← Chapters

အခန်း ၇၄၁

Vol. 50 Ch. 741

အခန်း ၇၄၁

Vol. 50 Ch. 741

အခန်း (၇၄၁) ကြီးမားသော တုန်လှုပ်ချောက်ချားမှုကြီးတစ်ခု။

ချင်ယွင်သည် အင်မော်တယ်ဘုရင်၏ စံအိမ်ထဲရှိ ကျင့်ကြံခြင်းခန်းထဲတွင် တင်ပျဉ်ခွေ ထိုင်ကာ ရှေးဟောင်းအစိမ်းရောင်ကြာပန်းပညာရပ်ကို စတင် ဖြန့်ကျက်လိုက်သည်။

ရှေးဟောင်းအစိမ်းရောင်ကြာပန်းပညာရပ် ပျံ့နှံ့သွားသည်နှင့် တပြိုင်နက်၊ ချင်ယွင်၏ ဒန်တန်ရှိ အနန္တဒြဗ်စင်များထံမှ ကြီးမားသော စုတ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာ သည်။

ရုတ်တရက်၊ ချင်ယွင်၏ ဒန်တန်တွင် ဖြစ်ပေါ်လာသော စုပ်ဝဲတစ်ခုသည် ပတ်ဝန်းကျင်မှ အင်မော်တယ် စွမ်းအင်များကို သူ့ဒန်တန်၏ အလယ်ဗဟိုရှိ အနန္တဒြဗ်စင်များထံသို့ စုပ်ယူသွားလေသည်။

ချင်ယွင် တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံနေသော ကျင့်ကြံခြင်းခန်းထဲတွင်၊ အင်မော်တယ် စွမ်းအင်ပမာဏများစွာသည် ချင်ယွင်ဆီသို့ အရူးအမူး တိုးဝင်သွားနေပြီး၊ ချင်ယွင်၏ ဦးခေါင်းအထက်တွင် ကြီးမားသော စုပ်ဝဲကြီးတစ်ခုအဖြစ် တိုက်ရိုက် ဖြစ်ပေါ်လာသည်။

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ ချင်ယွင် ကျင့်ကြံနေသည့် ကျင့်ကြံခြင်းခန်းထဲရှိ အင်မော်တယ်စွမ်းအင် အားလုံးနီးပါးကို ချင်ယွင်က စုပ်ယူနေ သည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်ထဲရှိ အနန္တဒြဗ်စင်များထဲတွင် အဆင့်ချိုးဖြတ် မည့် လက္ခဏာတစ်ခုမျှ မတွေ့ရသေးပေ။

"အင်မော်တယ် စွမ်းအင်တွေက မလုံလောက်သေးဘူး”

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်စွမ်းအင်များ ပါးလွှာသထက် ပါးလွှာလာသည်ကို ခံစားလိုက်ရသည်။ သူသည် အင်မော်တယ်ဘုရင်စံအိမ်ကြီး တစ်ခုလုံးမှ အင်မော်တယ်စွမ်းအင်များကို ချက်ချင်း စုစည်းပြီး သူ့ဆီသို့ တိုးမြှင့်လိုက် သည်။

တခဏအတွင်းမှာပင်၊ ချင်ယွင်၏ ကျင့်ကြံခြင်းခန်းထဲတွင် အင်မော်တယ် စွမ်းအင်များ သည် ကြောက်မက်ဖွယ်အဆင့်အထိ ရောက်လုနီးပါး ဖြစ်လာခဲ့သည်။

အင်မော်တယ် စွမ်းအင်၏ သိပ်သည်းဆသည် ပြင်ပကမ္ဘာထက် အဆသုံးရာနီးပါး ရှိလာခဲ့သည်။ သိပ်သည်းသော အင်မော်တယ် စွမ်းအင်သည် အရည်ဖြစ်လုနီးပါး ဖြစ်နေ ပြီး ပျစ်ခဲသောပုံစံ အဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော်လည်း ချင်ယွင်သည် ဤမျှပေါ်ကြွယ်ဝသော အင်မော်တယ် စွမ်းအင်ကို အငမ်းမရ မျိုချနေကာ ရောင့်ရဲခြင်းမရှိသော ဝေလငါးတစ်ကောင်နှင့် တူနေသေးသည်။

အချိန်တွေက ရှေ့ဆက် ကုန်ဆုံးသွားခဲ့သည်။ ချင်ယွင်သည် ကျင့်ကြံခြင်းခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေပြီး၊ အင်မော်တယ် စွမ်းအင်များသည် အုံ့ဆိုင်းနေသော မြူခိုးများ ကဲ့သို့ သူ့ကို ဖုံးလွှမ်းထားသည်။

