကြည့်ရှုဖို့ မဟုတ်ဘဲ ပြိုင်ပွဲကွင်းပြင်တိုက်ပွဲမှာ ပါဝင်ဖို့ ရောက်ရှိလာခဲ့တာ" ချင်ယွင်က ပြောသည်။

လူထွားကြီးလူနှစ်ယောက်သည် ထိုစကားကို ကြားသောအခါ ချင်ယွင်ကို ကြည့်ပြီး၊ မထီမဲ့မြင် ပြုကြသည်။

လူထွားကြီးနှစ်ယောက်တွင် အခြားတစ်ယောက် ပို၍ပင် ရိုးစင်းသည်။ သူက လှောင်ပြောင်ပြီး ပြောလိုက်သည် “နောက်တစ်ယောက် သေဖို့ ရောက်လာပြန်ပြီ။ မင်း အထဲဝင်ပြီး ပထမဆုံးတံခါးရဲ့ ဘယ်ဘက်ကို ကွေ့သွားရင်၊ တစ်ယောက်ယော်ကို တွေ့လိမ့်မယ်။ အဲဒီလူက မင်းကို ဘဏ္ဍာစိုးဆီ ခေါ်သွားပေးလိမ့်မယ်။

ထိုသို့ပြောပြီးနောက် သူသည် လမ်းကို ဖွင့်ပေးကာ ချင်ယွင်ကို လွှတ်လိုက်သည်။

"ကျေးဇူးတင်ပါသည်။" ချင်ယွင်က သူ၏မျက်နှာပေါ်တွင်၊ ကျေးဇူးအများကြီး တင်လိုသည့် အမူအရာမရှိဘဲ ပြောလိုက်သည်။ ထို့နောက် ရီယွန်အား ပြိုင်ပွဲကွင်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

လူထွားကြီး၏ ညွှန်ကြားချက်အတိုင်း လိုက်နာကြပြီး ပထမတံခါးရောက်သည်နှင့်၊ သူသည် ဘယ်ဘက်သို့ ကွေ့လိုက်သည်။ သေချာပါသည်၊ ထိုနေရာမှာ စောင့်နေသည့် လူတစ်ယောက် ရှိနေပါသည်။ သူတို့၏ ရည်ရွယ်ချက်ကို ကြားပြီးနောက် သူသည် ချင်ယွင်ကို ခန်းမတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ဤနေရာသည် ပြိုင်ပွဲသို့ အသစ်ဝင်လာမည့် လူများကို လက်ခံရန် အထူးဒီဇိုင်း ထုတ်ထားသည့် နေရာဖြစ်ပြီး၊ စားပွဲခုံရှေ့တွင် တာဝန်ခံတစ်ဦး ထိုင်နေပြီး အချက်အလက်များကို သီးသန့်ခွဲထုတ်နေပါသည်။

ရီယွန်နှင့်အတူ ချင်ယွင်သည် ထိုတာဝန်ကျသူဆီသို့ လျှောက်သွားသည်။

ဤသည်မှာ မုတ်ဆိတ်မွေးနှင့် ဖြိုးသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ကြံ့ခိုင်ပုံရသည့်အပြင်၊ သူ၏ကျင့်ကြံမူအဆင့်ကလည်း မရိုးရှင်းပါဘူး။ သူသည် အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ထိုင်ပါ” တဖက်လူက အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိနေခဲ့ပြီး၊ သူက ခေါင်းပင် မော့မကြည့်ဘဲ တိုက်ရိုက် ပြောလိုက်သည်။

ချင်ယွင်က တာဝန်ခံညွှန်ကြားသည့် အတိုင်း သူနှင့် ဆန့်ကျင်ဘက် ကုလားထိုင် ပေါ်တွင် ထိုင်လိုက်သည်။

"နာမည်?" လူထွားကြီးက ခေါင်းပင် မမော့သေးဘဲ တိုက်ရိုက် ပြောလိုက်သည်။

"ရွှဲ့ရှာ၊ ချင်ယွင်က ပြောသည်။

ဝဖြိုးသောလူကြီးသည် ခေါင်းညိတ်လိုက်ပြီး အထူးပြုလုပ်ထားသော စာရွက် တစ်ရွက်ပေါ်တွင် အင်မော်တယ် အနှစ်သာရဖြင့် ရွှဲ့ရှာဟု ရေးသားလိုက်သည်။

"ကျင့်ကြံမူအဆင့်?" ဝဖြိုသည့်လူကြီးက ဆက်မေးသည်။

"အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။

ဝဖြိုးသည့်လူကြီးသည် ချင်ယွင်၏ ကျင့်ကြံမူအဆင့်ကို ယခင်အတိုင်း ဆက်လက်ပြီး မှတ်တမ်းတင်လိုက်သည်။

"တိုက်ပွဲမှာ ပါဝင်မည့်အဆင့်?" ဝဖြိုးသည့်လူကြီးက ဆက်မေးသည်။

"အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်" ချင်ယွင်က တိုတို တုတ်တုတ်ပဲ ပြန်ဖြေလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင်၊ လူဝကြီးသည် သူ၏လက်ထဲမှ အင်မော်တယ် မှင်ချောင်းကို ရပ်လိုက်ပြီး နောက်ဆုံးတွင် ချင်ယွင်ကို မော့ကြည့်လိုက်သည်။ သူက ချင်ယွင်ကို သူ၏မျက်လုံးတွေဖြင့် အပေါ်အောက် စုန်ဆန်ကြည့်လိုက်ပါသည်။

All Chapters