← Chapters

အခန်း ၇၃၈

Vol. 50 Ch. 738

အခန်း ၇၃၈

Vol. 50 Ch. 738

အခန်း (၇၃၈) ရန်ချန်ကို သတ်ဖြတ်ခြင်း။

“ဖူး..”။

အနက်ရောင်ဝတ်ထားသူ အမျိုးသားသည် ချင်ယွင်၏ နှလုံးကို တိုက်ရိုက် ချေမွလိုက် သော်လည်း သူ၏ရှေ့မှ ဤလူငယ်သည် ဘာမှ မဖြစ်ခဲ့ပေ။

သာမာန် အင်မော်တယ်များသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်သို့ ရှောက်ရှိနေလျှင်ပင်၊ သူတို့၏ နှလုံးများ ကြေမွသွားသည်နှင့်၊ မသေသော်လည်း အချိန်တိုအတွင်း အလွန် အားနည်းသော အခြေအနေသို့ ရောက်ရှိသွားကြဆဲ ဖြစ်သည်။ သို့သော် သူတို့ရှေ့မှ ဤလူငယ်သည် မည်သည့်ခံစားမူမှ လုံးဝ မရှိခဲ့ပေ။

“လခွမ်းပေါ့..”

ချင်ယွင်၏ အငွေ့အသက်သည် အလွန်ပြင်းထန်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင်၊ သူ၏မျက်လုံးထဲမှဦ ပြင်းထန်သော သတ်ဖြတ်လို စိတ်များသာ ရှိနေတော့သည်။

ချင်ယွင်၏ လက်ထဲတွင် အနက်ရောင် လျှပ်စီးလှံတစ်စင်းသည် သိပ်သည်း ဖြစ်ပေါ်လာခဲ့ပြီး၊ လျှပ်စီးလှံတွင် ပြင်းထန်သော အဖျက်စွမ်းအင် အတက်အကျ လှိုင်းများ ပါရှိနေသည်။

ဝှီး…။

ချင်ယွင်သည် ချက်ချင်း တိုက်ခိုက်လိုက်ပြီး၊ အနက်ရောင် လျှပ်စီးလှံသည် အနက်ရောင် ဝတ်ထားသူ အမျိုးသားဆီသို့ ချက်ချင်း ထိုးစိုက်သွားသည်။

မျက်စိတစ်မှိတ် အချိန်တွင်းမျှသာ ဖြစ်ခဲ့ပါသည်။

အနက်ရောင်ဝတ်ထားသူ အမျိုးသားသည် သိသိသာသာ ထိတ်လန့်သွားပြီး အနက်ရောင် လျှပ်စီးလှံကို ဖမ်းယူရန် သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။

သူတို့နှစ်ဦးသည် ရှေ့မတိုးနောက်မဆုတ်သာ အခြေနေမျိုးမှာ ရင်ဆိုင်နေရပြီး၊ အနက်ရောင်ဝတ်ထားသူ အမျိုးသားသည် အနက်ရောင် လျှပ်စီးလှံအတွင်းပါရှိသော အဖျက်စွမ်းအင် အတက်ကျများကို အနည်းငယ်မျှ သတိမမူဝံ့ကြပေ။

“ဘုန်း..”။

လျှပ်စီးလှံသည် ပေါက်ကွဲသွားပြီး ပြင်းထန်သော လျှပ်စီး စွမ်းအင်များက အနက်ရောင်ဝတ်ထားသူ အမျိုးသားနှင့် ချင်ယွင်တို့ကြားတွင် ချက်ချင်းဆိုသလို ပျံ့လွင့်သွားခဲ့သည်။

ချင်ယွင်သည် အဝေးသို့ ဆုတ်ခွာသွားရသည်။ လျှပ်စီးပေါက်ကွဲမှုကြောင့် သူ၏ ရင်ဘတ်မှာ ဒဏ်ရာအကြီးကြီး စုတ်ပြဲသွားသည်။ သူ၏အသွေးအသားတွေက မည်းနက်နေသည်။ မြင်ကွင်းက ထိတ်လန့်စရာဟုပင် ပြောလို့ရပါသည်။

အနက်ရောင်ဝတ်ထားသူ အမျိုးသား၏ ပုံသဏ္ဍာန်သည်လည်း အဝေးသို့ လွင့်မျောသွားကာ၊ သူသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားပြီးနောက် အနည်းငယ် ရှက်ရွံ့ဟန်ရှိနေပါသည်။