မျက်စိတစ်မှိတ်အတွင်း၊ အချိန်ဆယ်ရက်သည် ကုန်ဆုံးသွားခဲ့သည်။ အင်မော်တယ် နန်းတော်တစ်ခုလုံးရှိ ချင်ယွင်သည အင်မော်တယ် စွမ်းအင်များကို လုံးဝနီးပါး စုပ်ယူပြီးသွားခဲ့ပြီ။

အင်မော်တယ် နန်းတော်ရှိ ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်ဝင်္ကပါပင်လျှင်၊ ချင်ယွင်၏ အနန္တဒြဗ်စင်များ၏ အင်မော်တယ် စွမ်းအင်များကို စုပ်ယူမူကို လိုက်မမီနိုင် ခဲ့ချေ။ ထို့ကြောင့် အင်မော်တယ်နန်းတော် တစ်ခုလုံးရှိ အင်မော်တယ် စွမ်းအင်များ သည် အလွန်မင်း ရှားပါးလာသည်။

ချင်ယွင်သည် ကျင့်ကြံခြင်းခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေရင်း၊ သူ၏မျက်ခုံးများက တွန့်သွားခဲ့သည်။

ယခုအချိန်တွင် သူသည် သူ့အဆင့်ဖြတ်ကျော်မူ၏ အရေးကြီးဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း အင်မော်တယ်နန်းတော်အတွင်းရှိ အင်မော်တယ် စွမ်းအင်များသည် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းကို မမှီနိုင်သေးပေ။ အကယ်၍ သူသည် ဤအဆင့်ချိုးဖြတ်မူကို လွဲချော်သွားပါက၊ သူ၏ ကြိုးစား အားထုတ် မှုအားလုံးသည် အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

"စီနီယာရှ၊ အင်မော်တယ်နန်းတော်ရဲ့ ဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်ဝင်္ကပါရဲ့ အမြင့်ဆုံး အမြန်နှုန်းက အဆတစ်ရာအထိပဲ ရောက်နိုင်တာလား?" ချင်ယွင်က အင်မော်တယ် နန်းတော်၏ ပစ္စည်းဝိညာဉ်ဖြစ်သော ရှဖန်းထံသို့ အသံထုတ်လွှင့်မှုကို အလျင်အမြန် ပေးပို့လိုက်သည်။

ယခုအချိန်တွင်၊ အင်မော်တယ် နန်းတော်ရှိ ဝိညာဉ်စုစည်းခြင်း အစီအရင်ဝင်္ကပါ၏ အမြန်နှုန်းသည် သူ၏စုပ်ယူမှုအရှိန်ကို မလိုက်နိုင်တော့ပေ။ အကယ်၍၊ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင်၊ သူ အဆင့်မဖြတ်ကျော်နိုင်ခင်မှာ အင်မော်တယ်နန်းတော် ထဲမှ အင်မော်တယ် စွမ်းအင်များသည် သူကြောင့် လုံးဝ ကုန်ခမ်းသွားမည်ကို သူ စိုးရိမ်မိသည်။

"အနည်းဆုံး၊ အဆတစ်ထောင်အထိ မြှင့်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါက အခြားလူတွေ ရဲ့ အာရုံစိုက်မူကို စွဲဆောင်မိလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်၊ ငါတို့လည်း သေချာပေါက် အာရုံစိုက်ခံရလိမ့်မယ်။" ရှဖန်း၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာ သည်။

"အဆတစ်ထောင် တိုက်ရိုက် မြှင့်တက်လိုက်ပါ။" ချင်ယွင်က မဆိုင်းမတွ ပြောလိုက်သည်။

ယခုချိန်မှာတော့၊ သူသည် သိပ်အများကြီး ဂရုမစိုက်နိုင်တော့ပါဘူး။ သူ့အတွက်၊ အဆင့်ဖြတ်ကျော်ခြင်းသည် အရေးကြီးဆုံး ဖြစ်နေပြီး၊ သူသည် အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်ရမည် ဖြစ်သည်။

"ကောင်းပြီလေ” ရှဖန်းက ပြတ်ပြတ်သားသား သဘောတူလိုက်သည်။

“ဘုန်း…။”

