အခန်း ၇၅၀
Vol. 50 Ch. 750
အခန်း (၇၅၀) နိယာမသစ်သီး
"ငါ့မှာ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀,၀၀၀ ရှိတယ်။ မင်း လိုအပ်ရင် အရင်သုံးထားလို့ ရတယ်။" ရီယွန်သည် အလွန်မင်း သုန်မှုန်နေသည့် ချင်ယွင်၏ မျက်နှာအမူအရာကို ကြည့်ပြီး တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမသည် စကား ပြောလိုက်ပါသေးသည်။
"မလိုဘူး။" ချင်ယွင်က ရီယွန်ကို လက်ကာပြလိုက်သည်။
လက်ရှိအခြေအနေသည် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀၀၀ ဖြင့် ဖြေရှင်းနိုင်သည့် အရာမဟုတ်တော့ပေ။ အကယ်၍ သူက အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁.၁ သန်းအထိ စျေးမြှင့်လိုက်လျှင်ရော၊ ဘာများ ဖြစ်လာနိုင်မည်နည်း?။ ဤကျာ့ဖန်းလျှန်သည် ဈေးမြှင်နိုင်သေးသည်။ ဤအရာသည် အမှန်တကယ် အသုံးမဝင်ပါ။
စင်မြင့်အောက်မှ လူတွေအားလုံးလည်း တီးတိုးပြောနေကြသည်။ ယခု နောက်ဆုံးမှာ တော့ အခန်းနံပါတ် ၄ မှ အခန်းပိုင်ရှင်သည် မည်သူဆိုသ့်ကို သူတို့ နားလည်သွားပါပြီ။
ကျာ့ကလန်၏ အကြီးဆုံး သခင်လေးသည် အငြိုးတေးကြီးရာမှာ နာမည်ကျော်ကြားသူ ဖြစ်ပြီး၊ သူ့ကို စော်ကားသောသူများသည် ကောင်းမွန်သော အဆုံးသတ်ကို ရရှိမည် မဟုတ်ပေ။
တတိယထပ်ရှိ၊ အခန်းနံပါတ် ၃ သီးသန့်အခန်းအတွင်းရှိ ရှောင်လန်သည် သူမ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေသည်။
"ဒီလူမှာ အရည်အချင်းအချို့ ရှိနေမယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး။ သူက ကျာ့ဖန်းလျှန်ရဲ့ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁ သန်းကို တစ်ကြိမ်တည်းနဲ့ ကုန်ဆုံးအောင် လုပ်နိုင်ခဲ့တယ်။ အဲဒါက အများကြီး မဟုတ်ပေမယ့် ကျွန်မတို့အတွက် အထောက်အကူ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။" ရှောင်လန်က ရယ်မောလိုက်သည်။
"အခု ကြည့်ရတာ ဒီကောင်စုတ်လေးက အခု အသုံးဝင်အမူအချို့ ရှိနေပုံရတယ်။ သခင်မလေးက လိုအပ်ရင် သူ့ကို အသုံးချလို့ရတယ်။" ဆံပင်ဖြူ အဖိုးအိုက အေးစက်သော အပြုံးဖြင့် ပြန်ပြောသည်။
ရှောင်လန်၏ ပါးစပ်ထောင့်စွန်းသည် အနည်းငယ် တွန့်ကွေးသွားကာ သူမ၏ ဆွဲမက်ဖွယ် မျက်လုံးများတွင် မထီမဲ့မြင်ပြုဟန် အရိပ်အယောင် ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင်၊ အခန်းနံပါတ် ၆ မှ တစ္ဆေအိုကြီးမုရုံ၏ သရဲတစ္ဆေ မျက်နှာပေါ်တွင် တောက်ပသည့် အပြုံးတစ်ခုက ပေါ်လွင်နေသည်။
