← Chapters

အခန်း ၇၂၄

Vol. 49 Ch. 724

အခန်း ၇၂၄

Vol. 49 Ch. 724

အခန်း (၇၂၄) အနက်ရောင် ကျောက်တုံး၏မူလအစ

မူလက နက်မှောင်နေသော ကျောက်တုံးသည် ထူးထူးခြားခြား အနှိုင်းမဲ့ ထွန်းလင်း တောက်ပသော အလင်းရောင်ဖြင့် ဝင်းလက်တောက်ပလာပြီး ကျောက်တုံးပေါ်ရှိ ထူးဆန်းသော ပုံစံများသည် အမှန်တကယ် ရွေ့လျားလာပါသည်။

ချက်ချင်းပင် အခန်းတစ်ခုလုံး လင်းထိန်သွားသည်။ ချင်ယွင်သည် ကြီးမားကျယ်ပြန့် သော ရှေးဟောင်း ကမ္ဘာကြီးထဲတွင် ရောက်ရှိနေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ သည်။ ကမ္ဘာကြီးတစ်ခုလုံးသည် ရှေးဟောင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ လက်တွေ့ အစစ်အမှန်ကမ္ဘာတစ်ခု မဟုတ်ဘဲ အလင်းရောင်နှင့် အရိပ်များကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာသဏ္ဍာန်တစ်ခု ဖြစ်ပါသည်။

"ဒါက ဘယ်လိုနေရာမျိုးလဲ?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

ဤအနက်ရောင်ကျောက်တုံးပေါ်တွင် ပြသထားသော ကမ္ဘာကြီး၏ မြင်ကွင်းသည် အင်မော်တယ်ကမ္ဘာနှင့် အလှမ်းဝေးလွန်းသည်။ ဤကမ္ဘာသည် ရှေးဟောင်းခေတ် တစ်ခုအဖြစ်ရှိနေသေးပြီး၊ အကန့်အသတ်မရှိသော ရှေးဟောင်းအငွေ့အသက်များကို ထုတ်လွှတ်နေသည်။

"ဒါက အမျိုးအမည် မသိတဲ့ကမ္ဘာကြီးပဲ။" ရှေးဟောင်းတာအိုဆရာသခင်က သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ပြောလိုက်သည်။

"အမျိုးအမည် မသိတဲ့ကမ္ဘာကြီးလား…?" ချင်ယွင်သည် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်မိပါသည်။

"မှန်တယ်။ ဒါက ငါတို့အင်မော်တယ်တွေ ဘယ်တုန်းကမှ ခြေမချနိုင်ခဲ့တဲ့ ကမ္ဘာတစ်ခု ပဲ။ အဲဒီကမ္ဘာကြီး ဘယ်မှာရှိနေလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ရှေးဟောင်းခေတ် ဖင်းဂေါ့တွေနဲ့ သားရဲတွေက ဒီကမ္ဘာကြီးနဲ့ အလွန် ဆက်စပ်မူရှိနေတယ်လို့ ငါ သံသယ ရှိတယ်။ အဲဒါကြောင့် အဲဒီကမ္ဘာကြီးကို ရှေးဟောင်းနတ်ဘုရားကမ္ဘာလို့ ငါ အမည်ပေး ထားတယ်။ ." ရှေးဟောင်းတာအိုဆရာသခင် က ပြောပါတယ်။

"ရှေးဟောင်းနတ်ဘုရားကမ္ဘာလား..? ဒါပေမယ့် ဘယ်သူမှ ခြေမချဖူးသေးဘူး။ ဒါဆို ဆရာကြီးက ဒီကမ္ဘာကြီး ရှိနေတယ်ဆိုတာကို ဘယ်လို သိခဲ့တာလဲ?။ ပြီးတော့ ဒီရှေးဟောင်းနတ်ဘုရားကမ္ဘာက ဒီအနက်ရောင် ကျောက်တုံးနဲ့ ဘာဆိုင်လို့လဲ?” ချင်ယွင်က ဆက်မေးလိုက်သည်။

