← Chapters

အခန်း ၇၂၃

Vol. 49 Ch. 723

အခန်း ၇၂၃

Vol. 49 Ch. 723

အခန်း (၇၂၃) အနက်ရောင်ကျောက်တုံး။

ချင်ယွင်သည် ပြိုင်ပွဲကွင်းထဲမှ ထွက်လာပြီးနောက် အဝင်တံခါးတွင် စောင့်ဆိုင်းနေ သော ရီယွန်ကို တွေ့လိုက်ရသည်။

"မင်း ဝင်ငွေ ဘယ်လောက်ရခဲ့လဲ?" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သောင်း" ရီယွန်က အမှန်အတိုင်း ဖြေလိုက်ပြီး သိုလှောင်လက်စွပ်ကို ထုတ်ကာ ချင်ယွင်အား ပေးလိုက်သည်။

ချင်ယွင်သည် သိုလှောင်လက်စွပ်ကို ယူကာ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၉၀၀၀ကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက်၊ သူသည် သိုလှောင်လက်စွပ်ကို ရီယွန်ထံ ပြန်ပေးလိုက်သည်။

ရီယွန်သည် ချင်ယွင်ကို အံ့အားသင့်စွာ ချက်ချင်းကြည့်လိုက်ပြီး ပဟေဠိဆန်သော အမူအရာကို ရှင်းရှင်းလင်းလင်း ပြသထားသည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၉၅ တုံးကို ငါပေးခဲ့မယ်။ မင်းက တစ်ရာ လောင်းကြေးတင်ခဲ့တယ်။ ကျန်တဲ့ ငါးခုရဲ့လောင်းကြေး မင်း ပိုင်တယ်။ ဒီအဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၅၀၀ က မင်းပိုင်သင့်တယ်။" ချင်ယွင်က ပြုံးပြီး ရှင်းပြသည်။

"ဒါဆို အခြား ၅၀၀ ကရော ဘာအတွက်လဲ?။" ရီယွန်က ချင်ယွင်ကို ကြည့်ကာ မေးသည်။

ချင်ယွင်သည် ပါးစပ်ကို အနည်းငယ် ဖွင့်လိုက်သည်။ သို့သော် သူသည် မည်သည့်စကား မှ မပြောနိုင်ခဲ့ပါဘူး။ ငါ မင်းကို ပိုင်တယ်လို့ သူ မပြောနိုင်ပါဘူး။ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းငါးရာက မင်းအတွက် လျော်ကြေးပေးခြင်းဟုလည်း သူ မပြောနိုင်ပြန်ပါဘူး။

ရီယွန်သည် ချင်ယွင်၏ အမူအရာကို မြင်သောအခါတွင်၊ သူမမျက်နှာပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ပျံ့နှံ့သွားသည်။ သို့သော်လည်း သူမက “ကောင်းပြီ၊ ငါ့အိမ်အတွက် ကြိုတင်ငွေပေးချေမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒီအဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတစ်ထောင်ကို ယူလိုက်ပါ့မယ်” ဟု ဆက်ပြောလိုက်ပါသေးသည်။

ထိုသို့ပြောပြီးနောက် ရီယွန်သည် အင်မော်တယ် ကျောက်စိမ်းများကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ပါသည်။

"သွားကြရအောင်။ တည်းခိုခန်းကို အရင်သွားကြရအောင်။ မနက်ဖြန်မှ ပြန်လာကြတာ ပေါ့။ အင်မော်တယ်ကမ္ဘာရဲ့ အစားသောက်တွေရဲ့ အရသာကို မမြည်းစမ်းရတာ ကြာပြီ၊ မင်း ဒီနေ့ ငါနဲ့ လိုက်ခဲ့ပါ" ချင်ယွင်က ရီယွန်ကို ပြောသည် ။

ရီယွန်သည် ငြင်းဆန်ခြင်းမရှိဘဲ ချင်ယွင်၏နောက်မှ ဖီးနစ်နေတည်းခိုခန်းသို့ ပြန်သွားခဲ့သည်။

