အခန်း ၇၃၉
Vol. 50 Ch. 739
အခန်း (၇၃၉) ကြက်သွေးရောင်အရိပ်စောင့်။
"ဒါ... သူ ရူးနေသလား"
ရန်ချန်၏ ဦးနှောက်များ တစစီလွင့်စင်သွားသည်ကို တွေ့လိုက်ရသောအခါ လူတိုင်း အံ့ဩသွားကြသည်။
ဤသည်မှာ ရန်ကလန်၊ တော်ဝင်အကြီးအကဲ၏ မြေးဖြစ်သည်။ ဤလူငယ်သည် လူတိုင်း၏ရှေ့မှာပင် သူ့ကို သတ်ပစ်ရန် သတ္တိရှိခဲ့သည်။ သူက သေခြင်းတရားကို တောင်းခံနေသည် မဟုတ်ဘူးလား?
ဘေးမှ တိတ်တဆိတ် ကြည့်နေသော ရီယွန်လည်း မှင်သက်ပြီး အံ့အားသင့်နေခဲ့သည်။ သူမသည် ရန်ချန်ကို ရင်ဆိုင်ရန် ချင်ယွင်ကို အသုံးပြုဖို့ တွေးထားသော်လည်း သူ့ကို သတ်ပစ်ဖို့အထိ တွေးမထားခဲ့ပေ။
ရန်ချန်က ဘယ်သူလဲ?။
သူသည် ရန်ကလန်၊ တော်ဝင်အကြီးအကြီး၏ တစ်ဦးတည်းသော မြေးဖြစ်သည်။ ရန်ကလန်၏ တော်ဝင်အကြီးအကြီးသည် သူ့ကို သည်းသည်းလှုပ် ချစ်သူ ဖြစ်သည်။ သူ၏ အထွတ်အထိပ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျင့်ကြံမူအဆင့် သည် ရန်ကလန်၊ တော်ဝင်အကြီးအကြီးက အရင်းအမြစ်များဖြင့်၊ တစ်ဆင့်ပြီးတစ်ဆင့် စုပုံအသုံးပြုပေးထားသောကြောင့် ဖြစ်သည်။
ရန်ချန်သည် လျူလီမြို့ထဲမှာ မည်မျှပင် ရက်စက်ကြမ်းကြုတ် ရမ်းကားနေပါစေ၊ မျိုးနွယ်စုကို အန္တရာယ်ဖြစ်စေမည့် မည်သည့်အရာမျိုး မလုပ်ထားသရွေ့၊ ရန်ကလန် တစ်ခုလုံးက မျက်ကွယ်ပြုထားပါလိမ့်မည်။ ဤအရာအားလုံးသည် ရန်ကလန်၏ တော်ဝင် ပထမအကြီးအကဲကြောင့် ဖြစ်ပါသည်။
ပုံမှန်အားဖြင့်၊ တရားဥပဒေစိုးမိုးရေးအဖွဲ့သည် မြို့တွင်း သီးသန့်တိုက်ပွဲများမှာဆို ဝင်ရောက် စွက်ဖက်လေ့ရှိပါသည်။ သို့သော်လည်း ချင်ယွင်သည် အနက်ရောင်ဝတ်စုံ ဝတ်ထားသူ အမျိုးသားနှင့် တာရှည်စွာ ခုခံတိုက်ခိုက်နေခဲ့သော်လည်း ဥပဒေစိုးမိုးရေး အဖွဲ့သည် မည်သည့်အခါမျှ ထွက်ပေါ်လာခြင်း မရှိပေ။ ဤအရာက ရန်ချန်ကြောင့် မည်သူမျှ ဝင်ရောက်စွက်ဖက်ဝံ့ခြင်း မရှိသည်မှာ ထင်ရှားသည်။
ယခု ချင်ယွင်သည် ရန်ချန်ကို သတ်ဖြတ်လိုက်သောကြောင့် ရန်ကလန်၊ တော်ဝင် အကြီးအကဲသည် လုံးဝ ဒေါသထွက်နေပေလိမ့်မည်။
"ဒီလူက ဆုံးခန်းတိုင်သွားပြီ။ ရန်ကလန်၊ တော်ဝင် အကြီးအကဲကို စော်ကားတာဟာ ရန်ကလန် တစ်ခုလုံးကို စော်ကားတာနဲ့ ညီမျှတယ်။ သူ့ကို ဘယ်သူမှ ကာကွယ်နိုင်မှာ မဟုတ်ဘူး။" လူအုပ်ထဲက တစ်ယောက်ယောက်က သက်ပြင်းချပြီး ချင်ယွင်ကို သူသေနေတဲ့လူကို ကြည့်နေသလိုပဲ။
ချင်ယွင်၏အမူအရာသည် အမှန်တကယ်ပင် အလွန်အေးစက်နေပြီး သူ့နှလုံးသားထဲတွင် နောင်တရစရာအရိပ်အယောင်မရှိပေ။