ဤရှေးဟောင်းနတ်ဘုရားကမ္ဘာအကြောင်းကို သူသည် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပါသည်။ စကြဝဠာကြီးတစ်ခုလုံးတွင် အင်မော်တယ်ကမ္ဘာနှင့် သေမျိုးကမ္ဘာတို့သာ ရှိကြောင်း သူ အမြဲတမ်း ယုံကြည်ထားခဲ့သည်။ ယခု၊ အင်မော်တယ်ကမ္ဘာ အပြင်၊ အခြားသော ရှေးဟောင်းနတ်ဘုရားကမ္ဘာတစ်ခု ရှိကြောင်း ရှေးဟောင်းတာအို ဆရာသခင်သည် တကယ် ပြောနေခဲ့သည်။ ဤအရာက ချင်ယွင်ကို စိတ်ကူးလို့ မရနိုင် ဟု ခံစားရစေသည်။

"တကယ်တော့၊ ဒီရှေးဟောင်းနတ်ဘုရားကမ္ဘာ တကယ်ရှိမရှိဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဒီအနက်ရောင် ကျောက်တုံးမှာ ထူးခြားတဲ့ နောက်ခံတစ်ခု ရှိခဲ့ဖူးတယ်။ ဒီအနက်ရောင် ကျောက်တုံးတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သိန်းလောက်က စကြာဝဠာကြီးရဲ့ နက်နဲတဲ့အရပ်ကနေ ဂြိုလ်ကမ္ဘာလေးခုထဲကို ကျရောက်လာခဲ့တဲ့ အရာတွေပဲ။ အဲဒီတုန်းက၊ ဂြိုလ်ကမ္ဘာလေးခုမှာ အနက်ရောင် ကျောက်တုံး စုစုပေါင်း ၁၂ တုံး ပြန့်ကျဲနေခဲ့ပြီး အဲဒီကျောက်တုံးပေါ်မှာရှိတဲ့ ပုံစံတွေကလည်း အချိန်တိုင်း မတူကွဲပြားနေကြတယ်။ အဲဒီကျောက်တုံးပေါ်မှာရှိတဲ့ ပုံစံတွေက ဘာတွေလဲဆိုတာ ဘယ်သူမှ မသိကြပေမယ့်၊ အဲဒီကျောက်တုံး ၁၂ ခုပေါ်မှာ တူညီတဲ့ ပုံရိပ်တစ်ခု မှတ်တမ်းတင်ထားခဲ့တယ်။ အဲဒီပုံရိပ်က အခု မင်းတွေ့ရတဲ့ မြင်ကွင်းပဲ” ဟု ရှေးဟောင်း တာအိုဆရာသခင်က ပြောသည်။ (ဂြိုလ်ကမ္ဘာလေးခုဟူသည် မင်းဆက်ကြီးသုံးခုနှင့် နတ်ဆိုးသားရဲကမ္ဘာတို့ဖြစ်ပါသည်။)

"အနက်ရောင် ကျောက်တုံး ၁၂ ခုလား?။ စကြဝဠာကြီးရဲ့ နက်ရှိုင်းတဲ့အရပ်ကနေ ကျဆင်းလာတာလား?" ချင်ယွင်သည် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော် လိုက်ပါသည်။

အင်မော်တယ်များသည် အစွမ်းထက်သော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသော်လည်း စကြဝဠာနှင့် ပတ်သက်သော ၎င်းတို့၏ အသိဉာဏ်သည် လုံလောက်ခြင်း မရှိသေးပါ။ ဥပမာအနေဖြင့်၊ စကြဝဠာထဲကြီးထဲမှာ နက်ရှိုင်းသည့်နေရာက ဘာလဲ?။ စကြဝဠာကြီး ၏ နယ်နိမိတ်အကန့်သတ်က ဘယ်မှာလဲ?။ ဤအရာအားလုံးသည် သူတို့ အင်မော်တယ်တွေကိုယ်တိုင် မဖြေရှင်းနိုင်သည့် လျှို့ဝှက်ဆန်းကြယ်မူတွေ ဖြစ်ပါသည်။

