အခန်း ၇၄၆
Vol. 50 Ch. 746
အခန်း (၇၄၆) လွင့်ပျံ့လာသော တီးတိုးစကားသံများ။
တတိယထပ်ရှိ အခန်းနံပတ် ၃ တွင် လူနှစ်ဦးထိုင်နေကြပြီး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကာ၊ သူတို့ကတော့ အဘိုးအိုတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့ သည်။ ဤလူနှစ်ယောက်သည် ယခင်က ချင်ယွင်တွေ့ခဲ့ဖူးသည့် ရှောင်လန် နှင့် ဆံပင်ဖြူ အဘိုးကြီးတို့ ဖြစ်ကာ၊ သူတို့သည် တစ်စုံတစ်ခုကို ဆွေးနွေးနေပုံရသည်။
"အကြီးအကဲဖန်၊ တံခါးဝမှာတွေ့တဲ့ လူကို အကြီးအကဲ ဘယ်လိုထင်လဲ?” ရှောင်လန် သည် ဆံပင်ဖြူအဘိုးကြီးနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေကာ အေးစက်စွာ ပြောသည်။
"သူက ရုပ်ရည်မဆိုးပါဘူး၊ သူ့ရဲ့ ကျင့်ကြံမူအခြေခံကတော့ သာမန်ပါပဲ၊ သူနဲ့ပတ်သက် ပြီး၊ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။" ဆံပင်ဖြူ အဘိုးအိုသည် ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။ သူ၏လေသံက အိုမင်းသံပေါက်နေသော်လည်း စွမ်းအားအပြည့် ရှိနေသည်။
"ဒါဆို၊ ဒီနေ့ သူ့ကို ကူညီပေးဖို့ ဘယ်သူက တောင်းဆိုလဲ အကြီးအကဲ သိလား?” ရှောင်လန်က ဆက်မေးသည်။
"ရန်ကလန်လား?..” ဆံပင်ဖြူ အဖိုးအိုက မေးသည်။
ရှောင်လန်က ခေါင်းခါလိုက်သည်။
"ကျာ့ကလန်များ ဖြစ်နိုင်လား..”။ ဆံပင်ဖြူ အဘိုးကြီးက ဆက်မေးသည်။
ရှောင်လန်က ခေါင်းယမ်းပြီး "အဲဒါက အင်မော်တယ်ဖီးနစ်ခန်းမရဲ့ ချွေရှန်း"ဟု ပြောလိုက်ပါသည်။
"ချွေရှန်းလား…?” အဲဒါက အင်မော်တယ်ဖီးနစ်ခန်းမ၊ ခန်းမခေါင်းဆောင်ရဲ့ နံဘေးမှာ ရှိနေတဲ့ အစေခံမလေး ချွေရှန်းလား?” ဆံပင်ဖြူ အဖိုးအိုသည် အံ့သြတကြီး မေးလိုက် သည်။
ရှောင်လန်က ခေါင်းညိတ်ပြသည်။
"သခင်မလေးက အဲဒီ့လူအပေါ် အရမ်းကို အေးစက်နေသေးတယ်။ သူ့ကို ချည်နှောင်ဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားသင့်တယ်” ဆံပင်ဖြူ အဘိုးအိုက ကမန်းကတန်း ပြောလိုက်သည်။
“ပြဿနာမရှိဘူး၊ ချွေရှန်းကို ငါ စမ်းသပ်ပြီးပြီ။ ဒီကိစ္စ အင်မော်တယ်ဖီးနစ်ခန်းမနဲ့ ဘာမှ မဆိုင်ဘူး။ အားလုံးက ချွေရှန်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စသက်သက်ပဲ။ ဒီလူက သူမအသက်ကို သေမျိုးကမ္ဘာမှာ ကယ်တင်ခဲ့ဖူးတယ်တဲ့။ အခု သူ့ကို သူမရဲ့ကတ်ကို ပေးလိုက်တာက ဆုပေးတဲ့သဘောသက်သက်ပဲ။ ဒါ့အပြင်၊ ချွေရှန်းက သူမရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့အတွက်၊ အဲဒီလူက နောက်ထပ် တောင်းဆိုမှုတွေ ပြုလုပ်လာမှာကို စိုးရိမ်နေပုံရတယ်။ အဲဒါကြောင့်၊ သူမက ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်မလာတာ" ရှောင်လန်က သူမ၏မျက်နှာပေါ်တွင် အပြုံးမပျက်ဘဲ ရှင်းပြ သည်။