ရန်ချန်၏ တပ်မက်မှု ရီယွမ်သည် သူ့နှလုံးသားထဲတွင် ဒေါသဖြစ်နေပြီဖြစ်သည်။ ထို့အပြင် ရန်ချန် သည် လျူရန်ယွင် နှင့် အခြားမိန်းကလေး သုံးဦးကို အမှန်တကယ် စတင်တွေးတောလာခဲ့သည်။ ဒါက ချင်ယွင် ရဲ့ အဓိကအချက်ကို လုံးဝကျော်လွန်သွားပြီ။
"မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ”။ အဝေးမှ အနက်ရောင် ဝတ်ရုံဝတ် အမျိုးသားသည် ထိတ်လန့်တုန်လှုပ်သော အသံဖြင့် ပြောသည်။
ယခု ရန်ချန် အသတ်ခံရပြီးနောက် တော်ဝင်အကြီးအကဲသည် သူ့ကိုလည်း အလွတ်ပေးမည် မဟုတ်ပေ။
သူ၏ရှေ့မှာ ထွက်ပေါ်လာမည့် ရက်စက်ကြမ်းကြုတ်သော ထိုအဘိုးကြီးအကြောင်း တွေးလိုက်မိပြီး၊ သူ၏ရင်ထဲမှာ ထိန်းမနိုင်သိမ်းမရ ကြောက်ရွံ့မှုတွေ ပေါ်လာပါသည်။
သို့သော် ဤအရာအားလုံးကို ဖြစ်ပေါ်စေခဲ့သူမှာ သူ၏ရှေ့မှ ဤလူငယ် ဖြစ်သည်။
"ဟင့်၊ ခင်ဗျား၊ ကြောက်နေပုံရတယ်။ ရန်ချန်သေသွားပြီဆိုတော့၊ ခင်ဗျားလည်း အသက်မရှင်နိုင်မှာကို ကျုပ် စိုးရိမ်မိတယ်။" ချင်ယွင်က ရယ်မောလိုက်သည်။
အင်မော်တယ်ကမ္ဘာရှိ ဤသက်တော်စောင့်များ၏ အသက်များသည် မြက်ပင်များ ကဲ့သို့ပင်။ သူတို့၏ သခင်သေလျှင်၊ သူတို့လည်း သဘာဝအတိုင်း အသတ်ခံရလိမ့်မည်။
"ငါ မင်းတို့ကို အင်မော်တယ်နန်းတော်ထဲကို ခဏ ပို့ပေးလိုက်မယ်။ မင်းတို့ မခုခံနဲ့။" ချင်ယွင်သည် သူစကားပြောနေသည်ကို အခွင့်ကောင်းယူပြီး အမျိုးသမီး သုံးယောက် နှင့် ရီယွန်တို့ထံ တစ်ပြိုင်နက် စိတ်ဝိညာဉ် အသံပို့လွှတ်ခြင်းဖြင့် အသံပို့ပေးလိုက်သည်။
ယခုအချိန်က တိုက်ခိုက်ရမည့် အချိန်မဟုတ်ပါဘူး။ အကယ်၍၊ ချင်ယွင်၏ ခန့်မှန်းချက် သာ မှန်ကန်ပါက ရန်ကလန်၏ တရားဥပဒေစိုးမိုးရေးအဖွဲ့သည် ဤနေရာသို့ မကြာမီ ရောက်ရှိလာသင့်ပြီး၊ ရန်ကလန်သည် ရန်ချန်၏ သေဆုံးမှု သတင်းကို အမြန်ဆုံး ရရှိသွားမည် ဖြစ်သည်။
ထိုအချိန်တွင်၊ ရန်ကလန်သည် သူ့အား ဝန်းရံပိတ်ဆို့ပြီး ဖမ်းဆီးရန် ကျွမ်းကျင်သူ များစွာကို စေလွှတ်မည်မှာ သေချာသည်။ ယခုအချိန်၊ သူ ထွက်မပြေးဘူးဆိုလျှင်၊ သ လွတ်မြောက်ဖို့ အခွင့်အလမ်း မရှိတော့ပါဘူး။
"ငါသေရင်တောင် မင်းကို ငါနဲ့အတူ မြှုပ်နှံခိုင်းဦးမယ်" အနက်ရောင် ဝတ်ရုံဝတ် အမျိုးသားသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်တစ်ယောက်၏ အငွေ့အသက်က ပျံ့နှံ့ပြီး သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးကြီးများ ကဲ့သို့ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
ဝှီး…။
အနက်ရောင်ဝတ်ထားသော အမျိုးသား၏ ပုံရိပ်သည် အသည်းအသန် ပျံထွက်သွား သည်။ ဂြိုလ်တစ်ခု၏ အလင်းရောင်ကဲ့သို့ စွမ်းအင်အတက်အကျလှိုင်းများသည် သူ၏ လက်မှ ထွက်ပေါ်လာပြီး ချင်ယွင်ကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်သည်။