စကြဝဠာ၏ နက်ရှိုင်းဆုံးနေရာသည် ကြောက်မက်ဖွယ်ကောင်းသော အမှောင် စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ အလွန်မင်းကို အန္တရာယ်များလှသည်။ အင်မော်တယ် ဧကရာဇ်များပင်လျှင် မည်သည့်အခါမှ ပြန်လာနိုင်စွမ်း မရှိခဲ့ပေ။ ထို့ကြောင့် စကြဝဠာ၏ နက်ရှိုင်းသောအရပ်ရှိ ကမ္ဘာအမျိုးအစားကို မည်သူမျှ မသိခဲ့ကြပေ။ ရှေးဟောင်းတာအိုဆရာသခင် ပြောပြခဲ့သော ရှေးဟောင်းနတ်ဘုရား ကမ္ဘာသည် စကြဝဠာ၏ နက်ရှိုင်းသော နေရာတွင် တည်ရှိကောင်း တည်ရှိနေနိုင်သည်။

ဤအနက်ရောင် ကျောက်တုံး ၁၂ တုံးသည် အမှောင်စွမ်းအင်အလွှာများမှ တဆင့် ဖြတ်သန်းသွားလာနိုင်ခဲ့ပြီး အင်မော်တယ်ကမ္ဘာ၏ ဂြိုဟ်လေးခုအပေါ်သို့ ရောက်ရှိလာ သောကြောင့် ဤကျောက်တုံး ၁၂ တုံးသည် ထူးထူးခြားခြားဖြစ်ကြောင်း ပြသရန် လုံလောက်ပါသည်။

"အဲဒီအချိန်တုန်းက မင်းရဲ့ ဆရာကတော်က ဒီလို အနက်ရောင် ကျောက်တုံး တစ်တုံး ရရှိခဲ့တယ်။ နောက်ပိုင်း မင်းရဲ့ ဆရာကတော်လည်း ပျောက်သွားပြီး အဲဒီကျောက်တုံး လည်း ပျောက်သွားခဲ့တယ်။ ဒီကျောက်တုံးကို ဒီနေ့ ထပ်တွေ့ရမယ်လို့ ငါ မမျှော်လင့် ထားမိဘူး။" ရှေးဟောင်းတာအိုဆရာသခင်သည် သူ၏လေသံက ဝမ်းနည်းပူဆွေးမှု အပြည့်ဖြင့် ပြောလိုက်လေသည်။

"ဆရာ၊ ဒါ သေချာလို့လား?" ချင်ယွင်က အံ့သြစွာ မေးလိုက်လေသည်။

ရှေးဟောင်းတာအိုဆရာသခင်သည် သူ၏အတိတ်ကို ပြောပြသည်ကို သူ တစ်ခါမှ မကြားဖူးပါဘူး။ ရှေးဟောင်းတာအိုဆရာသခင်သည် သူ့အကြောင်းအား ယောင်ဝါးဝါး သာ ပြောဆိုဖူးသည်။ ဧကရာဇ်ယူမင်သည်လည်း သူ၏တပည့်တစ်ဦး ဖြစ်သည်။ သူသည် ယခုလို ဆရာကတော် ရှိလာလိမ့်မည်ဟု မည်သည့်အခါမှ မမျှော်လင့်ထားပါ ဘူး။

"မှန်တယ်၊ ဒါက အဲဒီအထဲက တစ်ခုပဲ။ မင်းရဲ့ဆရာကတော်ဆီမှာရှိတဲ့ ကျောက်တုံးပေါ် က ပုံစံတွေကလည်း ဒီကျောက်တုံးနဲ့ အတူတူပဲဆိုတာကို ငါ ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်။" ရှေးဟောင်းတာအိုဆရာသခင်သည် အနည်းငယ် ဝမ်းနည်းနေသကဲ့သို့ စိတ်လှုပ်ရှားမှု အရိပ်အယောင်ဖြင့် ပြောသည်။

