← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း (၁၉၀)

ကံအကောင်းဆုံးလူသား စုယွီနှင့် အမှန်တကယ် ပြောင်းလဲသွားခဲ့သော လီရှောင်

[ စနစ်သတိပေးချက် - ကံကြမ္မာသားတော်တစ်ဦးကို ရှာဖွေတွေ့ရှိပါသည်။]

အမည် - စုယွီ

အသက် - ၃၂ နှစ်

ကံကြမ္မာအဆင့် - ပဥ္စမအဆင့် (မိုးပြာရောင်)

ကံကြမ္မာတန်ဖိုး - ၉၅၈,၀၀၀ မှတ်

ခန္ဓာကိုယ်/သွေးကြော - သေမျိုးကင်းစင်သွေးမျိုးဆက်၊ လေဟာနယ်ရှန်ဝူအမှတ်အသား

စွမ်းရည်ဖော်ပြချက်

သေမျိုးကင်းစင်သွေးမျိုးဆက်: လုံးဝဥဿုံ ကြေမွပျက်စီးသွားခြင်း မရှိသရွဲ့ အကြိမ်ပေါင်းများစွာ အနန္တ ပြန်လည်ရှင်သန်နိုင်စွမ်း ရှိသည်။

လေဟာနယ်ရှန်ဝူအမှတ်အသား: လေဟာနယ်နိယာမနှင့် လေဟာနယ်မဟာတာအိုစည်းမျဉ်းများကိုပင် လွယ်ကူစွာ နားလည်သဘောပေါက်နိုင်သည်။

ကျင့်ကြံခြင်းအဆင့် - သူတော်စင်အဆင့် အစောပိုင်း

မိတ်ဆက် - အထက်တန်းလွှာပုဂ္ဂိုလ်တစ်ဦး၏ မျိုးဆက် သို့မဟုတ် အထက်ဘုံနတ်ဘုရားတစ်ပါး၏ လူဝင်စား ဖြစ်နိုင်သည်။ ဤနယ်မြေသို့ ဆင်းသက်လာရခြင်း ရည်ရွယ်ချက်မှာ ဤနယ်မြေ၏ ကံကြမ္မာသားတော်အဖြစ်ကို လုယူရန် ဖြစ်သည်။ သူသည် ယင်းကို အောင်မြင်ရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။ သူ့ကို သတ်ရန် အလွန်ခက်ခဲလှသည်။ သူ၏ ဝိညာဉ်နှင့် သွေးမျိုးဆက် လုံးဝဥဿုံ ပျက်စီးမသွားသရွေ့ သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း ဆိုသည်မှာ ဘာလဲဆိုတာကို သူက သင့်အား သက်သေပြလိမ့်မည်။

‘အမလေး... သူက ငါ ချင်လော့ မြင်ဖူးသမျှထဲမှာ ဒီလောက် မြင့်မားတဲ့ ကံကြမ္မာတန်ဖိုး ရှိတဲ့ ပထမဆုံးလူပဲ။ အရင်တုန်းက ချင်ဖန်ဆို သူ့ထက် တစ်ဆင့် နိမ့်ခဲ့တာ၊ အခုဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး။’

"တစ်သန်းနီးပါးတောင်ပဲ။ ကံကြမ္မာတန်ဖိုး တစ်သန်းဆိုတာ ကံကြမ္မာသားတော်ရဲ့ အထောက်အထား ဖြစ်နိုင်မလား။ ဒါဆိုရင် ဆဋ္ဌမအဆင့် ကံကြမ္မာသားတော်ပေါ့။"

ချင်လော့၏ အကြည့်သည် အဝေးမှ စုယွီ၏ အကြည့်နှင့် ချင်းချင်းဆိုင် တိုက်မိသွားခဲ့သည်။

နုနယ်ချောမောသော ရုပ်ရည်ရှိသည့် စုယွီသည် ဇာတ်လိုက်တစ်ယောက်၏ ပုံစံနှင့် ကောင်းစွာ ကိုက်ညီနေခဲ့သည်။

