အခန်း ၇၂၁
Vol. 49 Ch. 721
အဓိပတိအင်မော်တယ်သခင် စာစဉ် (၄၉)
ဘာသာပြန်သူ နေဇင်။
အခန်း (၇၂၁) သူက ဘယ်လိုလူစားမျိုးလဲ။
"ဟဲ့၊ ငါ့လခွမ်း၊ ပြိုင်ပွဲကွင်းထဲမှာ ဘာတွေဖြစ်နေတာလဲ?။ အစစ်အမှန် အင်မော်တယ် အစောပိုင်းအဆင့်တစ်ဦးက အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ပြိုင်ပွဲမှာ တကယ် ပါဝင်ယှဉ်ပြိုင်မှာလား?။ သူက သေခြင်းတရားကို တောင်းခံနေတာ မဟုတ်ဘူးလား?" မတ်တပ်ရပ်နေသည့် ပရိသတ်တစ်ဦးက ပြောသည်။
"မှန်တယ်။ အစစ်အမှန် အင်မော်တယ် အစောပိုင်းအဆင့်တစ်ဦးက အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့် တိုက်ပွဲမှာ ဝင်ပြိုင်တော့ တိုက်ပွဲက ငြီးငွေ့စရာကောင်းလိမ့်မယ်။ အဲဒီ အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွက်အထိပ် အဆင့် ကျွမ်းကျင်သူက သူ့ကို တစ်ချက်လှုပ်ရုံနဲ့တောင် သတ်ပစ်နိုင်လောက်တယ်။" ထိုလူ၏ဘေးနားမှ ပရိသတ်တစ်ယောက်က သူ၏နှုတ်ခမ်းတွေကို ချက်ချင်း တွန့်ကောက်ပြီး ပြောလိုက်သည်။ သေချာသည်မှာ၊ မကြာခင် တိုက်ပွဲသည် အလွန်ငြီးငွေ့ဖွယ်ကောင်းမည်ဟု သူခံစားမိသည်။
"ဒီပြိုင်ပွဲက အရမ်း စိတ်ဝင်စားဖို့ ကောင်းမယ်လို့ ငါ ထင်တယ်။ မင်း စဉ်းစားကြည့် စမ်းပါ။ အထွက်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်ပညာရှင်က အဲဒီ အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျင့်ကြံသူလေးကို လုံးလုံး လျားလျား ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ပြီးနောက် သူရဲ့အသွေးအသားတွေက နေရာတိုင်းသို့ ပျံ့လွင့်သွားလိမ့်မယ်။ ဒီမြင်ကွင်းက ဘယ်လောက်တောင်မှ စိတ်လှုပ်ရှားစရာ ကောင်းလိုက်မလဲ?။" တစ်ဖက်မှ လူငယ်တစ်ဦးက ပြောသည်။
"စကားများတာ ရပ်လိုက်ကြတော့၊ ဒါက လောင်းကစားဖို့ အခွင့်ရေးကောင်းပဲ။ ဒီ အစောပိုင်း အစစ်အမှန် အင်မော်တယ် လူငယ်က ကျိန်းသေပေါက် ရှုံးလိမ့်မယ်။ အနိုင်ရဖို့ အထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ်ဘက်က မြန်မြန် လောင်းကြေးထပ်လိုက်ကြ။၊ မင်းတို့နေနဲ့ ဝင်ငွေအများကြီး မရပေမဲ့ အနည်းဆုံးတော့ ပုံမှန်အတိုင်း ရနိုင်ပါတယ်။" အခြားလူငယ်တဦးက ပြောသည်။
ထိုစကားကို ကြားတော့ ဘေးနားမှ လူအားလုံးသည် ကိုယ့်နဖူးကို ရိုက်ပြီး လောင်းကစားရန် ပြေးသွားကြသည်။ သူတို့အားလုံးသည် အထွက်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ်ဘက်မှ အနိုင်ရမည်ဟု လောင်းကြေးထပ်ခဲ့ကြသည်။
တူညီသော စကားဝိုင်းမျိုး၊ တူညီသော မြင်ကွင်းမျိုးသည် ပရိသတ်များ၏ ထိုင်ခုံများ တွင် ထွက်ပေါ်လာသည်။ ထိုပရိသတ်များအားလုံးသည် ရွှဲ့ရှာ ရှုံးမည်ဟု လောင်းကြေး ထပ်ကြသည်။
“ဘုန်း..”
