အခန်း ၇၃၄
Vol. 49 Ch. 734
အခန်း (၇၃၄) လှပခြင်းနှင့် သက်ဝင်လှုပ်ရှားမူများ။
ဘန်း…။
ကောင်းကင်ယံတွင် တိမ်တိုက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ခုနစ်ရောင်ခြယ် ကောင်းချီးပေးခြင်း တိမ်တိုက်များသည် ကောင်းကင်ယံမှ လှိမ့်ဆင်း လာခဲ့ပါသည်။
ရွှေရောင်အလင်းတန်းများသည် ကောင်းချီးပေးခြင်း ကောင်းကင်တိမ်တိုက်များမှ လင်းလက်တောက်ပ ပြီးဆင်းသက်လာကာ လျူရန်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ထွန်းလင်း တောက်ပနေသည်။
ချက်ချင်းပင်၊ လျူရန်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သန့်ရှင်းသော အလင်းရောင်ကို ထုတ်လွှတ်နေပြီး သူမခန္ဓာကိုယ်တစ်ခုလုံးသည် အင်မော်တယ် စွမ်းအင်များဖြင့် ကောင်းချီးခံနေပုံရသည်။
လျူရန်ယွင်၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် ဆက်လက်၍ ထက်ရှလာခဲ့ပြီး၊ သေမျိုးခန္ဓာကိုယ်အဖြစ်မှ အင်မော်တယ် ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲလာသည်။ သူမ၏ နဂိုက လှပပြီး လှုပ်ရှားသက်ဝင်နေသော မျက်နှာလေးသည် ယခုဆို ပို၍ပင်၊ ပြီးပြည့်စုံလာပါပြီ။
လေတစ်ချက် တိုက်ခတ်ရုံဖြင့် ကျိုးပဲ့သွားနိုင်သည့် အရေပြားသည် မွေးကင်းစ ကလေးငယ်ကဲ့သို့ နူးညံ့ပြီး ဖြူစင်လာသည်။ သူ၏ခန္ဓာကိုယ်၏ စိတ်နေစိတ်ထားလည်း တစ်စထက်တစ်စ ပြောင်းလဲလာပါသည်။ ထိုအခိုက်တွင်၊ မူလကဖြစ်ပေါ်နေသော သေမျိုးအငွေ့အသက်သည် ရွှေရောင်အလင်းတန်းအောက်၌ လုံးဝ လွင့်စင်သွားလေ သည်။
ဤမြင်ကွင်းကို မြင်လိုက်ရလျှင်၊ ချင်ယွင်၏မျက်လုံးတွေက ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ချက်ချင်း တောက်ပလာခဲ့သည်။ အထူးအခြေနေ ဖြစ်နေခြင်းကြောင့်သာ၊ မဟုတ်ပါက၊ ချင်ယွင်သည် ရှေ့သို့ အပြေးအလွှား ပြေးသွားကာ လျူရန်ယွင်ကို သူ၏ရင်ခွင်ထဲသို့ ဆွဲယူပွေ့ဖက်ပြီး သူမ၏ ပျော့ပျောင်းပြီး လှုပ်ရှားသက်ဝင်နေသော ပါးပြင်လေးကို ပြင်းပြင်းထန်ထန် နမ်းမိပေလိမ့်မည်။
လှသည်၊ တကယ်ကို လှပလွန်းပါသည်။
လျူရန်ယွင်၏ လက်ရှိရုပ်ရည်အသွင်ပြင်နှင့်ဆို၊ သူမသည် အင်မော်တယ်ကမ္ဘာမှာပင် ကမ္ဘာကြီးကို လှုပ်ခါနိုင်စွမ်း ရှိသည်ဟု ချင်ယွင် ယုံကြည်သည်။
ရွှေရောင်အလင်းတန်းဖြင့် နာရီဝက်ကြာအောင် ကောင်းချီးပေးမူကို ခံယူပြီးနောက်၊ လျူရန်ယွင်သည် နောက်ဆုံးတွင် ရွှေရောင်အလင်းတန်းဖြင့် ကောင်းချီးခံယူခြင်း ပြီးဆုံးသွားသည်။
ဝှီး…။
