အခန်း ၇၄၉
Vol. 50 Ch. 749
အခန်း (၇၄၉) အရူးအမူ လေလံဆွဲခြင်း။
"အင်မော်တယ် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့ စိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးလုံးဟာ အင်မော်တယ် စိတ်ဝိညာဉ်ဒဏ်ရာတွေကို ကုသရာမှာ အကျိုး သက်ရောက်မူက အဆင့် သုံး အင်မော်တယ်ဆေးတွေ ကြားမှာတောင် ထိပ်တန်းအဆင့် အင်မော်တယ်ဆေး တစ်မျိုး ဖြစ်ပါတယ်ရှင်။ အင်မော်တယ် စိတ်ဝိညာဉ် ဒဏ်ရာရရှိသူတွေအတွက်တော့၊ ဒီဆေးက ကုသရာမှာ သေချာပေါက် နတ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ အင်မော်တယ် ဆေးလုံးရဲ့ အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မအနေနဲ၊ တခြား ဘာမှ ပြောပြဖို့လိုမယ် မထင်ပါဘူး။ သခင်မုရုံဆိုတာက ထိပ်တန်းအဆင့် အင်မော်တယ် ဆေးတွေကို သန့်စင်ပေးနိုင်တဲ့ မှော်ဆေးဆရာတစ်ဦး ဖြစ်ပါတယ်။ ခေါ်စျေးနှုန်းတော့ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀ ဖြစ်ပါတယ်ရှင်။ တခါဈေးခေါ်တိုင်း အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀ တိုးမြင့်ခေါ်ရပါမယ်”။
ရန်ရှာ၏ ချိုမြိန်သော အသံသည် လူတိုင်း၏ နားထဲသို့ ဆွဲမက်ဖယွယ် အပြုံးကို သယ်ဆောင်ရင်း တိုးဝင်လာခဲ့သည်။
စင်မြင့်အောက်ရှိ လူတိုင်းသည် ထိတ်လန့်သွားကြသည်။ အစခေါ်ဈေးသည် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀ ဖြစ်ပြီး၊ ဈေးတခါတိုးမြှင့်တိုင်း အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀ ထက် မနည်းရချေ။ ဤစျေးနှုန်းသည် အလွန်မြင့်မားလွန်းနေပါပြီ။
ချင်ယွင်သည်လည်း ဤဈေးနှုန်းသည် အလွန်ကြီးမားသည်ဟု ခံစားလိုက်ရသည်။ ထိုအချိန်တုန်းက၊ သူသည် သူ၏ကျင့်ကြံမှုအခြေခံကို တိုးမြှင့်နိုင်ရန်အတွက် အဆင့်သုံး အင်မော်တယ်ဆေးတစ်လုံးကို အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၈၀၀၀၀ ဖြင့် လေလံဆွဲခဲ့ဖူးသည်။ ယခု၊ ဤဝေးလံခေါင်သီသော လေလံလေပွဲတွင် အဆင့်သုံး အင်မော်တယ်ဆေးတစ်လုံးသည် အမှန်တကယ်ပင် တန်ဖိုးကြီးမားနေပြီး အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သိန်းဖြင့် လေလံတင် ရောင်းချနေခဲ့သည်။ ထို့အပြင်၊ ထိုဈေးနှုန်းသည် အစခေါ်ဈေးပင် ဖြစ်နေသေးသည်။ လေလံဈေးနှုန်းသည် ကြောက်မက်ဖွယ်ကောင်းအောင်ပင် မြင့်မားနေခဲ့သည်။
ဟုတ်ပါသည်။ ထိုဆေးလုံးသည် ဈေးနှုန်း မည်မျှပင် မြင့်မားနေပါစေ၊ ချင်ယွင်သည် ၎င်းကို ရယူလိုစိတ် ရှိနေပါသေးသည်။ ကျန်းရွှန်ရှင်းကို ကယ်တင်နိုင်မည်ဆိုလျှင်၊ အင်မော်တယ် ကျောက်စိမ်းများကို အသာထား၊ အကြီးမြတ်ဆုံး အင်မော်တယ်အဆင့် ပစ္စည်းတစ်ခုဆိုလျှင်ပင်၊ ချင်ယွင်သည် ၎င်းဆေးလုံးအတွက် လဲလှယ်ဖို့ရန် ဆန္ဒရှိနေပါ သေးသည်။
သို့သော်လည်း၊ ချင်ယွင်သည် အလျင်စလို လေလံဆွဲခြင်း မရှိပေ။ သူသည် နောက်ဆုံးစျေးနှုန်းဖြင့် ဝယ်ယူသွားခြင်းမပြုမီ စျေးနှုန်းတည်ငြိမ်သွားသည်အထိ စောင့်ဆိုင်းကာ ကြိုတင်ပြင်ဆန်နေပါသည်။
ယခုအချိန်တွင်၊ သူ့မှာ စုစုပေါင်း ထိပ်တန်အဆင့် အင်မော်တယ် ကျောက်စိမ်း ၁၀,၀၀၀ သာရှိပြီး၊ ၎င်းသည် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သန်းနှင့် ညီမျှပါသည်။ ယင်းက ဤစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို ရရှိရန် ပြဿနာ မဖြစ်သင့်ပေ။
"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀”
အောက်မှ လေလံဆွဲသူများ၏ ခေါင်းလောင်းများက စတင်မြည်လာပါသည်။
"၁၁၀၀၀၀!"
