← Chapters

အခန်း ၇၃၃

Vol. 49 Ch. 733

အခန်း ၇၃၃

Vol. 49 Ch. 733

အခန်း (၇၃၃) လျူရန်ယွင် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခြင်း

နိယာမများကို နားလည်သဘောပေါက်ခြင်းနှင့် ပတ်သက်၍ ယေဘုယျအားဖြင့် အဆင့်လေးဆင့် ခွဲခြားထားပါသည်။ ကနဦးဝင်ရောက်ခြင်းအဆင့်၊ နိယာမများ၏ သေးငယ်သောအောင်မြင်မူအဆင့်၊ နိယာမများ၏ ကြီးမားသောအောင်မြင်မှုအဆင့်နှင့် နိယာမများ ပြီးပြည့်စုံခြင်းအဆင့်တို့ ဖြစ်ပါသည်။

လေစွမ်းရည်ဖြစ်သည့် လျှပ်တပြက်မိုင်တစ်သောင်းနိယာမ၏ ပထမအဆင့်ဖြစ်သော ကနဦးဝင်ရောက်ခြင်းအဆင့်၏ သတ်မှတ်ချက်သည် မီတာတစ်သောင်းအမြန်နှုန်းကို ချက်ချင်း ရောက်ရှိနိုင်သည်။ နိယာမများ၏ သေးငယ်သော အောင်မြင်မူအဆင့်သည် တစ်ခဏအတွင်း ကီလိုမီတာတစ်ရာ အမြန်နှုန်းကို ရောက်ရှိနိုင်ပြီး၊ နိယာမများ၏ ကြီးမားသော အောင်မြင်မှုအဆင့်သည် တစ်ခဏအတွင်း ကီလိုမီတာ တစ်ထောင် အမြန်နှုန်းသို့ ရောက်ရှိနိုင်ပါသည်။ နိယာမများ ပြီးပြည့်စုံခြင်းသည် တစ်ခဏချင်းတွင် ကီလိုမီတာတစ်သောင်း အမြန်နှုန်းသို့ ရောက်ရှိနိုင်သည်။

တခဏအတွင်း၊ တယ်လီပို့စနစ်၏ အမြန်နှုန်းကို လုံးဝ အမီလိုက်နိုင်ခြင်း။ ဤသည်မှာ၊ အလွန် ကြောက်စရာကောင်းသော အမြန်နှုန်းတစ်ခု ဖြစ်နေပါသည်။

ဖီနစ်နေမြို့မှ လျူလီမြို့သို့ အကွာဝေးသည် ကီလိုမီတာ ၆၀၀၀ သာ ကွာဝေးပါသည်။ တစ်နည်းအားဖြင့်ဆိုရသော်၊ လေစွမ်းရည် နိယာမနယ်ပယ်မှာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသော ကျွမ်းကျင်သူတစ်ဦးသည် ဖီးနစ်နေမြို့မှ လျူလီမြို့သို့ မျက်စိ တစ်မှိတ်အတွင်း ရောက်ရှိသွားနိုင်ပါသည်။

“လျှပ်တပြက်မိုင်တစ်သောင်းနိယာမရဲ့ တိုက်ခိုက်မှုအမြန်နှုန်းက ဘာများဖြစ်မလဲ ဆိုတာ ငါ မသိသေးဘူး။" ချင်ယွင်က ပြုံးလိုက်သည်။

ထို့နောက်၊ သူသည် ချက်ခြင်းပင် လက်သီးတစ်ချက် ထိုးလိုက်ရာ လေဟာနယ်ထဲတွင် လက်သီးအမှတ်သားတစ်ခု ပေါ်လာသည်။

လက်သီးတစ်ရာ…။

ကောင်းကင်ယံ တစ်ပြင်လုံးတွင် လက်သီးရာတံဆိပ် ရိုက်နှိပ်ထားသည်ကို မြင်လိုက်ရစဉ်၊ ချင်ယွင်၏ မျက်နှာသည် စိတ်လှုပ်ရှားနေသည့် အမူအရာ ပေါ်လာသည်။

