← Chapters

အခန်း ၂၁၆၁

Vol. 152 Ch. 2161

အခန်း ၂၁၆၁

Vol. 152 Ch. 2161

အပိုင်း ( 2161 ) မိုးနှင့်မြေ၏ ထူးဆန်းသော အပြောင်းအလဲများ။

​ရှန်းရွှီရှေးဟောင်းမြို့တော်၏ အလယ်ဗဟို ကောင်းကင်ယံတွင် ယဇ်ပလ္လင် ကိုးခုက လေထဲမှာ လွင့်မျောနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ယဇ်ပလ္လင်များထဲမှ တစ်ခုက ရုတ်တရက်‌ တောက်ပသွားခဲ့၏။ ၎င်းအပေါ်တွင် ပုံရိပ်နှစ်ခု ပေါ်လာတော့သည်။

သူတို့မှာ ချင်ယွဲ့နှင့် လုမင်တို့ ဖြစ်ကြသည်။

"ကိုယ်တို့ နောက်ဆုံးတော့ ပြန်ရောက်လာကြပြီ"

လုမင်က ပြုံးလိုက်သည်။

ချင်ယွဲ့သည်လည်း ပတ်ပတ်လည်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုလိုက်လေသည်။

ယဇ်ပလ္လင်များ၏ ပတ်ပတ်လည်တွင် မည်သူမျှ မရှိဘဲ အလွန်တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

"ချင်ယွဲ့... ကိုယ်တို့တို့ ရှန်းဟွမ်တိုက်ကြီးကို ပြန်ကြရအောင်"

လုမင်က ပြုံးလျက် ပြောလိုက်သည်။ သူက ချင်ယွဲ့၏ လက်ကလေးကို ဆုပ်ကိုင်ကာ ယဇ်ပလ္လင်ပေါ်မှ ဆင်းသက်ပြီး တောင်ဘက်အရပ်သို့ ပျံသန်းခဲ့ကြ၏။

ရုတ်တရက်၊ လုမင်က ဇဝေဇဝါဖြစ်သွားသော မျက်နှာအမူအရာဖြင့် ရပ်တန့်လိုက်မိသည်။

"သခင်လေး... ဘာဖြစ်လို့လဲ"

ချင်ယွဲ့က အံ့အားသင့်စွာ မေးလိုက်သည်။

"ချင်ယွဲ့... မင်း ဒီနေရာမှာ တစ်ခုခု မှားယွင်းနေတာကို သတိမထားမိဘူးလား။ ဒီမှာ မူလစွမ်းအင်တွေက အရမ်းကို သိပ်သည်းလွန်းနေတယ်"

လုမင်၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များ ပေါ်လာခဲ့၏။

"မူလစွမ်းအင်က တကယ် သိပ်သည်းတာပဲ။ ဒါက စန်းပြည်နယ်၊ ယွင်ပြည်နယ်နဲ့ တိပြည်နယ်တို့ထက်တောင် မနိမ့်ကျတော့ဘူး"

ချင်ယွဲ့ကလည်း အာရုံခံကြည့်ပြီးနောက် တအံ့တဩ ပြောလိုက်သည်။

"ရှန်းရွှီတိုက်ကြီးရဲ့ မူလစွမ်းအင်က ရှန်းဟွမ်တိုက်ကြီးထက် ပိုပြီး သိပ်သည်းတယ်ဆိုပေမဲ့ ယွမ်လုကုန်းမြေကြီးနဲ့ ယှဉ်ရင်တော့ လုံးဝကို နှိုင်းယှဉ်လို့မရဘူး။ ဒါပေမဲ့ အခုတော့ ဒီနေရာမှာ မူလစွမ်းအင်က စန်းပြည်နယ်နဲ့တောင် ယှဉ်လို့ရနေပြီ"

လုမင်က ပြောရင်းနှင့် ပို၍ မယုံနိုင်သလို ခံစားလာရသည်။

ရှန်းရွှီတိုက်ကြီးက ယွမ်လု၏ နယ်မြေကြီးဆယ်ခုထဲတွင် သွေ့ခြောက်ဆိုးရွားသော မြေရိုင်းတစ်ခု ဖြစ်ခဲ့သည်။ မူလစွမ်းအင်က ရှားပါးသကဲ့သို့ ဟင်းလင်းပြင်မှာလည်း အလွန်အမင်း မတည်မငြိမ် ဖြစ်ခဲ့ပေသည်။ ၎င်းက ယွမ်လုနှင့် အလွန်အမင်း ကွာခြားလွန်းသဖြင့် လုံးဝ နှိုင်းယှဉ်၍ပင် မရနိုင်ခဲ့ချေ။