ထိုအချိန်တွင် အဝေးမှ အသံတစ်ချက် ပစ်ဝင်လာခဲ့ပြီး ချင်ယွင်နှင့် မနီးမဝေးတွင် သက်ဆင်းလိုက်၏။
မြေပြင်တစ်ခုလုံးသည် ချက်ချင်း တုန်ခါသွားပြီး သူ၏ခြေဖဝါးအောက်သည် မြေမှုန့်တွေ အပြည့်ရှိနေသည်။
ဤသည်မှာ အပေါ်ပိုင်း ကိုယ်လုံးတီး နှင့် ထွားကျိုင်းသော အမျိုးသားတစ်ဦး ဖြစ်လေသည်။ အမှန်တကယ်ပင် သူသည် နှစ်မီတာမြင့်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး သည် တောင်ငယ်လေးတစ်ခုလို ကြီးမားလှပါသည်။ ချင်ယွင်၏ နဂိုကတည်းက ပိန်ပိန်ပါးပါး ရုပ်အသွင်သည် ဤလူထွားကြီး၏ရှေ့တွင် ပို၍ပင် သေးငယ်သွားသည်။
"မျိုးမစစ်ကောင်၊ မင်းက ရွှဲ့ရှာလား?" လူထွားကြီးက ချင်ယွင်ကို မျက်လုံးကြီးကို ပြူးကာ စိုက်ကြည့်နေသည်။ သူ၏အသံက ကြမ်းတမ်းပြီး ကျယ်လောင်ပေမယ့် သူ၏လေသံက ပြင်းထန်သော လှောင်ပြောင်မှု အပြည့် ရှိနေပါသည်။
"မင်းကရော ကြေးဝါတူဆိုသူလား?" ချင်ယွင်သည် လူထွားကြီး၏ လေသံကို တုပကာ လှောင်ပြောင်ပြောလိုက်သည်။
သူ၏ရှေ့မှ ဤလူထွားကြီးသည် အရပ်ရှည်ပြီး သန်မာသော်လည်း သူ၏ခွန်အားသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်အဆင့်မှာ ရှိနေသည်ဆိုလျှင်ပင်၊ သူ၏ခွန်အားသည် ထိုအချိန်တုန်းက ချန်ကူထက် အများကြီး အားနည်းနေပါသေး၏။
ချင်ယွင်သည် ချန်ကူကိုပင် မကြောက်ခဲ့ပေ။ သူသည် ဤလူထွားကို မည်သို့ ကြောက်ရမည်နည်း?။
သူ၏ရှေ့တွင်ရှိနေသော ကြေးဝါတူဆိုသည်မှာ ချင်ယွင်၏ ရွှဲ့ရှာဟူသော နာမည်ပြောင် ကဲ့သို့ လူထွားကြီး၏ နာမည်ပြောင် ဖြစ်ပါသည်။ ဤပြိုင်ပွဲကွင်းကို ရောက်လာသည့် အခါ လူတိုင်း သူတို့၏ နာမည်အစစ်ကို အသုံးပြုသူက အလွန်နည်းပါသည်။
"မျိုးမစစ်ကောင်လေး၊ မင်း ဘယ်သူနဲ့ စကားပြောနေလဲ?။ မင်း ငါ့ကို အနိုင်ယူနိုင်မယ် လို့ တကယ် ထင်နေတာလား?။ အစောပိုင်း အစစ်အမှန် အင်မော်တယ်နယ်ပယ်က ငါ့မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်တစ်ကောင်ဖြစ်ဖို့တောင် မလုံလောက်သေးဘူး။ မင်းကို လက်တစ်ဖက်တည်းနဲ့တောင် ငါ သတ်ပစ်လိုက်နိုင်တယ်။" ချင်ယွင်က သူ၏ပုံစံအတိုင်း ထပ်တူ လှောင်ပြောင်ဝံ့သည်ကို ကြေးဝါတူ မြင်လိုက်ရလျှင်၊ ပြင်းထန်သော ဒေါသလှိုင်းလုံးတွေက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။
"မင်းကို ငါ လက်တစ်ဖက်ပဲ အသုံးနိုင်တယ်" ချင်ယွင်က လှောင်ပြောင် ပြောလိုက်သည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ”။ ချက်ချင်းပင် ကြေးဝါတူ၏ မျက်လုံးများတွင် ပြင်းထန်သော ဒေါသက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်။ အစစ်အမှန် အင်မော်တယ် နယ်ပယ် အထွက်အထိပ်ရှိ အငွေ့အသက်သည် ရုတ်တရက် ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များနှင့် သဲများသည် လွင့်ထွက်သွားသည်။
