← Chapters

အခန်း ၇၃၆

Vol. 50 Ch. 736

အခန်း ၇၃၆

Vol. 50 Ch. 736

အဓိပတိအင်မော်တယ်သခင် စာစဉ် (၅၀)

ဘာသာပြန်သူ နေဇင်။

အခန်း (၇၃၆) သူမက ငါ့အမျိုးသမီးပဲ။

"ခင်ပွန်း၊ အဲဒီလူက မင်းတော့ မဟုတ်ပါဘူးနော်" ရန်စီချီသည် ရန်ချန်း၏ စကားကို ကြားသောအခါ၊ သူမသည် ချင်ယွင်ကို ချက်ချင်းပင် လက်ညှိုးနှင့်ထိုးကာ သူ့ကို နောက်ပြောင်လိုက်လေသည်။

ချင်ယွင်သည် ချက်ချင်းပင် ရှိုက်ကြီးတငင်ပြုံးကာ ခေါင်းညိတ်လိုက်သည်။

ချင်ယွင်၏ အမူအရာသည် ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။ သူမသည် မူလက နောက်ပြောင်ခြင်းသက်သက်သာ ဖြစ်သော်လည်း ဤလူသည် အမှန်တကယ်ပင် သူမ၏ ခင်ပွန်းဖြစ်နေမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

တစ်ဖက်တွင်မူ၊ ချန်မင်ရှီ နှင့် လျူရန်ယွင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အံ့သြတကြီးဖြစ်သွာသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"ဒါပေမယ့် သူမနဲ့ပတ်သက်ပြီး ငါ့မှာ ဘာခံစားချက်မှ မရှိပါဘူး။ အဲဒီတုန်းက အခြေအနေတွေက ရှုပ်ထွေးလွန်နေတယ်။ ​​ဒါကြောင့် ငါ့ရဲ့ ရူးသွပ်တဲ့ တဒင်္ဂစိတ်နဲ့ လုပ်ခဲ့မိတာ။" ချင်ယွင်က ရှင်းပြသည်။

ရန်စီချီနှင့် ချန်မင်ရှီတိုသည် စိတ်သက်သာရာရစွာ ခေါင်းညိတ်လိုက်သည်။

ချင်ယွင်သည် သူတို့အတွက် နောက်ထပ် ညီမတစ်ယောက်ကို ထပ်ရှာရန် ရည်ရွယ်နေ သည်ဟု သူမတို့ ထင်ထားခဲ့သည်။ သူမတို့သည် ကန့်ကွက်မည် မဟုတ်ကြသော်လည်း အနည်းငယ်တော့ မကျေမနပ် ဖြစ်ကြလိမ့်မည်။

"ဒါဆို ယွင်အာ၊ ဘာလုပ်ရမလဲ။ နောက်ဆုံးတော့ မင်းက သူမရဲ့ ပထမဆုံးအကြိမ် ရယူပြီးသွားပြီလေ။" လျူရန်ယွင်သည် ချင်ယွင်ကို ကြည့်ကာ မေးလိုက်သည်။

"ငါ သူမအတွက် အကောင်းဆုံးဖြစ်သည်အထိ ကြိုးစားပေးခဲ့မယ်။" ချင်ယွင်က တိုးတိုးလေးပြောသည်။

"ခင်ပွန်းက သူမကို လက်ခံချင်ရင်လည်း ငါတို့က စိတ်ထဲမထားပါဘူး" ရန်စီချီက အရင် ပြောလိုက်သည်။

ချန်မင်ရှီ နှင့် လျူရန်ယွင်တို့သည် ရန်စီချီ၏ စကားကို သဘောတူပြီး ခေါင်းညိတ် ကြသည်။

ချင်ယွင်သည် ခေါင်းခါလိုက်သည်။ သူမတို့အနေဖြင့်၊ သူ့အတွက် ခက်ခဲမည့် အရာတွေကို မလုပ်ချင်ကြဘူးဆိုတာ သူ သိပါသည်။ ဟုတ်ပါသည်။ သူက ရီယွန်ကို အစကတည်းက လက်ခံရန် အစီအစဉ် မရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော်၊ သူသည် ရီယွန် အပေါ်မှာ အမှန်တကယ် ခံစားချက် မရှိသောကြောင့် ဖြစ်ပါသည်။ သူ ရီယွန်အပေါ် အကြွေးတင်ခြင်းသည် သူ၏ဘဝတစ်သက်တာလုံး အကြွေးတင်ခြင်း ဖြစ်ပါလိမ့်မည်။