"၁၂၀၀၀၀!"
" ၁၃၀၀၀၀!"
တစ်ယောက်ပြီးတစ်ယောက် လေလံဆွဲနေပြီး နောက်ဆုံးဈေးသည် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၈၀,၀၀၀ အထိ သတ်မှတ်ထားသည်။ လေလံဆွဲသူမှာ တတိယထပ်ရှိ အခန်းနံပါတ် ၈ မှ လူများ ဖြစ်သည်။
"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၈၀၀၀၀ ပါရှင်။ စျေးတိုးပေးချင်တဲ့ လူများ ရှိနေပါသေးလား?" ရန်ရှာက ချစ်စဖွယ်ကောင်းသော အပြုံးဖြင့် ပြောသည်။
တစ်သိန်းရှစ်သောင်းသည် သူမ၏စိတ်ထဲ မျှော်မှန်းထားသည့် စျေးနှုန်းကို ရောက်ရှိ နေပြီ ဖြစ်သည်။ မူလက သူမစိတ်ထဲတွင် ခန့်မှန်းထားသည့် ဈေးနှုန်းမှာလည်း တစ်သိန်းရှစ်သောင်း ဖြစ်သည်။
တတိယထပ်၊ အခန်းနံပါတ် ၆ ရှိ တစ္ဆေအိုကြီးမုရုံသည် သူ၏ မျက်လုံးများကို မှေးကျဉ်း ပြီး သူ၏မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်သည်။ "အဆင့်သုံး အင်မော်တယ် ဆေးဖြစ်တဲ့ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးက အဆင်မြင့်အဆင့် အင်မော်တယ် ကျောက်စိမ်း ၁၈၀၀၀၀ ရတယ်။ မဆိုးပါဘူး"ဟု ပြောရင်း သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးမပျက် ရှိနေသည်။ သိသာထင်ရှားသည်မှာ သူသည် စျေးနှုန်းအတွက် အလွန် ကျေနပ်ခဲ့သည်။
"နောက်တကြိမ် ထပ်မေးပါရစေရှင်၊ အဆင်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၈၀၀၀၀ ထက် စျေးထပ်တိုးချင်တဲ့သူများ ရှိနေပါသေးလား? မရှိတော့ဘူးဆိုရင်၊ စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးလုံးကို အခန်းနံပါတ် ၈ မှ ဧည့်သည်တော်က ပိုင်ဆိုသွားမှာပါ" ယန်ရှာက ဆက်ပြီး သတိပေးလိုက်သည်။
ထိုသို့ပြောပြီးနောက် ယန်ရှာသည် သုံးစက္ကန့်မျှ ခေတ္တခဏရပ်ကာ ဧည့်သည်များကို စဉ်းစားရန် အချိန်ပေးလိုက်သည်။
သူမသည် လေလံပွဲများကို မကြာခဏဆိုသလို ဦးဆောင်နေသောကြောင့် နောက်ဆုံး အခိုက်အတန့်တွင် ပိုမိုမြင့်မားသော စျေးနှုန်းများ ထွက်ပေါ်လာရန် လွယ်ကူသည်ကို သူမ ကောင်းကောင်း သိထားပါသည်။
သို့သော် သုံးစက္ကန့်အကြာတွင် မည်သူမျှ ဈေးမတက်ခဲ့ပေ။
မည်သူကမှ ဈေးမြှင့်လာခြင်းမရှိသည်ကို မြင်တော့ ရန်ရှာသည် စတင် ကြေငြာတော့ မည် “ ဒါဆိုရင်လည်း ကျွန်မ ကြေငြာ……”
“အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၂၀၀၀၀၀”
သို့သော် ရန်ရှာသည် ခေါင်းလောင်းတီးပြီး ကြေငြာခါနီးတွင်၊ ဒုတိယထပ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ အားလုံးသည် အသံထွက်ပေါ်လာသည့် ဘက်ကို ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
နောက်တကြိမ် အခန်းနံပါတ်၂၈ က ဖြစ်ပြန်ပြီလား။
လူတိုင်း အံ့ဩသွားကြသည်။ ယခင်က ဤလူသည် အခန်းနံပါတ် ၄ ၏ ဧည့်သည်တော် ကို စိန်ခေါ်ခဲ့ဖူးသော်လည်း ယခုမူ၊ သူသည် ဤအရေးကြီးသော အခိုက်အတန့်တွင် လေလံဆွဲလိုက်ခြင်း ဖြစ်သည်။ ယင်းက အခန်းနံပါတ် ၈ ၏ ဧည့်သည်တော်ကို စော်ကားလိုခြင်း ဖြစ်နိုင်ပါသလား?။
