← Chapters

အခန်း ၇၄၄

Vol. 50 Ch. 744

အခန်း ၇၄၄

Vol. 50 Ch. 744

အခန်း(၇၄၄) လျူလီရန်မြို့သို့အပြန်။

ချင်ယွင်သည် လျူလီမြို့၏ မြို့ရိုးပေါ်တွင် ချိတ်ဆွဲထားသော ဖမ်းဝရမ်းပုံကို ကြည့်လိုက်ရင်း အထင်သေးဟန်ဖြင့် မထင်မရှား ပြုံးလိုက်မိသည်။

"အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀ ဆုချီးမြှင့်တယ်။ ရန်ကလန်က ငါ့ကို အလွန် အထင်ကြီးနေတာပဲ" ချင်ယွင်က သူ၏စိတ်ထဲတွင် သူ့ကိုယ်သူ ရယ်နေမိသည်။

အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း တစ်သောင်းသည် အစစ်အမှန် အင်မော်တယ်အများပြား နှင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် ကျွမ်းကျင်သူများကို ပင် ဆွဲဆောင်နိုင်သည်ဟု ယူဆို၍ ရပါသည်။ ဥပမာအားဖြင့်၊ ချင်းဇီနှင့် အခြားလူများ သည် တစ်လလုပ်အားခအတွက် အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်းတုံး သုံးဆယ်သာ ရနိုင်သည်။ အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း တစ်သောင်းသည် ၎င်းတို့အတွက် နှစ်အတော်ကြာ အလုပ်လုပ်ရရန် လုံလောက်သည်။

ချင်ယွင်သည် ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်စိမ်းတုံး ၁၀၀၀၀ ကို အချိန်တို အတွင်း ရယူနိုင်ခဲ့သည်။ ဤသည်မှာလည်း ရှင်ခြင်းသေခြင်းတိုက်ပွဲများနှင့် ကံတရား ဆိုသည့် တစိတ်တပိုင်းကြောင့်ပဲ ဖြစ်ပါသည်။

ရှင်ခြင်းသေခြင်းတိုက်ပွဲများသည် သူ့အတွက် အများကြီး သက်ရောက်မူ မရှိခဲ့ပါဘူး။ ချင်ယွင်သည် အင်မော်တယ် ကျောက်စိမ်းများစွာကို တစ်ကြိမ်တည်းဖြင့် ရရှိစေသည့် သူ၏ လောင်းကစားနှစ်ခုကြောင့် ဖြစ်သည်။ လူတိုင်းက သူ့ကို ရှုံးနိမ့်မည့်သူဟု ဆုံးဖြတ်ထားကြသည်။ ထို့ကြောင့်၊ ချင်ယွင်သည် သူ၏လောင်ကြေးငွေကို တစ်ကြိမ်တည်းဖြင့် အဆတစ်ရာအထိ တိုးလာနိုင်ခဲ့သည်။

ချင်ယွင်၏ အနီးတစ်ဝိုက်တွင် ကျင့်ကြံသူ အများအပြား ရှိနေခဲ့သည်။ သူတို့လိုချင်နေ သည့် ပိုစတာပေါ်ရှိ ပုံတူရုပ်ပုံကို ညွှန်ပြပြီး ဆွေးနွေးနေကြပါသည်။ သူတို့လိုချင်နေ သည့် ပိုစတာပေါ်လူအတွက် ဆုကြေးငွေကို လောဘတကြီး ဖြစ်နေပေမယ့်၊ ဤပုံ၏ပိုင်ရှင်က သူတို့အနားမှာ ရပ်နေသည်ကို မည်သူမှ မတွေ့ခဲ့ကြပါဘူး။

ချင်ယွင်သည် လူစုလူဝေးကြီးမှ တွန်းထုတ်ပြီး သူ၏နှုတ်ခမ်းပေါ်မှ အပြုံးမပျက် ထွက်လာခဲ့သည်။

