← Chapters

အခန်း ၂၁၆၇

Vol. 152 Ch. 2167

အခန်း ၂၁၆၇

Vol. 152 Ch. 2167

အပိုင်း ( 2167 ) လှုပ်ရှားကြပြီ။

ချက်ချင်းပင်၊ လုမင်က ယွမ်လုမှ အင်အားစုဘယ်နှခု ရောက်ရှိနေသည်ကို ဟန်ကျုံးအား မေးမြန်းလိုက်သည်။

ဟန်ကျုံးကလည်း ယွမ်လုမှ စုစုပေါင်း အင်အားစု သုံးခု ရှိကြောင်း သူ့ကို ပြောပြခဲ့၏။ ၎င်းတို့အနက် တစ်ခုစီတိုင်းက အလွန်အင်အားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ခေါင်းဆောင်ကြီးများ ရှိကြသည်။ သူတို့အားလုံးက မြင့်မြတ်ပြီး စွမ်းအားကြီးမားသော သိုင်းဧကရာဇ်များ ဖြစ်ကြပေသည်။

ထိုအင်အားစု သုံးခုက နယ်မြေတစ်ခုစီကို အသီးသီး သိမ်းပိုက်ထားကြပြီး ရှန်းဟွမ်တိုက်ကြီးကို ခွဲဝေယူထားကြသည်။

၎င်းတို့အနက် နွားနတ်ဘုရားနန်းတော်က အကောင်းဆုံး တည်နေရာဖြစ်သော အရှေ့ပိုင်း၏ တစ်စိတ်တစ်ပိုင်းနှင့် ဗဟိုတိုက်ကြီးကို သိမ်းပိုက်ထားကြပေသည်။

တောရိုင်းနဂါးနန်းတော်နှင့် တိမိသားစုတို့ကမူ အခြားသော နယ်မြေများကို သိမ်းပိုက်ထားကြသည်။

တိမိသားစုက ဗဟိုတိုက်ကြီး၏ နေရာအများစုကို သိမ်းပိုက်ထားသည်။ ဥပမာအားဖြင့် နဂါးမဟာမိတ်အဖွဲ့၏ နဂါးဧကရာဇ်မြို့တော်သည် တိမိသားစု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။

'တိမိသားစု'

လုမင်၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။

"ဝှစ်... ဝှစ်...'

ထိုအခိုက်အတန့်တွင် အဝေးက ကောင်းကင်ယံမှ အလင်းတန်းများစွာ ထပ်မံ ပျံသန်းလာခဲ့သည်။ ကောင်းကင်ယံ၌ လူရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့၏။

သူတို့ထဲမှ လူတချို့မှာ ဧကရာဇ်ဝတ်ရုံများနှင့် ကျောက်စိမ်းသရဖူများကို ဝတ်ဆင်ထားကြသဖြင့် ဧကရာဇ်ကြီးများကဲ့သို့ ထင်မှတ်ရစေသည်။

ထို့ပြင် အလွန် ထွားကျိုင်းသော သူအနည်းငယ်လည်း ရှိနေခဲ့သေးသည်။ သူတို့က ထူထဲသော ချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး နက်မှောင်သော အလင်းများဖြင့် သူတို့အား ဝန်းရံထားသည်။ ထို့ကြောင့် သူတို့၏ မျက်နှာများကို ရှင်းလင်းစွာ မြင်တွေ့ရန် မဖြစ်နိုင်ချေ။

'တိမိသားစုနဲ့ မိစ္ဆာနတ်ဘုရားမျိုးနွယ်ပဲ'

လုမင်၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ်များမှာ ပိုမိုပြင်းထန်လာခဲ့သည်။

၎င်းက အမှန်တကယ်ပင် တိမိသားစု ဖြစ်နေခဲ့၏။ တိရှစ်ထျန်းက ရှန်းဟွမ်တိုက်ကြီးသို့ အမှန်တကယ် ရောက်ရှိနေပုံရသည်။

