အခန်း ၇၂၇
Vol. 49 Ch. 727
အခန်း (၇၂၇) လေအရိပ်တစ်ထောင်အက ။
ချင်ယွင်သည် အဝေးမှပင် ဖန်းယုကို အေးစက်စွာ ကြည့်နေခဲ့သည်။ သူ၏ လည်ပင်းတွင်ရှိနေသော ဒဏ်ရာများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန် အဟုန်ဖြင့် ပျောက်ကင်းသွားသည်။
ဖန်းယု ယခုလေးတင် ပြသခဲ့သော အမြန်နှုန်းသည် တကယ်ကို မြန်ဆန်လွန်းသည်။ ဖန်းယု မည်ကဲ့သို့ တိုက်ခိုက်လိုက်သည်ကို သူသည် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။ သူ ဖန်းယု၏ ရုပ်အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ၊ ဖန်းယု သည် သူ၏ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဖန်းယု၏ အရှိန်ဟုန်သည် အမှန်တကယ် ကြောက်စရာကောင်းသည်ကို တွေးကြည့်နိုင် ပါသည်။
"မင်းရဲ့အမြန်နှုန်းက တကယ်ကို မြန်ဆန်လွန်းပါတယ်။ ဒါပေမယ့် ငါ့ကို သတ်ဖို့ ဒီလောက် လွယ်ကူမှာ မဟုတ်ဘူး။" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။
"တကယ်လား?” ဖန်းယု၏ မျက်လုံးများတွင် အေးစက်မူ အရိပ်အယောင် ပေါ်လာ သည်။ ချင်ယွင်၏ စကားကြောင့် သူ ဒေါသထွက်သွားသည်မှာ ထင်ရှားသည်။
ဝှီး….။
ဖန်းယု၏ ရုပ်အသွင်ပြင်သည် အဝေးတနေရာတွင် ရုတ်တရက် ပျောက်ကွယ်သွား ပြီးနောက် အေးစက်သော အလင်းရောင်တစ်ခုက ချင်ယွင်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ကျရောက်လာသည်။
ချင်ယွင်၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် ဘေးနားသို့ အလျင်အမြန် ရှောင်ထွက်သွားသည်။
သို့သော်လည်း၊ ဓားအလင်းသည် အဖြူရောင်လျှပ်စီး လက်သကဲ့သို့ လျင်မြန်ပြီး ထက်မြက်သည်။
ချင်ယွင်၏ ရင်ဘတ်သည် ဓားအလင်းကြောင့် တိုက်ရိုက် စုတ်ပြဲသွားပြီး၊ ဒဏ်ရာနက်နက်တစ်ခု ကျန်ရစ်ခဲ့သည်။ ချက်ချင်းပင်၊ သူ၏အရေပြားနှင့် အသားတို့ သည် အက်ကွဲသွားကာ အသားစနှင့် သွေးများ လွှင့်စင်သွားသည်။
"ဟမ့်၊ အခု မင်းကို မသတ်နိုင်သေးဘူးလို့ မင်း ထင်နေတုန်းလား?” ဖန်းယု၏ ပါးစပ်ထောင့်စွန်းက ထပ်ခါတလဲလဲ လှောင်ပြောင်သရော်ဟန် ဖြစ်ပေါ်နေခဲ့ပြီး၊ ချင်ယွင်ကိုကြည့်သည့် သူ၏ အကြည့်များက ပြင်းထန်သော အထင်သေးမှုများနှင့် ပြည့်နှက်နေသည်။
ချင်ယွင်၏ အကြည့်သည် လေးနက်လာသည်။ ဤဖန်းယု၏ အမြန်နှုန်းသည် သူထင်ထားတာထက် အများကြီး ပိုမြန်နေပါသည်။
"ရှေးဟောင်း ဖရိုဖရဲ အစစ်အမှန် အင်မော်တယ် အနှစ်သာရနဲ့ လျှို့ဝှက် ဆန်းကြယ်သော အဝါရောင်စွမ်းအားကတောင် ဖန်းယုရဲ့ အရှိန်ဟန်ကို မခုခံနိုင်လို့ ထင်ရတယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေမိသည်။
မူလက သူသည် ဓားပညာရပ်ကို အသုံးပြုရန် ရည်ရွယ်ချက် မရှိခဲ့သော်လည်း ယခုအခါမူ၊ သူသည် ရွေးချယ်စရာမရှိဟု ထင်ရသည်။