"ဟား…၊ ဟာ….၊ စိတ်ဝိညာဉ်ပြန်သွင်ခြင်းဆေးကို အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သန်းနဲ့ ရောင်းချနိုင်မယ်လို့ မမျှော်လင့်ထားဘူး။ ကြည့်ရတာ၊ အခန်းနံပါတ် ၂၈ က ကောင်စုတ်လေးကို တကယ် ကျေးဇူးတင်ရမယ့်ပုံပဲ။ လေလံပွဲပြီးရင် ငါ မင်းကို သေချာပေါက် တွေ့ဦးမယ်." တစ္ဆေအိုကြီးမုရုံက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သန်း။ သဘောတူညီလိုက်ပါပြီ။ ဒီစိတ်ဝိညာဉ်ပြန်သွင်ခြင်းဆေးကို အခန်းနံပါတ် ၄ မှ ဧည့်သည်တော်က ပိုင်ဆိုင်သွား ပါပြီရှင်.." ရန်ရှာက ခေါင်းလောင်းကို တီးလိုက်လေသည်။
အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သန်းနှင့် ရောင်းချနိုင်သည့် အဆင့်သုံး အင်မော်တယ် ဆေးလုံးကို အမြင့်ဆုံးဈေးဟု သတ်မှတ်နိုင်ပြီး ဖြစ်ပါသည်။ ကော်မရှင်၏ ငါးရာခိုင်နှုန်းကို ထုတ်ပယ်လိုက်မည်ဆိုလျှင်ပင်၊ လေလံပွဲမှ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၅၀,၀၀၀ ရရှိနိုင်မည် ဖြစ်ပါသည်။
နောက်ဆုံး ခေါင်းလောင်းသံကို ကြားလိုက်ရချိန်မှာ၊ ချင်ယွင်၏ မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။
ဤတစ်ကြိမ်တွင်၊ သူသည် စိတ်ဝိညာဉ်ပြန်သွင်ခြင်းဆေးကို အရယူရမည် ဖြစ်သည်။ ထို့ကြောင့်၊ ဤကျာ့ဖန်းလျှန် သည် သေရမည် ဖြစ်သည်။
"ဆရာကြီး၊ ကျာ့ဖန်းလျှန်ရဲ့ စွမ်းအားကို စုံစမ်းကြည့်ပါဦး။" ချင်ယွင်သည် သူ၏ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်အတွင်းမှ ရှေးဟောင်းတာအိုဆရာသခင်ထံသို့ အသံပို့လွှတ်လိုက်သည်။
ဤအခန်းသည် သူ၏ အင်မော်တယ်စိတ်အာရုံကို သီးခြားခွဲထုတ်ရန် အစီအရင် ဝင်္ကပါများ တပ်ဆင်ထားသည်။ ချင်ယွင်၏ အင်မော်တယ်စိတ်အာရုံသည် ကျာ့ဖန်းလျှန်၏ အခန်းထဲသို့ မဝင်ရောက်နိုင်သေးပေ။
"ကောင်စုတ်လေး.. ၊ နောက်ဆုံးတော့၊ မင်း ငါ့ကို သတိရလာပြီပေါ့။ မင်းအတွက် ကျာ့ဖန်းလျှန်ကို ငါ စုံစမ်းပြီးသွားပြီ။ သူ့ရဲ့ ကျင့်ကြံမူအဆင့်က မမြင့်မားပါဘူး၊ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်မှပဲ ရှိသေးတယ်။ မင်း သူ့ကို မင်းရဲ့ခွန်အားနဲ့ ကိုင်တွယ်နိုင်မယ်လို့ ငါ ယုံကြည်တယ်။ ဒါပေမယ့် သူ့ရဲ့ဘေး နားက လူနဲ့ မင်း ရင်မဆိုင်နိုင်မှာ ငါ ကြောက်မိတယ်။ သူက အလယ်အလတ်အဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်ကို ရောက်နေခဲ့ပြီ။ ရှေးဟောင်းတာအို ဆရာသခင်၏ အသံက ချင်ယွင်၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