ရန်ရှာသည် ဆွဲမက်ဖွယ် ကောင်းစွာ ပြုံးလိုက်ပါသည်။ ဤအရာကို သူမ မအံ့သြခဲ့ပါ။ တစ်စုံတစ်ဦးသည် စျေးနှုန်းတိုးမြင့်ပေးမူကို ကြေငြာခြင်းသည် သာမာန်မျှသာ ဖြစ်ပါသည်။ တစ်ချို့လူတွေက နောက်ဆုံးဈေးအထိ စောင့်ဆိုင်းနေခဲ့ပြီး၊ တူဖြင့် တစ်ချက်ထုရုံဖြင့် အရာအားလုံးကို ဖြိုချချင်ကြသည်။
သို့သော်လည်း ရန်ရှာသည် နောက်ဆုံး လေလံဆွဲလာသည့်လူအတွက် အနည်းငယ် အံ့အားသင့်သွားသည်။
"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း နှစ်သိန်းပါရှင်။ အခန်းနံပါတ် ၂၈ က ဧည့်သည်တော်က အဆင်မြင့် အင်မော်တယ် ကျောက်စိမ်း နှစ်သိန်းကို ပေးထားပါ တယ်။ နောက်ထပ် လေလံဈေး တိုးမြှင့်ပေးမဲ့လူများ ရှိနေပါသေးလား။" ရန်ရှာက ပြုံးပြုံးလေး ပြောလိုက်သည် ။
လူတိုင်းသည် ခေါင်းခါယမ်းလိုက်ကြသည်။ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၂၀၀,၀၀၀ သည်ပင် ဆုံးရှုံးမှုကို ခံစားနေရပြီ။ အကယ်၍၊ နောက်ထပ် စျေးတိုးမြှင့် လာဦးမည်ဆိုလျှင်၊ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုဟု မှတ်ယူရပါတော့မည်။ အရူးတစ်ယောက်သာ ဈေးတိုးမြှင့် ပေးပါလိမ့်မည်။
အခန်းနံပါတ် ၈ ရှိ ဧည့်သည်တော်သည်လည်း လက်လျော့ရန် ရွေးချယ်လိုက်သည်။ ၁၈၀၀၀၀ သည် သူလက်ခံနိုင်သည့် နောက်ဆုံးကန့်သက်ချက် ဖြစ်နေပြီ ဖြစ်သည်။
ချင်ယွင်သည် သီးသန့်ခန်းထဲတွင် ထိုင်ကာ ခေါင်းယမ်းနေသော လူအုပ်ကြီးကို ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ပေါ်နေသည်။
အဆင်မြင့် အင်မော်တယ် ကျောက်စိမ်း ၂၀၀၀၀၀ ဆိုသည့် စျေးနှုန်းသည် အလွန် မြင့်မားနေပြီဟု သူ ယုံကြည်ပြီး နောက်ထပ် မည်သူမျှ ဈေးမြှင့်မပေးနိုင်ဟု သူ ယုံကြည်ထားသည်။
သူ အချိန်အတော်ကြာအောင် ရှာဖွေခဲ့ရသော စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးသည် နောက်ဆုံးတွင် သူ၏လက်ထဲတွင် ရှိနေခဲ့သည်။ လေလံပွဲပြီးသွားသည်နှင့် သူသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို လဲလှယ်ယူပြီး ကျန်းရွှန်ရှင်းကို ပြန်လည် အသက်သွင်းနိုင်ပါတော့မည်။
ကျန်းရွှန်ရှင်း၏ အပြုံးတွေကို ပြန်မြင်တွေ့ခွင့် ရတော့မည့်အရေးကို တွေးတောရင်း၊ ချင်ယွင်သည် သူ၏ရင်ထဲမှာ တွန်းအားတစ်ခုကို မနေနိုင်ဘဲ ခံစားမိလိုက်သည်။
သူ၏ဘေးနားရှိ အမျိုးသမီးလေးယောက်လည်း တောက်ပသော အပြုံးကို ထုတ်ဖော်နေ သည့် ချင်ယွင်ကိုကြည့်ရင်း၊ သူမတို့သည် ချင်ယွင်အတွက် သိသာထင်ရှားစွာ ပျော်ရွှင်နေကြသည်။
"နှစ်သိန်း၊ ဘယ်သူမှ စျေးမတိုးပေးတော့ဘူးလား?။ ဒါဆိုလည်း ဒီ စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးလုံးကို ကျွန်မ ကြေငြာပါ…..."