လျှပ်တပြက်အချိန်သည် အသက်တစ်ရှိုက်အချိန်သာ ဖြစ်ပါသည်။ ယခုလေးတင်၊ ချင်ယွင်သည် အသက်တစ်ရှိုက်အတွင်းမှာ လက်သီးချက်ရေ တစ်ရာအပြည့်ထိ ထိုးနှက်နိုင် ခဲ့သည်။ ချင်ယွင်၏ လက်သီးချက်သည် မည်မျှ မြန်ဆန်သည်ကို တွေးကြည့်နိုင်သည်။

အကယ်၍ သူသည် လျှပ်တပြက်မိုင်တစ်သောင်း၏ နိယာမများကို နားလည်ထားခြင်း မရှိပါက၊ သူသည် အသက်တစ်ရှိုက်အတွင်း အများဆုံး အကြိမ်တစ်ရာမျှသာ ထုတ်ဖော် နိုင်ပါသည်။

ဘန်း….။

ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို တစ်ဖန်ထုတ်ကာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဓားရိပ်များသည် ကောင်းကင်ယံမှ ပျံ့နှံ့ထွက်ပေါ်လာပြီး အဝေးမှ ကြီးမားသော ကျောက်တုံးကြီးသည် လူ့ပုံစံကျောက်ရုပ်ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲ သွားသည်။

ချက်ချင်းပင်၊ ချင်ယွင်၏ မျက်နှာသည် တောက်ပသော အပြုံးများဖြင့် ပြည့်နေသည်။

အကယ်၍၊ သူသည် ယခုအချိန်တွင် ကျန်းဖန်ကို ထပ်မံ ရင်ဆိုင်ရမည်ဆိုလျှင်၊ သူ၏ ဓားသိုင်းပညာရပ်သည် သူ့လောက် အစွမ်းမထက်သော်လည်း၊ ယခုလို အမြန်နှုန်း ဖြင့်ဆို၊ သူသည် ကျန်းဖန်ကို သူ၏ဓားအောက်မှ လုံးလုံး ပိုင်းဖြတ်နိုင်ပါသေးသည်။

ဤသည်မှာ လျှပ်တပြက်မိုင်တစ်သောင်းနိယာမ၏ လျှို့ဝှက်ချက် ဖြစ်ပါသည်။ ရွေ့လျားမှုအမြန်နှုန်းပဲ ဖြစ်ဖြစ် သို့မဟုတ် တိုက်ခိုက်မှုအမြန်နှုန်းပဲ ဖြစ်ဖြစ်၊ ၎င်းတို့သည် ချက်ချင်းဆိုသလို အရှိန်ဟုန်ပြင်းပြင်းဖြင့် မြင့်တက်သွားနိုင်ပါသည်။

သူ၏လေစွမ်းရည်နိယာမသည် နိယာမများ၏ ကြီးမားသော ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားချိန်မှာ၊ သူသည် ဓားအချက်ရေ တစ်သိန်းကို ချက်ချင်း ထုတ်ဖော်နိုင်မည် ဖြစ်ပါသည်။ ထိုအဆင့်သို့ ရောက်မှသာ သူသည် ကောင်းကင်နှင့် မြေကြီးကို အမှန်တကယ် ဖျက်ဆီးနိုင်မည် ဖြစ်ပါသည်။

ကမ္ဘာ၏ တိုက်ခိုက်မှုများသည် လျင်မြန်ပြီး မပြိုကွဲနိုင်သော အချက်သည်ပင် ဤနိယာမများ၏ တိကျသေချာသော အခြေခံစည်းမျဉ်း ဖြစ်ပါသည်။

