အခန်း ၁၆၂၇
Vol. 116 Ch. 1627
အခန်း ( ၁၆၂၇ ) အကွက်ဆင်ခြင်း။
ကျွင်းရှောင်ယောက်၏ စကားများကြောင့် နေရာတစ်ခုလုံး ငြိမ်ကျသွားခဲ့သည်။
သူတို့သည် ကျွင်းရှောင်ယောက်ထံမှ ဤကဲ့သို့သော စကားမျိုး ကြားရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ကြပေ။
အကျိုးအကြောင်းသင့်လျော်စွာ တွေးကြည့်ရလျှင်၊ ယခုအခါ စူးယုက ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူက ယွင်ရှီကို လက်ထပ်ခွင့်တောင်းခြင်းမှာ ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်တန်ရာပေ။
ဤအရာ၏ နောက်ကွယ်တွင် ယွမ်ကျူးနတ်ဘုရားမင်းဆက်နှင့် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်တို့ကြားက အာဏာလုပွဲများ ရှိနေနိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကမူ စူးယုအနေဖြင့် ယွင်ရှီကို လက်ထပ်ရန် မဖြစ်နိုင်တာမဟုတ်ကြောင်း လွန်စွာ ပြောဆိုခဲ့၏။
ဒါက တကယ့်ကို မျှော်လင့်မထားစရာ ဖြစ်သည်။
"ဟင်..."
ဧကရီ ယွဲ့ကျစ်လန်၏ မျက်ဝန်းများထဲတွင်လည်း ထူးဆန်းသော အလင်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။
သူသ် ကျွင်းရှောင်ယောက်က အဘယ်ကြောင့် ဤသို့ပြောရသည်ကို နားမလည်နိုင်ခဲ့ချေ။
သို့သော်လည်း သူက ဘာမျှဝင်မပြောခဲ့ပါ။
ယွဲ့ကျစ်လန်က ကျွင်းရှောင်ယောက်တွင် မိမိကိုယ်ပိုင် အစီအစဉ်များ ရှိနေပြီး သူ၏ နှမဖြစ်သူကို မီးပုံထဲသို့ တွန်းပို့လိမ့်မည် မဟုတ်ကြောင်း သိရှိထားသည်။
သို့သော်...
ယွင်ရှီကမူ ဤစကားများကို ကြားလိုက်ရသည့်အခါ သူမ၏ နှလုံးသားက ဒိန်းခနဲ တုန်လှုပ်သွားခဲ့ရသည်။
သူက ကျွင်းရှောင်ယောက်တွင် ကိုယ်ပိုင်အစီအစဉ်များ ရှိနေနိုင်သည်ကို မသိရှိဘဲ နေသည်မဟုတ်ချေ။
သို့သော်လည်း ဤအရာကို ကြားလိုက်ရသည့်အခါ သူမ၏ နှလုံးသားထဲ၌ အနည်းငယ် တုန်လှုပ်မှုကို ခံစားနေရဆဲပင်။
သူမ၏ သွယ်လျသော လက်ချောင်းလေးများကို တစ်ခုနှင့်တစ်ခု လိမ်ယှက်နေခဲ့ကြပြီး၊ သူ၏ မျက်နှာလေးပေါ်တွင်လည်း တွေ့ရခဲလှသော စဉ်းစားဆင်ခြင်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
သူက တစ်ခုခုကို တွေးတောနေခဲ့ခြင်း ဖြစ်၏။
အကယ်၍ ကျွင်းရှောင်ယောက်ကသာ သူမကို စူးယုနှင့် အမှန်တကယ် လက်ထပ်စေချင်ခဲ့လျှင် အဘယ်သို့ပြုရပါမည်နည်း။
ယွင်ရှီက ခဏမျှ စဉ်းစားနေပြီးနောက် ဆုံးဖြတ်လိုက်သည်။
အကယ်၍ ကျွင်းရှောင်ယောက်ကသာ စူးယု၏ လက်ထပ်ခွင့်တောင်းမှုကို အမှန်တကယ် သဘောတူခဲ့မည်ဆိုလျှင်...