ချင်ယွင်သည် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်နေသည်။ ကြည့်ရသည်မှာ၊ သူသည် ကျာ့ဖန်းလျှန်ကို သတ်ရန် အနည်းငယ် အားထုတ်ရမည့်ပုံ ပေါ်သည်။
လေလံပွဲသည် ဆက်လက် ကျင်းပနေဆဲ ဖြစ်ပြီး ချင်ယွင်သည် နောက်ထပ် ပစ္စည်းများကို အနည်းငယ်မျှ စိတ်ဝင်စားခြင်း မရှိတော့ချေ။
ယခုအချိန်တွင်၊ သူ တွေးနေသမျှသည်၊ ကျာ့ဖန်းလျှန် လျူလီမြို့မှ ထွက်ပြီးနောက်၊ စိတ်ဝိညာဉ်ပြန်သွင်ခြင်းဆေးကို ပြန်လည်ရယူရန်အတွက် ကျာ့ဖန်းလျှန်ကို မည်ကဲ့သို့ သတ်ရမည်နည်း ဆိုသည်ကို စဉ်းစားနေခြင်း ဖြစ်သည်။ သို့သော်လည်း၊ သူသည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချင်ယွင်သည် ကောင်းမွန်သော နည်းလမ်းတစ်ခု ကိုမှ ရှာမရဘဲ ဖြစ်နေပြီး၊ ခြေတစ်လှမ်းချင်းသာ လှမ်းနိုင်တော့မည်။
ချွန်….။
အဝယ်ခေါင်းလောင်းသံသည် ထပ်မံ မြည်လာခဲ့ပြီး နောက်ထပ် ပစ္စည်းတစ်ခုကို အောင်မြင်စွာ လေလံတင် ရောင်းချနိုင်ခဲ့သည်။
"နောက်တစ်ခုကတော့၊ ကျွန်မတို့ လေလံအိမ်မှာရှိတဲ့ နောက်ဆုံး ပစ္စည်းကို လေလံတင် ပါတော့မယ်။ ဒါက ကျွန်မတို့ လျူလီရန် လေလံအိမ်မှာရှိတဲ့ နောက်ဆုံးပစ္စည်းလည်း ဖြစ်ပါတယ်ရှင်..။" ရန်ရှာ၏ ချစ်စဖွယ် အသံက ခန်းမထဲတွင် ထပ်မံ ထွက်ပေါ်လာ သည်။
ရန်ရှာ၏ စကားကြောင့် လူတိုင်းသည် ချက်ချင်း စွဲဆောင်ခံလိုက်ရသည်။ နောက်ဆုံး ပစ္စည်း၊ အင်အားစုကြီးများစွာသည် ဤနောက်ဆုံး ပစ္စည်းအတွက် အလောတကြီး ပြေးလာကြခြင်း ဖြစ်သည်။
နောက်ဆုံးပစ္စည်း လေလံပွဲသည် သူတို့နှင့် အနည်းငယ်သာ သက်ဆိုင်ကြောင်း သူတို့ သိသော်လည်း၊ သူတို့သည် နောက်ဆုံးပစ္စည်းက မည်သည့်အရာဖြစ်သည်ကို သိချင်နေကြဆဲ ဖြစ်သည်။
အခန်းနံပါတ် ၃ ရှိ ရှောင်လန် နှင့် အခန်းနံပါတ် ၄ မှ ကျာ့ဖန်းလျှန်တို့သည် တည့်တည့် မတ်မတ် ပြင်ထိုင်လိုက်ကြပြီး၊ သူတို့သည် လေလံအိမ်အလယ်ရှိ ရန်ရှာဆီကို စိုက်ကြည့်နေကြသည်။
သီးသန့်အခန်း အတော်များများလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ သူတို့သည် ဤအခိုက်အတန့်ကို စောင့်ဆိုင်းရန် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။