ကျယ်လောင်သော တုန်ခါအသံနှင့်အတူ၊ ကြီးမားသော စုပ်ယူမှုစွမ်းအားတစ်ခုသည် အင်မော်တယ်ဘုရင်၏ စံအိမ်ဆီမှ ထွက်ပေါ်လာသည်။

အပြင်ဘက်ရှိ မထင်မရှားဖြစ်နေသော ကျောက်စရစ်များပြည့်နေသော ကွင်းပြင်တစ်ခု အတွင်းမှာ၊ အင်မော်တယ် စွမ်းအင် ဝဲဂယက်ကြီးတစ်ခုသည် အင်မော်တယ်ဘုရင်၏ စံအိမ်အထက်တွင် ထွက်ပေါ်လာပြီး ၎င်းသည် အချင်းတစ်မီတာမှ အချင်း မီတာ ထောင်ပေါင်းများစွာအထိ ဖြည်းဖြည်းချင်း ကျယ်ပြန့်လာသည်။

ကီလိုမီတာတစ်ရာ အကွာအဝေးအတွင်းမှ အင်မော်တယ်စွမ်းအင်များသည် အသက်ဝင် လာခဲ့ပြီး အင်မော်တယ်ဘုရင်၏ စံအိမ်ဆီသို့ အရူးအမူး တိုးဝင်သွားခဲ့သည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် အင်မော်တယ် စွမ်းအင် မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ် လာခဲ့ပြီး မြင်ကွင်းသည် အလွန်တရာမှ အံ့ဩစရာကောင်းလွန်းနေသည်။

မူလက အလွန်မင်း ပါးလျာသွားခဲ့သော အင်မော်တယ်ဘုရင်၏ စံအိမ်ထဲရှိ အင်မော်တယ် စွမ်းအင်များသည် ချက်ချင်းပင် ပို၍ထူထပ်သိပ်သည်းလာပြီး စေးကပ်သော အခိုးအငွေ့အဖြစ်သို့ပင် ပြောင်းလဲသွားသည်။

ချင်ယွင်၏ ကျင့်ကြံခြင်းအခန်းထဲတွင်၊ ချင်ယွင်သည် ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်ကို အလွန်မင်း မြန်ဆန်စွာ တိုက်ရိုက် လှည့်ပတ်လိုက်ပြီး ပတ်ဝန်းကျင်မှ အင်မော်တယ် စွမ်းအင်ကို အရူးအမူး စုပ်ယူလေသည်။

ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းရှိ အနန္တဒြဗ်စင်များသည် အင်မော်တယ် စွမ်းအင်များကို အရူးအမူး စုပ်ယူနေသော အောက်ခြေမဲ့ တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။

အနန္တဒြဗ်စင်များသည် ပိုပမိုကြီးလာမည့် အရိပ်လက္ခဏာ မပြသေးသော်လည်း၊ ၎င်းသည် မူလက မှိန်ဖျော့ဖျော့ ဖြစ်နေရာမှ ပို၍ လင်းလက်တောက်ပလာသည်။

အနန္တဒြဗ်စင်များပေါ်ရှိ စွမ်းအင်အတက်အကျလှိုင်းများသည် ပို၍ ပို၍ပင် ထူထပ် သိပ်သည်းလာခဲ့ပြီး၊ ရှေးဟောင် ဖရိုဖရဲ အငွေ့အသက်ကို စတင် ထုတ်လွှတ်လာသည် ။

ချင်ယွင်သည် သူ၏ ကျင့်ကြံမှုတွင် လုံးဝ နှစ်မြှုပ်နေပြီး အင်မော်တယ် စွမ်းအင်များကို စုပ်ယူရာမှာ စိတ်နှလုံးအကြွင်းမဲ့ထားပြီး ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်ကို စတင် လှည့်ပတ်လိုက်သည်။

ယခုမှပင်၊ အနန္တဒြဗ်စင်များ၏ စုပ်ယူမှုနှုန်းသည် အင်မော်တယ် နန်းတော်၏ ဝိညာဉ်စုစည်းခြင်း အစီအရင်ဝင်္ကပါနှင့် အတူတူ ဖြစ်သွားခဲ့သည်။ ထို့ကြောင့်၊ ချင်ယွင်သည် အင်မော်တယ်စွမ်းအင်များကို ဤကဲ့သို့ ဆက်လက် စုပ်ယူနေသရွေ့၊ သူသည် အချိန်တိုအတွင်း အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်သွားနိုင်မည် ဖြစ်သည်။

