← Chapters

အခန်း ၇၄၈

Vol. 50 Ch. 748

အခန်း ၇၄၈

Vol. 50 Ch. 748

အခန်း (၇၄၈) စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး။

တတိယထပ်ရှိ အခန်းနံပါတ်လေးတွင် ကျာ့ကလန်မှ လူငယ်သည် မောပန်းနေသော အိမ်အကူနှစ်ဦးကို ဘေးသို့ တွန်းပို့လိုက်သည်။ သူသည် အထင်သေးဟန်ဖြင့် ရယ်မော လိုက်ပြီး သူ၏အနားရှိ ယန္တရားပေါ်ရှိ ခလုတ်ကို နှိပ်လိုက်ကာ အလယ်အလတ် အင်မော်တယ် ကျောက်စိမ်း ၁၀,၀၀၀ ဟူသည့် စျေးနှုန်းကို အော်ဟစ်လိုက်သည်။

သူသည် လျှပ်စီးစွမ်းရည်ကို ကျင့်ကြံထားသူ ဖြစ်သည်။ မိုးကြိုးနတ်ဘုရား ကျောက်တုံးကို သူ ပထမဆုံး မြင်မြင်ချင်းမှာပင်၊ ၎င်းကို အရယူရန် ဆုံးဖြတ်လိုက် သည်။

မူလက သူသည် စင်မြင့်အောက်မှ လူများ လေလံစွဲခြင်းကိစ္စ ပြီးဆုံးသည်အထိ စောင့်ဆိုင်းရန် စီစဉ်ထားသည်။ ထို့နောက်မှ၊ သူသည် မိုးကြိုးနတ်ဘုရားကျောက်တုံး ရရှိရန် နောက်ထပ် စျေးနှုန်းဖြင့် လေလံတင်လိုက်မည်။

သို့သော် စင်မြင့်အောက်မှ လူအုပ်ကြီးသည် အင်မော်တယ် ကျောက်စိမ်း ၁၀,၀၀၀ အထိ စျေးမြင့်တက်လာမည်ဟု သူ မမျှော်လင့်ထားပေ။ ယင်းက သူ့ကို အမှန်တကယ် စိတ်ဆိုးစေသည်။ ထို့ကြောင့် သူသည် ဤလူများကို ထိတ်လန့်သွားစေရန် သူတို့ကို ချေမွပစ်နိုင်သော စျေးနှုန်းကို တိုက်ရိုက် အသုံးပြုလိုက်သည်။ ယင်းက သူသည် စျေးနှုန်းကို တိုးမြှင့်ရန် သတ္တိရှိနေတုန်းပဲဟု ထင်မြင်စေသည်။ ထို့အပြင်၊ အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀,၀၀၀ သည် သူ့အတွက် မိုးဖွဲလေးမျှသာ ဖြစ်သည်။

ကျာ့ဖန်းလျှန်၏ နှုတ်ခမ်းထောင့်စွန်းက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေး သွားသည်။ သူစျေးနှုန်းကို ကြေငြာပြီးသည်နှင့် မည်သူမှ ထပ်မတင်ဝံ့တော့ဟု သူ ယုံကြည်သည်။

ဟုတ်ပါသည်။ စျေးထပ်တင်တော့မည့် လူတွေလည်း အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀,၀၀၀ ဟု ကြားလိုက်သည်နှင့် စိတ်ပျက်လက်ပျက် ဖြစ်ကာ၊ ချက်ချင်း လက်လွှတ်လိုက်ကြသည်။

မည်သည့်အခါမှ သန့်စင်နိုင်မည်မဟုတ်သော သတ္တုရိုင်းတစ်ခုကို ဝယ်ယူရန်အတွက် အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း တစ်သောင်းကို အသုံးပြုရခြင်း သည် သူတို့အမြင်မှာ တကယ်မတန်သလို ခံစားရပြီး၊ လေလံဆွဲဖို့ စိတ်ကူးကိုလည်း စွန့်လွှတ်လိုက်ကြပါသည်။

"အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း တစ်သောင်း။ အခန်းလေးရှိ ဧည့်သည်တော်က အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း တစ်သောင်းနဲ့ ဈေးခေါ်ထားပါတယ်။ နောက်ထပ် စျေးမြှင့်ပေးမယ့်လူများ ရှိသေးလား?" ရန်ရှာက အပြုံးနှင့်အတူ ပြောလိုက်သည် ။

မိုးကြိုးနတ်ဘုရားကျောက်တုံးကို အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀ ဖြင့် ရောင်းချနိုင်မှုသည် သူမ၏ မူလမျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ မူလက ဤမိုးကြိုးနတ်ဘုရားကျောက်တုံးကို အဆင့်နိမ့် အင်မော်တယ် ကျောက်စိမ်း ၅၀၀၀၀၀ ဖြင့် ရောင်းချနိုင်မည်ဟု သူမ ထင်ထားခဲ့သည်။ ယခုအခါတွင်မူ၊ အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀,၀၀၀ သည် သူမ၏ မူလ မျှော်လင့်ချက်များကို နှစ်ဆမက ကျော်လွန်သွားခဲ့သည်။

"ဘယ်သူမှ စျေးမတက်ဘူးဆိုတော့၊ ဒီမိုးကြိုးနတ်ဘုရားကျောက်တုံးကို ပိုင်ဆိုင်သူကို ကျွန်မ ကြေငြာပါတော့မယ်" ရန်ရှာက ပြောပါသည်။

"အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း နှစ်သောင်း"

သို့သော် ဤအခိုက်အတန့်တွင် လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

အားလုံးလည်း ခဏတာ ထိတ်လန့်သွားကြသည်။ သူတို့အားလုံးသည် အသံထွက်ပေါ် လာသည့် လမ်းကြောင်းကို ကြည့်လိုက်ကြသည်။ ဒုတိယထပ်တွင် အခန်းနံပါတ် ၂၈ မှ အစီအရင်ဝင်္ကပါက မီးလင်းနေသည်ကို တွေ့လိုက်ရပါသည်။

"ဒီကောင် ရူးနေတာလား?။ ဒီအသုံးမဝင်တဲ့ ကျောက်တုံးတစ်တုံးဝယ်ဖို့ အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ၂၀၀၀၀ အသုံးပြုနေတယ်"။

"မှန်တယ်။ အရေးကြီးဆုံးက တတိယထပ်က စိန်ကတ် VIP နေရာကလူနဲ့ပြိုင်ပြီး၊ သူက လေလံဆွဲဖို့ တကယ်ကို သတ္တိရှိနေခဲ့တယ်။ အခန်းနံပါတ်လေးဟာ အစွမ်းထက်တဲ့ အင်အားစုတစ်ခုခုက ဖြစ်ရမယ်။ ကျောက်တုံးတစ်တုံးအတွက်နဲ့ ဒီလို အင်အားစုတစ်ခု ကို ပြစ်မှားမိတာက မထိုက်တန်ပါဘူး။"

စင်မြင့်အောက်မှ လူတိုင်း စတင်ဆွေးနွေးကြသည်။

ရန်ရှာလည်း အနည်းငယ် အံ့အားသင့်သွားသည်။ တစ်စုံတစ်ယောက်သည် အမှန်တကယ် စျေးတိုးမြင့်ပေးလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

အခန်းနံပါတ်လေးမှာ မည်သူရှိနေလဲဆိုသည်ကို သူမ ကောင်းကောင်းသိပါတယ်။ ၎င်းသည် ချမ်းသာကြွယ်ဝသော သခင်လေးတစ်ဦး ဖြစ်ပြီး၊ အခန်းနံပါတ် ၂၈ ၏ ပိုင်ရှင်မှာ မည်သူဖြစ်သည်ကို သူမလည်း အထင်တကြီး စိတ်ဝင်စားခြင်း မရှိပေ။