"သုံးသိန်း”။
ရန်ရှာသည် နောက်တကြိမ် ထပ်မံကြေညာတော့မည့်အခိုက်မှာ၊ သူမ စကားလုံးများ မဆုံးခင် ထပ်မံ နှောက်ယှက်ခံလိုက်ရသည်။
ရန်ရှာ အပါအဝင်၊ လူတိုင်းလည်း အံ့ဩသွားကြ ပြန်သည်။ အခန်းနံပါတ် ၆ ရှိ တစ္ဆေအိုကြီးမုရုံပင်လျှင် တခဏတာ အံ့အားသင့်သွားခဲ့သည်။
စင်မြင့်အောက်ရှိ လူတိုင်းသည် ယခုလေးတင် အဆိုပြုထားသောအသံ ထွက်ပေါ်လာသည့် လမ်းကြောင်းအတိုင်း လိုက်ကြည့်ကြပြီး သူတို့၏မျက်လုံးများသည် သတိထားမိသည့် အရိပ်အယောင် ပေါ်လွင်လာကြသည်။
တတိယထပ်ရှိ အခန်းနံပါတ် ၄ ဆီသို့ လှမ်းကြည့်လိုက်ရင်း၊ ချင်ယွင်၏ မျက်ခုံးများ သည် ချက်ချင်း တွန့်သွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း သူစိုးရိမ်နေသည့် အရာက အမှန်တကယ် ရောက်ရှိလာခဲ့သည်။
သူ အကြောက်ဆုံးအရာက အခန်းနံပါတ် ၄ မှ ပိုင်ရှင်သည် သူ စိတ်ဝိညာဉ် ပြန်သွင်းခြင်း ဆေးလုံးကို ဝယ်သောအခါတွင် ဈေးကို တမင်တကာ မြှင့်တင်လာမှာကို ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် တစ်ဖက်လူ၏ တိတ်ဆိတ်ငြိမ်သက်နေသည်ကို ကြည့်ပြီး သူ အတွေးလွန်နေသည်ဟုပင် ထင်ခဲ့မိသည်။
သို့သော်လည်း၊ ဤလူသည် ဤအရေးကြီးသော အခိုက်အတန့်တွင် သူ့ကို ပစ်ချလိမ့်မည်ဟု မမျှော်လင့်ထားပေ။
စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးသည် ချင်ယွင်အတွက် မည်မျှ အရေးကြီးသည်ကို သဘာဝအတိုင်း ပြောပြစရာပင် မလိုတော့ချေ။ ယခုအချိန်တွင် ဤလူ၏ စျေးနှုန်း တိုးမြင့်ပေးခြင်းသည် သူ့ကို တမင်တကာ ဒုက္ခပေးနေသည်မှာ ထင်ရှားပါသည်။
ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက ချင်ယွင်၏ မျက်လုံးထဲသို့ ချက်ချင်း ပျံ့နှံ့ ဝင်လာခဲ့သည်။
အခန်းနံပါတ် ၄ ၏ အတွင်းခန်းထဲရှိ ကျာ့ဖန်းလျှန်သည် သူ၏ဘေးမှ အစေခံအမျိုးသမီး များအား အရိုင်းဆန်သော အပြုံးဖြင့် ပွေ့ဖက်လိုက်လေသည်။
"ဟမ့်၊ မင်းကများ ငါ့ကို တိုက်ခိုက်ရဲတယ်။ မင်း ငါ့ကို စော်ကားမိရင် ဘာဖြစ်မယ်ဆိုတာ ငါ မင်းကို ပြောပြပေးမယ်။ ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို မင်း ယူချင်နေတာ မဟုတ်လား?။ ငါ မင်းကို ခွင့်မပြုဘူးကွာ" ကျာ့ဖန်းလျှန်သည် အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏လေသံထဲတွင် သရော်လှောင်ပြောင်ခြင်းများဖြင့် ပြည့်နေခဲ့ သည်။
“အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း လေးသိန်း” ချင်ယွင်က ပြတ်ပြတ်သားသား ဈေးထပ်ခေါ်လိုက်သည်။ ဤတစ်ကြိမ်တွင်၊ သူသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးလုံးကို မရရအောင် ယူရမည် ဖြစ်သည်။
