← Chapters

အခန်း ၇၄၃

Vol. 50 Ch. 743

အခန်း ၇၄၃

Vol. 50 Ch. 743

အခန်း (၇၄၃) မည်သည့်ခွန်အားမျိုးလဲ?။

အဝေးမှ လှုပ်ရှားတော့မည့် ဝမ်ရှင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရလျှင်၊ သူသည် ချက်ချင်းပင် တွေးတောရင်း လှုပ်ရှားမူကို ရပ်တန့်လိုက်သည်။

အဆင့်နိမ့် အင်မော်တယ်ဓားကို သူ၏လက်ဗလာသက်သက်ဖြင့် ချိုးဖျက်လိုက်ခြင်း၊ ဤအရာက မည်သို့သော စွမ်းအားမျိုး ဖြစ်နေသနည်း?။

အဆင့်နိမ့် အင်မော်တယ် ဓားသည် အဆင့်နိမ့်အဆင့် ဓားတစ်ချောင်း ဖြစ်သော်လည်း၊ အနည်းဆုံး အင်မော်တယ် ဓားတစ်လက် ဖြစ်နေဆဲ ဖြစ်ပါသည်။ ထိုသို့ဖြစ်ပါလျှက်၊ တစ်စုံတစ်ယောက်သည် ၎င်းကို အလွယ်တကူ ကျိုးပစ်သွားခဲ့သည်။

သူသည် ဤကဲ့သို့ ခွန်အားမျိုး ပိုင်ဆိုင်ထားသူကို မည်သို့ တိုက်နိုင်မည်နည်း?။

ဓားဖြင့်ထိုးသူသည် အလွန်ထိတ်လန့်သွားပြီး သူ၏လှုပ်ရှားမှုနည်းပညာရပ်ကို အလျင်အမြန် အသုံးပြုကာ အဝေးသို့ ဆုတ်သွားခဲ့သည်။

ချင်ယွင်သည် နောက်ပြန် ဆုတ်သွားသော ရုပ်အသွင်ကို ကြည့်ရင်း အေးစက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။ သူသည် သူ၏လက်ချောင်းကို လှုပ်ရှားသည်နှင့်၊ သူ၏လက်ထဲရှိ ဓားကျိုးသည် အလွန်မင်း လျင်မြန်သော အလင်းတန်းတစ်ခုကဲ့သို့ ပျံထွက်သွားသည်။

ဓားအလင်းသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်ပြီး လေထဲတွင် သေမင်း၏ လမ်းကြောင်းတစ်ခုအဖြစ် ဆွဲငင်သွားလေသည်။

“ဖူး…”

နောက်ပြန် ဆုတ်ခွာသွားသော ဓားသမား၏ မျက်ခုံးကြားတွင် သွေးစွန်းနေသော အပေါက်တစ်ခု ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ ဝမ်ရှင်း၏နှလုံးသည် တုန်လှုပ်သွား၏။ သူသည် အလေားတကြီး အော်ပြောလိုက်သည် "ပြေး..” ဒီကောင်က အစွမ်းထက်လွန်းတယ်”။

တခဏလေးအတွင်းမှာပင်၊ သူတို့ ခုနစ်ယောက်ထဲမှ သုံးယောက်သည် သေဆုံးသွား ခဲ့ပြီ။

သူ၏ရှေ့မှာပင် သူတို့ကို သတ်ဖြတ်ခဲ့သော ချင်ယွင်သည် ကြက်တွေဝက်တွေကို သတ်ဖြတ်သလို ၎င်းတို့ကို ရုတ်တရက် သတ်ပစ်လိုက်ခြင်း ဖြစ်လေသည်။ ဤအရာသည် တူညီသော အဆင့်ရှိ တိုက်ပွဲတစ်ခု မဟုတ်တော့ချေ။

အခြားအဖွဲ့ဝင် သုံးယောက်သည် ဝမ်ရှင်း၏စကားကို ကြားသောအခါတွင်၊ သူတို့သည် ချက်ချင်း တုံ့ပြန်လိုက်ကြပြီး သူတို့၏ အင်မော်တယ် အနှစ်သာရများကို အသုံးပြုကာ၊ အဝေးသို့ အလျင်အမြန် ရွှေ့လျားသွားကြသည်။