ချင်ယွင်က သူ၏နှလုံးသားထဲတွင် သက်ပြင်းချလိုက်မိပါသည်။ ဤကျောက်တုံးသည် သူ၏ဆရာကတော်နှင့် ပတ်သက်နေခဲ့ပြီး၊ ယခုအချိန်တွင် ချန်ကူ၏ သိုလှောင် လက်စွပ်ထဲမှာ ထွက်ပေါ်လာခဲ့ပါပြီ။ သူ၏ဆရာကတော်လည်း အန္တရာယ်ရှိနေနိုင် သည်။ ထို့အပြင်၊ နှစ်ပေါင်း ၁၀၀၀၀၀ တောင် ကုန်လွန်သွားခဲ့ပြီ။ ရှေးဟောင်းတာအိုဆရာသခင်သည် သူမကို ပြန်ရှာတွေ့ဖို့ဆိုသည်မှာ မလွယ်ကူတော့ ပါဘူး။

"ဆရာကြီး၊ ဒီကျောက်တုံးက ဆရာကတော်နဲ့ သက်ဆိုင်နေတာဆိုတော့ ကျွန်တော် ပြန်ပေးပါ့မယ်" ချင်ယွင်က ပြောသည်။

"ဒီကျောက်တုံးက မင်းလက်ထဲ ကျရောက်လာတယ် ဆိုကတည်းက၊ ဒါက မင်းဆရာကတော်ရဲ့ ဆန္ဒပဲ ဖြစ်ရမယ်။ ဒီကျောက်တုံးမှာ ကြီးမားတဲ့ လျှို့ဝှက်ချက် တစ်ခု ရှိနေတယ်။ ဒါကို မင်းကိုယ်တိုင် သိမ်းထားသင့်တယ်။" ရှေးဟောင်းတာအို ဆရာသခင်သည် ခေါင်းယမ်းပြီး ကျောက်တုံးကို ချင်ယွင်အား ပြန်ပေးလိုက်သည်။ ထို့နောက် သူသည် ချင်ယွင်၏ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲသို့ ထပ်မံ ထိုးဖောက်ကာ ဝင်ရောက်သွားသည်။

"ဒီကျောက်တုံးက ၁၂ တုံး ရှိတာလား? အနာဂတ်မှာ အဲဒီကျောက်တုံးတွေကို ထပ်တွေ့ခဲ့ရင်၊ အားလုံးကို စုဆောင်းပြီး ဒီထူးဆန်းတဲ့ ကျောက်တုံးတွေပေါ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေကို လျှို့ဝှက်ထားလဲဆိုတာ ငါ သိနိုင်လိမ့်မယ်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိသည်။

ထို့ကြောင့်၊ ချင်ယွင်သည် အလွန်အမင်း စဉ်းစားမနေတော့ဘဲ အနက်ရောင် ကျောက်တုံးကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူသည် လေစွမ်းရည် နိယာမများကို တွေးတောဆင်ခြင်ရန် တရားထိုင်လိုက်သည်။

သို့သော်လည်း၊ နိယာမများကို စတင်ထိတွေ့ရန်မှာ အလွန်မင်း ခက်ခဲပါသည်။ ၎င်းသည် မြင့်မားသော နားလည်နိုင်စွမ်းနှင့် အခွင့်အလမ်းများလည်း လိုအပ်ပါသည်။

ချင်ယွင်သည် သူ၏ကိုယ်ပိုင် ခံယူချက်ရှိပါသည်။ ယခု သူချို့တဲ့နေသော အရာက အခွင့်အရေးတစ်ခု ဖြစ်ပါသည်။ အကယ်၍ သူသည် ထိုအခွင့်အရေးမျိုး ဖြစ်ပေါ် လာသည်နှင့်၊ သူသည် လေစွမ်းရည်နိယာမ၏ တံခါးခုံကို ချောချောမွေ့မွေ့ လျှောက်လှမ်းနိုင်ပါလိမ့်မည်။

