← Chapters

အခန်း ၇၂၅

Vol. 49 Ch. 725

အခန်း ၇၂၅

Vol. 49 Ch. 725

အခန်း (၇၂၅) မောက်မာသောဖန်းယု။

ချင်ယွင်သည် ပြိုင်ပွဲကွင်းအတွင်းရှိ သူ၏ ကိုယ်ပိုင်နားနေခန်းဆီသို့ လျှောက်သွား နေစဉ်၊ အခြားနားနေခန်းတစ်ခု၌ အသံကျယ်လောင်စွာဖြင့် စကားများနေကြသည်။

"ဘာလဲ၊ မင်းက ငါ့ကို အစောပိုင်း အစစ်အမှန် အင်မော်တယ် ကျင့်ကြံသူတစ်ဦးနဲ့ တိုက်ချင်စေချင်တာလား?။ ဘဏ္ဍာစိုးက ဘာသဘောလဲ?။ ဒါက ငါ့ဂုဏ်သိက္ခာကို စော်ကားတာ မဟုတ်ဘူးလား?" ဖန်းယုသည် သူ့အား သတင်းပေးရန် ရောက်လာသော လူဝကြီးကို မောက်မာစွာ ကြည့်နေလေသည်။

ဖန်းယုသည် ဖီးနစ်နေမြို့ ပြိုင်ပွဲကွင်းတွင် အလွန်ကျော်ကြားသော ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမား တစ်ဉီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အစစ်အမှန် အင်မော်တယ် အထွက်အထိပ်အဆင့် တိုက်ပွဲများ၌ ပြိုင်ပွဲနှစ်ဆယ် ဆက်တိုက် အနိုင်ရသည့်စံချိန်ကို ထိန်းသိမ်းထားသောကြောင့် ဖြစ်သည်။

ဖီးနစ်နေမြို့ ပြိုင်ပွဲကွင်း၌ အစစ်အမှန် အင်မော်တယ် အထွတ်အထိပ်အဆင့် ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမား ထိပ်ဆုံးသုံးဦးရှိပြီး၊ စွမ်းအားနှင့် ဂုဏ်သတင်း ကျော်စောမူအရ ပထမ သတ်ဖြတ်ခြင်းနတ်ဘုရားဖြစ်ပြီး၊ ဒုတိယက ဖန်းယု ဖြစ်သည် ဟုပင် ဆိုနိုင်သည်။

ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမား တစ်ဦးအနေဖြင့် ပြိုင်ပွဲကွင်း၏ မြင့်မားသော ဆက်ဆံမှုကို အလေးပေးခံစားနိုင်ရုံသာမက၊ အရေးကြီးဆုံးအရာက ကြီးမားသော ကျော်စောမူ ဂုဏ်သတင်းကို ရရှိရန်ဖြစ်သည်။

၎င်းတို့အနက် ဖန်းယုသည် ထင်ပေါ်ကျော်ကြားမှုကို အလွန်နှစ်သက်သူ တစ်ဦး ဖြစ်သည်။ သူသည် ထင်ပေါ်ကျော်ကြားမှုကို အမြဲတမ်း တန်ဖိုးထားပြီး အလွန် မောက်မာသူလည်း ဖြစ်ပါသည်။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းနတ်ဘုရားနှင့် ကျန်းဖန်တို့သာလျှင် သူ၏ပြိုင်ဘက်အဖြစ် သတ်မှတ်ထားသည်။ တခြားသူတွေက လုံးဝ မထိုက်တန်ပါဘူး။

ယခု ဟီအန်းသည် သူ့ကို အစောပိုင်း အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျင့်ကြံသူ တစ်ဦးနှင့် ယှဉ်ပြိုင်စေချင်သည်ဟု ပြောလာသောအခါ၊ ဤသည်မှာ သူ့ကို အရှက်ခွဲမှု ပုံစံတစ်မျိုးအဖြစ် သူ ချက်ချင်း ခံစားလိုက်ရသည်။

