အခန်း ၇၃၁
Vol. 49 Ch. 731
အခန်း (၇၃၁) တဖန်တိုက်ခိုက်ခြင်း။
ချင်ယွင်၏ ၀တ်ရုံများသည် တဖျပ်ဖျပ် လှုပ်ခါနေပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ပြင်းထန်လာပြီး ခက်ထန်သော အငွေ့အသက်များဖြင့် ပြည့်နေ သည်။
ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်မှ ဖန်တီးဖြစ်ပေါ်လာသော လေပြင်းကြောင့် ပတ်ဝန်းကျင်ရှိ သဲများနှင့် ကျောက်တုံးများသည် လွင့်ထွက်သွားကြ သည်။
"မင်းရဲ့ ခေါင်းကို ထိုးဖောက်ခံရတာတောင် မသေဆုံးဘူးလို့ ငါ မမျှော်လင့်ထားဘူး။ တကယ်လို့ ငါ မင်းကို သတ်ချင်ရင် မင်းကို ပြာ လုံးလုံးဖြစ်အောင် လုပ်ရမယ်ထင်တယ်" ချင်ယွင်၏ ခက်ထန်သော အငွေ့အသက်ကို မြင်လိုက်ရတော့ ကျန်းဖန်သည် ချင်ယွင် ၏ အငွေ့အသက်ကို ဂရုမစိုက်သကဲ့သို့ အေးစက်စွာ ပြောလိုက်သည်။
"မင်းမှာ အခွင့်အရေး မရှိတော့ဘူး" ချင်ယွင်သည် ပျံထွက်သွားရင်း သူ၏ မျက်လုံးများ သည် အေးစက်နေခဲ့သည်။ သူ၏အောက်က သဲတွေနှင့် ကျောက်တုံးတွေအားလုံး လှိမ့်တက်လာပြီး ကောင်းကင်ယံအပြည့် ကျောက်တုံးမုန်တိုင်းကြီးအဖြစ် ပြောင်းလဲ သွားသည်။
ချင်ယွင်၏ လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ပြင်းထန်သော အငွေ့အသက်တွေ ဖုံးလွှမ်းနေပြီး အကြွင်းမဲ့လေဓားသတ်ဖြတ်ခြင်းကို ချက်ချင်း အသက်သွင်းလိုက်သည်။
ချွင်…။
ကျန်းဖန်သည် ထိုနေရာတွင် ရပ်ကာ သူ၏ဓားဖြင့် ပိတ်ဆို့လိုက်သည်။
ဓားအလင်းနှစ်ခုသည် အပြင်းအထန် တိုက်မိပြီး ချင်ယွင်၏ မြူနှင်းချောက်နက် ဓားပေါ်မှ ပြင်းထန်သော အငွေ့အသက်သည် ကျန်းဖန်ကို အရူးအမူး ဖိနှိပ်ထားသည်။
သို့သော်၊ အဆိုပါ မုန်တိုင်းအငွေ့အသက်များသည် ကျန်းဖန်၏ ခန္ဓာကိုယ်မှ သုံးလက်မ အကွာအတွင် ပြန်လည်တွန်းထုတ်ခံရပြီး၊ ၎င်းတို့အားလုံး ပြန်လည်တွန်းကန်သွား သည်။
ဓားချီလေဓားများသည် နေရာတိုင်းတွင် ပြန့်ကျဲသွားပြီး အချင်းဝက် ဆယ်ကီလိုမီတာ ကို လွှမ်းခြုံထားသည်။ ဖှုန်မှုန့်တွေပဲဖြစ်ဖြစ်၊ ကျောက်ဆောင် ကျောက်ခဲ့တွေပဲ ဖြစ်ဖြစ်၊ သစ်ပင်တွေပဲ ဖြစ်ဖြစ်၊ ၎င်းတို့အားလုံး ထိုကြောက်စရာကောင်းသည့် ဓားချီကြောင့် ကွဲကြေသွားပါပြီ။
လေပြင်းများ တိုက်ခတ်ပြီး သဲများနှင့် ဖုန်မှုန့်များသည် ကောင်းကင်ယံတွင် ပြည့်နေပါ သည်။
"မင်းရဲ့ဓားက အရမ်းကို အားနည်းလွန်းသေးတယ်။" ကျန်းဖန်က အေးစက်စွာ ပြောလိုက်သည်။
သူ၏လက်ထဲမှ ငွေဖြူရောင်ဓားသည် ရုတ်တရက် ငွေရောင်အလင်းတန်းကြီးကို ထုတ်လွှတ်လိုက်ပြီး ကျန်းဖန်၏ လက်ထဲရှိဓားအထံမှ ကြောက်စရာကောင်းသော စွမ်းအင် အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာကာ၊ ၎င်းကြောင့် မမြင်နိုင်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခုသည် ရုတ်တရက် ပြိုဆင်းသွားခဲ့သည်။
