← Chapters

အခန်း ၂၁၇၀

Vol. 152 Ch. 2170

အခန်း ၂၁၇၀

Vol. 152 Ch. 2170

အပိုင်း ( 2170 ) လည်ပင်းကိုဆေးပြီး စောင့်နေခိုင်းလိုက်။

ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့က ရှန်းဟွမ်တိုက်ကြီး၏ ထိပ်သီးပါရမီရှင်ဆယ်ယောက်မှာ အလွန် အရည်အချင်းရှိကြသူများ ဖြစ်ကြောင်း သိကြသည်။

အရေးကြီးဆုံးအချက်မှာ သူတို့သည် ယွမ်လုမှ အကျော်အမော်များ၏ တပည့်များ ဖြစ်ကြပြီး အားကောင်းသော တာအိုနယ်မြေ သိုင်းပညာကို ကျင့်ကြံထားကြခြင်းပင်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက အတိုင်းအထက်အလွန်ဖြစ်ပြီး သူတို့ ဆန့်ကျင်တိုက်ခိုက်နိုင်မည် မဟုတ်ပါ။

သို့သော်လည်း ယခုအခါ လုမင်၏ ဂုဏ်သတင်းအတွက် သူတို့ တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

"အပြင်ထွက်ပြီး တိုက်ကြစို့"

ကျွမ်းရှောင်ရှန်က ပြောလိုက်သည်။ ထို့နောက် သူသည် ပြတင်းပေါက်မှတစ်ဆင့် ပျံသန်းထွက်ခွာသွားခဲ့၏။

ကျွမ်းရှောင်ရို့သည်လည်း သူ့နောက်မှ လိုက်ပါသွားတော့သည်။

"ဟမ့်"

လီခယ်လည်း ပျံသန်းထွက်ခွာခဲ့သည်။ သူ၏မျက်လုံးများမှာမူ အေးစက်စက် အလင်းများ တောက်ပနေခဲ့ပြီ။

"သွားပြီး ကြည့်ကြရအောင်"

စားသောက်ဆိုင်အတွင်းရှိ လူများသည်လည်း ပွဲကောင်းကို မြင်ရတော့မည်မို့ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်ခွာသွားကြသည်။

"ချင်ယွဲ့... ကိုယ်တို့လည်း အပြင်ထွက်ကြည့်ရအောင်"

လုမင်က ချင်ယွဲ့ကို ပြောလိုက်သည်။

ချင်ယွဲ့က ခေါင်းညိတ်ပြလိုက်၏။ သူတို့နှစ်ဦးလည်း စားသောက်ဆိုင်အပြင်ဘက်သို့ ပျံသန်းထွက်ခွာလာခဲ့သည်။

ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့က လီခယ်၏ ပြိုင်ဘက်မဟုတ်ကြောင်း လုမင် သိထားသည်။

လက်ရှိတွင် ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့၏ ကျင့်ကြံမှုမှာ အဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိနေပြီ။

ထိုစဉ်ကနှင့် နှိုင်းယှဉ်လျှင် သူတို့သည် အဆများစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

မူလက သူတို့၏ ပါရမီဖြင့်ဆိုလျှင် ဤအဆင့်သို့ ရောက်ရှိရန် ခဲယဉ်းလိမ့်မည်။ သို့သော်လည်း ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာကြီးပြောင်းလဲသွားချိန်တွင် ယွမ်လုတိုက်ကြီး၏ ကျွမ်းကျင်သူများ မရောက်ရှိလာသေးချေ။ နဂါးမဟာမိတ်က ရှန်းဟွမ်တိုက်ကြီး၏ အုပ်စိုးရှင် ဖြစ်ခဲ့သဖြင့် သူတော်စင်ဆေးပင် အမြောက်အမြားကို ရရှိခဲ့ကြမှာ အသေအချာပင် ဖြစ်သည်။

လုမင်၏ အမည်ခံတပည့်များ ဖြစ်ကြသည့်အတိုင်း ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့သည်လည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြလိမ့်မည်။ သူတို့၏ ကျင့်ကြံမှုက ဤအဆင့်သို့ ရောက်ရှိလာခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။

သို့သော်လည်း လီခယ်က ပိုမိုစွမ်းအားကြီးသည်။ သူက သူတော်စင်တစ်ပိုင်း ပထမအဆင့်သို့ ရောက်ပြီးဖြစ်၍ သူတို့နှစ်ဦးထက် များစွာ ပိုမိုသန်မာပေသည်။

