← Chapters

အခန်း ၇၄၇

Vol. 50 Ch. 747

အခန်း ၇၄၇

Vol. 50 Ch. 747

အခန်း (၇၄၇) လေလံပွဲ၏ပထမဆုံးပစ္စည်း..။

ဒေါင်..…။

လေလံခန်းမထဲတွင် ခေါင်းလောင်းသံက ထွက်ပေါ်လာသည်။

လေလံခန်းမအတွင်းရှိ အစီအရင်ဝင်္ကပါအားလုံးကို အထူးပြုလုပ်ထားသည်။ အတွင်းမှ အသံသည် အပြင်သို့ မကူးစက်နိုင်သော်လည်း အပြင်မှ အသံသည် အခန်းတွင်းသို့ ထုတ်လွှင့်နိုင်သည်။

ထို့ကြောင့် ခေါင်းလောင်းသံကြားသည်နှင့် လူတိုင်းသည် လေလံအိမ်ဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

အနီရောင်ဝတ်စုံကို တင်းကျပ်စွာ ၀တ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦး သည် လေလံပွဲ ခန်းမအလယ်တွင် ကျက်သရေရှိစွာ လွင့်မျောလာခဲ့ပြီး ချက်ချင်းပင် တက်ရောက်သူ လူတိုင်း၏ အာရုံစိုက်ခံရမှု ဖြစ်လာခဲ့သည်။

ဤအမျိုးသမီးသည် အလွန်လှပသော ဆံထုံးကို ထုံးထားသည်။ သူမ၏ဆံပင်ကို ရိုးရိုး ကျောက်စိမ်းဆံထိုးဖြင့် ခေါင်းနောက်တွင် ချည်နှောင်ထားသည်။ သူမ၏ လက်ရာမြောက်လှသော မျက်နှာလေးသည် စင်မြင့်အောက်မှ အမျိုးသား ကျင့်ကြံသူ များကို လှုံ့ဆော်မူပေးနိုင်ခဲ့ပြီး၊ သူမ၏ လက်ရာမြောက်သ လှပသော ရုပ်ရည် အသွင်အပြင်သည် ရှိနေသူလူအားလုံးကို လှုံ့ဆော်မူပေးနိုင်ခဲ့သည်။

ချင်ယွင်သည် အနည်းငယ် အံ့အားသင့်သွားသော အမူအရာကို မနေနိုင်ဘဲ ဖော်ထုတ် လိုက်မိသည်။ ဤအမျိုးသမီး၏ ရုပ်ရည် အသွင်အပြင်သည် ရန်စီချီလောက် မလှပ သော်လည်း သူမ၏ရုပ်ရည်နှင့် ခန္ဓာကိုယ်အသွင်အပြင်သည် လျူရန်ယွင်နှင့် ယှဉ်နိုင်ပါ သည်။ သူသည် ထိုအမျိုးသမီး၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကောက်ကြောင်းများကို မထိန်းနိုင်ဘဲ တစ်ချက်လှည့်ကြည့်လိုက်မိသည်။

ဟုတ်ပါသည်၊ သူ၏ ထိုလုပ်ရပ်က အမျိုးသမီးသုံးယောက်၏ မျက်လုံးတွေကနေ သဘာဝအတိုင်း မလွတ်မြောက်နိုင်ခဲ့ပါဘူး။ အမျိုးသမီး သုံးယောက်သည် ချင်ယွင်ကို မေးခွန်းထုတ်နေသလို မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

"လေလံကို ကြည့်ကြလေ။ လေလံပွဲက စတင်နေပြီ။" ချင်ယွင်သည် ဘာမှ မသိသလို ဟန်ဆောင်ပြီး ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်သည်။

အမျိုးသမီး သုံးဦးသည် ချက်ချင်းပင် ကူကယ်ရာမဲ့ ဖြစ်သွားပြီး၊ ချင်ယွင်၏ အရည်ထူမူကို အရှုံးပေးလိုက်ရသည်။ ရီယွန်သည်ပင် သူမ၏ပါးစပ်ကို ဖုံးကွယ်ကာ ဘေးတစ်ဖက်မှ တိတ်တဆိတ် ပြုံးပြနေခဲ့သည်။

သို့သော် အလွန်လျှင်မြန်စွာပင် လေလံအိမ်အလယ်ရှိ ထိုအမျိုးသမီး၏ စကားက လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပါသည်။