လျူရန်ယွင်၏ ရုပ်အသွင်ပြင်သည် အဝေးမှ ပျံသန်းလာပြီး ချင်ယွင်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ချင်ယွင်သည် သူ၏ရင်ခွင်ထဲသို့ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေး ဝင်ရောက် လာသောအခါတွင်၊ မကြုံစဖူး ထူးကဲသော ရနံ့တစ်ခု ချက်ချင်း ခံစားလိုက်ရသည်။ ဤသည်မှာ လျူရန်ယွင်၏ ထူးခြားသော ခန္ဓာကိုယ်ရနံ့ ဖြစ်ပါသည်။ အင်မော်တယ် အလင်းရောင်ဖြင့် ကောင်းချီးပေးခြင်း ခံယူပြီးနောက်၊ သူမကိုယ်ခန္ဓာ၏ ကိုယ်သင်း ရနံ့သည် ပို၍ ထူထဲလာသည်။
ချင်ယွင်သည် ဤထူထပ်ပြီး မွှေးကြိုင်သောရနံ့ကို ရှူရှိုက်မိစဉ်၊ ချင်ယွင်သည် မထိန်းနိုင်ဘဲ မူးဝေလာသည်။ လျူရန်ယွင်၏ ခါးပေါ်ရှိ သူ၏လက်သည် နာခံမှုမရှိစ ပြုလာသည်။
"ယွင်အာ၊ ငါ လှတယ်မလား?" လျူရန်ယွင်သည် သူမ၏မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိ သော အပြုံးဖြင့် ချစ်စဖွယ်ကောင်းစွာ ပြုံးပြလိုက်သည်။
"လှတယ်၊ အရမ်းလှတယ်။" ချင်ယွင်လည်း ရိုးသားစွာ ချီးကျူးလိုက်သည်။
ချင်ယွင်၏ ချီးမွမ်းသံကို ကြားတော့ လျူရန်ယွင်သည် ပျားရည်စားသလို ခံစားလိုက်ရ သည်။ သူမနှုတ်ခမ်းစွန်းက ချင်ယွင်၏နားရွက်ကို ဖိကပ်ထားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည် "ယွင်အာ၊ ငါ မင်းနဲ့ ကလေးယူချင်တယ်၊ မင်း ဒီည ငါ့ကို လာရှာလို့ရမလား?"
ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တောင့်တင်းသွားသည်။ လျူရန်ယွင်၏ စကားများက ချင်ယွင်၏ ခန္ဓာကိုယ်ကို မိုးကြိုးတစ်သိန်း ထိမှန်ခြင်းနှင့်တူပြီး ချင်ယွင်၏ ခေါင်းကို တိုက်ရိုက် လောင်ကျွမ်းစေခဲ့သည်။
တခြား အမျိုးသမီးနှစ်ယောက်နှင့် ရှောင်ဘိုင်တို့ကို ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခွင့်၊ ပြုရမှာကြောင့်သာ။ ထို့သို့မဟုတ်ပါက၊ "ဒါဆိုလည်း ငါတို့ ဘာကို စောင့်နေမှာလဲ?။ အခုပဲ ကလေးယူကြရအောင်"ဟုပင် ချင်ယွင် ပြောမိလောက်သည်။
လျူရန်ယွင်သည် နောက်ပိုင်းတွင် ချင်ယွင်၏ မျက်နှာပေါ်ရှိ ထူးဆန်းသော အမူအရာကို မြင်သောအခါ သူမ၏ ပန်းပွင့်များနှင့် အကိုင်းအခက်များအားလုံး တုန်ခါသွားသည်အထိ သူမသည် ချက်ချင်း ရယ်မောကြသည်။
"ကောင်းပြီ၊ အခု ငါ မင်းကို ကတိပေးရင်တောင်၊ ညီမရန် နဲ့ ညီမချန်တို့က မင်းကို အလွတ်ပေးမယ် မထင်ဘူး။ မင်း သူတို့ကို အရင်ဆုံး ထွက်လာခိုင်းလိုက်ပါ။ သူတို့လည်း မစောင့်နိုင်တော့ဘူး။" လျူရန်ယွင်သည် ချင်ယွင်၏ မျက်နှာကို အနီရောင် နှုတ်ခမ်းများဖြင့် နမ်းလိုက်ပြီး ချစ်စရာကောင်းစွာ ပြုံးလိုက်သည်။
"ဒီကိစ္စ ပြီးတာနဲ့၊ ရန်ယွင်၊ ငါတို့ ကလေးတစ်ယောက် ဖန်တီးဖို့ အခွင့်အရေး ရှာရအောင်" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