"သူက ဘယ်သူလဲ ပြောစမ်း။ ငါ သူ့ကို သတ်ပစ်ချင်တယ်" ရန်ချန်က ရီယွန်ကို ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော လေသံကို ပြန်မေးလိုက်သည်။

"ငါ မင်းကို မပြောပြဘူး။ ဒီနှလုံးသားနဲ့အတူ အသေခံလိုက်မယ်" ရီယွန်က အေးစက်စွာပြော သည်။

"ခွေးမ၊ ငါ အခု မင်းကို နောက်ထပ် အခွင့်အရေး ပေးမယ်။ ဒူးထောက်ပြီး ငါ့ကို သခင်လို့ ခေါ်လိုက်ပါ။ ဒါဆို မင်းရဲ့ အသက်ကို ငါ ချမ်းသားပေးလို့ ရတယ်။ မဟုတ်ရင်၊ မင်း သေခြင်းတရားကို တောင်းခံစရာမလိုဘဲ၊ ပြည့်တန်ဆာဘဝအဖြစ် ပြောင်းသွားရ လိမ့်မယ်" ရန်ချန်၏ မျက်လုံးထောင့်ရှိ သွေးကြောများ ပေါက်ထွက်သွားပြီး ပြင်းထန်သော ဒေါသက သူ၏မျက်လုံးများတွင် ဝင်းလက် တောက်လောင်နေသည်။

သူသည် နာခံမူရှိသည့် မိန်းမတွေနှင့် ကစားရသည်ကို ငြီးငွေ့သွားသည်နှင့် ရံဖန်ရံခါ၊ ရီယွန်ကဲ့သို့ ခေါင်းမာသော အမျိုးသမီးတစ်ဦးဦးဆီမှာ ပေါ်လာတတ်သည်။ ယင်းက အရသာကောင်းတစ်ခုဟု သူ ခံစားရသည်။ မူလက သူသည် သူ၏စိတ်နှလုံးကို ဖြည်းဖြည်းချင်း နှိမ့်ချနေခဲ့ပြီး၊ နောက်ပိုင်းမှ သူမကို ထိန်းချုပ်ချင်သည်။

သို့သော်၊ သူသည် သူမကို မသိမ်းပိုက်မီတွင်၊ သူမသည် သူမ၏အပျိုစင်ဘဝကို အခြားသူတစ်ဦးထံ အမှန်တကယ် ပေးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ရန်ချန်သည် မည်သို့ စိတ်မဆိုးဘဲ နေမည်နည်း?။

သူ အချိန်အတော်ကြာအောင် တွေးတော စဉ်းစားထားသည့် အရာကို၊ တစ်နေ့မှာ တစ်စုံတစ်ယောက်က အညှာတာကင်းမဲ့စွာ လုယူသွားခဲ့သည်။ သူ့ကို မည်သို့ ဒေါသမထွက်စေဘဲ နေမည်နည်း?။

"ဒီအကြေင်း မစဉ်းစားနဲ့၊ ဒီနေ့ ငါသေရင်တောင် မင်း ငါ့ကို ရယူခွင့်မပေးနိုင်ဘူး။" ရီယွန် က အေးစက်စွာ ပြောလိုက်ပြီး၊ သူမလက်ထဲမှ ဓားမြှောင်က သူမလည်ပင်းပေါ် ကျရောက်သွားသည်။ ထက်ရှသော ဓားသွားသည် သူမ၏လည်ပင်းတွင် သွေးစွန်းထင်းနေသော အမှတ်အသားတစ်ခု ကျန်ရစ်စေခဲ့သည်။