ချင်ယွင်သည် ဤကြောက်မက်ဖွယ်ကောင်းသည့် မမြင်နိုင်သော စွမ်းအင်အတက်အကျ လှိုင်းကြောင့် သက်ရောက်မူရှိခဲ့ပြီး နောက်သို့ တိုက်ရိုက် လွင့်ပျံသွားခဲ့သည်။
"ဓားကို ဒီအတိုင်း အသုံးပြုရတယ်။"
ကျန်းဖန်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ရုပ်အသွင်သည် ချက်ချင်းဆိုသလို ပျံထွက်သွားသည်။ သူသည် သူ၏ဓားကိုကိုင်ပြီး ချင်ယွင်ဆီသို့ တိုက်ရိုက် ပြေးဝင် လိုက်သည်။
ဘန်း…။
ကျန်းဖန်သည် ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် ဓားအလင်းသည် ချက်ချင်း ဆိုသလို ဝင်းလက်တောက်ပလာပြီး ထက်ရှသော ကြာပွတ်ကဲ့သို့ ချင်ယွင်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားသည်။
ချင်ယွင်၏ ရင်ဘတ်သည် တိုက်ရိုက် စုတ်ပြဲသွားပြီး၊ နက်ရှိုင်းသော ဒဏ်ရာက ထင်ပေါ်စွာ ဖြစ်ပေါ်လာသည်။ ဒဏ်ရာသည် အရိုးကို မြင်နိုင်လောက်အောင် နက်ရှိုင်း ပြီး သွေးတွေက စိုရွှဲနေသည်။
ဘန်း….။
ကျန်းဖန်သည် သူ၏ ဒုတိယဓားချက်ကို အသုံးပြုတော့မည့်အခိုက်၊ ဓားအလင်းသည် ချင်ယွင်ကို လုံးဝ နှောင့်ယှက်ပေးလိုသည့်အလား တစ်ဖန် စိတ်လှုပ်ရှားနေပြန်သည်။
ချင်ယွင်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်ဖြင့် လင်းလက်သွားသည်။ ဤကျန်းဖန်သည် သူ့ကို စော်ကားချင်နေသည့်အပြင်၊ ချင်ယွင် ကြီးကြီးမားမား ခံစားသွားရအောင် သူ၏ဓားချီကို အသုံးပြုချင်နေသည်။
“ကောင်းကင်နှင့် မြေကြီး ရှင်းလင်းသုတ်သင်ခြင်းဓား..”
ချင်ယွင်က အော်ဟစ်လိုက်ပြီး သူ၏ အပြင်းထန်ဆုံး ဓားကို တိုက်ရိုက် အသုံးပြုလိုက် သည်။
ရုတ်တရက် လောကကြီးတစ်ခုလုံး အမှောင်ကျသွားသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားတစ်ချောင်းသည် ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ တည့်တည့် တိုးဝင်သွားခဲ့သည်။ ထက်ရှသော ဓားအလင်းတန်းတစ်ခုသည် ဓားကို လွှမ်းခြုံထားပြီး၊ မြေပြင်တစ်လျှောက် လျှပ်ကာ ကျန်းဖန်ဆီသို့ ပျံသန်းသွားသည်။
မြေပြင်ပေါ်တွင် ကျိုးပဲ့ပျက်ဆီးနေသော သမုဒ္ဒရာလှိုင်းလုံးကဲ့သို့ နက်ရှိုင်းသော လျှိုမြောင်တစ်ခု ကျန်ရစ်ခဲ့သည်။ ထိုဓားအလင်းသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားများဖြင့် ရောနှောနေပြီး၊ ကျန်းဖန်ဆီသို့ ပြင်းထန်စွာ ဖြတ်သန်း သွားခဲ့သည်။
ကျန်းဖန်သည် ထိုဓားချက်ကို မြင်သောအခါ နောက်ဆုံးတွင် သူ၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားသည် အရိပ်အယောင် ပေါ်လာသည်။
သူ၏မျက်လုံးများတွင် လေးနက်မှု အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ၏လက်ထဲ မှ ငွေဖြူရောင်ဓားကို ချက်ချင်း တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ငွေဖြူရောင်ဓားသည် ဝင်းလက်တောက်ပလာပြီး၊ သူသည် အလားတူ ဓားတစ်ချက် ခုတ်ပိုင်းလိုက်လေသည်။