"ဟမ့်၊ ဒီငြီးငွေ့စရာကောင်းတဲ့ တိုက်ပွဲကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ၊ သေလိုက်တော့”။
ဖန်းယု၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ချက်ချင်း ပေါက်ထွက်သွားပြီး ထက်ရှသော အငွေ့အသက်များက ဓားကို ဖုံးလွှမ်းသွားသည်။
ဘန်း….။
ပြင်းထန်သော တုန်ခါသံ တစ်ချက်က ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ဖန်းယု၏ ရုပ်အသွင်ပြင်သည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
သူသည် ချင်ယွင်၏ ဘေးမှာ အမှန်တကယ် ပေါ်လာသော်လည်း၊ ရုပ်အသွင်က တစ်ခုတည်းမဟုတ်ဘဲ သုံးခုဖြစ်နေသည်။
သူတို့အားလုံးသည် ဖီးနစ်အမွှေးသုံးချောင်းဖြင့် ပြုလုပ်ထားသော ချွန်ထက်သော ဓားတိုများကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် မတူညီသော လမ်းကြောင်းသုံးခုမှ ချင်ယွင်ဆီသို့ လျင်မြန်စွာ ဖြတ်သန်းလာကြသည်။ ဓားအလင်းသည် အလွန်စူးရှသည်။ အကယ်၍၊ ၎င်းဓားအလင်းများ ထိမှန်သွားပါက ချင်ယွင်သည် တိုက်ရိုက်ပင် နှစ်ပိုင်းဖြစ်သည်အထိ ဖြတ်ပိုင်းခြင်း ခံရပေလိမ့်မည်။
ထိုမြင်ကွင်းကို လူအုပ်ကြီး မြင်လိုက်ရတော့ အားလုံး အံ့အားသင့်သွားကြသည်။ ဤ ဖန်းယု၏ အရှိန်သည် အမှန်တကယ်ပင် ဤအဆင့်သို့ ရောက်ရှိနေခဲ့ပြီး အဆင့် ၁ မှ ၃ အထိ ရောက်ရှိသွားခဲ့သည်။
ချင်ယွင်က သူ့ကို တစ်ချိန်တည်း တိုက်ခိုက်လာနေသော ဖန်းယု သုံးယောက်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွှံ့မှု မည်သည့် အရိပ်အယောင်မျှ မရှိချေ။ ပြင်းထန်သော ဓားတစ်ချောင်းသည် သူ၏မျက်လုံးများမှ ပေါက်ထွက်လာခဲ့ပြီး မြူနှင်းချောက်နက်ဓားက သူ၏လက်ထဲတွင် ပေါ်လာသည်။
"ဓားတာအိုနယ်မြေ ဖွင့်”။
ချင်ယွင်က တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး သူ့ကိုအလယ်ဗဟိုပြု၍ မမြင်နိုင်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ရုတ်တရက် ပျံ့နှံ့ထွက်ပေါ်သွားသည်။
မမြင်နိုင်သော စွမ်းအင်အတက်အကျလှိုင်းများ၏ သက်ရောက်မူကြောင့် အရာအားလုံး သည်, ဖုန်မှုန့် သို့မဟုတ် ရေတစ်စက်သည်ပင် ချင်ယွင်၏ စိတ်ထဲတွင် ထင်ရှားစွာ ပေါ်လာသည်။
ဖန်းယု၏ ပုံအသွင်ပြင်သည်လည်း ခြွင်းချက် မရှိချေ။ ဤအခိုက်အတန့်တွင် ဖန်းယုသည် ဓားတိုကို ကိုင်ထားပြီး ချင်ယွင်ဘက်သို့ ခုတ်ပိုင်းလိုက်သည်။ သူ၏အရှိန်ဟုန်သည် အရမ်းကပို မြန်ဆန်သော်လည်း ယရင်ကထက်စာလျှင်၊ အများကြီး နှေးကွေးသွားပါသည်။
ချွင်…။
ချင်ယွင်၏ လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ချက်ချင်း လှုပ်ရှားသွားပြီး၊ ဖန်းယု၏ ဓားတိုကို တိုက်ရိုက် ဟန့်တားလိုက်ကာ၊ သန့်စင်သော သံမဏိအချင်းချင်း အပြင်းအထန် တိုက်မိသည့်အသံ ထွက်ပေါ်လာသည်။
