အခန်း ၇၂၈
Vol. 49 Ch. 728
အခန်း (၇၂၈) ဖန်းယုကို သတ်ဖြတ်ခြင်း။
"အတောင်ပံတွေလား?။ ရွှဲ့ရှာမှာ အတောင်တွေ ဘယ်လိုလုပ် ရှိနေတာလဲ?" ချင်ယွင် သည် သူ၏ ကြီးမားလှသော အတောင်ပံများကို ဆင့်ခေါ်လိုက်သည်ကို ပရိသတ်များက မြင်သောအခါ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
"သူ့မှာ ဘယ်လိုလုပ် တောင်ပံတွေ ပေါက်နေလဲမသိဘူးနော်၊ ဒါပေမယ့် အရမ်း မိုက်တယ်။" ပရိသတ်ထဲမှ တစ်ယောက်က ချင်ယွင်ကို နှိုင်းစာ၍မရအောင် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ကြည့်ရင်း စကားပြောလိုက်သည်။
ထိုလူတစ်ယောက်တင် မဟုတ်ဘဲ၊ လူတော်တော် များများကလည်း သူတို့၏ မျက်လုံးများတွင် လေးစားသည့် အမူအရာဖြင့် ကြည့်နေကြသည်။
မူလက ဖန်းယုကို လေးစားနေကြသော အမျိုးသမီးအချို့ဆို ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ရိုင်းစိုင်းသော အငွေ့အသက်က ဖန်းယုထက်ပင် စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်းကို တွေ့ရှိသွားကြသည်။
“ဘုန်း…”
ထိုအချိန်တွင် ကျယ်လောင်သော ဆူဆူညံညံ ပေါက်ကွဲသံ လူတိုင်း၏အာရုံကို ရုတ်တရက် စွဲဆောင်သွားသည်။
ချင်ယွင်၏ရုပ်အသွင်သည် ဖန်းယု၏ရှေ့မှာ ချက်ချင်း ပေါ်လာသည်။ ဖန်းယု မတုံ့ပြန်နိုင်ခင်မှာ၊ သူသည် အပိုင်းပိုင်း ပေါက်ကွဲသွားသည်အထိ ချင်ယွင်၏ ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရသည်။
ဤဖန်းယုသည် တိုက်ရိုက် ပေါက်ကွဲသွားပြီး လေထုနှင့်အတူ အစိမ်းရောင် အခိုးငွေ့လုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။
အလားတူ မြင်ကွင်းမျိုးသည် ထပ်ခါထပ်ခါ ဖြစ်နေခဲ့သည်။ ချင်ယွင်၏ ရုပ်အသွင်ပြင် သည် အလွန်လျင်မြန်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဖန်းယု ၁၆ ကြားတွင် လျင်မြန်စွာ ရွေ့လျားသွားသည်။ အသက်ရူချိန် တရှိုက်အတွင်းမှာပင်၊ ဖန်းယု ဆယ့်ငါးယောက်စလုံးကို ချင်ယွင်သည် လုံးဝ သတ်ပစ်လိုက်သည်။
"ဘာ?..။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ဖန်းယု၏ အစစ်အမှန် ခန္ဓာကိုယ်သည် အမှန်တကယ်ပင် အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်သော အမူအရာတစ်ခု ပေါ်လာသည်။
သူသိပ်သည်းထားသော ပုံရိပ်ကိုယ်ပွားများကို ရွှဲ့ရှာက သူ၏အဝတ်ထောင့်စွန်းကိုပင် တစ်ချက်တောင် အထိမခံရဘဲ၊ အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"မဖြစ်နိုင်တာ ဘာမှမရှိဘူး။" ချင်ယွင်၏ ရုပ်အသွင်သည် ဖန်ယု၏ နောက်တွင် ရုတ်တရက် ပေါ်လာသည်။ သူ၏ အေးစက်သော စကားသံကြောင့် ဖန်ယု၏ ခန္ဓာကိုယ် တစ်ခုလုံးကို ကြောက်ရွံ့ တုန်လှုပ်သွားစေသည်။
