အခန်း ၇၄၀
Vol. 50 Ch. 740
အခန်း (၇၄၀) ရုပ်ခန္ဓာကိုယ် အဆင့်ချိုးဖြတ်ခြင်း။
"ဘာ….၊ ရန်ချန် သေသွားပြီ၊ ဟုတ်လား?။"
ရန်ကလန်၏ တတိယအကြီးအကဲသည် ဧည့်ခန်းတွင် ထိုင်နေသည်။ သူ၏ လက်အောက်ငယ်သားများထံမှ သတင်းကိုကြားတော့ သူ၏မျက်ခုံးများသည် ချက်ချင်း တွန့်သွားခဲ့သည်။
ယခု ရန်ကလန်၏ မျိုးနွယ်စု ခေါင်းဆောင်နှင့် တော်ဝင်အကြီးအကဲ နှစ်ဦးစလုံးသည် တံခါးပိတ်ကျင့်ကြံနေကြပြီး၊ ဒုတိယအကြီးအကဲသည် အလုပ်ကိစ္စများစွာဖြင့် အပြင်ထွက်နေရသောကြောင့်၊ သူသည် ရန်ကလန်ကို အမြဲတမ်း အုပ်ချုပ်နေခဲ့ရသည်။
ယခု ရန်ချန်က သေဆုံးသွားပြီ ဖြစ်သဖြင့်၊ တော်ဝင်အကြီးအကဲသည် သေချာပေါက် ကျင့်ကြံတာကို စွန့်လွှတ်ပြီး ထွက်လာတော့မည် ဖြစ်သည်။
"တော်ဝင်အကြီးအကဲကို ကျွန်တော်တို့ အကြောင်းကြားသင့်လား?" ကြက်သွေးရောင် အရိပ်အစောင့်က မေးသည်။
မှန်ပါသည်။ သူကတော့ လင်းယန်ကို သတ်ခဲ့သည့် ကြက်သွေးရောင် အရိပ်အစောင့် ကျောင်းကျီ ဖြစ်ပါသည်။
ရန်ချန် သေဆုံးသွားကြောင်း သူ၏လက်အောက်ငယ်သားများထံမှ သတင်းရရချင်း၊ အခြေအနေက အလွန်ဆိုးဝါးကြောင့် သူသိသောကြောင့်၊ သူသည် ရန်ချန်သေဆုံးသည့် နေရာကို သွားပြီးနောက်၊ မြို့တံခါးဆီသို့ ချက်ချင်း လိုက်သွားခဲ့သည်။
သို့သော် သူသည် ခြေတစ်လှမ်း နောက်ကျနေသေးသည်။ သူသည် မြို့တံခါးကို ရောက်သောအခါ၊ ချင်ယွင်၏ ရုပ်အသွင်သည် မြို့တံခါးမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဟုတ်ပါသည်၊ သူသည် အပြစ်ပေးခံရမည်ကို ကြောက်ရွံ့သည့်အတွက် ထွက်ပြေးတော့ မည့် လင်းယန်ကို တွေ့လိုက်ရတော့၊ တွန့်ဆုတ်ခြင်းမရှိ လင်းယန်ကို သတ်ပစ်လိုက်ခဲ့ သည်။
"မလိုအပ်ဘူး။ အခုအချိန်မှာ တော်ဝင်အကြီးက လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်ရဲ့ အရေးကြီးဆုံးအခိုက်တန့်ကို ဖြတ်ကျော်နေတယ်။ အခုချိန်မှာ သူ့ကို အကြောင်းကြား လိုက်မယ်ဆိုရင် သူ့ရဲ့ကြိုးစားမှုတွေအားလုံး အချည်းနှီးဖြစ်နိုင်ချေ များတယ်။ ဒါ့အပြင်၊ ရန်ချန်က သေဆုံးပြီးသွားပြီ။ အခုချိန်မှာ အရေးကြီးဆုံးက လူသတ်သမားကို ရှာပြီး လက်စားချေဖို့ပဲ။” ရန်မျိုးနွယ်စု၏ တတိယအကြီးအကဲက ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။ သူ၏မျက်ခုံးတွေကို အိုမင်းရင့်ရော်ခြင်း မရှိသေးသည့် သူ၏ မျက်နှာပေါ်တွင် တင်းတင်းကျပ်ကျပ် တွန့်ထားသည်။ သေချာသည်မှာ၊ ဤကိစ္စသည် သူ့ကို အလွန် စိတ်ညစ်စေခဲ့သည်။
ကြက်သွေးရောင်အရိပ်စောင့် ကျောင်းကျီလည်း ခေါင်းညိတ်လိုက်သည်။
"လူသတ်သမားရဲ့ အမည်ကို မင်း တွေ့ပြီလား?" တတိယအကြီးအကဲက ဆက်မေး သည်။
"ကျွန်တော် သိပါပြီ။ အဲဒီလူက အရင်တုန်းက တတိယအကြီးအကဲ ကိုယ်တိုင် တပည့်တစ်ယောက်ရဲ့ အဆင့်အတန်းကို ပေးခဲ့တဲ့ ချင်ယွင်ဆိုသူပဲ" ကြက်သွေးရောင် အရိပ်စောင့်က လေးနက်စွာ ပြောလိုက်သည်။