ချပ်ဝတ်တန်ဆာဝတ် လူများအတွက်မူ၊ အခြားသူများက သူတို့၏ အထောက်အထားကို မသိနိုင်သော်လည်း လုမင်က သူတို့သည် မိစ္ဆာနတ်ဘုရားမျိုးနွယ်မှ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

တိရှစ်ထျန်းက ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို ရှန်းဟွမ်တိုက်ကြီးသို့ ခေါ်ဆောင်လာခဲ့ပြီး ကျယ်ပြောသော နယ်မြေကို သိမ်းပိုက်ထားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ နဂါးဧကရာဇ်မြို့တော်ပင်လျှင် တိရှစ်ထျန်း၏ သိမ်းပိုက်ခြင်းကို ခံထားရသည်။

'အရင်ကအုပ်စိုးသူ တိရီက တိမိသားစုကနေ လာတာလို့ ကျုပ် ကြားဖူးတယ်'

ဟန်ကျုံးက တိုးတိုးလေး ပြောလိုက်သည်။

"မင်းတို့လည်း လာလိမ့်မယ်လို့ ငါ မထင်ထားဘူး"

နွားနတ်ဘုရားနန်းတော်မှ ထွားကျိုင်းသောအမျိုးသားတစ်ဦးက ပြောလိုက်သည်။

"ဒီသူတော်စင်ဝိညာဉ်သစ်သီး ကိုးလုံးက မဆိုးပါဘူး။ တိမိသားစုက ဒါတွေကို အလိုရှိတယ်"

တိမိသားစုမှ လူတစ်ဦးက ပြောလိုက်သည်။

"မင်းတို့က ဒါတွေကို လိုချင်တယ်ဟုတ်လား။ ဟာသပဲ...၊ သူတော်စင်ဝိညာဉ်သစ်သီး ကိုးလုံးက တောရိုင်းနဂါးနန်းတော် ပိုင်တာ"

တောရိုင်းနဂါးနန်းတော်မှ ထွားကျိုင်းသောအမျိုးသားတစ်ဦးက ပြောလိုက်၏။

အင်အားစု သုံးခုထံမှ ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။ သူတို့က နယ်မြေတစ်ခုစီကို အသီးသီး သိမ်းပိုက်ထားကြပြီး တစ်ဦးကိုတစ်ဦး အမြဲတမ်း ထိပ်တိုက်ရင်ဆိုင်နေတတ်ကြပေသည်။

ရတနာရှာဖွေရေးအဖွဲ့မှ လူအားလုံး သက်ပြင်းချလိုက်ကြသည်။ ယွမ်လု၏ အဓိက အင်အားစု သုံးခုမှ ကျွမ်းကျင်သူများ ရောက်ရှိလာခြင်းကြောင့် သူတို့အတွက် မည်သည့် မျှော်လင့်ချက်မျှ မရှိတော့ကြောင်း နားလည်သွားကြပြီ။

ဒီလူများ သန်မာလွန်းသည်။

သူတို့ထဲမှ မည်သူမဆို သူတို့အားလုံးကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။

'ဒီအန္တိမသူတော်စင်နဲ့ ဧကရာဇ်တစ်ပိုင်းတွေက သူတော်စင်ဝိညာဉ်သစ်သီးတွေကို ဘာအတွက် လိုချင်နေကြတာလဲ'

လုမင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သူတော်စင်ဝိညာဉ်သစ်သီးက ရှားပါးနိုင်သော်လည်း ၎င်းသည် အန္တိမသူတော်စင်များ သို့မဟုတ် ဧကရာဇ်တစ်ပိုင်းများအတွက် များစွာ အသုံးမဝင်ချေ။

၎င်းကို မျိုးဆက်သစ်လူငယ်များအား ပြုစုပျိုးထောင်ရန်အတွက် အသုံးပြုခြင်း မဟုတ်ပါက ဘာမှအသုံးမဝင်ပါ။