အခန်းနံပါတ် ၃ တွင် ရှောင်လန်သည် သူမ၏မျက်နှာပေါ်တွင် အံ့သြသွားသည့် အရိပ်အယောင်ကို ထုတ်ဖော်လိုက်သည်။ သို့သော် မကြာမီ သူမသည် လှောင်ပြောင် သရော်ဟန် အရိပ်မြွက် ဖြစ်ပေါ်လာသည်။

အခန်းနံပါတ် ၂၈ ထဲမှ လူသည် မည်သူဖြစ်သည်ကို သူမသည် သဘာဝကျကျ သိပါသည်။ သူမသည် အခန်းနံပါတ် ၂၈ထဲမှ လူအတွက် VIP ကတ်ကို ကိုယ်တိုင် ထုတ်ပေးခဲ့သည်။ သူမသည် မူလက ဤလူအား အာရုံစိုက်ခြင်းကို ရပ်တန့်ရန် စီစဉ်ထားသော်လည်း ဤအဖော်သည် သူမအား လျင်မြန်စွာ စွဲဆောင်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

"အကြီးအကဲ ဖန်၊ ဒီကောင်က ငါတို့ရဲ့ အာရုံစိုက်မှုကို ရည်ရွယ်ချက်ရှိရှိ ဆွဲဆောင်နေ တယ်လို့ မထင်ဘူးလား။ ဒါမှမဟုတ်၊ သူက ကျာ့ဖန်းလျှန်နဲ့ ယှဉ်ပြိုင်နေတယ်ဆိုတာကို တကယ်ကို မသိတာလား?" ရှောင်လန်က သူမ၏ဘေးနားမှ ဆံပင်ဖြူ အဘိုးအိုအား သရော်ဟန်လေသံဖြင့် မေးလိုက်သည်။

"ဒီနည်းလမ်းက သခင်မလေးရဲ့ အာရုံစိုက်မူကို ခံရဖို့ ဆွဲဆောင်ချင်တာ ဖြစ်မယ် ထင်တယ်။ သူက သခင်မလေးဆိုတဲ့ သစ်ပင်ကြီးကြီးနဲ့ နီးစပ်ချင်နေတာ။" ဆံပင်ဖြူ အဘိုးကြီးက လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောသည်။

"ဟမ့်၊ ကျွန်မက ဒီလိုကောင်မျိုးတွေ အများကြီး တွေ့ဖူးတယ်။ ချွေရှန်း မိန်းကလေးက သူ့ကို တမင်ရှောင်တိမ်းနေခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူ့ရဲ့အပြုအမူတွေက ကျွန်မ တဖက်တည်းလို့ ပြောလို့ရတယ်လေ။ သူ့ကို ကျာ့ဖန်းလျှန်နဲ့ ယှဉ်ပြိုင်ခွင့် ပြုလိုက်ပါ" ရှောင်လန်က အထင်သေးသည့်လေသံဖြင့် ပြောလိုက်သည်။

ချင်ယွင်သည် သူ၏ ဈေးကမ်းလှမ်းမှုက ယခုလို ကြီးမားသော ရှုပ်ထွေးမူကြီးကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူ၏အမြင်အရ၊ ဤမိုးကြိုးနတ်ဘုရား ကျောက်တုံးသည် အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ၂၀၀၀၀ တန်ကြေးရှိပါသည်။ ယင်းဈေးနှုန်းကက စျေးတန်တန်ကြီးနှင့် အရယူနိုင်သည်ဟုပင် ပြောလို့ရပါသည်။