အကယ်၍ သူသည် ရှေးဟောင်း ဖရိုဖရဲ တွန့်လိမ်ခြင်း နိယာမကို ထပ်မံ နားလည် နိုင်မည်ဆိုလျှင်၊ ပို၍ပင် ကြောက်စရာကောင်းလာပေလိမ့်မည်။ အလွန်အမင်း မြန်ဆန်သော အမြန်နှုန်းနှင့် ကြောက်မက်ဖွယ်ကောင်းသော ဖြတ်တောက်ခြင်း စွမ်းအားကို ပေါင်းစပ်ခြင်းဖြင့် ဤအရာသည် အဆုံးစွန်သော အစစ်အမှန် သတ်ဖြတ်ခြင်း နည်းစနစ်တစ်ခု ဖြစ်လာပါလိမ့်မည်။

ဟုတ်ပါသည်။ သူ၏ လက်ရှိစွမ်းအားဖြင့်၊ သူသည် အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများကို မယှဉ်နိုင်သေးသော်လည်း၊ သူ၏ ပြိုင်ဘက်သည် အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူဖြစ်နေလျှင်ပင် သူ့ကို သတ်ဖို့ မလွယ်ကူတော့ပါဘူး။

"ရန်ယွင်နဲ့ တခြားသူတွေ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရမယ့် အချိန်ရောက်ပြီ။" ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လျူရန်ယွင်သည် ချင်ယွင်၏ ရှေ့မှာ ပေါ်လာသည်။

အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲတွင် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်မည့်လူ လူခုနစ်ယောက်ရှိနေသောကြောင့် ချင်ယွင်သည် သူတို့အားလုံးကို ချက်ချင်း မခေါ်ထုတ်နိုင်ပေ။ ထိုသို့မဟုတ်ဘဲ၊ သူတို့ ခုနစ်ယောက်သည် ကပ်ဘေးဒုက္ခကို အတူတကွ ဖြတ်ကျော်မည်ဆိုလျှင်၊ အချင်းချင်း အပြန်အလှန် အနှောင့်ယှက် ဖြစ်ကြမည်မှာ သေချာပါသည်။ ထိုသို့ဆိုလျှင်၊ ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ တန်ခိုးအစွမ်းသည် အလွန်ကြီးမားပေလိမ့်မည်။

ထို့အပြင် ၎င်းတို့ ခုနစ်ဦးသည် ကပ်ဘေးဒုက္ခကို အတူတကွ ဖြတ်ကျော်ခြင်းကြောင့် ဖြစ်ပေါ်လာသော အရှိန်အဟုန်သည် ကြီးမားမည်မှာ သေချာပါသည်။ ထိုအချိန်တွင်၊ ၎င်းသည် ပတ်ဝန်းကျင်ရှိ အင်အားစုများ၏ အာရုံစူးစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်ပြီး မလိုလားအပ်သော ပြဿနာများကို ဆွဲဆောင်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် သူတို့အား ကပ်ဘေးဒုက္ခကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်ခွင့်ပေးခြင်းက ပိုကောင်းသည်ဟု ခံစားခဲ့ရသည်။

"ယွင်အာ၊ ဒါက အင်မော်တယ်ကမ္ဘာလား?" လျူရန်ယွင်သည် ပြင်ပကမ္ဘာမှာ ပထမဆုံး အကြိမ် ထွက်ပေါ်လာခြင်း ဖြစ်ပြီး သူမ၏ လှပသော မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအရာ ပေါ်လာပါသည်။

"အင်း…၊ ရန်ယွင်၊ မင်းရဲ့ ကောင်းကင်ကပ်ဘုံကပ်ဘေးဒုက္ခက ထွက်ပေါ်မလာသေးခင် အချိန်တစ်ခု ကြာဦးမယ်။ မင်းရဲ့အခြေအနေကို ချိန်ညှိပြီး၊ မင်းအနေနဲ့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင်လုပ်ဖို့ ဒီအချိန်ကို အရင်ဆုံး အသုံးပြုသင့်တယ်။" ချင်ယွင်က လျူရန်ယွင်ကို ပြောသည်။

"အင်း…, ယွင်အာ… စိတ်မပူပါနဲ့။ စီနီယာရှဖန်းရဲ့ လမ်းညွှန်မှုနဲ့၊ ဒီ အင်မော်တယ် အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို သေချာပေါက် ကျော်လွှားနိုင်မှာပါ။" လျူရန်ယွင်က ချင်ယွင်ကို ပြုံးပြီး ပြောသည် ။

ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ လျူရန်ယွင်က သူ စိတ်ပူနေမှာ စိုးရိမ်နေမှန်း သူ သိပါသည်။ ထို့ကြောင့် ယခုလိုစကားမျိုး သူပြောခဲ့တာ။ တကယ်တော့၊ လျူရန်ယွင် သည် ယုံကြည်မှုရှိသော်လည်း၊ ဤသည်မှာ၊ သူမသည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ပထမဆုံးအကြိမ် ဖြတ်ကျော်ခြင်း ဖြစ်သည်။ သူမသည် အနည်းနှင့်အများ စိုးရိမ်နေပါ လိမ့်မည်။

တကယ်တော့ ချင်ယွင်လည်း တွေးကြည့်ဖူးသည်။ အကယ်၍၊ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို ရင်ဆိုင်နေချိန် ပြဿနာတစ်ခုခုရှိလာမည်ဆိုလျှင်၊ သူသည် လျူရန်ယွင်၏ အနားတွင် ချက်ချင်းပေါ်လာပြီး၊ သူမကို ကနဦးစကြဝဠာထဲကို ထည့်ထားရလိမ့်မည်။

သူတို့သည် ကနဦးစကြဝဠာထဲသို့ ဝင်လိုက်သည်နှင့်၊ ကောင်းကင်ဘုံကပ်ဘေးဒုက္ခ သည် လျူရန်ယွင်၏ တည်ရှိမှုကို ခံစားနိုင်လိမ့်မည် မဟုတ်တော့ပေ။ ထို့သို့ဆိုလျှင်၊ သဘာဝအတိုင်းဆို အန္တရာယ်ရှိတော့မှာ မဟုတ်ပါဘူး။

သို့သော်လည်း ဤနည်းဖြင့် လျူရန်ယွင်သည် ဤစကြဝဠာကြီးထဲတွင် ထွက်ပေါ်လာနိုင်မည် မဟုတ်တော့ချေ။ သူမ တစ်ဖန်ပြန်ပေါ်လာသည်နှင့် ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားကြောင့် သူမသည် ရက်စက်စွာ ချေမှုန်းခြင်း ခံရလိမ့်မည်။

ဟုတ်ပါသည်။ ဤအရာသည် သူတို့၏စိတ်ဝိညာဉ်တွေကို ဆုံးရှုံးသွားသည်ထက် အများကြီး ပိုကောင်းပါသည်။ သူ၏ အမျိုးသမီး သုံးယောက်ဘဲဖြစ်ဖြစ်၊ ရှောင်ဘိုင်၊ ရှောင်ကျင်းတို့ဘဲ ဖြစ်ဖြစ်၊ ချင်ယွင်သည် သူတို့နှင့်ပတ်သက်ပြီး မည်သည့် မတော်တဆ မှုမျိုးမှ အဖြစ်မည်မဟုတ်ဘူးဆိုသည်မှာ သေချာပါသည်။ ထို့ကြောင့်၊ ချင်ယွင်သည် သူတို့အား ကပ်ဘေးဒုက္ခကို တစ်ယောက်ပြီး တစ်ယောက် ဖြတ်ကျော်ရန် ရွေးချယ်ခိုင်းရသည့် အကြောင်းရင်းလည်း ဖြစ်ပါသည်။

လျူရန်ယွင်သည် မည်သည့်စကားမှ မပြောတော့ဘဲ လေဟာနယ်ထဲမှာ တင်ပျဉ်ခွေ ထိုင်ကာ သူမ၏ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နိုင်မည့် အခြေအနေကို ချိန်ညှိ နေလိုက်ပါသည်။

