← Chapters

အခန်း ၇၂၉

Vol. 49 Ch. 729

အခန်း ၇၂၉

Vol. 49 Ch. 729

အခန်း (၇၂၉) ကျန်းဖန်၏ သတ်ဖြတ်လိုသောဆန္ဒ။

"ဘာလို့ ငါ့ကို မပြောပြသေးတာလဲ?၊ ဘာလို့ ငါ့ကို ရှာနေတာလဲဆိုတာကို?" ချင်ယွင်သည် ယဉ်ကျေးပျူငှာခြင်းမရှိဘဲ ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀ ကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။

သူသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို ဝယ်ယူရန် ဤထိပ်တန်းအဆင့် အင်မော်တယ် ကျောက်စိမ်းတုံး ၁၀၀၀၀ ကို အသုံးပြုနိုင်ပြီး၊ ကျန်သည့် ကျောက်စိမ်းတွေကို သူမအတွက် အိမ်တစ်လုံးဝယ်ယူရန် ရီယွန်ကို ပေးနိုင်သည်။

ရှင်ခြင်းသေခြင်းဆေးလုံးအတွက်မူ၊ ဤဆေးလုံးသည် အင်မော်တယ် ကျောက်စိမ်းနှင့် ဝယ်လို့ မရနိုင်ပါဘူး။ ထို့ကြောင့် ချင်ယွင်အတွက် အင်မော်တယ် ကျောက်စိမ်းများကို ထိန်းသိမ်းထားခြင်းက အသုံးမဝင်ပေ။ ရီယွန်ကို အားလုံး ပေးလိုက်ခြင်းက ပိုကောင်းပါ သည်။

"ငါတို့ အင်မော်တယ်ဖီးနစ်ခန်းမရဲ့ အရှင် ခန်းမသခင်က အစ်ကိုရွှဲ့ရှာရဲ့ တိုက်ပွဲ မှတ်တမ်း အကြောင်းကို ကြားပြီးတာနဲ့ အစ်ကိုရွှဲ့ရှာကို တွေ့ချင်နေပါသည်။" ဟီအန်းက ပြောသည်။

ချင်ယွင်သည် ဖန်းယုကို သတ်ဖြတ်တာကို မြင်ပြီးနောက် ဤရွှဲ့ရှာ၏ အရည်အချင်းက သူ၏စိတ်ကူးကို ကျော်လွန်သွားပြီဟု သူ သိလိုက်ရတယ်။ ထို့ကြောင့်၊ သူသည် သူ၏ အစီအရင်ခံစာများကို နားထောင်လိုသော အင်မော်တယ်ဖီးနစ်ခန်းမ၏ ခန်းမသခင်ဆီ သို့ ချက်ချင်း ပေးပို့လိုက်သည်။

သို့သော်၊ အင်မော်တယ်ဖီးနစ်ခန်းမ၏ ခန်းမသခင်အထံမှ တုံ့ပြန်မှုက၊ သူသည် ရွှဲ့ရှာကို တွေ့ရန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။

ချင်ယွင်သည် အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ သူ၏လုပ်ရပ်တွေက အင်မော်တယ်ဖီးနစ်ခန်းမ၊ ခန်းမသခင်၏ အာရုံကို ဆွဲဆောင်နိုင် မည်ဆိုသည်ကို သူ သိပါသည်။ သို့သော်၊ ယခုလောက် မြန်ဆန်နေမည်ဟု သူ မမျှော်လင့်ထားဘူး။ အင်မော်တယ်ဖီးနစ်ခန်းမ၏ ခန်းမသခင်သည် သူ ကျန်းဖန် သို့မဟုတ် သတ်ဖြတ်ခြင်းနတ်ဘုရားကို တိုက်ခိုက်ပြီးနောက်မှသာ သူ့ကို သတိပြုမိလိမ့်မည်ဟု မူလက သူ ထင်ထားခဲ့သည်။

သို့သော်၊ သူ ဖန်းယုကို သတ်ပြီးနောက်၊ အင်မော်တယ်ဖီးနစ်ခန်းမ၏ ခန်းမသခင်သည် သူ့ကို ဆင့်ခေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယင်းက ချင်ယွင် မျှော်လင့်ထား သည်ထက် အများကြီး ပိုမြန်နေပါသည်။