"ဒီနိမ့်ကျတဲ့ ပုရွက်ဆိတ်တွေက တကယ့်ကို မျက်စိနောက်စရာကောင်းတယ်။ ငါတို့ သူတို့ကို အရင်ဆုံး ဘာလို့ ရှင်းမပစ်ရမှာလဲ"

ထိုအချိန်တွင် တိမိသားစုမှ တစ်စုံတစ်ယောက်က ရတနာရှာဖွေရေးအဖွဲ့မှ လူတိုင်းကို မာနထောင်လွှားမှု၊ ရွံရှာမှု အရိပ်အယောင်များဖြင့် လှမ်းကြည့်လိုက်သည်။

ရှန်းဟွမ်တိုက်ကြီးသည် ပျက်စီးခြင်းနယ်မြေ၏ ထောင့်တစ်နေရာမျှသာ ဖြစ်သည်။ သူတို့၏ မျက်လုံးထဲတွင် ထိုသူများက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နိမ့်ကျလှပေသည်။

"ဒါလည်း ကောင်းတာပဲ၊ ဒီလူတွေ ဒီမှာ လာရှုပ်မနေရအောင် ရှင်းလိုက်ကြတာပေါ့"

နွားနတ်ဘုရားနန်းတော်မှ တစ်စုံတစ်ယောက်ကလည်း ခပ်အေးအေး ပြောလိုက်၏။

"မကောင်းဘူး"

ရတနာရှာဖွေရေးအဖွဲ့ရှိ လူတိုင်း၏ မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

"အကြီးအကဲတို့... ကျွန်တော်တို့က သူတော်စင်ဝိညာဉ်သစ်သီးကို အကြီးအကဲတို့နဲ့ ယှဉ်လုယူဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားပါ့မယ်"

"ကျွန်တော်တို့ အခုချက်ချင်းပဲ ထွက်သွားပါ့မယ်"

လူအများက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြီးကမန်းကတန်း ဆုတ်ခွာသွားခဲ့ကြသည်။

"အောင်မယ်၊ ငါတို့နဲ့ သူတော်စင်ဝိညာဉ်သစ်သီးကို လုချင်သေးလို့လား။ မင်းတို့ ပုရွက်ဆိတ်တွေက အရည်အချင်း ပြည့်မီလို့လား"

တိမိသားစုမှ ကျွမ်းကျင်သူတစ်ဦးက လှောင်ပြောင်လိုက်ပြီး လျှောက်လှမ်းလာခဲ့သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ တောက်ပသော ဓားအလင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။ ၎င်းက ဓားတစ်ချက် ခုတ်ပိုင်းလိုက်တော့သည်။

"အား... ကယ်ကြပါဦး"

"မလုပ်နဲ့"

ထိုလားရာမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ သူတို့က ၎င်းကိုခုခံရန် မည်သည့်နည်းလမ်းမျှ မရှိချေ။ သူတို့၏ ကျင့်ကြံမှုအဆင့်က မည်သို့ပင်ရှိစေကာမူ သူတို့အားလုံး ချက်ချင်း သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ခဏချင်းအတွင်းမှာပင် လူတစ်ဒါဇင်ကျော်ခန့် သေဆုံးသွားကြတော့သည်။

"ဟားဟားဟား"

တိမိသားစုမှ ကျွမ်းကျင်သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူတို့၏ မျက်လုံးထဲတွင် ရှန်းဟွမ်တိုက်ကြီးမှ လူများက လူသားများ မဟုတ်ဘဲ အလိုရှိသလို သတ်ဖြတ်နိုင်သော ပုရွက်ဆိတ်များထက် မပိုပေ။

"ဝုန်း"

နွားနတ်ဘုရားနန်းတော်မှ ကျွမ်းကျင်သူသည်လည်း တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ရှေ့သို့ ခြေလှမ်းလှမ်းလိုက်သည်။