ဆံပင်ဖြူ အဖိုးအိုသည် ဤစကားကို ကြားတော့ သက်ပြင်းချလိုက်မိပါသည်။
ဤကိစ္စသည် အင်မော်တယ်ဖီးနစ်ခန်းမနှင့် မည်သို့မျှ မသက်ဆိုင်သည့်အတွက်၊ သူတို့ အနေဖြင့် သဘာဝအတိုင်း ထိုလူကို ချည်နှောင်ရန် မလိုအပ်တော့ချေ။ VIP ကတ်ပေးခြင်းသည် သူတို့၏ ရှောင်ကလန်နှင့် လုံးဝ သက်ဆိုင်မူ မရှိပါဘူး။ သို့သော်လည်း၊ ဤအကူညီလေးသည် ချွေရှန်း၏အထံမှ မျက်နှာသာပေးမူကို ရရှိရန် အတွက် လုံလောက်ပါပြီ။ ဤသည်မှာ သူတို့ရှောင်ကလန်အတွက် ကြီးမားသော ရိတ်သိမ်းမူကြီးတစ်ခုဟုပင် ပြောနိုင်ပါသည်။
“ချွေရှန်းက နောက်ဆုံး ပစ္စည်းကို စွန့်လွှတ်ပေးမယ်လို့ ပြောခဲ့တယ်” ရှောင်လန်က အဆုံးတွင် ပြောလိုက်သည်။
ဆံပင်ဖြူ အဘိုးအိုသည် အံ့အားသင့်သည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
“ကောင်းလိုက်တာ။ ဒီလေလံပွဲမှာ အင်မော်တယ်ဖီးနစ်ခန်းမ ရှိနေရင်၊ နောက်ဆုံး ပစ္စည်းကို ရရှိဖို့ ငါတို့အတွက် အရမ်းကို ခက်ခဲမယ်လို့ မူလက ငါ ထင်နေခဲ့တာ။ အခု ချွေရှန်းက အမှန်တကယ် လက်လွှတ်လိုက်ပြီဆိုတော့ နောက်ဆုံးပစ္စည်းကို ရရှိဖို့ အခွင့်အလမ်းက ချက်ချင်း မြင့်တက်လာပြီ” ဟု ဆံပင်ဖြူ အဘိုးအိုက စိတ်လှုပ်ရှားစွာ ပြောသည်။
ရှောင်လန်က ပြုံး၍ အင်မော်တယ်ဖီးနစ်ခန်းမဟာ VIP ကတ်တစ်ခုအတွက်နဲ့ နောက်ဆုံး ပစ္စည်းကို လုယူရန် အခွင့်အရေးကို စွန့်လွှတ်ခဲ့တယ်။ ဒါက ကြီးမားတဲ့ အကျိုးမြတ်တစ်ခုပဲ”။
"ဒါပေမယ့်၊ ဒီချွေရှန်းက နောက်ဆုံး ပစ္စည်းကို လက်လျှော့လိုက်တာလေ။ သူမရဲ့ ခန်းမခေါင်းဆောင်က သူမကို အပြစ်မတင်ဘူးလား?” ဆံပင်ဖြူ အဘိုးကြီးသည် သူ၏သံသယလည်း မြင့်တက်လာသည်။
ရှောင်လန်က ပြုံးပြီး ပြောသည် "ပထမတော့ ကျွန်မလည်း အံ့ဩသွားခဲ့တယ်။ ချွေရှန်း က ကျွန်မရဲ့ ကျေးဇူးတရားကို ပြန်ဆပ်ချင်တယ်ဆိုရင်တောင် ဒီကိစ္စကို အခြေအနေ တစ်ခုအနေနဲ့ အသုံးပြုစရာ မလိုဘူး။ ဒါပေမယ့် ချွေရှန်းရဲ့ နောက်ထပ် ပြောလာတဲ့ စကားတွေက ကျွန်မရဲ့ သံသယတွေကို လုံးဝ ဖယ်ရှားပစ်လိုက်တယ်လေ”။
"ဒါက ဘာကို ဆိုလိုတာလဲ?” ဆံပင်ဖြူ အဖိုးအိုက ကမန်းကတန်း မေးသည်။