ချင်ယွင်သည် ထွက်ပြေးသွားသော လူလေးဦးကို ကြည့်ရင်း ရယ်မောလိုက်သည်။

သူသည် သူတို့နောက်ကို လိုက်သွားခြင်း မရှိပါဘူး။ သူသည် အချိန်အတော်ကြာ အသုံးမပြုခဲ့သော မိုးကြိုး နတ်ဘုရားလေးကို ထုတ်ယူလိုက်ပြီး ကြောက်မက်ဖွယ်ရာ မိုးကြိုးလှံတစ်စင်းကို သူ၏လက်ထဲတွင် သိပ်သည်းလိုက်သည်။

သူသည် လေးကြိုးကို ချက်ချင်းပင် လပြည့်ဝန်းအနေထားထိ ဆွဲထုတ်လိုက်ပြီး၊ မိုးကြိုး လှံတွင် အနှိုင်းမဲ့ အစွမ်းထက်သော အဖျက်စွမ်းအားများ ပါရှိနေသည်။

“ဘုန်း..”

ချင်ယွင်သည် သူ၏လက်ချောင်းကို ဖြေလျှော့လိုက်ပြီး အနက်ရောင် အလင်းတန်း တစ်ခုက ထွက်ပေါ်လာသည်။

“အား…”။

ထို့နောက် အဝေးမှ ဝမ်းနည်းကျေကွဲဖွယ်ရာ အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာ သည်။ အနက်ရောင်လှံဖြင့် ရင်ဘတ်ကို ထိုးဖောက်ခံလိုက်ရသော လူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အောက်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

ထို့နောက်၊ ချင်ယွင်သည် ထိုနည်းအတိုင်း ဆက်လက်လုပ်ဆောင်ကာ မြှားနှစ်ချောင်းကို အဆက်မပြတ် ပစ်ခတ်ရင်း အဖွဲ့သား သုံးဦးလုံးစကို ပစ်ချလိုက်သည်။

ချင်ယွင်သည် အနက်ရောင် လျှပ်စီး၏ စွမ်းအားကို ဆက်လက်စုစည်းကာ ဝမ်ရှင်းကို ပစ်မှတ်ထားပြီး ဤနောက်ဆုံးမြှားကို ပစ်လွှတ်ရန် ပြင်ဆင်နေသည်။

"မလုပ်နဲ့...ငါ့ကို မသတ်ပါနဲ့။"

သို့သော် ဤအခိုက်အတန့်တွင် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။

ဝမ်ရှင်းသည် လေထဲတွင် ဒူးထောက်လျက် ချင်ယွင်ကို အဆက်မပြတ် အရိုအသေ ပေးနေလေသည်။

သူသည် ချင်ယွင်၏ လျှပ်စီးမြှားမှ မလွတ်မြောက်နိုင်သည်ကို သဘောပေါက်သွားပုံ ရပါသည်။ အကယ်၍၊ သူသည် ဆက်ပြီး ထွက်ပြေးသွားမည်ဆိုလျှင်၊ သူ သေသွားနိုင်ပါ သည်။

ဘန်း…။

ချင်ယွင်သည် မိုးကြိုးနတ်ဘုရားလေးကို ဖယ်ရှားလိုက်ပြီး ခြေသုံးလှမ်း ဆက်တိုက် လှမ်းလိုက်သည်။ သူ၏ရုပ်အသွင်ပြင်က ဆယ်မိုင်အကွာရှိ ဝမ်ရှင်း၏ ရှေ့မှာ ချက်ချင်း ပေါ်လာသည်။

ဝမ်ရှင်းသည် ချင်ယွင်က သူ၏ရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်ရသောအခါ၊ သူ၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။ သူ၏နောက်ကျောမှ အေးစက်သော ချွေးစေးများပင် ထွက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ၏ ဆုံးဖြတ်ချက် မှန်ကန်သွားသည့်အတွက် ဝမ်းသာသွားမိသည်။