သူမ၏ ဆန္ဒကို ဆန့်ကျင်ရစေဦးတော့၊ သူ့ကို လက်ထပ်ရလိမ့်မည်။
အကြောင်းမှာ၊ ၎င်းက သူ့အစ်ကိုကြီး ကျွင်းရှောင်ယောက်၏ တောင်းဆိုမှု ဖြစ်သောကြောင့်ပင်။
သူမ အနည်းငယ် ဝမ်းနည်းမှုကို ခံစားရမည် ဖြစ်သော်လည်း...
အကယ်၍ ကျွင်းရှောင်ယောက်က သူမကို လက်ထပ်စေချင်ပါက၊ သူမ သေချာပေါက် လက်ထပ်လိမ့်မည်။
ကျွင်းရှောင်ယောက်၏ စကားများကို ကြားလိုက်ရသည့်အခါ၊ စူးယု၏ မျက်ဝန်းထဲတွင်လည်း ထူးဆန်းသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။
ကျွင်းရှောင်ယောက်က အမှန်တကယ် နားလည်ရခက်သူတစ်ဦးပင်။
'သူ တကယ်ပဲ ဘာကို ကြံစည်နေတာလဲ'
စူးယုက သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
သို့သော်လည်း၊ အကယ်၍ ၎င်းက ကျွင်းရှောင်ယောက်၏ စိတ်ရင်းမှန်ဖြစ်မည်ဆိုလျှင်...
ကျွင်းရှောင်ယောက်အပေါ် ထားရှိသော သူ၏ အမြင်က ပြောင်းလဲသွားနိုင်ပေသည်။
"ဘာလဲ... မင်းက ကျုပ်ကို မယုံဘူးလား"
ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးလျက် မေးလိုက်သည်။
"ခင်ဗျားဆီကနေ ဒီလိုစကားမျိုး ကြားရတာက လူကို နည်းနည်း သံသယဝင်စေတာတော့ အမှန်ပဲ"
စူးယုက ပြောလိုက်၏။
"အဟက်..."
ကျွင်းရှောင်ယောက် ခေါင်းကို ခါယမ်းလျက် ခပ်တိုးတိုး ရယ်မောလိုက်သည်။
"ယွင်ရှီက ကျုပ်ရဲ့နှမလေးပဲ။ သူ့ရဲ့ အစ်ကိုတစ်ယောက်အနေနဲ့... ကျုပ်က သဘာဝအတိုင်း သူ့ရဲ့ အိမ်ထောင်ရေးကို ထည့်သွင်းစဉ်းစားပေးရမယ်"
"ပထမအချက်က မင်း ကျုပ်နှမကို အမှန်တကယ် သဘောကျနှစ်သက်မှု ရှိရဲ့"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"သေချာတာပေါ့... ယွင်ရှီအပေါ် ထားရှိတဲ့ ကျုပ်ရဲ့ ခံစားချက်တွေက နေရောင်ခြည်လိုပဲ ထင်ရှားပါတယ်"
စူးယု ယုံကြည်မှုအပြည့်ဖြင့် ပြေလိုက်၏။
"အိုး... ကောင်းပါပြီ၊ မင်းက ကျုပ်ရဲ့နှမကို အမှန်တကယ် နှစ်သက်မှုရှိတယ်ဆိုရင်..."
