← Chapters

အခန်း ၇၃၇

Vol. 50 Ch. 737

အခန်း ၇၃၇

Vol. 50 Ch. 737

အခန်း (၇၃၇)

ဝှီး…။

အနက်ရောင်ဝတ်ထား အမျိုးသားသည် စကားတစ်ခွန်းမျှ မဖြုန်းတီးဘဲ ပြောင်ပြောင် တင်းတင်း တိုက်ရိုက်ပင် လှုပ်ရှားလာခဲ့သည်။

အနက်ရောင် ၀တ်စုံအောက်မှ လက်တစ်ချောင်းသည် ပင်လယ်သို့ ပျံထွက်လာသော ရေနဂါးတစ်ကောင်ကဲ့သို့ ဆန့်ထွက်လာကာ ချင်ယွင်၏ လည်ပင်းကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ကြီးမားပြင်းထန်သော အငွေ့အသက်တစ်ခုက ချင်ယွင်ကို ဧရာမနတ်ဘုရားတစ်ပါးကဲ့သို့ ဖိနှိပ်လာလေသည်။

ချင်ယွင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ခြေဖဝါးအောက်မှ လေပြည်တစ်ချက်က ချက်ချင်း ပျံ့နှံ့လာသည်။ သူသည် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲပြီး ရှောင်တိမ်းသွားခဲ့သည်။

သို့သော် အနက်ရောင်ဝတ်ထားသူ အမျိုးသား၏ လက်သည်းများသည် အလွန် ထက်မြက်နေသေးသည်။ ချင်ယွင်သည် လျှပ်တပြက်မိုင်တစ်သောင်းကို နားလည်ထား သော်လည်း ဤတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ရုံသာ ရှိသေးသည်။

"အို့၊ မင်းက ငါ့ရဲ့ တိုက်ခိုက်မှုကိုတောင် ရှောင်နိုင်တယ်ပေါ့" အနက်ရောင် ဝတ်ထားသူ အမျိုးသားသည် သူ၏လက်သည်းကုတ်ချက်တွေကို ရှောင်သွားသည်ကို မြင်သောအခါ၊ သူသည် အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။

ချင်ယွင်၏ ရုပ်အသွင်သည် အဝေးတနေရာမှာ ပေါ်လာပြီး သူ၏ရင်ဘတ်ပေါ်တွင် သွေးထွက်သံယို အမှတ်အသားသုံးခု ဖြစ်ပေါ်လာသည်။

သူသည် အချိန်မီ ရှောင်တိမ်းနိုင်ခဲသော်လည်း အနက်ရောင်ဝတ်ထားသူ အမျိုးသား၏ လက်သည်းများပေါ်ရှိ စူးရှသော အင်မော်တယ် အနှစ်သာရကြောင့် ဒဏ်ရာရရှိနေဆဲ ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအား၏ ကုသမူအောက်တွင် သူ၏ရင်ဘတ်ရှိ သွေးစွန်းဒဏ်ရာများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော်လည်း သူ၏ ရင်ဘတ်တွင် သွေးစသွေးနများ ကျန်ရှိနေဆဲ ဖြစ်သည်။

ဘန်း…။

အနက်ရောင်ဝတ်ထားသူ အမျိုးသားသည် ချင်ယွင်၏ရှေ့တွင် တစ်ဖန် ပေါ်လာသည်။ သူ၏ ထက်ရှသော လက်ဖဝါးသည် မနှိုင်းယှဉ်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားများဖြင့် ချင်ယွင်၏ မျက်နှာကို ရိုက်ချလိုက်သည်။

ချင်ယွင်၏ အကြည့်တွေက ချက်ချင်းပင် လေးနက်သွားကာ နတ်ဆိုးနတ်ဘုရား ကြယ်ဖမ်းလက်ကို တိုက်ရိုက် ပစ်လွှတ်လိုက်သည် ။

သို့သော်လည်း ချင်ယွင်၏စွမ်းအားသည် အနက်ရောင်၀တ်စုံထားသူ အမျိုးသားထက် နိမ့်ကျနေသေးသည်။ ချင်ယွင်၏ လက်ဖဝါးသည် အနက်ရောင်ဝတ်ထားသူ အမျိုးသား ၏ လက်ဖဝါးနှင့် အပြင်းအထန် ထိတွေ့မိစဉ်၊ သူ၏လက်ဖဝါးမှ ခုခံနိုင်စွမ်းမရှိသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သူသည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ နောက်သို့ လွင့်ပျံသွားခဲ့သည်။