ဖန်းယု၏ အမူအရာသည် ပြောင်းသွားသည်။ ထင်ရှားသည်မှာ၊ သူ၏တိုက်ခိုက်မှုကို တစ်ဖက်လူက တားဆီးနိုင်မည်ဟု သူ မမျှော်လင့်ထားပေ။ သူသည် ၎င်းဓားချက်ကိုပင် ပိတ်ဆို့တားဆီးလိုက်ရသည်။
"အကြွင်းမဲ့လေဓား သတ်ဖြတ်ခြင်း…” ချင်ယွင်သည် တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး၊ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားက ချက်ချင်း ခုတ်ပိုင်းလိုက်သည်။
ပြင်းထန်သော ဓားဆန္ဒနှင့်အတူ လေဓားတစ်လက်သည် မြူနှင်းချောက်နက်ဓားမှ ရုတ်တရက် ပျံထွက်သွားပြီး ဖန်းယုဆီသို့ ပျံသန်းသွားခဲ့သည်။
ဓားနယ်မြေ၏ ပံ့ပိုးမှုဖြင့် ဤလေဓား၏ အမြန်နှုန်းသည် အလွန်ထူးဆန်းပြီး ဖန်းယု၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွဦးသည်။
သူ၏လက်ထဲရှိ ဓားတိုကို အလျင်အမြန် အသုံးပြုလိုက်ရင်း၊ ဖန်ယု၏ အမူအရာသည် ပြောင်းလဲသွားသည်။
ချွင်….။
ဓားတိုသည် ချွန်ထက်သော လေဓားကို ထိမှန်သွားကာ၊ ယင်းကြောင့် ဓားဆန္ဒသည် ချက်ချင်းဆိုသလို နေရာတိုင်းကို တခဏချင်း အက်ကွဲသွားစေခဲ့သည်။
ဖန်းယု၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခြေလှမ်းအနည်းငယ် နောက်ပြန် တွန်းထုတ် ခံလိုက်ရပြီး၊ သူ၏မျက်နှာသည် အံ့အားသင့်သည့် အမူအရာ ထွက်ပေါ်လာသည်။
သို့သော် ဖန်းယုသည် သက်ပြင်းတစ်ချက် မချနိုင်မီတွင် သူ၏နောက်မှ ကြောက်မက်ဖွယ် အေးစက်မှုတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအေးစက်မှု က သေမင်း၏ ရနံ့ကိုပင် အနံ့ရစေခဲ့သည်။
ဝှီး….။
ဖန်းယုသည် အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ သူ၏ လေအရိပ်တစ်ထောင်အကကို တိုက်ရိုက် အသုံးပြုလိုက်ပြီး သူ၏ရုပ်အသွင်ပြင်သည် ထောင်ပေါင်းများစွာသော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားကာ အဝေးသို့ ရှောင်ထွက်သွားခဲ့သည်။
သူသည် ဘေးသို့ ရှောင်တိမ်းလိုက်စဉ်မှာပင် ပုံရိပ်တစ်ခုသည် လေပြင်းတိုက်ခတ် သကဲ့သို့ တိတ်တဆိတ် လွတ်ထွက်သွားခဲ့ပြီး သူ၏လက်ထဲမှ ဓားအလင်းက မြေပြင်ပေါ် နက်ရှိုင်းသည့်လျှိုမြောင်တစ်ခုကို ဆုတ်ခွဲပစ်လိုက်လေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ဖန်းယု၏ နှလုံးသားသည် ပြင်းထန်သော ကြောက်ရွံ့မှု အရိပ်အမြွက်က ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။ အကယ်၍၊ သူသည် အစောပိုင်းက စက္ကန့်ပိုင်းလောက် အမှန်တကယ် နှောင့်နှေးသွားခဲ့မည်ဆိုလျှင်၊ ရွှဲ့ရှာ၏ ဓားသည် ခဏအတွင်းမှာပင် သူ့ကို အလယ်ကနေ ခုတ်ပိုင်းသွားလိမ့်မည်။