အကယ်၍ သူသည် အစောပိုင်းက အနက်ရောင် လျှပ်စီးကြောင်းကို ကာကွယ်ရန် သူ၏ အစွမ်းထက်သော အင်မော်တယ် အနှစ်သာရကို အသုံးမပြုပါက၊ အနက်ရောင် လျှပ်စီးများ၏ ပြင်းထန်သော အဖျက်စွမ်းအားကြောင့် ဒဏ်ရာရသွားပေလိမ့်မည်။

အနက်ရောင်ဝတ်ထားသူ အမျိုးသားသည် ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်လိုက် သည်။ အပေါ်ယံမျက်နှာပြင်ပေါ်တွင် အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်း အဆင့် ကျင့်ကြံမူစွမ်းအားသာ ရှိသေးသည် လူငယ်တစ်ဦးသည် ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကြီးကို ထုတ်ဖော်နိုင်စွမ်းရှိနေရသည်ကို သူသည် သိသိ သာသာ သိချင်နေခဲ့သည်။

"ဒါက မင်းရဲ့ အစစ်မှန် စွမ်းအား ဖြစ်ပုံပဲ။ အနက်ရောင် လျှပ်စီးကြောင်း၊ စိတ်ဝင်စားဖို့ ကောင်းတယ်။" အနက်ရောင်ဝတ်ထားသူ အမျိုးသား၏ နှုတ်ခမ်းများသည် အပြုံးတစ်ခု အဖြစ် တွန့်ကွေးသွားကာ သူ၏မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်လိုစိတ်ကို ထုတ်ဖော်လာသည်။

ရန်ကလန်၏ အလယ်အလတ်အဆင့် အစောင့်အကြပ်တစ်ဦးအနေဖြင့် လင်းယန်၏ အကြီးမားဆုံး ဝါသနာက တိုက်ပွဲ ဖြစ်သည်။ သို့သော်လည်း မျိုးနွယ်စုသည် မျိုးနွယ်စု၏ ပိုင်ဆိုင်မှုများကို တာဝန်ယူဦးစီရန် သူ့ကို မစေလွှတ်ခဲ့ပေ။ ယင်းအစား၊ လူပေါ်ကြော့ တပည့်တစ်ဦး ဘေးကင်းဖို့အတွက် သူ့ကို ထိုတပည့်၏အနားမှာ ထားခဲ့တယ်။ ထိုလူငယ်သည် တစ်နေ့တာလုံး ယောက်ျားနှင့် မိန်းမများကို မည်သို့ အနိုင်ကျင့်ရ မည်ကိုသာ သိသူ ဖြစ်သည်။ သူ၏စိတ်နှလုံးထဲတွင်ဝယ် နာကျည်းမှုတွေနှင့် ပြည့်နှက်နေခဲ့သည်မှာ ကြာမြင့်လှပြီ။

သို့သော် ဤရန်ချန်သည် တော်ဝင်အကြီးအကဲကြီး၏ မြေးဖြစ်သောကြောင့် ဤအရာအားလုံးကို သူသည် လက်ခံရုံသာ တတ်နိုင်ခဲ့သည်။

ယနေ့တွင် ချင်ယွင်သည် သာမန်ထက်သာလွန်သော အမြန်နှုန်းကို ပြသလာသည်ကို မြင်သောအခါတွင်၊ သူသည် တိုက်ပွဲကောင်းတစ်ခု တိုက်ခိုက်ရနိုင်သည်ဟု သူ ထင်ခဲ့သော်လည်း၊ စူးစမ်းရန် ကြိုးစားသောအခါတွင်မူ သူသည် အလွန်စိတ်ပျက်သွားခဲ့ သည်။

ယခုတွင်၊ ချင်ယွင်သည် ထိုပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားဖြင့် ရုတ်တရက် ပေါက်ကွဲ ထွက်လာသည်ကို မြင်လိုက်ရလျှင်၊ သူ့နှလုံးသား၏ နက်ရှိုင်းသော နေရာမှ တိုက်ခိုက်လိုစိတ်များ ချက်ချင်း တောက်လောင်သွားသည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် မိုးကြိုးအင်မော်တယ်ခန္ဓာကိုယ် အခြေအနေသို့ လုံးလုံး လျားလျား ဝင်ရောက်ထားသည်။ ဤအခိုက်အတန့်တွင် အနက်ရောင် လျှပ်စီးကြောင်း များသည် သူ့ခန္ဓာကိုယ်၏ အပေါ်ယံမျက်နှာပြင်ပေါ်တွင်သာ ရှိနေရုံသာမကတော့ဘဲ၊ ကြီးမားသော အနက်ရောင် လျှပ်စီးကြောင်းစွမ်းအင်သည်လည်း သူ့ခန္ဓာကိုယ်၏ အတွင်းအထိပါ ပျံ့နှံ့လာသည်။