"ပြီးတော့ မင်းကလည်း တောင်ပိုင်းကြယ်စင်စုလောကရဲ့ အရွေးချယ်ခံ ဖြစ်တာတွေကို ထောက်ရှုမယ်ဆိုရင်... မင်းနဲ့ ကျုပ်နှမက လိုက်ဖက်တဲ့ စုံတွဲတစ်တွဲ ဖြစ်လာမှာပါ"
ကျွင်းရှောင်ယောက် အနည်းငယ် ပြုံးလိုက်သည်။
ကျွင်းရှောင်ယောက်၏ စိတ်နေသဘောထားက လူတိုင်းကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။
ထို့နောက်တွင်မူ သူတို့က ရုတ်တရက် သဘောပေါက်သွားကြတော့သည်။
"ဧကရာဇ်ငယ်က လောကရဲ့အရွေးချယ်ခံ အမှန်တကယ် အလျှော့ပေးလိုက်ပြီး သူ့ရဲ့ နှမအရင်းကိုတောင် ပေးအပ်ဖို့ လိုလားနေတာလား"
"ဒါပေမဲ့ စဉ်းစားကြည့်ရင်တော့ ဒါက အဓိပ္ပာယ်ရှိပါတယ်။ သူက လောကရဲ့ အရွေးချယ်ခံလေ။ တကယ်လို့ သူက ကျုပ်ရဲ့ ယောက်ဖ ဖြစ်လာမယ်ဆိုရင် ကျုပ်လည်းပဲ ကံကောင်းခြင်း အများကြီးကို ရရှိနိုင်တာပဲ"
"မှန်တယ်... သူ့ရဲ့ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေနဲ့ လောကရဲ့ကလေးငယ်ရဲ့ ကောင်းချီးပေးမှုတွေ ပေါင်းစပ်လိုက်ရင်၊ ဧကရာဇ်ငယ်ရဲ့ အနာဂတ် အောင်မြင်မှုတွေက အတိုင်းအဆမရှိ ဖြစ်လာမှာပဲ"
"ဒါကြောင့်ကိုး... ဒါက ဧကရာဇ်ငယ် ကြံစည်ထားတဲ့ အရာပဲ။ ဒါပေမဲ့လည်း ပြောရမယ်ဆိုရင် ဒီလှုပ်ရှားမှုက ဧကရာဇ်ငယ်အတွက် အကျိုးအရှိဆုံး ဖြစ်မှာတော့ အမှန်ပဲ"
လူအများအပြားက ထိုသို့ တွေးလိုက်မိကြသည်။
သူတို့က ကျွင်းရှောင်ယောက်သည် စူးယုကို သူ၏ ယောက်ဖအဖြစ် တာဝန်ယူစေချင်ရသည့် အကြောင်းရင်းမှာ ဤအရာကြောင့် ဖြစ်မည်ဟု ယူဆလိုက်ကြလေသည်။
သူသည် စူးယု၏ ကောင်းမွန်လွန်းသော ကံတရားများကို အသုံးချလိုခြင်း ဖြစ်သည်။
ထို့နောက် သူကိုယ်တိုင်၏ မိစ္ဆာဆန်လှသော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ပါရမီနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် ကောင်းကင်သို့ ပျံတက်ရန် အချိန်များစွာကြာမည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင်၊ ဘေးနားတွင် ရပ်နေသည့် ယွင်ရှီမှာမူ စိုးရိမ်စိတ်များနှင့်အတူ သူမ၏နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်လိုက်မိသည်။
'ဒါက သူ့ရဲ့ အကြံလား'
စူးယုသည်လည်း သူ့ကိုယ်သူ ကျွင်းရှောင်ယောက်၏ အတွေးများကို ထိုးဖောက်မြင်နိုင်ပြီဟု ထင်မှတ်လိုက်သည်။
ကျွင်းရှောင်ယောက်က ပိုမိုမြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိရန်အတွက် သူ၏ လောက၏အရွေးချယ်ခံ အထောက်အထားကို အသုံးချလိုခြင်း ဖြစ်သည်ဟု ယုံကြည်သွား၏။
ဒါကလည်း သဘာဝကျသည်။
အကယ်၍ ယွင်ရှီက သူ့ကို အမှန်တကယ် လက်ထပ်မည်ဆိုလျှင်၊ ကျွင်းရှောင်ယောက်က သူ၏ ယောက်ဖ ဖြစ်လာပေလိမ့်မည်။
သူသည် ကျွင်းရှောင်ယောက်ကို မနှစ်မြို့နေသော်လည်း...