"သူ့ကို သတ်၊ သူ့ကို သတ်ပစ်” ဤအခိုက်အတန့်တွင် ထိုင်ခုံများပေါ်မှ ပရိသတ်များ၏ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာပြီး အားလုံးသည် ချင်ယွင်ကို သတ်ဖြတ်ရန် ကြေးဝါတူအား အားပေးကြသည်။
"ကောင်စုတ်လေး..။ မင်း ကြားရဲ့လား?။ လူတိုင်းရဲ့ အော်ဟစ်အားပေးသံကို ကြားတော့ ကြေးဝါတူက ကျေနပ်စွာ ပြုံးလိုက်ပြန်သည်။
"ဒါက သိပ်ကို အဓိပ္ပာယ်ကင်းမဲ့လွန်းတယ်”။ ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက် သည်။ သူသည် စိတ်ရှည်သည်းခံနိုင်မူ ဆုံးရှုံးသွားပြီး ကြေးဝါတူဖြင့် အဓိပ္ပာယ်မရှိသော စကားများကို ဆက်ပြီး မပြောလိုတော့ပေ။
"မင်းက မြန်မြန် သေချင်နေတာဆိုတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။" ကြေးဝါတူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် ချက်ချင်းပင် သူ၏ ခြေဖဝါးအောက်သို့ ခွန်အားကို ထုတ်လွှတ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးသည် လျှပ်စီးကြောင်းကဲ့သို့ ချင်ယွင်ဆီသို့ ချက်ချင်း ရောက်ရှိသွားပြီး သူ၏ကြီးမားလှသော ခန္ဓာကိုယ်သည် လေထဲတွင် ပုံရိပ်ယောင်များစွာကို လွှင့်ထုတ်ထားခဲ့သည်။
"သူ့ကို သတ်၊ သူ့ကို သတ်ပစ်လိုက်စမ်း ” ကြေးဝါတူ၏ ဖောက်သည် ပရိသတ်များသည် ထိုမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ကျယ်လောင်စွာ အော်ဟစ်ကြသည်။
သို့သော် ချင်ယွင်သည် ထိုနေရာတွင် ရပ်နေဆဲ ဖြစ်ပြီး၊ သူ၏မျက်လုံးများက ဤအရာအားလုံးကို အေးဆေးစွာ ကြည့်နေသည်။
"ဟား…၊ ဟား…၊ မင်းက အကြောက်လွန်ပြီး တုံးအသွားပြီပေါ့။ သေလိုက်တော့”။ ချင်ယွင်သည် ထိုနေရာမှာပင် တုံ့ပြန်မှုမရှိဘဲ ရပ်နေသည်ကို ကြေးဝါတူ မြင်သောအခါတွင် မထီမဲ့မြင်ပြုဟန် အပြုံးတစ်ခုက သူ၏မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာသည်။ သူ၏ကြီးမားသော လက်သီးကြီးကို ချက်ချင်းဆိုသလို တင်းတင်း ကြပ်ကြပ် ဆုပ်လိုက်ပြီး ချင်ယွင်၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ ရိုက်ချိုးလိုက်လေသည်။
ထိုမြင်ကွင်းကို ပရိသတ်အားလုံး မြင်လိုက်ရသည့်အခါ၊ အားလုံးသည် ရင်ခုန် စိတ်လှုပ်ရှားသည့် အမူအရာတွေ ဖြစ်ပေါ်လာကြပါသည်။ သူတို့သည် ဦးခေါင်း ပေါက်ကွဲပြီး ဦးနှောက်တွေ ဖွာလန်ကြဲသွားသည့် မြင်ကွင်းကို မြင်လိုက်ရသလိုပင်။
"ဘုန်း..”။