လျူရန်ယွင်သည် မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် ခေါင်းညိတ်သည်။ သူမ စကားပြောခါနီးတွင် ရုတ်တရက် အသံတစ်ခုကြောင့် အနှောင့်အယှက် ဖြစ်သွားခဲ့ရ သည်။
"ခင်ပွန်း၊ နင်က ငါ့ကို နောက်ကျောမှာပစ်ထားပြီး၊ အစ်မကြီးလျူကို တီးတိုးပြောနေ တယ်ပေါ့။ ဘာလဲ ကလေးယူချင်တယ်ဆိုလား။ ဟမ့်၊ ငါ ကြားတယ်နော်" ရန်စီချီသည် ချင်ယွင်၏ ရှေ့မှာ ရုတ်တရက် ပေါ်လာပြီး ချင်ယွင်နှင့် လျူရန်ယွင်တို့ကို ဆိုးသွမ်းသော အပြုံးဖြင့် ထောက်ပြသည်။
ရန်စီချီသည် အင်မော်တယ်ဘုရင်၏စံအိမ်ကြီးထဲတွင် မစောင့်နိုင်တော့ဘဲ၊ လျူရန်ယွင် သည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးသည်နှင့် ရှဖန်းအား သူမကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
ရှဖန်းသည် ချင်ယွင်နှင့် လျူရန်ယွင်တို့အတွက် အချိန်အချို့ကို ရည်ရွယ်ချက်ရှိရှိ ဆွဲထားသေးသော်လည်း၊ နောက်ဆုံးတွင် ရန်စီချီ၏တောင်းဆိုမှုကို မခံနိုင်တော့သဖြင့် သူမကို ကြိုလွှတ်ပေးလိုက်ရသည်။
ရန်စီချီ၏ စကားကိုကြားတော့ လျူရန်ယွင်၏ မျက်နှာသည် ချက်ချင်းပင် နီမြန်းနေပြီး၊ နီမြန်းသွားသော်လည်း ယင်းက သူမကို ပိုမိုလှပလာပြီး သက်ဝင်လာစေသည်။
"ဒါဆို မင်းကရော ငါနဲ့ ကလေးမွေးချင်လို့လား?" ချင်ယွင်သည် နှုတ်ခမ်းစူနေသော ရန်စီချီကို ကြည့်လိုက်သည်။ သူ၏မျက်နှာက အရှက်ကင်းမဲ့နေရုံသာမက၊ ယင်းအစား၊ သူမကိုပင် တိုက်ရိုက် ကျီစယ်လိုက်သည်။
"ဟမ့်၊ ခင်ပွန်း၊ လူဆိုး၊ ငါ မင်းနဲ့ စကားမပြောတော့ဘူး။" ချင်ယွင်၏ စကားကို ကြားသောအခါ၊ ရန်စီချီ၏ မျက်နှာက နီရဲသွားသည်။ သူမသည် အကြောင်းအရာကို အမြန် ပြောင်းလိုက်ပြီး ပြောသည် "ဝိုး..။ အစ်မကြီးလျူ၊ မင်းက အရမ်းလှသွားပါလား။ မင်းရဲ့ခင်ပွန်းက သွားရည်တမြားမြားကျပြီး မြေပြင်ပေါ် စိုရွှဲနေတာ အံ့သြစရာ မရှိတော့ပါဘူး။ ငါလို မိန်းမတစ်ယောက်တောင် အစ်မကြီးလျူကို တွေ့လိုက်ရတော့၊ အရမ်း စိတ်လှုပ်ရှားသွားတယ်"
ရန်စီချီသည် ရိုးသားစွာ သက်ပြင်းချလိုက်မိသည်။ ထိုအချိန်တွင် သူမသည် လျူရန်ယွင် မှင်သက် အံ့ဩသွားသည်ကို သတိမထားမိလိုက်ဘဲ၊ သူမ၏ လှပသော မျက်နှာသည် အံ့အားသင့်နေသည့် အမူအရာတစ်ခုကို ပေါ်လွင်စေသည်။
"မင်း၊ မင်းရဲ့ ပါးစပ်က ချိုသာလိုက်တာ။ မင်း ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးတာနဲ့ မင်းလည်း အရမ်းကို လှလာလိမ့်မယ်။ မင်း အမြန်ထပြီး ပြင်ဆင် သင့်တယ်။" လျူရန်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
