အခန်း ၇၂၆
Vol. 49 Ch. 726
အခန်း (၇၂၆) အဖြူရောင်တစ္ဆေ။
"ယုံကြည်မှုလွန်ကဲနေလိုက်တာ”။
ဖန်းယုသည် ချင်ယွင် သူ့ဆီသို့ အပြေးအလွှား ပြေးဝင်လာသည်ကို မြင်လိုက်ရလျှင်၊ သူ၏ မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အယောင် ပေါ်လာသည်။ အင်မော်တယ် အနှစ်သာရသည် သူ၏ လက်ဖဝါးထဲတွင် တဟုန်ထိုး မြင့်တက်လာပြီး သူဆီသို့ ပြေးဝင်လာနေသော ချင်ယွင်ကို တိုက်ရိုက် ရိုက်ချလိုက်လေသည်။
လက်ဖဝါး ရိုက်ချက်နှင့်အတူ ချင်ယွင်ကို ပြင်းထန်စွာ ဖိနှိပ်လိုက်သော လက်ဖဝါးပုံနှိပ် တစ်ခုလည်း ချက်ချင်း ထွက်ပေါ်လာသည်။ လက်ဖဝါးပေါ်တွင်ပါရှိသော စွမ်းအားသည် သာမန် အထွက်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင် တစ်ဦးကို ထိခိုက်ဒဏ်ရာရစေရန် လုံလောက်ပါသည်။
"အောင်း…”
ချင်ယွင်သည် အလွန်လျင်မြန်စွာ နီးကပ်လာနေသော လက်ဖဝါးပုံရိပ်ကြီးကို မြင်လိုက်ရစဉ်မှာ၊ သူ၏ခန္ဓာကိုယ်မှ နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ချက်ချင်းပင် သူသည် လက်သီးတစ်ချက် ပစ်ထိုးလိုက်ပြီး လက်ဖဝါးပုံရိပ်ကြီးကို အချည်းနှီးဖြစ်အောင် ဖြိုခွဲပစ်လိုက်သည်။ သူ၏ခန္ဓာကိုယ် အရှိန်ဟုန်က လျော့ကျသွား ခြင်း မရှိဘဲ တိုးလာသည်။ သူသည် ဖန်းယုဆီသို့ တစ်ဖန် ပျံသန်းသွားပြန်သည်။
ဝှီး….။
ချင်ယွင်၏ ရုပ်အသွင်သည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဖန်းယု၏ ရှေ့မှာ ရုတ်တရက် ပေါ်လာသည်။ သူ၏လက်သီးက ဖန်းယုဆီသို့ တိုက်ရိုက် ပစ်ဝင် သည် ။
"အရေးမပါတဲ့ ပညာရပ်လေးနဲ့များ..”။
သူ၏ လက်ဖဝါးကို ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားစဉ်၊ ဖန်းယုသည် ဖြည်းညှင်းစွာ ဟစ်အော်လိုက်ပြီး သူသည်လည်း အလားတူ လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
“ဘုန်း..”
