← Chapters

အခန်း ၇၂၀

Vol. 48 Ch. 720

အခန်း ၇၂၀

Vol. 48 Ch. 720

အခန်း (၇၂၀) ရှင်ခြင်းသေခြင်းတိုက်ပွဲ။

"ကောင်လေး၊ မင်း ပြိုင်ပွဲကွင်းရဲ့ စည်းမျဉ်းတွေကို သိတယ်မလား?" လူဝကြီးက မေးသည်။

သူ၏ရှေ့မှ ဤလူငယ်သည် ရူးသွပ်နေ၍လား သို့မဟုတ် ပြိုင်ပွဲကွင်း၏ စည်းမျဉ်းတွေကို မသိ၍လားဟု သူတွေးထင်နေသည်မှာ ထင်ရှားပါသည်။

ထိုသို့မဟုတ်ပါက၊ သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်း ကျင့်ကြံခြင်းအဆင့်တွင် ရှိနေပါလျှက်၊ အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင်သူများကို အဘယ်ကြောင့် စိန်ခေါ်ရမည်နည်း?။

"ငါ သိပါတယ်။ ရှင်ခြင်းသေခြင်းတိုက်ပွဲတွေက တစ်ဖက်ဖက်က အပြီးသတ်သေဆုံးမှပဲ ပြိုင်ပွဲက ပြီးဆုံးမှာ မဟုတ်လား?။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

သူသည် ပြိုင်ပွဲကွင်းထဲကို မရောက်ခင်ကတည်းက ရီယွန်သည် ပြိုင်ပွဲကွင်း၏ စည်းမျဉ်း စည်းကမ်းတွေအကြောင်း ပြောပြသည် သူ ကြားပြီးပြီ။

ပြိုင်ပွဲကွင်း၏ တိုက်ပွဲအဆင့်ကို အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ် နယ်ပယ်၊ အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်၊ နှောင်းပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်၊ အထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်နှင့် အမြင့်ဆုံးကတော့ အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်တို့ဟူ၍ ငါးမျိုးခွဲခြားထားသည်။

တိုက်ပွဲအဆင့် မည်သို့ပင်ရှိစေကာမူ အနိုင်ရသူသည် အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း တစ်သောင်း ရရှိရန်အတွက် တစ်ပွဲ အနိုင်ရရန်သာ လိုအပ်ပါသည်။ အကယ်၍ အနိုင်ရသူသည် စိန်ခေါ်မှုအဆင့်ကို ကျော်လွန်သွားပါက၊ သူ၏ ဆုလာဘ်သည် နှစ်ဆဖြစ်လိမ့်မည်။ စိန်ခေါ်မှုအဆင့်သည် နှစ်ဆကျော်လွန်သွားပါက၊ ဆုကြေးက လေးဆတိုးလာလိမ့်မည်။ စိန်ခေါ်မှုအဆင့်သည် လေးဆတိုးသွားပါက၊ ဆုကြေးသည် ရှစ်ဆတိုးသွားလိမ့်မည်၊

အကယ်၍၊ သူသည် အစောပိုင်း အစစ်အမှန် အင်မော်တယ် ကျင့်ကြံမူအဆင့်ဖြင့်၊ အထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ်ကို စိန်ခေါ်ခဲ့မည်ဆိုလျှင်၊ သူသည် တစ်ပွဲတည်းဖြင့် အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ရှစ်သောင်းကို ရနိုင်ပေလိမ့် မည်။ ဟုတ်ပါသည်၊ သူ ရှုံးနိမ့်သွားသည်နှင့် သူသည် တိုက်ရိုက် သေဆုံးသွားလိမ့်မည်။

"မင်းက သိတယ်ဆိုမှတော့ အစစ်အမှန် အင်မော်တယ် နယ်ပယ် အထွတ်အထိပ် အဆင့်တိုက်ပွဲကို ဘယ်လိုလုပ် စိန်ခေါ်ရဲတာလဲ။" လူဝကြီးသည် ချင်ယွင်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ ချင်ယွင်သည် သူနှင့် လာကစားနေသည်ဟု သူ ခံစားလိုက်ရသည်။

"ပြိုင်ပွဲကွင်းမှာ ကိုယ့်အဆင့်ထက် ကျော်လွန်ပြီး တစ်စုံတစ်ယောက်ကို စိန်ခေါ်ဖို့ မဖြစ်နိုင်ဘူးလား?။ ဒါ့အပြင်၊ ဆုပေးတဲ့စနစ်တွေလည်း ရှိနေပါတယ်။ ဘာလို့ ငါက စာရင်း မသွင်းနိုင်ရတာလဲ?။” ချင်ယွင်က လေးလေးနက်နက် ပြောလိုက်သည်။