ချင်ယွင်သည် သူ၏ ရူးသွပ်ဖွယ် အဆင့်ချိုးဖြတ်မူတွင် နှစ်မြှုပ်နေစဉ်မှာ၊ အင်မော်တယ် ဘုရင်၏ စံအိမ်ကြီးနှင့် ကီလိုမီတာ ငါးရာအကွာ သစ်ပင်အောက်တွင် တင်ပျဉ်ခွေ ထိုင်နေသော ရုပ်အသွင်ပြင် ခုနှစ်ခု ရှိနေပါသည်။

မှန်ပါသည်၊ သူတို့ကတော့ ဝမ်ရှင်း ဦးဆောင်လာသည့် ရန်ကလန်၏ တရားဥပဒေ စိုးမိုးရေးအဖွဲ့ဝင်များ ဖြစ်ကြပါသည်။ သူတို့သည် လျူလီမြို့ကို ဆယ်ရက်ပတ်လုံး လှည့်လည်သွားလာကာ ရှာဖွေနေခဲ့သည်။

သို့သော်၊ ချင်ယွင်၏ ပုံရိပ်မျှကိုပင် မတွေ့ရတော့သည့်အတွက်၊ သူတို့သည် အနည်းငယ် စိတ်ပျက်သွားကြသည်။

"ခေါင်းဆောင်၊ ဒီချင်ယွင်က ရန်ကလန်ရဲ့ ဩဇာလွှမ်းမိုးမှု နယ်မြေထဲကနေ လွတ်မြောက်သွားပြီလို့ ခေါင်းဆောင် မထင်ဘူးလား?။ မဟုတ်ရင်၊ ကျွန်တော်တို့ ငါးရက်လုံးလုံး ရှာဖွေတာတောင် သူနဲ့တူတဲ့ လူတစ်ယောက်တောင် မတွေ့ရဘူး။” အဖွဲ့ဝင်တစ်ဦးက ဝမ်ရှင်းအား စောဒကတက်သည်။

"ငါတော့ အဲဒီလို မထင်ဘူး။ သခင်ကျောင်းက နယ်စပ်ကို စည်းတံဆိပ်ခတ်ထားဖို့ လူတွေကို စေလွှတ်ထားပြီးသားပဲ။ ချင်ယွင် ရန်ကလန်ရဲ့ ဩဇာလွှမ်းမိုးမှု နယ်မြေထဲ ကနေ ထွက်ပြေးတာကို မြင်တာနဲ့ သူတို့က ချက်ချင်း ချင်ယွင်ကို သတ်ပစ်မှာပဲ မဟုတ်လား?။ နယ်စပ်ဒေသမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတာ ဘာမှမရှိခဲ့ဘူး။ ချင်ယွင်ဟာ ရန်ကလန်ရဲ့ ဩဇာလွှမ်းမိုးမှုနယ်မြေကို လုံးဝ မစွန့်းခွာနိုင်သေးဘဲ၊ တစ်နေရာရာမှာ ပုန်းအောင်းနေတယ်လို့ ငါ ယုံကြည်တယ်။” ဝမ်ရှင်းက ပြောသည်။

"ဒါပေမယ့်၊ ဒါဆို သူဘယ်မှာ ပုန်းနေမှာလဲ? ရန်ကလန်က ဒီလောက်ကြီးမားတဲ့ လွှမ်းမိုးမူနယ်မြေကြီးကို ပိုင်ဆိုင်ထားတယ်လေ။ သူ့ကို ရှာရတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ဘူး။ ကျွန်တော်တို့ လူအနည်းငယ်လောက်နဲ့ဆို လအနည်းငယ် ကြာသွားမှာကို ကျွန်တော် စိုးရိမ်မိတယ်။ သခင်ကျောင်းက ကျွန်တော်တို့ရဲ့ ရှာဖွေမှုကို လဝက်လောက်ပဲ အချိန်ပေးထားတာလေ။ အဲဒီအချိန်က မကြာခင်မှာ ကုန်ဆုံးသွား လိမ့်မယ်။” အခြားအဖွဲ့ဝင်တစ်ဦးကလည်း တုန့်ပြန်ပြောသည်။

ဝမ်ရှင်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသည်မှာ အမှန်ပင် အဖြေမဟုတ်သေး ချေ။

အကယ်၍၊ သူတို့သည် ဤချင်ယွင်ကို နောက်တစ်ကြိမ် ရှာမတွေ့ပါက၊ သူတို့၏ အသက်သည်ပင် အန္တရာယ်ဖြစ်လာနိုင်သည်။