သူတို့နှစ်ဦးသည် အင်မော်တယ်ကမ္ဘာမှ အစားအသောက်အချို့နှင့် နောက်ထပ် အင်မော်တယ်ကမ္ဘာမှ ဝိုင်တစ်ပုလင်းကို မှာယူကြပြီး၊ အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်းတုံး တစ်ရာကို အသုံးပြုကြသည်။

သို့သော် နှစ်ယောက်သား ပျော်ရွှင်စွာ မစားခဲ့ကြပေ။ သူတို့ နှစ်ယောက်သည် ထမင်းစားနေစဉ် စကားရန်ပင် ခက်ခက်ခဲခဲ ဖြစ်နေကြပြီး မြင်ကွင်းက အချိန်အတော်ကြာအောင် အဆင်မပြေ ဖြစ်ခဲ့ရသည်။

ညစာစားပြီးသောအခါ ရီယွန်နှင့် ချင်ယွင်တို့သည် အခန်းဆီသို့ ပြန်ခဲ့ကြသည်။

ယခုတစ်ခါတော့ သူတို့ နှစ်ယောက်သည် တစ်ခန်းထဲ မနေရတော့ပါဘူး။ တည်းခိုးခန်းတွင် နေရာလွတ် အခန်းအသစ်တစ်ခန်း ရှိလာသောကြောင့် ချင်ယွင်သည် အခန်းပြောင်းသွားခဲ့သည်။ အခြားအရာကြောင့် မဟုတ်သော်လည်း သူသည် ရီယွန်နှင့် တစ်ခန်းတည်း နေရခြင်းမှာ အလွန်ရှက်စရာကောင်းသောကြောင့် ဖြစ်သည်။ နောက်ဆုံးတော့ သူသည် ရီယွန်ကို ဘာဆိုဘာမှ မလုပ်ချင်တော့ပါဘူး။

အခန်းထဲသို့ ဝင်ပြီးသည်နှင့် တပြိုင်နက် ချင်ယွင်သည် အင်မော်တယ်ဘုရင်၏ စံအိမ်ထဲသို့ တိုက်ရိုက် ဝင်ရောက်ခဲ့သည်။

ဤအခိုက်အတန့်တွင် အမျိုးသမီး သုံးဦးတို့သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲ ကိုးထပ်ရှိ မက်မွန်ပွင့်တောအုပ်တွင် ကစားနေကြသည်။ ချင်ယွင်သည် ရုတ်တရက် ပေါ်လာသည်ကို မြင်တော့ အမျိုးသမီး သုံးယောက်သည် သူ့ဆီ ချက်ချင်း ပြေးတက်လာ ကြသည်။

"ခင်ပွန်း၊ မင်း ငါတို့ကို လာမတွေ့တာတောင် အတော်ကြာနေပြီပဲ။ မင်း အပြင်မှာ အချစ်သစ်ရှိလို့များ ဖြစ်နေမလား?။ မင်း ငါတို့ကို မေ့သွားပြီများလား?" ချင်ယွင်ကို မြင်သောအခါ ရန်စီချီက ဒေါသတကြီးပြောသည်။

"မဟုတ်ပါဘူး၊ ငါ မင်းတို့ကို တွေ့ဖို့ အခု ဒီကိုရောက်လာပြီလေ။" ချင်ယွင်က လန့်ဖျပ်ပြီး ပြောမိပြောရာ ပြောလိုက်ရသည်။ သူ၏နှလုံးသားထဲမှာ အနည်းငယ် အပြစ်ရှိနေသလို ခံစားလိုက်ရသည်။

"ခင်ပွန်း မင်းပုံစံကိုလည်း ပြန်ကြည့်စမ်းပါဦး၊ မင်းပုံစံက စိတ်ပူနေပုံပဲ။ တကယ်လို့၊ မင်းမှာ အချစ်သစ်ရရင်တောင် မင်းကို အပြစ်မတင်ဘူး။ မင်း ငါတို့ကို မမေ့သရွေ့ပေါ့" ချန်မင်ရှီကလည်း ပြုံးပြီး နောက်ပြောင်သည်။

"သေချာပေါက်၊ မင်းတို့ကို ငါ မမေ့ပါဘူး။ နောက်ပိုင်း မင်းတို့ဆီကို ငါ မကြာခဏ လာလည်မယ်" ချင်ယွင်က အမျိုးသမီးသုံးဦးကို နှစ်သိမ့်ပေးလိုက်သည်။