“ဘုန်း…”

ချင်ယွင်သည် အဝေးမှ အင်မော်တယ် အဆောက်အအုံတစ်ခု၏ နံရံကို တိုက်ရိုက် ပစ်တိုက်သွားသည်။ ကံကောင်းထောက်မစွာ၊ နံရံတံတိုင်းသည် အလွန်ခိုင်ခံ့ခဲ့သည်။ ထိုသို့မဟုတ်လျှင်၊ ချင်ယွင်၏ ဝင်တိုက်မိမှုက အင်မော်တယ် အဆောက်အဦတစ်ခုလုံး ကို ပြိုကျပျက်စီးသွားစေနိုင်သည်။

သို့သော်လည်း၊ ဒါတောင်မှ သူ၏နောက်မှ နံရံတံတိုင်းသည် ကျိုးပဲ့သွားသေးသည်။ အက်ကွဲကြောင်းတွေက မြေပြင်မှတဆင့် ခေါင်မိုးအထိ ပျံ့နှံ့သွားခဲ့သည်။

ပတ်ဝန်းကျင်မှ လူတွေအားလုံး ချက်ချင်း ထွက်ပြေးကြပြီး အဝေးကို ဆုတ်ခွာသွားကြသည်။ သူတို့၏မျက်နှာများတွင် အံ့အားသင့်သည့် အမူအရာများ ဖြစ်ပေါ်လာကြပြီး ချင်ယွင်ကိုကြည့်သည့် သူတို့၏ အကြည့်တွေက သနားစိတ်များဖြင့် ပြည့်နှက်နေသည်။

သူတို့မျက်လုံးထဲတွင်၊ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး တိုက်ခိုက်မူကို ခံရသောအခါ၊ ဤလူငယ်သည် သေဖို့ကံကြမ္မာ ပါလာသူဖြစ်ပါသည်။

လျူရန်ယွင်နှင့် ရန်စီချီတို့သည် အဝေးသို့ လွင့်ထွက်သွားသော ချင်ယွင်ကို ထိတ်လန့်စွာ ကြည့်နေကြပြီး သူမတို့၏ မျက်လုံးများသည် စိုးရိမ်မှု အရိပ်အယောင်က အပြင်းအထန် ဖြစ်ပေါ်နေသည်။

“ဘုန်း..”။

သံမဏိလက်သည်းတစ်စုံသည် လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး လင်းယုန်ငှက်၏ ခြေသည်းများကဲ့သို့ ချင်ယွင်ဆီသို့ ပစ်ဝင်လာလေသည်။

ချင်ယွင်သည် ခေါင်းကို တိမ်းစောင်းပြီဂ ဤတိုက်ခိုက်မှုကို ကျဉ်းမြောင်းစွာ ရှောင်ရှား လိုက်ရသည်။

လင်းယုန်ငှက်၏ ခြေသည်းသဖွယ် သံမဏိလက်သည်းများသည် နံရံကို ဖောက်ကာ အပျက်အစီးပုံကြီးကို ဖမ်းဆုပ်မိသွားသည်။

အနက်ရောင်ဝတ်ထားသူ အမျိုးသားသည် သူ၏လက်သည်းများ လွတ်သွားသည်ကို မြင်သောအခါ၊ သူ၏လက်သည်းများကို အကန့်အသတ်မရှိ အရှိန်အဟုန်ဖြင့် ချက်ချင်း ဝှေ့ယမ်းလိုက်သည်။ မုန်တိုင်းကဲ့သို့ တဝှီးဝှီးမြည်သံကိုပင် သူ ကြားနေရသည်။ အရှိန်ဟုန်က မြန်ဆန်လွန်းသည့်အတွက် ချင်ယွင်တောင်မှ ပုံရိပ်ယောင်များကိုသာ မြင်လိုက်ရသည်။