လူဝကြီးသည် မျက်မှောင်ကြုတ်သွားပါသည်။ သူတို့၏ပြိုင်ပွဲကွင်းတွင် စိန်ခေါ်မှုအဆင့် များကို ကျော်ပြီး စိန်ခေါ်သူများအတွက် ဆုပေးသည့်စနစ်တစ်ခုကို အမှန်ပင် တည်ဆောက်ထားပါသည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ပြိုင်ပွဲကွင်းကို တည်ထောင်ခဲ့သည့် အချိန်မှစ၍ လူအနည်းငယ်သာ အဆင့်ကျော် စိန်ခေါ်မှုများကို ယှဉ်ပြိုင်ခဲ့ကြသည်။ ပုံမှန်အားဖြင့်၊ နှစ်တစ်ရာအတွင်း တစ်ခု, နှစ်ခုမျှ လောက်သာ ပေါ်လာတတ်သည်။ ထို့အပြင်၊ အဆင့်ကျော် စိန်ခေါ်သူများ ရှိကြသော် လည်း အောင်မြင်နိုင်သူကတော့ နည်းပါးပါသည်။

သူ၏ရှေ့မှ ဤလူငယ်သည် အဆင့်သုံးဆင့်ကျော်ပြီး တစ်စုံတစ်ယောက်ကို အမှန် တကယ် စိန်ခေါ်ချင်နေသည်။ ယင်းက အံ့သြစရာ မဟုတ်ပေပါလား။

"ဒါက ဝိညာဉ်စမ်းသပ်ခြင်းကျောက်တုံးပဲ။ မင်းရဲ့ အင်မော်တယ် အနှစ်သာရကို အဲဒီထဲကို ထည့်သွင်းလိုက်ပါ။" လူဝကြီးက ပြောသည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် သူ၏အဆင့်ထက် ကျော်လွန်သူတစ်ဦးကို စိန်ခေါ်နိုင် သည်ဟု ထင်ယောင်ထင်မှား ဖန်တီးရန်အတွက် သူ၏ကျင့်ကြံမှုအဆင့်ကို တမင်တကာ ဖုံးကွယ်ထားသည်ဟု သူ သံသယဖြစ်မိသည်။

ယခုလိုအဖြစ်မျိုး အရင်က တစ်ခါမှ မဖြစ်ဖူးပါဘူး။ သေခြင်းတရားကို မကြောက်ကြသော လူအချို့သည် သူတို့၏ ကျင့်ကြံမှုအဆင့်များကို ဖုံးကွယ်ရန် နည်းလမ်းတစ်ခုခု ရှိနေသည်ဟု ထင်နေကြသည်။ သူတို့သည် သူတို့၏ ကျင့်ကြံမှု အဆင့်များကို ဖုံးကွယ်ပြီး အဆင့်နိမ့်တိုက်ပွဲများတွင် ပါဝင်တတ်ကြသည်။ ပိုက်ဆံရရန် အတွက် ဤနေရာကို အခွင့်ကောင်း ယူချင်ကြသည်။ နောက်ဆုံးမှာတော့ သူတို့သည် ပြိုင်ပွဲကွင်းထဲမှာ ရှာဖွေတွေ့ရှိပြီး သတ်ဖြတ်ခံကြရသည်။

ထိုအချိန်မှစ၍ အဆင့်နိမ့်တိုက်ပွဲများတွင် ပါဝင်ရန် သူတို့၏ ကျင့်ကြံမှုအဆင့်များကို မည်သူမှ ဖုံးကွယ်ဝံ့ခြင်း မရှိခဲ့တော့ပေ။

ထို့ကြောင့်၊ သူ၏ရှေ့ရှိ ဤလူငယ်သည် အစစ်အမှန် အင်မော်တယ် အသွင်ကူးပြောင်း ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ဖြစ်နိုင်ခြေအရှိဆုံးဟု လူဝကြီးက သံသယ ဖြစ်မိနေသည်။ သူသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်၏ အစောပိုင်း အဆင့်တွင် သူ၏ကျင့်ကြံမှုအဆင့်ကို တမင်တကာ ဖုံးကွယ်ထားခဲ့ပြီး၊ သူသည် တတိယအဆင့်ရှိ တစ်စုံတစ်ဦးကို စိန်ခေါ်နိုင်သည့် ထင်ယောင်ထင်မှား ဖြစ်ရပ်တစ်ခုကို ဖန်တီးလိုသည်။