"ခင်ပွန်း၊ မင်းအတွက် သတင်းကောင်းတစ်ခု ရှိတယ်" ရန်စီချီက ရုတ်တရက် မျက်လုံးမှေးကျဉ်းကာ ပြောလိုက်သည်။

"ဘာ သတင်းကောင်းလဲ?" ချင်ယွင်က သူ၏မျက်နှာတွင် ပြုံးနေသည်။

ရန်စီချီက တခစ်ခစ် ရယ်နေသော်လည်း ချင်ယွင်၏ စကားကို ပြန်မဖြေပေ။ ယင်းအစား သူမသည် ဆိုးသွမ်းစွာ ပြုံးလိုက်ဟန်ဖြင့် ချန်မင်ရှီ ကို စိုက်ကြည့်နေသည်။

"ဖြစ်နိုင်တာက" ချင်ယွင်လည်း မျှော်လင့်ချက်အပြည့်ဖြင့် ချန်မင်ရှီကို လှည့်ကြည့် လိုက်သည်။

ချင်ယွင်၏ အမူအရာကို မြင်လျှင် လျူရန်ယွင်က ရယ်မောလိုက်ပြီး သူမ၏ ထွားကြိုင်းသော အကိုင်းအခက်များပင် တသိမ့်သိမ့် တုန်ခါသွားသည်။

"မကောင်းတဲ့ ခင်ပွန်း၊ မင်း ဘာတွေ တွေးနေတာလဲ?၊ ငါက အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်ပြီးသွားပြီ။ စီနီယာရှဖန်း ပြောတာက ငါတို့ အင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးကနေ အပြင် ထွက်တာနဲ့၊ ငါတို့က ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဆွဲဆောင်မိလိမ့်မယ်"တဲ့ ချန်မင်ရှီက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာပြောပြီး ရှက်ရွှံ့နေသည်။

ဟုတ်ပါသည်၊ ချင်ယွင်သည် အဘယ့်ကြောင့် ထိုကဲ့သို့ အမူအရာမျိုး ထုတ်ဖော်ပြလဲဆိုသည်ကို သူမ သိပါသည်။ ရန်စီချီသည် သူ့ကို တမင်တကာ လှည့်စားပြီးနောက် သူမမှာ ကလေးတစ်ယောက် ကိုယ်ဝန်ရှိနေသည်ဟု ထင်ပြီး၊ နားလည်မှု လွဲသွားခဲ့သည်မှာ ထင်ရှားပါသည်။

ချင်ယွင်၏ မျက်လုံးများတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာ သော်လည်း သူသည် လျင်မြန်စွာ ထိတ်လန့်သွားရသည်။ သူက ချန်မင်ရှီကို ကြည့်ပြီး "ကပ်ဘေးဒုက္ခကို ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန်ဆန်ဆန် ကျော်ဖြတ်နိုင်ရတာလဲ? " ဟု ပြောလိုက်သည်.

"ငါတို့က အဲ့ဒီလောက် မမြန်ပါဘူး၊ ဒါပေမယ့် အင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးထဲမှာ ရှိတဲ့ အင်မော်တယ်ချီက သိပ်ကို သိပ်သည်းလွန်းတယ်။ စီနီယာရှဖန်းက ငါတို့အတွက် အထူး အစီအရင်ဝင်္ကပါတစ်ခု ဖွဲ့စည်းပေးထားတယ်၊ ဒါကြောင့် ငါတို့ရဲ့ ကျင့်ကြံမူ အရှိန်က အဆတစ်ရာနီးပါး ပိုမြန်လာတယ်။ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ စီချီ၊ အစ်မ လျူ၊ ရှောင်ကျင်း၊ ရှောင်ဘိုင်၊ ဧကရာဇ်ပျားဘုရင် နှင့် လင်ဝူရွှန်းတို့လည်း အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီ။ ဒါ့အပြင့်၊ ရှောင်ဟောင်နဲ့ ရှောင်ဟေးတို့တောင်မှ အစောပိုင်း အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်ကို ရောက်ရှိနေပြီ” ချန်မင်ရှီက ဆိုသည်။