လူတိုင်း၏ စိတ်ဝင်စားမှု ရပ်ဆိုင်းသွားသည်ကို ရန်ရှာ မြင်သောအခါ၊ သူမက ပြုံးပြီး ဆက်ပြောသည် "ကျွန်မတို့ အင်မော်တယ် ကျင့်ကြံသူတွေဟာ အထွတ်အထိပ်ကို ရောက်ရှိဖို့အတွက် နိယာမတွေအပေါ် အမှန်တကယ် အားကိုးနေရတာကို လူတိုင်းသိ မယ်လို့ ကျွန်မ သေချာ ပြောနိုင်ပါတယ်”။ တကယ်လို့၊ သင်တို့ဟာ နိယာမတရားတွေ ကို နားမလည်ထားဘူးဆိုရင်၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်က သင်တို့ ရောက်နိုင်တဲ့ အထွတ်အထိပ်အဆင့် ဖြစ်သွားပါလိမ့်မယ်။ တကယ်လို့၊ သင်တို့သာ အင်မော်တယ်ဘုရင် နယ်ပယ်သို့ လျှောက်လှမ်းလိုပါက ပြီးပြည့်စုံသော နိယာမတွေကို နားလည်ထားရပါမယ်။ ဒီနော့ ကျွန်မတို့ရဲ့ နောက်ဆုံးပစ္စည်းက နိယာမတွေနဲ့ အတိအကျ သက်ဆိုင်နေပါတယ်ရှင်…”။
လူတိုင်း တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြသည်။
ဤနောက်ဆုံးပစ္စည်းသည် နိယာမများနှင့် အမှန်တကယ် ဆက်စပ်နေပါသည်။ နိယာမများနှင့် ပတ်သက်နေသည့် မည်သည့်အရာမဆို ပြိုင်ဘက်ကင်း ရတနာတစ်ခု ဖြစ်ပါသည်။ ယင်းကြောင့် သူတို့သည် ဤနောက်ဆုံးပစ္စည်းက မည်သည့်အရာ ဖြစ်သည်ကို ပို၍ပင် သိချင်လာစေပါသည်။
"မြန်မြန်ပြောစမ်းပါ။ ဝှေ့လည်ကြောင်ပတ် လုပ်မနေပါနဲ့။ ဒီနောက်ဆုံး ပစ္စည်းက ဘာလဲ?” စင်မြင့်အောက်မှ လူတစ်ယောက်က မစောင့်နိုင်တော့ဘဲ ကပျာကယာ အော်ပြောလိုက်သည်။
ရန်ရှာက ပြုံးပြီး ပြောလိုက်သည် “ကျွန်မ စကားမပြောတော့ပါဘူးရှင်။ လူတိုင်းက ကိုယ်တိုင်ကိုယ်ကျ မြင်အောင်ကြည့်တာ ပိုကောင်းပါတယ်။"
ဘန်း….။
ရန်ရှာသည် သူမ၏လက်ချောင်းလေးများကို ဆန့်ထုတ်လိုက်ပြီး လေဟာနယ်ကို ညွှန်ပြလိုက်ပါသည်။
ရုတ်တရက် သူမရှေ့မှ လေဟာနယ်သည် တုန်ခါသွားပုံရပြီး၊ ကျောက်စိမ်းပြာရောင် သစ်သီးတစ်လုံးက လူတိုင်း၏ မြင်ကွင်းထဲမှာ ပေါ်လွင်လာပါသည်။
ဤကျောက်စိမ်းပြာရောင် သစ်သီးသည် ကြည်လင်တောက်ပပြီး၊ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
သို့သော် ဤအချက်သည် အဓိကအချက် မဟုတ်ပေ။ အရေးအကြီးဆုံးက၊ ဤကျောက်စိမ်းပြာ သစ်သီးအတွင်းမှ တဟုန်ထိုး ပျံ့နှံ့လာသည့် လှိုင်းလုံး ရိုက်ခတ်သံ တွေကို ကြားနေရခြင်း ဖြစ်သည်။
"ဒါက နိယာမ သစ်သီးလား?" ချင်ယွင်လည်း ခန္ဓာကိုယ် တည့်တည့်မတ်မတ် ထိုင်လိုက်ပြီး၊ ရန်ရှာ၏ရှေ့မှာ လွင့်မျောနေသော ကျောက်စိမ်းပြာရောင်သစ်သီးကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။
"နိယာမ သစ်သီးလား?။ အဲဒါက ဘာလဲ။" ရန်စီချီက အံ့သြစွာ မေးလိုက်သည်။ သူမ၏ လှပသော မျက်လုံးများသည် လေထဲတွင်လွင့်မျောနေသော ကျောက်စိမ်းပြာရောင် သစ်သီးကို စိုက်ကြည့်နေသည်။