ပြိုင်ပွဲကွင်းထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ထိုအသံက ပြိုင်ပွဲကွင်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ပတ်ဝန်းကျင်မှ ဖုန်မှုန့်တွေက ရုတ်တရက် လွင့်ထွက်သွားပြီး သူ၏ခြေဖဝါးအောက်မှ မြေပြင်တွေတောင် တုန်ခါသွားသည်။
ပရိသတ်အားလုံးသည် အထိတ်တလန့် အော်ဟစ်ကြတော့မည့်အချိန်၊ သူတို့အားလုံး မအော်နိုင်မီ လုံးလုံး အံ့ဩသွားကြသည်။
"ငါ...ရှာရှာလည် မူးနေတာ မဟုတ်ပါဘူးနော်” ပရိသတ်တစ်ဦးက သူ၏မျက်လုံးများကို ပွတ်သပ်သည်။
"မင်း မူးနေတာ မဟုတ်ဘူး။ ငါလည်း မြင်တယ်။" သူ၏ဘေးနားရှိ ပရိသတ်များက စကားပြောဆိုနေကြသော်လည်း သူတို့၏ အကြည့်များက ပြိုင်ပွဲကွင်းပြင် အလယ်ရှိ ထိပ်တိုက်ဆုံမိနေသော လူနှစ်ယောက်ကို စူးစိုက်စိုက် ကြည့်နေကြသည်။
ပြိုင်ပွဲကွင်းပြင် အလယ်တွင်၊ ချင်ယွင်က သူ၏လက်သီးကို ပြန်ရုပ်သိမ်းလိုက်ပြီး၊ သူ၏လက်ပေါ်ရှိ ဖုန်မှုန့်များကို ခါလိုက်သည်။ သူသည် သူ၏ရှေ့မှ ကြေးဝါတူကို လှည့်ပင်မကြည့်ဘဲ လက်နှစ်ဖက်နောက်ပစ်ကာ အနားယူရာနေရာကို တိုက်ရိုက် လျှောက်သွားသည်။
ကြေးဝါတူသည် ကြောင်တက်တက် အမူအရာဖြင့် မတ်တပ်ရပ်နေဆဲ ဖြစ်ပြီး သူ၏ခန္ဓာကိုယ်သည် လက်သီးထိုးချက်သဏ္ဍာန်ကို ထိန်းသိမ်းထားဆဲပင် ဖြစ်သည်။ သို့သော် သူ၏မျက်နှာပေါ်ရှိ အမူအရာက တောင့်တင်းနေပြီး နာကျင်သည့် အမူအရာကိုပင် ထုတ်မပြနိုင်ပေ။
"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”။ ကြေးတူသံသည် သူ့ကိုယ်သူ ရေရွတ်သည်။ သူ၏မျက်နှာပေါ်ရှိ အမူအရာသည် အလွန်အမင်း ထိတ်လန့်နေပြီ ဖြစ်သော်လည်း၊ ထိုအချိန်တွင် သူ၏ ပါးစပ်အပါဝင် ဒွါရခုနစ်ပေါက်မှ သွေးများ ယိုထွက်စ ပြုလာသည်။
"ဘုန်း…” ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ။
ကြေးဝါတူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီး မျက်လုံးများလည်း ပြူးကျယ်လာကာ မလှုပ်မယှက် ဖြစ်သွားလေသည်။
"တစ်ချက်...လက်သီးတစ်ချက်ထဲလား?။ သေ... သေသွားပြီလား..?။ ကြည့်ရှုနေသူ ပရိသတ်အားလုံးသည် ၎င်းတို့၏ နှလုံးများကို ပြင်းထန်စွာ ဆွဲညှစ်ထုတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး၊ သူတို့၏ မေးရိုးများ တုန်လှုပ်သွားကာ မြေပြင်ပေါ်သို့ ကျလုနီးပါး ဖြစ်ခဲ့ရသည်။
အစစ်အမှန် အင်မော်တယ် နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူနှင့် အစစ်အမှန် အင်မော်တယ် နယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင်သူတို့ တိုက်ခိုက်ခဲ့ကြသည်။ သူတို့၏ မျက်လုံးထဲမှာတော့ ဤတိုက်ပွဲ၏ ရလာဒ်က ဆုံးခန်းတိုင်သွားပြီ ဖြစ်သည်။ သို့သော် နောက်ဆုံးရလာဒ်သည် သူတို့၏ မျှော်မှန်းချက်ထက် ကျော်လွန်သွားခဲ့သည်။