"အခု ချက်ချင်းပဲ..။"
ချင်ယွင်သည် ချက်ချင်းပင် စိတ်ပိုင်းဆိုင်ရာ ပေးပို့လိုက်သည်။ ထို့နောက် သူသည် သူ၏ ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး၊ ရီယွန်၊ ရန်စီချီ နှင့် အခြားသူများကို အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲသို့ ထည့်လိုက်သည်။ ချင်ယွင်သည် မြို့တံခါးဆီသို့ ဦးတည်ပြီး လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို တိုက်ရိုက် အသုံးပြုလိုက်သည်။
မှန်ပါသည်။ ချင်ယွင်သည် ထွက်ပြေး လွတ်မြောက်ချင်ခဲ့သည်။
သူ၏ လက်ရှိအင်အားဖြင့် ရန်ကလန်တစ်ခုလုံးကို တွန်းလှန်နိုင်သည့်အဆင့်သို့ မရောက်သေးသောကြောင့်၊ သူသည် အဝေးကို ထွက်ပြေးပြီး ရှောင်နေရန် နည်းလမ်းတစ်ခုသာ ရှိပါတော့သည်။
ချင်ယွင်သည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို အသက်သွင်းလိုက်သည်။ သူသည် ကနဦးဝင်ရောက်ခြင်းအဆင့်ကို နားလည်ထားခြင်းမျှသာ ဖြစ်သော်လည်း၊ သူ၏အရှိန်ဟုန်က အရမ်းကို မြန်ဆန်နေသေးသည်။ သူသည် တခဏအတွင်း၊ မိုင်တစ်သောင်းအကွာဝေးမှာ ပေါ်လာပါသည်။
"မင်းက ဘယ်ကို ထွက်ပြေးနိုင်မှာလဲ"
ချင်ယွင်သည် အမှန်တကယ် တိုက်ပွဲကို ရှောင်တိမ်းပြီး ထွက်ပြေးသွားကြောင်း အနက်ရောင်ဝတ်ရုံဝတ် အမျိုးသား မြင်သောအခါ၊ သူသည် ချင်ယွင် ထွက်ပြေးသည့် ဦးတည်ရာ အရပ်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။ သို့သော်၊ ယခုအချိန်တွင် ချင်ယွင် ပေါက်ကွဲထွက်လာသည့် အရှိန်ဟုန်သည် သူ့ကဲ့သို့သော အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုပ် အမှန်တကယ် ကျော်လွန်နေခဲ့သည်။
အသက်ရူချိန် အနည်းငယ်အတွင်းမှာပင်၊ ချင်ယွင်၏ ရုပ်အသွင်ပြင်သည် သူ၏ ရှေ့မှောက်မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါသည်။
အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားသည် ပျောက်ကွယ်သွားသော ချင်ယွင်ကို ကြည့်ရင်း၊ သူ၏မျက်လုံးများတွင် ပြင်းထန်သော မလိုလာမူနှင့်အတူ ဒေါသ အရိပ်ယောင်များ ပြည့်နှက်နေသည်။
"ဝှီး….၊ ဝှီး….”။
ထိုအခိုက်တွင် အနက်ရောင်ဝတ်ရုံဝတ် အမျိုးသား၏ရှေ့တွင် လူခုနစ်ယောက် ထွက်ပေါ်လာသည်။ ဤလူခုနစ်ဦးသည် ရန်ကလန်၏ တရားဥပဒေစိုးမိုးရေးအဖွဲ့မှ ဖြစ်ကြပြီး၊ သူတို့အားလုံးသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ် အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