သို့သော်လည်း ယခုအခါ ဤနေရာရှိ မူလစွမ်းအင်က စန်းပြည်နယ်နှင့် အမှန်တကယ် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။ လုမင် ခံစားမိသည်မှာ လုံးဝ မမှားနိုင်ချေ။

"ဝုန်း"

လုမင်က လေထဲတွင် လက်ဝှေ့ယမ်းလိုက်သည်။ ဟင်းလင်းပြင်က ရေလှိုင်းများကဲ့သို့ ဂယက်ထသွားခဲ့၏။

"ဟင်းလင်းပြင်ကလည်း အဆပေါင်းများစွာ ပိုပြီး တည်ငြိမ်လာတာပဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လုမင် ပို၍ပင် ထိတ်လန့်သွားခဲ့ရသည်။

ရှန်းရွှီတိုက်ကြီးသည် ယွမ်လု၏ အစွန်းအဖျားတွင် တည်ရှိပြီး ဟင်းလင်းပြင်မှာ အလွန်အမင်း မတည်မငြိမ် ဖြစ်ခဲ့သည်။

ဤနေရာတွင် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများသည်ပင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်ကြပေသည်။

သိုင်းအုပ်ချုပ်သူနယ်ပယ်အတွက်မူ သာမန်လှုပ်ရှားမှုတစ်ခုတည်းဖြင့်ပင် ဟင်းလင်းပြင်ကို ကြေမွသွားစေနိုင်သည်။

လုမင် ဤနေရာတွင် ရှိစဉ်တုန်းက၊ သူ၏ ရန်သူများကို သတ်ဖြတ်ရန်အတွက် မိုင်ပေါင်းသန်းချီ၍ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်ခဲ့သည်။

ယခုလေးတင် လုမင်၏ လှုပ်ရှားမှုမှာ စွမ်းအားများစွာ မထုတ်ရသေးသော်လည်း၊ အတိတ်ကာလတုန်းကသာ ဖြစ်နေပါက သူ၏ပတ်တန်းကျင် ဟင်းလင်းပြင်မှာ တိုက်ရိုက် ပြိုကျသွားရမည် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင်မူ လှိုင်းဂယက်မျှသာ ဖြစ်ပေါ်ခဲ့ပေသည်။

ဟင်းလင်းပြင်က ယခင်ကထက် များစွာ ပိုမိုတည်ငြိမ်နေခဲ့သည်။ ၎င်းက ယွမ်လုနှင့်ပင် အလွန်အမင်း နီးစပ်နေပြီ။

ထို့နောက်တွင် လုမင်က ကောင်းကင်နှင့် မြေပြင်ကို အာရုံခံကြည့်လိုက်ရာ နိယာမများသည်လည်း အဆပေါင်းများစွာ ပိုမို ရှင်းလင်းထင်ရှားလာကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

အကယ်၍ တစ်ဦးတစ်ယောက်က ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ကျင့်ကြံမည်ဆိုလျှင်၊ သူတို့၏ ကျင့်ကြံမှုမှာ သေချာပေါက် အရှိန်အဟုန်ပြင်းစွာဖြင့် တိုးတက်လာပေလိမ့်မည်။

စန်းပြည်နယ်၊ ယွင်ပြည်နယ်နှင့် တိပြည်နယ်တို့ကဲ့သို့ပင် ဤနေရာ၌ သိုင်းအုပ်ချုပ်သူများ ရှိနေနိုင်ချေ ရှိသည်။ ထို့ပြင် တောက်ပသောသူတော်စင်၊ မဟာသူတော်စင်များ၊ အန္တိမသူတော်စင်များနှင့် ဧကရာဇ်တစ်ပိုင်းများပင် ရှိနေနိုင်ခြေ ရှိသေးသည်။

ဒါက အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။

ဤနှစ်များအတွင်းမှာ ရှန်းရွှီတိုက်ကြီးက မည်သို့သောအရာများ ဖြစ်ပျက်ခဲ့သနည်း။

ဤမျှအထိ ထိတ်လန့်စရာကောင်းသော ပြောင်းလဲမှုမျိုး ဘယ်လိုလုပ်ပြီး ရှိနေနိုင်သနည်း။

၎င်းက လုံးဝကို ကမ္ဘာကြီး ပြောင်းပြန်လှန်သွားခြင်း ဖြစ်သည်။ ဝေးလံခေါင်သီပြီး ဆိုးရွားသော နေရာတစ်ခုက ရုတ်တရက် ကျင့်ကြံခြင်းအတွက် မြင့်မြတ်နယ်မြေ ဖြစ်လာခဲ့ပြီ။