'"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ မင်းက ဒီကောင်ကို တကယ် စေတနာရှိပုံ ရတယ်။ ငါရန်ချန်က ဒီနေ့ မင်း ငါ့ကို စော်ကားခဲ့တဲ့ အကျိုးဆက်တွေကို မင်းကို ပြောပြပေးမယ်။ ငါ့ရှေ့မှာ၊ မင်းအနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေချင်ရင်တောင်၊ သတ်သေနိုင်မှာ မဟုတ်ဘူး။ ဒီနေ့၊ ငါ့ကို မင်း အရင်ဆုံး ဆက်ဆံခွင့်ပြုရမယ်။ ပြီးမှ မင်းကို ဂိုးသွင်းသွားတဲ့ မင်းရဲ့ချစ်သူလေးကို သွားရှာလိုက်တော့။

ရန်ချန်၏ မျက်လုံးများတွင် ပြင်းထန်သော အေးစက်မှုက ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ရုပ်အသွင်သည် လျင်မြန်စွာ ပျံထွက်သွားပြီး သူ၏အငွေ့အသက်သည် အလွန်မင်း လျင်မြန်လာသည်။ သူသည် သူ၏လက်ငါးချောင်းကို ခြေသည်းများအသွင် ပြောင်းလိုက်ပြီး၊ ရီယွန်၏ ဓားမြှောင်ဆီသို့ လှမ်းဆွဲလိုက်သည်။

ရီယွန်သည် ရန်ချန်က သူမကို ဖမ်းဆုပ်လာသည်ကို မြင်လိုက်ရသောအခါ၊ သူမ၏ မျက်လုံးတွေက ဆုံးဖြတ်ချက်ပြတ်သားမူနှင့်အတူ ဝင်းလက်တောက်ပသွားပြီး၊ သူမ၏ လက်ထဲမှ ဓားမြှောင်ကို သူမလည်ပင်းဆီကို လှီးဖြတ်လိုက်သည်။

ဝှီး…။

ထိုအချိန်မှာပင် လေပြည်လေးညှင်းတစ်ချက် ဖြတ်တိုက်လာသည်။ လူတိုင်းသည် ဝေဝါးဝါး ပုံရိပ်ယောင်တစ်ခုကိုသာ မြင်လိုက်ရပြီး ပြင်းထန်စူးရှသော အော်ဟစ်ကို ကြားလိုက်ရသည်။

ရီယွန်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ သူမ၏လက်ထဲမှ ဓားမြှောင် ပျောက်ကွယ်သွားခဲ့ပြီး၊ ရန်ချန်၏ လက်ဖဝါးသည်လည်း သူမ၏ လက်ထဲတွင်ရှိသော ဓားမြှောင်ဖြင့် ထိုးစိုက် ခံထားရသည် တွေ့လိုက်ရသောကြောင့် ဖြစ်ပါသည်။

ယခုလေးတင်၊ သနားစရာကောင်းသည့် စူးရှသော အော်သံက ရန်ချန်၏ ပါးစပ်မှ ထွက်ပေါ်လာသည်မှာ သေချာပါသည်။

သို့သော်လည်း ရီယွန်၏ အကြည့်များက သူမဘေးမှာ ထွက်ပေါ်လာသော အမျိုးသားဆီ သို့ ရောက်ရှိနေပြီး၊ သူမ၏ မျက်လုံးများသည် အံ့သြခြင်းများဖြင့် ပြည့်နှက်နေသည်။

"မင်းပါလား?။ မင်း ဘာလို့ ပြန်လာတာလဲ?" ရီယွန်က ချင်ယွင်ကို ကြည့်ပြီး စိုးရိမ်စိတ်တွေ ပြည့်နှက်နေသောအသံဖြင့် ပြောလိုက်ပါသည်။

"မင်းကို ဘယ်သူမှ ထိခိုက်နာကျင်အောင် မလုပ်စေရဘူးလို့ မင်း ငါ့ကို ကတိတောင်း ထားတယ်လေ။ ငါ့ကတိကို ငါ ဖြည့်ဆည်းပေးရမယ်။" ချင်ယွင်က ရီယွန်ကို ကြည့်ကာ ပြောလိုက်သည်။