“ကျွန်မ လူတိုင်းကို အချိန်အကြာကြီး စောင့်ခိုင်းမိပါပြီ။ ကျွန်မကိုယ်ကျွန်မ အရင်ဆုံး မိတ်ဆက်ပေးပါရစေ။ ကျွန်မနာမည်က ရန်ရှာပါ။ ကျွန်မကတော့ ဒီလေလံအိမ်ရဲ့ တာဝန်ခံတစ်ဦးပါ။ တစ်ချိန်တည်းမှာပဲ ကျွန်မကို သိပြီးသား ပုံမှန်ဖောက်သည်တွေ လည်း အများကြီး ရှိနေပါလိမ့်မယ်။" အနီရောင်ဝတ် အမျိုးသမီးက စကားစမြည် ပြောရင်း ပြုံးလိုက်သည်။ သူမ၏ အမူအရာသည် ပြေပြစ်ပြီး သူမ၏ အသံသည် အဝါရောင် တေးသီးငှက်ကဲ့သို့ သာယာငြိမ့်ညောင်းလှသည်။

ရန်ကလန် နှင့် ရင်းနှီးသူတိုင်းသည် ရန်ကလန်တွင် ရန်ရှာဟူသော မိန်းမလှလေးတစ်ဦး ရှိသည်ကို သိပြီးသား ဖြစ်ပါသည်။ သူမသည် လျူလီရန်ကုန်သည်ကြီးများအသင်း၏ လေလံရောင်းချသူ အကြီးအကဲအဖြစ် တာဝန်ယူပြီး ဒါဇင်နှင့်ချီသော လေလံပွဲများကို ဦးစီးကျင်းပခဲ့သည်။

အမှန်တကယ်ဆိုရင်လည်း၊ အင်အားစုကြီးများမှ တပည့်အချို့သည် လေလံပွဲအတွက် လုံးဝ လာရောက်ကြခြင်းမျိုး မဟုတ်ဘဲ ရန်ရှာ၏ အလှပနှင့် အသွင်ပြင်ကြောင့်သာ လာရောက်ကြခြင်း ဖြစ်လေသည်။

ယခု ရန်ရှာ၏အသံက အခမ်းနားကို ဖွင့်လှစ်လိုက်သည်နှင့်၊ စင်မြင့်အောက်မှ ဝမ်းသာအားရ ပျော်ရွှင်နေကြသည့်အသံများ ထွက်ပေါ်လာသည်။

ရန်ရှာသည် လေလံပွဲ ဒါဇင်ပေါင်းများစွာကို ဦးဆောင်ခဲ့သော အတွေ့အကြုံရင့် လေလံသမားတစ်ဦး ဖြစ်ထိုက်ပါသည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးနှင့် တွေ့ကြုံလာရ ချိန်မှာ သူမသည် လက်ကိုဝှေ့ယမ်းပြီး အားလုံးကို စိတ်တည်တည်ငြိမ်ငြိမ် ထားကြပါ ရန် အချက်ပြလိုက်သည်။ သူမက ပြုံးပြီး ဆက်ပြောသည် "ကျွန်မက လူတိုင်းနဲ့ ဝိုင်းဖွဲ့နိုင်မှာ မဟုတ်ပါဘူး။ လူတိုင်းကလည်း ဒီလေလံပွဲကို စောင့်မျှော်နေကြမှာ သေချာပါတယ်။ ပြီးတော့ လူတိုင်းအတွက် ကျွန်မတို့ လေလံပွဲရဲ့ ပထမဆုံး ပစ္စည်းကို ဖော်ပြပါရစေ။”

စင်မြင့်အောက်မှ လူတွေအားလုံး ထိုစကားကို ကြားသည့်အခါ၊ စပ်စုလိုသည့် အမူအရာတွေ ထုတ်ဖော်လာကြသည်။

ပုံမှန်အားဖြင့်၊ လေလံပွဲတစ်ခုတွင် ပထမဆုံးပစ္စည်းသည် အလွန်အကျွံ တန်ဖိုးကြီးမည် မဟုတ်သော်လည်း ၎င်းသည် များသောအားဖြင့် အလွန်စိတ်ဝင်စားဖွယ် ကောင်းပြီး ရှားပါးသည်။ ဆိုလိုသည်မှာ၊ လေလံပွဲက စတင်တော့မည်။ ထို့ကြောင့်၊ ဤလေလံပွဲတွင် ပထမဆုံးသော ပစ္စည်းသည် မည်သည့်အရာ ဖြစ်မည်ကို လူတိုင်း သိချင်ကြသည်။