ဖန်ယုသည် ခေါင်းကို အလျင်အမြန် လှည့်လိုက်သည်။ သို့သော် သူလှည့်လိုက်သည်နှင့်၊ သတ်ပစ်ချင်စိတ်များ ပြည့်နှက်နေသော ရေခဲပမာ အေးစက်သော မျက်နှာကို မြင်လိုက်ရသည်။ ယင်းက သူ့ကို သူ၏နှလုံးသည် စူးရှသော ဓားထက်ထက်ဖြင့် ထိုးစိုက်ခံရသလို ခံစားရစေသည်။ အဘယ့်ကြောင့်ဆိုသော်၊ သူပင် သတိမထားမိဘဲ၊ ရွှဲ့ရှာသည် သူ၏နောက်ကွယ်တွင် ရုတ်တရက် ပေါ်လာသောကြောင့် ဖြစ်ပါသည်။
သူ၏ ကိုယ်ပိုင်အမြန်နှုန်းအပေါ်၊ အမြဲတမ်း ဂုဏ်ယူနေသူတစ်ယောက် ဖြစ်သည့်အတွက်၊ ယင်းက သူ့ကို တခြားအရာတွေထက် ပိုမိုပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်စေပါသည်။
"မင်းရဲ့ အရှိန်ဟုန်က ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ?" ဖန်ယုသည် အံ့သြစွာ ပြောလိုက်သည်။ ချင်ယွင်၏ အရှိန်ဟုန်းကြောင့် သူ တုန်လှုပ်သွားသည်မှာ ထင်ရှားပါ သည်။
"မဖြစ်နိုင်တာ ဘာမှ မရှိဘူး..။" ချင်ယွင်၏ မျက်လုံးများသည် အေးစက်မှု အရိပ်အယောင် များဖြင့် ဝင်းလက်တောက်ပနေပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင် အတက်အကျလှိုင်းတစ်ခုက သူ၏လက်သီးပေါ်တွင် ချက်ချင်း ထွက်ပေါ်လာသည်။
လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအား၊ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရနှင့် အနက်ရောင် လျှပ်စီးတို့သည် ချင်ယွင်၏ လက်သီးများကို လွှမ်းခြုံထားပြီး ဖန်ယုကို တိုက်ရိုက် ပစ်သွင်းလိုက်လေသည်။
ဖန်ယု၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး၊ သူသည် အမြန် ရှောင်တိမ်းချင်ခဲ့သည်။ သို့သော် ချင်ယွင်၏ လက်သီးချက်သည် မြန်ဆန်လွန်းသည်။ သူ မရှောင်တိမ်းနိုင်ခင်မှာ ချင်ယွင်၏ လက်သီးက ဖန်ယု၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိုးဖောက်ဝင်ရောက်သွားပြီ။
"ဖူး..”။
ဖန်ယုသည် ချက်ချင်းပင် ပါးစပ်မှ သွေးများ အန်ထွက်လိုက်ရပြီး သူ၏ မျက်နှာတစ်ခုလုံး အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင် သူ၏ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုက သူ့ကို မူးမေ့လဲလုနီးပါး ဖြစ်သွားစေသည်။ ချင်ယွင်၏ လက်သီးသည် သူ၏ခန္ဓာကိုယ်ရှိ အင်္ဂါ အစိတ်အပိုင်းအားလုံးကို ကွဲကြေသွားစေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် လုံးဝကို ပျော့ဖတ်နေသည် ။
"အဆုံးသတ်ဖို့ အချိန်တန်ပြီ။" ချင်ယွင်၏ အသံသည် အလွန်မင်း အေးစက်နေပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျများက သူ၏လက်သီးမှ တစ်ဖန် ထွက်ပေါ်လာသည်။
"မဟုတ်ဘူး" ဖန်ယုသည် ကျယ်လောင်စွာ အော်လိုက်သည်။ သေခြင်းတရားသည် နီးကပ်လာပြီဟု သူသည် အမှန်တကယ် ယခုမှပင် ခံစားရလေသည်။
သို့သော် ချင်ယွင်သည် ဖန်ယုကို တုံ့ပြန်ရန် အခွင့်အလမ်း အနည်းငယ်မျှ မပေးဘဲ ဖန်ယု၏ ခေါင်းကို တိုက်ရိုက်ထိုးလိုက်သည်။
"ဘန်း..”