ချင်ယွင်က ပြုံးပြီး မည်သည့်စကားမှ ပြန်မပြောချေ။ ယင်းအစား၊ သူသည် သူ၏လက်ကို ဝိညာဉ်စစ်ဆေးခြင်း ကျောက်တုံးပေါ်တွင် တိုက်ရိုက်တင်ကာ သူ၏ အင်မော်တယ် အနှစ်သာရကို ဝိညာဉ်စစ်ဆေးခြင်းကျောက်ထဲသို့ ထည့်သွင်းလိုက် သည်။ ဝိညာဉ်စစ်ဆေးခြင်းကျောက်ပေါ်တွင် စာလုံးကြီးလေးလုံး ရှိနေသည်… အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ။

"အိုး... မင်းက တကယ်ပဲ အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ရောက်နေပြီလား?" လူဝကြီးက ချင်ယွင်ကို အံ့သြစွာ ကြည့်လိုက်သည်။

"အတုယောင်ဆိုရင်ရော အခု အဆင်ပြေနေမှာလား" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

လူဝကြီးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ချင်ယွင်သည် အစောပိုင်း အစစ်အမှန် အင်မော်တယ်နယ်ပယ်တွင် ရှိနေပြီဟု သူ ယုံကြည်ထားပြီး ဖြစ်သည်။

သူတို့၏ ပြိုင်ပွဲကွင်းအတွင်းမှ ဝိညာဉ်စာဆေးခြင်း ကျောက်တုံးများသည် လွှမ်းမိုး နိုင်စွမ်းရှိဆုံး ဝိညာဉ်စာဆေးခြင်း ကျောက်တုံးများ ဖြစ်ကြသည်။ သူတို့သည် အင်မော်တယ် ဘုရင်နယ်ပယ်တွင် ရှိနေသမျှ၊ ၎င်းတို့၏ရှေ့တွင် မည်သူမျှ ကျင့်ကြံမှုအဆင့်များကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

သူသည် ချင်ယွင်ကို ခဏလောက် တိတ်တဆိတ် ကြည့်ပြီးနောက် နောက်ဆုံး ပြောလိုက်သည် "အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်မှာ မင်း တကယ် ပါဝင်ချင်သလား?။

"ငါ စဉ်းစားပြီးပြီ။" ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်သည်။

"ကောင်းပြီလေ၊ မင်း ဒီစာချုပ်မှာ လက်မှတ် ရေးထိုးရမယ်။ ငါ မင်းအတွက် မကြာခင်မှာ တိုက်ပွဲတစ်ခု စီစဉ်ပေးမယ်" လူဝကြီးက ကူရာမဲ့သည့် လေသံဖြင့် ပြောလိုက်သည်။

သိသာသည်မှာ၊ ချင်ယွင်သည် စိန်ခေါ်မှုတွင် အောင်မြင်မည် မဟုတ်ဟု သူ ထင်မြင်ထားသည်။ သို့သော်လည်း ချင်ယွင်သည် သူ့သဘောတူ ဆုံးဖြတ်ချက် ချထားသောကြောင့် သူသည် ချင်ယွင်ကို နောက်ထပ် အတင်းအကျပ် မလုပ်နိုင် တော့ပေ။

ချင်ယွင်သည် စာချုပ်တွင် ပြတ်ပြတ်သားသား လက်မှတ် ရေးထိုးလိုက်သည်။ လူဝကြီးသည် စစ်ဆေးပြီးနောက် ချင်ယွင်ကို အနားယူရာနေရာသို့ ခေါ်ဆောင်ရန် တစ်စုံတစ်ဦးကို အမိန့်ပေးလိုက်သည်။

ရီယွန်သည် ချင်ယွင်၏ နောက်မှ အစအဆုံး လိုက်နေခဲ့ပြီး သူမသည် အမြဲတမ်း တစ်ခုခု ပြောချင်နေခဲ့သည်။

သူမ၏ ထင်မြင်ချက်အရ ချင်ယွင်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် အစွမ်းရှိသော်လည်း၊ သူ၏ကျင့်ကြံမှုအဆင့်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသည်။ သို့ဆိုလျှင်၊ သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် အနိုင်ယူနိုင်မည့် အစစ်အမှန် အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့် တိုက်ပွဲတွင် ပါဝင်ရန် အဘယ်ကြောင့် မရွေးချယ်ရသနည်း?။

