← Chapters

အခန်း ၇၃၀

Vol. 49 Ch. 730

အခန်း ၇၃၀

Vol. 49 Ch. 730

အခန်း (၇၃၀) ကျန်းဖန်၏ဓား။

ခမ်းနားထည်ဝါသော အငွေ့အသက်နှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိသွားကာ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည် အမှုန်အမွှား အဖြစ်သို့ ပြောင်းလဲသွားကြသည်။

ဘန်း….။

ကျန်းဖန်သည် လှုပ်ရှားလိုက်ပြီး၊ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်၊ ဖောက်ထွင်းမြင်ရသော ဓားချီအမျှင်တန်းသုံးချောင်းသည် သူ၏ရှေ့တွင် ချက်ချင်းပင် သိပ်သည်းလာသည်။

ဖောက်ထွင်းမြင်ရသော ဓားချီမျှင်တန်းသုံးချောင်းသည် သူ၏ရှေ့တွင် တုန်ခါသွားပြီး၊ အလွန်မင်း ကျယ်လောင်သော တဝှီးဝှီးမြည်သံများ ထွက်ပေါ်နေသည်။

"မင်းလည်း ဓားသမားတစ်ဦးဆိုတာ ငါ မြင်နိုင်တယ်။ ဒီနေ့ မင်းကို ဓားဆိုတာ ဘာလဲ ငါ ပြောပြပေးမယ်။" ကျန်းဖန်က ချင်ယွင်အား ကြည့်ကာ အေးစက်စွာ ပြောလိုက် သည်။

သူ၏အမူအရာက အနည်းငယ်မျှ မောက်မာဟန်ကို ဖော်မပြသော်လည်း၊ သူသည် သူ၏ဓားသိုင်းကြောင့် မည်မျှ ဂုဏ်ယူဝင့်ကြွားမူ ရှိနေသနည်းဆိုသည်ကို သူ၏စကားမှ တဆင့် ပြောပြနိုင်ပါသည်။

"ဒါဆို ဓားဆိုတာ ဘာလဲဆိုတာ ငါ ခံစားကြည့်ချင်ပါသေးတယ်" ချင်ယွင်က အေးစက်စွာ ပြောသည်။

သူ၏ခမည်းတော် အင်မော်တယ် ဧကရာဇ်မင်းမြတ် ချင်ဟန်ပင်လျှင် ဓားဆိုတာ ဘာလဲဆိုသည်ကို နားမလည်ခဲ့ပါ။ သူ၏ရှေ့မှ ဤကျန်းဖန်သည် ဓားဆိုတာ ဘာလဲဆိုသည်ကို သူအား သင်ပေးချင်သည်ဟု ပြောနေခဲ့သည်။

ဘန်း…။

ကျန်းဖန်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ လင်းလက်လာပြီး သူသည် သူ၏လက်ချောင်းကို လှုပ်ရှားလိုက်သည်။ အချိန်အတော်ကြာအောင် စုစည်းထားခဲ့သည့် ဖောက်ထွင်းမြင်ရသော ဓားမျှင်တန်းသုံးချောင်းသည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။

ဖောက်ထွင်းမြင်ရသော ဓားချီတွင်ပါရှိသည့် စွမ်းအင်အတက်အကျ လှိုင်းများသည် အလွန် ကြောက်စရာကောင်းသည်။ အကယ်၍ ၎င်းသည် သာမာန် အထွက်အထိပ် အဆင့်ရှိ အစစ်အမှန် အင်မော်တယ်တစ်ဦးဆိုလျှင်၊ သူသည် ဖောက်ထွင်းမြင်ရသော ဓားချီအောက်တွင် သေဆုံးကောင်း သေဆုံးသွားနိုင်မည် ။

“ဘုန်း..”။

ချင်ယွင်သည် ထွင်းဖောက်မြင်ရသော ဓားချီက သူ့ဆီသို့ ပစ်ဝင်လာသည်ကို မြင်သောအခါ သူသည် ရှောင်တိမ်းခြင်းမရှိဘဲ တိုက်ရိုက်ပင် လက်သီးတစ်ချက် ထိုးပစ်လိုက်သည် ။