"သူမရဲ့ ခန်းမသခင်က ဒီနောက်ဆုံး ပစ္စည်းအတွက် ဒီကိုလာတာ မဟုတ်ဘူးတဲ့။ တခြား အရေးကြီး ကိစ္စတစ်ခုကြောင့် ဒီလို လာခဲ့တာတဲ့။ ဒီနောက်ဆုံး ပစ္စည်းကို သူမ ရယူနိုင်သည်ဖြစ်စေ၊ မယူနိုင်သည်ဖြစ်စေ သူမအပေါ် အများကြီး သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ သူမက ပြောခဲ့တယ်” ရှောင်လန်က ဆက်လက် ရှင်းပြသည်။
"အိုး.. သူမက ဘာတွေ ထပ်ပြောခဲ့သေးလဲ.?” ဆံပင်ဖြူ အဘိုးကြီးသည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။
ရှောင်လန်က ခေါင်းခါပြီး ပြောသည် "သူမက ဘာမှ မပြောတော့ဘူး။ ဒါပေမယ့် နောက်ဆုံးပစ္စည်း လေလံဆွဲမူ မပါဝင်ဖို့ သူမ သဘောတူထားပြီးသားဆိုတော့ ကျွန်မတို့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်အပေါ် သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။ အခုချိန် ကျွန်မတို့ လုပ်ဖို့လိုအပ်တာက ကျာ့ကလန်၊ တစ္ဆေအိုကြီးမုရုံ နဲ့ တခြားသူတွေကို ဆက်ပြီး စောင့်ကြည့်ထားဖို့ပဲ။ သူတို့ကမှ ကျွန်မတို့ ရင်ဆိုင်ရမယ့် တကယ့်ပြိုင်ဘက်တွေပဲ”
ဆံပင်ဖြူ အဘိုးကြီးသည် ခေါင်းညိတ်ပြီး ချီးမွမ်းလိုက်သည် "သခင်မလေးက တကယ်ကို ပိုပိုပြီး စွမ်းဆောင်နိုင်လာတယ်။ အရာအားလုံးကို ထောင့်စေ့အောင် အရမ်းကို တွေးတောထားတယ်လို့ ပြောလို့ရတယ်။ သခင်မလေးရဲ့ ဦးဆောင်မှု အောက်မှာ ရှောင်ကလန်က ကြီးပွားလာမယ်လို့ ငါ ယုံကြည်တယ်။”
"အကြီးအကဲ ဖန်က ကျွန်မကို မြှောက်ပင့်နေပြန်ပါပြီ။ အခု နောက်ဆုံး ပစ္စည်းကို ကျွန်မတို့ ရနိုင်မလားဆိုတာ စောင့်ကြည့်ဖို့ပဲ ရှိတော့တယ်။" ရှောင်လန်က ပြုံးပြီး ပြောသည် ။
ဆံပင်ဖြူ အဘိုးကြီးသည် ခေါင်းညိတ်သည်။
ရှောင်လန် နှင့် ဆံပင်ဖြူအဘိုးကြီးတို့ ဘေးနားရှိ အခန်းတစ်ခုတွင် လူငယ်တစ်ဦး ထိုင်နေပါသည်။ သူ၏ရင်ခွင်ထဲတွင် အဆင့်အတန်းမြင့်သော ရုပ်ရည်အသွင်အပြင်နှင့် ခန္ဓာကိုယ်အချိုးစားလှပသော အမျိုးသမီး နှစ်ယောက်ရှိနေသည်။ အမျိုးသမီး နှစ်ယောက်သည် ရယ်မောရင်းနှင့် သူ့ကို ဝိုင်တိုက်နေကြ၏။ ထိုလူငယ်၏ လက်များသည်လည်း အမျိုးသမီးနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် အလွန်အမင်း နာခံမူမရှိဘဲ လှုပ်ရှားနေသည်။
ထိုလူငယ်၏ နောက်တွင် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေသည်။ သူ၏အမူအရာက အေးစက်နေပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ကို ထုတ်လွှတ်နေသည်။ သူသည် လူငယ်၏နောက်တွင် တိတ်တဆိတ် ရပ်နေပြီး သူ၏ရှေ့ရှိ နွေဦးနန်းတော်မြင်ကွင်းကို လျစ်လျူရှုထားသည်။