သို့သော် အဆုံးတွင် သူမသည် သူမ၏ စကားများကို မျိုသိပ်ထားဆဲ ဖြစ်သည်။ ပထမအချက်၊ ချင်ယွင်သည် ဆင်ခြင်တုံတရား ကင်းမဲ့သူ မဟုတ်ကြောင်း သူမ ခံစားခဲ့ရသည်။ သူ၏စိတ်က မြင့်မားလွန်းသဖြင့် သူမအနေဖြင့် တုံ့ပြန်နိုင်စွမ်း မရှိသည့်တိုင် သူမကို အားရကျေနပ်မိစေသည်။ ထို့ကြောင့် သူမသည် ဤကိစ္စကို တွေးပေးဖို့ မဖြစ်နိုင်ပေ။

ဒုတိယအချက်အနေဖြင့်၊ သူမ၏ကိုယ်ရေးအချက်လက်သည် ချင်ယွင်၏ ကိန္နရီမလေး တစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။ ပြတ်ပြတ်သားသား ပြောရလျှင်၊ သူမသည် ယခုအချိန်တွင်၊ ချင်ယွင်၏ ကျွန်ဖြစ်နေပြီ ဖြစ်သည်။ သူမသည် ချင်ယွင်၏ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိသည်မှာ သဘာဝပင် ဖြစ်သည်။

ချင်ယွင်သည် ရီယွန်ကို ဘာမှ မရှင်းပြပါဘူး။ ယင်းအစား၊ သူသည် သူ၏ရင်ခွင်မှ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၉၅ တုံးကို ထုတ်ယူပြီး ရီယွန်ထံ အပ်လိုက်ကာ ပြောလိုက်သည် " ခဏနေ၊ ငါ စင်ပေါ် တက်ရလိမ့်မယ်။ မင်း ငါ့ဘက်ကလောင်းလို့ ငါ အနိုင်ရရင် မင်း ချမ်းသာလိမ့်မယ်”။

ရီယွန်သည် ချင်ယွင်၏ လက်ထဲမှ အင်မော်တယ် ကျောက်စိမ်းများကို ယူကာ ခေါင်းညိတ်လိုက်သည်။

အလောင်းအစား ပြုလုပ်ရာမှာ လွယ်ကူစေရန်အတွက် ပြိုင်ပွဲကွင်းတွင် ပြိုင်ပွဲမစတင်မီ လူတိုင်းအား နှစ်ဖက်ပြိုင်ဘက်များ၏ အချက်အလက်များကို ကြေငြာမည်ဖြစ်ကြောင်း သေချာပါသည်။

အကယ်၍ ထိုပရိသတ်များသည် ချင်ယွင်သည် အစောပိုင်း အစစ်အမှန် အင်မော်တယ်နယ်ပယ်တွင်သာ ဖြစ်ကြောင်းနှင့် ၎င်း၏ပြိုင်ဘက်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီကို သိပြီးသည်နှင့်၊ ၎င်းတို့သည် အချင်းချင်း အနိုင်ရရန် သေချာပေါက် လောင်းကြေးထပ်မည် ဖြစ်သည်။ ထိုအချိန်တွင် အခွင့်အလမ်းများသည် ကြောက်စရာကောင်းလောက်အောင် မြင့်မား နေမည်မှာ သေချာပါသည်။

ချင်ယွင် အနိုင်ရမည်ဟု ရီယွန်က လောင်းကြေးထပ်လိုက်သည်နှင့်၊ သူမသည် အကြိမ်တစ်ရာ၏ နှစ်ဆ ဖြစ်သွားနိုင်ပါသည်။

ရီယွန်သည် တစ်ခုခုကို တွေးနေပုံရပြီး သူမခန္ဓာကိုယ်ထဲရှိ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ငါးတုံးကို ထုတ်ပြီး ချင်ယွင်၏ ၉၅ တုံးနှင့် ပေါင်းထည့်လိုက်သည်။ ရီယွန်၏ လုပ်ရပ်ကို မြင်လျှင်၊ ချင်ယွင်သည် မည်သည့်အမူအရာမှ မပြသော်လည်း သူသည် သူ၏စိတ်ထဲတွင် ရီယွန်ကို သေချာသိနေခဲ့သည်။

အကယ်၍ ရီယွန်သည် သူ အနိုင်ရမည်ဟု မယုံကြည်ပါက၊ သူမသည် ဤငွေအားလုံးကို သူအနိုင်ရမည့်ဘက်မှ လောင်းကြေးထပ်လိမ့်မည် မဟုတ်ပေ။ ထို့အပြင်၊ သူမသည် ချင်ယွင်၏ တိုက်ပွဲတိုက်ခိုက်နေသည့်အချိန်ကို အခွင့်ကောင်းယူပြီး ဤငွေကြေးတွေ နှင့် ထွက်ပြေးနိုင်သည်။ ထို့ကြောင့် သူသည် ထိုအင်မော်တယ် ကျောက်စိမ်းများကို သူမထံ ပေးလိုက်ခြင်းက တစ်ဝက်သည် သူမကို စမ်းသပ်ခြင်း ဖြစ်ပါသည်။