"ဖန်ယု၊ အဲဒါက မင်းထင်သလို မဟုတ်ပါဘူး? ဒီရွှဲ့ရှာ အစောပိုင်း အစစ်အမှန် အင်မော်တယ် နယ်ပယ်မှာသာ ရှိနေသေးပေမယ့်၊ သူ့ရဲ့အစွမ်းက အစစ်အမှန် အင်မော်တယ် နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ။ သူက သာမန် အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် တစ်ယောက်လို ဖြစ်နေပေမယ့်၊ သူက ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်များကို လေ့ကျင့်ထားတယ်။ ဒီရွှဲ့ရှာက ကြေးဝါတူကို သတ်ဖြတ်ဖို့အတွက် လက်သီးတစ်ချက်ပဲ အသုံးပြုခဲ့တယ်”။ လူဝကြီးက ဆွဲဆောင်ပြောလိုက်သည်။

"ဟမ့်၊ ကြေးဝါတူကို လက်သီးတစ်ချက်နဲ့ သတ်လိုက်တော့ရော ဘာဖြစ်လဲ?။ ဒီအသုံးမကျတဲ့ ကြေးဝါတူက ငါ့ရှေ့မှာဆို လှုပ်တောာင်မလှုပ်ရဲဘူး?" ဖန်းယုသည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး မောက်မာစွာ အော်ပြောလိုက်သည်။ လူဝကြီးပြောသည်ကို သူ အလေးအနက် မထားဘူးဆိုတာ ထင်ရှားပါသည်။

"ဖန်းယု၊ မင်း ဒီတိုက်ပွဲကို အနိုင်ရတာနဲ့ မင်းရဲ့ဆုကြေးက အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀ လို့ အကြီးအကဲဟီက ပြောခဲ့တယ်။” လူဝကြီးက ကပျာကယာ ထပ်ပြောသည်။

"ဒီအဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀ ကို ငါ ဂရုစိုက်မယ်လို့ မင် ထင်နေလား?" ဖန်းယုက မတုန်လှုပ်သေးချေ။

"ဖန်းယု၊ ဒီရွှဲ့ရှာက ငါတို့ရဲ့ အင်မော်တယ်ဖီးနစ်ခန်းမသခင် သတ်ပစ်ချင်တဲ့ လူတစ်ယောက်ပဲ။ ငါ မင်းကို စင်မြင့်ပေါ် စေလွှတ်ရတဲ့ အကြောင်းရင်းက မင်းရဲ့ အစွမ်းကို ငါ စိတ်ကူးမိလို့ပဲ။ တကယ်လို့ မင်းအနေနဲ့ ဒီမစ်ရှင်ကို ပြီးမြောက်နိုင်ရင်၊ အင်မော်တယ်ဖီးနစ်ခန်းမသခင်ရဲ့ မျက်နှာသာပေးမူကို ခံရကောင်းနိုင်တယ်" ဟီအန်းသည် ဧည့်ခန်းအပြင်ဘက်မှ လျှောက်လှမ်းကာ ဝင်ရောက်လာရင်း လှမ်းပြောလိုက်သည်။

"အင်မော်တယ်ဖီးနစ်ခန်းမသခင်က သတ်စေချင်သူလား?” ဖန်းယု၏ မျက်နှာသည် နောက်ဆုံးတွင် ပြေလျော့သည့် အရိပ်အယောင် ထုတ်ဖော်ပြသလာသည်။

'"ဟုတ်တယ်၊ ဒီရွှဲ့ရှာက အင်မော်တယ်ဖီးနစ်ခန်းမမှာ မပါဝင်ဘူးလို့ ငြင်းဆိုထားတယ်။ အခု ခန်းမသခင်က အမိန့်ပေးလိုက်ပြီ။ နောက်ပိုင်းဖြစ်ပေါ်လာမယ့် ဒုက္ခတွေကို ဖယ်ရှားဖို့အတွက် သူ့ကို ရှင်းပစ်ရပါမယ်တဲ့။ တကယ်လို့၊ မင်းအနေနဲ့ ဒီတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရင်၊ မင်းအပေါ် ခန်းမသခင်ရဲ့ အထင်အမြင်ကြီးမူက သိသိသာသာ နက်နက်ရှိုင်းရှိုင်း ရှိလာမယ်လို့ ငါ သေချာပေါက် ပြောရဲတယ်။ ဒါ့အပြင်၊ အဲဒီရွှဲ့ရှာကလည်း အတော်လေး နာမည်ကြီးနေပြီ။ မင်းရဲ့ လုပ်ရပ်တွေက သဘာဝအတိုင်း ထင်ပေါ်ကျော်ကြားနေပါပြီလေ”။ ဟီအန်းက ဆက်ပြောသည်။

