← Chapters

အခန်း ၇၄၂

Vol. 50 Ch. 742

အခန်း ၇၄၂

Vol. 50 Ch. 742

အခန်း (၇၄၂) တိုးတက်လာသောခွန်အားများ ပေါက်ကွဲထွက်ခြင်း။

“ဘုန်း..”

တုန်ခါသံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာပြီးနောက်၊ ချင်ယွင်၏ ဒန်တန်အတွင်းမှာ ပြင်းထန်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

"ငါ အဆင့်ဖြတ်ကျော်သွားခဲ့ပြီ။ နောက်ဆုံးတော့ ငါ ဖြတ်ကျော်သွားခဲ့ပြီ။"

ချင်ယွင်၏ မျက်နှာသည် နှိုင်းစာ၍မရအောင်ပင် စိတ်လှုပ်ရှားနေသည့် အမူအရာ ပေါ်လာသည်။

ဆယ်ရက်။ ဆယ်ရက်ခွဲနီးပါး ကြာပြီးနောက်၊ ချင်ယွင်သည် နောက်ဆုံးတွင် အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရသည် မကြုံစဖူးသောအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ခံစားလိုက် ရသည်။ သူသည် ဆယ်နှစ်သားအရွယ်၌ အစစ်အမှန် အင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့စဉ်က အင်မော်တယ် အနှစ်သာရသည်ပင် ယခုအချိန်ကလောက် သိပ်သည်းခြင်း မရှိခဲ့ပေ။

သူ၏ခန္ဓာကိုယ်ရှိ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရ၏ သိပ်သည်းဆသည် အစောပိုင်း နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများနှင့်ပင် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်ပြီး၊ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရ၏ အရည်အသွေးသည် အစောပိုင်း နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများထက် များစွာ နိမ့်ကျမည် မဟုတ်ကြောင်း သူယုံကြည်ထားသည်။

တစ်နည်းဆိုရသော်၊ ချင်ယွင်၏ လက်ရှိစွမ်းအားသည် အစောပိုင်း နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် ယှဉ်နိုင်နေပြီ ဖြစ်ပါသည်။ သူ၏ နည်းလမ်းများနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအား၏ ပံ့ပိုးမှုပါ ထည့်တွက်လိုက်မည်ဆိုလျှင်၊ သူသည် အစောပိုင်း နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူအချို့ကို သတ်ဖြတ်ချင်သည်ဟု သူပြောလာလျှင်၊ လွန်မည်မထင်တော့ပေ။

ချင်ယွင်၏ မျက်နှာသည် နှိုင်းစား၍မရသည့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ အမှန်ပင်၊ သူ၏ ဆယ်ရက်ခွဲကြာ ကြိုးစားအားထုတ်မူသည် အချည်းနှီး မဖြစ်ခဲ့ပါဘူး။

ယခုဆိုလျှင်၊ အကယ်၍၊ သူသည် လင်းယန်ကို ထပ်မံရင်ဆိုင်ရလျှင် ချင်ယွင်သည် မိုးကြိုးအင်မော်တယ်ခန္ဓာကိုယ်ကို အသုံးမပြုလျှင်ပင် သူ့ကို သတ်နိုင်မည်ဟု ယုံကြည်နေပါသည်။

ဘန်း…။

ရုတ်တရက် ချင်ယွင်၏ မျက်နှာတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာပါသည်။ အလင်းတန်း ခုနစ်ခုသည် သူ၏ အင်မော်တယ်ဘုရင် စံအိမ်ကြီးရှိရာ ဆီသို့ ပြေးလာနေသည်ကို သူသည် ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ဤလူများ အားလုံးသည် ရန်ကလန်၏ အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကြပြီး၊ ချပ်ဝတ်တန်ဆာပေါ်တွင် ရန်ကလန်၏ မီးတောက်တံဆိပ် ပါရှိနေသည်။

"ဟမ့်၊ မင်းတို့က ရောက်လာတယ်ဆိုတော့ အရမ်းကောင်းသွားပြီ။ ဒီလိုဆိုမှတော့၊ မင်းရဲ့ခုနစ်ယောက်ကို ငါ့ရဲ့အစွမ်းအစကို စမ်းသပ်ဖို့အတွက် အသုံးချရမယ်။" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက စဉ်းလဲသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်၊ ချင်ယွင်သည် အင်မော်တယ်ဘုရင်၏ စံအိမ်ထဲမှ အပြင်ထွက်ခွာရန် ဆန္ဒပြုလိုက်သည်။