၎င်းတို့ ခုနစ်ဦးသည် ဝင်းလက်တောက်ပြောင်ပြီး ခမ်းနားထည်ဝါသော ချပ်ဝတ် တန်ဆာများကို ဝတ်ဆင်ထားကြသည်။ သူတို့၏ မျက်လုံးများသည် စူးရှပြီး သူတို့၏ ခန္ဓာကိုယ်များမှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ထုတ်လွှတ်သည်။
ရန်ကလန်၏ တရားဥပဒေစိုးမိုးရေးအဖွဲ့မှ အဖွဲ့ဝင်များအားလုံးကို တင်းကြပ်စွာ လေ့ကျင့်သင်ကြားပေးပြီး ရွေးချယ်ထားသောကြောင့် ၎င်းတို့အားလုံးသည် အဆင့်တူ ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။ ထို့အပြင်၊ သူတို့သည် အတူတကွ ပူးပေါင်းလိုက်ချိန် မှာ၊ ၎င်းတို့၏ အငွေ့အသက်များသည် လုံး၀ ပေါင်းစပ်သွားပြီး၊ သူတို့သည် အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများထက် အနည်းငယ်မျှ အားနည်းတော့မည် မဟုတ်ပေ။
"လင်းယန်၊ သခင်လေးရန်ကို သတ်ခဲ့တဲ့ ရာဇ၀တ်ကောင်က ဘယ်မှာလဲ?" တရားဥပဒေစိုးမိုးရေး အဖွဲ့ခေါင်းဆောင်က အနက်ရောင် ဝတ်ရုံဝတ် အမျိုးသားကို အေးစက်စွာ မေးခွန်းထုတ်သည်။
ယနေ့ တာဝန်ကျသော တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ခေါင်းဆောင်တစ်ဦးအနေဖြင့်၊ ရန်ချန်သည် သူ၏ တာဝန်ခံနယ်မြေအတွင်း သေဆုံးသွားသောကြောင့် သူ့တွင် ရှောင်လွှဲ၍ မရသော တာဝန်တစ်ခု ရှိလာသည်။ အကယ်၍၊ တော်ဝင် အကြီးအကဲသာ သူ့ကို အပြစ်တင်လျှင် သူလည်း သေဆုံးကောင်းသေဆုံးသွားနိုင်သည်။
"ဝမ်ရှင်း၊ အဆင့်နိမ့် အစောင့်ကြပ်တစ်ယောက်အနေနဲ့ မင်းက ငါ့ကို ဒီလိုပြောဖို့ သတ္တိရှိနေတယ်ပေါ့" လင်းယန်သည် တရားဥပဒေစိုးမိုးရေးအဖွဲ့ ခေါင်းဆောင်၏ စကားကို ကြားသောအခါ ပြင်းထန်သော အမျက်ဒေါသက ချက်ချင်း ထွက်ပေါ်လာ သည်။
"ဟင့်၊ သခင်လေးရန်ရဲ့ ကိုယ်ပိုင်သက်တော်စောင့် အစောင့်တစ်ယောက်အနေနဲ့ မင်းက သူ့ကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့ပြီး၊ ဘာမဟုတ်တဲ့ အိမ်ထောင်ရေး ဖောက်ပြန်မူကို အကြောင်းပြုပြီး၊ သူ့ကို ထိခိုက်ပျက်ဆီးစေခဲ့တယ်။ ငါတို့တောင် ဝန်ထုတ်ဝန်ပိုးအဖြစ် ပါဝင်နေသေးတယ်။ မင်းကများ ငါ့ဆီက လေးစားမူကို မျှော်လင့်နေတုန်းပဲလား။ အိပ်မက်မက်လိုက်ဦး”။ ဝမ်ရှင်းက အေးစက်စွာ အော်ပြော လိုက်သည်။
ထိုစကားကို ကြားလိုက်ရတော့၊ လင်းယန်သည် အမုန်းတရားနှင့်အတူ အံတင်းတင်း ကြိတ်လိုက်မိသည်။ သို့သော်လည်း၊ သူသည် ထိုစကားကို မချေပခဲ့ပေ။ ဝမ်ရှင်း ပြောသောစကားသည် အမှန်ပင် ဖြစ်ပါသည်။
"သူ မြို့တံခါးဆီကို ဦးတည်ပြေးသွားတယ်။ သူ့နောက်ကို မြန်မြန် လိုက်သွားပါ။ ဒါပေမယ့် မင်းကို ငါ သတိပေးချင်တာက အဲဒီကောင်ရဲ့ အရှိန်ဟုန်က အရမ်းကို မြန်ဆန်တယ်။ အခု သူ မြို့တံခါးကနေ ထွက်သွားပြီး ဖြစ်နေမှာကိုတောင် ငါ စိုးရိမ်တယ်။" လင်းယင်က အေးစက်စွာ ပြောသည်။