ဟီအန်း၏ စကားကိုကြားတော့ ဖန်းယုသည် တခဏကြာအောင် တွေးတောနေပြီး၊ "ကောင်းပြီလေ၊ ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ ငါ ကတိပေးတယ်။ ဒါက ရွှဲ့ရှာပဲ မဟုတ်လား၊ ငါဖန်းယု ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သူ့ကို ပြောပြမယ်။"

ဖန်းယု၏ အသံသည် အထင်သေးပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။

ဟီအန်း နှင့် လူဝကြီးတို့သည် ဖန်းယုက သဘောတူကြောင်း ကြားလိုက်သောအခါ၊ သူတို့သည် အကြည့်ချင်း ဖလှယ်ကာ ပြုံးလိုက်ကြသည်။

အမှန်တော့၊ ဟီအန်း ရွှဲ့ရှာကို သတ်မည့်ကိစ္စကို အင်မော်တယ်ဖီးနစ်ခန်းမ၏ ခန်းမသခင်အထံသို့ သူတို့ သတင်းမပို့ခဲ့ကြပေ။ ထို့ကြောင့်၊ အင်မော်တယ်ဖီးနစ် ခန်းမ၏ ခန်းမသခင်သည် ရွှဲ့ရှာကိုသတ်ရန် မည်သို့ စေခိုင်းမည်နည်း?။ ထိုစကားသည် ဟီအန်းက ဖန်းယုကို လှုပ်ရှားလာစေရန် ဆွဲဆောင်လိုက်သည့် သေးငယ်သော လှည့်ကွက်လေးတစ်ခုသာ ဖြစ်ပါသည်။

ချင်ယွင်၏ ကိုယ်ပိုင်ဧည့်ခန်းတွင် တစ်စုံတစ်ယောက်က ယနေ့ ပြိုင်ပွဲကွင်းတွင် သူနှင့်ယှဉ်ပြိုင်မည့် ပြိုင်ဖက်၏ အချက်အလက်တွေကို စီစဉ်ပေးထားသည်။

ချင်ယွင်က သူ့ပြိုင်ဘက်၏ အချက်အလက်တွေကို ကြည့်ပြီး မထင်မရှား ပြုံးလိုက်မိ သည်။

ပြိုင်ဘက်- ဖန်းယု။

ကိုယ်ရေးအချက်လက် - ပြိုင်ပွဲကွင်း၏ ပရိုဖက်ရှင်နယ် တိုက်ခိုက်ရေးသမား?

စွမ်းအား- အထွတ်အထိပ် အစစ်အမှန် အင်မော်တယ်နယ်ပယ်။

အောင်မြင်မှု- အစစ်အမှန် အင်မော်တယ် အထွတ်အထိပ်အဆင့်၌ ပွဲနှစ်ဆယ် ဆက်တိုက် အနိုင်ရခြင်း။

ကျွမ်းကျင်သောအရာ- ဖေးယီကျဲ့ရှာ။

"ဒီဖန်းယုက အစစ်အမှန် အင်မော်တယ် အထွက်အထိပ်အဆင့် ကျင့်ကြံသူ သုံးယောက် ထဲက တစ်ယောက် ဖြစ်ရမယ်။ ဒီဟီအန်းက ငါ့ကို သတ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်။ ဒါပေမယ့် ဖန်းယု တစ်ယောက်တည်းနဲ့ ငါ့ကို သတ်နိုင်မယ်လို့ မင်း ထင်နေလား?" ချင်ယွင်က သူ၏စိတ်နှလုံးထဲတွင် လှောင်ရယ်နေခဲ့သည်။

သူသည် ရီယွန်ထံမှ ပြိုင်ပွဲကွင်းအကြောင်းကို ယခင်က လေ့လာခဲ့ဖူးပြီး၊ ဤအထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမားအကြောင်းကိုလည်း သူ ကြားဖူးထားပါသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားမှ လွဲ၍ ချင်ယွင်သည် ကျန်းဖန်အကြောင်းကိုပင် အလွန်အမင်း ဂရုမစိုက်ချေ။ ထို့ကြောင့် ဖန်းယုဆိုလျှင်၊ ပြောစရာပင် မလိုအပ်တော့ ချေ။