"အင်မော်တယ်ဖီးနစ်ခန်းမရဲ့ ခန်းမသခင်လား..? သူက ငါ့ကို ဘာလို့ ရှာနေတာလဲ?” ချင်ယွင်က အံ့ဩဟန်ဖြင့် မေးလိုက်သည်။

" ငါ မသိဘူးလေ" အရှင် ခန်းမသခင်က မင်းကို တွေ့ချင်ပေမယ့် ဘာလို့ တွေ့ချင်တာလဲ ဆိုတာ မပြောခဲ့ဘူး" ဟီအန်းက လေးလေးစားစားနှင့် ပြန်ပြောသည်။

"သူနဲ့ပတ်သက်လို့ရော… ?" ချင်ယွင်က ဆက်လက် မေးမြန်းကြည့်သည်။

“အရှင် ခန်းမသခင်က အခု ဖီးနစ်နေမြို့မှာ မရှိဘူး..။” ဟီအန်းက ပြန်ဖြေသည်။

“ဒါဆို ဘယ်လိုကြီးလဲ?။ မင်းက ငါ့ကို သူ့ကို သွားရှာစေချင်တာလား?" ချင်ယွင်က ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

ချင်ယွင် မျက်မှောင်ကြုတ်နေသည်ကို မြင်တော့၊ ဟီအန်း၏ မျက်နှာက ချက်ချင်း အံ့အားသင့်နေသည့် အမူအရာ ပေါ်လာပါသည်။

သူ၏အမြင်အရဆို၊ ခန်းမသခင်ကိုယ်တိုင် ဆင့်ခေါ်ခံရခြင်းသည် ဂုဏ်ယူစရာ ကိစ္စ ဖြစ်သည်။ အချိန်အတော်ကြာအောင် လမ်းလျှောက်သွားရခြင်းကို အသာထား၊ သူဆိုလျှင်၊ ရှစ်နှစ်မှ ဆယ်နှစ်ကြာသည်အထိ လမ်းလျှောက်ရမည်ဆိုလျှင်ပင်၊ သူ ဆန္ဒရှိသည်။ သို့သော်လည်း ချင်ယွင်၏ နောက်ထပ်စကားတွေက သူ့ကို လုံးဝ ပြောစရာစကား မဲ့သွားစေသည်။

ချင်ယွင်သည် ဟီအန်းအား ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်၊ " တကယ်လို့၊ သူ ငါ့ကို တွေ့ချင်တယ်ဆိုရင်၊ ငါ့ကိုရှာဖို့ လျူလီမြို့ကို လာခဲ့ဖို့ ပြောလိုက်ပါ။ တကယ်လို့၊ သူ မလာခဲ့ဘူးဆိုရင် သူက ငါ့ကို တကယ် တွေ့ချင်တာ မဟုတ်ဘူးလို့ ဆိုရမယ်"။

ထိုစကားပြောပြီးသည်နှင့်၊ ချင်ယွင်သည် ဟီအန်း နှင့် လူဝကြီးတို့၏ အံ့အားသင့် နေသော အကြည့်များအောက်တွင် ပြိုင်ပွဲကွင်းပြင်မှ ထွက်ခွာသွားခဲ့သည်။

ချင်ယွင်သည ပြိုင်ပွဲကွင်းထဲမှ လမ်းလျှောက်ထွက်လာပြီးနောက်၊ သူ၏ ပါးစပ်ထောင့်စွန်းမှ အပြုံးမပျက် ရှိနေသည်။

အင်မော်တယ်ဖီးနစ်ခန်းမ၏ ခန်းမသခင်သည် သူ့ကို တွေ့ချင်နေသည်ဆိုကတည်းက၊ သူသည် သူ့ကို သေချာပေါက် စိတ်ဝင်စား၍ ဖြစ်သည်။

အကယ်၍၊ ချင်ယွင်သည် သူ၏အမိန့်ကို နာခံပြီး သူ့ကို တွေ့ဖို့ အလျင်မြန် ပြေးသွားမည်ဆိုလျှင်၊ သူ၏စိတ်အားထက်သန်မူတွေအားလုံး ပျောက်ဆုံးကုန်သည့် အခါ၊ သူသည် လျစ်လျူရှုခံရနိုင်သည် မဟုတ်ပေဘူးလား?။ အင်မော်တယ် ဖီးနစ်ခန်းမ၏ ခန်းမသခင်၏ အစာစားချင်စိတ်ကို တားဆီးပြီး၊ သူ့ထံသို့ ကိုယ်တိုင် လာတွေ့ရန် စောင့်မျှော်နေခြင်းက ပိုကောင်းပါသည်။