သို့သော် သူ၏ အပြုံးသည် ယခင်ကလောက် ချောမောပြီး ဆွဲဆောင်မှု မရှိတော့ပေ။ ယင်းအစား၊ ၎င်းအပြုံးက အလွန်မင်း ရက်စက်မည့်ပုံတူနေသည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် ထွားကျိုင်းသန်မာပြီး ကြွက်သားများနှင့် သာမန် ရုပ်ရည် အသွင်အပြင်ရှိသော လူကြီးတစ်ဦး ဖြစ်နေပါသည်။ သူ၏ ဘယ်ဘက်မျက်လုံးတွင် ရှည်လျားသော အမာရွတ်တစ်ခုလည်း ရှိနေပြီး ယခင်က ချောမောသော လူငယ်နှင့် လုံးဝ မတူတော့ပေ။

သူ၏ စိတ်နေစိတ်ထားသည်ပင် ကြမ်းတမ်းလွန်းလှသည်။ ယခု သူသည် သူနှင့် အကျွမ်းတဝင် ရှိခဲ့သူများဖြစ်လျှင်ပင်၊ သူ့ကို မှတ်မိရန် လွယ်ကူမည် မဟုတ်ပေ။ ချင်ယွင်နှင့် နေ့ရောညပါ အတူတူရှိနေသူများသာ သူ့ကို အသေးစိတ် အချက်အလတ် အချို့မှ အကဲဖြတ်နိုင်လိမ့်မည်။ ထိုသို့မဟုတ်လျှင်၊ လျို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ် ကျင့်ကြံခြင်းအဆင့်မရှိဘဲ၊ ချင်ယွင်ကို မည်သည့်အခါမှ မှတ်မိမည် မဟုတ်ပေ။

ထို့ကြောင့်၊ ချင်ယွင်သည် လျူလီမြို့အစောင့်များ၏ စစ်ဆေးမေးမြန်းမှုကို အတားအဆီး မရှိဘဲ ကျော်ဖြတ်နိုင်ခဲ့သည်။ သူသည် အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်းတုံး တစ်တုံး ပေးပြီးနောက်၊ သူသည် လျူလီမြို့သို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။

လျူလီမြို့ထဲသို့ ဝင်ရောက်ပြီးနောက် ချင်ယွင်သည် လျူလီမြို့ရှိ လျူလီရန် ကုန်သည်ကြီးများအသင်း၏ တည်ရာအရပ်ဆီသို့ ဦးတည်သွားခဲ့သည်။

ယနေ့သည် လျူလီရန်ကုန်သည်ကြီးများအသင်း၏ နှစ်စဉ် လေလံပွဲနေ့ ဖြစ်သည်။ ထို့ကြောင့်၊ ယနေ့ လျူလီမြို့တွင် လူအများအပြား ရှိနေပါသည်။

ထို့အပြင်၊ ၎င်းတို့အများစုသည် လေလံပွဲ၌ ပါဝင်ရန် အခြားမြို့များမှ လျူလီမြို့သို့ လာရောက်ခဲ့ကြသည်။ ထိုအထဲတွင် တခြား အင်အားစုများလည်း ပါဝင်ကြပါသည်။ ဟုတ်ပါသည်၊ လှည့်လည်လျှောက်သွားနေကြသည့် တကိုယ်တော် ကျင့်ကြံသူများ လည်း ရှိကြပါသည်။

လျူလီရန်ကုန်သည်ကြီးများအသင်းရှိရာ အရပ်သို့သွားနေစဉ်၊ တစ်နာရီမပြည့်ခင် တိုတောင်းလှသော အချိန်အတွင်းမှာပင်၊ ချင်ယွင်သည် အခြား အင်အားစု သုံးခု ထက်မနည်း သူ၏အနားမှ ဖြတ်ကျော်သွားကြသည်။