ပြင်ပကမ္ဘာတွင်၊ ချင်ယွင်ရှိနေသည့် သဲသောင်ပြင်ပေါ်တွင် အလင်းတန်းခုနစ်ခုသည် ကျရောက်လာခဲ့ပြီး သူတို့၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာသည်။

"ခေါင်းဆောင်၊ အဲဒီ အင်မော်တယ်စွမ်းအင် ဝဲဂယက်ကြီးက ဘာလို့ ပျောက်သွား ရတာလဲ?။" အဖွဲ့သားတစ်ဦးသည် သူ၏စိတ်ထဲတွင် သံသယများ တိုးပွားလာသည်။

ယခုလေးတင်၊ သူတို့သည် အဝေးရောက်နေချိန်မှာ၊ သူတို့သည် အင်မော်တယ် စွမ်းအင်၏ ကြီးမားလှသော ဝဲဂယက်ကြီးကို မြင်လိုက်ရသည်။ သို့သော်လည်း သူတို့ ချဉ်းကပ်လာသောအခါတွင် ဤအင်မော်တယ် စွမ်းအင်၏ ဝဲဂယက်ကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။ ယင်းက သူတို့ကို ဝေခွဲမရ ဖြစ်သွားစေသည်။

"လူတိုင်း မင်းတို့ရဲ့ အင်မော်တယ်စိတ်အာရုံကို ဖြန့်ပြီး ဂရုတစိုက် ရှာဖွေကြစမ်း..။ အနီးအနားမှာ ရတနာတချို့ ရှိကောင်းရှိနိုင်တယ်။" ဝမ်ရှင်းသည် တခဏမျှ စဉ်းစားပြီး နောက် ပြောလိုက်သည်။

အခြားအဖွဲ့ဝင်ခြောက်ယောက်သည် ဝမ်ရှင်း၏စကားကို ကြားသောအခါ၊ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက်၊ သူတို့သည် သူတို့၏ အင်မော်တယ်စိတ်အာရုံကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းဖို့ ပြင်ဆင်ကြသည်။

"မင်းတို့ ဘာကို ရှာနေကြတာလဲ?"

သို့သော် ဤအခိုက်အတန့်တွင် လူတိုင်း၏ နားထဲသို့ စူးစူးရှရှ အသံတစ်ခု ဝင်ရောက် ထွက်ပေါ်လာသည်။

ဝမ်ရှင်း နှင့် အခြားသူများသည် အံ့ဩသွားကြပြီးနောက် ရုတ်တရက် အသံကြားရာ ဆီသို့ လှည့်ကြည့်လိုက်ကြသည်။ အဝေးမှ ကျောက်တုံးပေါ်တွင် ထိုင်နေသော သွယ်လျသည့် ပုံရိပ်တစ်ခုသည် သူ၏မျက်နှာပေါ်တွင် အပြုံးနှင့်အတူ သူတို့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ချင်ယွင်၊ မင်းပါလား?။ မင်းက အပြင်ထွက်လာရဲသေးတယ်ပေါ့" ဝမ်ရှင်းသည် သူ၏ရှေ့မှ လူငယ်သည် သူတို့ရှာဖွေနေသည့် ချင်ယွင်ဖြစ်သည်ကို မှတ်မိပြီး၊ သူ၏ မျက်လုံးများတွင် သတ်ပစ်ချင်စိတ်တွေ ပေါ်လာပါသည်။

"သူက ချင်ယွင် လား?" အခြားအဖွဲ့သားများလည်း ခက်ထန်သော အမူအရာများကို ထုတ်ဖော်လာကြသည်။

သူတို့သည် ဆယ်ရက်ပတ်လုံး တောထဲ၌ လမ်းလျှောက်၍၊ ဆယ်ရက်ပတ်လုံး မြေမှုန့်များကို စားနေရခြင်းရသည် သူတို့ရှေ့မှာရှိနေသည့် ဤမျိုးမစစ်ကောင်၏ ကျေးဇူးကြောင့် ဖြစ်သည်။ (တင်စားပြောခြင်းဖြစ်ပါသည်)။