"လခွမ်းပေါ့၊ လိုက်..” ဝမ်ရှင်းသည် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ ထို့နောက် သူသည် လူခြောက်ယောက်ကို ခေါ်ဆောင်ကာ မြို့တံခါးဆီသို့ လိုက်ပါသွားခဲ့သည်။
လင်းယန်သည် နောက်မှ လျင်မြန်စွာ လိုက်ပါသွားခဲ့သော်လည်း၊ သူသည် ချင်ယွင်နောက်ကို လိုက်မည့်အစား ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။
သူသည် ယခုအချိန်တွင် ရန်ကလန်သို့ လုံးဝ ပြန်မသွားနိုင်တော့ဘူးဆိုသည်ကို သူ သိထားသည်။ အကယ်၍၊ ချင်ယွင်ကို ဖမ်းနိုင်လျှင်ပင်၊ တော်ဝင် အကြီးအကဲက သူ့ကို အသက်ရှင်ရန် အခွင့်အလမ်း အနည်းငယ်မျှ မပေးသည်မှာ သေချာပါသည်။ ထို့ကြောင့်၊ ယင်းအစား တိုက်ရိုက်ထွက်ပြေးခြင်းက ပိုကောင်းပါသည်။ ထိုသို့ဆိုလျှင်၊ သူသည် ရှင်သန်ရန် အခွင့်အလမ်း ရှိပါသေးသည်။
သို့သော်လည်း၊ သူသည် မြို့တံခါးမှ ထွက်ကာ တစ်နေရာရာသို့ ပြေးသွားစဉ်၊ ထူးဆန်းသော အေးစက်စက် အလင်းရောင်တစ်ခုက သူ၏နောက်တွင် ရုတ်တရက် လင်းလက်လာသည်။
လင်းယန်၏ မျက်နှာပေါ်တွင် ကြောက်ရွှံ့နေသည့် အမူအရာက လုံးဝ အေးခဲသွား သည်။ သူ၏လည်ပင်းပေါ်တွင် သွေးစွန်းရာတစ်ခု ပေါ်လာပါသည်။
သူ၏ဦးခေါင်းသည် ခန္ဓာကိုယ်နှင့် တဖြည်းဖြည်း ကင်းကွာသွားသည်။ သူ၏ အသိစိတ်က အဆုံးသတ်ခါနီးမှာ၊ သူသည် နောက်ဆုံးတွင် သူ့ကို သတ်ခဲ့သည့် လူကို တွေ့လိုက်ရလေသည်။
"ကြက်သွေးရောင်အရိပ်အစောင့်" လင်းယင်သည် စိတ်ပျက်အားငယ်ဟန်ဖြင့် ပြောလိုက်ပါသည်။ သို့သော် သူစကားမဆုံးခင်မှာ မြေပေါ်လဲကျပြီး သေဆုံးသွားခဲ့ရ သည်။
"ဟမ့်၊ မင်းက အလုပ်ကို ကောင်းကောင်းမလုပ်နိုင်တော့မှ ထွက်ပြေးချင်သေး တယ်ပေါ့။ မင်း အသက်ရှင်နေစရာမလိုဘူး"
ကြက်သွေးရောင် သံချပ်ကာဝတ်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် အလွန်မင်း ထက်ရှသော ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်ထားရင်း၊ သွေးအိုင်ထဲတွင် လဲလျောင်းနေသော လင်းယန်ကို အေးစက်စွာ ကြည့်နေလေသည်။ သူ၏မျက်လုံးတွေက အေးစက်နေခဲ့သည်။
မြို့တံခါးဝတွင်၊ ရန်ကလန်နှင့်ပတ်သက်ပြီး အကြောင်းအရာအချို့ကို သိထားသော လူအချို့သည် ကြက်သွေးရောင်သံချပ်ကာဝတ် လူငယ်ကို အံ့အားသင့်ဟန်ဖြင့် ရိုသေစွာ ကြည့်နေကြသည်။
ကြက်သွေးရောင်အရိပ်အစောင့်များသည် ရန်ကလန်၏ အဆင့်မြင့် အစောင့်ကြပ်များ အဖြစ် သတ်မှတ်ထားသည့် နောက်ထပ် အဆင့်တန်းတစ်ခု ဖြစ်သည်။ ရန်ကလန်၏ ကြက်သွေးရောင်အရိပ်အစောင့်များကို မည်သည့်အရာက အထိတ်တလန့် ဖြစ်အောင် လုပ်ခဲ့သည်ကို သူတို့ မသိနိုင်ပေ။