ပြိုင်ပွဲကွင်းအတွင်းရှိ မြေပြင်သည် ပြင်းထန်စွာ တဟုန်ထိုး တုန်ခါသွားပြီး၊ မြေပြင်ပေါ်ရှိ ဖုန်မှုန့်များသည် ရေလှိုင်းများကဲ့သို့ ရုတ်တရက် ပြန့်ကျဲသွားသည်။
အကယ်၍ ၎င်းသည် ပြိုင်ပွဲကွင်း၏ မြေပြင်ပေါ်တွင် ဖွဲ့စည်းတည်ဆောက်ထားသော အစီအရင်ဝင်္ကပါ၏ ထောက်ပံ့ပေးထားမူကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ ဤထိပ်တိုက် တွေ့ဆုံမူသည် မြေကြီးကိုပင် အက်ကွဲသွားစေရန် လုံလောက်ပေလိမ့်မည်။
ချင်ယွင်နှင့် ဖန်းယုတို့သည် တစ်ချိန်တည်းမှာပင် အဝေးသို့ ကျဆင်းသွားခဲ့ပြီး၊ သူတို့၏ ခွန်အားများက တူညီလုနီးပါး ဖြစ်နေသည်။
"ဟမ့်၊ မင်းရဲ့ ခွန်အားက တော်တော်လေး အားကောင်းနေမယ်လို့ ငါ မမျှော်လင့်ထား ဘူး။ ဒါပေမယ့် မင်း ငါ့ကို ဒီလိုပုံစံမျိုးနဲ့ အနိုင်ယူနိုင်မယ်လို့ ထင်နေရင်တော့၊ မင်း စိတ်ပျက်သွားလိမ့်မယ်။ ငါက အဲဒီလက်ဖဝါးနှစ်ချက်နဲ့ သွေးပူလေ့ကျင့်ခန်း လုပ်ပေး လိုက်တာပဲ။ ငါက ငါ့ခွန်အားရဲ့ ဆယ်ပုံတစ်ပုံတောင် သုံးမထားဘူး။" ဖန်းယု၏ ရုပ်အသွင်သည် လေထဲတွင် ခက်ထန်တင်းမာဟန်ဖြင့် ရပ်နေပြီး သူသည် ချင်ယွင်ကို လှောင်ပြောင်သည်။
"ဒါဆိုလည်း မင်းရဲ့ စစ်မှန်တဲ့ ခွန်အားကို ပြစမ်းပါဦး" ချင်ယွင်၏ ပါးစပ်ထောင့်စွန်း လည်း လှောင်ပြောင်ဟန်အမူအရာ ဖြစ်ပေါ်နေသည်။ ဖန်းယုသည် သူ၏ခွန်အားကို အပြည့်အ၀ အသုံးမပြုခဲ့ပေ။ သူပြောသည့်စကားက မှန်ပါသည်။ သူသည်လည်း အစောပိုင်းက လက်သီးနှစ်ချက်ကို ပေါ့ပေါ့ပါးပါး ထိုးနှက်လိုက်ခြင်းသာ ဖြစ်ပါသည်။
"ဟမ့်၊ ဒါဆိုလည်း ငါ မင်းကို အပြီးအပိုင် သေခွင့်ပြုလိုက်မယ်" ဖန်းယုသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ကြီးမားသော အငွေ့အသက်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ပြိုင်ပွဲကွင်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားကာ၊ ပြိုင်ပွဲကွင်း အတွင်း လေပြင်းများ တိုက်ခတ်လာလေသည်။
ဧရာမ အဖြူရောင်ဖီးနစ် သဏ္ဍာန်ကြီးသည် သူ၏နောက်တွင် သိပ်သည်းလာသည်။ ဧရာမ ပုံရိပ်ကြီးသည် ပေတစ်ရာ ရှည်လျားသည်။
ဖီးနစ်ငှက်ပုံရိပ်ကြီးသည် ၎င်း၏ခေါင်းကို မော့ပြီး အော်ဟစ်လိုက်သည်။ သူ၏ အသံက အလွန် ကျယ်လောင်စူးရှသလို၊ ဖန်းယု၏ အကြည့်တွေကလည်း ရုတ်တရက် စူးရှလာ သည် ။