ယန်မနေ့ပင်၊ ကျောင်းကျီသည် သူ့ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းခဲ့သေးသည်။ အကယ်၍ သူသည် ချင်ယွင်ကို နောက်ထပ် ရက်နှစ်ဆယ်အတွင်း ရှာမတွေ့ပါက ကျောင်းကျီသည် သူတို့၏အသက်များကို ကိုယ်တိုင် အဆုံးသတ်ပေးလိမ့်မည် ဖြစ်သည်။

"ချင်ယွင်၊ မင်းကို မတွေ့စေနဲ့။ မင်းကိုတွေ့တာနဲ့၊ ငါ မင်းကို သေချာပေါက် အပိုင်းပိုင်း ပြတ်တဲ့အထိ ခုတ်ပိုင်းပစ်မယ်” ဝမ်ရှင်းသည် သူ၏လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ၏မျက်လုံးတွေက ဒေါသတွေနှင့် ပြည့်နေခဲ့သည်။

"ကြည့်စမ်းပါဦး..၊ အဲဒါက ဘာလဲ?"

ထိုအခိုက်အတန့်တွင် အဖွဲ့ဝင်တစ်ယောက်က အဝေးကို ရုတ်တရက် လက်ညှိုး ထိုးပြပြီး ပြောလိုက်သည်။

ထိုအဖွဲ့ဝင် လက်ညှိုးထိုးပြနေသည့် လမ်းကြောင်းဆီကို လူတိုင်း လှည့်ကြည့်ကြသည်။ သူတို့သည် ထိုအကွာအဝေးတွင် ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်နေသည့် ကြီးမားလှသော အင်မော်တယ် စွမ်းအင်ဝဲဂယက်ကြီး သူတို့ တွေ့လိုက်ရသည်။ ထိုမြင်ကွင်းက အနှိုင်းမဲ့ ကျယ်ပြောလှသည်။

သူတို့ ခုနစ်ယောက်စလုံးသည် အံ့အားသင့်သည့် အမူအရာကိုယ်စီ ထုတ်ဖော်လိုက်ကြ သည်။ ဤမျှကြီးမားသော အင်မော်တယ် စွမ်းအင်ဝဲဂယက်ကြီးကို သူတို့သည် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ မိုင်ရာနှင့်ချီသော အဝေးမှပင် မြင်နိုင်ပါသည်။

"ဒါက ပြိုင်ဘက်ကင်း ရတနာတစ်ခုခု မဖြစ်နိုင်ဘူးလား?" အဖွဲ့ထဲက တစ်ယောက်က သံသယစိတ်ဖြင့် ပြောလိုက်ပြီး သူ၏စိတ်ထဲမှ အတွေးကို ထုတ်ပြောလိုက်သည်။

ထိုစကားကို အခြားလူများ ကြားသောအခါ၊ သူတို့၏ မျက်လုံးများသည် ဝင်းလက်သွား သည်။

"သွားကြည့်ရအောင်။" ဝမ်ရှင်းက အမိန့်ပေးလိုက်သည်။

အခြားအဖွဲ့ဝင် ခြောက်ဦးလည်း ခေါင်းညိတ်သည်။ အကယ်၍၊ အမှန်တကယ် ထူးဆန်းသော ရတနာတစ်ခုခု ဖြစ်ခဲ့မည်ဆိုလျှင်၊ သူတို့သည် ကောင်းကင်အထိပင် ပျံတက်သွားနိုင်သည်။

ရလာဒ်အနေဖြင့်၊ ၎င်းတို့ခုနစ်ဦးသည် အလင်းတန်းခုနစ်သွယ်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲကာ ထိုဝဲဂယက်ကြီး၏ ဦးတည်ရာဆီသို့ ပျံသန်းသွားခဲ့သည်။

ဝမ်ရှင်း နှင့် အခြားသူများသည် ချင်ယွင်ဆီသို့ အပြေးအလွှား ပြေးလာနေကြစဉ်၊ ချင်ယွင်၏ အဆင့်ချိုးဖြတ်မူသည် အရေးကြီးဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ အနန္တဒြဗ်စင်များသည် တစ်ဆို့နေသည့် အရာများ လည်း စတင် ပျောက်ကွယ်သွားတော့သည်။ ဤတစ်ဆို့မူကို ဖြတ်ကျော်ပြီးနောက်၊ သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ အလယ်လတ်အဆင့်ကို ချောမွေ့စွာ ဖြတ်ကျော်နိုင်ပါလိမ့်မည်။

All Chapters