လျူရန်ယွင်သည် အချိန်တိုအတွင်း ကျင့်ကြံခဲ့ရတစ်ဦး ဖြစ်သော်လည်း၊ သူမ၏ အခြေခံ အုတ်မြစ်သည် အလွန်ခိုင်မာသည်ဟု ဆိုရမည် ဖြစ်သည်။ ထို့အပြင်၊ ချင်ယွင်သည် အမျိုးသမီးသုံးဦး၏ ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်ကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုထားခဲ့သဖြင့် အမျိုးသမီး သုံးဦး၏ ရုပ်ခန္ဓာကိုယ် ခွန်အားသည် သာမန် အထွတ်အထိပ်အဆင့် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူများထက် သာလွန်ပြီး၊ အစောပိုင်းအဆင့် မြေကမ္ဘာအင်မော်တယ် နယ်ပယ်နှင့်ပင် နှိုင်းယှဉ်နိုင်နေပါပြီ။

သူတို့အထဲမှာ၊ ချန်မင်ရှီ၏ ခွန်အားဆိုလျှင်၊ မြေကမ္ဘာ အင်မော်တယ် နယ်ပယ် အလယ်လတ်အဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီးဖြစ်ကာ၊ သာမန် အင်မော်တယ်အသွင် ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခြင်းသည် သူမအတွက် သဘာဝအတိုင်း ပြဿနာ မရှိတော့ပါဘူး။

ကောင်းကင်ဘုံ၏ ကောင်းကင်တန်ခိုးစွမ်းအားသည် ဆက်လက် ကျဆင်းလာနေပြီး ချင်ယွင်၏ ရုပ်အသွင်ပြင်သည်လည်း ဆယ်မိုင်အကွာအထိ တိတ်တဆိတ် ဆုတ်ခွာ သွားခဲ့သည်။ သို့သော် ချင်ယွင်၏ အကြည့်များသည် လျူရန်ယွင်အပေါ်မှ ရုတ်သိမ်းခြင်း မရှိခဲ့ပေ။

ဆယ်ကီလိုမီတာသည် လုံခြုံသော အကွာအဝေး ဖြစ်ပါသည်။ အကယ်၍၊ ပြဿနာ တစ်ခုခု ရှိလာလျှင်၊ ချင်ယွင်သည် ဖြစ်ဖြစ်ချင်းအချိန်မှာ အမြန်ဆုံး ရောက်ရှိပြီး လျူရန်ယွင်ကို ကယ်တင်မည်ဟု အာမခံနိုင်သည်။

“ဘုန်း.”

ပြင်ဆင်ချိန် နှစ်နာရီကြာပြီးနောက် ကောင်းကင်ကပ်ဘေးဒုက္ခသည် နောက်ဆုံးတွင် ဆင်းသက်လာခဲ့သည်။

၎င်းသည် လက်မအရွယ် ခရမ်းရောင် မိုးကြိုးလေးတစ်ခုဖြစ်ကာ၊ ကောင်းကင်မှ ဆင်းသက်လာပြီး လျူရန်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားပါသည်။

ထိုအချိန်တွင် လျူရန်ယွင်သည် ရုတ်တရက် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ရင်း၊ ကောင်းကင်ယံမှ ဆင်းသက်လာသော ခရမ်းရောင် လျှပ်စီးကို တွေ့လိုက်ရသည်။ အကန့်အသတ်မရှိသော အစစ်အမှန် အနှစ်သာရ အများပြားက သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူမ၏ အ၀တ်စားများပင် တဖျတ်ဖျတ် လှုပ်ခတ်သွားစေသည်။

လျူရန်ယွင်သည် သူမ၏ သေးသွယ်သော ကျောက်စိမ်းလက်ကို ဆန့်ထုတ်လိုက်ပြီး၊ သူမ၏ အစစ်အမှန် အနှစ်သာရနှင့် ထိပ်တိုက်တွေ့ဆုံစေကာ ခရမ်းရောင် လျှပ်စီးကြောင်းကို အလွယ်တကူ တားဆီးလိုက်သည်။

ချင်ယွင်သည် အတင့်ရဲလွန်းသော လျူရန်ယွင်၏ ပထမဆုံး လျှပ်စီးကပ်ဘေးဒုက္ခကို လွယ်ကူစွာ တားဆီးထားသည်ကို ကြည့်ရင်း သူ၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ချက် ပေါ်လာသည်။