ချင်ယွင်သည် လေထဲတွင် ရပ်နေသည်။ သူ၏ပတ်ဝန်းကျင်မှာ ပြင်းထန်သော မုန်တိုင်းတစ်ခု ဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အ၀တ်စားတွေ တွန့်ကြေသွားခဲ့ သည်။ သူ၏ပါးစပ်ထောင့်စွန်းက ပြုံးယောင်သမ်းနေသော်လည်း သူ၏မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ရှိနေသည်။
ကြည့်ရှုနေသူ ပရိတ်သတ်အားလုံး မတ်တပ်ရပ်လိုက်ကြပြီး ထိုကဲ့သို့ အံ့သြဖွယ် ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ၊ သူတို့သည် စိတ်လှုပ်ရှားစွာ အော်ဟစ် နေကြသည်။
တစ်ချက် ထိပ်တိုက်တွေ့ဆုံမိရုံဖြင့်၊ သူတို့၏သွေးတွေကို ပွက်ပွက်ဆူအောင်ရန် လုံလောက်ပေသည်။ ဤသည်မှာ၊ သူတို့ မြင်တွေ့ချင်နေသော တိုက်ပွဲမျိုး ဖြစ်ပါသည်။
"ဝိုး… ဖန်းယုက တကယ်ကို အစွမ်းထက်လွန်းတယ်။ စောစောက အဲဒီလက်ဖဝါးရဲ့ စွမ်းအားက ဘယ်လို အစစ်အမှန် အင်မော်တယ် အထွတ်အထိပ်အဆင့်ကို မဆို ခြိမ်းခြောက်နိုင်ဖို့ လုံလောက်တယ်။" ပရိသတ်ထဲမှ တစ်ယောက်ယောက်က အော်ပြောလိုက်သည်။
"ဒီရွှဲ့ရှာကလည်း မဆိုးပါဘူး။ ဖန်းယုရဲ့ လက်ဖဝါးရိုက်ချက်ကို တကယ်ကို ခုခံနိုင်ခဲ့ တယ်၊ ဖန်းယုနဲ့တောင် လက်ရည်တူ ဖြစ်နေပုံရတယ်။" တစ်စုံတစ်ယောက်ကလည်း ပြောလိုက်ပြန်သည်။
"ဟမ့်၊ ဒီရွှဲ့ရှာက ဖန်းယုရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား၊ ဖန်းယုက အခုလေးတင် မပြောခဲ့ဘူးလား။ သူက အခုမှ သွေးပူလေ့ကျင့်ခန်းလုပ်တာလို့။ အခု သူ့ရဲ့ ခွန်အားကို အသုံးချနေပြီ။ ဒီရွှဲ့ရှာက သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုတာ သေချာပါတယ်။" ထိုလူက ချက်ချင်း ပြန်ပြောသည်။
"ဒါတော့ အမှန်ပဲ။ အားလုံးက ဖန်းယုရဲ့ စွမ်းအားကို သိကြတယ်။ ဒီရွှဲ့ရှာက ကြေးဝါတူတစ်ယောက်ကိုပဲ အနိုင်ယူဖူးတာ။ သူ့ရဲ့အစွမ်းက ဖန်းယုထက်တော့ နိမ့်ကျသင့်တယ်။ နောက်ဆုံးတော့ ဖန်းယုက ပွဲ ၂၀ ဆက်တိုက် အနိုင်ရတဲ့ အဓိက လူတစ်ယောက် ဖြစ်လာမှာပဲ။" အနီးနားရှိ ပရိသတ်များသည် တစ်ဖက်လူ၏ အမြင်ကို သိသိသာသာ သဘောတူကြသည်။
"ရွှဲ့ရှာအတွက်တော့ ဖန်းယုရဲ့ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်မူကို စောင့်ကြရတော့မှာ ပေါ့။" ထိုလူသည် ဖန်းယုကို ကြည်ညိုလေးစားသော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်ပါသည်။
"ဖန်းယု…၊ ဖန်းယု…၊”