"ချင်ယွင်လား?” အဲဒီအချိန်တုန်းက ပါရမီစွမ်းရည်ပြ အစီရင်ချပ်ပြားမှာ လူသားပုံစံကို ဖန်တီးခဲ့တဲ့ ချင်ယွင်ကို မင်း ဆိုလိုတာလား?။" ချင်ယွင်၏ တတိယအကြီးအကဲက အံ့သြစွာ မေးလိုက်သည်။
"မှန်ပါတယ်၊ သူပါပဲ။ သူနဲ့အတူ လိုက်ပါလာတဲ့လူက အိုးယန်လျူပါ" ကြက်သွေးရောင် အရိပ်စောင့် ကျောင်းကျီသည် မနာလိုစိတ်နှင့်အတူ သူ၏မျက်လုံးများက လင်းလက် သွားရင်း ပြောလိုက်လေသည်။
အလယ်လတ်အဆင့် နက်နက်သိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်အနေဖြင့်၊ သူသည် ပါရမီအရည်ချင်းကောင်းမျးကို ပိုင်ဆိုင်ထားပါသည်။ သို့သော်၊ သူသည် ရန်ကလန်တွင် အဆင့်မြင့်အစောင့်ကြပ်တစ်ဦးမျှသာ ဖြစ်နိုင်ပြီး၊ ယခုမှ အသစ်တက်လှမ်းလာသူ တစ်ဦးသည် တပည့်တစ်ဦး၏ အဆင့်အတန်းကို အမှန်တကယ် ရရှိခဲ့သည်။
ထိုသတင်းကို ကြားပြီးနောက် သူသည် အချိန်အတော်ကြာအောင် မနာလိုပင် ဖြစ်ခဲ့ရသည်။
"သူက အစောပိုင်း အစစ်အမှန် အင်မော်တယ်နယ်ပယ်မှာ မဟုတ်ဘူးလား?။ သူက အစစ်အမှန် အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့ ရန်ချန်ကို ဘယ်လိုလုပ် သတ်နိုင်ရတာလဲ?။ ဒါ့အပြင်၊ ရန်ချန်ကို အစောပိုင်းအဆင့် နက်နဲ သိမ်မွေ့ခြင်း အင်မော်တယ် အစောင့်ကြပ်တစ်ဦးက အကာအကွယ် ပေးထားတာကို ငါ မှတ်မိပါတယ်။" ရန်ကလန်၏ တတိယ အကြီးအကဲက အံ့အားသင့်စွာ မေးလိုက်သည်။
"ဒီလက်အောက်ငယ်သားလည်း စုံစမ်းကြည့်ပြီးပါပြီ။ ဒီချင်ယွင်က သူ့ရဲ့ ခွန်အားကို အစကတည်းက ဖုံးကွယ်ထားခဲ့တယ်။ ဒီလူဟာ အစောပိုင်း အစစ်အမှန် အင်မော်တယ် နယ်ပယ်မှာသာ ရှိပုံရပေမယ့်၊ သူရဲ့ခွန်အားက သာမန် အစောပိုင်း အစစ်အမှန် အင်မော်တယ်နယ်ပယ်ထက် အများကြီး သာလွန်နေခဲ့တယ်။ သူတို့ မိန်းကလေး ရန်ဖန်းယာနဲ့အတူ အပြင်ထွက်ပြီး မစ်ရှင်ထမ်းဆောင်ချိန်တုန်းက သူက သာမန်ထက် ထူးခြားတဲ့ သူရဲ့ခွန်အားတွေ ပြသခဲ့ပြီး ချန်ကူလည်း သူ့လက်မှာ သေဆုံးသွားခဲ့တယ်။ ဒါ့အပြင်၊ ဒီချင်ယွင်က မိန်းကလေး ရန်ဖန်းယာ နဲ့ တခြားသူတွေကို ကယ်တင်ခဲ့ပြီး၊ ရန်ဖန်းယာလည်း ချင်ယွင်အတွက် ဒီလျှို့ဝှက်ချက်ကို အမြဲသိမ်းဆည်းထားခဲ့ပါတယ်။” ကြက်သွေးရောင်အရိပ်အစောင့် ကျောင်းကျီက ပြောသည်။
သူသည် တတိယအကြီးအကဲနှင့် မတွေ့ဆုံမီတွင် ချင်ယွင်နှင့်ပတ်သက်၍ စုံစမ်းမှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ သို့သော် စုံစမ်းစစ်ဆေးမှု၏ နောက်ဆုံးရလာဒ်က သူ့ကို အံ့အားသင့်စေခဲ့သည်။
လွန်ခဲ့သော တစ်လခန့်က တက်လှမ်းလာပြီးနောက်၊ သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်၏ အစွမ်းကို ပိုင်ဆိုင်ထားပြီး ချန်ကူကဲ့ သို့သော အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို သတ်ပစ်ကာ၊ လူသားပုံသဏ္ဍာန် ပါရမီစွမ်းရည်ပြရုပ်ပုံကိုပင် ဆင့်ခေါ်နိုင်ခဲ့သည်။ အကယ်၍၊ ဤသတင်းသာ ပျံ့နှံ့သွားပါက၊ တော်ဝင်မင် အင်မော်တယ်မင်းဆက်တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေမည် ဖြစ်သည်။