ဖောက်ထွင်းမြင်ရသောဓားချီသုံးခုထဲမှ တစ်ခုသည် ချက်ချင်း ကွဲကြေသွားခဲ့ပြီး ကျန်နေသည့် ဖောက်ထွင်းမြင်ရသောဓားချီအမျှင်တန်း နှစ်ခုသည် ချင်ယွင်၏ လက်သီးချက်ကို ကျော်ဖြတ်ကာ ချင်ယွင်၏ ရင်ဘတ်နှင့် နဖူးဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။ ၎င်းတို့ ထိမှန်သည်နှင့် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားနိုင်ချေ ရှိသည်။

ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး၊ သူသည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အလျင်အမြန် ဖြန့်ကျက်လိုက်သည်နှင့်၊ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရမှ ဖန်တီးထားသော အကာကွယ်အလင်းဒိုင်းတစ်ခုသည် ချင်ယွင်၏ရှေ့တွင် ချက်ချင်း ပေါ်လာသည်။

ချွင်…။

ချီဓားအမျှင်တန်းများသည် ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အနှစ်သာရဖြင့် ဖွဲ့စည်းထားသော အကာကွယ်အလင်းဒိုင်းနှင့် အပြင်းထန် တိုက်မိပြီး ခေါင်းလောင်း သံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။

သာမန်မျက်စိဖြင့် မမြင်နိုင်သော ချီဓားသုံးချောင်း၏ ပြင်းထန်သော စွမ်းအင် သက်ရောက်မှုကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နောက်သို့ ခြေလှမ်း ဒါဇင်ပေါင်းများစွာ ပြန်ဆုတ်သွားခဲ့ရသည်။

ဝှီး..။

သို့သော်လည်း ထိုအခိုက်တွင် ချင်ယွင်၏ နောက်ကွယ်မှ အလွန်အေးစက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏လက်ချောင်းထိပ်များမှ စူးရှသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်၏ နောက်ကျောကို တည့်တည့် ရိုက်ခတ်သွားသည်။

ချင်ယွင်၏ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။ ချင်ယွင်သည် သူ၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအားကို အလျင်အမြန် စုစည်းကာ၊ နတ်ဆိုးနတ်ဘုရား ကြယ်ဖမ်းလက်ကို တိုက်ရိုက် အသုံးပြုလိုက်ရသည်။

“ဘုန်း..”

ဓားအလင်းသည် နတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်နှင့် အပြင်းအထန် တိုက်မိပြီး၊ ပြင်းထန်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

ချင်ယွင် နှင့် ကျန်းဖန်တို့ကြားရှိ မြေပြင်သည် ချက်ချင်း ကွဲအက်သွားပြီး မြေပြင်ပေါ်တွင် လျှိုမြောင်ကြီးတစ်ခု ပေါ်လာသည်။

ကျန်းဖန်၏ ရုပ်အသွင်သည် ဤကြီးမားပြင်းထန်သော စွမ်းအားအောက်မှာ ဆုတ်ခွာ သွားခဲ့ရသည်။ နောက်ဆုံးတွင်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ ချင်ယွင်၏မျက်နှာက ချက်ချင်းဆိုသလို လေးနက်သည့် အမူအရာ ပေါ်လာပါသည်။

ဤကျန်းဖန်၏ ရုပ်အသွင်ပြင်သည် ထူးဆန်းလွန်းပြီး သူ၏ ဓားပညာသည်လည်း အလွန် ပြင်းထန်သည်။ အကယ်၍၊ သူသည် သူနှင့် ရင်ဆိုင်ချင်သည်ဆိုလျှင်၊ သူ၏ အရည်အချင်း အစစ်အမှန်တွေကို ထုတ်ပြရလိမ့်မည်။

ဘန်း…။

ထိုအခိုက်တန့်တွင်၊ သာမန်မျက်စိဖြင့် မမြင်နိုင်သော ချီဓားသုံးစင်းသည် လေဟာနယ်ထဲမှ ရုတ်တရက် ပျံထွက်လာပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ပျံသန်းသွား ပြန်သည်။ ချီဓားတွင်ပါရှိသော စွမ်းအင်အတက်အကျလှိုင်းများသည် ယခင်ကထက် ပိုမို အားကောင်းလာသည်။