"သွားကြစို့၊ လုမင်... သွားကြစို့"

ဟန်ကျုံး၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူက အော်ဟစ်လိုက်၏။

ထိုအခိုက်အတန့်တွင် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဝူယွမ်တောင်၏ တောင်ထိပ်မှ သစ်ပင်ကြီးက တောက်ပသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်၏။

၎င်းတို့အနက် သူတော်စင်ဝိညာဉ်သစ်သီးကိုးလုံး၏ အလင်းရောင်မှာ ပိုမို တောက်ပနေခဲ့သည်။

ရောင်စုံအလင်းတန်းများက လှည့်ပတ်စီးဆင်းနေခဲ့ပြီး မယုံကြည်နိုင်လောက်အောင် ကြွယ်ဝသော ဆေးရနံ့တစ်ခုကလည်း အရပ်ဆယ်မျက်နှာစုံသို့ ပျံ့နှံ့သွားတော့သည်။

သူတော်စင်ဝိညာဉ်သစ်သီးက ရင့်မှည့်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

တိမိသားစုမှ ကျွမ်းကျင်သူများနှင့် နွားနတ်ဘုရားနန်းတော်မှ ကျွမ်းကျင်သူများသည်လည်း သူတို့၏ ခြေလှမ်းများကို ရုပ်သိမ်းလိုက်ပြီး သူတော်စင်ဝိညာဉ်သစ်သီးကို လှမ်းကြည့်လိုက်ကြလေသည်။

လူတိုင်းမှာလည်း ထိုအခါမှပင် သက်ပြင်းချလိုက်နိုင်သည်။ ယွမ်လုမှ ကျွမ်းကျင်သူများက သူတို့ကို ဆက်လက်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိကြတော့ချေ။

"သူတော်စင်ဝိညာဉ်သစ်သီးက ငါတို့ပိုင်တယ်"

တိမိသားစုမှ ကျွမ်းကျင်သူများက သူတော်စင်ဝိညာဉ်သစ်သီးပင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ကြသည်။

"ထွက်သွား"

နွားနတ်ဘုရားနန်းတော်နှင့်‌ တောရိုင်းနဂါးနန်းတော်မှ ကျွမ်းကျင်သူများကလည်း ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးလာခဲ့ကြ၏။

"ဝုန်း... ဝုန်း..."

သူတော်စင်ဝိညာဉ်သစ်သီးအတွက် ယှဉ်ပြိုင်ရန် အင်အားစု သုံးခုမှာ ကစဉ့်ကလျား တိုက်ပွဲတစ်ခုအတွင်းသို့ ကျရောက်သွားတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲတစ်ခုက ဝူယွမ်တောင်၏ အထက် ကောင်းကင်ယံတွင် ဖြစ်ပေါ်လာခဲ့သည်။

"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ။ ဒါတွေက သိုင်းသူတော်စင်နယ်ပယ်ရဲ့ အထွတ်အထိပ် တည်ရှိမှုတွေလား။ သူတို့က သန်မာလွန်းတယ်"

"သိုင်းသူတော်စင်နယ်ပယ်ကို တောက်ပသောသူတော်စင်နယ်ပယ်၊ ‌မဟာသူတော်စင်နယ်ပယ်၊ အန္တိမသူတော်စင်နယ်ပယ်နဲ့ ဧကရာဇ်တစ်ပိုင်းဆိုပြီး ခွဲခြားထားတယ်လို့ ကျုပ်ကြားဖူးတယ်။ ဧကရာဇ်တစ်ပိုင်းတွေရဲ့ အထက်မှာတော့ သိုင်းဧကရာဇ်တွေ ရှိတယ်။ ဒီလူတွေအားလုံးက အန္တိမသူတော်စင်တွေနဲ့ ဧကရာဇ်တစ်ပိုင်းတွေပဲ"