"ဘာကြောင့်မှန်းမသိပေမယ့် ဒီလူက ငါ့ကို နည်းနည်း စက်ဆုပ်ရွံရှာမိစေတယ်။" စုယွီသည် ချင်လော့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး၊ ချင်လော့နှင့် သူ၏ အပေါင်းအဖော်များ စံအိမ်တစ်ခုထဲသို့ ဝင်သွားသည်ကို စောင့်ကြည့်ပြီးမှသာ သူ၏ အကြည့်ကို လွှဲလိုက်တော့သည်။

"ကောင်းပြီ... လျှို့ဝှက်အခန်းတစ်ခန်း ရှာလိုက်တော့" ဟု ချင်လော့က လင်းဟောက်ကို ညွှန်ကြားလိုက်သည်။

"ကောင်းပါပြီ... ဒီဘက်ကို ကြွပါ၊ ကျွန်တော့်နောက်က လိုက်ခဲ့ပါဦး။"

လင်းဟောက်သည် ချင်လော့နှင့် လီရှောင်တို့ကို လျှို့ဝှက်အခန်းဆီသို့ ခေါ်ဆောင်သွားစဉ်၊ မျှော်လင့်မထားဘဲ အသက်လတ်ပိုင်းအရွယ် အလှပန်းတစ်ပွင့်နှင့် မျက်နှာချင်းဆိုင် တိုးမိလေတော့သည်။

ထိုလှပသောအမျိုးသမီးသည် လင်းဟောက်ကို မြင်သောအခါ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် ရှေ့သို့ တိုးလာကာ "သူတော်စင်... ကျွန်မ ထွက်ခွာတော့မယ့်အချိန်မှာပဲ သူတော်စင် ပြန်ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။"

"တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မရဲ့ တူမလေးလည်း မြို့ထဲကို ရောက်နေတယ်လေ။ သူတော်စင်အနေနဲ့ ကျွန်မနဲ့အတူ သွားပြီး တွေ့ဆုံကြည့်ရင် ဘယ်လိုလဲရှင်။"

လင်းဟောက်က မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ တုံ့ပြန်လိုက်သည်။ "အကြီးအကဲဂျန်... ကျွန်တော့်မှာ လုပ်စရာ အခြားကိစ္စတွေ ရှိနေလို့ လောလောဆယ် မအားသေးပါဘူး။"

ဂျန်ရွှဲ့ကျီ၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့သည်။ သူမက ချင်လော့နှင့် လီရှောင်တို့ကို ဇဝေဇဝါ မျက်နှာပေးဖြင့် ကြည့်ကာ "သူတော်စင်... ဒီနှစ်ယောက်က ဘယ်သူတွေလဲဟင်။"

သူတို့နှစ်ဦးစလုံး ရုပ်ဖျက်ထားကြောင်း သူမ အာရုံခံမိသဖြင့် လင်းဟောက်ကို သတိပေးချင်နေခဲ့သည်။

"အကြီးအကဲဂျန်... ဒီနှစ်ယောက်က ကျွန်တော့်ရဲ့ သူငယ်ချင်းတွေပါ။ ကျွန်တော်က သူငယ်ချင်းနှစ်ယောက် ခေါ်လာတာ၊ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးမလား။" ဟု လင်းဟောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

"အခြားကိစ္စ မရှိတော့ရင်တော့ အကြီးအကဲဂျန် ပြန်နိုင်ပါပြီ။ ကျွန်တော့်မှာ လုပ်စရာ အခြားအလုပ်တွေ ရှိသေးလို့ပါ။"

သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်မှာ လိုဏ်ဂူကောင်းကင်အဆင့် ကိုးခုမြောက်အလွှာသို့ ရောက်ရှိနေပြီဖြစ်ရာ သူတော်စင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ရှေ့မှ အကြီးအကဲဂျန်ထက် မနိမ့်ကျလှသည့်အပြင်၊ သူ၏ ရာထူးအဆင့်အတန်းက သူမထက် ပို၍ပင် မြင့်မားသေးသည်။ သူ မျက်နှာသာ မပေးချင်သောအခါ မည်သည့်အချိန်မဆို ဤသို့ ပြုလုပ်နိုင်သည်။