သို့သော် ရီယွန်၏ လုပ်ရပ်များက သူမသည် သူ့ကို ယုံကြည်ရန် ရွေးချယ်ကြောင်း ပြသရန် လုံလောက်ပါသည်။

အလွန်လျင်မြန်စွာဖြင့်၊ ချင်ယွင်သည် တိုက်ပွဲနှင့်ပတ်သက်သည့် အကြောင်းကြားစာကို ရရှိခဲ့သည်။ သူ၏ပြိုင်ဘက်သည် လေးလံသော တူလိုလက်နက်များကို ကျွမ်းကျင်သော အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

တိုက်ပွဲခေါ်သံကို ကြားသောအခါ ချင်ယွင်သည် မတ်တပ်ထရပ်ပြီး ပြိုင်ပွဲကွင်းပြင်ဆီသို့ လျှောက်သွားသည်။

"သတိထားပါ!" ရီယွန်က ထိုစကားမပြောခင် ခဏလောက် တုံ့ဆိုင်းသွားသေးသည်။

ချင်ယွင်သည် ပြန်လှည့်ကြည့်လိုက်ပြီး ရီယွန်ကို ခဏလောက် ပြန်ကြည့်သည်။ သူသည် ခေါင်းညိတ်ပြပြီး၊ အဆုံးအဖြတ်တိုက်ပွဲများ တိုက်ခိုက်ရာ အလယ်ဗဟိုရှိ ပြိုင်ပွဲကွင်းဆီသို့ လျှောက်သွားသည်။

ပြိုင်ပွဲကွင်းကို ဖွင့်လိုက်ပြီး၊ ချင်ယွင်သည် ဧည့်ခန်းမထဲမှ ထွက်လာသည်နှင့် တပြိုင်နက် အလင်းရောင်က သူ၏ကိုယ်ပေါ်သို့ ထွန်းလင်းတောက်ပလာကာ သူ့ကို ထူးထူးခြားခြား တောက်ပနေစေသည်။

ပြိုင်ပွဲကွင်းပြင်သည် အလွန်ကြီးမားပြီး ပေထောင်ပေါင်းများစွာ ရှည်လျားကာ၊ နက်နဲသိမ်မွေ့ အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများသည်ပင် သူတို့၏ ခွန်အားအပြည့် ထုတ်လွှတ်နိုင်လောက်အောင် ကြီးမားသည်။

ပတ်​ဝန်းကျင်​က ဧည့်​သည်​​တွေနှင့် ပြည့်ကျပ်​​နေ၏​။ (အဝေးမှကြည့်လျှင်၊) လူတိုင်း၏ ပုံစံများက ပုရွက်ဆိတ် အရွယ်အစားမျှသာ ရှိနေကြသည်။ အို….။ အားပေးသံများက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေ၏။

ပြိုင်ပွဲကွင်းနှင့် ပရိသတ်ထိုင်ခုံများကြားတွင် အစွမ်းထက်သည့် ခုခံအကာကွယ် အစီအရင်ဝင်္ကပါတစ်ခု ရှိနေပါသည်။ ဤခုခံကာကွယ် အစီအရင်ဝင်္ကပါသည် အင်မော်တယ်နယ်ပယ်၏ စွမ်းအင်အတက်အကျ လှိုင်းများကိုသာ ခွဲထုတ်ထားခြင်း ဖြစ်ပြီး၊ အသံများကို ခွဲထုတ်ထားခြင်း မရှိပေ။ ရှင်းနေသည်မှာ၊ ၎င်းသည် ပရိသတ်များ၏ စိတ်လှုပ်ရှားမှုကို တိုးမြှင့်ရန်နှင့် တိုက်ပွဲအပေါ် ပို၍ပင် ပြင်းပြလာ စေရန် ဖြစ်သည်။

ချင်ယွင်သည် ပြိုင်ပွဲကွင်း၏အလယ်သို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ သူ၏ဦးခေါင်းအထက်ရှိ ရေစခရမ်ကြီးပေါ်တွင် ချင်ယွင်၏ အခြေခံ အချက်အလက်များ ကို ပြသထားသည်။

ထိုပွဲကြည့်သူများသည် ချင်ယွင်သည် အစောပိုင်း အစစ်အမှန် အင်မော်တယ်နယ်ပယ် အဖြစ်ဖြင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသည်ကို မြင်သောအခါ လူတိုင်း အံ့သြသွားကြသည်။

စာစဉ် (၄၈) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters