← Chapters

အခန်း ၂၁၆၉

Vol. 152 Ch. 2169

အခန်း ၂၁၆၉

Vol. 152 Ch. 2169

အပိုင်း ( 2169 ) ရှန်းဟွမ်တိုက်ကြီး၏ မျိုးဆက်သစ် ပါရမီရှင်အသစ်။

အသံများက လုမင်၏ နားထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်လာခဲ့သည်။

"အခုက တကယ်ကို ကြီးကျယ်တဲ့ ခေတ်ကြီးပဲ။ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ၊ အဖိုးတန် ဆေးပင်တွေ နေရာအနှံ့မှာ ရှိနေသလို ကျွမ်းကျင်သူတွေလည်း အမြောက်အမြား ပေါ်ထွက်လာနေတယ်။ ဒီအဘိုးကြီးရဲ့ ကျင့်ကြံမှုတောင် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖောက်ထွက်သွားနိုင်ခဲ့ပြီ"

ဆီးနှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော ဆံပင်ပိုင်ရှင် အဖိုးအိုတစ်ဦးက ရှုပ်ထွေးသော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။

မူလက သူ၏ ပါရမီဖြင့်ဆိုလျှင် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့သာ ဖောက်ထွက်နိုင်ပြီး သက်တမ်းလည်း အများကြီး မကျန်တော့ချေ။ သို့သော်လည်း သူ သေလုနီးပါးအချိန်တွင် ကမ္ဘာကြီးက ပြောင်းလဲသွားပြီး အရာအားလုံး ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ၏ ကျင့်ကြံမှုမှာလည်း အဟုန်အရှိန်ဖြင့် တိုးတက်လာခဲ့၏။ သူသည် မကြာသေးမီကပင် သိုင်းဧကရာဇ်နယ်ပယ်သို့ ဖောက်ထွက်နိုင်ခဲ့ပြီး သူ၏ အသက်သက်တမ်းမှာလည်း များစွာ တိုးလာခဲ့သည်။ သို့ဖြစ်ပေရာ၊ သူ မည်သို့ သက်ပြင်းမချဘဲ နေနိုင်မည်နည်း။

ကမ္ဘာကြီးက ယခုအခါ မူလစွမ်းအင်များဖြင့် ကြွယ်ဝနေသည်။ ကျင့်ကြံမှုနှုန်းမှာ များစွာ မြန်ဆန်လာရုံတင်မကဘဲ လူတစ်ဦး၏ သွေးမျိုးဆက်ကို ပြောင်းလဲပေးနိုင်ပြီး ဆင့်ကဲပြောင်းလဲမှုကို ရရှိစေနိုင်သည့် သစ်သီးအချို့လည်း ရှိနေသေးသည်။ ၎င်းက အံ့ဖွယ်ကောင်းလွန်းသည်ဟု ဆိုနိုင်သည်။

ထိုကဲ့သို့သော သူတော်စင်ဆေးပင်များမှာ အနည်းငယ်မျှသာ ရှိသော်လည်း လူအများစုက များစွာ တိုးတက်သွားခဲ့ကြပေသည်။

"ဟုတ်ပါတယ်၊ အခု ကျင့်ကြံမှု ပတ်ဝန်းကျင်က အရမ်းကောင်းလွန်းတယ်။ အတိတ်တုန်းကဆိုရင် ဒါမျိုးက စိတ်ကူးလို့တောင် မရဘူး။ ယွမ်လုက ကျွမ်းကျင်သူတွေတောင် နယ်မြေတွေကို လာရောက်သိမ်းပိုက်နေကြတာ ခင်ဗျား မမြင်ဘူးလား"

"ဒါနဲ့ပတ်သက်လို့ ပြောရရင် မကြာခင်မှာ စတင်တော့မဲ့ အဖြစ်အပျက်ကြီးတစ်ခု ရှိသေးတယ်။ အဲဒါက ယွမ်လုရဲ့ အဓိက အင်အားစု သုံးခုအကြောင်းပဲ။ ယွမ်လုရဲ့ အဓိက အင်အားစု သုံးခုဟာ နယ်မြေတွေကို ပြန်လည်ခွဲဝေဖို့အတွက် နောက်သုံးလနေရင် တိုက်ပွဲတစ်ခု ဆင်နွှဲကြမယ်လို့ ကျုပ်ကြားတယ်"

"အဲလို ကိစ္စမျိုး ရှိလို့လား"

စားသောက်ဆိုင်အတွင်းရှိ လူအများမှာ အံ့ဩသွားခဲ့ကြသည်။

"ကျုပ်က ဒီအတိုင်း ကြားခဲ့တာပါ။ ဒါပေမဲ့ မကြာခင်မှာ လူသိရှင်ကြား ကြေညာလိမ့်မယ်။ အရှေ့တိုင်းက အကောင်းဆုံး ပတ်ဝန်းကျင် ရှိတယ်ဆိုတာ သံသယဖြစ်စရာ မလိုဘူးလေ။ လူအများကြီးက အဲဒါကို မျက်စိကျနေကြတာ။ အခုတော့ အဲဒါကို နွားနတ်ဘုရားနန်းတော်က သိမ်းပိုက်ထားတယ်။ တိမိသားစုနဲ့ နဂါးနန်းတော် နှစ်ခုစလုံးကလည်း အရှေ့ဘက်တိုင်းကို သိမ်းပိုက်ချင်နေကြတာဆိုတော့ တိုက်ပွဲတစ်ခုက သေချာပေါက် ဖြစ်လာလိမ့်မယ်"

"အမှန်ပဲ၊ ဒါပေမဲ့ ယွမ်လုရဲ့ အဓိက အင်အားစု သုံးခုက အင်အားချင်း တူညီပုံရတယ်။ တိုက်ပွဲစတင်တာနဲ့ သေကျေပျက်စီးမှုတွေ အများကြီး ရှိလာလိမ့်မယ်"

"မဟုတ်သေးဘူး၊ ဒီတစ်ကြိမ်မှာတော့ အင်အားစု သုံးခုဟာ အထူးနည်းလမ်းတစ်ခုကို အသုံးပြုလိမ့်မယ်လို့ ကြားတယ်။ အင်အားစု သုံးခုက သူတို့ရဲ့ ပါရမီရှင် လူငယ်တွေကို စေလွှတ်ပြီး တိုက်ခိုက်စေလိမ့်မယ်တဲ့။ ဒါ့အပြင် သူတို့က ရှန်းဟွမ်တိုက်ကြီးရဲ့ ဒေသခံ ပါရမီရှင်တွေ ဖြစ်ရမယ်။ နယ်မြေခွဲဝေမှုကို သူတို့ရဲ့ အောင်မြင်မှုတွေအပေါ် မူတည်ပြီး ဆုံးဖြတ်မှာ"

"တကယ်ပဲ အဲလိုကိစ္စမျိုး ရှိတာလား။ ရှန်းဟွမ်တိုက်ကြီးရဲ့ ဒေသခံ ပါရမီရှင်တွေကြားက တိုက်ပွဲပေါ့။ ကြည့်ရတာ နောက်သုံးလနေရင်တော့ ပွဲကောင်းတစ်ပွဲ ကြည့်ရတော့မယ်"

စားသောက်ဆိုင်အတွင်းရှိ လူအများ စိတ်ဝင်စားသွားကြသည်။ သူတို့က အစောဆုံး သတင်းရရှိထားသူ၏ ဘေးတွင် ဝိုင်းအုံလာကြတော့သည်။

လူအများအပြား၏ အာရုံစိုက်ခြင်းကို ခံရသောအခါ ထိုလူက အလွန်ကျေနပ်သွားပုံရသည်။ သူက အခြားအရာများကိုပါ အာပေါင်အာရင်းသန်သန်ဖြင့် ပြောဆိုနေတော့သည်။