အခန်းနံပါတ် ၄ ၏ အတွင်းခန်းထဲရှိ ကျာ့ဖန်းလျှန်သည် သူအနိုင်ရရန် ယုံကြည်မှု ရှိနေပြီး၊ ရုတ်တရက် ကမ်းလှမ်းချက်ကို ကြားလိုက်ရသည့်အချိန်မှာ၊ သူသည် သူ၏အနားရှိ အိမ်ဖော်မိန်းကလေးများနှင့် ဆက်လက် ကစားတော့မည် ဖြစ်သည်။ ထိုအခိုက် သူ၏မျက်လုံးထဲတွင် ဒေါသထွက်သည့် အမူအရာ ပေါ်လာသည်။ သူသည် သူ၏ဘေးနားရှိ အိမ်ဖော်မိန်းကလေးများကို တွန်းထုတ်လိုက်ပြီး ကမ်းလှမ်းချက် ခလုတ်ကို နှိပ်လိုက်သည်။ သူက “အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀ " ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း တစ်သိန်း?”.. စင်မြင့်အောက်မှ လူတွေအားလုံးသည် အေးစက်သည့်လေကို တစ်ချက်ချင်း ရှုရှိုက်လိုက်ကြသည်။

၎င်းသည် စတင်ခေါ်သော စျေးနှုန်း၏ အဆတစ်ရာဖြစ်နေပြီ ဖြစ်ပြီး ၎င်းသည် ၎င်းတို့၏ လက်ခံနိုင်သော အတိုင်းအတာထက် ကျော်လွန်သွားပါပြီ။

ရန်ရှာ၏ မျက်နှာသည်လည်း အံ့သြခြင်းများဖြင့် ပြည့်နှက်နေ၏။ ဤ မိုးကြိုးနတ်ဘုရား ကျောက်တုံးသည် အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀ နှင့် ရောင်းထွက်နိုင်မည်ဟု သူမ ဘယ်တုန်းကမှ တွေးမထားခဲ့ပါဘူး။

သို့သော်လည်း ကျာ့ဖန်းလျှန်၏ ကမ်းလှမ်းချက်လေသံကို ယခု ပြန်တွေးလိုက်သော အခါ၊ ကျာ့ဖန်းလျှန်သည် အခန်းနံပါတ် ၂၈ ရှိ လူ၏ ကမ်းလှမ်းမှုကြောင့် ဒေါသထွက်နေ မှန်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် ဤမျှ မြင့်မားသော ဈေးနှုန်းကို တစ်ချက်တည်း အော်ခေါ်လိုက်ခြင်း ဖြစ်သည်။

"အခန်းနံပါတ် ၂၈ က ဧည့်သည်တော်ရှင်၊ အခန်းနံပါတ် ၄ ဧည့်သည်တော်က အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀ ကို ကမ်းလှမ်းထားပါ တယ်။ စျေးထပ်တိုးချင်ပါလားရှင်…" ရန်ရှာသည် ချစ်စဖွယ် ပြုံးပြီး အခန်းနံပါတ် ၂၈ ရှိ လူထံမှ ညွှန်ကြားချက်ကို မေးမြန်းလိုက်သည်။

ချင်ယွင်သည် သီးသန့်ခန်းထဲတွင် ထိုင်နေရင်း၊ သူ၏မျက်ခုံးတွေက တွန့်သွားခဲ့သည်။ သူ၏ကမ်းလှမ်းချက်က တစ်ဖက်လူကို အနှောင့်ယှက်ဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားဘူး။

အကယ်၍ သူသာ ထပ်ပြီး စျေးမြင့်လိုက်မည်ဆိုလျှင်၊ တစ်ဖက်က သူ့ကို ရန်စသည့် အနေဖြင့် ဈေးထပ်မြှင့်နေသည်ဟု သေချာပေါက် ထင်သွားပါလိမ့်မည်။ ဤသည်မှာ ချင်ယွင် မမြင်ချင်သည့်အရာ ဖြစ်ပါသည်။

သူ့တွင် ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀ သာ ရှိပြီး၊ စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးအတွက် ဆက်လက် ထိန်းသိမ်းထားရပါဦးမည်။ ဤမိုးကြိုး နတ်ဘုရားကျောက်တုံးနှင့်ပတ်သက်ပြီး၊ ဤလူအား သူ ဒေါသမထွက်သွားစေချင်ပေ။