ဂျန်ရွှဲ့ကျီမှာ ခဏမျှ မှင်တက်သွားပြီးနောက် မျက်နှာပေးကို ပြန်လည်ထိန်းချုပ်ကာ လင်းဟောက်ကို အမူအရာမရှိဘဲ ပြောလိုက်သည်။ "သူတော်စင်မှာ အခြားအရေးကြီးကိစ္စတွေ ရှိနေတယ်ဆိုရင်တော့ ကျွန်မ အရင်ဆုံး နှုတ်ဆက်လိုက်ပါရစေဦး။"

"ကောင်းပါပြီ..." လင်းဟောက်က ဂျန်ရွှဲ့ကျီကို ပြောလိုက်ရင်း သူမ စံအိမ်ထဲမှ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။

ထို့နောက် သူက အစောင့်များကို လှည့်၍ မှာကြားလိုက်သည်။ "အခုကစပြီး ငါ့ရဲ့ အမိန့်မရှိဘဲ ဘယ်သူ့ကိုမှ ငါ့စံအိမ်ထဲ ဝင်ခွင့်မပြုနဲ့။"

အစောင့်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။ "အကယ်၍ မြင့်မြတ်သခင် ရောက်လာရင်ကော ခင်ဗျာ။"

လင်းဟောက်က အေးစက်စွာ ပြောလိုက်သည်။ "ငါ ပြောပြီးပြီလေ... ငါ့အမိန့်မရှိဘဲ ဘယ်သူမှ ဝင်လို့မရဘူး။ ဘယ်သူမဆိုပဲ... နားလည်လား။"

"ဒါပေမဲ့ မြင့်မြတ်သခင်က အတင်းဝင်မယ်ဆိုရင်ကော ဗျာ..." ဟု အစောင့်က တိုးတိုးလေး ပြန်ပြောရှာသည်။

"ဒါဆိုရင် မင်းရဲ့ အလောင်းကို နင်းပြီးမှ ဝင်ခိုင်းလိုက်!" လင်းဟောက်က ဤစကားကို ပြတ်ပြတ်သားသား ပြောချလိုက်ပြီး လှည့်ထွက်ခဲ့သည်။

၎င်းတို့အုပ်စု လျှို့ဝှက်အခန်းဝသို့ ရောက်သောအခါ၊ အထဲသို့ မဝင်ရသေးမီမှာပင် ချင်လော့၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

"တစ်ယောက်ယောက်ရဲ့ စပ်စုချင်စိတ်က တကယ့်ကို ကြီးမားတာပဲ။"

"ဒါပေမဲ့ သိချင်စိတ်လွန်ကဲတာက ဘေးဒုက္ခကို ခေါ်ဆောင်လာတတ်တယ်လေ။"

ချင်လော့၏ စကားဆုံးသည်နှင့် သူသည် ရပ်နေသည့်နေရာမှ ဝုန်းကနဲ ပျောက်ကွယ်သွားတော့သည်။

တိမ်ပြာကောင်းကင်နင်းခြေလှမ်း... တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း။

ဘုန်း ဘုန်း ဘုန်း!

မမြင်နိုင်သော စွမ်းအားအရှိန်အဝါတစ်ခုက ဂျန်ရွှဲ့ကျီအပေါ်သို့ ဖိနှိပ်ချလိုက်ရာ၊ ပုန်းကွယ်နေသော သူမ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ရသည်။

"ဘယ်လောက်တောင် မြန်လိုက်တဲ့ အရှိန်လဲ!"