ချင်ယွင်လည်း အံ့သြသွားသည်။ ဖန်းယုသည် သူ၏ဓားနယ်မြေတွင် နက်ရှိုင်းစွာ ပိတ်မိနေသော်လည်း သူ၏သွေးအရိပ်လုပ်ကြံသတ်ဖြတ်ခြင်း ပညာရပ်ကို ရှောင်တိမ်း နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအမြန်နှုန်းသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူများနှင့်ပင် နှိုင်းယှဉ်နိုင်ဖွယ် ရှိသည်။
ဖန်းယုသည် အဝေးမှာ ရပ်နေကာ ချင်ယွင်ကို ကြည့်သည့် သူ၏မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
ဤအခိုက်အတန့်တွင် သူ၏အမြန်နှုန်းသည် အလွန်ကြီးမားသည့် အကန့်အသတ်မူ တစ်ခုအတွင်းသို့ ရှောက်ရှိနေသည်ကို သူ သဘောပေါက်ခဲ့သည်။ ပြိုင်ဘက်၏ ဓားနယ်မြေသည် သူ၏ လေအရိပ်တစ်ထောင်အကအတွက် ကံကြမ္မာဆိုးဟုပင် ဆိုနိုင်သည်။ ထို့အပြင် ပြိုင်ဘက်၏ ဓားသိုင်းပညာရပ်သည် ထူးဆန်းလွန်းသည်။ ဤ ရွှဲ့ရှာကို သတ်ရန် အလွန်ခက်ခဲပုံရသည်။
"မင်းက ဓားတွေအသုံးပြုရာမှာ ကျွမ်းကျင်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဓားတာအိုရဲ့ ဓားနယ်မြေကိုတောင် အသုံးပြုနိုင်နေတယ်။" ဖန်းယုသည် ချင်ယွင်ကို ကြည့်ကာ အေးစက်စက်ပြောလိုက်ပြီး သူ၏လေသံက အနှိုင်းမဲ့ အေးစက်နေသည်။
"မင်းကိုလည်း ဒီလောက်ကြီး မျှော်လင့်မထားဘူး။" ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဓားဆန္ဒက ဆက်လက် မြင့်တက်လာရင်း အေးစက်စွာ ပြောလိုက်သည်။
"ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ။ ဓားတာအိုရဲ့ ဓားနယ်မြေက ငါ့ရဲ့အမြန်နှုန်းကို ကန့်သတ်နိုင်မယ်လို့ မထင်လိုက်နဲ့။ မင်းက ဓားတာအိုရဲ့ ဓားနယ်မြေကို သုံးရင်တောင် ငါ့ရဲ့ အမြန်နှုန်းကို ကန့်သတ်လို့ မရဘူး" ဖန်းယုသည် သူ၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ် ပြင်းပြစွာဖြင့် အေးစက်စွာ ပြောလိုက်လေသည်။
ဘန်း…။
ဖန်းယု၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ဖန်းယု၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နှစ်ပိုင်း ကွဲသွားပြီး၊ ထို့နောက်၊ လေးပိုင်း၊ ရှစ်ပိုင်းခွဲထားသည်ကို လူတိုင်း တွေ့မြင်းလိုက်ရ သည်။ နောက်အဆုံးတွင် ဖန်းယု ၁၆ ယောက် ဖြစ်ပေါ်လာသည်။
"ဒါ... ဒါက ဖန်းယုရဲ့ အဆုံးစွန်သော လှုပ်ရှားမှု၊ လေအရိပ်တစ္ဆေ မဟုတ်လား?" စင်မြင့်ပေါ်မှ ပရိသတ်များသည် ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ် လိုက်ကြသည်။ စင်ပေါ်ကနေ ဖန်ယုကို ကြည့်နေကြရင်း၊ သူတို့၏မျက်နှာတွေက အံ့အားသင့်သည့် အမူအရာ ဖြစ်ပေါ်လာသည်။
ချင်ယွင်သည် ဖန်းယု ၁၆ ယောက်ကို မြင်သောအခါ၊ သူ၏မျက်နှာသည် လေးနက်သော အမူအရာ ပေါ်လာသည်။