“ဘုန်း…”
ချင်ယွင်၏ ဓားအလင်းနှင့် ကျန်းဖန်၏ ဓားအလင်းတို့သည် ချက်ချင်း တိုက်မိသွား သည်။
မြေပြင်သည် ချက်ချင်းပင် ကြီးမားသော ဖှုန့်မှုန့်တိမ်တိုက်ကြီးများ ဖြစ်ပေါ်လာပြီး ပတ်၀န်းကျင်ရှိ ဓားချီသည် နေရာအရပ်ရပ်သို့ ချက်ချင်း ပြည့်လျှံသွားသည်။
ကျန်းဖန်သည် ဤဓားချက် တိုက်ခိုက်မူကို ခံယူနိုင်ခဲ့သော်လည်း ပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သော လှိုင်းလုံးကြီးကြောင့် လွင့်ပျံသွားရဆဲ ဖြစ်သည်။
သူ၏ခန္ဓာကိုယ်သည် အဝေးရှိ သဲမြေပေါ်တွင် ပြုတ်ကျသွားသည်။ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင် အင်မော်တယ် ၀တ်စုံသည် ရှုပ်ပွနေပြီ။ သူ၏ဆံပင်တွေလည်း ရှုပ်ပွနေသည်။ သူသည် အလွန် စိတ်မကောင်းဖွယ် အခြေအနေမျိုး ဖြစ်ပေါ်နေသည်မှာ သိသာထင်ရှားပါသည်။
သို့သော် ချင်ယွင်သည်လည်း ကောင်းမွန်ခြင်း မရှိခဲ့ပါချေ။ ဤဓားချက်ကို ထုတ်ဖော်ခြင်းကြောင့် သူ၏ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အနှစ်သာရ၏ တစ်ဝက် နီးပါးကို ကုန်ဆုံးသွားစေခဲ့သည်။ ယခု၊ သူ၏အနန္တဒြဗ်စင်များသည်ပင် စတင် မှေးမှိန်လာသည်။
အကယ်၍၊ သူသည် ဤဓားချက်ကို နောက်တစ်ကြိမ် ထပ်ပြီး အသုံးပြုလျှင်၊ သူ၏အနန္တ ဒြဗ်စင်များသည်ပင် ပြိုလဲသွားနိုင်ပါသည်။ ထို့အပြင်၊ ချင်ယွင်၏ ထင်မြင်ချက်အရ၊ သူသည် ဤဓားကို နောက်တစ်ကြိမ် ထပ်ပြီး အသုံးလျှင်ပင်၊ သူသည် ဤကျန်းဖန်ကို သတ်နိုင်မည် မဟုတ်ပေ။
ဓားတာအိုတွင် ဤကျန်းဖန်၏ အောင်မြင်မှုများသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ဓားတာအို၏ နိယာမနယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက်ရန် ခြေတစ်လှမ်းသာ ဝေးပါတော့သည် ။
ချင်ယွင်သည် လေးနက်သော အမူအရာဖြင့် မြူနှင်းချောက်နက်ဓားကို သူ၏လက်ထဲ တွင် ကိုင်ထားသည်။ ဤကျန်းဖန်သည် သူ မျှော်လင့်ထားတာထက် အများကြီး ပို အစွမ်းထက်နေသည်။
ယခုအချိန်တွင်၊ သူသည် နဂါးလက်သီးသိုင်း၏ စတုတ္ထမြောက် လက်သီးသိုင်းကွက်ကို အသုံးမပြုပါ၊ သူသည် ဤကျန်းဖန်ကို သတ်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။
"မင်းက အမှန်တကယ် သေဖို့ ထိုက်တန်တယ်”။
သို့သော်လည်း ယခုအချိန်တွင် ကျန်းဖန်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသည်။ သူ၏မျက်လုံးများမှ ငွေဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ဓားဆန္ဒသည် နေရာတိုင်းတွင် ချက်ချင်း ပေါက်ကွဲ သွားသည်။