"ကတိလား?" ရီယွန်၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးသော အမူအရာ ပေါ်လာသည်။ အဆုံးတွင် သူမ၏ မျက်လုံးများသည် ပြတ်သားသည့် ဆုံးဖြတ်ချက် အရိပ်ယောင် ထွက်ပေါ်လာသည်။ သူမက ချင်ယွင်ကို အေးတိအေးစက် ပြောလိုက်သည် "မင်း သွားတော့။ ငါ မင်းဆီက ဘာကတိမှ မလိုအပ်တော့ဘူး။ မင်း ဒီနေရာကနေ ချက်ချင်း ထွက်သွားတော့"

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့သည်။ ရီယွန်သည် ယခုလိုစကားမျိုး အမှန်တကယ် ပြောလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။

"မျိုးမစစ်ကောင်၊‌ စောစောက၊ မင်း ငါ့ကို တိုက်ခိုက်ခဲ့တာလား။"

ဤအခိုက်အတန့်တွင် လူတိုင်း၏နားထဲ ပြင်းထန်သော ဒေါသများ ပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဓားမြှောင်ဖြင့် လက်ဖဝါးကို ထိုးဖောက်ခံထားရသော ရန်ချန်သည် ချင်ယွင်ကို ဒေါသတကြီး ကြည့်နေသည်။ သူ၏နောက်မှ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ချင်ယွင်ကို စိုက်ကြည့်နေ၏။ အစောပိုင်းက သူသည် ချင်ယွင်၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန် အချိန်မရခဲ့ပေ။

"မှန်တယ်၊ ငါ လုပ်ခဲ့တာ။ ဒါ့ပြင် ရီယွန် ပြောခဲ့တဲ့လူက ငါပဲ။ သူက ငါ့ မိန်းမပဲ" ချင်ယွင် က ရန်ချန်ကို အေးစက်စွာ ကြည့်နေသည် ။

ရီယွန်နှင့်ပတ်သက်ပြီး၊ သူ့မှာ မည်သည့်ခံစားချက်မှ မရှိသော်လည်း၊ ရီယွန်သည် သူ အရင်က ထိတွေ့ခဲ့ဖူးသည့် အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ သူသည် သူမကို အခြားလူတွေ နည်းနည်းလေးမှ ထိတွေ့ခွင့်မပေးနိုင်ဘူးဆိုသည်မှာ သေချာပါသည်။

ချင်ယွင်၏ စကားကို ကြားသောအခါ ရီယွန်၏ နူးညံ့သော ခန္ဓာကိုယ်သည် အနည်းငယ် တုန်လှုပ်သွားသည်။ သူမ၏ လှပသော မျက်လုံးများက ချင်ယွင်ကို အနှိုင်းမဲ့ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်နေသည်။

"မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ” ချင်ယွင်၏ စကားကိုကြားတော့ ရန်ချန်၏ မျက်လုံးများသည် ချက်ချင်းပင် ရန်လိုသည့်စိတ်က ပျံ့နှံ့လာသည်။

သူသည် သူ၏လက်ဖဝါးမှ ဓားမြှောင်ကို တိုက်ရိုက်ဆွဲထုတ်ပြီး ချင်ယွင်ဆီသို့ ဒေါသတကြီး ပြေးဝင်လိုက်သည်။ အထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ် နယ်ပယ်၏ အငွေ့အသက်သည် တခဏအတွင်း ထွက်ပေါ်လာသည်။

ရန်ချန်၏ အမျက်ဒေါသကို မြင်လိုက်ရသဖြင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ထိတ်လန့်တကြား ဆုတ်ခွာသွားကြသည်။

ရန်ချန်၏ ရက်စက်ကြမ်းကြုတ်မူ သူတို့ကြားထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး၊ တော်ဝင်အကြီးအကဲ၏ မြေးတစ်ယောက်အနေဖြင့် ရန်ချန်၏ အဆင့်အတန်းသည် အလွန်မြင့်မားသောကြောင့် သူသည် လျူလီမြို့ တဝိုက်တွင် စိတ်ထင်သလို လျှောက်လှမ်းနိုင်လုနီးပါး ဖြစ်သည်။

သို့သော်လည်း၊ ရုတ်တရက် မည်သည့်နေရာမှ ပေါ်လာမှန်းမသိသော ဤလူငယ်သည် ရန်ချန်ကို အမှန်တကယ် တိုက်ခိုက်ရန် သတ္တိရှိနေခဲ့သည်။ သူသည် သေခြင်းတရားကို တောင်းခံနေခြင်း မဟုတ်ပါလား?။ ထို့အပြင်၊ သူ၏ ကျင့်ကြံမူအဆင့်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။

“သေလိုက်တော့..”