သူက နောက်သုံးလမှာ ကျင်းပမည့် တိုက်ပွဲကို နဂါးမဟာမိတ်၏ ဌာနချုပ်ဟောင်းဖြစ်သော နဂါးဧကရာဇ်မြို့တော်တွင် ကျင်းပရန် အလားအလာ အများဆုံး ရှိသည်ဟု ဆိုသည်။

လက်ရှိတွင် နဂါးဧကရာဇ်မြို့တော်ကို တိမိသားစုက သိမ်းပိုက်ထားပေသည်။

'ငါ့အဖေနဲ့ အမေ ဘယ်လိုနေလဲ မသိဘူး။ သူတို့တွေ နဂါးဧကရာဇ်မြို့တော်မှာ ရှိနေဦးမလား'

လုမင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်နေခဲ့၏။

"ပါရမီရှင်တွေအကြောင်း ပြောရရင်တော့ ရှန်းဟွမ်တိုက်ကြီးဟာ အခု ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ။ အထူးသဖြင့် ထိပ်သီး ပါရမီရှင် ဆယ်ယောက်ပေါ့။ သူတို့အားလုံးက လူတွေထဲက နဂါးတွေ... ဖီးနစ်တွေပဲ။ သူတို့ရဲ့ ကျင့်ကြံမှုတွေကလည်း အရမ်းသန်မာကြတယ်"

"ဒါပေါ့၊ ထိပ်သီး ပါရမီရှင် ဆယ်ယောက်လုံးက ယွမ်လုက ကျွမ်းကျင်သူတွေရဲ့ တပည့်တွေ ဖြစ်ကြတယ်လို့ ပြောကြတယ်။ သူတို့က ဘယ်လိုလုပ် မသန်မာဘဲ နေမလဲ"

"အထူးသဖြင့် နံပါတ်တစ် ပါရမီရှင် ရန်ချွမ်ချင်းပေါ့။ သူက သမိုင်းတစ်လျှောက်မှာ ရှားရှားပါးပါး တွေ့ရခဲတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ။ သူ့ရဲ့ ပါရမီက အတုမရှိလို့ တိရှစ်ထျန်းကိုယ်တိုင်တောင် သူ့ကို တပည့်အဖြစ် လက်ခံထားတယ်"

"ဟုတ်တယ်၊ ရန်ချွမ်ချင်းအကြောင်း ပြောရရင် ဒီကောင်လေးက တကယ်ကို တုန်လှုပ်စရာကောင်းတာ။ အခုအချိန်မှာ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူးလေ။ ကျုပ်အမြင်အရဆိုရင် နဂါးမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် လုမင် တစ်ယောက်ပဲ ရန်ချွမ်ချင်းနဲ့ နှိုင်းယှဉ်နိုင်လိမ့်မယ်"

"အမှန်ပဲ"

လူတိုင်းက ဆက်လက် ဆွေးနွေးနေခဲ့ကြသည်။ နောက်ဆုံးတွင်၊ အကြောင်းအရာများက လုမင်ထံသို့ အမှန်တကယ်ပင် ရောက်ရှိသွားခဲ့ပေသည်။ သို့သော်၊ သူတို့ပြောဆိုနေသော မဟာမိတ်ခေါင်းဆောင်က ထိုနေရာတွင်ပင် ထိုင်နေသည်ကို သူတို့ လုံးဝ မသိရှိကြချေ။

"ဟမ့်... အသိဉာဏ်မရှိတဲ့ လူတစ်စုပဲ။ ခင်ဗျားတို့က ဘာသိကြလို့လဲ"

ထိုအခိုက်အတန့်တွင် စားသောက်ဆိုင်တစ်ခုလုံး၌ အေးစက်သော ရယ်မောသံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။