ပရိသတ်များသည် ထိတ်လန့်တကြား ဖြစ်သည်အထိ အော်ဟစ်အားပေးနေကြသည်။ ပရိသတ်များ၏ အော်ဟစ်အားပေးသံသည် လှိုင်းလုံးများကဲ့သို့ ပဲ့တင်ထပ်နေ သော်လည်း ရွှဲ့ရှာအတွက် အော်ဟစ်အားပေးသံကမူ အလွန်ရှားပါးလှသည်။ အကယ်၍၊ ရှိနေလျှင်ပင်၊ ဖန်းယု၏ကို အော်ဟစ်အားပေးသော အသံလှိုင်းလုံးများကြားတွင် နစ်မြုပ်သွားကြသည်။
"သေလိုက်တော့…။ လေလှိုင်းအက” ဖန်းယု၏ နှုတ်ခမ်း ထောင့်စွန်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ သူ၏နောက်မှ အဖြူရောင် ဖီးနစ်ပုံရိပ်ကြီးသည် ရုတ်တရက် အော်ဟစ်လိုက်သည်။ ကြီးမားသော အတောင်ပံကြီး များသည် ချက်ချင်းပင် ပြင်းထန်စွာ ခတ်လာခဲ့ပြီး၊ ပတ်ဝန်းကျင်သည် ချက်ချင်းပင် ပြင်းထန်စွာ လေလှိုင်းရိုက်ခတ်သွားသည်။
မုန်တိုင်းများသည် ကောင်းကင်ယံကိုပင် ဖုံးလွှမ်းသွားကာ ချင်ယွင်ဆီသို့ အရူးအမူး တိုက်ခတ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ဟာရီကိန်းမုန်တိုင်းတွင် အားကောင်းသော စွမ်းအားများ ပါ၀င်နေပြီး ပြင်းထန်သော လေလှိုင်းများသည် လူတို့၏ ခန္ဓာကိုယ်ကို ဖြတ်တောက်သွားသော အင်မော်တယ်ဓားများကဲ့သို့ လူတို့၏ ခန္ဓာကိုယ်များကို ရိုက်ခတ်သည်။
ဤကြောက်စရာကောင်းသော လေပြင်းမုန်တိုင်းသည် ပြိုင်ပွဲကွင်း ပတ်ပတ်လည်ရှိ အလင်းအကာကွယ်ကို ထိမှန်သွားသည်။ သန့်စင်သော သံမဏိအချင်းချင်း ရိုက်ခတ်မိ သကဲ့သို့ အသံတွေက အစီအရီ ထွက်ပေါ်လာသည်။ မီးပန်းမီးပွားများသည် နေရာတိုင်း တွင် ပြန့်ကျဲနေပြီး၊ ဖြတ်တောက်ခံရသော မြေပြင်ပေါ်တွင် နက်ရှိုင်းသော လျှိုမြောင်များသည် မြေပြင်အနှံ့ ဖြစ်ပေါ်နေသည်။
ချင်ယွင်သည် လေထဲတွင် ရပ်နေပြီး၊ သူ့ခန္ဓာကိုယ်၏ အပေါ်ယံတွင် ရှေးဟောင်း ဖရိုဖရဲ အစစ်အမှန် အင်မော်တယ် အနှစ်သာရဖြင့် သိပ်သည်းထားသော ခုခံအကာကွယ် အလင်းဒိုင်းတစ်ခု ရှိနေပါသည်။
ပြင်းထန်သော လေဓားများသည် အကာကွယ် အလင်းဒိုင်းနှင့် အဆက်မပြတ် တိုက်မိသွားပြီး အသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ အကာကွယ် အလင်းဒိုင်း သည်ပင် တုန်လှုပ်သွားသည်။
ချင်ယွင်သည် ဤမျှထက်ရှသော လေဓားများကို ခုခံရန်အတွက် သူ၏ခန္ဓာကိုယ်ကို အသုံးပြုထားသော်လည်း၊ နောက်ဆုံးမှာတော့ ဤနေရာသည် ပြိုင်ပွဲကွင်းထဲတွင် ရှိနေပါသေးသည်။ ကြည့်ရှုသူပရိသတ်ပေါင်း ရာနှင့်ချီပြီး ရှိနေခဲ့သည်။ အကယ်၍၊ သူ၏ အင်မော်တယ် ၀တ်ရုံသည် စုတ်ပြဲသွားပြီး သူ၏အဝတ်အစားတွေက သေ၏ခန္ဓာကိုယ် ကို လုံလုံခြုံခြုံ မဖုံးထားနိုင်ဘူးဆိုလျှင်၊ သူသည် မျက်နှာပျက်ရပေလိမ့်မည်။
"ရှူး…”