"ဟုတ်တယ်၊ ဧကရာဇ်တစ်ပိုင်းတွေက နိယာမမြစ်တစ်စင်းကို ဖွဲ့စည်းနိုင်ကြတယ်။ ယွမ်လုရဲ့ ကျွမ်းကျင်သူတွေက သန်မာလွန်းပါတယ်"

လူအများက အော်ဟစ်လိုက်ကြသည်။

ထိုစဉ်က ရှန်းဟွမ်တိုက်ကြီးမှ မည်သူမျှ ဤအကြောင်းကို မသိခဲ့ကြချေ။

ထိုအချိန်တွင် ပထမအဆင့် သိုင်းအုပ်ချုပ်သူတစ်ဦးသည် အုပ်စိုးသူတစ်ဦး ဖြစ်ခဲ့သည်။ တတိယအဆင့် သိုင်းဧကရာဇ်များမှာမူ ဒဏ္ဍာရီများ ဖြစ်နေပြီ။

သိုင်းသူတော်စင်နယ်ပယ်ဆိုပါက ပြောနေစရာပင် မလိုတော့ပါ။

လူတိုင်း၏အမြင်တွင် သိုင်းသူတော်စင်နယ်ပယ်က ဒဏ္ဍာရီတစ်ခု ဖြစ်ခဲ့သည်။ မည်သူမျှ သိုင်းသူတော်စင်နယ်ပယ်၏ တိကျသော ခွဲခြားမှုများကို မသိခဲ့ကြချေ။

သို့သော်လည်း ယခုအခါ ကမ္ဘာကြီး ပြန်လည်နိုးထလာမှုနှင့်အတူ လူတိုင်း၏ ကျင့်ကြံမှုမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ယွမ်လုမှ ကျွမ်းကျင်သူများ ရောက်ရှိလာခဲ့ကြ၏။ သိုင်းပညာလမ်းစဉ်၏ ပိုမိုမြင့်မားသော နယ်ပယ်များအကြောင်း အချက်အလက်များလည်း သဘာဝအတိုင်း ပျံ့နှံ့လာခဲ့တော့သည်။

အင်အားစု သုံးခုအကြား တိုက်ပွဲမှာ အလွန်အမင်း ပြင်းထန်သည်။

"လုမင်... ငါတို့ ဒီအခွင့်အရေးကို သုံးပြီး ထွက်သွားကြရအောင်"

ဟန်ကျုံးက စိတ်ကောင်းရှိသူ ဖြစ်သည်။ သူသည် လုမင်နှင့် အခြားသူများကို အမြန်ဆုံး ထွက်ခွာသွားရန် တိုက်တွန်းဆဲ ဖြစ်၏။ အကယ်၍ အင်အားစု သုံးခုအနက် တစ်ခုခုက အနိုင်ရရှိသွားလျှင် သူတို့အားလုံး ပြီးဆုံးသွားပေလိမ့်မည်။

"သွားရမယ်... ကျုပ်တို့က သူတော်စင်ဝိညာဉ်သစ်သီးအတွက် ဒီကို ရောက်နေတာ မဟုတ်လား။ အခု သူတော်စင်ဝိညာဉ်သစ်သီးကလည်း ရင့်မှည့်နေပြီပဲ။ ကျုပ်တို့ နည်းနည်းလောက် ဆွတ်ခူးမသွားဘဲ ထွက်သွားရင် နှမြောစရာကြီး ဖြစ်မနေဘူးလား"

လုမင်က ပြုံးလိုက်သည်။ ထို့နောက် ဟန်ကျုံးနှင့် အခြားသူများ၏ ပါးစပ်အဟောင်းသားဖြင့် မှင်တက်စွာ စိုက်ကြည့်နေမှုအောက်တွင် သူသည် သူတော်စင်ဝိညာဉ်သစ်ပင်ထံသို့ လျှောက်လှမ်းသွားခဲ့၏။

ချင်ယွဲ့သည်လည်း လုမင်၏ နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါသွားခဲ့သည်။