"တကယ်လား၊ ဒါဆို ငါလည်း ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ချင်တယ်။ ငါ့ခင်ပွန်းလည်း ငါ့အတွက် သွားရည်တမြားမြား ကျစေချင်တယ်။" ရန်စီချီသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ခုန်တက်လိုက်ပြီး အကွာအဝေးတွင် လွင့်မျောနေကာ သူမ၏ အခြေအနေကို ဂရုတစိုက် ချိန်ညှိလိုက်သည်။
ချင်ယွင်နှင့် လျူရန်ယွင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ကူကယ်ရာမဲ့ ပြုံးလိုက်ကြသည်။
ရန်စီချီ၏ မူလကတည်းက တက်ကြွပြီး ရွှင်လန်းသော စိတ်နေသဘောထားသည် ချင်ယွင်၏ နောက်ကို လိုက်ပါပြီးနောက် ပို၍ပင် နာခံပြီး ချစ်စရာကောင်းလာသည်။ သို့သော် သူမသည် ရံဖန်ရံခါ ကယောင်ကတမ်း ဆင်ခြင်မဲ့ ပြုမူတတ်သည်။ ဤသည်က ချင်ယွင်ကို ဆွဲဆောင်နိုင်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်သည်။
လျူရန်ယွင်၏ နူးညံ့သိမ်မွေ့မှု၊ ချန်မင်ရှီ၏ အေးစက်မှုနှင့် ကျန်းရွှန်ရှင်း၏ အထိန်းအကွပ်မဲ့သည့် နှလုံးသားမျိုးကို သူမ မသင်ယူနိုင်ခဲ့ပေ။
ထို့ကြောင့်၊ သူမသည် ချင်ယွင်ရှေ့မှာ မျက်နှာသာရရှိစေရန်အတွက် သူမ၏ မူလကတည်းက တက်ကြွသော စိတ်နေသဘောထားကို ချင်ယွင်အား ပိုမို ရှင်းလင်းစွာ ပြသချင်ခဲ့သည်။
ရန်စီချီသည် သူမ၏စိတ်ထဲတွင် မည်သို့ တွေးနေသနည်းဆိုသည်ကို ချင်ယွင်အနေဖြင့်၊ မည်သို့ မသိဘဲရှိမည်နည်း?။ ရန်စီချီသည် သူ၏ရှေ့မှာ ပို၍သွက်လက်စွာ ပြုမူလိုက်တိုင်း သူသည် သူမကို အချစ်ပိုပြရလိမ့်မည်။
ချင်ယွင်တွင် ရုတ်တရက် မိန်းမလေးယောက် ရှိလာခဲ့ပြီး၊ သူသည် သူမအပေါ် အများကြီး အကြွေးတင်နေပြီ ဖြစ်သည်။ သူမသည် သူ့ကို စိတ်ကျေနပ်အောင် အရမ်း ကြိုးစားနေသည်ကို မြင်လိုက်ရတော့၊ ချင်ယွင်သည် မည်သို့ မတုန်လှုပ်ဘဲ နေနိုင်တော့မည်နည်း?။
ဟုတ်ပါသည်။ သူ၏နောက်ကျောတွေက အသားတွေနှင့် ပြည့်နေပါသည်။ အမျိုးသမီးလေးယောက်သည် သူ့အတွက် တန်းတူရည်တူ အရေးကြီးပါသည်။ ချင်ယွင်သည်လည်း သူ၏အချစ်တွေ အညီအမျှ ပေးပါလိမ့်မည်။ အကယ်၍, မတရားမှုတွေ ရှိလာခဲ့လျှင်ပင်၊ သူသည် သူမတို့ကို အချိန်မီ လျော်ကြေးပေးပါ လိမ့်မည်။ သူမတို့ထဲမှ မည်သည့်တစ်ယောက်ကိုမှ ဆုံးရှုံးနစ်နာမှုတွေ ခံစားခွင့် လုံးဝ မပေးဘူး။
မကြာခင်မှာ ကောင်းကင်ကပ်ဘေးဒုက္ခသည် ကျဆင်းလာခဲ့သည်။ ရန်စီချီသည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေခဲ့သည်။ ပထမဆုံး ကောင်းကင်ကပ်ဘေးဒုက္ခမှ ကိုးကြိမ်မြောက် ကောင်းကင်ကပ်ဘေးဒုက္ခ အဆုံးအထိ၊ ရန်စီချီသည် လျူရန်ယွင် ကဲ့သို့ အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့သည်။ နောက်ဆုံး နှလုံးသားနတ်ဆိုး ကပ်ဘေးဒုက္ခသည်ပင်လျှင် အတူတူပင် ဖြစ်သည်။ ရန်စီချီကို နည်းနည်းလေးမှ မထိခိုက်စေခဲ့ပါဘူး။