"နိယာမ သစ်သီးဆိုတာက ရှေးဟောင်း ဖရိုဖရဲ ပင်လယ်ရဲ့ နက်ရှိုင်းတဲ့ ပင်လယ်ပြင်မှာ ပေါက်ရောက်တဲ့ သစ်သီးတစ်မျိုး ဖြစ်တယ်။ ၎င်းသစ်သီးတွေမှာ နိယာမ အပိုင်းအစ တွေ ပါရှိတယ်။ အဲဒီသစ်သီးကို စားသုံးပြီးနောက်၊ အဲဒီသစ်သီးက အပိုင်းအစတွေကို ထုတ်ယူနိုင်ပြီး ၎င်းအပိုင်းစတွေက နိယာမတွေရဲ့ စွမ်းအားကို နားလည်နိုင်တယ်။ ဒီသစ်သီးမှာတော့ ရေစွမ်းရည် နိယာမ အပိုင်းအစတွေ ပါဝင်နေတယ်" ချင်ယွင်က ရှင်းပြသည်။
မိန်းကလေးများ အားလုံးသည် ရုတ်တရက် သိရှိနားလည်သွားကြသည်။ နိယာမ သစ်သီးကို ကြည့်နေသည့် သူမတို့၏ အကြည့်တွေက လောင်ကျွမ်းမူများနှင့် ပြည့်နှက် နေသည်။ အထူးသဖြင့် ရန်စီချီ၏ မျက်လုံးများတွင် အလင်းရောင်များက အထူးသဖြင့် တောက်ပနေပါသည်။
သူမသည် မြင်လိုက်ရကတည်းက သစ်သီးမှာပါဝင်နေသော ရေစွမ်းရည် စွမ်းအင် အတက်အကျ လှိုင်းတွေကြောင့်၊ သစ်သီးထဲမှာ သူမကို ဆွဲဆောင်နိုင်သည့် ထူးခြားသော စွမ်းအားတစ်ခုခု ရှိနေသလိုမျိုး ခံစားလိုက်ရသည်။ အမျိုးသမီး လေးဦး တွင် ချန်မင်ရှီ နှင့် ရန်စီချီတို့ နှစ်ဦးစလုံးသည် ရေစွမ်းရည်နှင့် ပတ်သက်သည့် ကျင့်ကြံခြင်း နည်းပညာရပ်များကို ကျင့်ကြံခဲ့ကြသော်လည်း၊ ရန်စီချီသည် ချန်မင်ရှီနှင့် ကွဲပြားပါသည်။
ရေစွမ်းရည်နိယာမသည် နှစ်မျိုးနှစ်စား ရှိပါသည်။ ၎င်းတို့သည် အလုံးစုံလွှမ်းခြုံခြင်းနှင့် အေးခဲခြင်းတို့ ဖြစ်ပါသည်။
ချန်မင်ရှီသည် အရပ်မျက်နှာအသီးသီးရှိ နှင်းအေးများကို အေးခဲခြင်း ကောင်းကင်ယံကို ပိတ်ဆို့ခြင်းကို ဦးတည်ကျင့်ကြံထားကာ၊ ရန်စီချီကတော့ အလုံးစုံလွှမ်းခြုံခြင်းကို နားလည်ထားသည်။ သူမသည် နိယာမနယ်ပယ်သို့ မဝင်ရောက်နိုင်သေးသော်လည်း၊ နိယာမသစ်သီးအတွင်း ပါရှိသော နိယာမများ၏ စွမ်းအားများသည် သူမ၏ ခန္ဓာကိုယ် အတွင်းရှိ အံ့ဩဖွယ်နယ်ပယ် ရေစွမ်းရည်သဘောတရားများနှင့် ပဲ့တင်ထပ်နေပါသည်။
ချင်ယွင်၏ သီးသန့်အခန်းရှိ လူတိုင်းသည် နိယာမသစ်သီးကို ကြည့်ရှုနေရုံသာမက၊ သူတို့၏ အကြည့်များသည်လည်း မနှိုင်းယှဉ်နိုင်လောက်အောင် ချက်ချင်းပင် လောင်ကျွမ်းလာကြပါသည်။
'"လူတိုင်း ဒီပစ္စည်းကို သိပြီးသား ဖြစ်ပါလိမ့်မယ်။ မှန်ပါတယ်ရှင်၊ ဒါက ဒဏ္ဍာရီလာ နိယာမသစ်သီးဖြစ်ပါတယ်။ သင်တို့ ဒီသစ်သီးကို စားသုံးပြီး၊ သစ်သီးအထဲက နိယာမ အစတွေကို ထုတ်ယူပြီးတာနဲ့ ရေစွမ်းရည်နဲ့ပတ်သက်တဲ့ နိယာမတွေကို ပိုပြီး မြန်မြန် ဆန်ဆန် နားလည်နိုင်ပါလိမ့်မယ်၊" ရန်ရှာ၏ အသံသည် ခန်းမထဲတွင် ထွက်ပေါ်လာ သည်။
ထိုစကားတွေ ပြောပြီးသည်နှင့် ကွင်းပြင်တစ်ခုလုံး ဆူညံပွက်လောက် ရိုက်သွားပါတော့ သည်။
စာစဉ် (၅၀) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။