ချင်ယွင်သည် အလယ်ဗဟိုရှိ လေလံစံမြင့်ကို တိတ်တဆိတ် ကြည့်ရင်း စူးစမ်းလိုသော အမူအရာကို ထုတ်ဖော်လာသည်။

ဘန်း…။

ရန်ရှာသည် သူမ၏ သွယ်လျသော ကျောက်စိမ်းလက်ကို ဆန့်ထုတ်လိုက်ပြီး လေဟာနယ်ကို အသာအယာ ပုတ်လိုက်သည်။ ချက်ချင်းပင် လေဟာနယ်သည် ရေလှိုင်းကဲ့သို့ လှိုင်းထလာသည်။

လူတိုင်း၏ မြင်ကွင်းထဲတွင် ရတနာသေတ္တာတစ်ခု ပေါ်လာပါသည်။ ထို့နောက် ရတနာသေတ္တာသည် ပွင့်နေသော ကြာပန်းကဲ့သို့ ဖြည်းညှင်းစွာ ပြန့်ကျဲသွားပြီး အတွင်းမှ ရတနာကို ဖော်ထုတ်လိုက်သည်။

လက်သီးဆုပ် အရွယ်အစားလောက်ရှိသည့် အနက်ရောင် သတ္တုအပိုင်းအစ တစ်ခုသည် လူတိုင်း၏ အမြင်အာရုံမှာ ပေါ်လာပါသည်။ သတ္တုအပိုင်းအစသည် မှောင်မိုက်သော စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေပြီး တစ်ချိန်တည်းတွင် ပြင်းထန် သည့် လျှပ်စီးစွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။

"မိုးကြိုးနတ်ဘုရားကျောက်တုံးလား.. ?” ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

သူသည် ဤအနက်ရောင်သတ္တုတုံးကို ချက်ချင်း မှတ်မိသည်။ ၎င်းသည် အလွန်မင်း မာကျောပြီး ပြင်းထန်သော လျှပ်စီးစွမ်းရည်များပါရှိသော သတ္တုရိုင်းတစ်ခု ဖြစ်သည်။ ၎င်းသည် လက်နက်များ သန့်စင်ရန်အတွက် လျှပ်စီးစွမ်းရည် ကျင့်ကြံသူများအတွက် အကောင်းဆုံး ပစ္စည်းတစ်ခု ဖြစ်သည်။

မဟာမင် တော်ဝင်မင်းဆက်အတွင်းရှိ ဝေးလံခေါင်သီသော လေလံပွဲတစ်ခု၌ ပထမဆုံး သော ပစ္စည်းသည် မိုးကြိုးနတ်ဘုရားကျောက်တုံး ဖြစ်နေမည်ဟု သူ မထင်ထားခဲ့ပေ။

ယခုအချိန်တွင်၊ ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် အသုံးဝင်သော ဆေဘာ တစ်လက်မှ မရှိသေးပေ။ ဤမိုးကြိုးနတ်ဘုရားကျောက်တုံးသည် သူ့အတွက် လက်နက်အဖြစ် သန့်စင်ရန် အကောင်းဆုံးအရာ ဖြစ်ပြီး၊ ယင်းက ချင်ယွင်အား ယခုပစ္စည်းက ချက်ချင်း ပါးရိုက်သလို ခံစားရစေပါသည်။

စင်မြင့်အောက်ရှိ လျှပ်စီးစွမ်းရည် ကျင့်ကြံသူတချို့၏ မျက်လုံးများသည်လည်း ချက်ချင်း ဝင်းလက်တောက်ပသွားခဲ့သည်။ ထင်ရှားသည်မှာ၊ ဤသတ္တုရိုင်းသည် အလွန်ရှားပါးသော မိုးကြိုးနတ်ဘုရားကျောက်တုံး ဖြစ်ကြောင်းကို သူတို့လည်း မှတ်မိ ကြသည်။