ဖန်ယု၏ ခေါင်းသည် ပေါက်ကွဲသွားပြီး နေရာအနှံ့ သွေးများ လွင့်စင်ကျလာသည်။ ဖန်ယု၏ ခန္ဓာကိုယ်သည်လည်း လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင် ပြိုလဲကျသွားသည်။
ပြိုင်ပွဲကွင်းပြင် တစ်ခုလုံးသည် သေမင်းတမန် တိတ်ဆိတ်နေကြသည်။ အားလုံးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဦးခေါင်းမဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး၊ သူတို့၏ မျက်နှာများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။
"သူ... သူ တကယ်ပဲ ဖန်ယုကို သတ်လိုက်တာ"
ခဏအကြာတွင် တစ်စုံတစ်ယောက်သည် နောက်ဆုံးမှ ထွက်လာသည်။
သူတို့၏ အမြင်တွင် ဤတိုက်ပွဲ၏ နောက်ဆုံးအနိုင်ရသူမှာ ဖန်ယုဖြစ်သင့်သော်လည်း အဆုံးသတ်တွင် ရလာဒ်မှာ သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
" ရွှဲ့ရှာ…။ ရွှဲ့ရှာ…”
မည်သူက ဦးဆောင်အော်ဟစ်လိုက်မှန်း မည်သူမှ မသိလိုက်သော်လည်း၊ ပြိုင်ပွဲ ကွင်းပြင် တစ်ခုလုံးတွင် ပျော်ရွှင်ဖွယ်ရာ အော်ဟစ်အားပေးသံတွေ ပြန်လည် ထွက်ပေါ်လာပြန်သည်။ အားလုံးက ရွှဲ့ရှာ၏ နာမည်ကို အော်ဟစ်နေကြသည်။
"ရွှဲ့ရှာ ငါ မင်းကို ချစ်တယ်” အတင့်ရဲပြီး အထိန်းအကွပ် မရှိသော အမျိုးသမီးအချို့သည် သူမတို့၏ အဆုတ်ကွဲမတတ် ကျယ်လောင်စွာ အော်ဟစ်ကြသည်။
ဤတိုက်ပွဲ အပြီးတွင်၊ ချင်ယွင်၏ ဂုဏ်သတင်းသည် ဖီးနစ်နေမြို့တစ်ခုလုံးတွင် ဖန်ယုပြီးလျှင် ဒုတိယမြောက် ပိုမိုထင်ရှားလာမည် ဖြစ်သည်။
ပြိုင်ပွဲကွင်းထဲမှာ၊ ထင်ပေါ်ကျော်ကြားမူ ဂုဏ်အသရေက အောင်နိုင်သူတွေသာ အမြဲတမ်း ပိုင်ဆိုင်သည့်အရာ ဖြစ်ပါသည်။
ဖန်ယုသည် ယခင်က အလွန်နာမည်ကျော်ကြားခဲ့သော်လည်း ချင်ယွင်သည် ဖန်ယုကို သတ်နိုင်ခဲ့သည်။ ထို့နောက်တွင် သူသည် အစစ်အမှန် ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်လာခဲ့သည်။ ဤသည်မှာ မည်သည့်အခါမှ မပြောင်းလဲသည့် နိယာမပင် ဖြစ်ပါသည်။
ချင်ယွင်သည် ထိုနေရာတွင် ရပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ပရိသတ်များ၏ အော်ဟစ်အားပေးသံများကို လျစ်လျူရှုလိုက်သည်။ သူသည် သူ၏နောက်ကျောမှ နဂါးအတောင်ပံတွေကို ရုတ်သိမ်းလိုက်ပြီး သူ၏နားခိုရာနေရာဆီသို့ လျှောက်သွား ခဲ့သည်။
မူလက ဤတိုက်ပွဲသည် သိပ်မကြာခင် အဆုံးသတ်နိုင်မည်ဟု သူ ထင်ခဲ့သော်လည်း အဆုံးတွင်၊ သူသည် အနိုင်ရရန်အတွက် နဂါးအတောင်ပံနှင့် အနက်ရောင် လျှပ်စီး၏ အံ့သြဖွယ်နယ်ပယ်ကို အသုံးပြုရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယင်းကြောင့် ချင်ယွင်သည် သူ၏ ခွန်အား မလုံလောက်သေးကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ပွဲကြည့်စင်တွင် သွယ်လျသော ရုပ်အသွင်ပြင်နှစ်ခုသည် အဝေးထောင့်တစ်နေရာ၌ ရပ်နေသည်။ ပတ်ဝန်းကျင်မှ လူတိုင်းသည် သူတို့ကို လေးစားပြီး ရှောင်သွားကြသည်။