ဤအခိုက်အတန့်တွင် ပြင်းထန်စွာ ဖောက်ထွင်းဝင်ရောက်လာသော အသံနှစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ အဖြူရောင် အမွှေးနှစ်ချောင်းသည် ချွန်ထက်သော ဓားဖြင့် ပစ်ပေါက်လိုက်သလိုမျိုး ချင်ယွင်ဆီသို့ ပျံသန်းသွားသည်။
အဖြူရောင် အမွှေးများသည် ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင် အလင်းအလွှာဖြင့် ဖုံးလွှမ်းနေကာ သတ္တုရောင် တလက်လက် တောက်ပနေသည်။ ၎င်းတို့သည် တခဏအတွင်းမှာပင်၊ ချင်ယွင်၏ရှေ့ကို ရောက်ရှိလာကြပါသည်။ ရှေးဟောင် ဖရိုဖရဲ အနှစ်သာရဖြင့် ချင်ယွင် သိပ်သည်းထားသော အကာကွယ် အလင်းကွယ်သည် ၎င်းတို့အပေါ် လုံးဝ သက်ရောက်မှု မရှိတော့ပေ။ တို့ဟူးကို လှီးဖြတ်လိုက်သကဲ့သို့ ပြတ်တောက်သွားသည်။
ချွန်ထက်သော အမွှေးများသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်လာရင်း နောက်စက္ကန့်အကြာတွင် ချင်ယွင်၏ နဖူးကို ထိုးဖောက်တော့မည့် အလား ချင်ယွင်၏ နဖူးအနီးသို့ ချဉ်းကပ်လာသည်။
ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွား၏။ ဤအမွှေးများတွင် ပြင်းထန်သည့် စွမ်းအင်အတက်အကျလှိုင်းများ ပါ၀င်နေခဲ့ပြီး၊ အစိပ်စိပ်မွှာမွှာ အက်ကွဲ တော့မည့် ဝါးကဲ့သို့ ထွက်လာလေသည်။ ၎င်း၏ စွမ်းအားက ထူးရှားလွန်းသည်။
"နတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်…"
ချင်ယွင်သည် အနည်းငယ်မျှ တုန့်ဆိုင်းမနေတော့ဘဲ၊ နတ်ဆိုးနတ်ဘုရား ကြယ်ဖမ်းလက်ကို အသုံးပြုရန်အတွက် သူ၏ခန္ဓာကိုယ်အတွင်း သိမ်မွေ့နက်နဲသော အဝါရောင် စွမ်းအားကို တိုက်ရိုက် စုစည်းလိုက်သည်။
ချင်ယွင်၏ လက်ဖဝါးသည် ဝင်းလက် တောက်ပနေပြီး ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ ကြီးမားသော လက်ဖဝါးအရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ချွင်…။
အမွှေးနှစ်ချောင်းသည် ကြီးမားသော လက်ဖဝါးကြီးနှင့် တိုက်မိပြီး သံမဏိအချင်းချင်း ထိခိုက်မိသည့်အသံ ထွက်ပေါ်လာသည်။ အဆုံးတွင် ၎င်းတို့သည် ပေါက်ကွဲပြီး ကြီးမားသော နောက်ဆက်တွဲ တုန်ခါမူအဖြစ် မုန်တိုင်းများ ဖြစ်ပေါ်လာသည်။
"ငရဲကို သွားလိုက်တော့”။