ရန်မျိုးနွယ်စု၏ တတိယအကြီးအကဲလည်း မျက်မှောင်ကြုတ်သွားသည်။ ချင်ယွင်၏ အလားအလာသည် မည်မျှကြီးမားသည်ကို သူ ယခုမှပင် ရှင်းရှင်းလင်းလင်း သဘောပေါက်ခဲ့သည်။
"တတိယ အကြီးအကဲ၊ စိတ်မပူပါနဲ့။ ကျွန်တော် ဝမ်ရှင်းရဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့ကို ချင်ယွင်ကို လိုက်ရှာဖို့ စေလွှတ်ထားပြီးသားပါ။ နောက်ပြီး ကျွန်တော်လည်း သူ့ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။ ချင်ယွင်ရှိတဲ့ နေရာကို ရှာတွေ့တဲ့သူတိုင်းကို အဆင့်နိမ့် အင်မော်တယ်ကျောက်စိမ်း ၁၀၀၀ ဆုချီးမြှင့်မယ်။ ချင်ယွင်ကို သတ်နိုင်တဲ့လူတိုင်းကို အဆင့်နိမ့် အင်မော်တယ်ကျောက်စိမ်း ၁၀,၀၀၀ ချီးမြှင့်မယ်လို့ ကျွန်တော် ကြေငြာထားပါတယ်။ မကြာခင် ဒီသတင်းက ပျံ့နှံ့သွားမယ်လို့ ကျွန်တော် ယုံကြည်တယ်။” ကြက်သွေးရောင်အရိပ်စောင့် ကျောင်းကျီက ပြောသည်။
"အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း တစ်သောင်းက နည်းလွန်းတယ်။ အလယ်အလတ် အင်မော်တယ်ကျောက်စိမ်း တစ်သောင်းထဲကို ထပ်ထည့်လိုက်ပါ။ ဒီ ချင်ယွင်ကို မင်းကိုယ်တိုင် လိုက်ရှာရမယ်။ တရားဥပဒေစိုးမိုးရေးအဖွဲ့ရဲ့ အလုံးစုံ တိုက်ခိုက်ရေး အင်အားက အစောပိုင်း နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ထက် မနိမ့်ကျပါဘူး။ ဒီချင်ယွင်ကို သတ်ဖြတ်ဖို့က ပြဿနာမဖြစ်သင့်ပါဘူးလေ။ ဒါပေမယ့် ချင်ယွင်က ထွက်ပြေးလွတ်မြောက်သွားမှာကို ငါစိုးရိမ်တယ်။ ဒါကြောင့် မင်းကိုယ်တိုင် ဒီချင်ယွင်ကို တွေ့တာနဲ့ မင်း သူ့ကို သတ်ပစ်ရမယ်။” ရန်ကလန်၏ တတိယ အကြီးအကဲသည် ချက်ချင်းပင် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
ကြက်သွေးရောင်အရိပ်စောင့် ကျောင်းကျီသည် အနည်းငယ် အံ့အားသင့်သွားသည်။ သူ့ကို အလယ်လတ်အဆင့် အင်မော်တယ်ကျောက်စိမ်း ၁၀၀၀၀ ကို ဆုချီးမြှင့်ခိုင်း သည်။ ဤဆုလာဘ်မျိုးသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင် သူအချို့ကိုပင် ဆွဲဆောင်နိုင်ပေလိမ့်မည်။ ထို့အပြင်၊ သူသည် ကိုယ်တိုင်ကိုယ်ကျ အရေးယူ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ တတိယအကြီးအကဲသည် ချင်ယွင်အပေါ် သိပ်ပြီး ဂရုစိုက်နေရာ မကျဘူးလား?။
"ဟုတ်တယ်၊ ဒီလက်အောက်ငယ်သားက စီစဉ်လိုက်ပါ့မယ်" သို့သော်လည်း ကျောင်းကျီသည် သဘောတူလိုက်ရပါသေးသည်။
သူသည် ပြောပြီးသည်နှင့် လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် တတိယ အကြီးအကဲ၏ အသံက သူ၏နောက်မှ ထွက်ပေါ်လာပြန်သည်။