ရွှဲ့ရှာဟုခေါ်သော အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ် နယ်ပယ် လူငယ်လေးသည် အစစ်အမှန် အင်မော်တယ် နယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ဤကြေးဝါတူကို သတ်ဖြတ်ရန်အတွက် အမှန်တကယ်ပင် လက်သီးတစ်ချက်ကိုသာ အသုံးပြုခဲ့သည်။
ဆန့်ကျင်ဘက် အမြင်ကို သက်ရောက်စေသည့် ဤကဲ့သို့ မြင်ကွင်းမျိုးက လူတိုင်း၏ နှလုံးသားကို တုနှိုင်းမရအောင် တုန်လှုပ်သွားစေခဲ့ပါသည်။
"ရွှဲ့ရှာ , ရွှဲ့ရှာ”
ရွှဲ့ရှာ၏ အမည်ကို အော်ဟစ်အားပေးရာတွင် မည်သူက ဦးဆောင်လိုက်သည်ကို မသိရပေ။ ချက်ချင်းပင် ဤအမည်သည် ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးကို ဒီရေလှိုင်းကဲ့သို့ ပျံ့လွင့်သွားသည်။ လူတိုင်း မတ်တပ်ထရပ်ပြီး အရူးအမူး အော်ဟစ်အားပေးကြသည်။
ရီယွန်သည် ပရိသတ်ထဲမှ မတ်တတ်ရပ်ကာ အနားယူခန်းမ နေရာဆီသို့ လက်နှစ်ပစ်ကာ လျှောက်သွားနေသေးသော လူငယ်ကို လှမ်းကြည့်ရင်း သူမ၏ လှပသော မျက်လုံးများသည်လည်း တုန်လှုပ်ခြောက်ခြားမူ အပြည့်ရှိနေခဲ့သည်။
ချင်ယွင်သည် ဤတိုက်ပွဲကို အနိုင်ရမည်ဟု သူမ ယုံကြည်ရန် ရွေးချယ်ခဲ့သော်လည်း သူမစိတ်ထဲတွင် အနည်းငယ် ထိတ်လန့်နေသေးသည်။ သူမ၏ ထင်မြင်ချက်အရဆို၊ အကယ်၍၊ ချင်ယွင် အနိုင်ယူနိုင်ခဲ့လျှင်ပင်၊ သူသည် လွန်စွာမှ အားသွန်ခွန်စိုက် ကြိုးစားရမည်မှာ သေချာပါသည်။
သို့သော်၊ ထွက်ပေါ်လာသည့် ရလာဒ်က ဤအထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ် ကြေးဝါတူကို ကိုင်တွယ်ဖြေရှင်းခဲ့သော ချင်ယွင်၏ ရိုးရှင်းသော လက်သီးတစ်ချက် ဖြစ်နေသည်။
"သူက ဘယ်လိုလူမျိုးလဲ?” ရီယွန်သည် အလွန် တုန်လှုပ်သွားသည်။ သူမရှေ့ရှိ ရွှဲ့ရှာဆိုသည့် လူငယ်သည် လွန်ခဲ့သော တစ်လခန့်ကမှ တက်လှမ်းလာခဲ့သော တက်လှမ်းလာသူတစ်ဦး ဖြစ်ကြောင်းကို သိရှိသောသူမှာ လက်ရှိအချိန်တွင် သူမတစ်ဦးတည်းသာ ဖြစ်နိုင်ပါသည်။
အကယ်၍၊ ဤလူတွေသာ ဤအကြောင်းကို သိရှိသွားပါက၊ မည်သည့် အမူအရာမျိုး ဖြစ်ပေါ်လာမည်ကို သူမသည် အမှန်တကယ် တွေးကြည့်၍ပင် မရတော့ပါဘူး။
"ရွှဲ့... အစ်ကိုရွှဲ့ ခဏစောင့်ပါဦး…”။
ချင်ယွင် အနားယူရာနေရာကို ရောက်သည်နှင့်၊ လူဝကြီးက ကျော်တက်သွားသည်။ သူ၏နောက်တွင် အဖြူရောင် အင်မော်တယ် ၀တ်စုံဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေပါသည်။ သေချာသည်မှာ၊ ဤလူသည် ဤပြိုင်ပွဲကွင်း၏ ဘဏ္ဍာစိုး ဖြစ်သင့်ပါသည်။