သို့သော် ချင်ယွင်သည် ထိုသတ်ဖြတ်ခြင်းဘုရားကို အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။

အကယ်၍၊ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ ဤသတ်ဖြတ်ခြင်း နတ်ဘုရား သည် နိယာမနယ်ပယ်၏ တံခါးခုံသို့ ခြေလှမ်းနိုင်ခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်မှာ သေချာပါ သည်။ ထိုသို့မဟုတ်လျှင်၊ သူသည် ၉၉ပွဲ ဆက်တိုက် ကောင်းကင်ဘုံကို အံတုနိုင်သည့် အောင်ပွဲတွေကို မည်သို့ ဖန်တီးနိုင်မည်နည်း?။

ဒေါင်!

တိုက်ပွဲခေါင်းသံက ထပ်မြည်လာပြန်သည်။ ချင်ယွင်သည် သူတိုက်ခိုက်ရမည့် အချိန် ရောက်လာပြီဟု သိလိုက်ပါသည်။

"ရွှဲ့ရှာ ထွက်လာပြီး အသေခံလိုက်စမ်း…”

သို့သော် ချင်ယွင် မတ်တပ်ရပ်လိုက်သည်နှင့် ပြိုင်ပွဲကွင်း၏ ဦးတည်ရာအရပ်မှ ကျယ်လောင်သော အော်သံကို ကြားလိုက်ရသည်။ ဤအသံသည် ဧည့်ခန်းမထဲသို့ စိမ့်ဝင်သွားပြီးနောက် ချင်ယွင်၏ နားထဲသို့ တိုးဝင်လာသည်။

ထို့နောက် ပြိုင်ပွဲကွင်းပြင် တစ်ခုလုံးမှ ပြင်းထန်သော အော်ဟစ်ဆူညံစွာ အားပေးသံများ ထွက်ပေါ်လာပါသည် "ဖန်ယု….၊ ဖန်ယု….”။

ချင်ယွင်သည် ထိုစကားကို ကြားသောအခါ၊ သူ၏ပါးစပ်ထောင့်မှ ချက်ချင်းပင် ပြင်းထန်သော လှောင်ပြောင်သရော်ဟန် ထုတ်ဖော်လိုက်ပြီး၊ သူ၏မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု ဝင်းလက်တောက်ပလာသည်။

မူလက သူသည် ဖန်းယုကို သတ်ဖြတ်ရန် ရည်ရွယ်ချက် အနည်းငယ်မျှ မရှိခဲ့ဘဲ၊ ဤတိုက်ပွဲကို ပြီးစီးအောင်မြင်အောင် လုပ်ချင်ရုံသက်သက် ဖြစ်သည်။

သို့သော် ဤဖန်းယုသည် သူ့ကိုသတ်ရန် စိတ်အားထက်သန်နေမည်ဟု သူ မမျှော်လင့်ထားပေ။ ထို့ကြောင့် သူသည်လည်း သဘာဝအတိုင်း နှလုံးသားပျော့ညံ့သူ တစ်ယောက် မဟုတ်ပေ။

ချင်ယွင်သည် ချက်ချင်းပင် ဧည့်ခန်းထဲမှ ထွက်လာပြီး ပြိုင်ပွဲကွင်းထဲသို့ ၀င်သွားသည် ။

"ရွှဲ့ရှာ….။ ရွှဲ့ရှာ….”။

ချင်ယွင်သည် ပြိုင်ပွဲကွင်းထဲတွင် ပေါ်လာသည်နှင့် ချက်ချင်းပင် ပြင်းထန်သော အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသော်လည်း ဖန်းယုအား အော်ဟစ်အားပေးသံ များက ပို၍ ကျယ်လောင်ပါသည်။

ချင်ယွင်သည် နောက်ဆုံးတိုက်ပွဲတွင် နာမည်ကြီးလာသော်လည်း ဖန်းယုလောက် မကျော်ကြားသေးပေ။ ထို့ကြောင့်၊ ရွှဲ့ရှာဟု အော်ဟစ်အားပေးသံကို ဖန်းယုဟု အော်ဟစ်အားပေးသံက လျင်မြန်စွာ လွှမ်းမိုးသွားပါသည်။