ဤလူများသည် ဝတ်စုံတစ်ပုံစံတည်း ၀တ်ဆင်ထားကြပြီး၊ သူတို့အားလုံးသည် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် တူညီသော အမှတ်သားတံဆိပ်များ ရှိကြသည်။ သူတို့သည် တူညီသော အဖွဲ့တစ်ခုမှ ရောက်ရှိလာပုံရပါသည်။ ၎င်းတို့အထဲတွင် ဤလူများ၏ စွမ်းအားသည် အနိမ့်အမြင့် မျိုးစုံပါကြပြီး၊ ၎င်းတို့တွင် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူအချို့လည်း ရှိနေသည်။

"အယ်…။ မင်း အဲဒီသတင်းကို ကြားပြီးလား? ဒီတစ်ခါ လျူလီရန် ကုန်သည်ကြီးများ အသင်းရဲ့ လေလံပွဲမှာ အင်အားစုကြီး အနည်းငယ်လည်း ပါဝင်ကြလိမ့်မယ်။ ရန်ကလန်လိုပဲ နာမည်ကြီးတဲ့ ရှောင်ကလန်နဲ့ ကျာ့ကလန်ကလည်း သူတို့လူတွေကို ဒီကို စေလွှတ်လိုက်ပြီလို့ ပြောကြတယ်။ လေလံပွဲမှာ တစ်ခုခုပါတဲ့အတွက် သူတို့ ဒီကို ရောက်နေတာ ဖြစ်ရမယ်။"

"မင်းရဲ့ ဒီသတင်းက တော်တော်ကို နောက်ကျနေပါပြီကွာ။ ငါ မင်းကို ပြောချင်တာက ရှောင်ကလန်နဲ့ ကျာ့ကလန်ကပဲ သူတို့လူတွေကို ဒီကို လွှတ်လိုက်တာ မဟုတ်ဘူး။ အင်မော်တယ်ဖီးနစ်ခန်းမကတောင် သူတို့လူတွေကို ဒီကို လွှတ်လိုက်သေးတယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက လျူလီမြို့ကို သူတို့လူတွေကို စေလွှတ်ပြီးသွား ပြီ။ ."

"ဘာ…?။ အင်မော်တယ်ဖီးနစ်ခန်းမလည်း လာတယ်ပေါ့။ အဲဒါက ရန်ကလန်ထက်ကို သာလွန်တဲ့ အင်အားစုကြီးတစ်ခုပဲ။ လျူလီရန်ကုန်သည်ကြီးများအသင်း လေလံပွဲမှာ သူတို့ကို ဆွဲဆောင်နေတဲ့အရာက အတိအကျ ဘာများဖြစ်မလဲ?။"

"ငါလည်း မသိဘူး။ ဒါပေမယ့် အရမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ အရာလို့ ပြောလို့ရ တယ်။"

ချင်ယွင်သည် လမ်းဘေးမှာ လျှောက်လှမ်းလာရင်း အနယ်နယ် အရပ်ရပ်မှ ဆွေးနွေးမှုမျိုးစုံကို ကြားလိုက်ရပြီး၊ သူ၏မျက်နှာက အံ့သြသည့် အမူအရာ ပေါ်လာပါ သည်။

"အင်မော်တယ်ဖီးနစ်ခန်းမမှ တစ်ယောက်ယောက်က တကယ်ကို ရောက်လာတယ် ပေါ့။ ဒီလေလံပွဲမှာ အံ့သြစရာကောင်းတဲ့ အရာတစ်ခုခု ရှိနေပုံရတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေမိသည်။

ရန်ကလန်၊ ရှောင်ကလန်နဲ့ ကျာ့ကလန်တို့သည် အနီးနားပတ်ဝန်းကျင်တွင်၊ အင်အားစုလေးများ မဟုတ်ကြပေ။ ၎င်းတို့သည် အင်မော်တယ်ဖီးနစ်ခန်းမ၏ရှေ့တွင် အများဆုံး အလယ်အလတ် အင်အားစုများ ဖြစ်ကြသည်။ ဒါ့အပြင်၊ ၎င်းတို့သည် အင်အားစုကြီးဖြစ်သော အင်မော်တယ်ဖီးနစ်ခန်းမထက် အနည်းငယ်မျှ နိမ့်ကျခြင်းမျိုး မဟုတ်ပေ။