အကယ်၍၊ တစ်စုံတစ်ယောက်သည် အနီးကပ် ကြည့်လိုက်မည်ဆိုလျှင်၊ သူ၏ ခန္ဓာကိုယ်မှာရှိနေသော ဆဲလ်တိုင်းသည် သေးငယ်သော အနက်ရောင် လျှပ်စီးကြောင်းများဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရပါလိမ့်မည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးကြိုးလျှပ်စီးပေါင်း အချက်တစ်သိန်းလောက် အဆက်မပြတ် ပစ်ခတ်နေသလိုပဲ။

သူ၏ရှေ့မှ အနက်ရောင်ဝတ်ထားသူ အမျိုးသားကို လှမ်းကြည့်ရင်း ချင်ယွင်၏ မျက်လုံးများသည် အေးစက်သွားသည်။ အနက်ရောင် လျှပ်စီးကြောင်းများသည် သူ၏မျက်လုံးထဲတွင် အဆက်မပြတ် လင်းလက်နေပြီး သူ၏သူငယ်အိမ်များသည် မှင်ကဲ့သို့ နက်မှောင်နေ၏။ ယင်းက နက်နဲလွန်းသဖြင့် မြင်ရသများကို နှလုံးခုန် ရင်တုန်သွားစေသည်။

သတ်ဖြတ်လိုသောဆန္ဒ၊ လွှမ်းမိုးကြီးစိုးနိုင်သော အငွေ့အသက်နှင့် ထိန်းမနိုင် သိမ်းမရ ဒေါသပုန်ထသော အငွေ့အသက်တို့က ရောနှောနေခဲ့ပြီး၊ အသက်ရှုမဝနိုင် ဖြစ်ရသည် အထိ ရူးသွပ်မှုအခြေနေမျိုး ဖြစ်နေသည်။

“ဘုန်း..”

ချင်ယွင်၏ ရုပ်အသွင်သည် ချက်ချင်းပင် ပျံထွက်သွားပြီး သူ၏ခြေဖဝါးအောက်ရှိ မြေပြင်သည် ချက်ချင်း ပေါက်ကွဲသွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင် ၀တ်စုံနှင့် အမျိုးသား၏ရှေ့မှာ တိုက်ရိုက် ပေါ်လာပါသည်။

"နဂါးလက်သီး၏ ဒုတိယသိုင်းကွက်၊ ပျံသန်းနေသောနဂါး” ချင်ယွင်သည် ကျယ်လောင်စွာ အော်ဟစ်ကျိန်းဝါးလိုက်သည်နှင့် နဂါးဟိန်းဟောက်သံသည် သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ရွှေရောင်နဂါးပုံရိပ်ကြီးသည် ပြင်းထန်သော အနက်ရောင် လျှပ်စီးများနှင့် ရောနှောနေကာ ချင်ယွင်၏ လက်မောင်းကို ရစ်ပတ်ထားပြီး၊ သူသည် အနက်ရောင် ဝတ်စုံနှင့် အမျိုးသားကို ထိုးလိုက်လေသည်။

အရှိန်အဟုန်သည် အလွန်ပြင်းထန်သဖြင့် ရောက်ရှိလာသူ လူအားလုံး၏ မျက်နှာများသည် အံ့ဩသွားကြသည်။

“ကောင်းလိုက်တာ!

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် ချက်ချင်းပင် ကျယ်လောင်စွာ အော်ပြောလိုက်ပြီး၊ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်၏ အင်မော်တယ် အနှစ်သာရက စတင်ရွှေ့လျားလာပြီး၊ သူ၏လက်ဖဝါးတွင် အကန့်အသတ်မရှိသော အင်မော်တယ် အနှစ်သာရက တွယ်ကပ်လျက် ရှိနေကာ၊ သူ၏ လက်ဖဝါးတစ်ခုလုံးသည် ဧရာမလင်းယုန်ငှက်ကြီး ခြေသည်းအသွင်သို့ ပြောင်းလဲသွား ပြီး ထိုလက်သီးချက်ကို လက်ခံလိုက်လေသည်။

ချင်ယွင်သည် အနက်ရောင် လင်းယုန်ငှက်ကြီး၏ ခြေသည်းများကို ပြင်းထန်စွာ လှုပ်ခါနိုင်ရန်အတွက် အနှိုင်းမဲ့ ရက်စက်ကြမ်းကြုတ်သော ဤသိုင်းကွက်ကို အသုံးပြုခဲ့ ရသည်။

“ဘုန်း..”