အကယ်၍၊ ဖန်ယုသာ ဤနေရာတွင် ရှိနေခဲ့ပါက ၎င်းတို့နှစ်ဦးသည် ပြိုင်ပွဲကွင်းရှိ အခြားသော ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမား နှစ်ဦးဖြစ်သည့် ကျန်းဖန် နှင့် သတ်ဖြတ်ခြင်းနတ်ဘုရားတို့ ဖြစ်သည်ကို သူ သေချာပေါက် သိနိုင်မည် ဖြစ်သည်။
ဧည့်ခန်းဆီသို့ လျှောက်လှမ်းသွားနေသော ချင်ယွင်ကို ကြည့်ရင်း သတ်ဖြတ်ခြင်း နတ်ဘုရားသည် သူ၏နောက်ကျောတွင် လက်နှစ်ဖက်ပစ်ကာ ရပ်နေပါသည်။ သူ၏ပါးစပ်ထောင့်စွန်းက အပြုံးမပျက် ဖြစ်ပေါ်နေသည်။ သူက သူ၏နောက်မှ ကျန်းဖန်ကို မေးလိုက်သည် "ကျန်းဖန်၊ ဒီလူရဲ့အင်အားက မဆိုးပါဘူး။ ဖန်ယု သူ့လက်ချက်နဲ့ သေရတာက မတရားတာတော့ မဟုတ်ဘူး။ တကယ်လို့၊ မင်း သူ့ကို ရင်ဆိုင်ရမယ်ဆို၊ မင်း ယုံကြည်မူရှိရဲ့လား?"
"ဆယ်ကွက်”… ကျန်းဖန်က အေးစက်သော အမူအရာဖြင့် သူ၏လေသံက တင်းမာပြီး ပြတ်သားစွာ ပြောလိုက်လေသည်။
"အိုး?" သတ်ဖြတ်ခြင်းနတ်ဘုရားသည် အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း သူက ပြုံးပြီး ဆက်ပြောသည် " ငါတော့ မထင်ဘူး။ ငါတို့ အခုမြင်နေရတာက သူ့ရဲ့စွမ်းအားအကုန်လို့ မင်း ထင်နေတာလား?"
သတ်ခြင်းနတ်ဘုရားသခင်၏ ပါးစပ်မှထွက်လာသောစကားကို ကြားတော့ ကျန်းဖန် လည်း တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် သူသည် ခေါင်းကို မော့ကာ “အများဆုံး အကွက်နှစ်ဆယ်” ဟု ပြောလေသည်။
သူ၏လေသံက သတ်ဖြတ်ချင်စိတ်နှင့်အတူ မောက်မာမှု အပြည့်ရှိနေပါသည်။
ကျန်းဖန် ပြောသည်ကို ကြားလျှင်၊ သတ်ဖြတ်ခြင်းနတ်ဘုရားက ခေါင်းယမ်း လိုက်တယ်။ အဆုံးသတ်မှာတော့ သူ ရှုံးမယ်လို့ ငါ မထင်ပါဘူး” ဟု တိုးတိုးလေး ပြောလိုက်လေသည်။
သတ်ဖြတ်ခြင်းနတ်ဘုရား၏ စကားကိုကြားတော့ ကျန်းဖန်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ချင်ယွင်၏ နောက်ကျောကို ကြည့်လိုက်သည်။ သူ၏ အေးစက်သော မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒ အရိပ်မြွက် ပေါ်လာပါသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားသည် ချင်ယွင်၏ ကျောကို ကြည့်ရင်း၊ "မင်း ငါ့ကို စိတ်မပျက်စေဖို့ ငါ မျှော်လင့်ပါတယ်"