ချင်ယွင်သည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို တခဏအတွင်း အလျင်အမြန် အသက်သွင်းနိုင်ခဲ့ပြီး၊ သူသည် ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး၊ အဝေးသို့ လွင့်မျောသွားကာ၊ အနက်ရောင်ဝတ်ထားသူ အမျိုးသားကို လေးနက်သော အမူအရာဖြင့် ကြည့်နေလေသည်။

"အစတုန်းကတော့၊ မင်းရဲ့အရှိန်ဟုန်က တော်တော်လေး ကောင်းမွန်သလို၊ မင်းမှာ တိုက်ခိုက်ရေး ခွန်အားအချို့ ရှိနေမယ်လို့ ငါ ထင်ခဲ့တယ်။ ဒါပေမယ့် အခု မင်းက အမြန်နှုန်းအရာမှာပဲ ကျွမ်းကျင်ပုံရတယ်။ ဒါပေမယ့် မင်းရဲ့ အစွမ်းကတော့ အလွန် သာမန်ပါပဲ။ ဒါက တကယ်ကို စိတ်ပျက်စရာ ကောင်းတယ်။" အနက်ရောင်ဝတ်ထားသူ အမျိုးသားက ချင်ယွင်ကို ကြည့်ကာ လှောင်ပြောင်မူ အပြည့်ပါသော လေသံဖြင့် လှောင်ပြောင်ပြောလိုက်သည်။

ချင်ယွင်၏ အကြည့်သည် လေးနက်လာသည်။ သူ၏ရှေ့မှ ဤသူသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်တွင် ရှိနေသည်။ သူ၏ လက်ရှိ ခွန်အားဖြင့် သူ့ကိုရင်ဆိုင်ရာဖို့က အရမ်းကို ခက်ခဲပါလိမ့်မည်။

"လင်းယန်၊ ဇဝေဇဝါ ဖြစ်မနေနဲ့၊ သူ့ကို မြန်မြန်သတ်ပစ်လိုက်”။

ရန်ချန်သည် မြေပြင်ပေါ်မှ ပြန်ထလာပြီး အနက်ရောင်ဝတ်ထားသူ အမျိုးသားကို အော်ဟစ်ပြောဆိုလိုက်ပြီး၊ သူ၏အသံက ပြင်းထန်သော နာကြည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အနက်ရောင်ဝတ်ထားသူ အမျိုးသားသည် ရန်ချန်၏စကားကို ကြားသောအခါ၊ သူသည် ချင်ယွင်ကို ရက်စက်သော အပြုံးဖြင့် ကြည့်လိုက်လေသည်။

"မင်းရဲ့ ခွန်အားက ဒီလောက်ပဲဆိုမှတော့ အပြီး သတ်လိုက်ကြရအောင်။ တကယ်လို့၊ မင်း သေသွားခဲ့ရင် ငါ့ကို အပြစ်မတင်နဲ့။" အနက်ရောင်ဝတ်ထားသူ အမျိုးသားသည် ရယ်မောလိုက်ပြီး သူ၏လက်ဖဝါးမှ စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လာသည်။

အနက်ရောင်ဝတ်ထားသူ အမျိုးသား၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက် တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ လင်းယုန်နက်တစ်ကောင်၏ ပုံစံက သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပုံရသည်။ ချက်ချင်းပင် အနက်ရောင်ဝတ်ထားသူ အမျိုးသား၏ ခန္ဓာကိုယ်သည် အနက်ရောင် အတောင်ပံ အလွှာများဖြင့် ဖုံးအုပ်ထား ပုံရပြီး မြင်ရသူများကို နှလုံးခုန်ရင်တုန်စေလောက်သည့် စွမ်းအင်အတက်အကျ လှိုင်းများ ရုတ်ခြည်း ပျံ့နှံ့လာသည်။

"ချီးပ်….”

ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တွင် မမြင်နိုင်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ပေါ်လာသည်။

“အား…”

အနီးနား ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ဝမ်းနည်းဖွယ်အော်သံကို ချက်ချင်း အော်ဟစ် လိုက်ကြပြီး၊ သူတို့၏နားရွက်များကို ဖုံးအုပ်ထားကာ၊ သူတို့၏မျက်နှာများသည် အလွန် နာကျင်နေပါသည်။

"အသံလှိုင်း တိုက်ခိုက်မူလား?”