ဤပုံရိပ် ၁၆ ယောက်စလုံးသည် ရိုးရှင်းသော ပုံရိပ်ယောင်များ မဟုတ်ကြဘဲ၊ တကယ့် အစစ်အမှန်များ ဖြစ်ကြပါသည်။ ဖန်းယု တစ်ယောက်ချင်းစီတွင် သူ့အစစ်အမှန် ခန္ဓာကိုယ်၏ စွမ်းအားထက်ဝက်ခန့်ကိုလည်း ပိုင်ဆိုင်ထားကြပါသည်။
"ဟမ့်၊ မင်းမှာ ဓားတာအိုရဲ့ဓားနယ်မြေေ ရှိနေတယ် မဟုတ်ဘူးလား?။ မင်းရဲ့ဓားကပဲ မြန်မလား?။ ဒါမှမဟုတ် ငါ့ကိုယ်ပွား ဆယ့်ခြောက်ယောက်ရဲ့ အမြန်နှုန်းကပဲ မြန်မလား? ငါ ကြည့်ချင်မိတယ်" ဖန်းယု ၁၆ ယောက်လုံးသည် တစ်ချိန်တည်းတွင် စကားပြောဆိုလိုက်ပြီး၊ သူတို့၏ လေသံနှင့် အပြုအမူများသည် ယခင်အတိုင်းပင် ဖြစ်နေသည်။
"သေလိုက်တော့..”။
ဖန်းယုသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် အသံ ၁၆ အသံက တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ အဖြူရောင် အလင်းတန်းသည် ပြိုင်ပွဲကွင်းပြင်ကို ဖြတ်၍ လမ်းကြောင်း ၁၆ ခုမှ ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။ လူတိုင်း၏ လက်ထဲမှာ ဓားတစ်ချောင်းစီ ရှိနေသည်။
"မင်း ၁၆ ယောက် ပြောင်းထားရင်တောင် ငါ့ကို သတ်နိုင်မယ်လို့ တကယ်ထင်နေတာ လား? ဒီလိုဆိုတော့ ငါ့ရဲ့ အစစ်အမှန် အမြန်နှုန်းကို မင်းကို ငါ ပြပေးမယ်" ချင်ယွင်က ရယ်မောလိုက်သည်။
သူသည် သူ့ဆီသို့ ပျံသန်းလာသော ဖန်းယု ၁၆ ယောက်ကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာသည်။
ဘန်း…။
ချင်ယွင်၏ နောက်တွင် ကြီးမားသော အနီရောင်တောင်ပံကြီးတစ်ခု ပေါ်လာသည်။ ၎င်းတောင်ပံပေါ်တွင် အနီရောင်တောက်တောက် အကြေးခွံများနှင့် အနီရောင် တောက်တောက် ချော်ရည်များ စီးဆင်းနေပါသည်။
ထိုမျှသာမကဘဲ၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ အနက်ရောင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး ချင်ယွင်၏ တစ်ကိုယ်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ အထူးသဖြင့် သူ၏ကြီးမားလှသော အတောင်ပံကြီးများကို ဖုံးလွှမ်းထားသောအခါတွင် အနက်ရောင်လျှပ်စီးကြောင်းသည် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် တဝဲလည်လည် ရစ်ပတ်နေသည်။
အနက်ရောင် လျှပ်စီးကြောင်းနှင့် အနီရောင် အကြေးခွံများသည် ကြည်လင် ပြတ်သားသော ထူးခြားချက်တစ်ခု ဖြစ်ပေါ်စေပြီး၊ ၎င်းသည် အလွန်အေးစက်ပြီး ပြိုးပြိုးပြက်ပြက် လင်းလက်နေသည်။
"အခု မင်းရဲ့ ရုပ်အသွင်ပြင် ၁၆ ခုကို တစ်ခုပြီး တစ်ခု ငါ ရိုက်ချိုးပစ်မယ်။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏နောက်မှ နဂါးအတောင်ပံများသည် ရုတ်တရက် လင်းလက်သွားသည်။ အနက်ရောင် လျှပ်စီးကြောင်းများသည် တဖျပ်ဖျပ် ခတ်လာခဲ့ပြီး ချင်ယွင်၏ ရုပ်အသွင်ပြင်သည် ချက်ချင်းပင် နေရာမှ ပျောက်ကွယ်သွားသည်။