ကျွမ်းရှောင်ရှန်၊ ကျွမ်းရှောင်ရို့နှင့် လီခယ်တို့က ကောင်းကင်ထက်တွင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။

သူတို့၏ ပတ်ပတ်လည်တွင် လူများ ဝိုင်းအုံနေကြ၏။

လီခယ်က ထိပ်သီးပါရမီရှင်ဆယ်ယောက်ထဲမှ တစ်ဦးဖြစ်ပြီး ကျန်နှစ်ဦးက နဂါးမဟာမိတ်အဖွဲ့ ခေါင်းဆောင်ဟောင်း၏ တပည့်များ ဖြစ်ကြောင်း ကြားသိရသောအခါ လူအများအပြားမှာ စိတ်ဝင်စားလာကြတော့သည်။

"မင်းတို့နှစ်ယောက် အတူတူ တိုက်ခိုက်ကြစမ်း။ ဒါကို မြန်မြန်အဆုံးသတ်ရအောင်။ ငါ အရက်သွားသောက်ရဦးမယ်"

လီခယ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ငါ တစ်ယောက်တည်းပဲ မင်းကို တိုက်မယ်"

ကျွမ်းရှောင်ရှန်က ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူ့လက်ထဲတွင် လှံရှည်တစ်လက် ပေါ်ထွက်လာခဲ့၏။

"ဝုန်း"

သူက လှံရှည်ကို အောက်သို့ ဖိချလိုက်ရာ မြေကမ္ဘာနယ်ပယ်က လီခယ်ထံသို့ ပျံ့နှံ့သွားတော့သည်။

"အရေးမပါတဲ့ စွမ်းရည်ပဲ"

လီခယ်က နှာခေါင်းရှုံ့လိုက်သည်။ သူ့လက်ထဲမှ ဓားအလင်းက ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ကို ဖြတ်သန်းသွား၏။

ကျွမ်းရှောင်ရှန်၏ မြေကမ္ဘာနယ်ပယ်က လီခယ်၏ ဓားအလင်းကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သည်။ ကျွမ်းရှောင်ရှန်က အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း သူ့ရင်ဘတ်တွင် သွေးများ စီးကျနေသည့် ဓားဒဏ်ရာတစ်ခု ဖြစ်ပေါ်လာတော့သည်။

တစ်ကွက်တည်းဖြင့် ကျွမ်းရှောင်ရှန် ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။

"ဟားဟားဟား... ဘယ်လိုကောင်လဲဟ။ တစ်ကွက်တောင် မတားနိုင်ဘူး။ ဒါက လုမင်ရဲ့ တပည့်လား...၊ လုမင်ကလည်း ထင်သလောက် မကြီးကျယ်နိုင်ပါဘူး။ မင်းတို့တွေက သူ့ကို ဘယ်လောက်တောင် သန်မာတယ်ဆိုပြီး ကြွားလုံးထုတ်နေကြရုံပဲ"

လီခယ်က လှောင်ပြောင်ရယ်မောလိုက်သည်။

"ငါ့ဆရာကို စော်ကားခွင့်မပြုဘူးကွ။ ငါ့ရဲ့ ပါရမီက ညံ့ဖျင်းတာပါ၊ ငါက ငါ့ဆရာရဲ့ တစ်သောင်းပုံတစ်ပုံတောင် မရှိဘူး"

ကျွမ်းရှောင်ရှန်၏ မျက်လုံးများ နီမြန်းလာကာ အော်ဟစ်လိုက်သည်။

"မင်းက အခုထိ ကြွားလုံးထုတ်နေတုန်းပဲကိုး။ ငါ ပြောပြီးသားပဲ၊ မင်းတို့နှစ်ယောက်လုံး အတူတူ လာခဲ့ကြပါဆို"

လီခယ်က ကျွမ်းရှောင်ရို့ကို ကြည့်ပြီး လှောင်ပြောင်ပြောဆိုလိုက်သည်။

ကျွမ်းရှောင်ရို့လည်း ရှေ့သို့ တက်လှမ်းလာပြီး ကျွမ်းရှောင်ရှန်၏ ဘေးတွင် ရပ်လိုက်၏။

"ဝုန်း..."