ချင်ယွင်၏ အမူအရာသည်လည်း ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူ၏ရှေ့မှ အနက်ရောင်ဝတ်ထားသူ အမျိုးသားသည် အသံလှိုင်းတွေနှင့် တိုက်ခိုက်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားဘူး။

အသံလှိုင်းတွေက သူ၏နားထဲကို တိုးဝင်လိုက်သည်နှင့်၊ သူ၏ခေါင်းသည် ပေါက်ကွဲလုနီးပါး ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူ၏ခေါင်းထဲမှ တစ်ခုခု ပေါက်ထွက်တော့မည့် ပုံစံမျိုးဖြစ်နေပြီး နာကျင်မူကို ပြင်းထန်စွာ ခံစားရစေသည်။

“သေလိုက်တော့”

ထိုအချိန်မှာပင်၊ အနက်ရောင်ဝတ်ထားသူ အမျိုးသား၏ အေးစက်စက် အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ လင်းယုန်၏ ခြေသည်းကဲ့သို့ သံမဏိလက်သည်း တွေက ချင်ယွင်၏နှလုံးကို လျှပ်စီးလက်သလို အရှိန်ဖြင့် တိုက်ရိုက် ထိုးဖောက် သွားသည်။

“ဖူး…”

ထက်ရှသော လက်သည်းများသည် ချင်ယွင်၏ ရင်ဘတ်ကို ထိုးဖောက်ကာ သွေးများ ပန်းထွက်လာသည်။

ချင်ယွင်သည် မတုံ့ပြန်နိုင်ခင်မှာ သူ၏နှလုံးသည် အနက်ရောင်ဝတ်ထားသူ အမျိုးသား ၏ လက်ထဲသို့ ရောက်ရှိနေခဲ့ပြီ။

“ပြီးသွားပါပြီ” အနက်ရောင်ဝတ်ထားသူ အမျိုးသား၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်ရင်း၊ သူ၏အကြည့်များတွင် ပြင်းထန်သော လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။

“ဟား… ဟား…ဟား…။ မျိုးမစစ်ကောင်၊ မင်းကများ ငါ့ဆီကနေ မိန်းမတစ်ယောက်ကို လုယူရဲတယ်ပေါ့။ အခု မင်း သေရတော့မယ်။ ငါ ဘယ်သူလဲဆိုတာ သိနေတော့၊ မင်း ငါ့ကို မတိုက်ခိုက်ရဲခဲ့ဘူး။ ဒီအမျိုးသမီးသုံးယောက်ကလည်း မင်းရဲ့အမျိုးသမီးတွေ ဖြစ်ရမယ်၊ ဟုတ်တယ်မဟုတ်လား?။ မင်း သေခြင်းတရားကို စောင့်နေလိုက်တော့။ ယဉ်ကျေးမူမရှိဘူးပဲပြောပြော၊ ငါကတော့ မင်းကိုယ်စား သူမတို့အားလုံးကို လက်ခံလိုက်မယ်။ မင်း နာခံမူရှိစွာနဲ့ ငရဲကို သွားလိုက်တော့” ရန်ချန်သည် ချင်ယွင်ကို ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်လိုက် သည်။

ရန်ချန်နှင့် အခြားသူများသည် ဤမျှလှပသော အမျိုးသမီးများ ဤနေရာတွင် ပေါ်လာသည်ကို မည်သို့မျှ သတိမပြုမိဘဲ နေမည်နည်း?။

ဤလူငယ်လေး ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသောအခါ၊ ထိပ်တန်း အလှပိုင်ရှင် အမျိုးသမီးသုံးယောက်၏ မျက်နှာများပေါ်တွင် ထိတ်လန့် တုန်လှုပ်နေသော အမူအရာများ ဖြစ်ပေါ်လာသည်ကို မြင်သောအခါ၊ သူသည် အမျိုးသမီး သုံးယောက်နှင့် ချင်ယွင်တို့ကြားက ဆက်ဆံရေးကို ချက်ချင်း ခန့်မှန်းမိသွားသည်။