တိမ်ပြာကောင်းကင်နင်းခြေလှမ်းသည် ချင်လော့ နတ်ဆိုးနှိမ်နင်းရေးဌာန၏ စမ်းသပ်မှုအတွင်း ရရှိခဲ့သော အလတ်စား သူတော်စင်အဆင့် ခြေလှမ်းကျင့်စဉ်တစ်ခု ဖြစ်သည်။ သူ၏ လေနိယာမ အသေးစားအောင်မြင်မှုအဆင့်နှင့် ပေါင်းစပ်လိုက်သောအခါ ဤခြေလှမ်းကျင့်စဉ်ကို ပိုမိုကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း သူသည် ဂျန်ရွှဲ့ကျီ၏ ဘေးနားသို့ ရောက်ရှိသွားပြီး ဓားချက်တစ်ချက် ခုတ်ပိုင်းလိုက်တော့သည်။

"ဓားဆန္ဒ!" ဂျန်ရွှဲ့ကျီက အော်ဟစ်လိုက်မိသည်။

ပြီးတော့ ၎င်းက သာမန်ဓားဆန္ဒမျှသာ မဟုတ်ဘဲ၊ ပြည့်စုံခြင်းအဆင့် ဓားဆန္ဒ ဖြစ်နေခဲ့သည်။

နိမိတ်လေးပါးဓားသိုင်း၏ မီးလျှံအကကောင်းကင်ဘုံကိုးလွှာ!

မီးနိယာမ အသေးစားအောင်မြင်မှုအဆင့်!

အဆုံးမရှိသော မီးပင်လယ်ကြီးက ဂျန်ရွှဲ့ကျီကို ချက်ချင်းပင် ဝါးမြိုသွားခဲ့သည်။

သူမ၏ သူတော်စင်အဆင့် အစောပိုင်းကာလ စွမ်းအားမှာ ပေါက်ကွဲထွက်ရန်ပင် မတတ်နိုင်သေးသလို၊ သူမ နားလည်ထားသော နိယာမမှာလည်း အစပျိုးရုံမျှအဆင့်သာ ရှိသေးသည်။ သူမသည် ချင်လော့၏ လုံးဝဥဿုံ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ အပြတ်အသတ် နှိမ်ချခြင်း ခံလိုက်ရသည်။

မျက်တောင်တစ်ခတ်အတွင်းပင် တိုက်ပွဲမှာ အလွန်မြန်ဆန်စွာ ဖြစ်ပွားခဲ့ပြီး လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့သည်။ လင်းဟောက်နှင့် လီရှောင်တို့ တုံ့ပြန်ရန်ပင် အချိန်မရလိုက်မီမှာပင် ဝုန်းကနဲ မြည်သံနှင့်အတူ ဂျန်ရွှဲ့ကျီသည် ၎င်းတို့ရှေ့သို့ လွင့်စင်ကျလာခဲ့သည်။

ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီဖြစ်သည်။

"တကယ့်ကို သန်မာတာပဲ!" ချင်လော့၏ စွမ်းအားသည် လီရှောင်နှင့် လင်းဟောက်တို့၏ အသိအမြင်ကို နောက်တစ်ကြိမ် ထပ်မံ အသစ်ပြင်ဆင်ပေးလိုက်ပြန်သည်။

အကယ်၍ ချင်လော့အနေဖြင့် ဤအမျိုးသမီးကို သတ်လိုက်ခြင်းက ၎င်းတို့အား လျင်မြန်စွာ ဖော်ထုတ်မိသွားမည်ကို မစိုးရိမ်ခဲ့ပါက သူမမှာ သေလူ ဖြစ်နေလောက်ပြီ ဖြစ်သည်။

"ကောင်းပြီ... အရင်ဆုံး အထဲဝင်ကြစို့!" ချင်လော့က လင်းဟောက်ကို သူမအား လျှို့ဝှက်အခန်းထဲသို့ ပွေ့ချီသွားရန် အမူအရာပြလိုက်သည်။