တစ်ဖက်လူက သူ့ယောက်ဖ ဖြစ်လာမည်ဆိုလျှင် သူနှင့် ရန်သူဖြစ်ရန် လုံးဝ မဖြစ်နိုင်တော့ပါ။
ထို့ကြောင့်ပင်၊ စူးယု၏ အမူအရာက အနည်းငယ် ပျော့ပြောင်းသွားခဲ့ရသည်။
"ဧကရာဇ်ငယ်က သဘောတူတယ်ဆိုမှတော့ ဒါကို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြမလား"
ကျွင်းရှောင်ယောက်ကမူ ပြုံးနေဆဲပင်။ သို့သော်လည်း သူက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"ခင်ဗျား ကျုပ်ကို လှည့်စားနေတာလား"
စူးယု မျက်နှာပျက်သွားခဲ့၏။
ယွင်ရှီ၏ မျက်နှာလေးမှာလည်း တောက်ပမှုများ ပြန်လည် ထွက်ပေါ်လာခဲ့ပြီ။
ကျွင်းရှောင်ယောက်၏ မျက်ဝန်းထဲတွင် မှေးမှိန်သော သရော်မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။
အကျိုးအကြောင်းဆီလျော်စွာ တွေးကြည့်လျှင်၊ သူ့နေရာတွင်ရှိနေသော မည်သူမဆို စူးယုကို သူတို့၏ ယောက်ဖ ဖြစ်လာစေရန် စိတ်အားထက်သန်ကြပေလိမ့်မည်။
နောက်ဆုံးတွင်၊ တစ်ဖက်လူက တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ထားသည့် လောက၏ရွေးချယ်ခံ တစ်ဦးဖြစ်သည်။
သို့သော်...
ကျွင်းရှောင်ယောက်၏ အမြင်နှင့် အဆင့်အတန်းက မည်မျှမြင့်မားပါသနည်း။
လောက၏အရွေးချယ်ခံဖြစ်သော စူးယုကို မဆိုထားဘိ...
လောကတစ်ခုလုံး၏ အစစ်အမှန် အုပ်စိုးသူပင် ဖြစ်လင့်ကစား၊ ကျွင်းရှောင်ယောက်အနေဖြင့် မျက်တောင်တစ်ချက်ပင် ခတ်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့်ပင်၊ ကျွင်းရှောင်ယောက်က လောက၏အရွေးချယ်ခံတစ်ဦးအဖြစ် သတ်မှတ်ခံထားရသော စူးယုကို အမှန်တကယ် ဂရုမစိုက်ပါ။
"မင်းကို လှည့်စားတယ်လို့တော့ မပြောလိုပါဘူး၊ ဒါပေမဲ့ ကျုပ်ရဲ့နှမလေးက မင်း လွယ်လွယ်ကူကူနဲ့ လက်ထပ်နိုင်မဲ့ လူမျိုးတော့ မဟုတ်ဘူး"
"ဘယ်လိုစမ်းသပ်မှုတွေကိုမှ မခံယူရဘဲ... ရိုးသားမှုတွေကိုမှ မပြသဘူးဆိုရင် ဘယ်သင့်တော်ပါ့မလဲ"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။
"ဒါဆို... ခင်ဗျားက ဘာလိုချင်တာလဲ"
စူးယု မျက်မှောင်ကြုတ်လိုက်သည်။
ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ဒါက ရိုးရှင်းပါတယ်၊ သေးငယ်တဲ့ စမ်းသပ်မှုတစ်ခုပဲ"
"တိုက်ခိုက်မှုတစ်ခု"
"တကယ်လို့ မင်း ကျုပ်ရဲ့ တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်မယ်ဆိုရင်၊ ကျုပ်ရဲ့နှမလေးကို လက်ထပ်ဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်"
ကျွင်းရှောင်ယောက်က စကားကို အဆုံးသတ်လိုက်သည်။
နေရာတစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွား၏။
သူတို့ ကြားလိုက်ရတာ မှန်ရဲ့လား။
ကျွင်းရှောင်ယောက်က စူးယုသာ သူ၏ တိုက်ကွက်တစ်ကွက်ကို ခုခံနိုင်ပါက၊ စမ်းသပ်မှုကို အောင်မြင်လိမ့်မည်ဟု အမှန်တကယ် ပြောဆိုခဲ့ပါသလား။
ဒါက အနည်းငယ်လောက် အထင်မြင်သေးလွန်းရာ မရောက်ပေဘူးလား။
ကျွင်းရှောင်ယောက်၏ ပါရမီနှင့် စွမ်းအားကို မည်သူမျှ မငြင်းပယ်နိုင်ကြပေ။
သူတို့အားလုံးက သူ့ခွန်အားကို အသိအမှတ်ပြုကြသည်။
သို့သော်လည်း စူးယုက သင်္ကြန်အမြောက် မဟုတ်ချေ။
မကြာသေးမီ နှစ်များအတွင်း၊ သူသည် ထင်ရှားကျော်ကြားလာခဲ့ပြီး ချိတ်ပိတ်ထားသော ဘုရင်ငယ်တစ်ပါးကိုပင် နှိမ်နင်းနိုင်ခဲ့သည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက် ကျွင်းရှောင်ယောက်ကို အနိုင်ယူနိုင်မဆိုလိုသော်လည်း...
