အခန်း ၇၂၂
Vol. 49 Ch. 722
အခန်း (၇၂၂) အင်မော်တယ်ဖီးနစ်ခန်းမ။
"အစ်ကိုရွှဲ့၊ ခဏစောင့်ပါဦး။" လူဝကြီးသည် ချင်ယွင်၏ရှေ့သို့ ပြေးသွားကာ သူ၏မျက်နှာပေါ်မှ အသားတစ်ကြီးတွေက စည်းချက်ကျ လှုပ်ခါနေသည်။
"အရှင်၊ မင်းအတွက် ငါ ဘာလုပ်ပေးရမလဲ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
တကယ်တော့၊ ဤလူဝကြီးသည် အဘယ့်ကြောင့် သူ့ဆီလာသည်ကို သူ မှန်းဆထား ပြီးသား ဖြစ်သည်။ သို့သော်လည်း သူသည် ဘာမျှမသိသလို ဟန်ဆောင်နေခဲ့သည်။
သူသည် အထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်သူကို သတ်ဖြတ်ရန်အတွက် သူ၏ အစစ်အမှန် အင်မော်တယ် အစောပိုင်းအဆင့် စွမ်းအားကို အသုံးပြုခဲ့သည်။ ဤပြိုင်ပွဲကွင်း၏ ဘဏ္ဍာစိုးသည် သူ့ကို လာမရှာမှသာလျှင် ထူးဆန်းနေပါလိမ့်မည်။
နောက်ဆုံးမှာတော့၊ သူသည် ကြီးမားသည့် ငွေရှာကောင်းသော နွားကြီးတစ်ကောင် ဖြစ်လာမည် ဖြစ်ပြီး၊ ဦးနှောက် ပြေးလှသော မည်သည့် စီးပွားရေးသမားမဆို ငွေရှာရန် အတွက် ထိုကဲ့သို့သော အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
"အစ်ကိုရွှဲ့၊ ဒါက ငါတို့ပြိုင်ကွင်းရဲ့ဘဏ္ဍာစိုးကြီးပဲ" လူဝကြီးက အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက်၊ သူသည် ခြေတစ်လှမ်း နောက်ဆုတ်ပြီး အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ထိုင်ခုံပေးလိုက်သည်။
"နှုတ်ဆက်ပါတယ်။ ငါ့နာမည်က ဟီအန်းပါ။ ငါက ဒီပြိုင်ပွဲကွင်းရဲ့ ဘဏ္ဍာစိုးပါ။" အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြုံးလေး ပြောသည် ။
"ငါ့နာမည် ရွှဲ့ရှာပါ" ချင်ယွင်က တိုက်ရိုက် ပြန်ဖြေသော်လည်း သူ၏စိတ်ထဲတွင် အလွန် သတိရှိနေသည်။
အဘယ့်ကြောင့်ဆိုသော် သူသည် ဟီအန်းဟုခေါ်သော အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ကျင့်ကြံမူအဆင့်ကို သူ မမြင်နိုင်သည်ကို တွေ့ရှိခဲ့ရခြင်းကြောင့် ဖြစ်သည်။ တစ်နည်းဆိုရသော် သူ၏ ကျင့်ကြံမူအဆင့်သည် အနည်းဆုံး ဤလူဝကြီး၏ အထက်ဖြစ်သော အစောပိုင်းအဆင့် သိမ်မွေ့နက်နဲခြင်း အင်မော်တယ်နယ်ပယ်၏အထက်မှာ ဖြစ်ပါလိမ့်မည်။
ချင်ယွင်၏ လက်ရှိခွန်အားဖြင့်၊ အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် ကြုံတွေ့ရပါက၊ သူသည် ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေး ရှိပါသေးသည်။ သို့သော်၊ အကယ်၍၊ သူသည် အလယ်အလတ်အဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် ကြုံတွေ့ရပါက၊ သူသည် အင်မော်တယ်ဘုရင်၏စံအိမ် သို့မဟုတ် ကနဦးစကြာဝဠာထဲသို့ ဝင်ရောက် ပုန်းအောင်းမနေပါက သူသည် အသက်ရှင်သန်ရန် အခွင့်လမ်းမရှိတော့ပေ။
လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် တွေ့ကြုံရ ပါက၊ သူသည် အင်မော်တယ်ဘုရင်၏စံအိမ်သို့ ဝင်ရောက်ရန် အခွင့်အရေးပင် မရှိနိုင်ဘဲ အခြားတဖက်မှ လုံးလုံးလျားလျား ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ထိုအချိန်တွင် သူသည် သေချာပေါက် သေရလိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် သတိထားသင့်သည်။
"ရွှဲ့ရှာဆိုတာက မင်းရဲ့နာမည်အရင်း မဟုတ်မှာ ငါ ကြောက်မိတယ်" သူက ပြုံးပြီး မေးသည်။
"မင်းရော အစစ်အမှန် နာမည်အရင်းကို အသုံးပြုထားတာလား?" ချင်ယွင်က ပြန်ပြောသည် ။
'"မှန်ပါတယ်လေ”။ ပြိုင်ပွဲကွင်းထဲမှာ နာမည်ပြောင်ကို သုံးတာက ပုံမှန်ပါပဲ။ နောက်ပြီး ငါတို့ကလည်း နာမည်ပြောင်တွေကို သုံးပြီး ယှဉ်ပြိုင်တိုက်ခိုက်တာကို အားပေးတယ်။ အခု၊ ငါက မင်းနဲ့ မိတ်ဆွေဖွဲ့ချင်ပြီး၊ မင်းရဲ့နာမည်အရင်းကို သိချင်တဲ့အတွက် မင်းရဲ့နာမည်အစစ်ကို တောင်းဆိုမိတာပါ။ တကယ်လို့ မင်းက မပြောချင်ဘူးဆိုရင် တော့၊ ငါက မင်းကို အတင်းအကြပ် မတောင်းဆိုပါဘူး" ဟီအန်းက မထင်မရှား ပြုံးလိုက်သည်။
"အိုး” ချင်ယွင်က ခေါင်းညိတ်ပြသော်လည်း သူ၏အမည်အရင်းကို ပြောပြရန် အနည်းငယ်မျှ ရည်ရွယ်ချက် မရှိခဲ့ပေ။
ဟီအန်း နှင့် လူဝကြီးတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သေချာသည်မှာ၊ ချင်ယွင်သည် ဤမျှ သတိကြီးစွာထားနေမည်ဟု သူတို့ မျှော်လင့်မထားကြပေ။
"မင်းတို့ နှစ်ယောက်က တိုက်ပွဲအတွက် ဆုပေးဖို့ ငါ့ကို လာရှာတာလား?။" ချင်ယွင် က ပြောသည်။
ဟီအန်း နှင့် လူဝကြီးတို့သည် ချင်ယွင်၏ စကားကိုကြားသောအခါ ချက်ချင်းပင် ပြောစရာစကား မရှိဖြစ်သွားရ၏။ သူတို့ရှေ့မှ ဤလူသည် ယခုအချိန်တွင် သူ၏ပြိုင်ပွဲ ဆုကြေးကို တွေးနေဆဲဟု သူတို့ ခံစားရသည်။ သူ၏ရှေ့မှာ ကြီးမားသော အခွင့်အရေးကြီးတစ်ခု ရှိနေသည်ဟု သူ မတွေးမိဘူးလား?။
"ဒါက ဒီပြိုင်ပွဲအတွက် မင်းရဲ့ဆုလာဘ်ပဲ။ စုစုပေါင်း အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀ ရှိတယ" ဟီအန်းက သိုလှောင်ပစ္စည်းတစ်ခုကို ထုတ်ပြီး ချင်ယွင်ကို ပေးကာ ပြောလိုက်ပါသည်။
"၁၀၀၀၀၀..မဟုတ်ဘူးလား.. ? ဘာလို့ ၂၀၀၀၀ ပိုနေရတာလဲ..?" ချင်ယွင်သည် သိုလှောင်လက်စွပ်ကို ယူကာ စစ်ဆေးကြည့်လိုက်သည်။ သေချာပါသည်၊ သိုလှောင်လက်စွပ်ထဲမှာ အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်းတုံး ၁၀၀၀၀၀ ရှိနေကြောင်း သူတွေ့ရှိခဲ့ရပါသည်။