"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ငါးသိန်း" ကျာ့ဖန်းလျှန်က ချက်ချင်း အော်ပြောလိုက်သည်။
“၆၀၀၀၀၀”
“၇၀၀၀၀၀ဂ”
“၈၀၀၀၀၀”
“၉၀၀၀၀၀”
နှစ်ယောက်စလုံး၏ အော်ဟစ်သံတွေက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာ သည်။
"အရူးတွေ ၊ ဒီကောင် နှစ်ယောက်စလုံး ရူးနေကြပြီ "
စင်မြင့်အောက်မှ ပရိတ်သတ်တွေလည်း အံသြနေကြပြီ။ သူတို့နှစ်ယောက်သည် တစ်ကြိမ်ပြီးတစ်ကြိမ် လေလံဈေး တိုးမြှင့်ပေးနေသည်နှင့်အမျှ သူတို့၏ နှလုံးခုန်သံ တွေလည်း တစ်ကြိမ်ပြီးတစ်ကြိမ် မြှင့်တက်လာရသည်။
အဆင့်သုံး အင်မော်တယ် ဆေးတစ်လုံးကို ဝယ်ယူရန် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၉၀၀၀၀၀”
ရန်ရှာလည်း အံ့အားသင့်သွားသည်။ လေလံပွဲ၌ လူအနည်းစု အချင်းချင်း တိုက်ခိုက်လေ့ ရှိကြသော်လည်း ဤကဲ့သို့ ရူးသွပ်သော လူမျိုးကို သူမသည် ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။
ဟုတ်ပါသည်။ ဤအရာသည် သူမတို့ လေလံအိမ်အတွက် ကောင်းသည့်အရာ ဖြစ်ပါသည်။
ချင်ယွင်သည် သီးသန့်ခန်းထဲတွင် ထိုင်နေပြီး သူ၏အမူအရာမှာ အလွန် ညို့မှိုင်းနေပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။
သူ၏လက်ထဲတွင် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သန်းသာ ရှိသည်။ အကယ်၍၊ သူသည် နောက်ဆုံးအကြိမ်အဖြစ် တစ်သန်းဟု အော်ပြီး လေလံဈေး ထပ်ပြီး တင်လိုက်မည်ဆိုလျှင်ပင်၊ တဖက်လူက ဆက်ပြီး ဈေးတိုးမြှင့်လိုက်သည်နှင့် သူ့မှာ နောက်ထပ် ဈေးခေါ်နိုင်မည့် အင်မော်တယ် ကျောက်စိမ်းတွေ ရှိတော့မှာ မဟုတ်ပါဘူး။
"အစ်ကို၊ မင်း ငါ့ကို မျက်နှာသာပေးလို့ မရဘူးလား?။ ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးလုံးက ငါ့အတွက် တကယ်ကို အရေးကြီးနေလို့ပါ" ချင်ယွင်က ခလုတ်ကို နှိပ်လိုက်ပြီး အခန်းနံပါတ် ၄ ရှိ လူထံ လှမ်းပြောလိုက်သည်။
"ဟမ့်၊ ငါ မင်းကို မျက်နှာသာပေးရမယ်။ မင်းက ဘယ်သူလဲ?။ မင်းရဲ့ အစ်ကိုကရော ဘယ်သူလဲ? မင်းကများ ငါ့ကို အစ်ကိုတစ်ယောက်အနေနဲ့ လာဆယ်သွယ်နေသေး တယ်။ ငါ မင်းကို ပြောပြမယ်။ ငါကျာ့ဖန်းလျှန်က ဒီနေ့ စိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးလုံး အရယူမယ်ကွ။ တစ်သန်း” အခန်းနံပါတ် ၄ အခန်းထဲမှ ရက်စက် ကြမ်းကြုတ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
နောက်ဆုံး တစ်သန်းဆိုသည့် စကားလုံးက ချင်ယွင်၏ နှလုံးသားကို ကြီးမားသည့် သံတူကြီးဖြင့် ရိုက်ချလိုက်လေသည်။
“ကျာ့ဖန်းလျှန်..”
ချင်ယွင်သည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး ထိုနာမည်ကို သူ၏ စိတ်နှလုံးထဲတွင် အခိုင်အမာ မှတ်သားနေသည်။