နှစ်ဖက်စလုံးက ထပ်မံ၍ တိုက်ခိုက်ကြပြန်သည်။ ဤတစ်ကြိမ်တွင် ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့ ပူးပေါင်းကာ လီခယ်ကို တိုက်ခိုက်ကြခြင်း ဖြစ်သည်။

သို့သော်လည်း သူတို့က ပြိုင်ဘက် မဟုတ်ကြသေးချေ။ အကွက်အနည်းငယ်အတွင်းမှာပင် ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့ ရှုံးနိမ့်သွားခဲ့ရသည်။

"ဟားဟားဟား... ညံ့လိုက်ကြတာ၊ ဒီပုံစံမျိုးနဲ့ မင်းတို့ဆရာ ဒီမှာ ရှိနေရင်တောင် ငါ့ရဲ့ ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး"

လီခယ်က ဟားတိုက် ရယ်မောလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့တို့ အော်ဟစ်လိုက်ကြ၏။

"ရှုံးနိမ့်သွားတာတောင် မင်းတို့က ဆူညံပူညံ လုပ်နေသေးတာပါလား။ ဒီနေ့ ငါ မင်းတို့နှစ်ယောက်လုံးကို ဒုက္ခိတဖြစ်အောင်လုပ်ပြီး တကယ့် အမှိုက်တွေ ဖြစ်အောင် လုပ်ပေးမယ်"

လီခယ်က ကျွမ်းရှောင်ရှန်နှင့် ကျွမ်းရှောင်ရို့ထံသို့ ပြေးဝင်သွားသည်။ သူ့မျက်လုံးများက အေးစက်သွားခဲ့၏။ သူ့ထံမှ အလွန်သန်မာ‌ေသာ ဓားအလင်း ဖြာထွက်လာတော့သည်။

"မင်းကို ငါ အသက်နဲ့လဲပြီး တိုက်ခိုက်မယ်ကွ"

ကျွမ်းရှောင်ရှန်ကလည်း ဟိန်းဟောက်လိုက်ပြီး လှံရှည်ဖြင့် ရိုက်ချလိုက်သည်။ ၎င်းမှာ ထိုက်ရှန်းတောင်ဖြင့် ဖိချလိုက်သကဲ့သို့ ဖြစ်၏။

'ရှောင်ရှန်၊ ရှောင်ရို့... မင်းတို့ရဲ့ ခွန်အားက အားနည်းလွန်းသေးတယ်'

လူအုပ်ထဲတွင် လုမင်က ခေါင်းခါယမ်းလိုက်သည်။ ထို့နောက်တွင် သူက ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး စွမ်းအင်လှိုင်းတစ်ခုကို ကျွမ်းရှောင်ရှန်၏ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ပို့လွှတ်လိုက်၏။

ချင်ယွဲ့မှတစ်ပါး အခြားမည်သူမျှ ဤအရာကို သတိမပြုမိကြချေ။

"ကလေးကလား နည်းလမ်းတွေ... ပျက်စီးစမ်း"

လီခယ်က ငေါက်ငမ်းလိုက်သည်။ သူသည် ကျွမ်းရှောင်ရို့၏ လှံရိုက်ချက်ကို တိုက်ရိုက်ဖျက်ဆီးပြီး ကျွမ်းရှောင်ရှန်ကို ဒုက္ခိတဖြစ်အောင် လုပ်ချင်နေသည်။

"ဝုန်း"

ရုတ်တရက်၊ ကျွမ်းရှောင်ရှန်၏ လှံရိုက်ချက် စွမ်းအားက တိုးမြင့်လာခဲ့သည်။ လှံအလင်းက မီတာတစ်ထောင်ရှည်လျားလာပြီး လီခယ်အပေါ်သို့ တောင်တန်းကြီးတစ်ခုကဲ့သို့ ဖိချလိုက်၏။

လီခယ်၏ ဓားအလင်းက လေပြင်းကြားမှ ဖယောင်းတိုင်မီးတောက်ကဲ့သို့ ချက်ချင်း ငြိမ်းသေ ပျောက်ကွယ်သွားရတော့သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အား"