“သူတို့အားလုံးလည်း အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေကြပြီလား?" ချင်ယွင် အံ့အားသင့်သွားသည်။

အကယ်၍ သူတို့အားလုံးကို တပြိုင်နက် အတူတူ အပြင်ထွက်လိုက်သည်နှင့် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခ ခုနစ်ခုက ရုတ်ချည်း ဖြစ်ပေါ်လာလိမ့်မည်ဟု ဆိုလိုသည် မဟုတ်ပေဘူးလား။

"ဟုတ်တယ်၊ စီနီယာရှဖန်းက ငါ့ကို မေးခိုင်းထားတယ်။ မင်း ငါတို့ရဲ့ကပ်ဘေးဒုက္ခကို ဘယ်တော့ ဖြတ်ကျော်ခိုင်းဖို့ စီစဉ်ထားလဲ?" ချန်မင်ရှီက မေးသည်။

တခဏလောက် စဉ်းစားပြီးနောက် ချင်ယွင်က ပြောသည် "ရက်အနည်းငယ် စောင့်လိုက်ပါဦး။ သင့်တော်တဲ့နေရာတစ်ခုကို ရှာတွေ့တာနဲ့ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ဖို့ မင်းတို့ကို အပြင်ထုတ်ပေးမယ်။

“အင်း…။ ငါတို့က လောစရာ မလိုပါဘူး။ ယွင်အာ၊ မင်းကိစ္စတွေက အရေးကြီးပါတယ် " လျူရန်ယွင်က ပြောသည်။

ချင်ယွင်က သူ၏နှလုံးသားထဲတွင် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် လျူရန်ယွင်ကို ပြုံးပြလိုက်သည်။

"ခင်ပွန်း၊ နင် အရင်က ပြောခဲ့သလိုပဲ။ ငါတို့ ကပ်ဘေးဒုက္ခကြီးကနေ ရှင်သန် လွတ်မြောက်တာနဲ့ ငါတို့ အပြင်ထွက်နိုင်ပြီ။ ဒါ အမှန်ပဲ မဟုတ်လား?။ ငါ ဒီမှာ နေရတာ အသက်ရှူကျပ်လုနီးပါး ဖြစ်နေပြီ။" ရန်စီချီက ချင်ယွင်ရဲ့လက်မောင်းကို ချက်ချင်း ဆွဲကိုင်လိုက်ပြီး စူးစူးဝါးဝါးအသံဖြင့် ပြောလိုက်သည်။

"သေချာပေါက် အဲဒါက အကြုံးဝင်တယ်။ မင်းတို့ ကပ်ဘေးဒုက္ခကြီးကို ဖြတ်ကျော် ပြီးသွားရင် မင်းတို့ကို အင်မော်တယ်ကမ္ဘာအနှံ့ ငါ ခေါ်သွားပေးမယ်။" ချင်ယွင်က ပြုံးပြီး ရန်စီချီ၏ ခေါင်းကို ပုတ်လိုက်သည်။

ရန်စီချီသည် ဝမ်းသာအားရဖြစ်ကာ ချက်ချင်း ခုန်ပေါက်လိုက်သည်။ သူတို့အနားရှိ ချန်မင်ရှီ နှင့် လျူရန်ယွင်တို့သည် အပြုံးကိုယ်စီ ထုတ်ဖော်နေကြသည်။ ရှင်းရှင်း ပြောရရင်၊ သူမတို့လည်း အပြင်ထွက်ချင်ကြသည်။

မိန်းမသုံးယောက်နှင့် တခဏကြာ စကားပြောပြီးနောက် ချင်ယွင်သည် အင်မော်တယ် ဘုရင်၏ စံအိမ်ကြီးမှ ထွက်ခွာလာခဲ့သည်။

ထို့နောက် သူသည် ချန်ကူထံမှ ရရှိသော အနက်ရောင် ကျောက်တုံးကို ဂရုတစိုက် လေ့လာရမည်။ အနက်ရောင် ကျောက်တုံးနှင့် ပတ်သက်ပြီး ထူးဆန်းတာ တစ်ခုခု ရှိနေသည်ဟု သူ အမြဲတမ်း ခံစားမိသည်။