ဤအခိုက်အတန့်တွင် ချင်ယွဲ့သည်လည်း ထိုနှစ်ခုကြားရှိ ကွာခြားချက်ကို သဘောပေါက်သွားခဲ့သည်။ သူသည်လည်း အံ့ဩမင်သက်နေတော့သည်။

"ရှန်းရွှီတိုက်ကြီးမှာ တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်ခဲ့တာ သေချာတယ်။ ကိုယ်တို့ ရှန်းဟွမ်တိုက်ကြီးကို အရင်ဆုံး ပြန်ကြစို့"

လုမင်က ပြောလိုက်သည်။ သူ့နှလုံးသားထဲတွင် မကောင်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့၏။

သူတို့နှစ်ဦးစလုံးက ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး ရှန်းရွှီရှေးဟောင်းမြို့တော်၏ တောင်ဘက်အရပ်သို့ ပျံသန်းသွားကြတော့သည်။

အကယ်၍ အတိတ်ကာလတုန်းကသာ ဖြစ်နေပါက၊ သူတို့သည် ဟင်းလင်းပြင်ကို စိတ်ကြိုက် ဖြတ်သန်းသွားလာနိုင်ကြသည်။ သူတို့၏ လက်ရှိ ကျင့်ကြံမှုဖြင့်ဆိုလျှင် ရှန်းရွှီတိုက်ကြီးမှ ရှန်းဟွမ်တိုက်ကြီးသို့ မိနစ်အနည်းငယ်အတွင်း ရောက်ရှိနိုင်လိမ့်မည်။

သို့သော်လည်း ယခုအခါ ဟင်းလင်းပြင်က များစွာ ပိုမိုတည်ငြိမ်နေခဲ့သည်။ ယွမ်လုမှာရှိစဥ်ကဲ့သို့ပင် သူတို့ကဟင်းလင်းပြင်ကို ဖြတ်သန်းမသွားလာနိုင်ကြတော့ချေ။

"သတ်..."

"သတ်..."

ခရီးတစ်ခုအထိ ပျံသန်းလာပြီးနောက်၊ သူတို့၏ ရှေ့မှောက်တွင် နားကွဲလုမတတ် အော်ဟစ်သံများကို ကြားလိုက်ရသည်။

သူတို့၏ ရှေ့မှောက်တွင် စစ်သည်တော်များနှင့် မြင်းစီးသူရဲ ထောင်ပေါင်းများစွာ ရှိနေသကဲ့သို့ ထင်မှတ်ရ၏။

လုမင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ သူတို့နှစ်ဦးက ဆက်လက်ပျံသန်းခဲ့ကြရာ မကြာမီမှာပင် ရှန်းရွှီရှေးဟောင်းမြို့တော်၏ အစွန်းအဖျားသို့ ရောက်ရှိလာခဲ့ကြပေသည်။

မြို့ရိုးပေါ်တွင် မရေမတွက်နိုင်သော ပုံရိပ်များ မတ်တတ်ရပ်နေကြသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

လူအချို့က လေထဲတွင် တိုက်ခိုက်နေကြ၏။

"ဟင်... အဆင့်ခုနစ်နဲ့ အဆင့်ရှစ် သိုင်းအုပ်ချုပ်သူတွေပါလား"

လုမင်က အကဲခတ်လိုက်ရာ လေထဲတွင် တိုက်ခိုက်နေကြသော လူအားလုံးက အဆင့်ခုနစ်နှင့် အဆင့်ရှစ် သိုင်းအုပ်ချုပ်သူများ ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။

ထို့ပြင် လက်ရှိအချိန်ထိ မလှုပ်ရှားရသေးသော လူများထဲတွင်လည်း သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ကျွမ်းကျင်သူ အရေအတွက် အမြောက်အမြား ရှိနေခဲ့သေးသည်။

၎င်းမှာ အတိတ်ကာလတုန်းကဆိုလျှင် စိတ်ကူးယဉ်၍ပင် မရနိုင်သောအရာ ဖြစ်သည်။

လုမင် ရှန်းရွှီတိုက်ကြီးမှ မထွက်ခွာမီအချိန်က၊ ဤကုန်းမြေကြီးပေါ်ရှိ အသန်မာဆုံး ကျွမ်းကျင်သူမှာ စတုတ္ထအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်မျှသာ ဖြစ်ခဲ့သည်။

ထို့ပြင် လုမင် မထွက်ခွာမီက သူသည် တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အထက်ရှိ ကျင့်ကြံသူအားလုံးနီးပါးကို သတ်ဖြတ်ခဲ့၏။