ချင်ယွင်၏ အရှိန်ဟုန်သည် အလွန်ကြောက်စရာကောင်းသောကြောင့် ဖြစ်ပါသည်။ ထိုကြောက်စရာကောင်းသော လေးနှင့်မြှား မရှိလျှင်ပင်၊ သူသည် ချင်ယွင်၏လက်မှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ။ မင်းနောက်ကို လိုက်ဖို့ မရည်ရွယ်ပါဘူး၊ ငါတို့ကလည်း အတင်းကျပ် စေခိုင်းခြင်း ခံရတာပါ။ တကယ်လို့ မင်းကို တစ်လအတွင်း မသတ်နိုင်ဘူးဆိုရင် ငါတို့လည်း အသတ်ခံရမယ်" လို့ သခင်ကျောင်းက ပြောခဲ့တယ်၊ ." ဝမ်ရှင်းသည် အကယ်၍၊ ချင်ယွင် စိတ်မကျေနပ်လျှင်၊ သူ့ကို မြေပြင်ပေါ် ပြားကပ်သည် အထိ ရိုက်သတ်ပစ်မှာကို ကြောက်ရွှံ့သည့်အတွက် အလျင်အမြန် အရိုသေပေးပြီး ရှင်းပြလိုက်သည်။

"အိုး သခင်ကျောင်းလား? သခင်ကျောင်းက ဘာလဲ?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

"အဆင့်မြင့် ကိုယ်ရံတော် သခင်ကျောင်းကျီကို ပြောတာပါ။ သူက ကြက်သွေးရောင် အရိပ်အစောင့်ကြပ်တစ်ယောက်ပါ”။ ဝမ်ရှင်းက အမြန် ရှင်းပြသည်။

"ကြက်သွေးရောင် အရိပ်စောင့်လား..”။ ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

ကြက်သွေးရောင် အရိပ်စောင့်တွေကတောင် သူ့ကို သတ်ဖြတ်ရသည်အထိ ကြောက်ရွှံ့ ထိတ်လန့်သွားမည်ဟု သူ မမျှော်လင့်ထားပေ။ ရန်ကလန်သည် သူ့ကို သတ်ရန် စိတ်ပိုင်း ဖြတ်ထားပုံရပါသည်။

"ငါ မင်းကို မသတ်တော့ဘူး။ မင်း ပြန်သွားလိုက်ပါ။ တကယ်လို့၊ သူ ငါ့ကို သတ်ချင်တယ်ဆိုရင် ငါ့ကို သူကိုယ်တိုင် လာရှာလို့ ကျောင်းကျီကို ပြောလိုက်ပါ။ မဟုတ်ရင်၊ ငါဆီပို့လာမယ့် လူအများကြီးကို ငါ သတ်ဖြတ်နေရဦးမယ်။ ငါပြောတဲ့ အတိုင်း မင်းလုပ်ရမယ်။ ထွက်သွားတော့”။ ချင်ယွင်၏ နောက်ဆုံးစကားတွေက မိုးခြိမ်းသံလိုပင်။

သို့သော်လည်း၊ ထိုစကားများသည် ဝမ်ရှင်း၏ နားထဲတွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ခုလို ဖြစ်နေသည်။

ဝမ်ရှင်းသည် ချက်ချင်းပင် လှိမ့်ကာ တွားသွားထွက်သွားပြီး၊ ချင်ယွင်သည် သူ၏ စကားများကို ပြန်ရုတ်သိမ်းသွားမည်ကို အလွန်ကြောက်ရွံ့နေသကဲ့သို့ ချင်ယွင်၏ မြင်ကွင်းထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

တကယ်တော့၊ ချင်ယွင်သည် ဝမ်ရှင်းနှင့် တခြားလူတွေအပေါ် မည်သည့် အငြိုးထားမူမှ မရှိခဲ့ပါဘူး။ ထိုလူတွေက သူ့ကို လှောင်ပြောင်လွန်းသောကြောင့်၊ ချင်ယွင်သည် သူတို့အားလုံးကို သတ်ပစ်ရန် လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

သို့သော် ချင်ယွင်၏ ထင်မြင်ချက်အရဆို၊ ဝမ်ရှင်းသည် အသက်ရှင်လျှက် ပြန်သွားသော် လည်း၊ သူသည် သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ဟုတ်ပါသည်၊ ဤအရာက ချင်ယွင်နှင့် ဘာမှ မသက်ဆိုင်ပါဘူး။

ချင်ယွင်သည် အင်မော်တယ်ဘုရင်စံအိမ်ကြီးထဲသို့ တိုက်ရိုက် လျှောက်လာခဲ့ပြီး၊ ကိုးထပ်ရှိ မက်မွန်ပွင့်သစ်တောတွင် ပေါ်လာသည်။

ထိုအချိန်တွင်၊ မက်မွန်ပွင့်တောအုပ်ထဲတွင် လျူရန်ယွင်နှင့် အခြားအမျိုးသမီး သုံးဦး သာမက ရီယွန်လည်း ရှိနေသည်။