ဟန်ကျုံးနှင့် အခြားသူများလည်း ဘာပြောရမည်မှန်းမသိတော့ပေ။ သူတို့ လုံးဝ မှင်တက်သွားခဲ့ကြရသည်။

အင်အားစု သုံးခုမှ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်နေရသော်လည်း လုမင်က သူတော်စင်ဝိညာဉ်သစ်သီးကို ဆွတ်ခူးချင်သေးသည်။ ၎င်းက သေကြောင်းကြံစည်နေခြင်း ဖြစ်သည်။

ထိုအင်အားစု သုံးခုမှာ ယွမ်လုမှ ဖြစ်ကြသည်။ သူတို့ထဲမှ အချို့က ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြ၏။ ၎င်းတို့က အသက်ရှူရုံမျှဖြင့် သူတို့ကို သတ်ဖြတ်နိုင်လောက်အောင် သန်မာကြပေသည်။

လုမင်က မည်မျှပင် သန်မာနေပါစေ၊ အန္တိမသူတော်စင်များနှင့် ဧကရာဇ်တစ်ပိုင်းများကို ယှဉ်ပြိုင်နိုင်ပါ့မလား။ ၎င်းက လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။

ရှန်းဟွမ်တိုက်ကြီး၏ အသန်မာဆုံး ကျွမ်းကျင်သူများသည်ပင် တောက်ပသောသူတော်စင်နယ်ပယ်သို့သာ ဖောက်ထွက်နိုင်ခဲ့ကြသေးသည်။ သူတို့က ယွမ်လုမှ လူများနှင့် ယှဉ်လျှင် ဝေးကွာလွန်းလှသည်။

လုမင်က ယွမ်လုမှ ဖြစ်ခဲ့လျှင်ပင်၊ ထိုမျှလောက် ငယ်ရွယ်သောအသက်အရွယ်ဖြင့် ဧကရာဇ်တစ်ပိုင်းများကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

သူတို့သာမကဘဲ အခြားသော ရတနာရှာဖွေသူများသည်လည်း လုမင်နှင့် ချင်ယွဲ့တို့က သူတော်စင်ဝိညာဉ်သစ်ပင်ထံသို့ လျှောက်လှမ်းသွားသည်ကို မြင်တွေ့ရသောအခါ သူတို့အားလုံး ကြက်သေသေသွားခဲ့ကြသည်။

"အဲဒီနှစ်ယောက် ဘာလုပ်နေကြတာလဲ"

"ကျားနှစ်ကောင် တိုက်ခိုက်နေချိန်မှာ မုဆိုးက အမြတ်ထုတ်ချင်နေတာမျိုးလား။ ဒါပေမဲ့ ဒါက သေလမ်းရှာနေတယ်ဆိုတာ အရှင်းကြီးပဲလေ"

"သူတို့က မျက်စိကန်းနေတာ ဖြစ်ရမယ်။ သူတို့ လုံးဝ ရူးနေကြပြီပဲ"

လူတိုင်းက လုမင်ကို သေကြောင်းကြံစည်နေသည်ဟု ထင်မှတ်ခဲ့ကြသည်။ သူတို့အမြင်တွင်၊ သူက သေလူတစ်ယောက် ဖြစ်နေပြီ။

အန္တိမသူတော်စင်များနှင့် ဧကရာဇ်တစ်ပိုင်းများ၏ မျက်စိအောက်တွင် သူတော်စင်ဝိညာဉ်သစ်သီးကို ဆွတ်ခူးရန် ကြိုးစားခြင်းမှာ သေကြောင်းကြံစည်နေခြင်းမဟုတ်ပါက ဘာဖြစ်ဦးမည်နည်း။

လူအများစုက မထွက်သွားကြတော့ပေ။ သူတို့သည် ချင်ယွဲ့နှင့် လုမင်တို့ ဘယ်လိုသေမလဲဆိုတာကို သိချင်ခဲ့ကြသည်။

All Chapters