ချင်ယွင်သည် ဧည့်ခန်းထဲသို့ လှမ်းကြည့်လိုက်လျှင်၊ လူဝကြီးနှင့် ဟီအန်းတို့သည် သူ၏နားနေခန်းထဲတွင် အချိန်အတော်ကြာကတည်းက စောင့်နေသည်ကို တွေ့လိုက်ရ သည်။
ချင်ယွင် လမ်းလျှောက်ဝင်လာသည်ကို မြင်သောအခါ ဟီဟန်း နှင့် လူဝကြီးတို့သည် ပြုံးကြသည်။
"အစ်ကိုရွှဲ့က တကယ်ကို ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးပဲ။ ဖန်ယုကတောင် မင်းနဲ့ မယှဉ်နိုင်ခဲ့ဘူး။" သူက ပြုံးပြုံးလေး ပြောသည်။
"ပြောစမ်းပါဦး၊ မင်းတို့ ငါ့ကို ဘာလို့လာရှာရတာလဲ?၊ မင်း ငါ့ကို အင်မော်တယ် ကျောက်စိမ်းတွေ ထပ်ပို့ပေးဖို့ ဒီကို ရောက်လာတာလား?" ချင်ယွင်က ဟီအန်းကို ကြည့်ပြီး ရယ်မောလိုက်သည်။
ချင်ယွင်သည် အစောပိုင်းက ဟီအန်းသည် သူ့ကို သတ်ပစ်လိုသော ရည်ရွယ်ချက်ကို သိရှိပြီးနောက်၊ သူသည် သဘာဝအတိုင်း သူ့အပေါ် အမြင်ကောင်းမရှိတော့ပေ။
"အစ်ကိုရွှဲ့က နားလည်မှု လွဲနေတာပါ။ ဒီအင်မော်တယ် ကျောက်စိမ်းတွေကို လာပေးတာပါ။ ဒါပေမယ့် နောက်ထပ် အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့လည်း ရှိနေသေးတယ်။" သူက ပြုံးပြုံးလေး ပြောသည်။
"အင်မော်တယ် ကျောက်စိမ်းတွေကို အရင်ပေးပါ၊ ကျန်တာ နောက်မှပြောမယ်" ချင်ယွင်က မတုန်မလှုပ် ပြောလိုက်သည်။
ဟီအန်းနှင့် လူဝကြီးတို့သည် ထိုစကားကို ကြားပြီးနောက်၊ သူတို့မျက်နှာတွေက ချက်ချင်းပင် ပြောစရာစကား မဲ့သွားသည့် အရိပ်အယောင်တွေ ပေါ်လာပါသည်။ သူတို့ရင်ခွင်မှ ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀ ကို ထုတ်ယူ လိုက်သည်။
"အယ်..? များလှချည်လား?။ ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် စိတ်ရှုပ်ထွေးသော အမူအရာ ပေါ်လာသည်။
ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်စိမ်းတစ်သောင်းသည် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတစ်သန်းနှင့် ညီမျှပါသည်။
"မင်းရဲ့လောင်းကြေးငွေနဲ့ဆို၊ မင်းက အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၀,၀၀၀ လောင်းခဲ့တယ်။ ဖန်ယုရဲ့ထင်ပေါ်ကျော်ကြားမှုက အရမ်းကို မြင့်မားတဲ့အတွက် မင်းရဲ့လောင်းကြေးက အဆတစ်ရာ ကျော်သွားခဲ့တယ်။" သူက မပျော်ရွှင်သည့် အသံဖြင့် ပြောလိုက်သည်။
တကယ်တော့ သူကိုယ်တိုင်က အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၀,၀၀၀ ကို လောင်းထားခဲ့သော်လည်း၊ သူသည် ဖန်ယုနိုင်မည်ဟုထင်ပြီး ဖန်းယုဘက်က လောင်းခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀,၀၀၀ ရရှိသည်ကို မြင်သောအခါတွင် သူသည် သူ၏မျက်နှာကို ဖြတ်ရိုက်ခံရသကဲ့သို့ ချက်ချင်း ခံစားရလေသည်။