"ဒါကို ငါက အထူးအထူးအနေနဲ့ ၂၀၀၀၀ ပိုထည့်ပေးလိုက်တာပါ။ မင်းက ငါတို့ ပြိုင်ပွဲကွင်း သမိုင်းတစ်လျှောက် အဆင့်သုံးဆင့်ကို ဖြတ်ကျော်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံးလူ ဖြစ်တာကြောင့်ပဲ။ ဒါကြေင့် မင်းအတွက် ငါက ၂၀၀၀၀ ကို အထူးအနေနဲ့ ထပ်ထည့်ခဲ့တယ်" သူက ပြုံးပြုံးလေး ပြောသည်။
"အိုး” ဒါဆိုလည်း ကျေးဇူးတင်ပါတယ်” ချင်ယွင်က ဟီအန်း နှင့် လူဝကြီးတို့ကို ပြောပြီးနောက် တိုက်ရိုက် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
"အစ်ကိုရွှဲ့၊ ကျေးဇူးပြုပြီး ခဏစောင့်ပါဦး။" သို့သော် ချင်ယွင် ရှေ့သို့ ခြေတစ်လှမ်းပင် မလှမ်းမီတွင်၊ ဟီးအန်းနှင့် လူဝကြီးတို့၏ တစ်ချိန်တည်း စကားပြောသံကို ကြားလိုက်ရသည်။
"အခြားတစ်ခုခုများ ရှိသေးလို့လား?" ချင်ယွင်သည် တုံးအပြီး၊ မှင်သက်အံ့ဩဟန် ဟန်ဆောင်လိုက်သည်။
"ဒီလိုပါ၊ ငါတို့က အစ်ကိုရွှဲ့ကို ဒီမှာဆက်နေပြီး ငါတို့ရဲ့ပြိုင်ပွဲကွင်းနဲ့ ပူးပေါင်းကာ၊ ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်လာဖို့ ဖိတ်ခေါ်ချင်လို့ပါ။ စိတ်မပူပါနဲ့၊ အစ်ကိုရွှဲ့ ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်လာ တာနဲ့၊ အစ်ကိုရွှဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရရှိစေဖို့အတွက် အစ်ကိုရွှဲ့ရဲ့ပြိုင်ဘက်တွေကို ငါတို့က ကြိုတင်စီစဉ်ပေးမှာပါ။ ." ဟီအန်း ကမန်းကတန်း ပြောလိုက်သည်။
"ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမားလား?။ ချင်ယွင်သည် စဉ်းစားဆင်ခြင်နေဟန် အမူအရာတစ်ခုကို ထုတ်ဖော်ရင်း တီးတိုးရေရွတ်လိုက်သည်။
ဟီအန်းနှင့် လူဝကြီးတို့သည် ချင်ယွင်၏ အဖြေကို စောင့်ဆိုင်းနေကြရင်း၊ ချက်ချင်းပင် ချင်ယွင်ကို စိုးရိမ်ထိတ်လန့်စွာ ကြည့်နေကြသည်။
"စိတ်မဝင်စားဘူး။" ချင်ယွင်က တိုက်ရိုက် ပြန်ဖြေသည်။
ဟီအန်းနှင့် လူဝကြီးတို့သည် ချက်ချင်းပင် ပြိုလဲကျသွားသည်။ ဤကောင်လေးသည် အမှန်တကယ် မိုက်မဲလွန်းတာလား?။ ဒါမှမဟုတ် နောက်ပြောင်နေသလားဆိုသည်ကို သူတို့ တကယ် မသိကြတော့ပါဘူး။
"ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမားတစ်ယောက် မဖြစ်ချင်လည်း အဆင်ပြေပါ တယ်။ အစ်ကိုရွှဲ့ရှာက ငါတို့အဖွဲ့ထဲ ပူးပေါင်းဝင်ရောက်နိုင်ခြင်း ရှိမရှိ ငါ မေးကြည့် လို့ရမလား?" ဟီအန်းက ဆက်ပြောသည်။
"မင်းတို့ရဲ့ အဖွဲ့ထဲလား? ။ ဘယ် အဖွဲ့လဲ? ။ ကြီးမားတဲ့ မျိုးနွယ်စုကြီး သုံးခုလား”။ ချင်ယွင်က စိတ်ဝင်တစား မေးသည်။