သို့သော် ဆယ်ရက်ကြာ ရှာဖွေပြီးသည့်တိုင်၊ သူတို့သည် ချင်ယွင်ကို ရှာမတွေ့ ဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ ယခုတော့၊ ချင်ယွင်သည် သူ့ဘာသာသူ ထွက်လာခဲ့ပြီ။ သံဖိနပ်ပါးအောင် ဖြတ်ကျော်လျှောက်လှမ်းပြီးနောက်၊ သူတို့သည် ရှာစရာနေရာပင် သိပ်မရှိတော့ချေ။ ယခုတော့လည်း သိပ်ပြီး အားစိုက်ထုတ်စရာ မလိုဘဲ တွေ့လာရသည်။

"အိုး..”၊ မင်းတို့က ငါ့ကို သိနေတာလား”။ ချင်ယွင်သည် ဘာမှ မသိသလိုဟန်ဆောင် ကာ အံ့သြစွာ မေးလိုက်သည်။

တကယ်တော့၊ သူသည် ရန်ချန်ကို သတ်လိုက်မည်ဆိုလျှင်၊ ရန်ကလန်က သူ၏ ကိုယ်ရေးအချက်လက်ကို သေချာပေါက် ရှာတွေ့လိမ့်မည်ဟု သူ တွေးထားခဲ့သည်မှာ ကြာလှပါပြီ။ သို့သော်လည်း ချင်ယွင်သည် ရန်ကလန်တပည့်ဟူသော သူ၏ ကိုယ်ရေး အချက်လက်ကို ဂရုမစိုက်ခဲ့ပေ။ အချိန်အများစုကတော့၊ သူသည် စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးလုံးကို ရှာဖွေတွေ့ရှိရန် တခြားနည်းလမ်းကို တွေးတောနေခဲ့သည်။

"ဟား…၊ ဟား…၊ ငါတို့ သူ့ကိုရှာနေမှန်း သူ တကယ်မသိရှားဘူးပဲ။ သူ အပြင် ထွက်လာဖို့ သတ္တိရှိနေတာ မထူးဆန်းပါဘူး" အဖွဲ့ဝင်တစ်ယောက်က ချင်ယွင်ကို လက်ညှိုးထိုးပြပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဟမ့်၊ မင်းက ဘယ်လို အံ့ဩစရာကောင်းတဲ့ လူမျိုးလဲလို့ ငါ တွေးနေမိတာ။ မင်းက အလယ်အလတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျင့်ကြံသူ တစ်ယောက် လေးပါပဲ။ ဟမ့်၊ ဒီအမှိုက် ရန်ချန်က အရမ်းကို သနားစရာကောင်းတယ်လို့ ငါ ထင်တယ်။ သူက အလယ်အလတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်။ သူက အင်မော်တယ် ဆေး ဘယ်လောက်များများ ဖြုန်းတီးခဲ့လဲဆိုတာ ငါ တကယ် မသိတော့ဘူး” အခြား အဖွဲ့ဝင်တစ်ဦးက အေးစက်စွာပြောပြီး ချင်ယွင်ကိုကြည့်သည့် သူ၏အကြည့်တွေက လှောင်ပြောင်သရော်မှုများနှင့် ပြည့်နှက်နေသည်။

ထိုလူတွေ၏ စကားတွေကို ကြားတော့ ချင်ယွင်သည် သူ၏ပါးစပ်ထောင့်စွန်းမှာ ကောက်ကျစ်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။

မူလက သူသည် ထိုလူများကို လှည့်စားချင်ခဲ့သော်လည်း ၎င်းတို့၏ အိုင်ကျူသည် ဤမျှလောက် ချို့တဲ့လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ထို့ကြောင့်၊ သူသည် သူတို့ကို အလွယ်တကူ လှည့်စားနိုင်ခဲ့သည်။