ဟုတ်ပါသည်၊ နောက်ထပ် ဖြစ်နိုင်ချေတစ်ခုလည်း ရှိနေခဲ့ပါသည်။ အင်မော်တယ် ဖီးနစ်ခန်းမ၏ ခန်းမသခင်သည် သူ၏ ရိုင်းစိုင်းမောက်မာမှုကြောင့် ဒေါသလည်း ထွက်သွားနိုင်ပါသည်။ ထိုသို့ဆိုလျှင်၊ ဟီအန်းကို သူ့ကို တိုက်ရိုက် သတ်ပစ်ရန် ညွှန်ကြားဖို့ မဖြစ်နိုင်တာလည်း မဟုတ်ပါဘူး။

အင်မော်တယ် ဖီးနစ်ခန်းမ၏ ခန်းမသခင်သည် ယင်းကို အမှန်တကယ် လုပ်ခဲ့မည်ဆိုလျှင်၊ ချင်ယွင်သည် သူနှင့် ရန်သူဖြစ်ရမည်ဆိုရင်လည်း စိတ်ထဲထားနေ မည် မဟုတ်ပေ။

ချင်ယွင်သည် ဖီးနစ်နေမြို့မှ တိုက်ရိုက် ထွက်လာခဲ့သည်။ သူသည် လျူလီမြို့သို့ ပြန်ပြီး၊ ရီယွန်ကို ရှာဖွေကာ သူမ၏ကိစ္စကို သေသေချာချာ ဖြေရှင်းပေးရန် စီစဉ်ထားသည်။ သူသည် စိတ်ဝိညာဉ်ပြန်သွင်ခြင်းဆေးလုံး၏ တည်နေရာကို မေးမြန်းရန် လျူလီရန် ကုန်သည်ကြီးများအသင်းသို့လည်း သွားရဦးမည်။

သို့သော် ထိုမတိုင်မီတွင်၊ ချင်ယွင်သည် အင်မော်တယ်ဘုရင်၏ စံအိမ်အတွင်းရှိ လူခုနစ်ဦး ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရန်အတွက် လုံခြုံသော နေရာတစ်ခုကို ရှာဖွေရမည် ဖြစ်သည်။

သို့သော် ချင်ယွင်သည် ဖီးနစ်နေမြို့မှ ထွက်ခွာလာစဉ်တွင် သူနောက်သို့ တစ်ယောက်ယောက် လိုက်နေကြောင်း သူ တွေ့ရှိခဲ့ရသည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး၊ သူ၏စိတ်ထဲတွင် အံ့သြသွား မိသည်။ သူထင်ထားသည့် အတိုင်း ဖြစ်နေခြင်းများလား?။ အကယ်၍၊ အင်မော်တယ်ဖီးနစ်ခန်းမ၏ ခန်းမသခင်သည် မြို့ထဲတွင် မရှိဘူးဆိုလျှင်၊ သူ့ကို သတ်ဖြတ်ရန် ဟီအန်းအား တိုက်ရိုက် အမိန့်ပေးနိုင်မည်လား?။

ချင်ယွင်သည် သူ့နောက်ကို တစ်ယောက်ယောက် လိုက်လာနေသည်ကို တွေ့လိုက်ရသော်လည်း၊ သူသည် လုံးဝ မရပ်တန့်ဘဲ အဝေးကို တိုက်ရိုက် ပျံသန်းသွားခဲ့သည်။

သို့သော်လည်း ချင်ယွင်သည် ဝေးလံခေါင်သီပြီး လူသူကင်းဆိတ်သော တောတောင် ဧရိယာသို့ ရောက်သောအခါ၊ ပုံရိပ်တစ်ခုသည် အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့်၊ သူ၏ခေါင်းပေါ်မှ ကျော်ဖြတ်ကာ ချင်ယွင်၏ လှုပ်ရှားမူကို တားဆီးရန် အကွာအဝေး တစ်နေရာတွင် ရပ်တန့်သွားသည်။