"တိတိကျကျ စုံစမ်းပြီးပြီလား?” လူငယ်က အနက်ရောင် ချတ်ဝတ်တန်ဆာဝတ် အမျိုးသားကို ပွေ့ဖက်ထားသည့် အမျိုးသမီးတစ်ဦး တိုက်လာသည့် ဝိုင်ကို သောက်ရင်း အေးစက်စွာ ပြောလိုက်သည်။
"ကျွန်တော် ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပါပြီ။ စောစောလေးက သခင်မလေးရှောင် နဲ့ အဆက်အသွယ်ရှိတဲ့ သူက ဘာနောက်ခံအသိုင်းဝိုင်းမှ မရှိပါဘူး။ အခု အောက်ထပ် အခန်းနံပတ်၂၈ သီးသန့်အခန်းမှာ ရှိနေပါတယ်" အနက်ရောင် ချတ်ဝတ်တန်ဆာဝတ် အမျိုးသားက လေးနက်စွာ ပြောလိုက်သည်။
"ဟမ့်၊ ဒီကောင်က အကြည့်တစ်ချက်နဲ့တင် အရေးကြီးတဲ့ ဇာတ်ကောင် မဟုတ်ဘူးလို့ ခင်ဗျားကို ပြောခဲ့သားပဲ။ ရှောင်လန်က ငါတို့ကို အာရုံပြောင်းဖို့ မြူခိုးအစီအရင် ဝင်္ကပါတစ်ခု တမင်တကာ ဖန်တီးခဲ့တာ ထင်ရှားပါတယ်။" လူငယ်သည် လှောင်ပြောင် ပြောဆိုရင်း သူ၏ဘေးနားရှိ အမျိုးသမီး၏ပေါင်ကို လက်ချောင်းဖြင့် အပြင်းအထန် ဖျစ်ညှစ်လိုက်ပြီးနောက် အမျိုးသမီးထံမှ ညီးညူသံတိုးတိုး ထွက်ပေါ်လာသည်။
"ကောင်းပြီ၊ ခင်ဗျား အရင်ဆင်းသွားလို့ ရပြီ။ အဲဒီကောင်ကို အာရုံစိုက်နေစရာ မလိုဘူး။ ခင်ဗျားက ရှောင်ကလန် နဲ့ အင်မော်တယ်ဖီးနစ်ခန်းမကို ကျုပ်ကိုယ်စား စောင့်ကြည့်ဖို့ပဲ လိုတယ်။ အခြားလူတွေက ကျာ့ကလန်ကို အရမ်းကြီး ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့၊ တစ္ဆေအိုကြီးမုရုံကိုလည်း စောင့်ကြည့်နေဖို့ လိုလိမ့်မယ်။ နောက်ဆုံးမှာတေ့ ဒီလူအိုကြီးက မှော်ဆေးဆရာတစ်ယောက် ဖြစ်နေသည်။ သူ့မှာလည်း အင်မော်တယ် ကျောက်စိမ်းတွေ လိုသလောက် ရှိနေနိုင်တယ်” လူငယ်က ညွှန်ကြား လိုက်သည်။
"ဟုတ်ကဲ့ပါ”။ အနက်ရောင် ချတ်ဝတ်တန်ဆာဝတ် အမျိုးသားက ကမန်းကတန်း ပြန်ဖြေသည်။ သူပြောပြီးသည်နှင့် သူသည် အခန်းထဲမှ တိုက်ရိုက် ထွက်လာခဲ့သည်။ အနက်ရောင် ချတ်ဝတ်တန်ဆာဝတ် အမျိုးသားသည် အခန်းထဲမှ ထွက်သွားသည်နှင့် တပြိုင်နက်၊ ထိုအခန်းထဲတွင် နွေဦးနန်းတော် မြင်ကွင်းက အသက်ဝင်လာခဲ့သည်။
ထိုအချိန်တွင် မီးခိုးရောင်ဆံပင်နှင့် အဘိုးအိုတစ်ဦးသည် သီးသန့်အခန်း၏ အခန်းနံပါတ်ခြောက်တွင် တင်ပျဉ်ခွေထိုင်နေသည်။
ဟုတ်ပါသည်။ ဤလူကြီးကတော့ ရှောင်ကလန်နှင့် ကျာ့ကလန်က လူငယ်ပြောခဲ့သည့် တစ္ဆေအိုကြီးမုရုံ ဖြစ်ပါသည်။