ရီယွန်သည် ချောမောလှပသည်ဟု ယူဆနိုင်သော်လည်း ဤသုံးယောက်သည် အလှဆုံးထဲမှ အလှဆုံးများပင် ဖြစ်နေသည်။ ယင်းကြောင့် သူ၏စိတ်ထဲတွင် ပြင်းထန်သော မနာလိုစိတ် ဖြစ်ပေါ်လာသည်။ သူသည် ချင်ယွင်ကို သတ်ပြီး သူ၏ မိန်းမအားလုံးကို လုယူမည်ဟု စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆိုလိုက်ပါသည်။

ချင်ယွင်သည် သေလုမျောပါး ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူ၏ရင်ထဲတွင် ဖော်မပြနိုင်သော ပျော်ရွှင်မူကို ခံစားလိုက်ရသည်။

အထူးသဖြင့်၊ သူ့အနေဖြင့် ယခုထိပ်တန်းအဆင့် အလှပိုင်ရှင် အမျိုးသမီး သုံးဦးကို ခဏအတွင်းမှာ မည်သို့မည်ပုံ ရရှိလာသနည်းဆိုသည်ကို တွေးတောရင်း သူသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး လူသားတစ်ယောက်ဖြစ်လာလိမ့်မည်ဟု သူခံစားမိပါ သည်။

ရီယွန်သည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ချင်ယွင်ကို ကြည့်နေမိသည်။ သူမ၏ မျက်လုံးများသည် အလွန်ရှုပ်ထွေးသော အမူအရာများဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲတွင် ပြင်းထန်သော နာကျင်မှုများ ပေါက်ဖွားလာသည်။ သူမ၏ နှလုံးသားကို ဆုပ်ကိုင်ထားသူက ချင်ယွင် မဟုတ်ဘဲ၊ သူမကိုယ်တိုင်လို ဖြစ်နေသည်။

ချင်ယွင်၏ မျက်လုံးများသည် နီမြန်းလာပြီး သူ၏နှလုံးသားထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။

လျူရန်ယွင် နှင့် အခြားလူများသည် ချင်ယွင်၏ နှလုံးသားထဲတွင် အစစ်မှန် ပြောင်းပြန် ကြေးခွံများ ဖြစ်ကြသည်။ ဤရန်ချန် ချင်ယွင်၏ နှလုံးသားထဲမှ တားမြစ်ချက်များကို လုံးလုံးလျားလျား ချိုးဖောက်လာခဲ့ပြီး၊ သူမတို့အားလုံးကို သိမ်းဆည်းမည်ဟုပင် ပြောခဲ့သည်။

"ဒီနေ့ အင်မော်တယ် ဧကရာဇ်တစ်ယောက် ရောက်ရှိလာရင်တောင်၊ ငါ မင်းကို ရအောင် သတ်ပေးမယ်"

ချင်ယွင်သည် သူ၏ခေါင်းကို မော့ကာ၊ ဟိန်းဟောက်လိုက်ပြီး၊ သူ၏မျက်လုံးတွေက ချက်ချင်း မည်းမှောင်သွားသည်။ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် လျှပ်စီးကြောင်းများ အဆက်မပြတ် ပေါ်လာသည်။

အနက်ရောင် လျှပ်စီးကြောင်းသည် ရေလှိုင်းများကဲ့သို့ ပျံ့နှံ့သွားပြီး မြေပြင်ပေါ်တွင် အက်ကြောင်းများ ချက်ချင်း ပေါ်လာသည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ အနှိုင်းမဲ့ ကြမ်းတမ်းပြီး လွှမ်းမိုးကြီးစိုးနိုင်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

“ဘုန်း..”

ပြင်းထန်သော အနက်ရောင် လျှပ်စီးကြောင်းများသည် ပေါက်ကွဲသွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်ကို ရုတ်တရက် အနက်ရောင် လျှပ်စီးကြောင်းများဖြင့် ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင်ကို မုန်တိုင်းတစ်ခုလို ဖြတ်ကျော် ဝင်ရောက်လာခဲ့သည်။

ချင်ယွင်၏ နှလုံးကို ဆုပ်ကိုင်ထားသော အနက်ရောင်ဝတ်ထားသူ အမျိုးသားသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်မှု အရိပ်အယောင်ကို ထုတ်ဖော်လိုက်သည်။

All Chapters