ဤသည်မှာ ငွေရောင်၀တ်စုံ ဝတ်ထားသော လူငယ်တစ်ဦး ဖြစ်သည်။ သူ၏အမူအရာက ထူးထူးခြားခြား အေးစက်ပြီး၊ သူ၏မျက်ခုံးတွေက စူးရှ ထက်မြက်ကာ၊ သတ်ချင်စိတ်တွေနှင့် ပြည့်နှက်နေခဲ့သည်။

"မင်းက ဘယ်သူလဲ?။ မင်း ငါ့နောက်ကို ဖီးနစ်နေမြို့ကနေ ဘာလို့ လိုက်လာခဲ့တာလဲ?" ချင်ယွင်က လူငယ်ကို ကြည့်ကာ မေးသည်။

ဤလူငယ်ကို သူသည် အရင်က တစ်ခါမှ မမြင်ဖူးသော်လည်း၊ တစ်ဖက်လူ၏ မျက်လုံးထဲမှာ သတ်ဖြတ်လိုသည့်ဆန္ဒက လူတွေကို ပြင်းထန်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

အကယ်၍ ဟီအန်းသည် သူ့ကို အမဲလိုက်ရန်အတွက် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့မည် ဆိုလျှင်၊ ထိုလူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်ဆန္ဒက ယခုလို ထူထပ်နေမည် မဟုတ်ပေ။ ယခုမူ၊ သူ၏ရှေ့မှ ဤလူငယ်၏ သတ်ဖြတ်လိုသည့် ဆန္ဒသည် ရှင်းရှင်း လင်းလင်း ထွက်ပေါ်လာနေသည်။

"ငါ့နာမည်ကို မင်း မသိတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ငါ့နာမည် ကျန်းဖန်လို့ ပြောလိုက်ရင် မင်းအနေနဲ့ သူ့ကို မှတ်မိမှာပါ။" ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားသူ လူငယ်က အေးစက်စွာ ပြောသည်။

"ကျန်းဖန်၊ မင်းက ပြိုင်ပွဲကွင်းထဲမှာ ဒုတိယအဆင့်မှာရှိတဲ့ ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမား ကျန်းဖန်လား?” ချင်ယွင်က အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။

သူ၏ရှေ့မှ ဤလူငယ်သည် ပြိုင်ပွဲကွင်းထဲမှာ ဒုတိယအဆင့်ရှိ ကျန်းဖန် ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ သူသည် တတိယအဆင့်ရှိ ဖန်းယုကို သတ်ဖြတ်ပြီးရုံသေး၊ အခု နောက်တစ်ယောက်ဖြစ်သော ကျန်းဖန်က ထွက်ပေါ်လာသည်။

"ကျန်းဖန်၊ မင်းက ဘာလို့ ငါ့နောက် လိုက်နေရတာလဲ?။ ငါ မင်းနဲ့ပတ်သက်လို့ ရန်ငြိုးရန်စလည်း ရှိပုံမပေါ်ပါဘူး" ချင်ယွင်က အစမ်းသဘောဖြင့် ပြောလိုက်သည်။

ကျန်းဖန်ကို ဟီအန်းက စေလွှတ်လိုက်ခြင်းက ဖြစ်နိုင်ချေများသော်လည်း၊ ချင်ယွင်သည် ထိုသို့မဖြစ်နိုင်ကြောင်းကို ယောင်ဝါးဝါး ခံစားမိသည့်အတွက် ကျန်းဖန် သူ၏နောက်သို့ လိုက်လာရသည် အကြောင်းရင်းကို သိရှိလိုသည်။

"မင်းက ဖန်းယုကို သတ်လိုက်တဲ့အတွက် မင်း သေထိုက်တယ်။" မျှော်လင့်ထားသည့် အတိုင်းပင်၊ ကျန်းဖန်က အေးစက်စွာ ပြောသည်။

"ဖန်းယု? သူနဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုလဲ?" ချင်ယွင်က ဆက်မေးသည်။

"သူက ငါ့ညီတစ်ဝမ်းကွဲပဲ " ကျန်းဖန်က အေးစက်စွာ ပြောလိုက်ပြီး သူ၏လေသံက ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နေသည်။