သူ၏ တိုက်ခိုက်မှုတစ်ခုကို ခုခံရန်မှာမူ လွယ်ကူလွန်းပေသည်။
'ဧကရာဇ်ငယ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာများလား'
'အေးလေ... ဧကရာဇ်ငယ်က တကယ်ကို သန်မာပါတယ်၊ ဒါပေမဲ့ စူးယုကလည်း လောကရဲ့ အရွေးချယ်ခံတစ်ယောက်ပဲ။ သူက တိုက်ခိုက်မှုတစ်ခုကိုတောင် မခုခံနိုင်လောက်အောင်တော့ အားနည်းမှာ မဟုတ်ပါဘူး'
'အမှန်ပဲ၊ စူးယုအတွက် ဧကရာဇ်ငယ်ကို အနိုင်ယူဖို့ ခက်ခဲနိုင်ပေမဲ့ တိုက်ကွက်တစ်ကွက်ကို စမ်းသပ်တာကတော့ ဘာမှမဟုတ်ပါဘူး'
'ဖြစ်နိုင်တာက ဧကရာဇ်ငယ်ဟာ ဆုတ်ခွာဖို့အတွက် လမ်းစတစ်ခုကို တမင်တကာ ရှာဖွေနေတာ ဖြစ်လိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် ရလဒ်ကတော့ စူးယုဟာ သူ့ရဲ့ ယောက်ဖ ဖြစ်လာမှာပဲလေ'
ရောက်ရှိနေကြသော အင်အားစုအသီးသီးမှ ကျွမ်းကျင်သူများက သူတို့၏ နတ်ဘုရားစိတ်အာရုံများဖြင့် ဆက်သွယ်ပြောဆိုလိုက်ကြသည်။
ယွင်ရှီလည်း ဤစကားကို ကြားရသည့်အခါ ငိုချင်စိတ်ပေါက်သွားလေသည်။
မကြာသေးမီ နှစ်များအတွင်း၊ စူးယုသည် နာမည်ကျော်ကြားလာခဲ့ပြီး လူအများ၏ အသိအမှတ်ပြုခြင်း ခံထားရသည်။
အသိဉာဏ်ရှိသူ မည်သူမဆို၊ စူးယုက မည်မျှသန်မာသည်ကို မြင်တွေ့နိုင်ပေသည်။
ယွင်ရှီက သူမ၏ အစ်ကိုကြီးကို လွန်စွာလေးစားပြီး မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်သူဖြစ်ကြောင်း သိရှိထားသော်လည်း...