အင်မော်တယ်ကမ္ဘာတွင် မတူညီသော အင်အားစုတွေ အများကြီးရှိပါသည်။

နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်အဆင့် ကျွမ်းကျင်သူရှိသော အင်အားစုများကို သေးငယ်သော အင်အားစုများဟု ခေါ်ကြပြီး၊ လျို့ဝှက်ဆန်းကြယ် အင်မော်တယ် အဆင့် ကျွမ်းကျင်သူများရှိသော အင်အားစုများကို အလယ်အလတ် အင်အားစုများဟု ခေါ်ကြပါသည်။ အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူကို ပိုင်ဆိုင်ထားသော အင်အားစုများကိုမူ အင်အားစုကြီးများဟု ခေါ်ဆိုနိင်ပါသည်။ အင်မော်တယ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများရှိသော အင်အားစုများသည် အလွန့်လွန် ကြီးမားသော အင်အားစုများ ဖြစ်ကြပါသည်။

ဟုတ်ပါသည်၊ အင်မော်တယ်ဧကရာဇ်ပေါင်း ၃၆၉ ပါးလည်း ရှိနေပါသည်။ ထို့ကြောင့်၊ အားကောင်းသည့် အင်အားစုတွေရှိသလို အားနည်းသည့် အင်အားစုတွေလည်း ရှိနေပါသည်။ တော်ဝင်ချင် အင်မော်တယ်မင်းဆက် နှင့် တော်ဝင်မင် အင်မော်တယ် မင်းဆက်တို့ကဲ့သို့ အင်အားစုများသည် ထိပ်တန်းတည်ရှိမူးများ ဖြစ်ကြပြီး၊ ၎င်းတို့၏ ကွပ်ကဲမှုအောက်တွင် အင်မော်တယ်ဧကရာဇ်ပေါင်း များစွာရှိနေပါသည်။

ယခုအချိန်တွင်၊ ရန်ကလန်၏ လေလံပွဲသည် အင်မော်တယ်ဖီးနစ်ခန်းမကဲ့သို့ အင်အားစုကြီးတစ်ခု၏ အာရုံကို အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့သည်။ ဤလေလံပွဲ၌ ထူးခြားသော တစ်စုံတစ်ရာ ထွက်ပေါ်လာမည်ဟု တွေးကြည့်နိုင်သည်။

"ဟမ့်၊ မင်းတို့ ဘာအတွက်ကြောင့် လာလာ၊ ငါ ဂရုမစိုက်ပါဘူး။ စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးကို ငါနဲ့အတူ ပြိုင်ပြီး လေလံမဆွဲသရွေ့ အဆင်ပြေပါတယ်။" ချင်ယွင်သည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို ရယူရန် ဆုံးဖြတ်ထားသည်။

အခြားရတနာများနှင့် ပတ်သက်၍မူ၊ သူ့ကို ဆွဲဆောင်နိုင်မည့်ရတနာ အလွန်မင်း ရှားပါးလိမ့်မည်ဟု သူ ခံစားရသည်။

ချင်ယွင်၏ အင်မော်တယ်ဘုရင် စံအိမ်ထဲတွင် လူသားမျိုးနွယ်နှင့် နတ်ဆိုးသားရဲ မျိုးနွယ်၏ ရတနာကြီးနှစ်ပါး ရှိနေကြောင်းကို သိထားရလိမ့်မည်။ ဤရတနာနှစ်ပါးကို ကမ္ဘာပေါ်တွင် မည်သည့်ရတနာများက နှိုင်းယှဉ်နိုင်မည်နည်း?။

ထို့ကြောင့် ချင်ယွင်၏ ဤခရီးစဉ်၏ အဓိကရည်ရွယ်ချက်သည် စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးကို ရယူရန်ဖြစ်ပြီး၊ ထို့နောက်မှသာ၊ စိတ်ဝင်စားသည့် အခြားရတနာ များ ရှိမရှိ ကြည့်ရှုရန် ဖြစ်သည်။ သူ ရယူနိုင်လျှင်၊ အကောင်းဆုံး ဖြစ်လိမ့်မည်။ အကယ်၍ သူသည် ၎င်းရတနာများကို အရမယူနိုင်ပါက၊ သဘာဝအတိုင်း အတင်းအကြပ် ရယူနိုင်မည် မဟုတ်ပေ။