လီခယ်က မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

ထို့နောက် ကျွမ်းရှောင်ရို့၏ လှံရိုက်ချက်က လီခယ်အပေါ်သို့ ဖိချလိုက်၏။ သူက ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်သို့ ကျရောက်သွားတော့သည်။ သူပြုတ်ကျသွားရာ နေရာတွင် တွင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ ခွေးသေ‌တစ်ကောင်ကဲ့သို့ သွေးများ တပွက်ပွက် အန်ထွက်လာခဲ့သည်။

"ဘာ... ဘာတွေ ဖြစ်နေတာလဲ"

ကျွမ်းရှောင်ရှန် မှင်တက်သွားခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ်ထဲသို့ စွမ်းအင်လှိုင်းတစ်ခု ဝင်ရောက်လာပြီး သူ့အင်အားများ တိုးမြင့်ပေးလိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရပေသည်။

'တစ်စုံတစ်ယောက်က ငါ့ကို ကူညီနေတာပဲ'

ကျွမ်းရှောင်ရှန်က ဤအရာကို ချက်ချင်း တွေးမိသွားခဲ့သည်။

သူ့ဘေးမှ ကျွမ်းရှောင်ရို့သည်လည်း မှင်တက်နေခဲ့၏။

ကျွမ်းရှောင်ရှန်က ဘယ်အချိန်ကစပြီး ရုတ်တရက် ဤမျှ သန်မာသွားရသနည်း။

သူတို့၏ ပတ်ပတ်လည်ရှိ အခြားသူများလည်း ဆွံ့အကုန်ကြသည်။

လွန်ခဲ့သည့် ခဏလေးတင်က ကျွမ်းရှောင်ရှန်သည် လီခယ်၏ ဖိနှိပ်ခြင်းကို လုံးဝ ခံနေရခြင်း ဖြစ်သည်။ ယခုတော့ မျက်တောင်ခတ်ရုံမျှအတွင်းမှာ ကျွမ်းရှောင်ရှန်က အဘယ်ကြောင့် တခြားလူတစ်ယောက်ကဲ့သို့ ဖြစ်သွားရသနည်း။ သူက လီခယ်ကို လုံးဝ ဖိနှိပ်လိုက်ပြီး ပြင်းထန်စွာပင် ဒဏ်ရာရရှိစေခဲ့သည်။

ဘာတွေ ဖြစ်နေပါသနည်း။

"ဝုန်း..."

ကျွမ်းရှောင်ရှန်က ဤအခွင့်အရေးကို လက်လွတ်မခံနိုင်ပါ။ သူက ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက လီခယ်အပေါ်သို့ ဖိချလိုက်၏။

လီခယ်လည်း အော်ဟစ်လိုက်ပြီး သူ့ကိုယ်သူ ကာကွယ်ရန် သူ့အင်အားရှိသမျှကို အသုံးပြုလိုက်သည်။

သို့သော်လည်း ယခုအခါ ကျွမ်းရှောင်ရှန်က လုမင်၏ စွမ်းအားကို အမှီပြုထားခြင်း ဖြစ်သည်။ သူက မည်သို့ ကာကွယ်နိုင်မည်နည်း။

အားကောင်းသော စွမ်းအားမှာ ရှေးဟောင်းတောင်ကြီးတစ်ခုဖြင့် လီခယ်အပေါ်သို့ ဖိချလိုက်သကဲ့သို့ ဖြစ်နေသည်။ လီခယ်က ခြေလေးချောင်း မြေကြီးပေါ်တွင် ကပ်နေသည့် ဖားတစ်ကောင်ကဲ့သို့ ဖြစ်နေတော့သည်။

သူက အသည်းအသန် ရုန်းကန်နေသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ထိုစွမ်းအား၏ ဖိအားအောက်တွင် သူ အော်ဟစ်ကာ သွေးများ အန်ထုတ်လိုက်ရ၏။ သူက အလွန် သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ။

"ဘယ်သူလဲ။ ဘယ်သူက သူ့ကို ကူညီနေတာလဲကွ။ ငါ့ရဲ့ ဆရာက တိမိသားစုက ဧကရာဇ်တစ်ပိုင်းပဲ။ မင်းက ဘယ်သူလဲ... သတ္တိရှိရင် မင်းရဲ့ နာမည်ကို ပြောစမ်း"