ချင်ယွင်သည် အလွန် အံ့ဩသွားရသည်။ အဆုံးမှာတော့၊ သူသည် မထိန်းနိုင်ဘဲ လျူရန်ယွင်ကို မေးမြန်းလိုက်ရသည်။ သို့သော်လည်း လျူရန်ယွင်၏ အဖြေသည် ချင်ယွင်ကို ထိတ်လန့်သွားစေခဲ့သည်။
ငါတို့ရဲ့ နှလုံးသားတွေက ချစ်ခြင်းမေတ္တာကြောင့် ဖြူစင်တယ်နေတယ်။ ငါတို့ရဲ့ နှလုံးသားထဲမှာ တစ်ခုတည်းသော အရာက မင်းအပေါ်ထားတဲ့ ငါတို့ရဲ့ ချစ်ခြင်းမေတ္တာ ပဲ။ ငါတို့ရဲ့ ကိုယ်ပိုင် ရှင်ခြင်း သေခြင်းထက် ချစ်ခြင်းမေတ္တာက ပိုအရေးပါတယ်။ ဒါကြောင့်လည်း ဒီနှလုံးသားနတ်ဆိုးကပ်ဘေးဒုက္ခက ငါတို့အပေါ် သက်ရောက်မှု မရှိဘူး။”
လျူယွင်ယွင်၏ စကားများသည် ချင်ယွင်၏ စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။ သူ၏ နှလုံးသားထဲတွင် ခံစားချက်များ ပြည့်နှက်နေခဲ့ပြီး၊ သူသည် ဤအမျိုးသမီး လေးယောက်ကို အနည်းငယ်မျှ ထိခိုက်နစ်နာစေမည့် အရာမျိုးကို မည်သည့်အခါမှ ခွင့်မပြုကြောင်း သူ၏ စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။
နောက်တစ်ခုကတော့ ရွှေရောင်အလင်းတန်း၏ ကောင်းချီးပေးမူကို ခံယူခြင်းဖြစ်သည်။ ရွှေရောင်အလင်းတန်း၏ ကောင်းချီးပေးမူ အောက်တွင် ရန်စီချီ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြန်လည်မွေးဖွားလာပုံရသည်။ သူမ၏ မူလက လက်ရာမြောက် လှပသော မျက်လုံးများသည် ပို၍ပင် သွက်လက်လှုပ်ရှားလာပြီး သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်သည် သေးသွယ်ပြီး အနှိုင်းမဲ့ လှုပ်ရှားသက်ဝင်သွားသည် ။
ချင်ယွင်သည် သွားရည်တမြားမြား ကျလုမတတ်ပင် ဖြစ်သွားရသည်။ ရန်စီချီသည် ရွှေရောင်အလင်းတန်းဖြင့် ကောင်းချီးပေးခြင်းကို ခံယူပြီးနောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အနှိုင်းမဲ့ လှပကာ သက်ဝင်လှုပ်ရှားလာသည်။
ချင်ယွင်သည် တံတွေးတစ်ချက် မျိုချလိုက်ရသည်။ သူသည် မည်မျှ ကံကောင်းလဲဆို သည်ကို ယနေ့မှပင် သိလိုက်ရ၏။ သူ၏အမျိုးသမီးအားလုံးသည် တစ်ဖက်သတ် စိုးထိတ်နေရလောက်သည့် ပြိုင်ဘက်ကင်း အလှပိုင်ရှင်များ ဖြစ်ကြပါသည်။
ထိုနောက်မှာတော့ ချန်မင်ရှီလည်း အလားတူပါပင် ဖြစ်ပါသည်။ မူလကတည်းက အေးစက်ပြီး ကျက်သရေရှိသော သူမသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးနောက် ပို၍ပင်အေးစက်လာကာ ပိုမို သန့်စင်လာ ခဲ့ပါသည်။
ထိုရင်ထဲနှလုံးသားထဲ ထိမိလှသည့် မျက်နှာလေးနှင့် ထိပ်တန်းအသွင်ပြင်သည် ချင်ယွင်၏ မျက်လုံးများကို မိန်းမောတွေဝေစေခဲ့ပြီး သူ၏နှလုံးသားသည် ဆိုးရွားသော မီးတောက်မီးလျှံများနှင့် ပြည့်နှက်နေသည်။