ချင်ယွင်က ဤအရာကို ဂရုမစိုက်ပေ။ သူ၏အကြည့်တွေက အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဆီသို့ ကျရောက်သွားသည်။

ဤလူ၏မျက်နှာသည် ကျောက်စိမ်းကဲ့သို့ ဖြူစင်သည်။ အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး အလွန်ချောမောသည်။ သို့သော်၊ အထူးသဖြင့် ချင်ယွင်ကို ကြည့်နေစဉ်မှာ သူ၏မျက်နှာပေါ်ရှိ အမူအရာသည် အလွန် မောက်မာလွန်းလှသည်။ သူ၏ အမူအရာသည် ပြင်းထန်သော လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေပါသည်။

"ရွှဲ့ရှာ၊ မင်း ကြားလား? ဒါက လူတိုင်း ဖြစ်စေချင်နေတဲ့ အရာဘဲ။ ငါ့ဖန်းယုရဲ့ ကျော်ကြားမှုက မင်းဆိုတဲ့ရွှဲ့ရှာထက် အဆတစ်ရာ ပိုမြင့်မားတယ်။" ဖန်းယုသည် ချင်ယွင်ကို ကြည့်ကာ ရယ်မောလိုက်သည်။ သူ၏ လေသံက ပြင်းထန်သော အထင်သေးမူဖြင့် ပြည့်နှက်နေသည်။

"အဲဒီတော့ ဘာဖြစ်လဲ?" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။

"ဘယ်လိုလုပ် မဖြစ်ရမှာလဲ? မင်းက ငါ့လက်ချက်နဲ့ သေရတော့မယ် မထင်မိဘူးလား?။ လူတိုင်းရဲ့ ချီးမွမ်းမှုကိုရဖို့အတွက် ငါ မင်းရဲ့သွေးတွေကို အသုံးပြုမယ်။ မင်းရဲ့ အလောင်းက ငါ့ရဲ့ထင်ပေါ်ကျော်ကြားမူအတွက် ခြေလှမ်းသစ်တစ်ခု ဖြစ်လာလိမ့် မယ်။" ဖန်းယုက အေးစက်သော အပြုံးဖြင့် ပြောလိုက်ပြီး သူ၏လေသံက ခိုင်မာသော ယုံကြည်မှု အပြည့် ရှိနေပါသည်။

"မင်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား?" ဖန်းယု၏ စကားကို ကြားတော့ ချင်ယွင်သည် ကူကယ်ရာမဲ့ ပြုံးလိုက်မိသည်။

ဤဖန်းယုသည် ယုံကြည်မှု လွန်ကဲနေသည်. တိုက်ခိုက်ခြင်းပင် မရှိသေးဘဲ အနိုင်ရမည်ဟု ခံစားနေသည်။ ချင်ယွင်သည် ဤလူကို ဘာပြောရမှန်း မသိတော့ပေ။

"ဟမ့်၊ မင်းကို သတ်ဖို့က ငါ့အတွက် လွယ်ကူလွန်းတယ်။ ကြေးဝါတူကို အနိုင်ယူ လိုက်ရုံနဲ့ မင်းက ငါ့ကိုလည်း အနိုင်ယူနိုင်မယ်လို့ မထင်နဲ့။ ငါ မင်းကို ပြောပြမယ်။ ကြေးဝါတူဆိုတာ ငါ့မျက်လုံးထဲမှာ အမှိုက်တစ်စထက် ဘာမှမပိုဘူး" ဖန်းယုသည် ချင်ယွင်က သူ၏စကားများကို အမှန်တကယ် မထီမဲ့မြင်ပြုကြောင်း မြင်လိုက်ရလျှင်၊ သူ၏ မျက်လုံးများက ချက်ချင်း ကျဉ်းမြောင်းသွားသည်။

"ဒါဆိုလည်း စမ်းကြည့်ရအောင်။" ချင်ယွင်က ရယ်မောလိုက်ပြီး သူ၏ရုပ်အသွင်က ရုတ်တရက် ပျံထွက်သွားသည်။

All Chapters