ထိုအချိန်တွင်၊ ချင်ယွင်သည် ရီယွန်ကို မြင်လိုက်ရလျှင်၊ ရီယွန်ကို မည်သို့ ဆက်ဆံရ မည်ကို မသိသည့်အတွက် ချင်ယွင်၏ မျက်နှာပေါ်တွင် အဆင်မပြေသည့် အမူအရာ ပေါ်လာပါသည်။

"ကောင်းပြီလေ၊ အခုလောလောဆယ်တော့ ငါ လျူလီမြို့ထဲမှာ အိမ်တစ်လုံး မဝယ်ပေးနိုင်သေးဘူး။ ဒါပေမယ့် မင်းကို ငါကတိပေးထားတဲ့ အရာတွေအားလုံး ထည့်တွက်ထားတုံးပဲ။ ဒါပေမယ့် နောက်ထပ် ရက်အနည်းငယ်တော့ စောင့်ရဦးမယ်။" ချင်ယွင်က ရီယွန်ကို လှမ်းပြောလိုက်သည်။

ရီယွန်သည် ချင်ယွင်၏ စကားကို ကြားသောအခါ သူမ၏ မျက်လုံးများသည် စိတ်ပျက် လက်ပျက်ဖြစ်သွားသည့် အရိပ်အယောင် ချက်ချင်း ထွက်ပေါ်လာသည်။ သူမသည် သူမ၏ အနီရောင် နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး ပြောသည် “အလျင်လိုစရာ မလိုပါဘူး။ ငါ ဖြည်းဖြည်းချင်း စောင့်လို့ရပါတယ်။"

ထိုမြင်ကွင်းကို မြင်တော့၊ လျူရန်ယွင် နှင့် တခြားလူများသည် ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းယမ်းမိကြသည်။

ချင်ယွင် ဆုံးဖြတ်ချက်ချပြီးနေသမျှ မည်သူမှ သူကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးဆိုသည် ကို သူမတို့အားလုံး သိကြပါသည်။ ချင်ယွင်၏အစ်မဖြစ်ခဲ့ဖူးသော လျူရန်ယွင်ပင်လျှင် ရီယွန်ကို သူမ၏နှလုံးသားအောက်ခြေမှ လက်ခံလိုစိတ် မရှိလှပေ။

ဟုတ်ပါသည်၊ ဤသို့ဖြစ်ရခြင်းမှာ မနာလိုစိတ်ကြောင့် မဟုတ်ဘဲ၊ ရီယွန်သည် ချင်ယွင်နှင့် မထိုက်တန်ဘူးဟု သူမ ခံစားမိသောကြောင့် ဖြစ်ပါသည်။ ရီယွန်သည် ချင်ယွင်ကို အသုံးပြုချလိုသောကြောင့် ချင်ယွင်ထံသို့ တမင်တကာ ချဉ်းကပ်ခဲ့သည်။

သူမတို့သည် ချင်ယွင်အပေါ် မကောင်းသည့်အကြံရှိသော မည်သူမဆို သူမတို့၏ နှလုံးသားအောက်ခြေမှ တွန်းလှန်ပစ်မည် ဖြစ်ပါသည်။

ချင်ယွင်သည် ရီယွန်ကို ကြည့်ကာ ခေါင်းညိတ်သည်။ သူက တခြားမည်သည့်စကားမှ မပြောတော့ဘဲ လှည့်ထွက်ရန် အသင့်ပြင်လိုက်သည်။

"မင်း ငါ့ကို တောင်းဆိုထားတဲ့အကြောင်းကို ငါ စောစောကမှ သိခဲ့ရတယ်။ ဒီတခါ၊ လျူလီရန် ကုန်သည်ကြီးများအသင်းမှာ စိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးလုံးကို လေလံတင် ရောင်းချလိမ့်မယ်။" ထိုအခိုက်တန့်တွင် ရီယွန်က ရုတ်တရက် ပြောလိုက်သည်။

ချင်ယွင်သည် ပထမခြေလှမ်းကို လှမ်းလိုက်ရုံသေး၊ သူသည် မှင်သက်သွားခဲ့သည်။ သူက ရီယွန်ကို အလျင်အမြန် လှည့်ကြည့်လိုက်ပြီး လျူလီရန်ကုန်သည်ကြီးများအသင်း ရဲ့ လေလံပွဲက ဘယ်တော့စမှာလဲ?"