ချင်ယွင်သည် ဤအရာအားလုံးကို စဉ်းစားပြီးနောက် လျူလီရန်ကုန်သည်ကြီးများ အသင်း၏ ဦးတည်ရာဆီသို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

နှစ်နာရီခန့်အကြာတွင်၊ ချင်ယွင်သည် နောက်ဆုံးတွင် လျူလီရန်ကုန်သည်ကြီးများ အသင်း၏ တည်နေရာသို့ ရောက်ရှိလာခဲ့သည်။

လျူလီရန်ကုန်သည်ကြီးများအသင်းသည် လျူလီမြို့၏ မြောက်ဘက်ရှိ အတော်လေး စည်ကားသော လမ်းပေါ်တွင် တည်ရှိသည်။ အဋ္ဌဂံပုံသဏ္ဍာန်ရှိသော သုံးထပ်ဗိမာန်ပုံစံ အဆောက်အအုံတစ်ခု ဖြစ်သည်။ ၎င်းနယ်မြေသည် အလွန်ကျယ်ဝန်းပြီး ဧရိယာ ၃၀၀၀၀ စတုရန်းမီတာကို လွှမ်းခြုံထားသည်။

အဆောက်အအုံ၏ အပြင်ပိုင်းသည် ရွှေရောင်များဖြင့် ဝင်းလက်တောက်ပနေပြီး ကိုယ်ထည်တစ်ခုလုံးကို အနက်ရောင် ကြွေလွှာကျောက်များဖြင့် ပြုလုပ်ထားသည်။ ယင်းက လျူလီရန်ကုန်သည်ကြီးများအသင်း၏ ကြွယ်ဝမှုနှင့် ကြီးကျယ်ခမ်းနားမူကို အပြည့်အဝ ပြသထားသည်။

ချင်ယွင်သည် အဆောက်အဦးနှင့် ပတ်သက်ပြီး၊ အများကြီး တွေးတောနေလိုစိတ် မရှိသောကြောင့်၊ သူသည် လျူလီရန်ကုန်သည်ကြီးများအသင်း၏ တံခါးဆီသို့တိုက်ရိုက် ဦးတည်သွားခဲ့သည်။ သို့သော် ချင်ယွင်သည် တံခါးဝသို့ ရောက်သည်နှင့် တပြိုင်နက် တစ်စုံတစ်ယောက်မှ သူ့ကို တားဆီးလိုက်သည်။ အကြောင်းပြချက်က အရမ်းကို ရိုးရှင်းပါသည်။ သူ့မှာ ဖိတ်စာကတ် မရှိ၍ ဖြစ်ပါသည်။

"ရပ်လိုက်ပါ၊ ဖိတ်စာကတ်မပါဘဲ ကုန်သည်များအသင်း အဆောက်အဦးထဲ ဝင်ခွင့် မပြုပါဘူး။" အထွတ်အထိပ် အစစ်အမှန် အင်မော်တယ် တပ်ဖွဲ့နှစ်ဖွဲ့က ဝင်ပေါက်တွင် ရပ်ကာ ချင်ယွင်၏ လမ်းကြောင်းကို ပိတ်ဆို့ရန် တိုက်ရိုက် လျှောက်လှမ်းလာခဲ့သည်။

"လျူလီရန်ကုန်သည်ကြီးများအသင်း အဆောက်အဦးထဲ ဝင်ဖို့ ဖိတ်စာကတ်တစ်ခု လိုအပ်နေသေးတာလား?။ ချင်ယွင် အံ့သြသွားသည် ။