"လူတိုင်း၊ မင်းတို့ သတိလက်လွတ် မဖြစ်မိစေနဲ့။ ဒီလူရဲ့ ကျင့်ကြံမှုက အပေါ်ယံ ကြည့်ရသလောက် မရိုးရှင်းဘူးလို့ သခင်ကျိုးက ပြောခဲ့တယ်။ သူ့ရဲ့ အစွမ်းက အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရှိနေတယ်။" လူတိုင်းက ချင်ယွင်ကို အထင်သေးနေကြသည်ကို မြင်သောအခါ၊ ဝမ်ရှင်းသည် ချင်ယွင်နှင့် ပတ်သက်ပြီး အလျင်စလို သတိပေးလိုက်သည်။

"ဟမ့်၊ ဒါဆိုလည်း သူ ဘယ်လောက် အချိန်စီးလဲဆိုတာ၊ ကျွန်တော်ကို စမ်းသပ်ခွင့်ပြု ပါ။" ချင်ယွင်ကို လှောင်ပြောင်သည့် ပထမဆုံးလူသည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး၊ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ၊ ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။

ဤအခိုက်အတန့်တွင်၊ သူသည် သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး သူ၏ လက်သီးများပေါ်တွင် အဝါရောင် စွမ်းအင်အတက်အကျလှိုင်းများ မြင့်တက်လာ ခဲ့ပြီး၊ ကြီးမားလေးလံသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ဝှီး..။

ထိုလူသည် ချင်ယွင်၏ရှေ့သို့ ချက်ချင်း ရောက်လာခဲ့သော်လည်း၊ ချင်ယွင်သည် ဘာမှမဖြစ်သလိုမျိုး ထိုလူ၏ရှေ့မှာ ရပ်နေခဲ့သည်။

"ဟမ်၊ မင်းရဲ့တုံ့ပြန်မှုက အရမ်းကို နှေးလွန်းတယ်။ အစစ်အမှန် အင်မော်တယ် နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ဘယ်လိုလုပ် ရောက်လာတာလဲ?။ သေလိုက် တော့” ချင်ယွင်သည် နည်းနည်းလေးမှ မတုံ့ပြန်သည်ကို တွေ့လိုက်ရတော့ ထိုလူ၏မျက်နှာပေါ်မှ အထင်အမြင်သေးမှုသည် ပိုမို ပြင်းထန်လာခဲ့သည်။ ထူထဲ သိပ်သည်းသော အငွေ့အသက်များ မြင့်တက်လာသော လက်သီးသည် ချင်ယွင်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ထိုးနှက်လာလေသည်။

သူ၏မျက်လုံးထဲတွင် ချင်ယွင်သည် သေလူဖြစ်နေပြီ ဖြစ်သည်။ ဤလက်သီးချက်သည် သူ့ကို ဒဏ်ရာကနေ မထနိုင်လောက်အောင် ဖြစ်သွားစေလောကသည်။

“ဘုန်း..”

ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံတစ်ချက်က ရုတ်တရက် ထွက်ပေါ်လာပြီး နောက် လူတိုင်းသည် မကြုံစဖူး အရှိန်ဟုန်ဖြင့် နောက်သို့ လွင့်ပျံသွားသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။

၎င်းပုံရိပ်သည် ဟိုးအဝေးမှ တောင်ကုန်းတစ်ခုကို ပစ်မှန်သွားပြီး ထိုတောင်ကုန်းသည် လုံးလုံးလျားလျား ပြိုကျသွားခဲ့သည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”

ထိုလူသည် အပျက်အစီးများထဲတွင် လဲလျောင်းနေပြီး သူ၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မူများဖြင့် ပြည့်နှက်နေပြီး သ်၏ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေသည်။

ထိုအချိန်တွင် သူ၏ရင်ဘတ်ရှိ အနက်ရောင် ချပ်ဝတ်တန်ဆာသည် အပေါက်ကြီးတစ်ခု ကွဲအက်သွားပြီးဖြစ်ကာ၊ သူ၏ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းအားလုံး ကွဲကြေသွားခဲ့ပြီ ဖြစ်သည်။ ထိုလက်သီးချက်ကြောင့် သူ၏ဦးနှောက်သည်ပင် မယုံကြည်နိုင် လောက်အောင် ပျက်စီးသွားခဲ့ရသည်။

“ဖူး…”

ထိုလူသည် နောက်ဆုံးအဖြစ် ပါးစပ်မှ သွေးချောင်းဆိုးကာ အန်ထုတ်လိုက်ပြီးနောက်၊ သူသည် လှုပ်ရှားမှု လုံးဝ မရှိတော့ပေ။

"ချိုင်ကျင်း…."