ကျယ်လောင်သော ပေါက်ကွဲအသံသည် အချိန်အတော်ကြာအောင် နားကန်သွားသည် အထိ အဆုံးမဲ့ ဖြစ်ပေါ်နေခဲ့သည်။

ချင်ယွင်နှင့် အနက်ရောင်ဝတ်စုံဝတ်ထားသူ အမျိုးသားတို့ မိုက်မဲစွာ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး သူတို့နှစ်ဦးကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်အတက်အကျလှိုင်းများ သည် မုန်တိုင်းတစ်ခုလို ပျံ့နှံ့သွားခဲ့သည်။

“လုံလောက်ပြီ"

အနက်ရောင်ဝတ်စုံ ဝတ်ထားသူ အမျိုးသား၏ နှုတ်ခမ်းစွန်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားကာ အခြားလက်ဖဝါး တစ်ဖက်က လျှပ်စီးလက်သည့် အလား ချင်ယွင်၏ ရင်ဘတ်ကို တိုက်ရိုက် ရိုက်ချလိုက်လေသည်။

“ဖူး…”

ချင်ယွင်သည် တိုက်ရိုက်ထိမှန်ပြီး ကြိုးပြတ်သွားသော စွန်ကဲ့သို့ နောက်ပြန် လွင့်ထွက်သွားသည် ။

"နောက်ဆုံးမှာတော့၊ မင်းရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းကို အားနည်းနေသေးတယ်။ မင်းက ငါ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး" အနက်ရောင်ဝတ်ထားသူ အမျိုးသားက ရယ်မောလိုက်သည်။

"ဟုတ်လား?"

သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်၏ ပါးစပ်ထောင့်မှ ပြုံးနေသည့် အရိပ်အယောင် ထွက်ပေါ်လာသည်။ သူသည် ရုတ်တရက် လှည့်ထွက်လိုက်ပြီး၊ လေဟာနယ်ကို ကန်သွင်းလိုက်ရာ လေဟာနယ်ထဲတွင် လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် လေပြည်လေညှင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။ သူသည် မကြုံစဖူးသော အရှိန်ဟုန်ဖြင့် တစ်နေရာသို့ ဦးတည် ဝှေ့ယမ်းလိုက်သည်။

သူ သွားနေသော ဦးတည်ရာအရပ်က အနက်ရောင်ဝတ်စုံဝတ်ထားသူ အမျိုးသားဆီသို့ မဟုတ်ဘဲ၊ အဓိကဇာတ်ကောင်ဖြစ်ပြီး လှောင်ပြောင်သရော်နေသော ရန်ချန်ဆီသို့ ဖြစ်ပါသည်။

ဤသည်မှာ၊ ချင်ယွင် ဟိုးအရင်ကတည်းက စီစဉ်ထားခဲ့သော အရာတစ်ခု ဖြစ်ပါသည်။ ချင်ယွင်၏ လက်ရှိအင်အားဖြင့် အနက်ရောင်ဝတ် အမျိုးသားကို သတ်ဖြတ်ရန် အလွန် ခက်ခဲပေမည်။ သို့သော် ရန်ချန်ကို သတ်ဖြတ်ခြင်းသည် အလွန်လွယ်ကူသော အလုပ် ဖြစ်သည်။ သို့သော် အနက်ရောင်ဝတ်ထားသူ အမျိုးသားသည် ၎င်း၏ သတိကြီးစွာ ထားရှိမှုကို ဦးစွာ ပေါ့လျှော့သွားစေရန် လိုအပ်သည်။ ထို့ကြောင့် ချင်ယွင်သည် ယခုလေးတင်၊ အနက်ရောင်ဝတ်စုံဝတ်ထားသူ အမျိုးသား၏ လုပ်ကြံခြင်းကို ခံယူခဲ့ပြီး ရန်ချန်ကို တိုက်ခိုက်ရန် ဤအခွင့်အရေးကို အသုံးပြုခဲ့သည်။