ထို့နောက် သီးသန့်အခန်းတစ်ခုထဲမှ လူငယ်တစ်ဦး လျှောက်လှမ်းထွက်လာခဲ့၏။

ထိုလူငယ်မှာ ပိန်ပိန်ပါးပါး ဖြစ်သည်။ သူသည် မျက်လုံးပေါက် ရှည်လျားသလောက် ကျဉ်းမြောင်း‌မှုရှိလေသည်။

"ဒီကသခင်လေး... ခင်ဗျားက ဘာကို ဆိုလိုတာလဲ"

အစောပိုင်းက ဆွေးနွေးနေခဲ့သော အဖိုးအိုက လက်ယှက်ပြကာ မေးမြန်းလိုက်သည်။

"လူမိုက်တစ်စုပဲ။ ခင်ဗျားတို့က ကမ္ဘာ့သူရဲကောင်းတွေအကြောင်းကို ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် ပြောရဲရတာလဲ။ လုမင်က ဘာကောင်မလို့လဲ။ သူက ရန်ချွမ်ချင်းနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ။ တကယ်တမ်းမှာ သူက ရန်ချွမ်ချင်းရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မထိုက်တန်ဘူး"

"ရန်ချွမ်ချင်းအကြောင်း မပြောပါနဲ့ဦး။ လုမင်က ထိပ်သီး ပါရမီရှင် ဆယ်ယောက်ထဲက ဘယ်တစ်ယောက်နဲ့ နှိုင်းယှဉ်လို့ ရလို့လဲ"

ပိန်ပိန်ပါးပါး လူငယ်က လှောင်ပြောင်လိုက်သည်။

အခြားလူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့၏။

သို့သော်လည်း သူတို့က အခြေအနေကို ပြန်လည် တွေးတောမိလိုက်သည်။ ယခုအခါတွင် အရာအားလုံးက ကွဲပြားသွားခဲ့ပြီ။

ထိုစဉ်က လုမင်၏ ကျင့်ကြံမှုအဆင့်မှာ မည်မျှ ရှိခဲ့ပါသနည်း။ သူက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ပင် မဖောက်ထွက်ရသေးချေ။

ယခုအခါ ထိပ်သီး ပါရမီရှင် ဆယ်ယောက်၏ ကျင့်ကြံမှုအဆင့်များက အတိုင်းအထက်အလွန် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူတို့ထဲမှ အများစုက သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီဟု ပြောကြ၏။ ကွာခြားချက်က ကြီးမားလွန်းပေသည်။

ဤပါရမီရှင်များ၏ အောင်မြင်မှုများမှာ လုမင်ထက် များစွာ သာလွန်နေသည်မှာ အမှန်ပင် ဖြစ်သည်။

"ဟမ့်... တကယ်လို့ လုမင်သာ ဒီမှာ ရှိနေဦးမယ်ဆိုရင် ထိပ်သီး ပါရမီရှင် ဆယ်ယောက်ထဲက ဘယ်သူမဆို သူ့ကို ဖိနှိပ်နိုင်လိမ့်မယ်"

ပိန်ပိန်ပါးပါး လူငယ်က ထပ်မံ ပြောဆိုလိုက်ပြန်သည်။

"မင်းက စားလို့မသေ ကြွားလို့သေမဲ့ ကောင်မျိုးပဲ။ နဂါးမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်က သမိုင်းတစ်လျှောက်မှာ အထူးချွန်ဆုံးပဲ။ အဲဒီ ပါရမီရှင်လို့ ခေါ်တဲ့လူတွေက နဂါးမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ။ ရယ်စရာပဲ"

ထိုအခိုက်အတန့်တွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဘယ်သူလဲကွ။ ထွက်ခဲ့စမ်း"

ပိန်ပိန်ပါးပါး လူငယ်က အေးစက်စွာ အော်ဟစ်လိုက်၏။

ထို့နောက် စားသောက်ဆိုင်၏ လှေကားထစ်များထံမှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။ လုလင်ငယ်တစ်ဦးနှင့် မိန်းမပျိုတစ်ဦးတို့ လျှောက်လှမ်းတက်လာခဲ့ကြသည်။