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အဝေးမှ လူတွေအားလုံး ထိတ်လန့်သည့် အမူအရာတွေ ဖြစ်ပေါ်လာကြသည်။ ချင်ယွင်ကိုကြည်သည့် သူတို့၏ အကြည့်တွေက သတ်ပစ်ချင်စိတ်တွေ ပြည့်နှက်လာသည်။

"ငါ မင်းကို သတ်မယ်”။

ချိုင်ကျင်း နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော အဖွဲ့ဝင်တစ်ဦးသည် ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏လက်ဖဝါးမှ အနီရောင်မီးတောက်နှစ်လုံး ထွက်ပေါ်လာ ပြီး၊ သူသည် ချင်ယွင်ဆီကို ပြင်းပြင်းထန်ထန် ပစ်ချလိုက်သည်။

ချင်ယွင်သည် နှိုင်းစားရမရအောင် လောင်ကျွမ်းနေသော မီးလုံးကြီးကို ကြည့်ပြီး သူ၏မျက်နှာပေါ်တွင် မထီမဲ့မြင် အပြုံးတစ်ခု ထုတ်ဖောက်လိုက်သည်။

သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်နှင့်၊ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အနှစ်သာရ မျှင်တန်းတစ်ခုက သူ၏လက်ချောင်းထိပ်တွင် ချက်ချင်း တွယ်ကပ် သွားသည်။

ဝှီး…။

လူတိုင်း၏ ထိတ်လန့်သော အကြည့်များအောက်တွင် မီးလုံးနှစ်လုံးသည် ချင်ယွင်ထံမှ ချက်ချင်းပင် ပြန်ကန်ထွက်သွားသည်။ ၎င်းတို့၏အရှိန်ဟုန်သည် အရင်ကထက် နှစ်ဆ ပိုမြန်သည်။

“အား…”။

ထိုလူသည် ၎င်းမီးလုံးဖြင့် ထိမှန်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် မီးလူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ပြင်းထန်သော စူးရှရှအော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။

ဘန်း…။

အေးစက်နေသော ဓားအလင်းတန်းတစ်ခုသည် အလွန်မင်း လျင်မြန်သော အရှိန်ဟုန် ဖြင့် လေဟာနယ်ထဲမှ ဖောက်ထွက်လာပြီး၊ ချင်ယွင်၏ နောက်စေ့ဆီသို့ တိုက်ရိုက် တိုက်ခိုက်လာသည်။ ပြင်းထန်သော ဓားဆန္ဒသည် ထိုဓားအလင်းမှ ထွက်ပေါ်လာ သည်။

ချင်ယွင်သည် နောက်ပင် လှည့်မကြည့်ဘဲ ခြေတလှမ်းကို အလျားလိုက် တိုက်ရိုက် ရွှေ့လျားလိုက်သည်။ သူ့ခန္ဓာကိုယ်၏ နက်ရှိုင်းသောနေရာမှ လက်နှစ်ချောင်းက ဓားကို အလွယ်တကူ ဆုပ်ကိုင်လိုက်သည် ။

သူ၏ဓားကို အလွယ်တကူ ရှောင်ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် ထိုလူ၏ မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး အလျင်အမြန် နောက်ပြန်ဆုတ်ချင် လာသည်။

သို့သော် သူ၏လက်ထဲတွင်ရှိသော ဓားသည် တောင်နှစ်ခုကြားတွင် ဖမ်းဆုပ်ခံထားရပုံ ပေါ်ပြီး၊ သူသည် မည်ကဲ့သို့ ဆွဲထုတ်သည်ဖြစ်စေ၊ အနည်းငယ်မျှ လှုပ်ခါခြင်း မရှိကြောင်းကို သူ တွေ့ရှိခဲ့ရသည်။

“ဖျစ်….”

အဆင့်နိမ့်အဆင့် အင်မော်တယ်ဓားသည် လူတိုင်း၏ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကြည့်များအောက်တွင် တိုက်ရိုက်ပင် နှစ်ပိုင်း ကွဲသွားလေသည်။

All Chapters