"တော်ဝင်အကြီးအကဲ တံခါးပိတ်ကျင့်ကြံရာကနေ အပြင်ထွက်မလာခင်၊ အများဆုံး အချိန်သုံးလပဲရမယ်။ ဒီသုံးလအတွင်း ဒီချင်ယွင်ရဲ့ ခေါင်းကို ငါ မြင်ချင်မယ်။ မဟုတ်ရင် မင်း ငါ့ကို လာတွေ့စရာ မလိုတော့ဘူး။"
ကျောင်းကျီသည် ထိုစကားကိုကြားသောအခါ၊ သူ၏ရင်ထဲတွင် ချက်ချင်းပင် အေးစိမ့်သွားသည်။ သူသည် တတိယ အကြီးအကဲကို အနည်းငယ် ဦးညွှတ်ကာ အမြန် ပြန်ဆုတ်သွားခဲ့သည်။
တတိယ အကြီးအကဲသည် ဧည့်ခန်းထဲတွင် ရပ်ကာ သူ၏မုတ်ဆိတ်တွေကို လှမ်းကိုင်လိုက်ရင်း သူ၏တစ်ကိုယ်လုံး အတွေးတွေထဲ ဝင်ရောက်သွားခဲ့သည်။
အင်အားစုများစွာသည် ရန်သူ၏ အလားအလာကို လျှော့တွက်မိပြီး၊ ရန်သူကို တဖြည်းဖြည်း ကြီးထွားလာစေခဲ့သည်။ နောက်ဆုံးတွင်၊ သူတို့သည် လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရသည်။ သူရန်လင်းခွန်သည် ရန်ကလန်တွင် ထိုသို့သော အရာမျိုး ဖြစ်ပေါ်လာမည်ကို မည်သည့်အခါမှ ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ချင်ယွင်ကို မကြီးထွားခင် ပုခက်ထဲတွင် သတ်ရန် ကြက်သွေးရောင်အရိပ် အစောင့်တပ်ကို တိုက်ရိုက်စေလွှတ်ရန် ရွေးချယ်ခဲ့သည်။
သို့သော်လည်း သူသည် ချင်ယွင်ကို လျှော့တွက်နေဆဲပင် ဖြစ်ပါသည်။ ကြက်သွေးရောင်အရိပ်စောင့်တပ်ကရော ချင်ယွင်ကို သတ်နိုင်မှာလား?။
ဤသဘောတရားများကို သူ နားလည်သည့်အချိန်၌၊ အရာအားလုံး နောက်ကျသွားပြီ ဖြစ်နေပါလိမ့်မည်။
မိုင်ထောင်ချီဝေးကွာသော လျူလီမြို့၏ တောကန္တာရတစ်ခုထဲတွင် မထင်ရှားသော သဲမြေပေါ်၌ သာမန်သဲမှုန့်အရွယ်အစား အင်မော်တယ်စံအိမ်ကြီးတစ်လုံးကို ခင်းထား ပါသည်။
မှန်ပါသည်။ ဤသည်မှာ ချင်ယွင်၏ အင်မော်တယ်ဘုရင်၏ စံအိမ်ကြီး ဖြစ်ပါသည်။ ချင်ယွင်သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးကို သဲမှုန့်အရွယ်အစားထိ လျှော့ချခဲ့ သည်။ ပုံမှန်အားဖြင့်၊ တစ်စုံတစ်ယောက်သည် ဤသဲမှုန်များအားလုံးကို စစ်ဆေးရန် အင်မော်တယ်စိတ်အာရုံကို အသုံးမပြုဘဲ၊ အင်မော်တယ်နန်းတော်၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲပေလိမ့်မည်။
ထိုအချိန်တွင် ချင်ယွင်သည် အင်မော်တယ်ဘုရင်စံအိမ်၏ ကျင့်ကြံရေးခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။
ဤတိုက်ပွဲသည် ချင်ယွင်ကို အဆင့်ချိုးဖြတ်ရန် အခွင့်အရေးကို ခံစားရစေခဲ့သည်။
ဤအခိုက်အတန့်တွင်၊ သူ၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်နှင့် ကျင့်ကြံခြင်းအခြေခံသည် အဆင့်ဖြတ်ကျော်မည့် လက္ခဏာများ ပြသနေသည်။ အထူးသဖြင့် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာသည် အချိန် အတော်ကြာအောင် ရှေ့ဆက်နိုင်ခြင်း မရှိခဲ့ပေ။ ယခု နောက်ဆုံးတွင်၊ ၎င်းသည် မသေမျိုးနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ဖြတ်ကျော်သွားမည့် အရိပ်အယောင်များ ပြသလာခဲ့သည်။