သို့သော်လည်း ယခုအခါတွင်မူ သူက ပဉ္စမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်အထက်ရှိ ကျင့်ကြံသူများကို အလွယ်တကူ ရှာဖွေတွေ့ရှိနေခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း၊ ကောင်းကင်နှင့် မြေပြင်က ယခုအခါ ကွာခြားသွားခဲ့ပြီ။ ရှန်းရွှီရှေးဟောင်းမြို့တော်၏ မူလစွမ်းအင်က သိပ်သည်းလွန်းပြီး စည်းမျဉ်းများမှာလည်း ရှင်းလင်းနေခဲ့သည်။

လုမင်နှင့် ချင်ယွဲ့တို့က ထိုနေရာတွင် ရပ်တန့်မနေခဲ့ကြချေ။ သူတို့က ရှေ့သို့ ဆက်လက်ပျံသန်းခဲ့ကြသည်။ နောက်ဆုံးတွင် ဘာဖြစ်ပျက်နေသည်ကို သူ နားလည်သွားခဲ့ပေသည်။

ရှန်းရွှီရှေးဟောင်းမြို့တော်၏ အပြင်ဘက်တွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များနှင့်အတူ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကြသော မရေမတွက်နိုင်သော ပုံရိပ်များ ရှိနေခဲ့သည်။ ၎င်းမှာ အင်အားစု နှစ်ခုက တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။

သို့သော်လည်း လုမင်က ၎င်းကို စိတ်မဝင်စားချေ။ သူနှင့် ချင်ယွဲ့တို့က မြို့ရိုးအပြင်ဘက်သို့ ဦးတည်လိုက်ကြသည်။

"ဟေ့... မင်းတို့နှစ်ယောက်၊ ဘယ်မျိုးနွယ်စုကလဲ။ အခုချိန်ကြီး ဘယ်မှမသွားစမ်းနဲ့။ မြို့ပြင်မှာ ရန်သူတွေ ရှိနေတယ်။ မင်းတို့ အပြင်ထွက်ရင် သေလိမ့်မယ်"

တစ်စုံတစ်ဦးက လုမင်နှင့် ချင်ယွဲ့တို့ကို လှမ်းကြည့်ကာ သတိပေးလိုက်သည်။

သို့သော်လည်း လုမင်က ၎င်းကို မကြားချင်ယောင်ဆောင်ကာ အပြင်သို့ ဆက်လက်လှမ်းလျှောက်ခဲ့၏။

"သူတို့ကို ကျုပ် တစ်ခါမှမမြင်ဖူးပါဘူး"

"သူတို့ ဘယ်မျိုးနွယ်စုကလဲ မသိပေမဲ့၊ သူတို့က သေလမ်းရှာနေတာပဲ"

လူအများအပြားက လုမင်နှင့် ချင်ယွဲ့တို့ကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်ကြသည်။ သို့သော်လည်း မည်သူမျှ သူတို့ကို မတားဆီးခဲ့ကြပေ။

လုမင်နှင့် ချင်ယွဲ့တို့က ရှန်းရွှီရှေးဟောင်းမြို့တော်မှ ထွက်ခွာခဲ့ကြပြီး တောင်ဘက်အရပ်သို့ ပျံသန်းသွားခဲ့ကြသည်။

"သူတို့က မြို့ထဲကလူတွေပဲ။ သူတို့ကို ဖမ်းဆီးကြစမ်း"

"သူတို့က သတ္တိကောင်းလှချေလား။ ငါတို့ကို ရန်စဖို့ ကြိုးစားနေတာလား"

မြို့ပြင်ရှိ စစ်တပ်ထဲမှ တစ်စုံတစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။

မြို့ပြင်ရှိ လူများက လုမင်နှင့် ချင်ယွဲ့တို့ကို မြို့ထဲမှလူများဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်၏။

လုမင်တို့နှစ်ဦးက သူတို့ကို အရေးမလုပ်သလိုမျိုး မြို့ပြင်သို့ လျှောက်လာသည်ကို မြင်တွေ့ရသောအခါ သူတို့ အလွန်အမင်း ဒေါသထွက်သွားခဲ့ကြသည်။

ချက်ချင်းဆိုသလိုပင်၊ လူနှစ်ဦးက လုမင်နှင့် ချင်ယွဲ့တို့ထံသို့ ပျံသန်းလာခဲ့ကြပြီး ဖမ်းဆီးရန် သူတို့၏လက်များကို ဆန့်ထုတ်လိုက်ကြတော့သည်။