“မှန်တယ်။ သာမာန်အချိန်မှာဆို၊ ကုန်သည်ကြီးများအသင်းထဲ ဆန္ဒရှိသလို ဝင်ထွက်လို့ ရပါတယ်။ ဒါပေမယ့် ဒီနေ့တော့ ကျွန်တော်တို့ ကုန်သည်ကြီးများအသင်းက လေလံပွဲကို ကျင်းပမှာဖြစ်တယ်။ ဖိတ်စာကတ်မရှိရင် ဝင်လို့မရပါဘူး။ ဒါက အင်မော်တယ်ကမ္ဘာမှာရှိတဲ့ လေလံအိမ်အားလုံးရဲ့ စည်းကမ်းတွေပါပဲ။ တကယ်လို့ မင်းမှာ ဖိတ်စာကတ် မရှိဘူးဆိုရင်၊ ကျေးဇူးပြုပြီး ချက်ချင်း ပြန်သွားပါ။ အစောင့်သည် သူ၏မျက်လုံးထဲတွင် ချင်ယွင်ကို လှောင်ပြောင်သရော်လိုသည့် အရိပ်အယောင်ဖြင့် ကြည့်ရင်း ညှာတာကင်းမဲ့စွာ ပြောလိုက်သည်။

ဖိတ်စာကတ်များကို ကိုင်ဆောင်ထားကြပြီး ကုန်သည်ကြီးအသင်း အဆောက်အဦးထဲ သို့ ဝင်ရောက်ကြမည့်လူများသည်လည်း ချင်ယွင်၏ မသိနားမလည်မှုကို လှောင်ပြောင် နေသကဲ့သို့ ချင်ယွင်ကို မထီမဲ့မြင်ပြုဟန်ဖြင့် ကြည့်နေကြသည်။ ဤလူသည် ဖိတ်စာကတ်မပါဘဲ လေလံပွဲ၌ အမှန်တကယ် ပါဝင်ဝံ့ကြသည်။

ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်း တွန့်သွားခဲ့သည်။ ဤအချက်ကို သူ မေ့သွားခဲ့ခြင်း ဖြစ်သည်။

ဟိုတချိန်တုန်းက သူသည် လေလံပွဲများစွာတွင် ပါဝင်ခဲ့ဖူးသော်လည်း၊ အလေးစားခံရ ဆုံး ဧည့်သည်တော့အဖြစ် သတ်မှတ်ခံရရန်၊ သူသည် အင်မော်တယ်ဧကရာဇ် မင်းမြတ်၏ သားတော်အဖြစ်ဟူသော သူ၏အဆင့်အတန်းကို အားကိုးခဲ့သည်။ သူသည် ဖိတ်စာကတ် လုံးဝ မလိုအပ်ပေ။

လျူလီရန်ကုန်သည်ကြီးများအသင်း၏ လုပ်ဆောင်ချက်များသည် စည်းမျဉ်းများနှင့် လုံးဝ ကိုက်ညီပါသည်။ ထိုသို့မဟုတ်ဘဲ၊ လေလံပွဲကို မည်သူမဆို ဝင်ရောက်နိုင်သည် ဆိုလျှင်၊ လေလံအိမ်တော်၏ အစီအစဥ်တွေကို ထိန်းသိမ်းရသည်မှာ ခက်ခဲသွားမည် မဟုတ်ပါလား?။

သို့သော်လည်း၊ လေလံပွဲစတင်ရန် အချိန်တစ်နာရီတောင် မလိုတော့သည့်အတွက်၊ ချင်ယွင်က ထိုဖိတ်စာကတ်ကို မည်သည့်နေရာမှ ရရှိနိုင်မည်နည်း?။ ယင်းက ချင်ယွင်ကို အတော်ကို ကိုးရိုးကိုးယား ဖြစ်စေသည်။

"ငါ သူ့အတွက် ဖိတ်စာကတ်တစ်ခု ထုတ်ပေးဖို့ ဆန္ဒရှိပါတယ်"

သို့သော် ချင်ယွင်သည် ခက်ခဲသော အခြေအနေတွင် ရှိနေစဉ်၊ အေးစက်စက် အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

All Chapters