"ကျွန်တော် လက်လျှော့လိုက်ပြီ” ချင်ယွင်က ခလုတ်ကို နှိပ်လိုက်ပြီး ပြောလိုက်သည်။

ရန်ရှာ၏ မျက်လုံးများတွင် စိတ်ပျက်သွားသည့် အရိပ်အမြွက် ဖြစ်ပေါ်သွားသည်။ လေလံအိမ်တွင် သူတို့အကြိုက်ဆုံးအရာမှာ လေလံရောင်းချသူနှစ်ဦး အချင်းချင်း တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ၎င်းနေရာသည် အချင်းများနေသည့် တံငါသည်များ အပေါ် အခွင့်ကောင်းယူလေ့ရှိသည့် သူမတို့၏ လေလံအိမ်ဖြစ်နေဆဲ ဖြစ်သည်။

"ကောင်းပြီရှင်..၊ ဒါဆိုလည်း ဒီမိုးကြိုးနတ်ဘုရားကျောက်တုံးကို အခန်းနံပါတ် ၄ ဧည့်သည်တော်က ပိုင်ဆိုင်သွားပြီလို့ ကျွန်မ ကြေငြာပါတယ်ရှင်" ရန်ရှာက ခေါင်းလောင်းကို တိုက်ရိုက် တီးလိုက်သည်။

စင်မြင့်အောက်မှ လူတိုင်း သက်ပြင်းကိုယ်စီ ချလိုက်ကြမိသည်။ အကယ်၍၊ စျေးတွေသာ ဆက်ပြီးတက်နေမည်ဆိုလျှင်၊ သူတို့အနေဖြင့် မခံစားနိုင် ဖြစ်ကောင်း ဖြစ်သွားနိုင်ပါသည်။

အခန်းလေးခန်းရှိ ခေါင်းလောင်းသံကို ကြားသောအခါ ကျာ့ဖန်းလျှန်၏ နှုတ်ခမ်းစွန်းများက လှောင်ပြောင်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

"ဟမ့်၊ မင်း ငါနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင်၊ မင်းမှာ အင်အား ဘယ်လောက်ရှိလဲဆိုတာ မင်းအနေနဲ့ ပြန်ကြည့်ဖို့ မလိုမှ တိုက်ခိုက်ပါ။" ကျာ့ဖန်းလျှန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

အခန်းနံပါတ် ၃ အတွင်းတွင် ရှောင်လန်သည် လှောင်ပြောင်သော အပြုံးကို ထုတ်ဖော်နေသည်။

သူမ၏ ထင်မြင်ယူဆချက်အတိုင်း၊ ချင်ယွင်သည် စျေးနှုန်းကို တစ်ကြိမ်သာ တိုးမြှင့်ခဲ့ သည်။ ယင်းက သူမ၏ထင်မြင်ယူဆချက်ကို ပိုမို ယုံကြည်လာစေသည်။ သူမ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ရန် လုပ်ဆောင်ခြင်း လုပ်ရပ်က၊ သူမသည် ချင်ယွင်ကို ပို၍ပင် အထင်သေးသွားစေခဲ့သည်။ (သူမ၏တဖက်သတ်အတွေးများသာ)။

ထို့နောက် လေလံပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ဒုတိယပစ္စည်းမှာ အဆင့်မြင့် အင်မော်တယ် ဓားတစ်လက် ဖြစ်ပါသည်။ ၎င်းသည် အအေးစွမ်းရည်ကို ပိုင်ဆိုင်ထား သည့် အဆင့်မြင့်အဆင့် အင်မော်တယ်ဓားတစ်လက် ဖြစ်ပါသည်။ ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခုမှ ဧည့်သည်တော်တစ်ဦးသည် ၎င်းဓားကို အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ၄,၀၀၀ ဖြင့် ဝယ်ယူသွားခဲ့သည်။