'ရှောင်ရှန်၊ ရှောင်ရို့'

လုမင်၏ မျက်လုံးများမှာ အံ့အားသင့်မှုဖြင့် တောက်ပသွားခဲ့သည်။

ထိုလုလင်ငယ်နှင့် မိန်းကလေးမှာ လုမင်၏ အမည်ခံတပည့်များ ဖြစ်ကြသော ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့ပင်။

မည်မျှ တိုက်ဆိုင်လိုက်ပါသနည်း။ သူက သူတို့ကို ဤနေရာတွင် တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီးနောက် သူတို့နှစ်ဦးက များစွာ ရင့်ကျက်လာခဲ့ကြပြီ ဖြစ်သည်။ သူတို့တစ်ဦးစီက ထူးခြားသော အရှိန်အဝါများ ရှိနေခဲ့ကြ၏။

သို့သော်လည်း သူတို့နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအရာများ ရှိနေခဲ့ကြသည်။

လုမင် စော်ကားခံရခြင်းအတွက် သူတို့ အလွန်အမင်း ဒေါသထွက်နေကြခြင်း ဖြစ်ပေသည်။

"မင်းတို့က ဘယ်သူတွေလဲ"

ပိန်ပိန်ပါးပါး လူငယ်က အေးစက်သော အပြုံးဖြင့် မေးလိုက်သည်။

"ကျွမ်းရှောင်ရှန်"

"ကျွမ်းရှောင်ရို့"

သူတို့နှစ်ဦးက သူတို့၏ နာမည်များကို ပြောပြလိုက်ကြသည်။

"မင်းတို့ပဲကိုး။ ဒဏ္ဍာရီလာ လုမင်ရဲ့ တပည့်ကြီးနှစ်ယောက်ပေါ့။ ဟားဟားဟား...၊ ဘာလဲ... မင်းတို့ရဲ့ ဆရာအတွက် ကလဲ့စားချေဖို့ ကြိုးစားနေတာလား။ ဒါပေမဲ့ ငါက အမှန်အတိုင်း ပြောနေတာပဲ။ မင်းတို့ရဲ့ ဆရာက အတိတ်တုန်းကတော့ ထူးချွန်ကောင်း ထူးချွန်ခဲ့လိမ့်မယ်၊ ဒါပေမဲ့ အခုတော့ သူက သာမန်လူတစ်ယောက်ပဲ။ သူက လက်ရှိ အထူးချွန်ဆုံး ပါရမီရှငခဆယ်ယောက်နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ"

ပိန်ပိန်ပါးပါး လူငယ်က လှောင်ပြောင်လိုက်သည်။ သူ့အသံထဲတွင် ကဲ့ရဲ့ရှုံ့ချမှုများ ပြည့်နှက်နေခဲ့၏။

"ကမ္ဘာကြီး မပြောင်းလဲခင်တုန်းက ငါ့ဆရာဟာ အရှေ့တိုင်းလွင်ပြင်ရဲ့ ဝေးလံခေါင်သီတဲ့ နေရာတစ်ခုကနေ လာခဲ့တာ။ သူဟာ လှိုင်းတံပိုးတွေကို ဆန့်ကျင်ပြီး ကမ္ဘာ့သူရဲကောင်းတွေကို တိုက်ခိုက်ခဲ့တယ်။ အဆုံးမှာတော့ သူဟာ ရှန်းဟွမ်တိုက်ကြီးရဲ့ အုပ်စိုးရှင်အားလုံးကို အနိုင်ယူပြီး နဂါးမဟာမိတ်အဖွဲ့ကို တည်ထောင်နိုင်ခဲ့တယ်။ ဒီလိုတိုက်ပွဲမှတ်တမ်းမျိုးကို ဘယ်သူ စွမ်းဆောင်နိုင်လို့လဲ၊ ဘယ်သူက သူ့ကို နှိုင်းယှဉ်နိုင်မှာလဲ"