ဂျန်ရွှဲ့ကျီ၏ စုတ်ပြဲနေသော အဝတ်အစားများနှင့် ပေါ်လွင်နေသော ခန္ဓာကိုယ်အလှအပကို ကြည့်ရင်း လင်းဟောက်၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူက ချင်လော့ကို မော့ကြည့်ကာ "မင်းသား... သူမကို ဘယ်လို ကိုင်တွယ်ရမလဲ ခင်ဗျာ။"

"ဘာလဲ... မင်းက သူမကို အသက်ရှင်စေချင်လို့လား" ဟု ချင်လော့က လင်းဟောက်ကို နောက်ပြောင်ကျီစယ်သော အကြည့်ဖြင့် မေးလိုက်သည်။

လင်းဟောက်က သွားကြိတ်ကာ ပြောလိုက်သည်။ "ကျွန်တော်နဲ့ သူမကြားမှာ ဆက်ဆံရေးကောင်း ရှိခဲ့ပြီး သူမက ကျွန်တော့်ကို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့ဖူးပေမယ့်၊ သူမက မူမမှန်တဲ့ အရိပ်အယောင်ကို ရိပ်မိသွားပြီဆိုတော့..." သူ၏ မျက်လုံးထဲမှ ရုန်းကန်လှုပ်ရှားမှုမှာ ဖြတ်ခနဲ ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့သည်။ "သူမအတွက် လမ်းတစ်လမ်းပဲ ရှိတော့တယ်... အဲဒါက သေခြင်းတရားပဲ!"

ဒဏ်ရာအပြင်းအထန် ရထားသော ဂျန်ရွှဲ့ကျီသည် တစ်ကိုယ်လုံး တုန်ရီသွားခဲ့သည်။ သူမသည် မျက်လုံးများကို အနိုင်နိုင် ဖွင့်ကြည့်ကာ လင်းဟောက်ကို စိုက်ကြည့်လိုက်စဉ်၊ သူ၏ မျက်လုံးထဲမှ တောင်းပန်တိုးလျှိုးသည့် အကြည့်ကို မြင်လိုက်ရသဖြင့် မျှော်လင့်ချက်မဲ့စွာ မျက်လုံးများကို ပြန်ပိတ်လိုက်တော့သည်။

ချင်လော့နှင့် သူ၏ အပေါင်းအဖော်များ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများမှာ တကယ့်ကို ပြဿနာရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

"မင်းသား" ဟု အခေါ်ခံရခြင်းက ချင်လော့သည် မဟာချင်အင်ပါယာ၏ မင်းသားတစ်ပါး သို့မဟုတ် မြောက်ပိုင်းမန်အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်ကြောင်း သက်သေပြနေသည်။ ပြီးတော့ ချင်လော့သည် မဟာချင်အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်နိုင်ခြေက ပို၍ မြင့်မားသည်။

ဘေးတွင် ရပ်နေသော လီရှောင်က တဟားဟား ရယ်မောလိုက်ရင်း "တော်တယ် ကောင်လေး... ဒီလို လှပတဲ့ မိန်းမတစ်ယောက်ကို မင်း ဖြတ်တောက်ရဲတယ်ပေါ့။ မင်းက ငါလီရှောင်ကို မင်းအပေါ် အမြင်သစ်နဲ့ ကြည့်မိအောင် လုပ်နိုင်ခဲ့ပြီပဲ!"

ချင်လော့က အသံလှိုင်းဖြင့် သတင်းစကား ပေးပို့လိုက်ရာ လင်းဟောက်၏ နားထဲသို့ စကားသံတစ်ခု ရောက်ရှိလာခဲ့သည်။ "ငါ့ကို တောင်းပန်စမ်း။"

လင်းဟောက်မှာ မှင်တက်သွားသော်လည်း တွေဝေမနေဘဲ ချက်ချင်းပင် အသနားခံလိုက်တော့သည်။ "မင်းသား... သူမရဲ့ အသက်ကို ချမ်းသာပေးဖို့ ကျွန်တော် တောင်းပန်ပါတယ်။ သူမကို ဒီနေရာမှာပဲ ပိတ်လှောင်ထားရင် အဆင်ပြေနိုင်မလား ခင်ဗျာ။"