ဟီအန်းက ပြုံးပြီး ပြောသည် "ငါတို့အဖွဲ့က မျိုးနွယ်စုကြီး သုံးခုက မဟုတ်ပါဘူး။ ပြိုင်ပွဲကွင်းကြီးက မျိုးနွယ်စုကြီး (၃)စုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပေမယ့်၊ သူတို့က ပြိုင်ပွဲကွင်းထဲမှာ တရားဥပဒေစိုးမိုးရေးကို ထိန်းကျောင်းနေရုံသက်သက်ပါပဲ။ ပြိုင်ပွဲကွင်းရဲ့ ပိုင်ရှင်အစစ်အမှန်က ဒီမျိုးနွယ်စုကြီး သုံးခု မဟုတ်ပါဘူး။ ငါတို့ရဲ့ အင်မော်တယ် ဖီးနစ်ခန်းမပဲ "
"အင်မော်တယ်ဖီးနစ်ခန်းမလား…?”။ ချင်ယွင်သည် စဉ်းစားဆင်ခြင်ဟန် အမူအရာကို ထုတ်ပြလိုက်သည်။
သို့သော်လည်း၊ သူ၏စိတ်ထဲတွင် အင်မော်တယ်ဖီးနစ်ခန်းမနှင့် ပတ်သက်ပြီး မှတ်ဉာဏ်တွေ မရှိခဲ့ပါဘူး။ သိသာထင်ရှားသည်၊ ဤအရာသည် သူမသိသော အခြား အင်အားစုတစ်ခု ဖြစ်ပါလိမ့်မည်။
"ဒီတော့၊ အစ်ကိုရွှဲ့ရှာက ပါဝင်ဖို့ ဆန္ဒရှိလား?" ဟီအန်းက ဖြည့်စွက်ပြီး ထပ်ပြောလိုက် သည် “အစ်ကိုရွှဲ့ရှာက ငါတို့ရဲ့ အင်မော်တယ်ဖီးနစ်ခန်းမမှာ ပူးပေါင်းလိုက်တာနဲ့၊ တုနှိုင်းမရတဲ့ ရက်ရောမူတွေနဲ့ ဆက်ဆံခံရပါလိမ့်မယ်။ ဥပမာ…”
“အင်မော်တယ်ဖီးနစ်ခန်းမဆိုတာ ဘာလဲ? ဒီအသံကြားတာနဲ့ ငါ့အမေက ဒေါသ ထွက်နေသလိုမျိုး ဘာကြောင့် ခံစားနေရတာလဲ?" ချင်ယွင်က ကြားဖြတ် ပြောလိုက်ပါ သည်။
ဟီအန်းနှင့် လူဝကြီးတို့သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ကြပါသည်။
"မင်းတို့ အဆင်ပြေရဲ့လား..?။ မင်းတို့ အဆင်ပြေရင် ငါ ထွက်သွားတော့မယ်” ချင်ယွင် က ဟီအန်း နှင့် လူဝကြီးတို့ကို ပြောပြီးနောက် နောက်ပြန်လှည့်ပြီး ထွက်သွားလေ သည်။
သို့သော် ချင်ယွင်သည် လှည့်ထွက်သွားစဉ်မှာပင်၊ ဟီအန်း နှင့် လူဝကြီးတို့သည် သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
ချင်ယွင်သည် သူ၏ငြင်းဆန်မှုက ဤအစေခံများ၏ သတ်ဖြတ်လိုစိတ်ကို ဆွဲဆောင်နိုင် မည်ဟု သဘာဝကျကျ သူ သိထားပါသည်။
နောက်ဆုံးမှာတော့၊ သူပြသထားသည့် အလားအလာက အရမ်းကို ကြီးမားလွန်းသည်။ ဤကဲ့သို့ စွမ်းရည်ကြီးမားသော ပုဂ္ဂိုလ်တစ်ဦးအား မည်သည့် အင်အားစုကမှ အခြား အင်အားစုများဆီသို့ ဝင်ရောက်ခွင့် ပေးနိုင်မည်နည်း?။
ထို့ကြောင့် နားလည်မူမရှိသော ပါရမီရှင်များကို သတ်ခြင်းသည် ဤအင်အားစုကြီးများ ၏ စံနှုန်းဖြစ်ပါသည်။
ချင်ယွင်သည် ဤအရာကို သဘာဝအတိုင်း ကောင်းကောင်း သိထားသော်လည်း၊ သူသည် ထိုအင်မော်တယ် ဖီးနစ်ခန်းမက မည်သည့်အင်အားစုမျိုး ဖြစ်သနည်း ဆိုသည် ကို မဖော်ထုတ်နိုင်ခင်မှာ သူသည် မည်သို့ လွယ်လွယ်ကူကူဖြင့် ထောင်ချောက်ထဲ သက်ဆင်းနိုင်မည်နည်း?။
ရန်ကလန်နှင့် သူ ပူးပေါင်းရသည့် အကြောင်းရင်းက သူသည် အလွယ်တကူ ထွက်ပြေး လွတ်မြောက်နိုင်သောကြောင့် ဖြစ်သည်။ အင်မော်တယ်ဖီးနစ်ခန်းမနှင့် ပူပေါင်းပြီးပါ က၊ သူ့အတွက် အချိန်တိုအတွင်း လွတ်မြောက်ရန် အလွန်ခက်ခဲသွားနိုင်သည်။ ဤအရာသည် ချင်ယွင် မမြင်ချင်သော အရာဖြစ်ပါသည်။