ဝှီး..…။

ထိုမျှသာမကဘဲ ချင်ယွင်၏ ဦးခေါင်းထက်တွင် ပြင်းထန်သော ဓားအော်ဟစ်သံ တစ်ချက် ထွက်ပေါ်လာသည်။ လက်ထဲတွင် ငွေရောင်ဓားရှည်တစ်လက်ကို ကိုင်ဆောင် ထားပြီး၊ ကောင်းကင်ယံမှ ဆင်းသက်လာကာ၊ ချင်ယွင်၏ ကောင်းကင်စိတ်ဝိညာဉ် အလွှာကို တိုက်ခိုက်လာသော ကျန်းဖန်ကို သူ မြင်လိုက်ရသည်။

ဓားထိပ်ဖျားမှ ထုတ်လွှတ်သော ဓားချီသည် ချင်ယွင်၏ ဦးရေပြားကို ထုံကျင် သွားစေသည်။

"တောင့်တခြင်းက အမျှင်တန်းတစ်ခု ဖြစ်လာတယ်”။

ချင်ယွင်သည် အနည်းငယ်မျှ တုန့်ဆိုင်းခြင်းမရှိဘဲ၊ သူ၏လက်ထဲတွင် မြူနှင်း ချောက်နက်ဓားကို တိုက်ရိုက်ဆွဲထုတ်ကာ လွမ်းမောခြင်း ဓားအမျှင်တန်းကို အသုံးပြု လိုက်သည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ လေစွမ်းရည်အပေါ် နားလည်နိုင်စွမ်းသည် နက်နဲ သိမ်မွေ့ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး သူ၏စွမ်းအားသည် လည်း အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ ပြီ။ အကယ်၍၊ သူသည် ယခုအချိန်တွင် လွမ်းမောခြင်းဓားအမျှင်တန်းကို အသုံးပြုမည် ဆိုလျှင်၊ ၎င်း၏ စွမ်းအားသည် ယခင်ကနှင့် နှိုင်းယှဉ်နိုင်တော့မည် မဟုတ်ပေ။

မြူနှင်းချောက်နက်ဓားမှ ဝမ်းနည်းငိုကြွေးပြီး တရှုံ့ရှုံ့မြည်သံ ထွက်ပေါ်လာခဲ့ပြီး၊ ဝမ်းနည်းပူဆွေးမှု လှိုင်းလုံးကြီးလည်း မြင့်တက်လာသည်။ အလွန်မင်း ဝင်းလက် တောက်ပသော ဓားအလင်းတန်းတစ်ခုသည် ဖြတ်သန်းသွားပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော ချီဓားသုံးစင်းသည် အပိုင်းပိုင်း ကွဲသွားသည်။

ချွင်..။

ကျန်းဖန်၏ ဓားသည် ချက်ချင်း ကျဆင်းလာခဲ့ပြီး ချင်ယွင်၏ နဂါးတုံ့ပြန် အတောင်များ ပေါ်သို့ အပြင်းအထန် ထိုးစိုက်သွားသည်။

မှန်ပါသည်။ ထိုအချိန်တွင် ချင်ယွင်သည် နဂါးအတောင်များကို ဆင့်ခေါ်ထားပြီး၊ နဂါးအတောင်ပံများ၏ အနှိုင်းမဲ့ မာကျောသော အကြေးခွံများကို ခုခံကာကွယ်ရန် အသုံးပြုခဲ့သည်။

ကျန်းဖန်၏ ဓားသည် ချင်ယွင်၏ အနီရောင်အကြေးခွံများနှင့် အပြင်းထန် တိုက်မိပြီး တုန်လှုပ်ဖွယ် အသံတစ်ချက် ထွက်ပေါ်လာသည်။ သို့သော်လည်း ချင်ယွင်၏ အကြေးခွံများကို ထိုးဖောက်ရာမှာ မအောင်မြင်ခဲ့ပေ။

"ဟမ့်၊ ဘယ်လောက်ပဲ မာကြောနေပါစေ၊ အဲဒါ အသုံးမကျဘူး”။

သို့သော် ဤအခိုက်တွင် ကျန်းဖန်သည် အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်ထဲမှ ဓားကို သူ၏လက်ညိုးဖြင့် ပွတ်လိုက်ပြီး သူ၏ဓားဖျားကနေ ဓားချီ ပမာဏ အများပြား ထပ်မံ ထွက်ပေါ်လာသည်။