ကျန်းဖန်၏ ဆံပင်များသည် ရှုပ်ပွနေပြီး ရူးသွပ်နေသော မြွေများကဲ့သို့ ကခုန်နေသည်။ သူ၏လက်ထဲတွင် ငွေရောင်ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး၊ သူသည် ချင်ယွင်ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း ဖိလှမ်းလာနေသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဓားဆန္ဒက ပို၍ သိပ်သည်းလာသည်။
ကမ္ဘာတစ်ခုလုံး မုန်တိုင်းများ ကျရောက်တော့မည်သကဲ့သို့ သူ၏နောက်တွင် အနက်ရောင် တိမ်မည်းများ ထွက်ပေါ်လာသည်။
"ဒါက ဓားတာအိုရဲ့ နိယာမတွေလား?" ကျန်းဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်ဘုံ၏ အရှိန်အဟုန်ကို မြင်သောအခါ ချင်ယွင်သည် အံ့အားသင့်သွားသည်။
သို့သော် ချင်ယွင်သည် သူ၏ ယခင်အတွေးများကို အမြန် ငြင်းဆန်လိုက်ပါသည်။ ယခုအချိန်တွင် ကျန်းဖန်အသုံးပြုနေသော အရာသည် ဓားတာအို၏ နိယာမများ မဟုတ်ဘဲ၊ ဓားတာအို၏ နိယာမနယ်ပယ်တစ်ပိုင်းမျှသာ ဖြစ်ပါသည်၊ အကြောင်းမှာ သူသည် ထိုခြေလှမ်းကို အမှန်တကယ် မလှမ်းနိုင်သေးသောကြောင့် ဖြစ်ပါသည်။ သူသည် သူ၏ခြေထောက်ကို မြှောက်ထားရုံသာ ရှိနေပါသေးသည်။ (ဤနေရာ၌ ဟောင်ခွန်သည် ဓားတာအို၏ ဓားနယ်မြေတစ်ပိုင်းကို နားလည်ထားသကဲ့သို့ ဤကျန်းဖန်သည်လည်း ဓားတာအို၏ နိယာမနယ်ပယ်တစ်ပိုင်းကို နားလည်ထားခြင်း ဖြစ်ပါသည်။ သူသည် နိယာမနယ်ပယ်ထဲ ဝင်ရောက်နိုင်ခြင်း မရှိသေးသော်လည်း သူ၏ခြေထောက်ကို မြှောက်ထားပြီးဖြစ်ကာ ခြေလှမ်းလိုက်ရုံသာ လိုပါတော့သည်။)။
သို့သော်လည်း ကျန်းဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဓားအငွေ့အသက်သည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းနေပါပြီ။
"မင်းက ငါ့အဝတ်စားတွေကို ညစ်ပတ်အောင် လုပ်ခဲ့တယ်။ ဒီနေ့ မင်း သေရမယ်"
ကျန်းဖန်သည် သူ၏ဓားကို ကိုင်လျက် ချင်ယွင်ဆီသို့ လျှောက်လှမ်းလာရင်း၊ ကျန်းဖန်၏ မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ သူ၏လက်ထဲရှိ ဓားစွမ်းအားသည် အဆက်မပြတ် လွှမ်းခြုံနေပြီး အလွှာတွေက လှိုင်းလုံးတွေကဲ့သို့ တစ်လွှာပြီးတစ်လွှာ ပေါင်းစပ်နေသည်။ ထိပ်ဆုံးအလွှာ၏ စွမ်းအင် အတက်အကျလှိုင်းများသည် လူတိုင်း၏နှလုံးကို အေးခဲသွားစေသည်အထိ ကြောက်မက်ဖွယ် ကောင်းသည်။
"ကြည့်ရတာ စတုတ္ထမြောက် လက်သီးကို အသုံးပြုရမယ့်ပုံပဲ။"
ချင်ယွင်သည် သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားကို ဖယ်ထုတ်လိုက်ရင်း၊ သူ၏ မျက်လုံးများတွင် ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော နဂါးဟိန်းဟောက်သံသည် သူ၏ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ရွှေရောင်နဂါးကြီးသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှ ပြေးထွက်လာပြီး သူ၏နောက်ဘက် ကောင်းကင်ယံသို့ ခုန်ပျံတက်သွားသည်။