တတိယမြောက် ပစ္စည်းမှာ အဆင်မြင့်အဆင့် အင်မော်တယ် ဆေးပင်တစ်မျိုး ဖြစ်ပြီး၊ တတိယထပ်ရှိ အခန်းနံပါတ် ၆ မှ တစ္ဆေအိုကြီးမုရုံက အလယ်လတ်အဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀ ဖြင့် လေလံဆွဲသွားခဲ့သည်။

တစ္ဆေအိုကြီးမုရုံသည် သစ္စာမဲ့ပြီး ရက်စက်လွန်းသည်။ သူသည် ချက်ချင်းဆိုသလိုပင် ၎င်း၏ ကိုယ်ရေးအချက်လက်ကို ထုတ်ဖော်ပြောဆိုပြီး၊ လူများကို ဈေးထပ် မမြှင့်ဝံ့ တော့အောင် အလွန်အမင်း ခြိမ်းခြောက်လိုက်သည်။ နောက်ဆုံးတွင်၊ ထိုလူများအားလုံး သည် စျေးထပ်မခေါ်တော့ဘဲ လက်လျှော့လိုက်ကြသည်။

စတုတ္ထနှင့် ပဉ္စမမြောက် ပစ္စည်းများသည်လည်း ချင်ယွင်ကို လုံးဝ မဆွဲဆောင်ခဲ့ပေ။ ချင်ယွင်သည် ဖျော်ဖြေပွဲကို တစ်ဖက်မှ ကြည့်နေခဲ့သည်။

ဆဌမမြောက်ပစ္စည်း ထွက်လာချိန်မှာတော့၊ ချင်ယွင်၏ စိတ်ဝိညာဉ်များသည် ချက်ချင်း ပင် လှုပ်ရှားလာခဲ့သည်။ အဆိုပါခြောက်ခုမြောက် ပစ္စည်းသည် သူရှာဖွေနေသည့် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေး ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။

"အခု ကျွန်မတို့ လေလံတင်ရောင်းချနေတဲ့ ပစ္စည်းက အဆင့်နိမ့် အင်မော်တယ် ဆေးလုံးဖြစ်တဲ့ အဆင့်သုံး အင်မော်တယ် ဆေးလုံးဖြစ်ပါတယ်ရှင်။ ဒီဆေးကို အခန်းနံပါတ် ၆ ပိုင်ရှင် သခင်မုရုံက သန့်စင်ထားခြင်း ဖြစ်ပါတယ်။ ဒီဆေးကတော့ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေး ဖြစ်ပါတယ်ရှင်။" ရန်ရှာ၏ အော်ရီယိုငှက်နှင့်တူသော အသံက လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာပြန်သည်။

ချင်ယွင်သည် လေလံအိမ်အလယ်ရှိ လေလံစင်မြင့်ကို စိုက်ကြည့်နေသည်။

ရန်ရှာသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူမ၏လက်ထဲတွင် ကျောက်စိမ်းပုလင်း တစ်ခု ပေါ်လာပါသည်။ သူမသည် ကျောက်စိမ်းပုလင်းကို ညင်သာစွာ ဖွင့်လိုက်သည် နှင့် ပြင်းထန်သော မွှေးရနံ့တစ်ခုက ပျံ့နှံ့လာသည်။ အင်မော်တယ်ဆေးလုံးသည် လူတိုင်း၏ရှေ့တွင် သုံးရောင်ခြယ်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသည်။

"ဒါက တကယ်ကို စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးပဲ”။ ချင်ယွင်၏ မျက်လုံး ထဲတွင် ကြိုတင်မခန်းမှန်းနိုင်သော အလင်းရောင်တစ်ခုက ရုတ်တရက် ပေါက်ကွဲလာ သွားခဲ့သည်။ ဤဆေးကို သိမ်းပိုက်နိုင်ဖို့အတွက်၊ သူသည် ဘာမဆို လုပ်မည်ဟု သူ၏ စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။

All Chapters