သူ၏လက်ထဲမှ ဓားမြှောင်သည် ချင်ယွင်ဆီကို ဦးတည်သွားနေစဉ် ရန်ချန်က ဒေါသတကြီး အော်ဟစ်လိုက်ပါသည်။ ချွန်ထက်သော ဓားမြှောင်သည် ချင်ယွင်၏ လည်ပင်းဆီသို့ ဖြတ်သန်းသွားသည်။

“ဖယ်လိုက်စမ်း..”

ချင်ယွင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူရပ်နေသည့်နေရာမှပင် တိုက်ရိုက် လက်သီးတစ်ချက် ထိုးလိုက်သည်။

ရန်ချန်၏ ဓားမြှောင်သည် ချင်ယွင်၏ လည်ပင်းကို မထိမီတွင် ရန်ချန်သည် ချင်ယွင်၏ လက်သီးကြောင့် လွင့်ပျံသွားခဲ့သည်။

“ဖူး…” ရန်ချန်သည် နောက်ပြန်လွင့်ထွက်သွားစဉ်၊ လျူလီခန်းမ၏ ကျောက်စာတိုင်ကို ဝင်ဆောင့်သည်။

ကျောက်စာတိုင်သည် ကွဲအက်သွားပြီး ရန်ချန်၏ခန္ဓာကိုယ် တစ်ခုလုံးသည် အပျက်အစီးများကြားထဲတွင် လဲလျောင်းနေသည်။ သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာသည်။

ချင်ယွင်သည် ဝင့်ကြွားစွာ မတ်တပ်ရပ်နေပြီး၊ သူသည် ဤလက်ချက်တွင် သူ့ ခွန်အား၏ သုံးဆယ်ရာခိုင်နှုန်း အောက်သာ အသုံးပြုခဲ့သည်။

ယခုလောလောဆယ်မှာ သူသည် ရန်ချန်ကို မသတ်ချင်သေးပါဘူး။ နောက်ဆုံးမှာ တော့၊ ရန်ချန်၏ ကိုယ်ရေးအချက်လက်သည် ထူးထူးခြားခြား ဖြစ်နေပုံရပါသည်။ အကယ်၍ သူ့ကို သတ်လိုက်မည်ဆိုရင်၊ ပြဿနာအများပြားကို ဆွဲဆောင်သလို ဖြစ်ကောင်းဖြစ်နိုင်သည်။

"လင်းယင်၊ ငါ့အတွက် သူ့ကို သတ်လိုက်ပါ”

သို့သော် ရန်ချန်သည် ကျောက်စာတိုင်အောက်မှ ပြန်ထလာရင်း၊ ချက်ချင်းပင် ကျယ်လောင်စွာ အော်လိုက်သည်။

"ဟုတ်ကဲ့ပါ၊ သခင်လေး..”။

အနက်ရောင်ဝတ်ထားသူ အမျိုးသားက ကမန်းကတန်း ပြန်ဖြေသည်။ ထို့နောက် အနက်ရောင်ဝတ်ထားသူ အမျိုးသားသည် ချင်ယွင်ကို အေးစက်သော မျက်လုံးများဖြင့် လှည့်ကြည့် လိုက်လေသည်။

ချင်ယွင်သည် သူ့ကို အနက်ရောင်၀တ်စုံဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားက လှည့်ကြည့်လာသည်ကို မြင်လိုက်ရလျှင်၊ သူ၏မျက်လုံးတွေထဲ လေးနက်သော အမူအရာ ပေါ်လာပါသည်။

All Chapters