ဘန်း….။

ချင်ယွင်သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ အနက်ရောင် ကျောက်တုံးကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး သူ၏လက်ထဲတွင် ဂရုတစိုက် လေ့လာစူးစမ်း ကြည့်နေခဲ့သည်။

သို့သော် အချိန်အတော်ကြာ လေ့လာစူးစမ်းပြီးနောက်၊ ချင်ယွင်သည် ဤအနက်ရောင် ကျောက်တုံးကို မမြင်နိုင်ခဲ့ပေ။

"ဒီကျောက်တုံးကို မင်း ဘယ်ကနေ ရလာတာလဲ?"

သို့သော် ချင်ယွင်သည် အနက်ရောင် ကျောက်တုံးကို ပြန်ထည့်ခါနီးတွင်၊ ရှေးဟောင်း တာအိုဆရာသခင်၏အသံက ချင်ယွင်၏ နားထဲတွင် ထွက်ပေါ်လာသည်။ သူ၏အသံက အံ့သြထိတ်လန့်မှုများနှင့် ရောထွေးနေသည်။

ဝှီး…။

ရှေးဟောင်းတာအိုဆရာသခင်၏ ရုပ်အသွင်ပြင်သည် ချင်ယွင်၏ ရှေ့တွင် ပေါ်လာသည်။ စည်းတံဆိပ်ကို ဖျက်ဆီးပြီးနောက်၊ ရှေးဟောင်းတာအိုဆရာသခင်သည် ချင်ယွင်၏ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲတွင် နေခဲ့သည်။ သူ၏စိတ်ဝိညာဏ်ကို အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ဖြင့် ကျွေးမွေးပြီးနောက်၊ ရှေးဟောင်းတာအို ဆရာသခင်၏ စိတ်ဝိညာဉ်သည် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။

"ဆရာ၊ ဒီကျောက်တုံးကို သိလို့လား?" ချင်ယွင် က ရှေးဟောင်းတာအို ဆရာသခင်ကို ကြည့်ပြီး ပြောလိုက်သည်။

"ငါ့ကို ပြစမ်းပါဦး။" ရှေးဟောင်းတာအို ဆရာသခင်က ချင်ယွင်၏ မေးခွန်းကို မဖြေခဲ့ ပါဘူး။ ယင်းအစား၊ သူက ချင်ယွင်၏ လက်ထဲမှ အနက်ရောင် ကျောက်တုံးကို ယူလိုက် သည်။

အနက်ရောင် ကျောက်တုံးကို ကောက်ကိုင်လိုက်သည်နှင့် ရှေးဟောင်းတာအို ဆရာသခင်၏ မျက်နှာသည် ဝမ်းနည်းသည့် အရိပ်အယောင်ကို ချက်ချင်း ထုတ်ဖော် လာသည်။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ အနက်ရောင် ကျောက်တုံးကို အကြာကြီး ကြည့်နေခဲ့သည် ။

"ဆရာကြီး၊ ဒီကျောက်တုံး" ချင်ယွင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ရှေးဟောင်းတာအိုဆရာသခင်၏ အမူအရာက သူ့ကို အရမ်း အံ့သြသွားစေသည်။ ရှေးဟောင်းတာအိုဆရာသခင်သည် ဤကျောက်တုံးကို မှတ်မိနေပုံရသည်။ ဤကျောက်တုံးသည် ရိုးရှင်းပုံမရချေ။ သို့သော်လည်း ရှေးဟောင်းတာအိုဆရာသခင် သည် သူ၏စကားကို တစ်ဝက်တစ်ပျက် ကြားဖြတ်ပြောလိုက်သည်။

"ခဏနေဦး၊ ငါ မင်းကို နောက်မှ ရှင်းပြမယ်။" ရှေးဟောင်းတာအိုဆရာသခင်က သူ၏လက်ထဲမှ ကျောက်တုံးကို လှည့်ပတ်ကြည့်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ အနက်ရောင် ကျောက်တုံးသည် ထွန်းလင်းတောက်ပသော အလင်းရောင်တစ်ခုကို ထုတ်ဖော်လာသည်။

All Chapters