ဂျန်ရွှဲ့ကျီက လင်းဟောက်ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ကျေးဇူးတင်ရိပ်များ ယှက်သန်းနေခဲ့သည်။ လင်းဟောက်က သူမအတွက် စကားပြောပေးလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။

ချင်လော့ စကားမပြောရသေးမီမှာပင် လီရှောင်က နှာခေါင်းရှုံ့ကာ အေးစက်စွာ ဆိုလိုက်သည်။

"ဟူး... ငါ မင်းကို အထင်ကြီးသွားမိတယ်။ မင်းလို မိန်းမမက်တဲ့ကောင်ကတော့ တစ်နေ့နေ့ မိန်းမကုတင်ပေါ်မှာပဲ သေရလိမ့်မယ်။"

ချင်လော့က လင်းဟောက်ကို တစ်ချက်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "မင်း ငါ့နောက်ကို လိုက်လာတာ ဒီလောက် ကြာပြီပဲ။ မင်းက တောင်းပန်နေမှတော့ ငါလည်း နှလုံးသားမရှိတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။" "သူမ အသက်ရှင်နိုင်ပါတယ်၊ ဒါပေမဲ့ လှည့်ကွက်အချို့တော့ သုံးဖို့ လိုလိမ့်မယ်။"

၎င်းတို့နှစ်ဦးစလုံး ချင်လော့၏ စကားကို နားလည်ကြသည်။ အဲဒါက သူတို့ကို ထိန်းချုပ်မည့် နည်းလမ်း မဟုတ်ပါလား။

ချင်လော့သည် ဂျန်ရွှဲ့ကျီအနားသို့ ချဉ်းကပ်သွားပြီး သေခြင်းရှင်ခြင်းတံဆိပ်တုံးကို သူမ၏ ဝိညာဉ်ပေါ်သို့ စတင် ပုံနှိပ်လိုက်တော့သည်။

တကယ်တော့ ဤအမျိုးသမီးသည် ကျင့်ကြံခြင်းတွင် အသုံးမဝင်ရုံမျှမက၊ သူမ၏ ဝိညာဉ်မှာလည်း အလွန်အမင်း အားနည်းလွန်းလှသည်။ သူတော်စင်အဆင့် ဖြစ်လာခြင်းမှာ အရင်းအမြစ်များကို အတင်းအကျပ် ပံ့ပိုးပေးခြင်းကြောင့်သာ ဖြစ်ရမည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ချင်လော့ ပြီးဆုံးသွားခဲ့သည်။

"ဒါပေမဲ့... သူမရဲ့ ဝိညာဉ်ကို ထိန်းချုပ်ထားနိုင်ပြီ ဆိုပေမယ့်၊ သူမရဲ့ နှလုံးသားကတော့ ငါတို့ဆီ လုံးလုံးလျားလျား ရောက်မလာသေးဘူး။" ချင်လော့က လင်းဟောက်ကို တည်တည်တံ့တံ့ ကြည့်ကာ ပြောလိုက်သည်။

"သူမရဲ့ နှလုံးသားကို သိမ်းပိုက်လိုက်စမ်း။"

လင်းဟောက်မှာ ကြောင်အမ်းသွားခဲ့သည်။ သူမ၏ နှလုံးသားကို သိမ်းပိုက်ရမယ်ဟုတ်လား။ ဘယ်လိုလုပ်ရမှာလဲ။ ဓားနဲ့ တူးထုတ်ရမှာလား။ နောက်တစ်စက္ကန့်မှာ သူ့လက်ထဲ ဓားမြှောင်တစ်လက် ပေါ်လာတော့မည့်အတိုင်းပင်။

ချင်လော့၏ နောက်ထပ်စကားကို ကြားလိုက်ရသောအခါ သူ၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားခဲ့ရသည်။

"အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသားဆီ သွားဖို့ အဆင်ပြေဆုံး လမ်းကြောင်းတစ်ခု ရှိတယ်လေ။ မင်း နားလည်မှာပါ။ ပြီးတော့ ဒီတစ်ကြိမ်မှာ 'ပူတုန်းလေး' ဆိုတာထက် တကယ့်ကို အရှိန်အဟုန်ပြင်းပြင်း ပူပြင်းဖို့ လိုလိမ့်မယ်။ သွားတော့... ငါ မင်းကို ယုံကြည်တယ်။"

လင်းဟောက်မှာ ဆွံ့အသွားပြီး ချက်ချင်းပင် သဘောပေါက်သွားကာ သူ၏ မျက်နှာတစ်ခုလုံး ရဲခနဲ နီမြန်းသွားတော့သည်။ သူသည် ဤကဲ့သို့သော ကိစ္စမျိုးနှင့် ပတ်သက်၍ အတွေ့အကြုံ သိပ်မရှိလှပေ။

သို့သော် သူသည် စိတ်ကို တင်းထားပြီး ထောင့်စွန်းဆီသို့ လျှောက်လှမ်းသွားကာ မိမိကိုယ်ကိုယ် ဖုံးကွယ်ရန် အစီအရင်တစ်ခုကို တည်ဆောက်လိုက်တော့သည်။

အကယ်၍ ဂျန်ရွှဲ့ကျီအနေဖြင့် ၎င်းတို့အား ဖော်ထုတ်ရန် ကြိုးစားပါက ချင်လော့အနေဖြင့် သူမ၏ ဝိညာဉ်ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်သော်လည်း၊ နောက်ထပ် အာမခံချက်တစ်ခု ထပ်တိုးထားခြင်းက အမြဲတမ်း ကောင်းမွန်လှပေသည်။

အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီး လင်းဟောက်ကို ကြည့်သည့် အကြည့်မှာ အချစ်ရိပ်များ လျှံကျလုမတတ် ဖြစ်နေသည်ကို ချင်လော့ မြင်တွေ့ခဲ့ရသောကြောင့်ပင်။

"တိရစ္ဆာန်ပဲ! တကယ့် တိရစ္ဆာန်ကောင်! ထွီ!" လီရှောင်က ရွံရှာမုန်းတီးသော မျက်လုံးများဖြင့် တံတွေးထွေးလိုက်သည်။

"မင်း မနာလိုမဖြစ်ဘူးလား" ဟု ချင်လော့က မေးလိုက်သည်။

"မနာလိုဖြစ်ရမယ်? ဘာကို မနာလိုဖြစ်ရမှာလဲ။ မိန်းမတွေက ငါ့ရဲ့ ပုဆိန်ခုတ်တဲ့ အရှိန်ကိုပဲ နှောင့်နှေးစေတာ!" ဟု လီရှောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"အော်... တကယ်လား..." ချင်လော့က လီရှောင်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။ ဤကောင်သည် ယခင်က မိန်းမမရှိလျှင် မနေနိုင်သော ပလေဘွိုင်းတစ်ဦး ဖြစ်ခဲ့ကြောင်း သူ သိထားသောကြောင့်ပင်။

အခုတော့... အပြောင်းအလဲက တကယ့်ကို ကြီးမားလွန်းလှသည်။

"ကျွတ် ကျွတ်... ကြည့်ရတာ ရဲ့လင်းရွှမ် ပြောတာ မှန်နေတာပဲ၊ မင်း တကယ်ပဲ ပြောင်းလဲသွားခဲ့ပြီ။"

"မင်းရဲ့ ရုပ်ခန္ဓာပိုင်းမှာ ဘာမှ ဖြတ်တောက်မခံရဘူး ဆိုပေမယ့်၊ မင်းရဲ့ နှလုံးသားထဲမှာတော့ ဖြတ်တောက်ပြီးသား ဖြစ်နေပြီပဲ။"

All Chapters