လျူရန်ယွင်သည် နောက်ထပ် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ငါးခုကို သူမ၏ အစွမ်းထက်သော အစစ်အမှန် အနှစ်သာရဖြင့် အလွယ်တကူ ပိတ်ဆို့ထားနိုင်ခဲ့သည်။

သတ္တမမြောက် ကောင်းကင်ကပ်ဘေးဒုက္ခကြီး ထွက်ပေါ်လာသည့်အချိန်မှသာ လျူရန်ယွင်သည် အင်မော်တယ်ဓားတစ်ချောင်းကို ထုတ်ဖော်လိုက်သည်။ သူမသည် တစ်ချက် ခုတ်ပိုင်းလိုက်ခြင်းဖြင့် ဓားအလင်းသည် လျှပ်စီးကြောင်းကို နှစ်ခြမ်းခွဲ ပစ်လိုက်သည်။

လျူရန်ယွင်သည် အဋ္ဌမမြောက် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို အလွယ်တကူ ပိတ်ဆို့ထားဆဲပင်။

အဋ္ဌမမြောက် လျှပ်စီးကြောင်းသည် လျူရန်ယွင်၏ အဝတ်ထောင့်စွန်းကိုပင် မထိခဲ့ပေ။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သော အမူအရာကို ထုတ်ဖော်မိ သည်။ အထူးသဖြင့် ဤနဝမမြောက် ကောင်းကင်ကပ်ဘေးဒုက္ခသည် နှလုံးသား နတ်ဆိုး ကပ်ဘေးဒုက္ခဖြစ်ပြီး၊ အပြင်းထန်ဆုံးသော ကောင်းကင်ဘုံကပ်ဘေးဒုက္ခကြီး ဖြစ်ပါသည်။ ထိုအချိန်တုန်းက သူသည် ၎င်းကို မဖြတ်ကျော်နိုင်လုနီးပါး ဖြစ်ခဲ့ရပြီး၊ ဤနှလုံးသားနတ်ဆိုး ကပ်ဘေးဒုက္ခအောက်တွင် သေဆုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။

သို့သော် နဝမမြောက် ကောင်းကင်ကပ်ဘေးဒုက္ခကြီး ဆင်းသက်လာသောအခါတွင် လျူရန်ယွင်သည် နှလုံးသားနတ်ဆိုးကပ်ဘေးဒုက္ခ ဒဏ်ကို ခံစားရပုံမပေါ်ဘဲ၊ သူမ၏မျက်လုံးများသည် အစမှအဆုံးအထိ အနှိုင်းမဲ့ ရှင်းလင်းကြည်လင်နေခဲ့သည်။

လျူရန်ယွင်သည် သူမ၏ဓားကို အလျင်စလို ခုတ်ပိုင်းလိုက်ပြီး နဝမမြောက် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို အချည်းနှီးအဖြစ်သို့ အလွယ်တကူ ပြောင်းလဲပစ်လိုက် ကာ၊ လျူရန်ယွင်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့ပါသည်။

ချင်ယွင်သည် ခပ်ဝေးဝေးတွင် ရပ်နေရင်း သူ၏မျက်နှာသည် စိတ်လှုပ်ရှားမူနှင့်အတူ အံ့သြမှုများဖြင့် ပြည့်နေခဲ့သည်။ လျူရန်ယွင်သည် အင်မော်တယ်အသွင်ကူးပြောင်း ခြင်း ကပ်ဘေးဒုက္ခကို အမှန်တကယ် အလွယ်တကူ ကျော်လွှားနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လျူရန်ယွင်၏ ကောင်းကင်ကပ်ဘေးဒုက္ခသည် ချင်ယွင်ထက် အဆပေါင်းများစွာ အားနည်းသော်လည်း၊ လျူရန်ယွင်သည် ဒဏ်ရာလုံးဝ မရရှိခဲ့ပေ။ ဤအရာကပင်၊ အရမ်းခက်ခဲသော ကိစ္စတစ်ခု ဖြစ်နေပါပြီ။

All Chapters