လီခယ်က အော်ဟစ်လိုက်သည်။

သူက မိုက်မဲသူ မဟုတ်ချေ။ ကျွမ်းရှောင်ရှန်ကို လျှို့ဝှက်ကူညီနေသည့် ကျွမ်းကျင်သူတစ်ဦး ရှိရမည်ကို သူ ချက်ချင်း သဘောပေါက်လိုက်သည်။ သို့မဟုတ်ပါက ကျွမ်းရှောင်ရှန်၏ အင်အားမှာ ဤမျှ တိုးတက်လာစရာ အကြောင်းမရှိချေ။

ပတ်ပတ်လည်ရှိ ကြည့်ရှုနေသူများလည်း အံ့ဩခဲ့ကြသည်။

တစ်စုံတစ်ယောက်က ကျွမ်းရှောင်ရှန်ကို လျှို့ဝှက် ကူညီနေခြင်းကသာ ဖြစ်‌နိုင်ချေအရှိဆုံးပင်။

"ဘယ်သူလဲ။ မင်းမှာ အရည်အချင်းရှိရင် ထွက်ခဲ့စမ်း။ တိမျိုးနွယ်စုကို ဆန့်ကျင်ရဲတဲ့လူတွေက ကောင်းမွန်တဲ့ အဆုံးသတ် ရှိမှာ မဟုတ်ဘူး"

လီခယ်က အော်ဟစ်လိုက်သည်။

"ဟားဟားဟား... မင်းက ရှန်းဟွမ်တိုက်ကြီးက လူတစ်ယောက်ပဲ။ ဘယ်အချိန်ကစပြီး တိမျိုးနွယ်စုရဲ့ အဖွဲ့ဝင် ဖြစ်သွားတာလဲ။ ဒါမှမဟုတ် မင်းက တိမျိုးနွယ်စုရဲ့ ခွေးတစ်ကောင် သက်သက်ပဲလား"

ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး လုမင်က ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

"မင်းက တိုက်ခိုက်ခဲ့တဲ့ လူလား"

လီခယ်က လုမင်ကို စိုက်ကြည့်လိုက်၏။

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပင်။

"မင်းက တိမျိုးနွယ်စုကို ဆန့်ကျင်ရဲတယ်လား။ တိမျိုးနွယ်စုက မင်းကို လွှတ်ထားမှာ မဟုတ်ဘူး"

လီခယ်က အော်ဟစ်လိုက်သည်။

"ငါက တိမျိုးနွယ်စုဆီကို အနှေးနဲ့အမြန် လာခဲ့မှာပါ။ တိရှစ်ထျန်းကိုသာ သူ့ရဲ့ လည်ပင်းကို ဆေးပြီး စောင့်နေဖို့ ပြောလိုက်"

လုမင်က သတ်ဖြတ်လိုစိတ်ဖြင့် အေးစက်စွာ ပြောလိုက်၏။

လူအများက ထိတ်လန့်သွားခဲ့ကြသည်။

လုမင်က အလွန် မောက်မာသည်။ သူသည် တိရှစ်ထျန်းကိုပင် လည်ပင်းဆေးပြီး စောင့်နေရန် ပြောခိုင်းလိုက်၏။

တိရှစ်ထျန်းက မည်သူနည်း။

သူသည် ယွမ်လုမှ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ သိုင်းဧကရာဇ်တစ်ဦး ဖြစ်သည်။ ဤအသားညိုညိုနှင့် လူငယ်က အလွန် မာနကြီးလွန်းပေသည်။

"ပြီးတော့ နောက်သုံးလနေရင် သူတို့နှစ်ယောက်က နဂါးဧကရာဇ်မြို့တော်မှာ မင်းကို စိန်ခေါ်လိမ့်မယ်။ အဲဒီတိုက်ပွဲမှာ သူတို့က သူတို့ရဲ့ ကိုယ်ပိုင်ကျင့်ကြံမှုနဲ့ မင်းကို အနိုင်ယူလိမ့်မယ်။ ဒါကြောင့် ဒီနေ့ ငါ မင်းကို မသတ်ဘူး။ လစ်တော့"

လုမင်က ပြောလိုက်သည်။ အတွေးတစ်ခုနှင့်အတူ သူ့ထံမှ စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ လီခယ်က အော်ဟစ်လိုက်ရပြီး မီတာထောင်ပေါင်းများစွာ အကွာသို့ လွင့်စဉ်သွားရကာ အစအနပင် မမြင်ရတော့ပေ။

All Chapters