ချင်ယွင်သည် သူ၏ နဂါးအတောင်ပံများပေါ်တွင် ကြီးမားပြင်းထန်သော အင်အားတစ်ခု ပေါက်ကွဲသွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ချင်ယွင်၏ အကြေးခွံများသည် တိုက်ရိုက် ကွဲထွက်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဤကြီးမားပြင်းထန်သော အင်အားအောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အဝေးသို့ ကျဆင်းသွား သည်။

ဘုန်း..။

ချင်ယွင်သည် အဝေးမှ တောင်ကုန်းတစ်ခုပေါ်သို့ တိုက်ရိုက် ပစ်ကျသွားပြီး၊ သူ၏နောက်မှ တောင်ကုန်းသည် ပေါက်ကွဲပြီး အပျက်အစီးများအဖြစ် ပြောင်းလဲ သွားသည်။

ချင်ယွင်သည် အပျက်အစီးများကြားထဲတွင် ရပ်နေရင်း၊ ကျန်းဖန်ကို လေးနက်သော မျက်လုံးများဖြင့် ကြည့်နေစဉ်၊ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

ဤကျန်းဖန်၏ လက်ချောင်းကို ပွတ်သပ်လိုက်ရာ၌ ပါဝင်လာသော ဓားချီသည် အမှန်တကယ်ပင် အလွန် အစွမ်းထက်လွန်းသည်။ ပြင်းထန်လွန်းသဖြင့် သူ၏ နဂါးတောင်ပံအကြေးခွံများပင် ဤဓားချီကြောင့် ကွဲကြေသွားခဲ့ရသည်။

"ဟမ့်၊ သေလိုက်တော့”။

သို့သော်လည်း ထိုအခိုက်တန့်တွင်၊ ကျန်းဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေဟာနယ် ထဲမှ ပျံထွက်လာခဲ့ပြီး သူ၏လက်ထဲမှ ငွေရောင်ဓားက ချင်ယွင်၏ နဖူးဆီသို့ ပြင်းထန်စွာ ထိုးစိုက်က်လာလေသည်။

ငွေရောင်ဓားတွင် အရာအားလုံးကို သတ်ဖြတ်ရန် လုံလောက်သော သန်မာသော ဓားချီတစ်စင်း ပါရှိနေသည်။

ချင်ယွင်၏ အမူအရာသည် ပြောင်းလဲသွားပြီး သူ၏မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။ သူသည် ဓားနယ်မြေကို ချက်ခြင်း အသက်သွင်း လိုက်ရသည်။

ချင်ယွင်၏ ပတ်ဝန်းကျင်မှ မမြင်နိုင်သော လှိုင်းလုံးကြီးများသည် ချက်ချင်း ပျံ့နှံ့သွား သည်။ ကျန်းဖန်၏ ဓားသည် လျှိုရှိုင်းသော ရွှံ့ဗွက်အိုင်ထဲ နက်သွားသလို ခံစားလိုက် ရသည်။ ထက်ရှသော ဓားဖျားသည် အမှန်တကယ်ပင် နှေးကွေးသွားခဲ့သည်။

ထက်ရှသော ဓားသွားနှင့် သာမန်မျက်စိဖြင့် မမြင်နိုင်သော ပတ်၀န်းကျင်ရှိ စွမ်းအားများ သည် ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေကြစဉ်မှာ၊ ထက်ရှသော ဓားအငွေ့အသက် တစ်ခု ဖြစ်ပေါ်လာသည်။

"ဟမ့်၊ အားနည်းတဲ့ ဓားတာအိုရဲ့ ဓားနယ်မြေလေးကများ…၊ ငါ့အတွက် ချိုးဖျက်လိုက်စမ်း။"