တစ်ဖက်လူက လောက၏အရွေးချယ်ခံတစ်ဦးဖြစ်သည်။
စူးယုက မည်မျှပင် အားနည်းစေကာမူ၊ တိုက်ကွက်တစ်ကွက်ကိုပင် မခုခံနိုင်ဘဲ ရှိမနေသင့်ပါချေ။
ယွင်ရှီက အတွေးများစွာပင် ဖြစ်ပေါ်လာမိသည်။
ကျွင်းရှောင်ယောက်က သူ၏ နှမငယ်ကို အမှန်တကယ် မနှစ်မြို့ခြင်း ဖြစ်မည်လော။
သူမကို အမြန်ဆုံး လက်ထပ်စေချင်နေပြီလား။
သို့မဟုတ်ပါက သူမ သာမန်နေ့ရက်များတွင် သူ၏ ကျင့်ကြံမှုကို သွားရောက် နှောင့်ယှက်မိခဲ့သောကြောင့် ဖြစ်မည်လော။
ယွင်ရှီက ခေါင်းကို အနည်းငယ် ငုံ့ထားကာ ဘာအသံမှ မထွက်လာတော့ပေ။
"မင်း ငါ့ကို အထင်သေးနေတာလား"
စူးယု၏ မျက်ဝန်းများ မှုန်ကုပ်သွားရသည်။
ကျွင်းရှောင်ယောက်က အမှန်တကယ်ပင် သူ၏ လှုပ်ရှားမှုတစ်ကွက်တည်းကို ခုခံနိုင်ရုံနှင့်တင် အောင်မြင်သည်ဟု ပြောဆိုခဲ့၏။
ဒါက အထင်မြင်သေးခြင်း မဟုတ်လျှင် ဘာဖြစ်ဦးမည်နည်း။
စူးယု အမုန်းတီးဆုံးအရာမှာ ကျွင်းရှောင်ယောက်၏ အထက်စီးဆန်၍ မောက်မာသော စိတ်နေသဘောထား ဖြစ်သည်။
ဒါက သူ့ကို လွန်စွာ သိမ်ငယ်သွားစေသကဲ့သို့ ဖြစ်စေသည်။
"မင်း လက်မခံရဲဘူးလား"
ကျွင်းရှောင်ယောက် မေးလိုက်သည်။
"ဟက်... ငါ စူးယုက၊ အဆုံးအထိ ကစားပေးမယ်"
စူးယု အေးစက်စွာ ပြောလိုက်သည်။
အကယ်၍ ကျွင်းရှောင်ယောက်ကို အနိုင်ယူနိုင်မလားဟု မေးလာခဲ့လျှင်...
စူးယုအနေဖြင့် နှစ်ကြိမ်တိုင်တိုင် ပြန်လည်စဉ်းစားရလိမ့်မည်။
သူသည် လောက၏အရွေးချယ်ခံဖြစ်သော်လည်း ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော မြင့်မြတ်ခန္ဓာ တာအိုသန္ဓေနှင့် ရင်ဆိုင်ရချိန်တွင်မူ အမှန်တကယ် ယုံကြည်မှု ရှိမနေခဲ့ပါချေ။
သို့သော်လည်း၊ စူးယုသည် ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုတစ်ကွက်ကို ခုခံရန်အတွက်တော့ ယုံကြည်မှု အပြည့် ရှိခဲ့သည်။
သူက လောက၏ မူလစွမ်းအားကို လှုပ်နှိုးနိုင်စွမ်း ရှိကြောင်း သိထားကြရမည်။
အန္တရာယ်ရှိဆုံးသော အခိုက်အတန့်များတွင်ပင်၊ သူက တောင်ပိုင်းကြယ်စင်စုလောက၏ ကောင်းကင်နှင့် မြေပြင် စွမ်းအားများကို လှုပ်နှိုးနိုင်သည်။
ကျွင်းရှောင်ယောက်က အဓိပတိဖြစ်နေသည်ကို မဆိုထားဘိ...
သူက ကောင်းကင်အဓိပတိတစ်ဦး ဖြစ်နေခဲ့လျှင်ပင်၊ စူးယုအနေဖြင့် သူ၏ ဝှက်ဖဲဖြင့် ၎င်းကို ပိတ်ဆို့နိုင်စွမ်း ရှိသေးသည်။
ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးတွင်၊ ငါးက ငါးစာကို လာဟပ်လိုက်ချေပြီ။
"ဒီစမ်းသပ်မှုမှာ လောင်းကြေးတစ်ခုလည်း ရှိသင့်တယ်"
"ဘယ်သူမှတော့ အလကားရတဲ့ အခွင့်အရေးတစ်ခုကို တန်ဖိုးထားမှာ မဟုတ်ဘူးလေ"
"ဒါကြောင့်... မင်းရဲ့ ခါးမှာ ဆွဲချိတ်ထားတဲ့ ကျောက်စိမ်းဆွဲပြားကိုပဲ တန်ဖိုးသတ်မှတ်ကြစို့"
ကျွင်းရှောင်ယောက် အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။
ကျွင်းရှောင်ယောက်နှင့် ရင်းနှီးကျွမ်းဝင်သူများဆိုလျှင် ထိုအပြုံးက ဘာကိုဆိုလိုမှန်း သိကြပေလိမ့်မည်။
စူးယု၏ နှလုံးသားမှာလည်း လေးလံသွားရတော့သည်။