သို့သော် ဤအခွင့်အရေးမျိုး ရောက်ရှိလာရန်မှာ၊ ချင်ယွင်၏ကံကောင်းမှုပေါ်တွင် မူတည်ပါသည်။ ၎င်းသည် ခြေလှမ်းတစ်ဝက် ရပ်နားလိုက်ခြင်းမျိုးမှ ဖြစ်ပေါ်လာနိုင် သလို၊ အသက်နှင့်သေခြင်း တိုက်ပွဲမျိုးမှလည်း ဖြစ်ပေါ်လာနိုင်ပါသည်။ မည်သည့်အရာ ဖြစ်ဖြစ် အရာအားလုံး ဖြစ်နိုင်ပါသည်။

အချိန်တွေက မြန်ဆန်လွန်း၏။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ကောင်းကင်ကြီးသည် ပြန်လည် တောက်ပလာပြန်ပါသည်။

ချင်ယွင်သည် တံခါးကို တွန်းဖွင့်ပြီး ရီယွန်ကိုရှာဖွေရန် ပြင်ဆင်ရင်း အခန်းထဲမှ ထွက်လာခဲ့သည်။ သို့သော်၊ ရီယွန်သည် ငွေရှင်း၍ ထွက်သွားပြီဖြစ်ကြောင်း ဆိုင်ရှိ စာရေးက သူ့ကိုပြောပြပြီး၊ သူ့အတွက် သတင်းပို့ ကျောက်စိမ်းစလစ်တစ်ခုကို ချန်ထားရစ်ခဲ့သည်။

ချင်ယွင်သည် သူ၏ အင်မော်တယ်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်နှင့် ရီယွန်က "ငါ လျူလီမြို့ကို ပြန်သွားပြီ၊ မင်း ငါ့ကိုတွေ့ချင်တယ်ဆို လျူလီမြို့ကို လာခဲ့ပါ။ ပြီးတော့၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ" ဆိုပြီး အမှာစကားများ ချန်ထားခဲ့သည်ကို တွေ့လိုက်ရသည်။

ထိုအမှာစကားများကို မြင်တော့၊ ချင်ယွင်သည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ သည်။

ရီယွန်သည် အရင်ဆုံး သူ့ကို အသုံးချရန် ကြံရွယ်ထားသော်လည်း၊ သူသည် ရီယွန်ကို အတင်းအဓမ္မ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ အဆုံးသတ်မှာတော့၊ ဤကိစ္စသည် အမှန် မဖြစ်နိုင်ပါဘူး။ ပြီးတော့ သူသည် ရီယွန်အပေါ် အရမ်းကို အေးစက်လွန်းမိသည်။

ရီယွန်သည် မိန်းမသားတစ်ဦး ဖြစ်ပါသည်။ ထိုကဲ့သို့ ထိုးနှက်ခံရပြီးနောက် သူမသည် စိတ်မသက်မသာဖြစ်ပြီး သဘာဝအတိုင်း သူမတစ်ကိုယ်တည်း ထွက်သွားခဲ့သည်။ သို့သော် သူမ၏ ထွက်ခွာသွားမှုကြောင့် ချင်ယွင်သည် အလွန်အပြစ်ရှိကြောင်း ခံစားခဲ့ရသည်။

"မေ့လိုက်ပါ၊ နောက်တစ်ကြိမ် လျူလီမြို့ကို ပြန်ရောက်တဲ့အခါ သူမကို လျော်ကြေး ပေးဖို့ နည်းလမ်းရှာရမယ်။" ချင်ယွင်သည် ခေါင်းကို အသာအယာယမ်းလိုက်ပြီး၊ ရီယွန် နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဖယ်ထုတ်ကာ ပြိုင်ပွဲကွင်းဆီသို့ လျှောက်သွား လိုက်သည်။