ချင်ယွင်သည် ရုတ်တရက် ရိပ်မိလာသည်။ ယခုမှပင်၊ ဟီအန်းက ကျန်းဖန်ကို တားဆီးခြင်းမရှိသည်ကို နောက်ဆုံး သူ နားလည်သွားသည်။ သူသည် ဖန်းယုကို သတ်လိုက်သောကြောင့် ကျန်းဖန်က သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လှုပ်ရှားလာခဲ့သည်။

"ဒါဆို မင်းက ငါ့ကို သတ်ချင်နေတာပေါ့။ ငါတို့က သေခြင်းရှင်ခြင်းပြိုင်ပွဲမှာ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့တယ်ဆိုတာကို မင်းအနေနဲ့ သိထားရမယ်။ သူက သေခြင်းရှင်ခြင်း ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီဆိုမှတော့ သေဆုံးသွားနိုင်တယ်ဆိုတာကိုလည်း သတိချပ်ထားရမယ်။ မင်းက အခု သူ့အတွက် လက်စားချေပေးဦးမှာလား" ချင်ယွင်သည် ကျန်းဖန်ကို ကြည့်ကာ သူ၏မျက်လုံးများသည်လည်း အေးစက်မူအပြည့်ဖြင့် ပြောလိုက်သည်။

ဤကျန်းဖန်သည် ချင်ယွင်ကို ကြောက်စရာကောင်းသော ခံစားချက်ကို ပေးနေခဲ့သည်။ အထူးသဖြင့် ကျန်းဖန်၏ ခန္ဓာကိုယ်အပေါ်ရှိ ဓားဆန္ဒသည် ဖန်းယုထက် အများကြီး သာလွန်သည်။ သူသည် သူ၏နာမည်အတိုင်းပင်။ သူသည် ဓားအိမ်မှ မထုတ်ရသေး သော ဓားရှည်တစ်လက်ကဲ့သို့ ပြင်းထန်သော အစွန်းတစ်ခုကို ထုတ်လွှတ်နေဆဲ ဖြစ်သည်။

"ဖန်းယုကို သတ်လိုက်တဲ့သူက ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သေရမယ်လို ငါ ကျိန်ဆိုခဲ့ဖူးတယ်" ကျန်းဖန်က အေးစက်စွာ ပြောသည်။ ပြင်းထန်သော ဓားဆန္ဒက သူ၏မျက်လုံးများမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအချိန်တွင်၊ ကျန်းဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ၎င်း၏ ဓားအိမ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသော အင်မော်တယ်ဓားတစ်လက်နှင့် တူသည်။ သူ၏ခန္ဓာကိုယ်မှ စူးရှသော အငွေ့အသက်များက နှလုံးခုန် ရင်တုန်စေသည်။

"ကောင်းတယ်၊ ကောင်းတယ်၊ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မင်းညီလေးအတွက် လက်စားချေမယ်ဆိုတော့၊ မင်းမှာ ဘယ်လိုအစွမ်းအစမျိုးတွေ ရှိလဲဆိုတာ ငါ ကြည့်ပါရစေ။" ချင်ယွင်၏ မျက်လုံးများသည်လည်း ပြင်းထန်သော ဒေါသနှင့်အတူ ဝင်းလက်တောက်ပလာသည်။

ဖန်းယုသည် သူ့ကို ထပ်ခါထပ်ခါ လှောင်ပြောင်နေတုန်းကတောင်၊ သူ ဒေါသ မထွက်ခဲ့ပါဘူး။

သို့သော်လည်း ဤကျန်းဖန်သည် နည်းလမ်းကျမကျ စဉ်းစားတွေးခေါ်ခြင်း မရှိဘဲ၊ သူ၏ ညီလေးအတွက် တိုက်ရိုက် လက်စားချေလိုသည့် သဘောထားက ချင်ယွင်ကို လုံးဝ ဒေါသထွက်စေခဲ့သည်။

"အောင်း…”။

ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းမှ နဂါးဟိန်းဟောက်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်နှင့် ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အနှစ်သာရက ချင်ယွင်၏ ခန္ဓာကိုယ်အနှံ့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။

ကြီးကျယ်ခမ်းနားသော အငွေ့အသက်တစ်ခုက ထွက်ပေါ်လာပြီး ကျန်းဖန်၏ ဓားဆန္ဒနှင့် အပြင်းအထန် တိုက်မိသွားသည်။

All Chapters