တစ္ဆေအိုကြီးမုရုံဟု နာမည်ပြောင်ခေါ်သည့် မုရုံကျင်းချန်သည် ရန်, ရှောင် နှင့် ကျာ့ကလန်တို့မှ အဆင့်လေး မှော်ဆေးဆရာ ဖြစ်သည်။ သူသည် အဆင့်လေး အင်မော်တယ်ဆေးလုံးများကို သန့်စင်နိုင်သည်။ ယခုတစ်ကြိမ် လေလံခန်းမရှိ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို ဤလူက သန့်စင်ခဲ့ခြင်း ဖြစ်ပါသည်။
ဤအင်အားစုကြီးသုံးခုသည် ဤအဘိုးကြီးအား ချည်နှောင်ထားနိုင်ရန် အမြဲတမ်း အလိုရှိခဲ့ကြသော်လည်း၊ ဤလူအိုကြီးသည် ၎င်းတို့အထဲမှ မည်သည့်နှောင်ကြိုးကိုမှ လက်မခံခဲ့ပေ။ သူ၏ အစွမ်းထက်သော ဆေးလုံးများကို သန့်စင်သည့် နည်းစနစ်ဖြင့် သူသည် အင်အားစုကြီးသုံးခုကြားတွင် ထင်ရှားကျော်ကြားလာခဲ့သည်။
တစ္ဆေအိုကြီးမုရုံ၏ ချမ်းသာကြွယ်ဝမှုသည် အင်အားစုကြီးသုံးခု၏ လွှမ်းမိုးမှု အောက်တွင် ရှိမနေကြောင်းကို အင်အားစုကြီးသုံးခုရှိ လူတိုင်း သိထားကြသည်။ သူ့ကို ဂရုမစိုက်သည့်လူ မည်သူမှ ရှိမနေခြင်းမျိုးတော့ မဟုတ်ပေ။ သို့သော်လည်း သူ့နောက်မှ လိုက်ပါလာသူအားလုံးသည် ဤမြေခွေးအိုကြီးကြောင့် သေဆုံးသွားကြ သည်။ ထိုသို့မဟုတ်လျှင်၊ သူ့ကို တစ္ဆေအိုကြီးမုရုံဟု မည်သို့ခေါ်ခံရမည်နည်း?။
"ဟမ့်၊ ရန်ကလန်က ဉာဏ်ကောင်းလွန်းတယ်။ သူတို့ရဲ့ ကိုယ်ပိုင်တပ်ဖွဲ့တွေက ဒီပစ္စည်းကို မကာကွယ်နိုင်ဘူးဆိုတာ သူတို့ သိတယ်၊ ဒါကြောင့် ခိုးယူ လုယက် ခံရတာမျိုး မဖြစ်ရအောင် လေလံတင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကံကောင်းစွာတာက၊ ရှောင်ကလန် နဲ့ ကျာ့ကလန်တို့ကလည်း ဒီပစ္စည်းကို ဝယ်ယူချင်ကြတာပဲ။ သူတို့ ဘာတွေတွေးနေလဲ ငါတကယ်ကို မသိတော့ဘူး။ ဒါက တကယ်ကို လှောင်ပြောင်မူကြီး တစ်ခု ဖြစ်နေတယ်။” တစ္ဆေအိုကြီးမုရုံသည် အေးစက်သော အပြုံးဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ၏လေသံက ကောက်ကျစ်ပြီး သစ္စာဖောက်သည့် အမူအရာဖြင့် ပြည့်နေ၏။
"အခန်း နံပါတ်တစ်ကို အင်မော်တယ်ဖီးနစ်ခန်းမက လူတွေ သိမ်းပိုက်ထားတယ်။ ဒါဆို အခန်း နံပါတ်နှစ်က ဘယ်သူလဲ?။" တစ္ဆေအိုကြီးမုရုံသည် အခန်းနံပါတ်နှစ်ရှိသည့် ဦးတည်ရာအရပ်ဆီသို့ လှည့်ကြည့်ရင်း သူ၏မျက်လုံးတွေက စိတ်ရှုပ်ထွေးမှု အရိပ်အယောင်ကို ပေါ်လွင်စေသည်။
အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ မကြာခင်မှာ လေလံပွဲက တရားဝင် စတင်ဖို့ အချိန်တန်လာပါပြီ။