ချင်ယွင်၏ မျက်နှာပေါ်ရှိ အမူအရာသည် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် စိတ်လှုပ်ရှားနေပါသည်။ သူသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို အချိန်အတော်ကြာ အောင် ရှာဖွေခဲ့သော်လည်း၊ ယခုအခါတွင် သူသည် နောက်ဆုံးတွင် မည်သည့် နေရာမှာ ရှိနေသနည်းဆိုသည်ကို သိခဲ့ရပြီ။ ထို့ကြောင့် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို သူ ကြားလိုက်သည့်အခိုက်တွင် ချင်ယွင်သည် ရီယွန်၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်မိသည်။

"ငါ မင်းကို အစကတည်းက ကြိုပြောချင်ပေးမယ့် မင်းက တံခါးပိတ် ကျင့်ကြံနေခဲ့ တယ်။ လျူလီရန်ကုန်သည်ကြီးများအသင်းရဲ့ လေလံပွဲ စတင်ဖို့ အချိန် နှစ်ရက်ပဲ ကျန်တော့တယ်။" ရီယွန်သည် ရှက်သွေးဖြာသွားသည်။

"နှစ်ရက်လား? လျူလီမြို့သို့ ခရီးထွက်ရန် အချိန်ရှိပါသေးတယ်လေ" ချင်ယွင်၏ မျက်လုံးများတွင် မကြုံစဖူး စိတ်လှုပ်ရှားသည့် အရိပ်အယောင် ပေါ်လာသည်။

ကျန်းရွှန်ရှင်းသည် အချိန်အတော်ကြာ အိပ်ပျော်နေခဲ့ပြီး၊ ချင်ယွင်သည် သူမအတွက် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို အမြဲရယူလိုပြီး သူမ၏စိတ်ဝိညာဉ်ကို သူမ၏ ခန္ဓာကိုယ်တွင်းမှာ ပြန်လည် နိုးထလာစေချင်ခဲ့သည်။ ဤအခိုက်အတန့်တွင် ချင်ယွင် သည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးအကြောင်း ကြားသောအခါ၊ သူသည် အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။

"ဒါပေမယ့်၊ အခု ရန်ကလန်တစ်ခုလုံးက မင်းကို လိုက်ရှာနေတယ်လေ။ အခု မင်း ပြန်သွားရင်၊ သွားပြီး အသေခံတာပဲ မဟုတ်ဘူးလား။" ရီယွန်က ကမန်းကတန်း ပြောလိုက်သည်။

"ဟုတ်တယ် ခင်ပွန်း၊ မင်း ဒီလိုသွားရတာ အရမ်း အန္တရာယ်များတယ်။" ရန်စီချီ နှင့် အခြားသူများလည်း ရှေ့ကိုလှမ်းလာပြီး စိုးရိမ်တကြီး ပြောကြသည်။

ချင်ယွင်၏ မျက်လုံးများသည် ဆုံးဖြတ်ချက် ပြတ်သားမူများ ပြည့်နှက်နေခဲ့သည်။ "လျူလီမြို့ကို မပြောပါနဲ့၊ ဓားတောင်နဲ့မီးပင်လယ်ကြီး ဖြစ်ခဲ့ရင်တောင် စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးကို ရဖို့အတွက် ငါ အပြေးအလွှား သွားရမှာဘဲ။ ဒါပေမယ့် သေချာတာတစ်ခုကတော့၊ ငါက ရန်ကလန်ကို ထိပ်တိုက်ရင်ဆိုင်ရအောင် မမိုက်မဲသေးပါဘူး" တကယ်လို့ ငါ သူတို့ရှေ့မှာ ရပ်နေရင်တောင်၊ သူတို့အနေနဲ့ ငါ့ကို မမှတ်မိဘူးဆိုတာကို ငါ သူတို့ကို အသိပေးရမယ်”။

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက အပြုံးမပျက် ရှိနေသည်။ ထို့နောက်၊ သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီးသည်နှင့်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချောမောသော လူငယ်တစ်ဦးအဖြစ်မှ ကြမ်းတမ်းသော လူကြီးတစ်ယောက်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းကို မြင်တော့၊ ဘေးမှ အမျိုးသမီးလေးယောက်သည် အံ့အားသင့်နေသည့် အမူအရာတွေ ဖြစ်ပေါ်နေကြပါသည်။

All Chapters