ကျန်းဖန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ကောက်ဝတ်သည် အနည်းငယ် တွန့်လိမ်သွားသည်နှင့် ထက်ရှသော ဓားအလင်းက ချက်ချင်း ထွက်ပေါ်လာသည်။ ချင်ယွင်၏ ပတ်ပတ်လည်ရှိ မမြင်နိုင်သော ဓားနယ်မြေသည် လေဟာနယ် ပြိုကျ ပျက်ဆီးသွားသကဲ့သို့ ချက်ချင်းပင် လုံးဝ ပြိုကျပျက်စီးသွားခဲ့သည်။

ဓားတာအို၏ ဓားနယ်မြေသည် အတင်းအကြပ် ချိုးဖျက်ခံလိုက်ရသည့်အတွက်၊ ချင်ယွင်သည် ချက်ချင်းဆိုသလို တန်ပြန်သက်ရောက်မူကို ခံစားရပြီး၊ သူ၏ပါးစပ်မှ သွေးများ စီးကျလာသည်။

ဘန်း…။

ဓားအလင်းတန်းသည် လေဟာနယ်ကို ချက်ချင်း ထိုးဖောက်ဝင်ရောက်လာပြီး ချင်ယွင်၏ မျက်ခုံးမွှေးများကြားရှိ နေရာကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။

ပြင်းထန်သော ဓားချီသည် ချင်ယွင်၏ ဦးခေါင်းတစ်ခုလုံးကို ချက်ချင်း မွှေနှောက်လာ ခဲ့ပြီး၊ ယင်းက သူ့ကို လုံးလုံး ပြိုလဲသွားစေသည်။

"ဟမ့်၊ အခု မင်း ဓားဆိုတာ ဘာလဲ သိပြီမဟုတ်လား?" ကျန်းဖန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ငွေရောင်ဓားကို တိုက်ရိုက်ဆွဲထုတ်ကာ လှည့်ထွက်ရန် ပြင်ဆင်လိုက်လေသည်။

"ဟုတ်လား?"

သို့သော် ဤအခိုက်အတန့်တွင် အကန့်အသတ်မရှိ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ သောအသံက ကျန်းဖန်၏ နားထဲတွင် ထွက်ပေါ်လာသည်။

ရုတ်​တရက်​ဆိုသလိုပင်​ ချင်​ယွင်၏ ခန္ဓာကိုယ်​မှ ပြင်းထန်​သည့်​ ​လေပြင်းတစ်​ချက် ထွက်​လာပြီးနောက်၊ ချင်​ယွင်၏ ခန္ဓာကိုယ်​မှ ကြီးမား​ပြင်းထန်သော ​အငွေ့အသက်တစ်​ခု ရုတ်​တရက်​ ထွက်​ပေါ်လာသည်​။

ချင်ယွင်သည် ပြိုလဲကျသွားခြင်း မရှိသေးဘဲ၊ သူ၏မျက်ခုံးကြားရှိ ဓားအမှတ်အသား သည်လည် သိသာမြင်သာသော အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ ကျန်းဖန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွား သည်။ ဤရွှဲ့ရှာသည် သူ၏မျက်ခုံးကြားနေရာကို ဓားတစ်ချက် ထိမှန်ခံရပြီးနောက် သေဆုံးခြင်း မရှိဟု သူ မမျှော်လင့်ထားပေ။ အကယ်၍ တခြားလူတစ်ယောက်သာ ဆိုလျှင်၊ သူ၏ နီဝမ်နန်းတော်တစ်ခုလုံး ပျက်စီးသွားလိမ့်မည်။

သို့သော်လည်း သူသည် ချင်ယွင်ကို လျှော့တွက်ထားနေဆဲ ဖြစ်သည်။ ချင်ယွင်သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သူ၏ခန္ဓာကိုယ် သည် လုံးဝ ပျက်စီးသွားမည် ဆိုလျှင်ပင်၊ သူ၏ စိတ်ဝိညာဉ်အလင်းလုံးကို ထိခိုက်မည် မဟုတ်ပါဘူး။

ဤအခိုက်အတန့်တွင် ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လို့သည့် ဆန္ဒများ ရှိနေသည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်များ ထွက်လာနေသည်။ ယခုအချိန်တွင် ချင်ယွင်သည် သူ၏ကိုယ်ပွားနှစ်ခုနှင့် ပေါင်းစပ်ထားပြီး ဖြစ်ကာ သူ၏ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

All Chapters