"ထိပ်သီး ပါရမီရှင် ဆယ်ယောက်လို့ ခေါ်တဲ့လူတွေက ကောင်းမွန်တဲ့ ပတ်ဝန်းကျင်နဲ့ ယွမ်လုကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်မှုကို အမှီပြုပြီးမှ အောင်မြင်မှုအချို့ ရရှိကြတာ။ ငါ့ဆရာနဲ့ နှိုင်းယှဉ်ရင် သူတို့က ဘာမှမဟုတ်ဘူး"

ကျွမ်းရှောင်ရှန်က ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"မင်း အတင့်ရဲလိုက်တာ"

ပိန်ပိန်ပါးပါး လူငယ်က အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာခဲ့၏။

"ဒူးထောက်ပြီး မင်းတို့ရဲ့ ပါးစပ်ကို မင်းတို့ဘာသာ ပြန်ရိုက်စမ်း။ နောက်ပြီးတော့ ခုနက ပြောခဲ့တဲ့ စကားတွေကို ပြန်ရုပ်သိမ်းလိုက်"

"ဟမ့်... ငါ အမှန်အတိုင်း ပြောနေတာပဲ။ တကယ်လို့ ငါ့ဆရာသာ ထွက်မသွားခဲ့ရင် ထိပ်သီး ပါရမီရှင်ဆယ်ယောက်ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ငါ့ဆရာ ရှိနေတုန်းက ရန်ချွမ်ချင်းတောင် ဘာမှမဟုတ်ဘူးလေ။ သူက ငါ့ဆရာနဲ့ တွေ့ဆုံဖို့တောင် အခွင့်အရေး မရှိခဲ့ဘူး"

ကျွမ်းရှောင်ရှန်က လှောင်ပြောင်လိုက်သည်။ သူက ပိန်ပိန်ပါးပါး လူငယ်ကို လုံးဝ မကြောက်ရွံ့ချေ။

"မင်းတို့က တကယ်လေလုံးထွားတာပဲ။ ဒီနေ့ ငါ လီခယ်က နဂါးမဟာမိတ်အဖွဲ့ ခေါင်းဆောင်ရဲ့ တပည့်တွေရဲ့ စွမ်းရည်တွေကို ကြည့်ရသေးတာပေါ့"

ပိန်ပိန်ပါးပါး လူငယ်၏ မျက်နှာက ပိုမို အေးစက်သွားခဲ့သည်။ သူ့မျက်ဝန်းတွင် သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားခဲ့၏။ သူ၏ အေးစက်သော အရှိန်အဝါကြောင့် စားသောက်ဆိုင်အတွင်းရှိ အပူချိန်မှာ အလျင်အမြန် ကျဆင်းသွားရတော့သည်။

"ဘာ... သူက ထိပ်သီး ပါရမီရှင် ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လီခယ်လား"

ပိန်ပိန်ပါးပါး လူငယ်က သူ့နာမည်ကို ပြောလိုက်ပြီးနောက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ ဤပိန်ပိန်ပါးပါး လူငယ်က ထိပ်သီး ပါရမီရှင်ဆယ်ယောက်ထဲမှ တစ်ဦး ဖြစ်နေခဲ့၏။

ကျွမ်းရှောင်ရှန်က ထိပ်သီး ပါရမီရှင်ဆယ်ယောက်မှာ လုမင်ကို မယှဉ်နိုင်ဘူးဟု ပြောခဲ့ရုံဖြင့် သူ ဒေါသပေါက်ကွဲသွားသည်မှာ အံ့သြစရာ မရှိတော့ချေ။

"လီခယ်က ရန်ချွမ်ချင်းရဲ့ သစ္စာရှိတဲ့ ထောက်ခံသူတစ်ယောက်ဖြစ်ပြီး သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ ကျုပ် ကြားတယ်"

တစ်စုံတစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။

ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့၏ မျက်နှာများလည်း လေးနက်သွားခဲ့ကြပေသည်။

All Chapters