"ဒီပစ္စည်းကို လူတော်တော်များများက သိရှိကြမှာ သေချာပါတယ်။ မှန်ပါတယ်၊ ဒီသတ္တုရိုင်းဟာ ကျွန်မတို့ လျူလီရန်လေလံအိမ်ရဲ့ လေလံပွဲမှာ ပထမဆုံး လေလံ ပစ္စည်းဖြစ်တဲ့ မိုးကြိုးနတ်ဘုရားကျောက်တုံး ဖြစ်ပါတယ်။" ရန်ရှာက ပါးစပ်ထောင့်မှာ အပြုံးမပျက်ဘဲ ပြောလိုက်ပါသည်။ သူမ၏ သွယ်လျသော လက်ကို ဆန့်ထုတ်ကာ မိုးကြိုးနတ်ဘုရားကျောက်တုံးကို သူမ၏ လက်ဖဝါးထဲသို့ စုပ်ယူရန် ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

"မိုးကြိုးနတ်ဘုရားကျောက်တုံးလား.." အလေးချိန်က ၁၀၆၀၀၀ ဂျင်ရှိတယ်။ အရွယ်စားက အရွယ်ရောက်ပြီးသူ လူတစ်ယောက်ရဲ့ လက်သီးဆုပ် အရွယ်အစားခန့် ရှိတယ်။ သာမန်အင်မော်တယ်ဓား သို့မဟုတ် ဆေဘာတစ်လက်အဖြစ် သန့်စင်ရန် လုံလောက်တယ်။ အရည်သွေးမြင့် ထိပ်တန်းအဆင့် အင်မော်တယ်ပစ္စည်း အဖြစ်တောင် ရောက်ရှိနိုင်တယ်။ ဒါပေမယ့် ဒီမိုးကြိုးနတ်ဘုရားကျောက်တုံးက မာကျောတဲ့နေရာမှာ နာမည်ဆိုးနဲကျော်ကြားတာကို လူတိုင်းသိကြပါတယ်။ သာမန် အင်မော်တယ် မီးတောက်တွေက ဒီကျောက်တုံးကို မသန့်စင်နိုင်ကြဘူး။ ထိပ်တန်းအဆင့် ကြီးမြတ်သော လက်နက်သန့်စင်သူတွေရဲ့ သန့်စင်ခြင်း မီးတောက်တွေကသာ ဒီကျောက်တုံးကို အရည်ပျော်သွားစေနိုင်တယ်။" ရန်ရှာက ဆက်ပြောသည် ။

စင်မြင့်အောက်ကနေ စိတ်ပျက်လက်ပျက် ပေါက်ကွဲထွက်လာတာ ထင်ရှားပါတယ်၊ ယန်ရှာရဲ့ နောက်ဆုံးစကားကြောင့် သူတို့အားလုံး ထိတ်လန့်သွားကြပါတယ်။

ချင်ယွင်လည်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ယန်ရှာပြောသည့် စကားများသည် အခြေခံအားဖြင့် မှန်ပါသည်။ ဤ မိုးကြိုးနတ်ဘုရားကျောက်တုံးသည် အနှိုင်းမဲ့ အဖိုးတန်ပြီး ထိပ်တန်းအဆင့် အင်မော်တယ်ပစ္စည်းအဖြစ် သန့်စင်နိုင်သော်လည်း ၎င်း၏ မာကျောမှုကြောင့် သာမန်မီးတောက်များသည် ၎င်းကို မတုန်လှုပ်စေနိုင်ပေ။ ထိပ်တန်းအဆင့် ကြီးမြတ်သော လက်နက်သန့်စင်သူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ မီးတောက်များကသာ ဤကျောက်တုံးကို အရည်ပျော်စေနိုင်ပါသည်။

ကြီးမြတ်သော ထိပ်တန်းအဆင့် လက်နက်သန့်စင်သူများအတွက်ကိုမူ၊ အင်မော်တယ် ဘုရင်အဆင့် ကျွမ်းကျင်သူများသည်ပင် သူ့တို့ကို ဖိတ်ကြား၍ မရနိုင်ပေ၊ ထို့ကြောင့် လေလံအိမ် တစ်ခုလုံးတွင် ၎င်းတို့ဖိတ်ခေါ်နိုင်သည့် ထိပ်တန်းအဆင့် ကြီးမြတ်သော လက်နက်သန့်စင်သူတွေ မရှိသလောက် နည်းပါးပါသည်။

ထို့အပြင်၊ အင်မော်တယ်မင်းဆက်ကြီးသုံးခု၏ နယ်မြေသုံးခုတွင် ထိပ်တန်းအဆင့် ကြီးမြတ်သော လက်နက်သန့်စင်သူများသည် လက်တစ်ဖက်ဖြင့်ပင် ရေရွတ်လို့ရပြီး၊ ၎င်းတို့ကို ဖိတ်ခေါ်ရန် မဖြစ်နိုင်ပေ။