မနေ့က၊ ချင်ယွင်သည် သူ မထွက်လာခင်မှာ အင်မော်တယ်ဖီးနစ်ခန်းမမှာ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်လာသည့် ဟီအန်း၏ တောင်းဆိုမှုကို ပယ်ချခဲ့သည်။ ဟီအန်းသည် သူ့ကိုသတ်ရန် သွေးဆောင်ခံရပြီဟုပင် ယူဆရသည်။ ယခု၊ ဟီအန်းသည် သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် သူ၏လူတွေကို စေလွှတ်ထားရမည်။ အကယ်၍၊ ချင်ယွင်သည် ဖီးနစ်မြို့နေမှ ထွက်ခွာရန် သတ္တိရှိလျှင် သူသည် အင်မော်တယ် ဖီးနစ်ခန်းမ၏ လုပ်ကြံသတ်ဖြတ်သူများကို ဆွဲဆောင်နိုင်တော့မည် ဖြစ်သည်။

ချင်ယွင်သည် အင်မော်တယ်ဖီးနစ်ခန်းမနှင့် မတိုက်လိုသောကြောင့် ယနေ့တွင် ထပ်မံ ပါဝင်ယှဉ်ပြိုင်ရန် ပြိုင်ပွဲကွင်းမှ မထွက်ခွာမီ ဟီအန်းအား ပြောခဲ့ခြင်း ဖြစ်သည်။

ဟုတ်ပါသည်၊ ယခုလို လုပ်ရခြင်းအတွက် ချင်ယွင်မှာလည်း သူ၏ကိုယ်ပိုင် ရည်ရွယ် ချက်များ ရှိနေပါသည်။ သူ၏ ထင်ပေါ်ကျော်ကြားမှုကို ထုတ်ဖော်လိုက်ပြီးကတည်းက သူသည် ဤအုတ်အုတ်ကျက်ကျက်ဖြစ်မူကို ပို၍ ကြီးမားစေလိုပြီး၊ ယင်းက အင်မော်တယ် ဖီးနစ်ခန်းမ၏ ပိုင်ရှင်အစစ်ကို ဆွဲဆောင်နိုင်မည် ဖြစ်ပါသည်။ ဤနည်းဖြင့် ချင်ယွင်သည် အင်မော်တယ်ဖီးနစ်ခန်းမ၏ စွမ်းအားကို ငှားရမ်းကာ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးနှင့် ရှင်ခြင်းသေခြင်းဆေးလုံး၏ တည်နေရာကို ရှာဖွေနိုင်ပါလိမ့်မည်။

ထို့အပြင်၊ အကယ်၍၊ ချင်ယွင်သည် ကျွမ်းကျင်သူများကို တိုက်ခိုက်ခြင်းဖြင့် သူ၏ ခွန်အားကို မြှင့်တင်လိုပါက၊ သူသည် အစွမ်းထက်သော ပြိုင်ဘက်ကို လိုအပ်သည်။ သိသာထင်ရှားသည်မှာ၊ ဤပြိုင်ပွဲကွင်းသည် အရာအားလုံး ပြီးပြည့်စုံနေသည်။

"ဒီနေ့၊ ငါ့အတွက် ဘယ်လိုပြိုင်ဘက်မျိုးကို ပြိုင်ပွဲကွင်းက စီစဉ်ပေးမလဲဆိုတာ ငါ သိချင်မိတယ်။ ဒီပြိုင်ဘက်က ထင်သလောက် မလွယ်ကူမှာ စိုးရိမ်မိတယ်" ချင်ယွင် သည် ပြိုင်ပွဲကွင်း၏ မြင့်မားသော အဆောက်အအုံကြီးကို လှမ်းကြည့်လိုက်ရင်း၊ ပြိုင်ပွဲကွင်းဘက်သို့ ဆက်လက်လျှောက်လှမ်းလာကာ၊ သူ၏ပါးစပ်ထောင့်စွန်းက အနည်းငယ် တွန့်ကွေးသွားသည်။

All Chapters