"မင်း လုပ်ရဲလို့လား”။

ချင်ယွင်သည် ရန်ချန်ကို တိုက်ခိုက်ရန် အမှန်တကယ် လှည့်ထွက်သွားသည်ကို အနက်ရောင်ဝတ်စုံဝတ်ထားသူ အမျိုးသား မြင်လိုက်ရသောအခါတွင်၊ သူ၏မျက်နှာ သည် တုန်လှုပ်ခြောက်ခြားသွားသည့် အမူအရာ ပေါ်လာသည်။

သူသည် ရန်ချန်၏ ကိုယ်ရေးကိုယ်တာ သက်တော်အစောင့်တစ်ဦး ဖြစ်သည်။ အကယ်၍၊ ရန်ချန် တစ်ခုခုဖြစ်သွားမည်ဆိုလျှင်၊ တော်ဝင်အကြီးအကဲသည် သူ့ကို အလွှတ်ပေးမည် မဟုတ်သည်မှာ သေချာပါသည်။

ထို့ကြောင့် အနက်ရောင်ဝတ်ထားသူ အမျိုးသားသည် သူ၏ အင်မော်တယ် အနှစ်သာရ ကို ချက်ချင်း စုစည်းပြီး၊ ရန်ချန်ဆီသို့ ပြေးသွားခဲ့သည်။ သူ ရန်ချန်၏ ရှေ့သို့ ရောက်ရှိ သည်နှင့် သူသည် ချင်ယွင်ကို သတ်ပစ်ချင်သည်။

သို့သော်လည်း သူသည် ချင်ယွင်ကို လျှော့တွက်နေဆဲ ဖြစ်သည်။ ချင်ယွင်သည် အစကတည်းက သူ၏အမြန်နှုန်းကို တမင်တကာ ဖုံးကွယ်ထားခဲ့သည်။ သူသည် လျှပ်တပြက်မိုင်တစ်သောင်း နိယာမ၏ အရှိန်အဟုန်ကို မပြသခဲ့ပေ။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် ခွန်အားအပြည့်ဖြင့် ပေါက်ကွဲထွက်လာခဲ့ပြီး မိုးကြိုးအင်မော်တယ် ခန္ဓာကိုယ်၏ အကူအညီဖြင့် သူ၏အရှိန်ဟုန်သည် ချက်ချင်းပင် လွန်ကဲစွာ တိုးမြင့်လာခဲ့သည်။

"လင်းယန်… ငါ့ကို ကယ်ပါဦး…"

မူလက ရန်ချန်သည် လင်းယန်၏ သတ်ဖြတ်ခြင်းကို ချင်ယွင်ခံသွားရသည်ကို စောင့်ဆိုင်းနေခဲ့ပြီး၊ ထို့နောက် ချင်ယွင်၏ အမျိုးသမီးအားလုံးကို သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုခဲ့သည်။ သို့သော်လည်း လင်းယွန်နှင့် တိုက်ခိုက်နေရာမှ ပြန်လည့်လာပြီး၊ ချင်ယွင်က သူ့ကို သတ်ပစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအရာအားလုံးကို သူ တွေ့မြင်လိုက်ရချိန်မှာ၊ ချင်ယွင်၏ရုပ်အသွင်သည် သူ၏ရှေ့တွင် ပေါ်လာပြီဖြစ်သည်။ ထိုကြောင့် သူသည် နောက်ကျနေပြီ ဖြစ်သည်။

"မင်းက ငါ့ အမျိုးသမီးကို မရိုက်နှက်သင့်ဘူး။ သေလိုက်တော့။"

ချင်ယွင်၏ အေးတိအေးစက် အသံသည် ရန်ချန်၏ နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီးနောက် တုနှိုင်းမရလောက်အောင် ကြောက်စရာကောင်းသော လျှပ်စီးစွမ်းအားတစ်ခု သူ၏မျက်လုံးများတွင် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။

“မဟုတ်ဘူး…”

ရန်ချန်သည် စိတ်ပျက်လက်ပျက်အသံဖြင့် အော်ဟစ်လိုက်သည်။ သို့သော် သူ၏ စကားမဆုံးမီတွင် ကြယ်တစ်ပွင့်ကို ဖြိုခွဲပစ်ရန် လုံလောက်သော ချင်ယွင်၏ လက်သီးက သူ၏ခေါင်းကို တိုက်ရိုက် ထိမှန်သွားသည်။

“ဘန်း..”

ရန်ချန်၏ ဦးခေါင်းမှာ ကွဲအက်ပြီး၊ သွေးများက လွင့်စင်သွားကာ၊ သူသည် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

All Chapters