သို့သော် ဤအခိုက်အတန့်တွင် အလွန်အေးစက်သော အလင်းတန်းတစ်ခုက မုန်တိုင်းကြားမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ချင်ယွင်၏ရှေ့တွင် အလွန်မင်း မြန်ဆန်သော အသွင်အပြင်တစ်ခုက ချက်ချင်းပင် ပေါ်လာသည်။ သူ၏လက်ထဲတွင် အမွှေးများမှ ဖြစ်ပေါ်လာသော ဓားတိုလေး တစ်ချောင်း ရှိနေသည်။ ဓားတိုသည် မြင်ရသူများကို နှလုံးခုန် ရင်တုန်စေလောက်သည့် စွမ်းအင်အတက်အကျလှိုင်းများ ပါ၀င်နေပြီး ချင်ယွင်၏ လည်ပင်းဆီသို့ ခုတ်ပိုင်းသွား သည်။ နောက်တစ်စက္ကန့်တွင်၊ ချင်ယွင်၏ ခေါင်းကို လုံးဝ ဖြတ်သွားတော့မည်။
အရှိန်ဟုန်က အရမ်းကို မြန်ဆန်လွန်းနေပြီး၊ လူတိုင်းသည် အလွန်မင်း မြန်ဆန်သည့် နောက်ဆက်တွဲ ပုံရိပ်များကိုသာ မြင်တွေ့နိုင်ကြသည်။
ချင်ယွင်၏ အမူအရာသည် ပြောင်းလဲသွားပြီး သူသည် နောက်သို့ အလျင်အမြန် ရှောင်ထွက်သွားသည်။ သို့သော် ဤအေးစက်သော အလင်းရောင်သည် လျင်မြန်လွန်း လှသည်။
ချင်ယွင်သည် လုံးလုံးလျားလျား မရှောင်တိမ်းနိုင်ခင်မှာ ထိုအေးစက်သည့် အလင်းရောင်ကြောင့် သူ၏လည်ပင်းတွင် သွေးထွက်သံယို ဒဏ်ရာဒဏ်ချက်များ ကျန်ရစ်ခဲ့သည်။
ချင်ယွင်သည် ခပ်ဝေးဝေးသို့ နောက်ဆုတ်သွားပြီး၊ ယခုလေးတင် သူရှိနေသော နေရာ၌ ရုတ်တရက် ထွက်ပေါ်လာသော ဖန်းယုကို ကြည့်လိုက်လေသည်။ သူ၏မျက်နှာပေါ် တွင် အံ့သြသည့် အရိပ်အယောင်များ ပေါ်လာပါသည်။
အစောပိုင်းက ဖန်းယုပြသခဲ့သော အရှိန်ဟုန်သည် အရမ်းကို မြန်ဆန်လွန်းပြီး၊ သူသည် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါဘူး။ သူသည် နောက်ဆက်တွဲ ပုံရိပ်များကိုသာ ယောင်ဝါးဝါး မြင်လိုက်ရသည်။
ဖန်းယုသည် သူ၏လက်ထဲတွင် အဖြူရောင် ဓါးတိုလေးကို ကိုင်ထားပြီး သူ၏ ပါးစပ်ထောင့်တွင် ပြင်းထန်သော သရောင်လှောင်ပြောင်မှုဖြင့် အဝေးမှ လွင့်မျောနေ သော ချင်ယွင်ကို ကြည့်လိုက်လေသည်။
ဖန်းယု အကျွမ်းကျင်ဆုံး အရာက အမြန်နှုန်းဖြစ်သည်။ သူသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်တွင် အလျင်မြန်ဆုံးဟု ဆိုနိုင်ပြီး “အဖြူရောင်အရိပ်တစ္ဆေ” ဟု ခေါ်သည့် နာမည်ပြောင်ကိုပင် ရရှိထားသည်။
အမြန်နှုန်းက သူ၏ အစစ်အမှန် ဝှက်ဖဲဖြစ်သည်။
"အခုတော့ ငါ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းသိသွားပြီပေါ့။ ဒါပေမယ့် မင်းကို ပြောပါရစေ။ ဒါက ငါ့အရှိန်ဟုန်ရဲ့ သုံးဆယ်ရာခိုင်နှုန်း အောက်ပဲ ရှိသေးတာ။ မင်း စိတ်ပျက်အားငယ်သွားပြီလား?" ဖန်းယုသည် သူ၏လက်ထဲရှိ ဓားတိုလေးကို ဆော့ကစားရင်း ချင်ယွင်ကိုကြည့်သည့် သူ၏ အကြည့်တွေက လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။