ထိပ်တန်းအဆင့် ကြီးမြတ်သော လက်နက်သန့်စင်သူများကို မည်သူမှ ဖိတ်ကြား နိုင်ခြင်းမရှိသောကြောင့် ဤကျောက်တုံးသည် မည်မျှပင် အဖိုးတန်ပါစေ၊ ၎င်းတို့ အတွက် အသုံးမ၀င်တော့ပေ။ ထို့ကြောင့်၊ ချက်ချင်းပင် မိုးကြိုးနတ်ဘုရား ကျောက်တုံး နှင့် ပတ်သက်သည့် လူတိုင်း၏ အတွေးအမြင်များလည်း ပျောက်ကွယ်သွားခဲ့သည်။

"ကောင်းပါပြီ။ လေလံပွဲရဲ့ ပထမဆုံး လေလံပစ္စည်းကို စလိုက်ရအောင်။ ဒီမိုးကြိုးနတ် ဘုရားကျောက်တုံးရဲ့ အစခေါ်ဈေးက အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀ ပါ။ တကြိမ်ဈေးခေါ်တိုင်း ဈေးနှုန်းက အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀ ထက် မနည်းရပါဘူး။" ရန်ရှာက ပြုံးပြုံးလေး ပြောသည် ။

"အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း တစ်သိန်းပဲလား?” ချင်ယွင်သည် စတင်ခေါ်သော စျေးနှုန်းကို ကြားလိုက်ရသောအခါ အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်မိသည်။

ယခုလို အဖိုးမဖြတ်နိုင်သည့် လက်နက်တစ်ခုကို သွန်းလုပ်နိုင်သော သတ္တုပစ္စည်းတစ်ခု သည် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀ ကျော်လောက် တန်ဖိုးရှိနိုင် သော်လည်း ဤဝေးလံ ခေါင်သီသောအရပ်ရှိ လေလံပွဲမှာတော့ အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀ သာ ရှိနေပါသည်။ ယင်းကြောင့် ချင်ယွင်သည် ပြောစရာစကား မရှိသလို ခံစားလိုက်ရသည်။

"အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်းတစ်သိန်း" စင်မြင့်အောက်မှ တစ်စုံ တစ်ယောက်က ချက်ချင်း လက်မြှောက်ပြီး အော်လိုက်ပါသည်။

“အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ၁၁၀,၀၀၀” နောက်လူတစ်ယောက်ကလည်း လက်ကို မြှောက်ပြီး အော်သည်။

“အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ၁၂၀,၀၀၀”

“အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ၁၄၀,၀၀၀”

စင်မြင့်အောက်မှ အော်သံတွေက ဆက်တိုက် ထွက်ပေါ်လာပါသည်။ ဤကျောက်တုံး သည် ၎င်းတို့အတွက် အသုံးနည်းသော်လည်း၊ ၎င်းသည် ထိပ်တန်းအဆင့် လက်နက်တစ်ခုအဖြစ် သွန်းလုပ်နိုင်သော ပစ္စည်းတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။ ဈေးနှုန်းကလည်း အရမ်းကြီး မကြီးချေ။ ထုံးစံအတိုင်း ဆက်တိုက် ဈေးခေါ်သူတွေ ရှိနေကြသည်။

ချင်ယွင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ၂၀၀၀၀၀ အထိ ဈေးလှမ်းခေါ်တော့မည်။ သို့သော် ထိုအခိုက်အတန့်တွင် တတိယထပ်ရှိ အခန်းနံပါတ်လေးမှ ကြီးစိုးသော အသံတစ်ခု ထွက်ပေါ်လာသည်။

"အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်းတစ်သောင်း"

အစီအရင်မှတဆင့် ထိုအသံ ထွက်ပေါ်လာသည်နှင့် ရောက်ရှိနေကြသူ လူအားလုံးသည် ထိတ်လန့်သွားကြလေသည်။

အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်းတစ်သောင်းသည် အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း တစ်သန်းနှင့် ညီမျှပါသည်။ ဤမျှကြီးမားသော စျေးနှုန်းကို မည်သူကရော ကမ်းလှမ်းနိုင်မည်နည်း?။

All Chapters