သူတို့က တတိယအဆင့် သိုင်းအုပ်ချုပ်သူ နှစ်ဦး ဖြစ်ကြသည်။ အတိတ်ကာလတုန်းကဆိုလျှင် သူတို့ကို အရှင်သခင်များအဖြစ် သတ်မှတ်ခြင်း ခံကြရလိမ့်မည်။

"ဖယ်စမ်း"

လုမင်က အေးစက်စွာ ငေါက်ငမ်းလိုက်သည်။

လုမင်၏ ကျင့်ကြံမှုအရ၊ သူ၏ သာမန်အော်ငေါက်သံတစ်ခုတည်းတွင်ပင် ကြီးမားသော စွမ်းအားများ ပါဝင်နေခဲ့ပြီ ဖြစ်သည်။ ထိုတတိယအဆင့် သိုင်းအုပ်ချုပ်သူ နှစ်ဦး၏ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး သွေးများအန်လျက် နောက်သို့ လွင့်စင်သွားခဲ့ကြတော့သည်။

"ဒါဆို သူတို့က ကျွမ်းကျင်သူ နှစ်ယောက်ပေါ့။ သူတို့ကို သတ်ပစ်ကြစမ်း"

"ဘယ်လောက်တောင် မောက်မာလိုက်သလဲ။ မင်းတို့နှစ်ယောက်တည်းနဲ့ ငါတို့ကို ရန်စနိုင်မယ်လို့ ထင်နေတာလား"

မြို့ပြင်ရှိ စစ်တပ်ထဲမှ လူအများက ဒေါသအိုးပေါက်ကွဲသွားခဲ့သည်။ ပိုများသော ကျွမ်းကျင်သူများက ပျံသန်းထွက်ပေါ်လာခဲ့ကြ၏။

ထိုနေရာတွင် အနည်းဆုံး သတ္တမအဆင့်နှင့် အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူ တစ်ဒါဇင်ခန့် ရှိနေခဲ့သည်။

သူတို့၏ မျက်ဝန်းများမှာမူ အေးစက်နေခဲ့ပြီး သူတို့၏ သတ်ဖြတ်လိုစိတ်များမှာ ဓားကဲ့သို့ စူးရှနေတော့သည်။

သူတို့ထဲမှ အချို့က ချင်ယွဲ့ကိုပင် တပ်မက်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။

"မင်းတို့ သေချင်နေတာပဲ"

လုမင်က ကြိမ်းမောင်းပြီး ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ ကောင်းကင်ယံက တုန်ဟည်းသွားခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုက လှိုင်းတံပိုးကဲ့သို့ ထွက်ပေါ်လာခဲ့၏။

"ဝုန်း... ဝုန်း..."

ပြေးထွက်လာကြသူ ထိုလူတစ်ဒါဇင်၏ ခန္ဓာကိုယ်များက တိုက်ရိုက် ပေါက်ကွဲသွားခဲ့ကြပြီး ထိုနေရာမှာပင် ချက်ချင်း သေဆုံးသွားကြတော့သည်။

လုမင်က ရှန်းရွှီတိုက်ကြီးမှ လူများအပေါ် ကောင်းမွန်သော အထင်အမြင်မျိုး မရှိခဲ့ချေ။

အတိတ်တုန်းက ရှန်းရွှီတိုက်ကြီး၏ အင်အားစုအားလုံးသည် လုမင်၏ ဟွင်းယွမ်အမှတ်အသားကို လုယူရန်အတွက် သူ့ကို သတ်ဖြတ်ရန် အတူတကွ ပူးပေါင်းခဲ့ကြဖူးသည်။ အကယ်၍ လုမင်တွင် မြင့်မားသော ကျင့်ကြံမှုသာ မရှိခဲ့ပါက သူ အသတ်ခံခဲ့ရပြီး ဖြစ်လိမ့်မည်။

ထို့ကြောင့် သူသည် ကရုဏာအနည်းငယ်မျှပင် မပြသခဲ့ချေ။

သူက တိုက်ကွက်တစ်ကွက်တည်းဖြင့် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ပစ်ခဲ့ခြင်းမှာ လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက သိုင်းသူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်လား"

"မဖြစ်နိုင်တာ။ ရှန်းရွှီတိုက်ကြီးကနေ သိုင်းသူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်မှ မထွက်ပေါ်ဖူးသေးဘူး။ အသန်မာဆုံးလူက သူတော်စင်တစ်ပိုင်းအဆင့်ပဲ ရှိသေးတာ"

"သူက သူတော်စင်တစ်ပိုင်း အဆင့်များလား"

​မြို့ပြင်မှ စစ်သည်များကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်။

​

All Chapters