ချင်ယွင်၏ ပါးပြင်နှစ်ဖက်သည် အထက်သို့ ရွေ့လျားသွားပြီး၊ သူ၏အသားအရေသည် အက်ကွဲလာသည်။ အက်ကွဲကြောင်းများကြားမှ ရွှေရောင်အကြေးခွံများ ပေါ်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်လာပုံရသည်။
ချင်ယွင်၏ ခန္ဓာကိုယ်ရှိ သွေးအနှစ်သာရသည် အဆက်မပြတ် တုန်ခါနေပြီး နဂါး၏ ဟိန်းဟောက်သံက အဆက်မပြတ် မြင့်တက်လာနေသည်။
"ငါက နဂါးနတ်ဘုရားတစ်ပါး ဖြစ်တယ်။ ငါက ကမ္ဘာကြီးကို ဖျက်ဆီးနိုင်တယ်။ နဂါးနတ်ဘုရားက ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်တယ်”
ချင်ယွင်က တိုးညှင်းစွာ အော်ကြွေးလိုက်သည်။ ကောင်းကင်ယံရှိ ရွှေရောင်နဂါးကြီး သည် နဂါးဟိန်းဟောက်သံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ၎င်းသည် နောက်ဆုံးတွင်၊ ချင်ယွင်၏ ကောင်းကင်စိတ်ဝိညာဉ်အလွှာ မှတဆင့် သွန်းလောင်း ချလိုက်ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့လေသည်။ ဤအခိုက်အတန့် တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် အနှိုင်းမဲ့ အစွမ်းထက်သော နဂါးကြီးတစ်ကောင်၏ ခမ်းနားထည်ဝါမူ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
"ဟမ့်၊ ငါ့ရဲ့ ပုန်းကွယ်နေသောလေဓားကို မင်းက ဘယ်လိုလုပ် လှုပ်ခါနိုင်မှာလဲ?။ ငါ့ရဲ့ ပုန်းကွယ်နေသော လေဓားက အင်မော်တယ်အားလုံးကို သတ်ဖြတ်နိုင်ပြီး အင်မော်တယ် အားလုံးကို ချေမှုန်းပစ်နိုင်တယ်ဆိုတာ ဒီနေ့ ငါ မင်းကို ပြောပြမယ်။" ကျန်းဖန်က ကျယ်လောင်စွာ အော်လိုက်ပြီးနောက် သူ၏လက်ထဲမှ ငွေရောင်ဓားက ချက်ချင်း တုန်ခါသွားပါသည်။
ထို့နောက် သူသည် သူ၏ဓားကို ကိုင်ဆောင်ပြီး ချင်ယွင်ကို အပြင်းအထန် ခုတ်ပိုင်းလိုက်သည်။ ကောင်းကင်နှင့်မြေကြီးသည် ဒေါသဖြစ်သွားသကဲ့သို့ ရုတ်တရက် မိုးခြိမ်းသံ ထွက်ပေါ်လာသည်။
ငွေရောင်ဓားအလင်းသည် လေဟာနယ်ကို ဖြတ်၍ စူးရှ တောက်ပနေသည်။
ချင်ယွင်သည် အကန့်သတ်မဲ့ ဓားအလင်းပါဝင်နေသော ဓားကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများတွင် လွှမ်းမိုးကြီးစိုးနေသော အငွေ့အသက်များ ဝင်းလက် တောက်ပ လာသည်။
သူ၏ရုပ်အသွင်က ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏လက်များကို လက်သီးအဖြစ် ဆုပ်လိုက်ကာ၊ သူ၏ခန္ဓာကိုယ်တစ်ကိုယ်သည် ပြိုင်ဘက်ကင်း ကိုယ်ဟန်အနေအထားတိုင်း ရှိနေခဲ့ပြီး၊ ရဲရင့်ပြတ်သားစွာဖြင့် ကျန်းဖန်၏ဓားကို ထိုးလိုက်လေသည်။
လက်သီးသည် ဓားထိပ်ဖျားနှင့် အပြင်းအထန် တိုက်မိပြီး ရွှေရောင်နှင့် ငွေရောင် အလင်းတန်းများက တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည်။
ပြင်းထန်သော ဉက္ကာပျံနှစ်ခု အချင်းချင်း တိုက်မိသကဲ့သို့၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ဓားသည် ပြင်းထန်သော အငွေ့အသက်နှစ်ခုကို ဖန်တီးဖြစ်ပေါ်စေ သည်။