ဘန်း….။
ချင်ယွင်သည် အင်မော်တယ်ဘုရင်စံအိမ်၏ ကျင့်ကြံခြင်းခန်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေသည်။ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်လှိုင်းလုံးများသည် ချင်ယွင် ၏ ချွေးပေါက်များမှတဆင့် ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည်။
မိုးကြိုးအင်မော်တယ်ခန္ဓာကိုယ်ကို အသုံးပြုပြီးနောက် ယခုအကြိမ်တွင် ချင်ယွင်၏ ခန္ဓာကိုယ်ကို အနည်းငယ် ပျက်စီးစေခဲ့သော်လည်း ချင်ယွင်၏ ခန္ဓာကိုယ်ရှိ ဆဲလ်အား လုံးကိုလည်း အားကောင်းလာစေခဲ့သည်။
ဤအရာက ချင်ယွင်၏ မူလဆဲလ်များသည် ရေအများကြီး မဆံ့သော လက်သီးဆုပ် အရွယ် ပန်းကန်လုံးတစ်ခုနှင့် ဆင်တူပါသည်။ အနက်ရောင် လျှပ်စီးများကြောင့် နှိုးဆွခံရသောအခါ ၎င်းပန်းကန်လုံးသည် နှစ်ဆတိုးမြင့်လာခဲ့ပြီး ထိန်းထားနိုင်သော ရေပမာဏသည် သဘာဝအတိုင်း တိုးမြင့်လာခဲ့သည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် ကောင်းကင်နှ င့်မြေကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်များကို အရူးအမူးစုပ်ယူနေပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ အားလုံး ပြည့်နှက်စေသည့် အခြေအနေသို့ ရောက်ရှိသွားစေသည်။ ဤနည်းဖြင့်သာ သူသည် မသေမျိုးနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။
“ဘုန်း”
အချိန်အတော်ကြာပြီးနောက်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော ပေါက်ကွဲအသံတစ်ချက် ထွက်ပေါ်လာသည်။
"ငါ ဖြတ်ကျော်သွားခဲ့ပြီ။ နောက်ဆုံးတော့၊ ငါ မသေမျိုးနယ်ပယ်၏ နှောင်းပိုင်းအဆင့် ကို ဖြတ်ကျော်သွားခဲ့ပြီ။"
ချင်ယွင် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ယခုအခါတွင် သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် အဆများစွာ တိုးလာသည်ဟု ခံစားမိသည်။
သူသည် အင်မော်တယ်နန်းတော်၏ နံရံကို လက်သီးဖြင့် ထိုးလိုက်ချိန်မှာ၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲသွားသည်။ ချင်ယွင်၏ လက်သီးအောက်တွင် အင်မော်တယ်နန်းတော်နံရံတွင် အက်ကြောင်းတစ်ခု ချက်ချင်းပေါ်လာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်နှာသည် ရွှင်လန်းသော အမူအရာ ချက်ချင်း ပေါ်လာသည်။
ယခု သူ၏ ကာယခွန်အားဖြင့် မိုးကြိုးအင်မော်တယ်ခန္ဓာကိုယ်ကို ထပ်မံ အသုံးပြုပါက၊ သူသည် လင်းယန်ကို သေချာပေါက် သတ်နိုင်မည် ဖြစ်သည်။
"ဒီကျင့်ကြံမူအခြေခံကိုလည်း ထပ်ပြီး အဆင့်ချိုးဖြတ်တာ ပိုကောင်းပါတယ်။" ချင်ယွင်သည် သူ၏စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းလိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်ပါ သည်။