"အို…၊ ကောင်းပြီ၊ မနက်ဖြန်ကျရင် ပြိုင်ပွဲကွင်းတိုက်ပွဲကို ငါ လာခဲ့မယ်။ ငါက အစစ်အမှန် အင်မော်တယ် နယ်ပယ်ရဲ့ အထွတ်အထိပ်မှာရှိတဲ့ ပြိုင်ဘက်တစ်ယောက် ကို တိုက်ခိုက်ချင်သေးတယ်။ ဒါပေမယ့် ပိုသန်မာတဲ့ တိုက်ခိုက်ရေးသမားကို ငါ ရချင်တယ်။ ဒီနေ့ရဲ့ပြိုင်ဘက်က အားနည်းလွန်းတယ်။" ချင်ယွင်က ရုတ်တရက် ရပ်ပြီး၊ ဟီအန်း နှင့် လူဝကြီးတို့ဘက် လှည့်ကာ ပြောလိုက်သည်။
လူဝကြီးနှင့် ဟီအန်းတို့သည် သိသိသာသာ တုန်လှုပ်သွားကြသည်။ သူတို့သည် ရွှဲ့ရှာကို အာရုံစိုက်ခံရခြင်း မရှိဘဲ မည်သို့သတ်ရမည်နည်း ဆိုသည်ကို ဆွေးနွေးနေကြစဉ်မှာ၊ ရွှဲ့ရှာက ယခုလိုစကားမျိုးတွေကို ရုတ်တရက် ပြောလာမည်ဟု သူတို့ မမျှော်လင့် ထားခဲ့ပါဘူး။
"အိုး..” အစ်ကို ရွှဲ့ရှာက မနက်ဖြန် တိုက်ခိုက်ဦးမှာလား?။ ကောင်းပြီလေ၊ အစ်ကို ရွှဲ့ရှာအတွက် အင်အားကြီးတဲ့ ပြိုင်ဘက်တစ်ဦးကို သေချာပေါက် ငါ စီစဉ်ပေးမှာပါ။ မနက်ဖြန်၊ မင်း တိုက်ပွဲကောင်းကောင်း တိုက်ခိုက်ရမယ်လို့ ငါ အာမခံတယ်။" သူက ချင်ယွင်ကို ပြုံးပြလိုက်သည်။
"ကောင်းပြီလေ၊ မင်း သန်မာနေမှ ရမယ်။ အဲဒါမှ စိတ်ဝင်စားစရာကောင်းတာ။ ချင်ယွင်က ဟီအန်းကို ပြောသည်။ ထိုစကားပြောပြီးနောက် သူသည် ပြန်လှည့်ပြီး၊ ရီယွန်ကို ရှာဖွေရန်အတွက် အနားယူရာနေရာမှ ထွက်လာခဲ့လေသည်။
"အကြီးအကဲဟီ၊ ငါတို့ ဘာဆက်လုပ်ရမလဲ?” လူဝကြီး သူ၏ဘေးနားက အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ပြောသည် ။
"ဖန်းယုကို သွားခွင့်ပြုပါ”။ အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားက ချင်ယွင်၏ ကျောကို ကြည့်ရင်း ပြောလိုက်သည်။
"ဖန်းယုလား?” လူဝကြီးက အံ့သြစွာ ပြောသည်။
ဤဖန်းယုသည် အစစ်အမှန် အင်မော်တယ် နယ်ပယ် အထွတ်အထိပ်အဆင့်တွင် အကြိမ်နှစ်ဆယ် ဆက်တိုက် အနိုင်ရရှိထားသူ ဖြစ်သည်။ သူ၏ ခွန်အားသည် သာမာန် အထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်သူများ နှိုင်းယှဉ်နိုင်သည့် အရာမဟုတ်ချေ။
အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ပြသော်လည်း သူသည် မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ သူသည် တိုက်ရိုက် လှည့်ပြီး ထွက်သွားတော့သည်။
"အကြီးအကဲဟီက ဖန်းယုကို စေလွှတ်လိုက်တယ်။ သူ့မှာ ရွှဲ့ရှာကိုသတ်ဖို့ ရည်ရွယ်ချက် ရှိနေပုံရတယ်။" လူဝကြီးသည် အဖြူရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ နောက်ကျောကို ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။